← Chapters

အခန်း ၁၁၃၂

Vol. 114 Ch. 1132

အခန်း ၁၁၃၂

Vol. 114 Ch. 1132

အခန်း (၁၁၃၂) အဆင့် ၃ နှင့်ထိတွေ့ခြင်း

သောက်ကျိုးနည်း အဘိုးကြီး..

ရှန်းယီ ကြီးမားသောမုန်တိုင်းများနှင့် လှိုင်းတံပိုးများစွာကိုကြုံတွေ့ခဲ့ရပြီး အမြဲတစေတည်ငြိမ်အေးဆေးစွာနေနိုင်ခဲ့သော်လည်း၊ ဤအခိုက်အတန့်မှာတော့ သူ၏ရင်ထဲ၌ တိတ်တဆိတ်မကျိန်ဆဲဘဲမနေနိုင်ခဲ့ချေ။

ယခင်က သူကြုံတွေ့ခဲ့ရသော ပြဿနာများက မည်မျှပင် အန္တရာယ်များစေကာမူ၊ အမြဲတစေမျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရှိနေခဲ့ပြီး၊ သူ၏ကိုယ်ပိုင်ခွန်အားများ အဆင့်တက်သွားသရွေ့ ပြဿနာအားလုံးကို အလွယ်တကူဖြေရှင်းနိုင်ခဲ့သည်။

သို့သော် ယခုအခါတွင် သူ၏ကျင့်ကြံခြင်းမြင့်မားလာလေလေ၊သူ၏သေဆုံးခြင်းနှင့် ပိုမို နီးကပ်လာလေလေပင်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ ကပ်ဘေး ခြောက်ထောင့်ငါးရာကျော်၏စွမ်းအင်များပါဝင်သော ထိုက်ရွှီ ရွှေရောင်ဆေးလုံးကို ခံစားရင်း၊ ရှန်းရွှီဘိုးဘေးကို မဆိုထားနှင့် ရှန်းယီ ကိုယ်တိုင်ပင်လျှင် လိုချင်တပ်မက်မှုအရိပ်အယောင်တစ်ခုကို မခံစားဘဲ မနေနိုင်ခဲ့ချေ။

ဤအခိုက်အတန့်တွင်၊မီးခိုးရောင်မြူခိုးများထဲတွင် ပုန်းကွယ်နေသော ထိုမှိန်ဖျော့ဖျော့မျက်လုံးတစ်စုံက သူ့ကိုစိုက်ကြည့်နေခဲ့သည်။

ဤကဲ့သို့သောကျင့်ကြံခြင်းက ရှန်းယီကို လုံခြုံမှုခံစားချက်မပေးစွမ်းနိုင်ခဲ့ဘဲ၊ ထိုမျက်လုံးများထဲတွင်ပါဝင်နေသော လောဘက သူ့ကို အနည်းငယ် တုန်လှုပ်သွားစေကာ၊သူ့ကိုကြည့်ပြီး သွားရည်ကျနေသည့် အဘိုးကြီးနှာဘူးတစ်ဦး၏ပုံရိပ်က သူ၏ စိတ်ထဲတွင် ရုတ်တရက်ဖျတ်ခနဲပေါ်လာခဲ့သည်။

"ဟူး" ရှန်းယီ မျက်လုံးများကိုဖြည်းညှင်းစွာ မှိတ်လိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရချိန်တွင်၊ သူနည်းလမ်းဟောင်းများကို အသုံးပြုရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိသေးပေ။

သူက လက်ဖဝါးထဲရှိဆေးလုံးကို ရုတ်တရက် မြိုချလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ကျင့်ကြံခြင်းက နောက်ထပ် ကပ်ဘေးတစ်ရာကျော်ခန့် တိုးတက်လာခဲ့၏။

ရွှေရောင်ဆေးလုံးက ပြီးပြည့်စုံမှုသို့ မရောက်သေးဘဲ ဆက်လက်၍ဆင့်ကဲပြောင်းလဲနိုင်ကာ ၎င်း၏အလားအလာမှာ အဆုံးအစမရှိပေ။

