အခန်း ၃၁၈
Vol. 32 Ch. 318
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၁၈)
" ငါ့မှာ ပြောစရာစကားတစ်ခွန်းပဲ ရှိတယ်။ လက်နက်ချမယ့်သူက ဒူးထောက်ပါ။ ငြင်းဆန်မယ့်သူက မတ်တပ်ရပ်နေပါ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ ၎င်းက စကားတစ်ခွန်းသာဖြစ်သော်လည်း သယ်ဆောင်လယသော အရှိန်အဝါက အလွန်ကြီးမားလှသည်။
" ကျွန်တော်လက်နက်ချပါတယ်။ ကျွန်တော်အသက်ကို ချမ်းသာပေးပါ။ "
" ကျွန်တော် မသေချင်သးဘူး။ စစ်သေနာပတိချုပ် ကျွန်တော်အသက်ကို ချမ်းသာပေးပါ။ "
ခန်းမထဲတွင် ကြောက်ရွံ့စွာ အော်ဟစ်သံများက ပဲ့တင်ထပ်သွားသည်။ ဝေနိုင်ငံ၏ အရာရှိများက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။ ထိုအထဲတွင် တော်ဝင်မိသားစုများလည်း အပါအဝင်ဖြစ်သည်။ တော်ဝင်မိသားစုနှင့် ဝန်ကြီးများက သူတို့၏ မိသားစုဝင်များကို ဝေနိုင်ငံ၏ ပြင်ပသို့ ပို့ဆောင်ပြီးဖြစ်သော်လည်း လူအများစုက ဝေမြို့တော်တွင်သာ ကျန်ရှိနေခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း ခန်းမထဲမှ လူတိုင်းနီးပါးက ဒူးထောက်လိုက်ကြပြီဖြစ်သည်။ လူဆယ်ယောက်ကျော်လောက်ကတော့ မတ်တပ်ရပ်နေကြဆဲ ဖြစ်သည်။
" ဝေနိုင်ငံ ကျရှုံးသွားပေမယ့် ငါကတော့ ဝေနိုင်ငံရဲ့ ဝန်ကြီးတစ်ယောက်အနေနဲ့ လုံးဝ လက်နက်မချဘူး။ "
" ကျောက်ဖုန်း မင်းသတ်ချင် သတ်လိုက်ပါ။ ငါ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ "
" ဝေနိုင်ငံ ပျက်စီးသွားရင်တောင် မင်းတို့ရဲ့ ချင်ကလည်း အမြဲတမ်း တိုးတက်နေမှာမဟုတ်ဘူး။ "
" ငါတို့ကို သတ်လိုက်စမ်းပါ။ "
မတ်တပ်ရပ်နေသော လူဆယ်ယောက်ကျော်က သေခြင်းတရားကို မကြောက်ရွံ့ဘဲ ရူးသွပ်စွာ ရယ်မောလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့က နိုင်ငံအတွက် အသက်ပေးသွားမည်ဖြစ်သည်။
ကျောက်ဖုန်း၏ အမူအရာက တည်ငြိမ်နေသည်။ နိုင်ငံတိုင်းတွင် သစ္စာရှိပြီး ဖြောက်မတ်သူများ ရှိကြသည်။ သေမှာမကြောက်သူများကလည်း ရှိစမြဲပင်ဖြစ်သည်။ ရန်သူဖြစ်လျှင်တောင် သူတို့ကို လေးစားရမည်ဖြစ်သည်။ ထို့ကြောင့် ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။
သူ၏ ကိုယ်ရံတော်များက ချက်ချင်း နားလည်သွားကြသည်။ သူတို့က လက်နက်ချရန် ငြင်းဆန်သော ဝန်ကြီးဆယ်ယောက်ကို ခေါင်းဖြတ်ကွပ်မျက်လိုက်ကြသည်။ သွေးများ လွင့်စင်သွားပြီး ဦးခေါင်းများက ကြမ်းပြင်သို့ ကျလာခဲ့သည်။ ၎င်းက ခန်းမထဲတွင် ဒူးထောက်နေကြသူများကို ပို၍ ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
" ဝေဘုရင် မင်း လက်နက်ချမလား အသေခံမလား။ " ကျောက်ဖုန်းက အေးစက်စွာ မေးလိုက်သည်။
ကျောက်ဖုန်း၏ အေးစက်သော မျက်လုံးများကို ကြည့်ပြီး ဝေဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လာခဲ့သည်။ သူက နိုင်ငံအတွက် အသက်ပေးသွားသင့်သော်လည်း သူမလုပ်ရဲပေ။ သူက သေရမည်ကို ကြောက်ပေသည်။
