အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄) မဟာဝေမင်းဆက် ၏ မင်းသမီး နင်ယို့ချီနှင့် ထိတ်လန့်ဖွယ်ရာ ကံကြမ္မာ
ရှုချွမ်းက ဖိအားများ ရုတ်တရက် လျော့ပါးသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။
သူက ဒဏ်ရာများကို ချက်ချင်းကုသရန် သိုလှောင်လက်စွပ်ထဲမှ ပြန်လည်ကုသ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ သောက်ချင်သော်လည်း ယခုအချိန်တွင် သူ ဆက်လက်တောင့်မခံနိုင်တော့ဘဲ သူစိမ်းတစ်ယောက်၏ ရှေ့မှောက်၌ပင် သတိလစ်လဲကျသွားခဲ့ရတော့သည်။
ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ရသဖြင့် သူ၏ အင်အားများမှာ အလွန်အမင်း ကုန်ခမ်းနေခဲ့ပြီး သူ၏ 'မဟာယန်မူလချီ' များပင်လျှင် သူ၏ ဒဏ်ရာများကို ဆက်လက် မပြုပြင်ပေးနိုင်တော့ပေ။
“ရှင်က ဘာလို့ ဒီလောက်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားရတာလဲ”
မိန်းကလေးက လဲကျသွားသော ရှုချွမ်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ရှုချွမ်းက လက်ရှိတွင် အလွန်အန္တရာယ်များသော အခြေအနေသို့ ရောက်ရှိနေပြီး အကယ်၍ ကုသမှုမခံယူပါက အသက်အန္တရာယ် ကြုံတွေ့ရနိုင်သည်ကို သူမ သိသာထင်ရှားစွာ ပြောနိုင်ခဲ့သည်။
ရှုချွမ်းက ထိုမိန်းကလေးအား ဆေးလုံးထုတ်ပေးရန် အကူအညီတောင်းရန် စကားပြောချင်သော်လည်း သူ၏ တစ်ကိုယ်လုံးတွင် အင်အားတစ်စက်မျှ မရှိတော့ဘဲ ပါးစပ်ကိုပင် မဟနိုင်ခဲ့ပေ။
၎င်းကို မြင်သောအခါ မိန်းကလေးက သူမ၏ သိုလှောင်လက်စွပ်ထဲမှ မွှေးပျံ့သော အနံ့ရှိသည့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုဆေးလုံးကို မြင်လိုက်ရသည့် ခဏ၌ ရှုချွမ်း၏ မျက်နှာတွင် တောင့်တရယူလိုသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
သူ ခန္ဓာကိုယ် မလှုပ်ရှားနိုင်သော်လည်း သူ၏ အသိစိတ်မှာမူ ပုံမှန်အတိုင်း ရှိနေဆဲ ဖြစ်သည်။
သူ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် ဤဆေးလုံးက တန်ဖိုးမဖြတ်နိုင်သော အသက်ကယ်ဆေးလုံးတစ်လုံးဖြစ်သည့် 'မူလယန်ဆေးလုံး' ဖြစ်ကြောင်း မှတ်မိလိုက်သည်။
လူတစ်ယောက်တွင် အသက်ရှူရုံမျှသာ ကျန်ရှိတော့သည့်တိုင်အောင် ဤဆေးလုံးကို သောက်သုံးလိုက်ပါက အသက်ကို ဆက်လက်ထိန်းထားပေးနိုင်ပြီး သေဆုံးမည် မဟုတ်ပေ။
ဤဆေးလုံးက ယခုအချိန်တွင် ရှုချွမ်း အလိုအပ်ဆုံးအရာ အတိအကျပင် ဖြစ်သည်။
သူ ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားနိုင်ရုံမျှဖြင့် ပြန်လည်သက်သာစေသော ဆေးလုံးကို ထုတ်ယူသောက်သုံးကာ ဒဏ်ရာများကို ချက်ချင်း ကုသနိုင်မည်ဖြစ်ပြီး လက်ရှိ အခြေအနေကို ပြောင်းလဲနိုင်မည် ဖြစ်သည်။