ဤသည်မှာ ရှန်းယီ အနေဖြင့် ရှန်းရွှီဘိုးဘေးကို ယာယီ ချွေးသိပ်နိုင်သည့်တစ်ခုတည်းသော နည်းလမ်းပင်။

ကံကောင်းထောက်မစွာဖြင့် အကျိုးသက်ရောက်မှုမှာအတော်လေး ကျေနပ်စရာ ကောင်းပါသည်။

မီးခိုးရောင်မြူခိုးများထဲတွင်၊ ရှန်းရွှီ ဘိုးဘေး၏တံတွေးမျိုချသံများက ပိုမိုလျင်မြန်လာခဲ့ပြီး၊ သူက ဤမျှစွမ်းအင်ပြည့်ဝနေသော အရာမျိုးကို တစ်ခါမျှမမြင်ဖူးခဲ့၍ဖြစ်ကောင်းဖြစ်နိုင်ကာ သူ၏စိတ်ထဲရှိ အလောတကြီးဖြစ်နေမှုကို မထိန်းချုပ်နိုင်ခဲ့သော်လည်း၊ သူလှုပ်ရှားမည့် ရည်ရွယ်ချက် ရှိပုံမပေါ်ချေ။

ရှန်းယီက အစားကြူးသူတစ်ဦး၏အတွေးများကို ကောင်းစွာ သိရှိထားပါသည်။

အကယ်၍ သူ ကပ်ဘေးသုံးထောင့်ငါးရာတွင် ၎င်းကို မစားသုံးခဲ့ပဲ၊ကပ်ဘေး ခြောက်ထောင့်ငါးရာတွင် စားသုံးခြင်းက သိသာထင်ရှားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပေလိမ့်မည်။ ဤရွှေရောင်ဆေးလုံးက မည်မျှအထိကြီးထွားလာနိုင်ကြောင်းကို သူ ကြည့်ရှုရပေမည်။

"ဟူး" အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ၊ နောက်ဆုံးတွင် ရှန်းယီ၏နားဘေး၌နက်ရှိုင်းသော စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် သက်ပြင်းရှည်ကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

မီးခိုးရောင်မြူခိုးများထဲရှိ မျက်လုံးများက မလိုလားအပ်စွာဖြင့်မှိတ်သွားပြီး တစ်ဖန်ပြန်လည် အိပ်မောကျသွားခဲ့၏။

သူ အသက်ရှင်ကျန်ရစ်ခဲ့သည်။

ရှန်းယီ၏တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ချောင်းများက တိတ်ဆိတ်စွာပြေလျော့သွားခဲ့သည်။

သူတစ်ပါး၏လက်ခုတ်ထဲမှ ရေဖြစ်နေသလိုခံစားနေရခြင်းမှာ မနှစ်မြို့ဖွယ်ကောင်းသော်လည်း၊ ကြီးမားလှသော စွမ်းအားကွာဟချက်ကို ရင်ဆိုင်ရချိန်တွင် သူလုပ်နိုင်စွမ်းရှိသည့် အရာ ဘာမှမရှိခဲ့ချေ။

သူ ရှေ့ရှိ ဆေးမီးဖိုကိုတိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ပြီး သူ၏အမူအရာမှာ ထူးဆန်းနေကာ၊ ရှန်းရွှီ ဘိုးဘေးအတွက် ဆေးလုံးများဖော်စပ်ပေးနေရသကဲ့သို့ ခံစားနေရပါသည်။

အချိန်အတန်ကြာပြီးနောက်၊ ရှန်းယီ သူ၏လက်ကို နောက်တစ်ကြိမ်ဝှေ့ယမ်းလိုက်ပြီး အတွင်းမှ ပူနွေး‌နေသော မဟာဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

သူအသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏မျက်လုံးများတွင် လေးနက်မှုများပြည့်နှက်နေခဲ့၏။

သူ အမှားလုပ်ရန် အခွင့်အရေးသိပ်များများ မကျန်တော့ချေ။

ရှန်းရွှီဘိုးဘေးက လောဘကြီးသော်လည်း၊ သူသည် အရူးတစ်ယောက်မဟုတ်ပေ။ ရွှေရောင်ဆေးလုံး၏ရနံ့က ဆွဲဆောင်မှုရှိသော်လည်း၊ လျင်မြန်လွန်းစွာကြီးထွားလာခြင်းက သူ၏သတိထားမှုကို မလွဲမသွေနှိုးဆွပေးပါလိမ့်မည်။