" ငါ ငါ..." ဝေဘုရင်က တစ်ကိုယ်လုံး တုန်ယင်နေပြီး စကားများ ထစ်ငေါ့နေခဲ့သည်။
" တကယ်လို့ မင်းလက်နက်မချချင်ဘူးဆိုရင် နိုင်ငံနဲ့အတူ သေဖို့ မင်းရဲ့ ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။ " ကျောက်ဖုန်းက ကျန်းမင်ကို တစ်ချက်ကြည့်လိုက်သည်။
ကျန်းမင်က ရှေ့သို့ တိုးသွားပြီး သူ၏ ဓားကို ဝေဘုရင်၏ ရှေ့သို့ ပစ်ချလိုက်သည်။
" ဘုရင်တစ်ပါးအနေနဲ့ မင်း လက်နက်မချချင်ဘူးဆိုရင် ငါတို့ စစ်သေနာပတိချုပ်က မင်းကို ဘုရင်တစ်ပါးရဲ့ ဂုဏ်သိက္ခာကို ပေးအပ်ပါတယ်။ ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်ပါ။ " ကျန်းမင်က အေးစက်စွာ ပြောလိုက်သည်။
ဝေဘုရင်က ရှေ့မှ ဓားကို ကြည့်ရင်း တုန်ယင်နေသည်။ ဘုရင်တစ်ပါးအနေဖြင့် နိုင်ငံနှင့်အတူ သေဆုံးသွားခြင်းက လုပ်သင့်လုပ်ထိုက်သော အရာတစ်ခု ဖြစ်သည်။ သူက ကြမ်းပြင်မှ ဓားကို အသည်းအသန် ကောက်ယူလိုက်သော်လည်း ထက်ရှသော ဓားသွားကို ကြည့်ကာ သူ၏ လက်များက တုန်ယင်နေခဲ့သည်။
ဓားကို သူ၏ လည်ပင်းပေါ်သို့ တင်ကာ အင်အားသုံးပြီး လှီးဖြတ်ပစ်ချင်နေခဲ့သည်။ သို့သော် သူ၏ အမူအရာက အကြိမ်ကြမ်ပြောင်းလဲနေခဲ့သော်လည်း နောက်ဆုံးတွင် သူမလုပ်ရဲခဲ့ပေ။
" ဒါက ဘုရင်တစ်ပါးလား။ အသုံးမကျတဲ့ အမှိုက်သက်သက်ပဲ။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးပြီး ပြောလိုက်သည်။ သူက ဝေဘုရင်၏ လက်ထဲမှ ဓားကို တိုက်ရိုက်လုယူလိုက်သည်။
" အခု ဒူးထောက်ပြီး အညံ့ခံစမ်း။ တော်ဝင်တံဆိပ်တုံးကို အပ်နှံရင် မင်းအသက်ကို ငါချမ်းသာပေးမယ်။ မဟုတ်ရင်တော့ မင်းကို ငါကိုယ်တိုင် ပို့ဆောင်ပေးမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောပြီး လုံချွမ်ဓားကို ဆွဲထုတ်လိုက်သည်။
ဝေဘုရင်က ထိတ်လန့်သွားပြီး ကြမ်းပြင်တွင် ဒူးထောက်ကျသွားသည်။ " ငါ လက်နက်ချပါတယ်။ ငါ လက်နက်ချပါတယ်။ ငါ့အသက်ကိုချမ်းသာပေးပါ။ ငါ့ကို မသတ်ပါနဲ့။ "
ထိုအချိန်တွင် ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခါက လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ ၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ပြုံးလိုက်သည်။ သူက ဝေဘုရင်ကို သတ်ရန် ရည်ရွယ်ချက်မရှိပေ။ အကယ်၍ သူသတ်လိုက်လျှင် ရှန်းယန်ကို ပြန်ရောက်သောအခါ ထိုအဘိုးကြီးများက သူ့ကို စွပ်စွဲပစ်တင်ပေလိမ့်မည်။
" လက်နက်ချကြောင်း တော်ဝင်အမိန့်တော်ကို ရေးသားပြီး တော်ဝင်တံဆိပ်တုံးကို ခတ်နှိပ်လိုက်။ မင်းရဲ့ ဝေစစ်တပ်ကိုလည်း ချင်ဆီမှာ လက်နက်ချဖို့ အမိန့်ပေးလိုက်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အခု ဝေမြို့တော်က ရေအောက် နစ်မြှုပ်နေတာဆိုတော့ သူတို့ကို အပြင်ကို ခေါ်ထုတ်သွားဖို့က လောလောဆယ် မဖြစ်နိုင်သေးဘူး။ သူတို့ကို ဒီနန်းတော်ထဲမှာပဲ အကျဉ်းချပြီး ထိန်းသိမ်းထားလိုက်။ သူတို့ကို မသေသွားအောင် ဂရုစိုက်ပါ။ ရေတွေကျသွားတာကို စောင့်ပြီးမှ သူတို့ကို ခေါ်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းမင်က ရိုသေစွာ ပြောလိုက်သည်။