ဤမိန်းကလေးတွင် ဤကဲ့သို့သော ဆေးလုံးရှိနေပြီး ၎င်းကို တုံ့ဆိုင်းမှုမရှိဘဲ ထုတ်ပေးရဲသည်ကို ကြည့်ခြင်းဖြင့် သူမ၏ မူလအဆင့်အတန်းမှာ အလွန်ပင် ထူးခြားဆန်းပြားရမည် ဖြစ်သည်။
မိန်းကလေးက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရှုချွမ်း၏ ပါးစပ်ကို ဖွင့်ကာ မူလယန်ဆေးလုံးကို တိုက်ကျွေးလိုက်သည်။
ထို့နောက် သူမက ရှုချွမ်း၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောမှတ် အချို့ကို နှိပ်ပေးကာ သူမ၏ မူလချီ များကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပြီး ဆေးအာနိသင်များကို ချေဖျက်ရန် ကူညီပေးခဲ့သည်။
ချက်ချင်းပင် ရှုချွမ်းက မူလယန်ဆေးလုံးက သန့် စင်သော ဆေးစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခြေလက်များနှင့် အရိုးအဆစ်များဆီသို့ ပျံ့နှံ့သွားကာ တစ်ကိုယ်လုံးရှိ ပျက်စီးနေသော အတွင်းကလီစာများနှင့် သွေးကြော များကို စတင်ပြုပြင်ပေးနေသည်ကို ခံစားလိုက်ရသည်။
“ရှင့် ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်။ ဒီမူလယန်ဆေးလုံးက ဒဏ်ရာရဲ့ လက္ခဏာတွေကိုပဲ ယာယီသက်သာစေတာ၊ အမြစ်ပြတ်အောင် မကုသနိုင်ဘူး။ အရာအားလုံးက ရှင့်ကိုယ်တိုင်အပေါ်မှာပဲ မူတည်နေသေးတယ်”
“ထားလိုက်ပါတော့... ကျွန်မ ရှင့်ကို အဆုံးထိ ကူညီပေးပါ့မယ်။ ရှင့် အခု ငြိမ်ငြိမ်သက်သက် အနားယူဖို့ လိုတယ်၊ ကျွန်မရဲ့ နေအိမ်ကို လိုက်ခဲ့တော့”
မိန်းကလေးက ခေါင်းခါလိုက်သည်။ သူမ၏ ဖြူစင်သော လက်ကလေးကို ဝေ့ယမ်းလိုက်ရာ သူမ၏ မူလချီ များက ရှုချွမ်းကို လွှမ်းခြုံသွားပြီး စောစောက မြင်တွေ့ခဲ့ရသော သက်ငယ်မိုး အိမ်လေးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
“ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် မိန်းကလေး။ ကျွန်တော့်နာမည်က ရှုချွမ်းပါ။ မိန်းကလေးရဲ့ နာမည်ကို မသိရသေးဘူး”
မူလယန်ဆေးလုံး၏ ပြုပြင်ပေးမှုကြောင့် ရှုချွမ်းသည် ခန္ဓာကိုယ် မလှုပ်ရှားနိုင်သေးသော်လည်း အနည်းဆုံးတော့ စကားပြောနိုင်ပြီ ဖြစ်သည်။
ဤမိန်းကလေးကို ရင်ဆိုင်ရသည့်အခါ ရှုချွမ်းက သဘာဝကျသော ရင်းနှီးမှုကို ခံစားရသဖြင့် ခပ်တည်တည်ဖြင့်ပင် လှမ်းမေးလိုက်ခြင်း ဖြစ်သည်။
“ကျွန်မနာမည်က နင်ယို့ချီ ပါ”
မိန်းကလေးက အရှေ့မှ လှမ်းလျှောက်ရင်း နောက်သို့ လှည့်မကြည့်ဘဲ ဖြေကြားခဲ့သည်။
သူမသက ရှုချွမ်းနှင့် စကားအများကြီး မပြောချင်သည့်ပုံစံဖြင့် ရုတ်တရက် အရှိန်မြှင့်ကာ သူ့ကို ခေါ်ဆောင်ပြီး လျင်မြန်စွာ ထွက်သွားခဲ့သည်။
ရှုချွမ်းလည်း အပိုအလုပ်မရှုပ်တော့ဘဲ ထိုနေရာတွင် ငြိမ်ငြိမ်သက်သက်သာ လဲလျောင်းနေခဲ့သည်။