ယခင်က သုံးကြိမ်တိုင်တိုင်ကြိုးစားခဲ့သော အတွေ့အကြုံများဖြင့်၊ ရှန်းယီက စနစ်မျက်နှာပြင် သရုပ်ဖော်ကောက်ချက်ချခြင်းကို နောက်တစ်ကြိမ် စတင်လိုက်သည်။

ဖျော့တော့သော အဝါရောင်မြူခိုးများနောက်တစ်ကြိမ် လူးလွန့်လာခဲ့သည်။

ရှန်းယီက မျက်လုံးများကိုမှိတ်လိုက်ပြီး သူ၏နတ်ဝိညာဉ်ကို စုစည်းကာ ၎င်းကို လျင်မြန်စွာ ဖြတ်သန်းသွားခဲ့၏။

ရုတ်တရက်အရေးပေါ်အခြေအနေနှင့် အသက်အန္တရာယ်ကြုံတွေ့နေရခြင်းက သူ့ကို ထိတ်လန့်သွားခြင်းမရှိစေဘဲ အရာအားလုံးကို မေ့ပျောက်သွားစေခဲ့သည်။ သူ၏စိတ်ထဲတွင် ကျန်ရှိနေသောအရာမှာ အသီးအပွင့်၏ရွှေရောင်ချည်မျှင်ပေါ်တွင် သူ ခံစားခဲ့ရသောရနံ့သာဖြစ်သည်။

လေးကြိမ်တိုင်တိုင် ရှာဖွေပြီးနောက်၊ ရှန်းယီ၏မျက်ခုံးများက ရုတ်တရက်မြင့်တက်သွားခဲ့ပြီး သူသည် ထိုအနှစ်သာရ၏ရနံ့ကို ဖမ်းဆုပ်မိသွားပုံရပါသည်။

နောက်တစ်ခဏတွင် သူ၏နတ်ဝိညာဉ်က တိကျစွာဖြင့်ထွက်သွားခဲ့၏။

ဖျော့တော့သော အဝါရောင် မြူခိုးများက ချက်ချင်းပြန့်ကျဲသွားပြီး ကပ်ဘေးတစ်ထောင်၏စွမ်းအားများက ဘာမျှမရှိခြင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

စနစ်မျက်နှာပြင် သရုပ်ဖော်ကောက်ချက်ချခြင်းပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ရှန်းယီ တိတ်ဆိတ်စွာရပ်နေပြီး မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နေခဲ့၏။

သူ၏ခန္ဓာကိုယ်အတွင်းတွင်၊ ဘယ်ဘက်အခြမ်း၌ မိုးပြာရောင်သစ်သားပင်နှင့်တောက်ပနေသောနေသော အဝိုင်းလုံးရှိပြီး၊ ညာဘက်တွင် ရွှေရောင်ကြာပန်းပလ္လင်၌ထိုင်နေသော ပယင်းအလုံးရှိနေပေသည်။

၎င်းတို့နှစ်ခုကြားတွင်၊ နွားမွေးကဲ့သို့ သေးသွယ်သော ရွှေရောင်ချည်မျှင် တစ်ချောင်းက ဖြည်းညှင်းစွာတွဲလွဲကျနေပြီး၊ ပုံမှန်မဟုတ်သော အလင်းရောင်များဖြင့် တောက်ပနေ၏။

နောက်ဆုံးတော့မိပြီ။

သူ ဤအရာ၏အမည်ကိုပင် မခေါ်တတ်သော်လည်း၊ ရှန်းယီ၏နှလုံးသားသည် ဖော်ပြ၍မရနိုင်လောက်အောင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့သော်လည်း၊လျင်မြန်စွာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူခံစားလိုက်ရပါသည်။

