အခန်း ၄၃
Vol. 5 Ch. 43
အခန်း (၄၃) ကောင်းကင်တက်လှမ်းခြင်း နယ်ပယ် ဓားချီ နှင့် လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး
ရှုချွမ်းက အချိန်ဆွဲမနေတော့ဘဲ မြေပြင်ပေါ်မှ နတ်ဘုရားသတ်ဓားကို ကောက်ယူကာ ထပ်မံ ထွက်ပြေးခဲ့သည်။
ဤနေရာက အချိန်ဆွဲရမည့် နေရာမဟုတ်ကြောင်း သူ ကောင်းကောင်းနားလည်သည်။
မကြာမီမှာပင် ပို၍များပြားသော လူများ လိုက်မီလာကြပေလိမ့်မည်။
လီအန်းနန်နှင့် သူ၏လူများ ရောက်ရှိလာချိန်တွင် မြေပြင်ပေါ်ရှိ အလောင်းများကိုသာ တွေ့ရပြီး အခြားဘာကိုမျှ မတွေ့ရှိရတော့ပေ။
လီအန်းနန်က ရှုချွမ်း ထွက်ပြေးသွားသည့် ဘက်သို့ ကြည့်ကာ အမိန့်ပေးလိုက်သည်။ “သူက အမှောင်ဝိညာဉ်တောင်တန်းရဲ့ အတွင်းပိုင်းနယ်မြေထဲကို ဝင်ချင်နေတာပဲ မြန်မြန်... သူ့နောက်ကို လိုက်ကြ၊ သူ့ကို အောင်မြင်ခွင့် မပေးနဲ့”
ထိုစကားနှင့်အတူ လူစုက အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ရှုချွမ်းနောက်သို့ လိုက်လံဖမ်းဆီးကြတော့သည်။
“မကောင်းတော့ဘူး”
ရှုချွမ်း နောက်သို့ လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် မျက်နှာ ဖြူလျော်သွားခဲ့သည်။
သူ့နောက်တွင် 'နတ်ဘုရားစွမ်းအားနယ်ပယ်' သိုင်းပညာရှင်တစ်ဦးနှင့်အတူ 'သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ်' ကျင့်ကြံသူ အများအပြားက အရှိန်အဟုန်ဖြင့် နီးကပ်လာနေပြီ ဖြစ်သည်။
ထို့ကြောင့် သူက သူ့ကိုယ်သူ ဖုံးကွယ်ရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ အရှိန်ကို ထပ်မံမြှင့်တင်ကာ အဝေးသို့ ပြေးထွက်ခဲ့သည်။
တောင်တန်း၏ အတွင်းပိုင်းနယ်မြေထဲသို့ လျင်မြန်စွာ ဝင်ရောက်နိုင်မှသာ ရှင်သန်ခွင့် ရနိုင်မည်ကို သူ နားလည်ထားသည်။
သူ၏ လက်ရှိအခြေအနေနှင့် နတ်ဘုရားစွမ်းအားနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ရင်ဆိုင်ရခြင်းမှာ သေလမ်းသက်သက်သာ ဖြစ်သည်။
“ဒီလူတွေ ရူးနေကြတာလား၊ ငါ့နောက်ကို မလွှတ်တမ်း လိုက်နေကြတယ်”
ရှုချွမ်းက အံကို တင်းတင်းကြိတ်ကာ နတ်ဘုရားသတ်ဓားကို ထပ်မံ ဆွဲထုတ်လိုက်သည်။
သူက ရှိသမျှ အစွမ်းအကုန်ဖြင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ပြီ ဖြစ်သည်။
သူ့တွင် ဝှက်ဖဲအမြောက်အမြား ရှိနေသဖြင့် သေချာပေါက် အလွယ်တကူ သေဆုံးမည် မဟုတ်ပေ။
သူ တွေးနေစဉ်မှာပင် လီအန်းနန်က ရှုချွမ်းကို လိုက်မီသွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် လီအန်းနန်၏ နတ်ဘုရားစွမ်းအားနယ်ပယ် အော်ရာ များ အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေသည်မှာ မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ပင်။
ရှုချွမ်းက ဤဖိအားကို ခေါင်းမညွတ်ဘဲ အတင်းအကျပ် အံတုခုခံနေခဲ့သည်။
