အခန်း ၃၁၂
Vol. 32 Ch. 312
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၁၂)
" သတိဝီရိယနဲ့ ချီတက်ဖို့ အမိန့်ထုတ်ပြန်လိုက်။ ကင်းထောက်စခန်းတွေကိုလည်း ဖြန့်ကျက်ပြီး စူးစမ်းခိုက်လိုက်ပါ။ ဝေစစ်တပ်ရဲ့ အရိပ်အယောင်တွေ့ရင် ချက်ချင်း တိုက်ခိုက်ပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" နားလည်ပါပြီ။ " ကင်းထောက်က ချက်ချင်း မြင်းစီးထွက်ခွာသွားသည်။
" အရှင် ကျွန်တော်တို့ ဝူအန်းစခန်းက ထွက်ခွာလာတာ သုံးလတောင်မပြည့်သေးဘူး။ အခု ကျွန်တော်တို့ စစ်တပ်က ဝေမြို့တော်နယ်မြေထဲ ရောက်လာပြီ။ ဟန်ကုစခန်းကတော့ ဝေစစ်တပ်နဲ့ အခြေအနေတင်းမာနေတုန်းလို့ ကြားတယ်။ သူတို့က ဝေမြို့ဆယ်မြို့ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဝေစစ်စေနာပတိချုပ်ဖန်ဝူက ဆုတ်ခွာရင်း ခုခံတဲ့ နည်းဗျူဟာကို အသုံးပြုနေတယ်။ သူ့ရဲ့ အင်အားတွေကို ဖြတ်ပြီး ဟန်ကုစခန်းရဲ့ ချီတက်မှုကို နှောင့်နှေးအောင် လုပ်နေတယ်။ ဒီဗျူဟာကြောင့် ဝေစစ်တပ်က အကျအဆုံးများပေမယ့် ဟန်ကုစခန်းရဲ့ ချီတက်မှုကိုတော့ နှောင့်နှေးစေခဲ့တယ်။ " ကျန်းမင်က သူရရှိထားသော သတင်းကို အစီရင်ခံလိုက်သည်။
" ဝေဝူကျိက စစ်တပ်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်တယ်။ သူက အသက်ကြီးသွားပေမယ့် သူ့ရဲ့ ဗျူဟာတွေကတော့ တက်မြက်နေတုန်းပဲ။ သူက ဘယ်အချိန်မှာ ရှေ့တိုးရမယ်၊ ဘယ်အချိန်မှာ နောက်ဆုတ်ရမယ်ဆိုတာ သိတယ်။ " ကျောက်ဖုန်းက အံ့အားသင့်ခြင်းမရှိဘဲ ပြောလိုက်သည်။
" တကယ်လို့ ဟန်ကုစခန်းက တလျန်မြို့တော်ကိုသာ တိုက်ရိုက်ဦးတည်လာနိုင်ရင် ဝေနိုင်ငံက ချင်ရဲ့ စစ်စခန်းနှစ်ခုကို ရင်ဆိုင်ရလိမ့်မယ်။ ဒါက ဝေအတွက်တော့ ကပ်ဘေးတစ်ခုပဲ။ ပြီးတော့ အခု ဟွမ်ရှဲကလည်း သေပြီ။ ချူဘုရင်ကလည်း သေပြီဆိုတော့ ပြင်ပအကူအညီ လုံးဝမရှိတော့ဘူး။ ဒီတစ်ခါ ဝေဝူကျိရဲ့ ရည်ရွယ်ချက်က အတူတူပျက်စီးမယ့် စိတ်ဓာတ်မျိုးနဲ့ ငါတို့ချင်ကို တတ်နိုင်သမျှ အထိနာအောင် လုပ်လိမ့်မယ်။ "