သို့သော်လည်း သူက သူ၏ 'စနစ်' ကို ဖွင့်လှစ်ကာ နင်ယို့ချီ၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
ချက်ချင်းပင် နင်ယို့ချီ၏ အချက်အလက်အားလုံးက ရှုချွမ်း၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
【အမည် - နင်ယို့ချီ】
【ကျင့်ကြံမှုနယ်ပယ် - သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ် အဆင့် ၉ အထွတ်အထိပ်】
【ပါရမီ - အနှိုင်းမဲ့】
【ကံကြမ္မာ - ကံကြမ္မာ သမီးတော် (ရွှေရောင်)၊ ထိုက်ယင်နတ်သမီး (ရွှေရောင်)၊ ပြိုင်ဘက်ကင်း အလှပိုင်ရှင် (ရွှေရောင်)၊ ကိုယ်ပိုင်ကံကောင်းခြင်း (ရွှေရောင်)】
【ဇာတ်ညွှန်း - ကံကြမ္မာ သမီးတော် ၊ မွေးရာပါ မြင့်မြတ်သူ】
【ဘဝဇါတ်ညွှန်း - မဟာဝေမင်းဆက် ၏ မင်းသမီး။ သူမ မွေးဖွားသောနေ့တွင် ထူးခြားဆန်းပြားသော နိမိတ်များ ပေါ်ထွက်ခဲ့သည်။ ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချပြီးနောက် သူမ၏ တိုးတက်မှုမှာ အလွန်ပင် လျင်မြန်ခဲ့သည်။ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် တွင် တစ်နှစ်၊ ချီစုစည်းခြင်းနယ်ပယ် တွင် နှစ်နှစ်၊ သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ် အထွတ်အထိပ် သို့ ရောက်ရန် သုံးနှစ်သာ ကြာမြင့်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ယင်သွေးကြော ၏ သက်ရောက်မှုကြောင့် သူမက နတ်ဘုရားစွမ်းအားနယ်ပယ်သို့ မတက်လှမ်းနိုင်ဘဲ ဖြစ်နေခဲ့ရာ ထို့ကြောင့် နန်းတော်မှ ထွက်ပြေးလာခဲ့ပြီး အမှောင်ဝိညာဉ်တောင်တန်းရှိ ထိုက်ယင်ဂိုဏ်းအပျက်အစီး ကို ရှာဖွေကာ နတ်ဘုရားစွမ်းအားနယ်ပယ်သို့ တက်လှမ်းစေနိုင်မည့် 'ထိုက်ယင်မူလစွမ်းအား' ကို ရရှိရန် မျှော်လင့်နေခဲ့သည်။ ထိုမူလစွမ်းအားကို ရရှိပါက သူမက ထိုက်ယင်နတ်သမီး ဖြစ်လာမည်ဖြစ်ပြီး ထိုအချိန်မှစ၍ ကောင်းကင်ယံထက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားနိုင်လိမ့်မည်】
...
နောက်ထပ် ရွှေရောင်ကံကြမ္မာ လေးခုပါပဲလား။ ဒါက ရှုချွမ်း ကြုံတွေ့ဖူးသမျှထဲမှာ ရွှေရောင်ကံကြမ္မာ လေးခု ရှိတဲ့ ဒုတိယမြောက် အမျိုးသမီး ဖြစ်သည်။
ပြီးတော့ ဤနင်ယို့ချီက မဟာဝေမင်းဆက် ၏ မင်းသမီးတစ်ပါး ဖြစ်နေလိမ့်မည်ဟု ရှုချွမ်း လုံးဝ မျှော်လင့်မထားခဲ့ပေ။
တောက်ပသော ရွှေရောင်အလင်းတန်းများက ရှုချွမ်း၏ မျက်လုံးများကို တိုက်ရိုက် ပြည့်နှက်သွားစေခဲ့သည်။
သူက သူမ၏ ကံကြမ္မာအသေးစိတ် မိတ်ဆက်ချက်ကို နှိပ်၍ ကြည့်လိုက်သည်။
【ကံကြမ္မာ သမီးတော်】 : ကောင်းကင်တာအို ၏ ကံတရားကို မွေးရာပါ သယ်ဆောင်လာသူ၊ ကံကြမ္မာ သားတော်နှင့် ဖူးစာဖက်ဖြစ်ရန် သတ်မှတ်ခံထားရသူ၊ ကောင်းကင် သမီးတော်။