“ကောင်လေး... မင်း ပြေးလွှားနေတာ တော်တော်ကြာသွားပြီ၊ အခုတော့ မင်းသေရမယ့် အချိန်ပဲ”
လီအန်းနန်၏ စကားအဆုံးတွင် သူက လက်ဝါးကို ဆန့်ထုတ်ကာ ရှုချွမ်းဆီသို့ ဖိနှိပ်တိုက်ခိုက်လိုက်သည်။
သူ၏ လက်ဝါးချက်နှင့်အတူ ပါလာသော 'အော်ရာ' သက်သက်ဖြင့်ပင် ရှုချွမ်း၏ ခန္ဓာကိုယ် မှာ မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်သွားတော့မည့်အလား တဖျစ်ဖျစ် မြည်ဟည်းလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် 'မဟာယန်မူလချီ' များကို လည်ပတ်စေသော်လည်း ဤလက်ဝါးချက်ကို ခုခံရန် ခက်ခဲနေဆဲ ဖြစ်သည်။
ရှုချွမ်း၏ တစ်ကိုယ်လုံးမှ သွေးများမှာ ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့ရာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်း ဖြစ်သည်။
ဤအချိန်တွင် ရှုချွမ်းက သွေးလူသားတစ်ယောက် လုံးလုံး ဖြစ်သွားခဲ့ရပြီ။
“ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး တစ်နေ့ကျရင် ခင်ဗျားရဲ့ ခေါင်းကို ငါကိုယ်တိုင် ဖြတ်ပြီး လင်အန်းခရိုင်ရဲ့ မြို့တံခါးဝမှာ ချိတ်ဆွဲထားမယ်၊ ဒီမြို့ထဲမှာရှိတဲ့ သန်းနဲ့ချီတဲ့ လူတွေကို နေ့ရောညပါ ကြည့်စေရမယ်”
ရှုချွမ်း၏ ဒွာရ ခုနစ်ပေါက်မှ သွေးများ လျှံထွက်လာခဲ့ပြီး သူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“မင်းမှာ အဲ့ဒီလို အခွင့်အရေး ရှိလာမှာ မဟုတ်ဘူး”
လီအန်းနန်က အေးစက်စက် ပြောလိုက်သည်။
သူက ရှုချွမ်း၏ လက်ထဲရှိ နတ်ဘုရားသတ်ဓားကို ကြည့်ကာ မျက်လုံးများထဲတွင် လောဘစိတ်များဖြင့် တောက်ပလာခဲ့သည်။
ရှုချွမ်းကိုမူ သူ လှည့်ကြည့်ရန်ပင် စိတ်မဝင်စားပေ။
သူ့အား ခြိမ်းခြောက်လာသော စကားများကိုလည်း လုံးဝ အရေးမစိုက်ခဲ့ပေ။
သူ့အတွက် ရှုချွမ်းကို သတ်ရခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသကဲ့သို့ လွယ်ကူလှသည်။
သူက နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့်သို့၉ ရောက်ရှိနေပြီ ဖြစ်သည်။
လင်အန်းခရိုင်တစ်ခုလုံးတွင် ကျင့်ကြံမှုအမြင့်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
သူ့အနေဖြင့် ယခုခရီး ထွက်လာခြင်းမှာလည်း ကောင်းကင်အဆင့် ရတနာဓားနှင့် ဝိညာဉ်ခရစ်စတယ်တို့အတွက် ဖြစ်သည်။
ဤဓားနှင့် ဝိညာဉ်ခရစ်စတယ်ကိုသာ ရရှိခဲ့လျှင် 'နိဗ္ဗာန နယ်ပယ်' သို့မဟုတ် 'ကမ္မနယ်ပယ် ' သို့ပင် တက်လှမ်းနိုင်မည်ဟု ရာနှုန်းပြည့် ယုံကြည်ချက် ရှိနေသည်။
ထို့နောက် သူ၏ လက်ဝါးချက်က ရုတ်တရက် ဖိနှိပ်ချလိုက်ရာ ရှုချွမ်းက ချက်ချင်းပင် အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရပြီး သေခြင်းတရား၏ အငွေ့အသက်များ ကျရောက်လာခဲ့သည်။