" ကျွန်တော် နားမလည်တာ တစ်ခုရှိတယ်။ ဝေဝူကျိတို့က အညံ့ခံလို့မရဘူးလား။ " ကျန်းမင်က နားမလည်သော အမူအရာဖြင့် မေးလိုက်သည်။ " သူတို့အညံ့ခံရင် အရှင်မင်းကြီးက သူတို့ကို မသတ်တဲ့အပြင် ဘွဲ့ထူးတွေတောင် ပေးလိမ့်ဦးမယ်။ သူတို့အတွက် နောက်ဆုံးအထိ တိုက်ခိုက်တာက တန်လို့လား။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ သူတို့ ရှုံးမှာ သေချာနေပြီပဲ။ "
" မင်းက ဝေဝူကျိမဟုတ်ဘူးလေ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ " နိုင်ငံပျက်ရင် လူတိုင်းမှာ တာဝန်ရှိတယ်။ ဒါ့အပြင် ဝေဝူကျိက ဝေတော်ဝင်မိသားစုဝင်ဖြစ်သလို ဝေရဲ့ နောက်ဆုံးထောက်တိုင်လည်းဖြစ်တယ်။ ပထမအချက် သူ့ရဲ့ ဂုဏ်သိက္ခါနဲ့ အဆင့်အတန်းက သူ့ကို အညံ့ခံဖို့ ခွင့်မပြုဘူး။ ဒုတိယအချက် သူ့ရဲ့ စိတ်ထဲမှာ မျှော်လင့်ချက်အချို့ ရှိနေတယ်။ "
ကျောက်ဖုန်းက ယခင် စစ်မြေပြင်တွင် ဝေဝူကျိကို အနိုင်ယူဖူးသည်။ စစ်ပြိုင်ခေတ် အရှင်လေးပါးထဲတွင် တစ်ပါးဖြစ်သော ဝေဝူကျိက ဘယ်တော့မှ အညံ့ခံမည်မဟုတ်ပေ။ ဝေနိုင်ငံက သစ္စာရှိသော လူအများအပြားကလည်း အညံ့ခံကြမည်မဟုတ်ပေ။
တိုင်းပြည်တစ်ခုပြိုလဲလျှင် မရေတွက်နိုင်သော လူများအတွက် ဆင်းရဲဒုက္ခများစွာကို ယူဆောင်လာပေလိမ့်မည်။ သိမ်းပိုက်သွားသော အုပ်ချုပ်သူက ကြင်နာတတ်လျှင် တော်သေးသည်။ ထိုသို့မဟုတ်ဘဲ ထိန်းချုပ်မှုမရှိလျှင် လုယက်မှုနှင့် မုဒိန်းမှုများက သေချာပေါက် ရှိလာပေလိမ့်မည်။
သို့သော် ချင်ဥပဒေနှင့် စစ်စည်းကမ်းက တင်းကျပ်လေသည်။ ထို့အပြင် ချင်ဘုရင် ရင်ကျန့်က တစ်ကမ္ဘာလုံးကို စိတ်ထဲထားသူဖြစ်ပြီး မြို့သိမ်းပြီးနောက် သတ်ဖြတ်ခြင်းမပြုရန် စည်းကမ်းများ ထုတ်ပြန်ထားသည်မှာ ကြာပြီဖြစ်သည်။ သူ့အတွက် အကြီးမားဆုံး အရှက်ကွဲခဲ့သော ဟန်တန်မြို့တော်ကို သိမ်းပြီးချိန်ကပင် သူက မြို့သူမြို့သားများကို အစုအလိုကအပြုံလိုက် သတ်ဖြတ်ခြင်းမျိုး မလုပ်ခဲ့ပေ။
" ကျွန်တော် နားလည်ပါပြီ။ ဒါက သိက္ခါတရား ဒါမှမဟုတ် သစ္စာတရား ဖြစ်လိမ့်မယ်။ " ကျန်းမင်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" သိက္ခါတရားလို့ ပြောလို့ရတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" ကောင်းပြီ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ စစ်တပ်သုံးခုလုံး ဝေမြို့တော်ဆီ အင်အားအပြည့်နဲ့ ချီတက်ဖို့ အမိန့်ပေးလိုက်ပါ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
