← Chapters

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း ၃၁၁

Vol. 32 Ch. 311

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၁၁)

ဖုစုစံအိမ်။

" အရှင်သား ကျွန်တော်မျိုး အရှင်သားအတွက် တောင်းဆိုထားတဲ့ တာဝန်ကို အရှင်မင်းကြီးက ခွင့်ပြုပေးလိုက်ပါပြီ။ ဒါပေမယ့် ဟူဟိုက်ကိုလည်း ရိက္ခါထောက်ပံ့ရေးတာဝန်ကို ပေးအပ်လိုက်တယ်။ အရှင်မင်းကြီးက မင်းသားနှစ်ပလုံးကို ပါဝင်ခွင့်ပြုတာ စမ်းသပ်တဲ့သဘောလည်း ပါဝင်နေတယ်။ စိတ်ချပါ။ ကျွန်တော်မျိုးနဲ့ ဝန်ကြီးတွေက အရှင်သားအတွက် လမ်းခင်းပေးဖို့ သေချာပေါက် ကြိုးစားပေးပါမယ်။ အရှင်သား အောင်မြင်မှုတွေ ရစေရပါမယ်။ " ဝမ်ဝမ်က ဖုစုရှေ့တွင် ထိုင်ပြီး ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ဝန်ကြီးချုပ်ဝမ်။ ဒီရိက္ခာနဲ့ ထောက်ပံ့ရေးတာဝန်ကို ကျုပ် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ခမည်းတော်ကို စိတ်မပျက်စေရပါဘူး။ " ဖုစုက ပြောလိုက်သည်။

" အရှင်သား နောက်ထပ်ကိစ္စတစ်ခု ရှိပါသေးတယ်။ " ဝန်ကြီးချုပ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။

" ပြောပါ ဝန်ကြီးချုပ်။ "

" အရှင်မ​င်းကြီးက အခုအသက်လေးဆယ်နီးပါး ရှိပြီဖြစ်ပေမယ့် မိဖုရားခေါင်ကြီးနေရာက လစ်လပ်နေဆဲပါ။ အရင်တုန်းက ဝန်ကြီးတွေက ဒီကိစ္စကို တင်ပြခဲ့ပေမယ့် အရှင်မင်းကြီးက အားလုံးကို လျစ်လျူရှုခဲ့ပါတယ်။ အခုတော့ ဒီကိစ္စက အခွင့်ကောင်းတစ်ခုလို့ ထင်ပါတယ်။ အရှင်သားက အကြီးဆုံးသားတော်ဖြစ်တဲ့အပြင် ကိုယ်ကျင့်တရားရော အရည်အချင်းပါ ပြည့်စုံသူပါ။ "

" ဒါကြောင့် အရှင်သားရဲ့ မိခင်ကလည်း ချင်မိဖုရားခေါင်ကြီးဖြစ်ဖို့ ထိုက်တန်ပါတယ်။ အခု ချင်က ကျောက်နဲ့ ဟန်ကို သိမ်းပိုက်ပြီးပြီဆိုတော့ ဝေကို သိမ်းပိုက်ပြီးတာကိုပဲ စောင့်ရတော့မယ်။ ကျင့်သုံးနိုင်ငံက ချင်နဲ့ ပေါင်းစည်းသွားပြီး နယ်မြေတစ်ဝက်က ချင်လက်ထဲကို ရောက်လာလိမ့်မယ်။ ဒီလိုဝမ်းသာစရာကောင်းတဲ့အချိန်မှာ ဝန်ကြီးတွေ စုပေါင်းပြီး နိုင်ငံတော်တည်ငြိမ်ဖို့ မိဖုရားခေါင်ကြီး တင်မြှောက်ဖို့ အဆိုပြုရင် အရှင်မင်းကြီးအနေနဲ့ ငြင်းပယ်စရာ အကြောင်းပြချက်ရှိမှာမဟုတ်ဘူး။ " ဝမ်ဝမ်က ကျေနပ်သော အမူအရာဖြင့် ပြောလိုက်သည်။