သို့သော် ထိုသို့ဖြစ်နေသည့်တိုင်အောင် ရှုချွမ်းက အသက်ချမ်းသာပေးရန် တောင်းပန်မည့် အတွေးမျိုး လုံးဝမရှိဘဲ သွားကို တင်းတင်းကြိတ်ကာ ဖိအားကို ဆက်လက် အံတုနေခဲ့သည်။
“ဒါ ခင်ဗျား ဘာသာ တွန်းပို့တာပဲ၊ ငရဲပြည်ကိုသာ သွားပေတော့”
ရှုချွမ်းက လက်ကို ဆန့်ထုတ်ကာ သိုလှောင်လက်စွပ်အတွင်းမှ စစ်တုလင်း ပေးထားခဲ့သော အဆောင် ကို ထုတ်ယူပြီး လီအန်းနန်ရှိရာ ဘက်သို့ လွှဲပစ်လိုက်သည်။
ထိုအဆောင်က ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော 'ဓားချီ' များ အဆောင်အတွင်းမှ ပွင့်ထွက်လာကာ လီအန်းနန်ဆီသို့ တိုးဝင်သွားတော့သည်။
လမ်းခုလတ်တွင် ၎င်းက လီအန်းနန်၏ လက်ဝါးရိပ်ကို တိုက်ရိုက်ပင် ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပြီး အရှိန်အဟုန် မပျက်ဘဲ သူရှိရာသို့ ဆက်လက် ဦးတည်သွားခဲ့သည်။
ထိုအချိန်မှာပင် ရှုချွမ်း၏ 'တာအိုစောင့်ရှောက်သူ' ချန်ထားခဲ့သော အခြားဝှက်ဖဲတစ်ခု ဖြစ်သည့် 'နောက်ဆုံးအစီအရင်' က အသက်ဝင်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင်အကာအကွယ် အစီအရင် တစ်ခု ပေါ်ထွက်လာကာ သူ့ကို လွှမ်းခြုံသွားခဲ့သည်။
အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသော ဓားချီ ကို မြင်လိုက်ရသောအခါ လီအန်းနန်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။
သူက ဤဓားချီထံမှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
ဤဓားချီသာ သူ့ကို ထိမှန်သွားပါက သူ ချက်ချင်း သေဆုံးသွားနိုင်သည့်ပုံမျိုး ဖြစ်သည်။
သူက မပေါ့ဆရဲတော့ဘဲ သူ့ဘေးရှိ လက်အောက်ငယ်သားတစ်ဦးကို အမြန်ဆွဲယူကာ ဝင်ရောက်လာသော ဓားချီဆီသို့ လွှဲပစ်လိုက်သည်။
“မလုပ်ပါနဲ့ မြို့စားမင်း...”
အပစ်ခံလိုက်ရသော လက်အောက်ငယ်သားမှာ ချက်ချင်းပင် ပျာယာခတ်သွားပြီး အော်ဟစ်လိုက်သော်လည်း သူ၏ စကားမဆုံးခင်မှာပင် ထိုဓားချီက သူ့ကို မည်သည့်အတားအဆီးမျှ မဖြစ်စေဘဲ တိုက်ရိုက်ပင် ဖုန်မှုန့်အဖြစ် ချေမှုန်းပစ်လိုက်သည်။
လီအန်းနန်က နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ထွက်ပြေးနေစဉ် လမ်းတစ်လျှောက်လုံးတွင် ဓားချီကို တားဆီးရန်အတွက် သူ၏ လက်အောက်ငယ်သားများကို နောက်သို့ လှမ်းပစ်ရင်း အဝေးသို့ အရူးအမူး ထွက်ပြေးတော့သည်။
သို့သော် အားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။
ထိုဓားချီမှာ သူ့ကို ပစ်မှတ်အဖြစ် သတ်မှတ်ထားပုံရပြီး သူ့နောက်သို့ မလွှတ်တမ်း လိုက်ပါနေခဲ့သည်။
နောက်ဆုံးတွင် သူ၏ လက်အောက်ငယ်သား အားလုံးကို ပစ်ထုတ်ပြီးသွားသည့်တိုင်အောင် ထိုဓားချီကို မတားဆီးနိုင်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် ရှုချွမ်းမှာမူ အကာအကွယ်အစီအရင်ကြောင့် မိုင်တစ်ထောင်ခန့် ဝေးကွာသော နေရာသို့ တိုက်ရိုက် တည်နေရာ ပြောင်းခြင်းခံလိုက်ရပြီး အမှောင်ဝိညာဉ်တောင်တန်း၏ အလယ်ဗဟို သို့ ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့သည်။