တလျန်မြို့တော်။
" အရှင် ချင်စစ်တပ် ရောက်လာပါပြီ။ " ဝေတပ်မှူးတစ်ယောက်က မြို့ရှေ့တွင် ဖုန်လုံးကြီးများ လွင့်တက်နေသည်ကို ကြည့်လိုက်သည်။
" အင်း နောက်ဆုံးတော့ သူတို့ရောက်လာပြီ။ ငါခန့်မှန်းထားတာထက်တောင် စောသေးတယ်။ ချင်ရဲ့ ဝူအန်းစခန်းကို ငါလျှော့တွက်မိသွားတယ်။ " ဝေဝူကျိက သက်ပြင်းချလိုက်သည်။
"ကျွန်တော် တကယ်နားမလည်နိုင်ဘူး။ လက်နက်ချစစ်သည်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီစခန်းက ဘာလို့ဒီလောက်တောင် အင်အားကြီးနေရတာလဲ။ ကျောက်ဖုန်းက လက်နက်ချစစ်သည်တွေကို အသက်စွန့်လာအောင် ဘယ်လိုများ ဆွဲဆောင်ခဲ့တာလဲ။ " ဝေတပ်မှူတစ်းယောက်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" အပြစ်သားတပ်ဖွဲ့က ကျောက်ဖုန်းရဲ့ ဗျူဟာပဲ။ ကျောက်နိုင်ငံသာ ရှိသေးရင် အဲ့ဒီလက်နက်ချစစ်သည်တွေက ချင်အတွက် တိုက်ခိုက်ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် ကျောက်က ပျက်စီးသွားပြီ။ ကျောက်လူမျိုးသန်းချီကလည်း ချင်နိုင်ငံသားတွေ ဖြစ်ကုန်ပြီ။ အဲ့ဒီလက်နက်ချစစ်သည်တွေရဲ့ မိသားစုတွေကလည်း ချင်ရဲ့ အုပ်ချုပ်မှုအောက်က ချင်လူမျိုးတွေ ဖြစ်နေကြပြီ။ တကယ်လို့ မင်းရဲ့ မိသားစုက ချင်လက်အောက်မှာ ရှိနေရင် မင်းလည်း ချင်ကို သစ္စာဖောင်ရဲပါ့မလား။ စစ်မြေပြင်မှာ ဘက်ပြောင်းရဲပါ့မလား။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။
" မလုပ်ရဲဘူး။ ဘယ်သူမှ လုပ်ရဲမှာမဟုတ်ဘူး။ " ဝေတပ်မှူးက ရုတ်တရက် နားလည်သွားသည်။
" ဒါက ချင်ရဲ့ ဗျူဟာပဲ။ ဒါက စစ်စည်းကမ်းကိုပါ သတ်မှတ်တာ မဟုတ်ဘဲ သူတို့ရဲ့ မိသားစုတွေကိုပါ ဆွဲထည့်တာ။ တခြားဘယ်နိုင်ငံမှ ဒါမျိုးလုပ်မှာမဟုတ်ဘူး။ ဒါ့အပြင် ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်တဲ့အခါ အမြဲတမ်း ရှေ့ဆုံးကပဲ ဦးဆောင်တယ်။ လက်ထောက်စစ်သူကြီးဘဝမှာရော စစ်သူကြီးဘဝမှာရော အခု စစ်သေနာပတိချုပ်ဖြစ်တာတောင် ရှေ့ဆုံးမှာ ဦးဆောင်နေတုန်းပဲ။ ဒါက ငါကိုယ်တိုင် ရှေ့ဆုံးက ဦးဆောင်မယ်ဆိုရင် ဝေစစ်သားတွေက ဘယ်လိုနေကြမလဲဆိုတာနဲ့အတူတူပဲ။ " ဝေဝူကျိက ပြောလိုက်သည်။