ဤအရာကို ထိုက်ရွှီရွှေရောင်ဆေးလုံးအား သရုပ်ဖော်ကောက်ချက်ချခြင်းမှ ရရှိခဲ့ကြောင်း ရှင်းလင်းနေသော်လည်း၊ ၎င်းက နေရာမှားနေသလို ခံစားရပြီး၊ ကျားနဂါးဖိနှိပ်ခြင်း မဟာအသီးအပွင့် နှင့် ပို၍ နီးစပ်နေသည်။

"ဒါဆို တတိယအဆင့်မှာလည်းအနှစ်သာရတွေကွာခြားနေတာလား" ရှန်းယီ အချိန်အတော်ကြာ စဉ်းစားတွေးတောနေခဲ့ပြီး၊ သူက လက်တစ်ထောင်ဗောဓိသတ္တပေးသနားထားသော ရနံ့ကိုလိုက်၍ ရှာဖွေနေခြင်းဖြစ်ရာ၊ ကပ်ဘေးစွမ်းအားများထဲတွင် ရွှေရောင်ချည်မျှင်တစ်မျိုးတည်းသာရှိသည်ဟု မဆိုလိုဘဲ၊ မသေမျိုးသုံးပါးဂိုဏ်းတွင်လည်း သူတို့၏ကိုယ်ပိုင်ရွှေရောင်ချည်မျှင်များရှိနိုင်ကြောင်း တွေးမိလေသည်။

ဤအရာကို တွေးမိသောအခါ သူက ပြောစရာစကားဆွံ့အသွားသလို ခံစားလိုက်ရ၏။

မသေမျိုးသုံးပါးဂိုဏ်း၏နည်းစနစ်ကို အသုံးပြု၍ ဗောဓိဂိုဏ်း၏တတိယအဆင့်နယ်ပယ်ကို ဖြတ်ကျော်ရန်ကြိုးပမ်းခြင်းမှာ၊ လောကကြီးတွင် ဤကဲ့သို့သောလုပ်ရပ်မျိုးကို သူ တစ်ဦးတည်းသာ လုပ်ဆောင်လိမ့်မည်။

"ဒါပေမယ့် ဒီအရာကို ငါ ဘယ်လို အသုံးပြုရမလဲ" ဤရွှေရောင်ချည်မျှင်က ဗောဓိသတ္တတစ်ပါးနှင့်အာဟတ်တစ်ပါးကြား ကွာခြားစေသည့် အရာဖြစ်ကြောင်းကို ရှန်းယီ ယခုအခါသေချာသွားပြီ ဖြစ်၏။

သို့သော် သူ၏လက်ရှိ ခံစားချက်မှာ အုတ်ခဲတစ်လုံးကို ကိုင်ထားပြီး၊ ခြံဝင်းတစ်ခုကို တည်ဆောက်လိုသော်လည်း ဘယ်ကစရမှန်းမသိ ဖြစ်နေသကဲ့သို့ ဖြစ်နေပါသည်။

"ထားလိုက်ပါတော့၊ပိုပြီး စုဆောင်းထားတာက အမြဲတမ်းမှန်ကန်ပါတယ်လေ" သူပြောသည့်အတိုင်းသူ လုပ်ဆောင်ခဲ့သည်။

ရှန်းယီက ဆေးမီးဖိုကိုနောက်တစ်ကြိမ် အပူပေးလိုက်ပြီး ကျန်ရှိနေသော ဧကရာဇ်ချီရွှေရောင်ဆေးလုံး များအားလုံးကို ဆေးလုံးများအဖြစ်သို့ ဖော်စပ်လိုက်သည်။

တစ်ကြိမ်အောင်မြင်ပြီးသွားသောအခါ၊ နောက်ဆက်တွဲ လုပ်ငန်းစဉ်မှာများစွာ ပိုမို ချောမွေ့သွားခဲ့၏။

ဧကရာဇ်ချီရွှေရောင်ဆေးလုံး စုစုပေါင်းအားလုံးက ဆေးလုံးကပ်ဘေး ကိုးထောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အစပိုင်းတွင် အသုံးပြုခဲ့သည်များကို ဖယ်ထုတ်လိုက်ပါက၊ ကျန်သောအရာများမှာ ရွှေရောင်ချည်မျှင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ရွှေရောင်ချည်မျှင် ခြောက်ချောင်းက အမြစ်မရှိသောပေါင်းပင်များကဲ့သို့ ညင်သာစွာလွင့်မျောနေပါသည်။