ဘုန်း
သူ အတွင်းပိုင်းနယ်မြေထဲသို့ ပြေးဝင်သွားချိန်တွင် တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုက ညကောင်းကင်ယံတစ်ခုလုံးကို ထိန်ထိန်လင်းသွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော လေမုန်တိုင်းတစ်ခု ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။
မိုင်တစ်ထောင်အတွင်းရှိ နယ်မြေတစ်ခုလုံးမှာ ချက်ချင်းပင် မြေပြန့်အတိ ဖြစ်သွားခဲ့ရသည်။
ထိုဓားချီ ထိမှန်သွားသည့် နေရာတိုင်းရှိ အရာအားလုံးမှာ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရပြီး လေထုပင်လျှင် ထိုကြောက်မက်ဖွယ်ကောင်းသော ဓားချီကြောင့် လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
၎င်းက တိုက်ရိုက်ပင် လေဟာနယ်ဇုန် တစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
ဓားချီ တိုက်ရိုက်ထိမှန်ခြင်းကို ခံလိုက်ရသော လီအန်းနန်မှာမူ ဖုန်မှုန့်တစ်စပင် မကျန်တော့ဘဲ ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရသည်။
ဤနယ်မြေ အတွင်းရှိ လိုက်လံဖမ်းဆီးသူအားလုံးလည်း သေဆုံးသွားခဲ့ကြသည်။
ဓားတစ်ချက်တည်းဖြင့် လင်အန်းခရိုင်၏ ကျင့်ကြံသူအင်အားစု တစ်ဝက်ခန့်ကို သုတ်သင်ရှင်းလင်းပစ်လိုက်ခြင်း ဖြစ်သည်
ရှုချွမ်းက ဤမြင်ကွင်းကို နောက်သို့ လှည့်ကြည့်ရင်း စိတ်ထဲမှ တအံ့တသြ ရေရွတ်လိုက်မိသည်။
“ဆရာ့ရဲ့ ဓားချက်က တကယ့်ကို ကြောက်စရာကောင်းတာပဲ"
"ဒါက 'ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ' ရဲ့ တကယ့်စွမ်းအားအစစ်လား”
ယခုမှသာ ရှုချွမ်း အနည်းငယ် စိတ်အေးသွားနိုင်ခဲ့ပြီး သူ၏ စိတ်များမှာလည်း အရင်ကလောက် တင်းကြပ်မနေတော့ပေ။
သို့သော် သူက တစ်နေရာတည်းတွင် အကြာကြီး မနေရဲသေးပေ၊ မိုင်တစ်ထောင်အကွာတွင် အခြားသော လိုက်လံဖမ်းဆီးသူများ ရှိနေသေးသည်။
ပြီးတော့ ကောင်းကင်အဆင့် လက်နက်နဲ့ ဝိညာဉ်ခရစ်စတယ် သတင်းသာ လုံးဝ ပျံ့နှံ့သွားရင် သူ့ကို လာပြီး အမဲလိုက်မယ့်လူတွေ ပိုများလာဦးမှာ ဖြစ်သည်။
လီအန်းနန် သေဆုံးသွားခြင်းကြောင့် ထိုလူများက သူ့ကို လိုက်ဖမ်းရန် လက်လျှော့လိမ့်မည်ဟု သူ အာမမခံနိုင်ပေ။
မည်မျှကြာအောင် ထွက်ပြေးခဲ့ရသည်မသိ၊ ရှုချွမ်းက တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်အင်အား ကုန်ခမ်းလာခဲ့သည်။
သူက မည်မျှပင် ပါရမီရှင်တစ်ဦး ဖြစ်ပါစေ၊ အသက်ရှူရန်ပင် အခွင့်အရေးမရဘဲ အဆက်မပြတ် တိုက်ပွဲများကို ရေရှည် မခံနိုင်ပေ။
ထို့ပြင် သူက လက်ရှိတွင် ပြင်းထန်စွာ ဒဏ်ရာရရှိထားဆဲ ဖြစ်သည်၊ အရင်က ကုသမှုမှာ ဒဏ်ရာများကို အနည်းငယ်သာ သက်သာစေခဲ့ပြီး အခြေခံကျကျ ပျောက်ကင်းစေခဲ့ခြင်း မဟုတ်ပေ။