" ချင်ရဲ့ ဝူအန်းစခန်း။ ကျောက်ဖုန်း မင်းက ဘယ်လောက်ထိ ကြမ်းတမ်းပြီး ရဲရင့်ပါစေ ငါက မြို့တံခါးတွေကို ကျောက်တုံးတွေနဲ့ ပိတ်ထားပြီ။ မင်းမှာ နတ်ဘုရားလက်နက်ရှိရင်တောင် အလွယ်တကူ ထိုးဖောက်နိုင်မှာမဟုတ်ဘူး။ ဒီတိုက်ပွဲမှာ ငါတို့ရှုံးနိမ့်သွားပြီး ဝေနိုင်ငံ ပျက်စီးသွားရင်တောင် ချင်ရဲ့ အဓိကစစ်စခမ်းတစ်ခုလည်း ပျက်စီးစေရမယ်။ " ဝေဝူကျိက အေးစက်စွာ ပြောလိုက်သည်။
" မင်းတို့ရဲ့ မိသားစုတွေကို ချူနိုင်ငံဆီ ပို့လိုက်ပြီလား။ "
" အရှင်ရဲ့ ကြင်နာမှုကြောင့် ကျွန်တော်တို့ရဲ့ မိသားစုတွေ ချူနိုင်ငံဆီ ရောက်သွားပါပြီ။ ကျွန်တော်တို့မှာ ဘာစိုးရိမ်စရာမှ မရှိတော့ပါဘူး။ "
" မှန်တယ်။ ကျွန်တော်တို့ ဝေနိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။ "
ဝေတပ်မှူးများက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။
" ဒီတစ်ခါ ငါတို့ ဝေနိုင်ငံက ပျက်စီးသွားနိုင်တယ်။ ဒါပေမယ့် ငါတို့ ဝေရဲ့ အမွေအနှစ်ကတော့ ကျန်ရှိနေတုန်းပဲ။ ချင်နိုင်ငံက ထာဝရတည်တံ့နေလိမ့်မယ်လို့ ငါမယုံဘူး။ ချင်ကျဆုံးတာနဲ့ ငါချန်ထားခဲ့တဲ့ ဝေအင်အားတွေပေါ်လာပြီး ချင်ကို ဖြုတ်ချလိမ့်မယ်။ " ဝေဝူကျိ၏ မျက်လုံးများက တောက်ပသွားသည်။
ထိုအချိန်တွင် မြို့ရှေ့မှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ အနက်ရောင်ချပ်ဝတ်နှင့် ချင်စစ်သည်များက တလျန်မြို့ရှေ့ မြားမရောက်နိုင်သော နေရာသို့ ရောက်ရှိလာကြသည်။
ကျောက်ဖုန်းက စစ်ရထားပေါ်တွင် ရပ်နေပြီး စစ်ရထားက ရှေ့ဆုံးသို့ မောင်းနှင်သွားသည်။ မြို့နှင့် ကျန့်တစ်ရာအကွာသို့ ရောက်သောအခါ စစ်တပ်က ချီတက်မှုကို ရပ်လိုက်ပြီး ဝေမြို့တော်ရှေ့တွင် တပ်ဖြန့်လိုက်ကြသည်။
" မင်းတို့ အတိတ်က ကျောက်စစ်တပ်ရဲ့ အရိပ်အယောင်ကို မြင်နိုင်သေးလား။ " မြို့ရှေ့တွင် တပ်ဖြန့်ထားသော ချင်စစ်တပ်ကို ကြည့်ပြီး ဝေဝူကျိက မေးလိုက်သည်။
" သူတို့က လုံးဝ ချင်စစ်တပ်ပါပဲ။ ကျောက်စစ်တပ်မဟုတ်တော့ဘူး။ သူတို့က ပြောင်းလဲသွားပြီ။ " ဝေတပ်မှူးတစ်ယောက်က ပြောလိုက်သည်။