【ထိုက်ယင်နတ်သမီး】 : ထိုက်ယင်သွေးကြော ကို ဆက်ခံထားသူ၊ ထိုက်ယင်စွမ်းအားကို မွေးရာပါ ထိန်းချုပ်နိုင်သူဖြစ်ပြီး သာမန်လူများထက် အဆမတန် သာလွန်သော စွမ်းအားကို ထုတ်ဖော်နိုင်သည်။ ထိုက်ယင်မူလစွမ်းအားကို သန့်စင်ပြီးနောက်တွင် သူမက ထူးခြားပြောင်မြောက်သော ပါရမီကို ပြသနိုင်ကာ အရှိန်အဟုန်ဖြင့် တိုးတက်ပြီး ခေတ်ပြိုင်ထိုက်ယင်နတ်သမီး ဖြစ်လာလိမ့်မည်။ သူမက 'မဟာယန်ခန္ဓာ' နှင့်လည်း အတူတကွ နှစ်ကိုယ်တူကျင့်ကြံ နိုင်ပြီး နှစ်ဖက်စလုံးက ကြီးမားသော အကျိုးကျေးဇူးများကို ရရှိလိမ့်မည်။
【ပြိုင်ဘက်ကင်း အလှပိုင်ရှင်】 : မြို့၊နိုင်ငံပျက်လောက်အောင် လှပသော ရုပ်ရည်ရှိသူ၊ တစ်နိုင်ငံလုံးတွင် အလှဆုံး မိန်းမလှလေး ။
【ကိုယ်ပိုင်ကံကောင်းခြင်း】 : ကံကောင်းစေသော ကြယ်ပွင့်များ ဝန်းရံနေသူ၊ ကျင့်ကြံမှုအဆင့် မြင့်မားလေလေ ကံတရား ပိုမိုထူထဲလေလေဖြစ်ပြီး ကံကောင်းမှုများက တစ်ခုပြီးတစ်ခု လိုက်ပါလာလိမ့်မည်။
အချက်အလက်အားလုံးကို ဖတ်ပြီးနောက် ရှုချွမ်း၏ ဦးခေါင်းမှာ မူးနောက်သွားခဲ့ရသည်။
သူမက မဟာဝေမင်းဆက် ၏ မင်းသမီးတစ်ပါး၊ 'ကောင်းကင်ဘုရင်နယ်ပယ်' သိုင်းပညာရှင်တစ်ဦး၏ သမီးတော်ဖြစ်ရခြင်းနှင့် ထိုက်တန်သည်ဟုသာ ပြောရပေမည်။ ဤကဲ့သို့သော ကံကြမ္မာအဆင့်မျိုးက လောကတွင် ရှားမှရှားလှသည်။
၎င်းမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။
ရှုချွမ်းက လဲလျောင်းနေရင်းနှင့်ပင် အကြိမ်ပေါင်းများစွာ အသက်ပြင်းပြင်း ချလိုက်မိသည်။
မကြာမီမှာပင် နင်ယို့ချီက ရှုချွမ်းကို သူမ၏ နေအိမ်သို့ ခေါ်ဆောင်လာခဲ့ပြီး ကုတင်ပေါ်တွင် လှဲလျောင်းပေးခဲ့သည်။
ထို့နောက် သူမက သက်ငယ်မိုး အိမ်လေးအတွင်းမှ ထွက်ခွာသွားခဲ့ပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့တော့သည်။
ရှုချွမ်းက ဤနေရာ၏ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
ဤသက်ငယ်မိုး အိမ်လေးက အလွန်ရိုးရှင်းလှသည်၊ ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံးမှလွဲ၍ အခြားဘာမျှ မရှိပေ။
သို့သော်လည်း အခန်းတွင်းမှ မိန်းကလေးတစ်ဦး၏ သင်းပျံ့သော ရနံ့လေး ထွက်ပေါ်နေခဲ့ရာ အလွန်ပင် စိတ်ကြည်နူးစရာ ကောင်းလှသည်။
ဤသက်ငယ်မိုး အိမ်ကို 'မူလချီ' ထူထပ်သော နေရာတစ်ခုတွင် တည်ဆောက်ထားခြင်း ဖြစ်သည်၊ ဤနေရာက ရှုချွမ်း၏ ဒဏ်ရာများ ပြန်လည်သက်သာလာစေရန်အတွက် ကြီးမားသော အကျိုးကျေးဇူး ရှိသည်။
ပတ်ပတ်လည်တွင်လည်း သားရဲများကို အကာအကွယ်ပေးထားသော အစီအရင် တစ်ခု ရှိနေသဖြင့် မည်သူမျှ သူ၏ ဒဏ်ရာကုသမှုကို လာရောက် မနှောင့်ယှက်နိုင်ပေ။