" ဒါပေမယ့် ခမည်းတော်က သဘောတူပါ့မလား။ "ဖုစုက သံသယနှင့် မေးလိုက်သည်။

" အစီအစဉ်က လူကလုပ်တာပဲ။ အရှင်မင်းကြီးက ဒီကိစ္စကို နှစ်အတော်ကြာအောင် ဆိုင်းငံ့ထားခဲ့တာ။ အခု သူက ဒီကိစ္စကို စဉ်းစားရတော့မယ်။နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်ကို အဆုံးရှုံးမခံနိုင်သလို နိုင်ငံမှာလည်း မိဖုရားခေါင်မရှိလို့ မဖြစ်ဘူး။ ဒီကိစ္စနဲ့ ပက်သက်ပြီး အရှင်သားစိတ်ချပါ။ ကျွန်တော်မျိုးက အကုန်စီစဉ်ပြီး​ပါပြီ။ " ဝမ်ဝမ်က အာမခံလိုက်သည်။

" ဒါဆို ဒီကိစ္စကို ဝန်ကြီးချုပ်လက်ထဲအပ်လိုက်ပါမယ်။ " ဖုစုက ခေါင်းညိမ့်လိုက်သည်။

" အဲ့လောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ကျွန်တော်မျိုးတို့ရ အရှင်သား အိမ်ရှေ့စံဖြစ်လာပြီး တစ်နေ့မှာ ချင်ဘုရင်ဖြစ်လာဖို့ ကူညီပေးနေတာပါ။ ဒါပေမယ့် ကျွန်တော်မျိုးအနေနဲ့ အရှင်သားနန်းတက်တာကို မြင်ရချင်မှ မြင်ရလိမ့်မယ်။ ဒါပေမယ့် အနာဂတ်မှာ အရှင့်သားအနေနဲ့ ကျွန်တော်မျိုးရဲ့ ကြိုးစားအားထုတ်မှုတွေကို မေ့မသွားဘဲ ကျွန်တော်မျိုးရဲ့ မိသားစုကို စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်။ " ဝမ်ဝမ်က ဖုစုကို ဦးညွှတ်လိုက်သည်။

ဖုစုက ဝမ်ဝမ်ကို ချက်ချင်း ထူပေးလိုက်သည်။ " ဝန်ကြီးချုပ်ရဲ့ ကျေးဇူးကို ကျုပ် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ "

ဖုစု၏ စကားများကြောင့် ဝမ်ဝမ်က စိတ်သက်သာရာရသွားသည်။ ဖုစုကို ထောက်ခံရသည့်အကြောင်းရင်းမှာ ဖုစုက အကြီးဆုံးသားဖြစ်ပြီး တည်ကြည်ဖြောင့်မတ်ကာ ကျေးဇူးသိတတ်သောကြောင့် ဖြစ်သည်။

" အရှင်သား ရှဝူချယ် ပြန်ရောက်နေပြီ။ " ဝမ်ဝမ်က ရုတ်တရက် ပြောလိုက်သည်။

" သမားတော်ရှက ခရီးထွက်နေတာမဟုတ်လား။ သူ ပြန်ရောက်နေပြီပေါ့။ " ဖုစုက တည်ငြိမ်စွာ ပြောလိုက်သည်။

" အရှင်သားက ကျွန်တော်မျိုးရဲ့ ဆိုလိုရင်းကို နားမလည်ဘူးလား။ " ဝမ်ဝမ်က ပြုံးလိုက်သည်။