ကျောက်ဖုန်းက ခန်းမထဲမှ ထွက်ခွာသွားသည်။ ခန်းမ၏ အပြင်ဘက်တွင် တုဆွေနှင့် လီယောင်တို့က ရောက်ရှိနေကြပြီဖြစ်သည်။
" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " စစ်သူကြီးနှစ်ယောက်က ဦးညွှတ်လိုက်ကြသည်။
" အခြေအနေဘယ်လိုလဲ။ " ကျောက်ဖုန်းက သူတို့ကို ကြည့်ပြီး မေးလိုက်သည်။
" မြို့က ရေလွှမ်းသွားတော့ လူအများကြီး သေဆုံးသွားခဲ့ရတယ်။ ဒါပေမယ့် လူအများစုက အသက်ရှင်ကျန်ရစ်နေပါတယ်။ " လီယောင်က ပြောလိုက်သည်။
" အခု ရေတွေက အပြင်ကို တဖြည်းဖြည်း ထွက်နေပြီဆိုတော့ အားနည်းနည်းစိုက်ထုတ်လိုက်ရင် မြို့ထဲက ရေတွေကို ထုတ်ပစ်နိုင်ပါလိမ့်မယ်။ တလျန်မြို့ရဲ့ နောက်ဘက်ကို သွားပြီး မြို့ရိုးတွေကို ဖြိုချပစ်လိုက်ရုံပါပဲ။ ရေလှိုင်းတွေရဲ့ ရိုက်ခတ်မှုအောက်မှာ မြို့ရိုးတွေ သိပ်ပြီး ခိုင်ခံ့နေမှာ မဟုတ်ဘူး။ ပြီးတော့ ကြိုတင်ပြင်ဆင်ထားတဲ့ မြောင်းတွေကို အသုံးပြုပြီး မြစ်ရေကို ပိတ်ဆို့နိုင်ပါတယ်။ " တုဆွေက ရိုသေစွာ ပြောလိုက်သည်။
သူတို့က အစကတည်းက ရေလွှမ်းမိုးပြီးလျှင် မြစ်ရေနှင့် ဟုန်မြောင်းမှ ရေများကို ပိတ်ဆို့ရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် စိုးရိမ်စရာမရှိပေ။
" အဲ့ဒါကောင်းတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" တလျန်ကတော့ ပျက်စီးသွားပြီ။ အဲ့ဒီနောက်ပိုင်းမှာ အဓိကစိုးရိမ်ရမယ့် အရာကတော့ ကပ်ရောဂါပဲ။ ရေကြီးတဲ့နေရာတိုင်းမှာ ကပ်ရောဂါက နောက်က လိုက်လာစမြဲပဲ။ ဒီကိစ္စကို လျစ်လျူရှုထားလို့မရပါဘူး။ " လီယောင်က ပြောလိုက်သည်။
ကပ်ရောဂါဟုကြားလိုက်ရသောအခါ ကျောက်ဖုန်းက မျက်မှောင်ကြုတ်သွားမိသည်။
" ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်သူတွေ ရှိကြတယ်။ ကပ်ရောဂါကာကွယ်ရေးမှာ ကျွမ်းကျင်တဲ့ သူတွေဆီပဲ လွှဲအပ်လိုက်ပါ။ ဘယ်လိုကာကွယ်ရမလဲ ဘယ်လိုကုသရမလဲဆိုတာကို ကုသရေးစခန်းဆီ မေးမြန်းစုံစမ်းလိုက်ပါ။ " ကျောက်ဖုန်းက လီယောင်ကို ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " လီယောင်က ပြန်ပြောလိုက်သည်။
" တရားရေးဝန်ကြီးခွိုက်ဖု " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" ရှိပါတယ်။ " ခွိုက်ဖုက အမြန်ပြေးလာသည်။
" ဒီတိုက်ပွဲအစီရင်ခံစာကို ရှန်းယန်ကို အမြန်ဆုံး ပို့လိုက်ပါ။ ပြီးတော့ ရိက္ခါတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေမဲ့ တဲတွေကို လုံလောက်အောင် ခွဲဝေပေးဖို့ အရှင်မင်းကြီးဆီ တောင်းဆိုလိုက်ပါ။ တလျန်မြို့က ပြည်သူတွေကို ပြန်ပြီး နေရာချပေးဖို့ လိုအပ်တယ်။ ဝေနိုင်ငံ ပျက်စီးသွားပြီဆိုတော့ သူတို့က ချင်ပြည်သူတွေ ဖြစ်လာပြီ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ခွိုက်ဖုက ရိုသေစွာ ပြောလိုက်သည်။