ချက်ချင်းပင် ရှုချွမ်းက အချိန်ဆွဲမနေတော့ဘဲ မျက်လုံးများကို မှိတ်ကာ 'မဟာယန်ကျင့်စဉ်'ကို စတင်ကျင့်ကြံတော့သည်။ 'မဟာယန်မူလချီ' များက သူ၏ တစ်ကိုယ်လုံးတွင် လည်ပတ်သွားခဲ့ပြီး ဒဏ်ရာများ ပြန်လည်ပြုပြင်ခြင်းကို အရှိန်မြှင့်တင်ပေးခဲ့သည်။
မကြာမီမှာပင် ရှုချွမ်းက သူ၏ လက်နှင့် ခြေထောက်များကို လှုပ်ရှားနိုင်လာခဲ့သည်။
သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ပြန်လည် ကုသ ဆေးလုံးကို ထုတ်ယူကာ သောက်လိုက်သည်။
သူက အေးမြသော ခံစားမှုတစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရပြီး သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည့်အခါ သူ၏ ဒဏ်ရာများမှာ လုံးဝဥဿုံ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
သွေးစွန်းနေသော အဝတ်အစားများမှလွဲ၍ သူက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ဖူးသည်ဟု မည်သူမျှ လုံးဝ ပြောနိုင်မည် မဟုတ်ပေ။
“ဒီပြန်လည်ကုသ ဆေးလုံးရဲ့ အာနိသင်က တကယ့်ကို ကောင်းတာပဲ” ရှုချွမ်း မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
သူ့တွင် ဤကဲ့သို့သော ဆေးလုံး အနည်းငယ် ထပ်ရှိလျှင် အလွန်ကောင်းမည်ဖြစ်သော်လည်း ကံဆိုးစွာဖြင့် သူ၏ဆရာ စစ်တုလင်း က သူ့ကို တစ်လုံးတည်းသာ ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အာနိသင်ရှိသည့် ဆေးလုံးမျိုးက အရေအတွက်အားဖြင့်လည်း အမြောက်အမြား ရှိနိုင်မည် မဟုတ်ပေ။
သို့သော်လည်း သူက ဤအကြိမ်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သော်လည်း ကံဆိုးခြင်းထဲမှ ကံကောင်းခြင်း ဖြစ်ပေါ်လာခဲ့သည်။
သူ၏ အသိစိတ်ပင်လယ်ထဲရှိ 'ဓားဝိညာဉ်မျိုးစေ့'မှာ ပိုမို ကြံ့ခိုင်သန်စွမ်းလာခဲ့သည်။ မကြာမီ အချိန်အတွင်း ဤမျိုးစေ့က အပြည့်အဝ ရင့်မှည့်လာမည်ဖြစ်ပြီး ၎င်းအတွင်းမှ သူတစ်ဦးတည်းသာ ပိုင်ဆိုင်သော သိုင်းတာအိုဝိညာဉ် - 'သသတ်ဖြတ်ခြင်း ဓားဝိညာဉ်' မွေးဖွားလာလိမ့်မည်ဟု သူ ယုံကြည်သည်။
ထို့ပြင် 'သတ်ဖြတ်ခြင်း ဓားဝိညာဉ်' အောင်မြင်စွာ မွေးဖွားလာပြီးပါက ရှုချွမ်းက နတ်ဘုရားသတ်ဓား ကို လုံးဝ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး အရင်ကကဲ့သို့ ဓား၏ သတ်ဖြတ်လိုစိတ်များနှင့် နတ်ဆိုး ချီများ၏ ဝါးမြိုခြင်းကို မခံရတော့ဘဲ ချီလွှဲဖယ်ခြင်း ဖြစ်မည့် အန္တရာယ်မှလည်း ကင်းဝေးသွားလိမ့်မည်ဟု ယုံကြည်ချက် အပြည့် ရှိနေသည်။