" ဘာကိုဆိုလိုတာလဲ။ " ဖုစုက နားမလည်ပေ။

" အရှင်မင်းကြီးအတွက် ရှဝူချယ်က သေးငယ်တဲ့ ရာထူးမှာ ရှိနေတာမဟုတ်ဘူး။ သူ့ရဲ့ စကားတစ်ခွန်းက အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့ စကားထက်တောင် ပိုပြီး အလေးသာနိုင်တယ်။ တကယ်လို့ အရှင်သားက ရှဝူချယ်ရဲ့ မျက်နှာ​သာပေးမှုကို ရယူနိုင်ပြီး သူ့ရဲ့ ထောက်ခံမှုကိုသာ ရရင် အရှင်သားရဲ့ အိမ်ရှေ့စံနေရာက အာမခံချက် ရှိသွားလိမ့်မယ်။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။

" သူက သမားတော်တစ်ယောက်မဟုတ်ဘူးလား။ အဲ့ဒါက အိမ်ရှေ့စံမင်းသားနေရာကို လွှမ်းမိုးနိုင်ပါ့မလား။ " ဖုစုက အံ့အားသင့်သွားသည်။

" အဲ့ဒီသမားတော်က သာမန်မဟုတ်ဘူး။ " ဝမ်ဝမ်က ပြောလိုက်သည်။

" ကျုပ်က ရှဝူချယ်အကြောင်း သိပ်မသိဘူး။ သူက ဆေးပညာကျွမ်းကျင်တာလောက်ပဲသိတာ။ " ဖုစုက ပြောလိုက်သည်။

" ကျွန်တော်မျိုး အရှင်သားကို တစ်ခု ပြောပြမယ်။ ဒါကို အပြင်ကို လုံးဝမပြောပါနဲ့။ မဟုတ်ရင် အရှင်မင်းကြီးရဲ့ ဒေါသကို သေချာပေါက် ခံရလိမ့်မယ်။ အရှင်သားရဲ့ ဘဝတောင် ပျက်စီးသွားနိုင်တယ်။ ဒါက အရှင်မင်းကြီးရဲ့ ထိမရတဲ့ အကြေးခွံတစ်ခုပဲ။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။

နှစ်များကြာသွားပြီဖြစ်သော်လည်း ဝမ်ဝမ်က ၎င်းကို ပြန်တွေးမိတိုင်း ထိတ်လန့်မှုကို ခံစားနေရဆဲ ဖြစ်သည်။ ထိုအချိန်က နန်းတော်ထဲတွင် အစုလိုက်အပြုံလိုက် သွေးချာင်းစီး သတ်ဖြတ်မှုကြီးဖြစ်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် ရင်ကျန့် နန်းတက်ပြီးနောက် လူပေါင်းထောင်ချီကို သတ်ဖြတ်ခဲ့ခြင်းတို့က ဝမ်ဝမ်၏ စိတ်ထဲတွင် စွဲထင်ကျန်နေတုန်း ဖြစ်သည်။

" ခမည်းတော်ရဲ့ ထိမရတဲ့ အကြေးခွံက သမားတော်ရှနဲ့ ပက်သက်နေတာလား။ " ဖုစုကလည်း အံ့အားသင့်သွားသည်။

" တကယ်လို့ အဲ့ဒီတုန်းက နန်းတော်ထဲမှာ သွေးချောင်းစီးသတ်ဖြတ်မှုတွေသာ မဖြစ်ခဲ့ရင် ရှဝူချယ်က ချင်ရဲ့ ယောက္ခမတော်ကြီး ဖြစ်လာနိုင်တယ်။ " ဝမ်ဝမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဘာ.... ယောက္ခမတော်ကြီးလား။ " ဖုစုကလည်း လုံးဝမှင်သက်သွားခဲ့သည်။ အချိန်အတော်ကြာမှ သူက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ " ဒါပေမယ့် နန်းတော်ထဲမှာ ရှမျိုးရိုးနာမည်နဲ့ မိဖုရားမရှိပါဘူး။ သူမက ဆုံးသွားရအောင်လည်း ကျုပ်မွေးကတည်းက မိဖုရားတစ်ပါးဆုံးတယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး။ "