ထိုအချိန်တွင် ကျန်းမင်က ခန်းမထဲမှ ထွက်လာပြီး သူ၏ လက်ထဲတွင် တော်ဝင်အမိန့်တော်နှစ်ခု ကိုင်ဆောင်ထားသည်။
" စစ်သေနာပတိချုပ် ဝေဘုရင်ရဲ့ လက်နက်ချကြောင်း တော်ဝင်အမိန့်စာက ပြီးသွားပါပြီ။ ဒါ့အပြင် ဝေစစ်သနာပတိချုပ်ဖန်ဝူကို လက်နက်ချဖို့ အမိန့်တော်လည်း ပါဝင်ပါတယ်။ " ကျန်းမင်က ပြောလိုက်သည်။
" ကောင်းတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " အဲ့ဒါတွေကို သိမ်းထားလိုက်ပါ။ "
" စစ်သေနာပတိချုပ် ကျွန်တော်တို့ အခု ဝေရဲ့ အနောက်ဘက်နယ်စပ်ကို သွားပြီး အမိန့်တော်ကို ဖန်ဝူဆီ ပို့ပေးလိုက်ရမလား။ " တုဆွေက မေးလိုက်သည်။
" ဒီတစ်ခေါက် ငါကိုယ်တိုင်သွားမယ်။ ကိုယ်ရံတော်တပ်ဖွဲ့လည်း လိုက်ခဲ့ရမယ်။ " ကျောက်ဖုန်းက ကျန်းမင်ကို ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ဝေမြို့တော်က ပျက်စီးသွားပြီဆိုတော့ တိုက်ပွဲအခြေအနေက ရှင်းလင်းသွားပြီ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
ဝေနိုင်ငံကို သိမ်းပိုက်သော ကြီးမားသည့် စွမ်းဆောင်မှုကို သူ သေချာပေါက် ရရှိသွားခဲ့လေပြီ။
ဟန်ကုစခန်း။
" စစ်သေနာပတိချုပ် သုံးရက်တိုင်တိုင် တိုက်ခိုက်ပြီးတဲ့နောက်မှာ လီယန်မြို့ကို ထိုးဖောက်နိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဖန်ဝူကတော့ ဆက်မတိုက်ဘဲ ချူးရှမြို့ကို ဆုတ်ခွာသွားပါတယ်။ " တပ်မှူးတစ်ယောက်က တဲအတွင်းသို့ ဝင်လာပြီး ပြောလိုက်သည်။
" ဖန်ဝူက ငါတို့စစ်တပ်ကို တားဆီးဖို့ သူ့မှာရှိသမျှ အရားအားလုံးကို ပေးဆပ်ထားတာ ရှင်းနေတာပဲ။ ငါတို့စစ်တပ် ဝေမြို့တော်ဆီ ချီတက်တာကို နှောင့်နှေးအောင်လုပ်နေတာ။ အခုအခြေအနေအရဆို ငါတို့ စစ်တပ်က တလျန်မြို့တော်ကို ရောက်ဖို့ သုံးလလောက် ကြာလိမ့်မယ်။ "
" ဝူအန်းစခန်းက ဝေမြို့တော်ဆီ ရောက်နေပြီ။ တကယ်လို့ ငါတို့ ဟန်ကုနဲ့ ဝူအန်းတို့ ပေါင်းလိုက်ရင် ဝေမြို့တော်က စစ်စခန်းနှစ်ခုရဲ့ ပိတ်ဆို့ဝန်းရံတာကို ခံရလိမ့်မယ်။ ဒါကြောင့် ဝေဝူကျိက ဖန်ဝူကို ငါတို့ကို မရရအောင် တားဆီးဖို့ အမိန့်ပေးထားခဲ့တာပဲ။ " ဟွမ်ယိက လေးနက်စွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ဝူအန်းစခန်းရဲ့ လှုပ်ရှားမှုတွေနဲ့ ပက်သက်ပြီး တစ်ခုခုသိထားတာရှိလား။ လွန်ခဲ့တဲ့ တစ်လလုံးလုံး ဝူအန်းစခန်းက ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူး။ သူတို့က ဝေမြို့တော်ကို တိုက်ခိုက်တာကို လက်လျှော့ပြီး ကျွန်တော်တို့ စခန်းကို စောင့်နေတဲ့ပုံပဲ။ " လီရှင်းက ပြောလိုက်သည်။
" မင်းပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ " ဟွမ်ယိက လီရှင်းကို ကြည့်ပြီး ပြောလိုက်သည်။