ရှုချွမ်း ဤနေရာတွင် ဒဏ်ရာများကို ကုသနေစဉ်မှာပင် လင်အန်းခရိုင် ရှိ အင်အားစုအသီးသီးနှင့် ရည်ရွယ်ချက်အမျိုးမျိုးရှိကြသော လိုက်လံဖမ်းဆီးသူများက 'နတ်ဘုရားစွမ်းအားနယ်ပယ်' သိုင်းပညာရှင်အချို့၏ ဦးဆောင်မှုဖြင့် နောက်ဆုံးတွင် ရှုချွမ်းနှင့် လီအန်းနန်တို့ တိုက်ခိုက်ခဲ့ကြသည့် နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကြောင့် ပျက်စီးသွားသော နယ်မြေနှင့် ပျောက်ကွယ်သွားသော လီအန်းနန်တို့ကို မြင်လိုက်ရသည့်အခါ လူတိုင်း ခြေလှမ်းရပ်သွားကြပြီး ရှေ့သို့ နောက်ထပ် တစ်လှမ်းမျှပင် မလှမ်းရဲကြတော့ပေ။
ဤနေရာရှိ မြင်ကွင်းမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလွန်းလှသည်။
လေထုထဲတွင် ကျန်ရှိနေသေးသော ဓားချီ နှင့် သတ်ဖြတ်လိုစိတ် အရှိန်အဝါများကို ခံစားမိပြီးနောက် ဦးဆောင်လာသော 'နတ်ဘုရားစွမ်းအားနယ်ပယ်' သိုင်းပညာရှင်များပင်လျှင် သူတို့၏ ခန္ဓာကိုယ်များ တုန်ရင်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဤကျန်ရှိနေသော အရှိန်အဝါများက သူတို့ကို ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ပေးဆောင်နေသောကြောင့် ဖြစ်သည်။
မည်ကဲ့သို့သော အင်အားကြီး သိုင်းပညာရှင်မျိုးက ဤကဲ့သို့သော မြင်ကွင်းကို ဖန်တီးနိုင်သနည်းဆိုသည်ကို သူတို့ စိတ်ကူးပင် မယဉ်ရဲကြပေ။
သို့သော် သိသာထင်ရှားသည်မှာ သူတို့က ရှေ့သို့ ဆက်လက် လိုက်လံဖမ်းဆီးရန် မဝံ့ရဲကြတော့ပေ။
ရတနာများက စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း ၎င်းတို့ကို ယူရန်အတွက် အသက်ရှင်နေဖို့ လိုအပ်သည် မဟုတ်ပါလား။
ရှုချွမ်းတွင် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုး ထပ်မံ ပြုလုပ်နိုင်ခြင်း ရှိမရှိကို ဂရုမထားတော့ဘဲ သူတို့က ရှေ့သို့ ဆက်မတိုးရဲကြတော့ပေ။
ဤလိုက်လံဖမ်းဆီးမှုကြောင့် 'နတ်ဘုရားစွမ်းအားနယ်ပယ်' သိုင်းပညာရှင် အချို့ပင် အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
သနားစရာ အကောင်းဆုံးမှာ လင်အန်းခရိုင်၏ မြို့စားမင်း လီအန်းနန်ဖြစ်ပြီး သူက နောက်ဆုံးတွင် အလောင်းပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ရသည်။
ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လီအန်းနန် ရှင်သန်နိုင်မည်မဟုတ်ကြောင်း သူတို့ သေချာပေါက် သိကြသည်။
ဒါ့အပြင် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်သူက ထူးခြားဆန်းပြားသော အဆင့်အတန်း ရှိနေမည်မှာ အသေအချာပင်။
၎င်းမှာ သူတို့ လုံးဝ ရန်မစရဲသော အရာမျိုး ဖြစ်သည်။
“ဆုတ်ကြမယ်”
သူတို့ မကျေနပ်ကြသော်လည်း 'နတ်ဘုရားစွမ်းအားနယ်ပယ်' သိုင်းပညာရှင် အနည်းငယ်က ကျန်ရှိနေသော လူများကို ဦးဆောင်ကာ လာခဲ့သည့် လမ်းအတိုင်း ပြန်လည် ဆုတ်ခွာသွားခဲ့ကြပြီး ရှုချွမ်းကို ဆက်လက် ဖမ်းဆီးရန် လက်လျှော့လိုက်ကြတော့သည်။