" ကျောက်ဖုန်း ကျောက်ဖုန်း " ဝေဝူကျိက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ တိုက်ခိုက်ရတော့မလား။ " လီယောင်က တောက်ပသော မျက်လုံးများနှင့် မေးလိုက်သည်။ သုံးလအတွင်း လီယောင်က မြို့တော်တော်များများကို သိမ်းပိုက်ခဲ့သော်လည်း ကျန်းဟန်၊ တုဆွေတို့နှင့်ယှဉ်လျှင် သူ၏ အောင်မြင်မှုများက နောက်ကျနေသေးသည်။
" တလျန်မြို့တော်ကို ဝေဝူကျိက သုံးနှစ်နီးပါး ခိုင်ခံ့အောင်လုပ်ထားတာ။ အခု မြို့တံခါးတွေကို အုတ်တွေ ကျောက်တွေနဲ့ ပြင်ထားပြီး ကျောက်ခံတပ်ကြီးလို ဖြစ်နေပြီ။ လှေကားမပါဘဲ ထိုးဖောက်ဖို့က မဖြစ်နိုင်သလောက်ပဲ။ ကျောက်လုံးပစ်စက်တွေနဲ့ ရက်ပေါင်းများစွာ ပစ်ခတ်မှသာ မြို့ရိုးတွေက ပြိုကျနိုင်လိမ့်မယ်။ ဒါပေမယ့် ဒါကိုလည်း ဝေဝူကျိက ကြိုတင်ခန့်မှန်းထားလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဒါဆို တလျန်မြို့တော်ကို ထိုးဖောက်လို့ မရတော့ဘူးလား။ " လီယောင်က မျက်နှာပျက်သွားသည်။
" ပုံမှန်ဆိုရင်တော့ ဟုတ်တယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ သူက စွမ်းအားအပြည့်တိုက်ခိုက်လျှင် မြို့ရိုးတစ်နေရာကတော့ ပြိုကျသွားအောင် သူလုပ်နိုင်ပေသည်။ သို့သော် ၎င်းက အလွန်သိသာသွားပေလိမ့်မည်။
" ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ တလျန်မြို့ကို ဝန်းရံထားပြီး သူတို့ ရိက္ခါကုန်သွားတဲ့အထိ စောင့်ရမှာလား။ ဒါပေမယ့် အချက်အလက်တွေအရ ဝေဝူကျိက တစ်နှစ်စာ ရိက္ခါတွေ စုဆောင်းထားတယ်လို့ ကြားတယ်။ ကျွန်တော်တို့ တစ်နှစ်တောင် စောင့်ရမှာလား။ "တုဆွေက မနေနိုင်တော့ဘဲ ပြောလိုက်သည်။
" ကျန်းမင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" ဝေဝူကျိကို စကားပြောဖို့ ဖိတ်ခေါ်လိုက်။ သူသဘောတူမလား ကြည့်ကြတာပေါ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ " ကျန်းမင်က ဝေမြို့တော်ဆီသို့ တိုက်ရိုက်မြင်းစီးထွက်သွားသည်။
" အရှင် ချင်မြင်းစီးစစ်သည်တစ်ယောက် လာနေတယ်။ " ဝေတပ်မှူးက ပြောလိုက်သည်။
" သူက အညံ့ခံဖို့ လာဖြောင့်ဖျတာဖြစ်ရမယ်။ " ဝေဝူကျိက ဖြည်းညင်းစွာ ပြောလိုက်သည်။ သို့သော် သူက မြားနှင့်ပစ်ရန် အမိန့်မပေးပေ။ စစ်တပ်များကြား တိုက်ပွဲတွင် သံတမန်ကို မသတ်ရဟူသော အယူအဆရှိသည်။ ၎င်းက စစ်တပ်တိုင်းလိုက်နာသော စည်းမျဉ်းတစ်ခုဖြစ်သည်။