ရှန်းယီ ဆေးမီးဖိုနှင့် သူ၏အတွေးများကို ရှင်းလင်းလိုက်ပြီး၊ ဤအသုံးမဝင်သော အရာများကိုသယ်ဆောင်ကာ ခြံဝင်းထဲမှ လမ်းလျှောက်ထွက်လာခဲ့၏။

ဆေးဖော်စပ်ခြင်းက အချိန်ယူရသော အလုပ်တစ်ခုဖြစ်သည်။ ဆေးမီးဖို ဆယ်ခုတစ်ပြိုင်နက်တည်း အလုပ်လုပ်နေလျှင်ပင်၊ ဧကရာဇ်ချီ ရွှေရောင်ဆေးလုံးများအားလုံးကို ဖော်စပ်ရန် တစ်လခွဲခန့် အချိန်ယူခဲ့ရပါသည်။

ဝူရှန်း နှင့် ယဲ့လန် တို့က သူ၏ဆေးဖော်စပ်ခြင်းကို အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သဖြင့် အချိန်အတော်ကြာကတည်းက ထွက်ခွာသွားခဲ့ကြပြီး နှုတ်ဆက်စာတစ်စောင်သာ ချန်ထားရစ်ခဲ့သည်။

ရှန်းယီ ဗလာကျင်းနေသော ခြံဝင်းကိုကြည့်လိုက်ပြီး တစ်ခဏမျှတွေဝေသွားပြီးနောက်၊ ဤကဲ့သို့သောနေ့ရက်များကို သူ အချိန်အတော်ကြာကတည်းက အသားကျနေပြီဖြစ်ကြောင်း သိလိုက်ရ၏။

ရွှေရောင်ချည်မျှင်၏အသုံးပြုပုံကို ဆက်လက် စဉ်းစားတွေးတောရန် အိမ်ထဲသို့ ပြန်ဝင်တော့မည့် အချိန်တွင်၊ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် နက်ရှိုင်းသောအသံကြီးတစ်ခုက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ငါတို့ဂိုဏ်းက မိုးနဲ့မြေရဲ့အပြောင်းအလဲတွေ၊ သေမျိုးလောကရဲ့ပြဿနာတွေကို စောင့်ကြည့်လေ့လာခဲ့ပြီး၊ နတ်ဘုရားမင်းဆက်နဲ့ ပူးပေါင်းကာ ဒီကပ်ဘေးကို ကျော်လွှားချင်ပါတယ်။ ငါတို့ရဲ့အစစ်အမှန်ကျမ်းစာတွေနဲ့အတူ၊ လူသားဧကရာဇ် ကို မိုးမြေကိုငြိမ်းချမ်းအောင်ကူညီပေးဖို့ မျှော်လင့်ပြီး၊ငါတို့ရဲ့သေးငယ်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးပေးချင်ပါတယ်"

"အမိန့်တော်အရ၊ ဆင်ဖြူ၊ မိစ္ဆာခြင်္သေ့၊ ဆွမ်နီ နဲ့ ခရီးသည်ဝံပုလွေစတဲ့ မဟာအာဟတ် နှစ်ပါး၊ ဝေါယာဉ်ထမ်းဖို့ လေးပါး၊ လမ်းရှင်းဖို့ လေးပါး။ ကျားနဂါးဖိနှိပ်ခြင်းမဟာအလင်းဘုရင်က ကျမ်းစာကို ကိုယ်တိုင်ကိုယ်ကျစောင့်ကြပ်ပြီး၊လူသားဧကရာဇ်ထံ ဆက်သဖို့ နတ်ဘုရားနယ်မြေဆီကို ဦးတည်သွားရမယ်"

(Suan ni. ဆိုတာ ဒဏ္ဍာရီလာခြင်္သေ့တူသားရဲတစ်မျိုးပါ သူ့ကို စာပေဝတ္ထုတော်တော်များများမှာ‌ေတာ့ နဂါးဘုရင်ရဲ့ ငါးယောက်မြှောက်သားတော်အနေနဲ့လူသိများပါတယ်)

All Chapters