" ယခင်မယ်တော်ကြီး ချင်ကို ပြန်လာတုန်းက ကွယ်လွန်သူဘုရင်ကြီးက နန်းမတက်ရသေးဘူး။ အဲ့ဒီအချိန်မှာ အရှင်မင်းကြီးက အသက်ဆယ်နှစ်ရှိနေပြီ။ ရှဝူချယ်ရဲ့ သမီးရဲ့ အရှင်မင်းကြီးနဲ့ ချစ်ကြိုက်ခဲ့ပေမယ့် သူမက သားသမီးမရှိခဲ့သလို မိခင်ဘက်က မိသားစုလည်း မရှိခဲ့ဘူး။ ရှဝူချယ်က နောက်ဆုံးမှာတော့ သမားတော်သက်သက်ပဲ။ ဩဇာအာဏာမရှိတော့ သူမကို ဘယ်လိုလုပ်ကာကွယ်ပေးနိုင်မှာလဲ။ "

" သမားတော်ရှရဲ့ သမီးက နောက်ဆုံးမှာဘာဖြစ်သွားလဲ။ ခမည်းတော်တောင် သူမကို မကာကွယ်ပေးနိုင်ခဲ့ဘူးလား။ " ဖုစုက မေးလိုက်သည်။

သူ၏ စိတ်ထဲတွင် သံသယဝင်သွားမိသည်။ သူ၏ ခမည်းတော်က အလွန်အာဏာရှိပြီး အစီအစဉ်ကျသူဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် ရင်ကျန့်ကို ဒုက္ခပေးနိုင်သူ မရှိသလောက်ဖြစ်သည်။

" အရှင်သား အခုလိုအချိန်ဆိုရင်တော့ အရှင်မင်းကြီးက သူမကို သေချာပေါက် ကာကွယ်ပေးနိုင်မှာပေါ့။ ဒါပေမယ့် အဲ့ဒီတုန်းက အရှင်မင်းကြီးက နန်းတက်ခါစ အသက်ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်။ နောက်ဆုံးတော့ သူက လူငယ်လေးတစ်ယောက်ပဲ။ သူမကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာလဲ။ " ဝမ်ဝမ်က ခေါင်းခါပြီး ပြောလိုက်သည်။

" ဒါဆို သမားတော်ရှရဲ့ သမီးက သေသွားတာလား။ " ဖုစုက တုန်လှုပ်သွားသည်။

" ဟုတ်တယ်။ " ဝမ်ဝမ်က ခေါင်းညိမ့်လိုက်သည်။ " သူမက အဲ့ဒီတုန်းက သွေးချောင်းစီးသတ်ဖြတ်မှုတွေထဲမှာ သေဆုံးသွားခဲ့တယ်။ "

" ဘယ်သူက ဒီလောက်ထိ ရဲတင်းတာလဲ။ ဘယ်သူက အဲ့ဒါကို လုပ်ခဲ့တာလဲ။ အဲ့ဒါက သေလမ်းပဲမဟုတ်ဘူးလား။ "

" အရှင့်သား အဲ့ဒီနှစ်က ဖြစ်ရပ်တွေရဲ့ နောက်ကွယ်ကလူက မယ်တော်ကြီးပဲ။ " ဝမ်ဝမ်က အသံနှိမ့်ပြီး ပြောလိုက်သည်။

သူပြောလိုက်သည်နှင့် ဖုစု၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ " ဘွားဘွားမယ်တော်ကြီးလား။ သူမက ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ။ "