သူက မလျှော့သော ဇွဲသက်သက်ဖြင့်သာ တောင့်ခံနေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ထိုစိတ်မှာ လျော့ပါးသွားပြီဖြစ်ရာ အခြားသူများ လိုက်မဖမ်းလျှင်ပင် သူ ဆက်ပြီး တောင့်မခံနိုင်တော့ပေ။
ဝေါ့
ရှုချွမ်း၏ ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာခဲ့ပြီး ထို့နောက် လမ်းလျှောက်သည့်အခါတွင်ပင် ယိမ်းထိုးလာခဲ့ရာ မြေပြင်ပေါ်သို့ လဲကျတော့မည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။
“ဟင်... အရှေ့မှာ လူနေတဲ့ အရိပ်အယောင် ရှိနေတာပဲ”
ရှုချွမ်းက အရှေ့ဘက်တွင် လူသားများ ရှိနေသည့် အမှတ်အသားအချို့ကို ဝေဝေဝါးဝါး မြင်လိုက်ရသလို ခံစားလိုက်ရသည်။
သူ၏ စိတ်ထဲတွင် ဝမ်းသာသွားခဲ့ပြီး ၎င်းဆီသို့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။
သူက ဒဏ်ရာများကို သေချာပေါက် ကုသရန် နေရာတစ်ခု ရှာရမည် ဖြစ်သည်၊ မဟုတ်လျှင် ဆိုးရွားသော နောက်ဆက်တွဲ ဆိုးကျိုးများကို သေချာပေါက် ခံစားရပေလိမ့်မည်။
ရှူး...
ရှုချွမ်း အရှေ့ဘက်ရှိ သက်ငယ်မိုး အိမ်လေးဆီသို့ ချဉ်းကပ်တော့မည့် ဆဲဆဲမှာပင်၊ မြားတစ်စင်းက သူ့ဆီသို့ ထိုးစိုက်လာခဲ့သည်။
ရှုချွမ်းက လျင်မြန်စွာ ရှောင်ကွင်းလိုက်သဖြင့် ဝင်ရောက်လာသော မြားကို ရှောင်ရှားနိုင်ခဲ့သည်။
ဒါက သူ လက်ရှိအခြေအနေမှာ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာ ဖြစ်သည်။
“ရှင်က ဘယ်သူလဲ၊ ကျွန်မရဲ့ အိမ်ကို ဘာလာလုပ်တာလဲ”
အသံနှင့်အတူ ရှုချွမ်း ကြည့်လိုက်ရာ မြူခိုးရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရဲရင့်ပြတ်သားကာ သူရဲကောင်းဆန် သော ပုံစံရှိသည့် မိန်းကလေးတစ်ဦးကို မြင်လိုက်ရသည်။
ဤအချိန်တွင် ထိုမိန်းကလေးက မြားကို အသင့်ချိန်ထားပြီး ရှုချွမ်းကို အေးစက်စက် မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။
အကယ်၍ ရှုချွမ်းသာ သင့်တော်သော ရှင်းပြချက်တစ်ခု မပေးနိုင်ပါက သူမက သူ့ကို မြားဖြင့် အသေပစ်သတ်ပစ်မည့် ပုံစံမျိုး ဖြစ်သည်။
ခဏမျှ ရှုချွမ်း မှင်တက်သွားခဲ့ပြီး သး့ အန္တရာယ်ရှိသော အခြေအနေကိုပင် လုံးဝ မေ့လျော့သွားခဲ့သည်။
ထို့နောက်မှ သူ သတိပြန်ဝင်လာကာ “မိန်းကလေး... စိတ်မလောပါနဲ့၊ ကျွန်တော် တမင်သက်သက် ကျူးကျော်ဝင်လာတာ မဟုတ်ပါဘူး...”
ရှုချွမ်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အမြန်ရှင်းပြလိုက်ပြီး သူ့အနေဖြင့် ဒဏ်ရာများကို ကုသရန် နေရာတစ်ခု ရှာဖွေချင်ရုံသက်သက်သာ ဖြစ်ကြောင်း ရှင်းလင်းပြောခဲ့သည်။
ထိုသို့ပြောမှသာ ထိုမိန်းကလေးက မြားကို အောက်သို့ ချလိုက်သော်လည်း သူမ၏ မျက်နှာတွင်မူ သတိထား စောင့်ကြည့်နေဆဲ မျက်နှာထား ရှိနေခဲ့သည်။