" အရာအားလုံးက အကျိုးစီးပွားနဲ့ အာဏာကြောင့်ပေါ့။ အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်မျိုးလည်း မသိဘူး။ အဲ့ဒီတုန်းက မယ်တော်ကြီးနဲ့ လွီပုဝေတို့ပဲ သိလိမ့်မယ်။ အခြားပြောစရာမရှိတော့ပါဘူး။ အရှင်သား ဒါကို အရှင်မင်းကြီးရှေ့မှာ ဘယ်တော့မှ မပြောမိဖို့နဲ့ ရှဝူချယ်ကို စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ဖို့ သတိပေးချင်ပါတယ်။ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ နန်းတွင်းတစ်ခုလုံးက ရှဝူချယ်နဲ့ မယှဉ်နိုင်ဘူး။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။

" ဝန်ကြီးချုပ်ရဲ့ စကားကို ကျုပ်မှတ်ထားပါမယ်။ " ဖုစုက ခေါင်းညိမ့်လိုက်သည်။

" အရှင်သား မှတ်မိနေရင် လုံလောက်ပါပြီ။ ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောမိပါစေနဲ့။ " ဝမ်ဝမ်က စိုးရိမ်စွာဖြင့် နောက်တစ်ကြိမ် သတိပေးလိုက်သည်။

" ဝန်ကြီးချုပ် ဒီကိစ္စကို အခြားဘယ်သူတွေ သိကြသေးလဲ။ " ဖုစုက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ညီလာခံတစ်ခုလုံးမှာ နည်းနည်းပဲ သိကြတယ်။ ဟွိုက်ကျွမ်းနဲ့ အရှင်သားရဲ့အဘိုးရင်ရှီလည်း သိတယ်။ ဒါပေမယ့် သူတို့အားလုံးက ဒါကို နောက်တစ်ခါ မပြောရဲကြတော့ဘူး။ " ဝမ်ဝမ်က ပြောလိုက်သည်။

" အရှင်မင်းကြီးက တော်ဝင်မိသားစုအပေါ် ဘာလို့ဒီလောက်စိတ်ပျက်နေရလဲဆိုတာ ကျုပ် အခုမှပဲ နားလည်တော့တယ်။ အရင်က ညီလာခံမှာ မျိုးဆက်ဟောင်းတွေ အာဏာကြီးခဲ့တာ။ ဒါပေမယ့် အခုတော့ တော်ဝင်မျိုးနွယ်ထဲက အာဏာရှိတဲ့သူ နည်းနည်းပဲ ရှိတော့တယ်။ ဒါတွေအားလုံးက အတိတ်က ကိစ္စကြောင့်ပေါ့။ " ဖုစုက ရုတ်တရက် နားလည်သွားသည်။

" အဲ့ဒါကြောင့်ပဲ။ ဒီကိစ္စက ကြီးမားလွန်းတယ်။ အရှင်သားအနေနဲ့ ဒီကိစ္စကို သတိထားရလိမ့်မယ်။ " ဝမ်ဝမ်က ထပ်မံသတိပေးလိုက်သည်။

အချိန်များ ကုန်လွန်လာခဲ့ပြီး နှစ်လနီးပါး ကြာသွားခဲ့သည်။

ဝေနိုင်ငံ၊ တလျန်မြို့တော်နှင့် မိုင်အနည်းငယ် အကွာအဝေးတွင် ချင်စစ်တပ်၏ စစ်သည်များက မြို့တော်ဆီသို့ ဦးတည်နေကြသည်။

စစ်ရထားပေါ်တွင် ကျောက်ဖုန်းက ရပ်နေပြီး သူ၏ ဘေးတွင် ကိုယ်ရံတော်များက စောင့်ကြပ်နေကြသည်။

" စစ်သေနာပတိချုပ် ကျွန်တော်တို့ တလျန်မြို့တော်ရဲ့ နယ်မြေထဲ ဝင်ရောက်လာပါပြီ။ ဒီအရှိန်အတိုင်းဆို မြို့တော်ကို တစ်ရက်အတွင်း ရောက်ပါလိမ့်မယ်။ " ကင်းထောက်တပ်မှူးက ကျောက်ဖုန်းကို အစီရင်ခံလိုက်သည်။

All Chapters