← Chapters

အခန်း ၁၁၃၄

Vol. 114 Ch. 1134

အခန်း ၁၁၃၄

Vol. 114 Ch. 1134

အခန်း (၁၁၃၄) ထိုက်ရွှီဆေးဧကရာဇ် ဘယ်မှာလဲ

ကောင်းကင်ပါရမီရှင်များက လောကီရေးရာများတွင် ဝင်ရောက်မစွက်ဖက်သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်၍လော သို့မဟုတ် သူတို့၏အဆင့်အတန်းနှင့် ကျင့်ကြံခြင်းများကြောင့်လားမသိသော်လည်း အခြားသူများ၏အတွေးများကို ဂရုစိုက်နေရန်မလိုအပ်ခဲ့ပေ။

ထို့ကြောင့် ထိုအတွေးများအားလုံးကို သူတို့၏မျက်နှာပေါ်တွင် အထင်အရှားရေးသားထားသကဲ့သို့ ပေါ်လွင်နေ၏။

ရှန်းရွှီတောင်ထိပ်သခင် အချို့၏အမူအရာများက ချက်ချင်းပြောင်းလဲသွားခဲ့ပြီး ၎င်းတို့အထဲမှ ချန်တာအိုသခင် ချန်းဖုန်းက မျက်ခုံးပင့်လိုက်သည်။ "တကယ်လို့ ကျမ်းစာလုယူဖို့ဆိုတဲ့ ကိစ္စလေးလောက်ဆိုရင် ကောင်းကင်ဆေးလုံးလှုပ်ရှားဖို့ မလိုပါဘူး။ ငါတို့..."

သိထားရမည်မှာ ထိုက်ရွှီဆေးဧကရာဇ်က ချင်းလွမ်ကို သတ်ဖြတ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ရှန်းရွှီတောင်မှ လူများကပြင်ပလူများထက် ပိုမိုသိရှိထားခြင်းမရှိဘဲ ယခုအချိန်အထိ ဓားစာခံဖြစ်သွားနိုင်သည်ဟူသော စိတ်နေသဘောထားမျိုး ရှိနေဆဲပင်။

အကယ်၍ ကောင်းကင်ဆေးလုံးက ပြိုင်ဘက်ကင်းပြီး စတုတ္ထအဆင့်ရှိတူညီသော ကျင့်ကြံသူများကို တစ်ဖက်သတ်ဖိနှိပ်နိုင်စွမ်းရှိမည်ဆိုပါက လေးစားဖွယ် တောင်ထိပ်သခင်များက ဤလူများ၏အတွေးများကြောင့် တုန်လှုပ်သွားမည် မဟုတ်ပေ။

သို့သော် သည်းမခံနိုင်စရာ ကောင်းသောအရာမှာ ဤလူများ၏ခန့်မှန်းချက်များက အမှန်တကယ် ဖြစ်နေနိုင်ခြေများလွန်းသောကြောင့်ပင်။

"တိတ်စမ်း" တာအိုသခင် ချင်းလဲ့ကက ဂရုမစိုက်သကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ပါရမီရှင်အုပ်စုကို တောင်ထိပ်သို့ ဝင်ရောက်အနားယူရန် လက်မြှောက်၍ ဖိတ်ခေါ်လိုက်သည်။

"အကယ်၍ လူကြီးမင်းတို့က ကျုပ်တို့ရဲ့ကောင်းကင်ဆေးလုံးကို ရှာချင်တယ်ဆိုရင် ပဉ္စမ အထွတ်အထိပ်ဆီကိုသွားဖို့ ဖိတ်ခေါ်ပါတယ်။ ဂျူနီယာယဲ့လန်က သူနဲ့ဆက်ဆံရေး ကောင်းမွန်ပါတယ်။အကယ်၍ မေးစရာကိစ္စများရှိရင် သူမကို မေးမြန်းနိုင်ပါတယ်"

"ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်"

ကောင်းကင်ပါရမီရှင်များက လက်ယှက်ကာ ပြန်လည်ဂါရဝပြုလိုက်ကြပြီး အရေးကြီးသော ကိစ္စရပ်များကိုဆွေးနွေးရန် သီးသန့်နေရာတစ်ခု လိုအပ်နေသဖြင့် ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ ဆေးလုံးတောင်ထိပ်ဆီသို့ တိုက်ရိုက်ခုန်ပျံသွားကြ၏။

"အစ်ကိုကြီး၊ ကျွန်တော့်ကို ဘာလို့ တားရတာလဲ" အနီးအနားတွင်ပြင်ပလူများ မရှိတော့ချိန်၌ တာအိုသခင် ချန်းဖုန်းစိတ်ပျက်လက်ပျက်ဖြင့် လက်သီးကို ဆုပ်လိုက်သည်။

"ဒါက ငါတို့ ရှန်းရွှီတောင်ရဲ့ဂုဏ်သတင်းကို အလဟဿညစ်နွမ်းစေတာ မဟုတ်ဘူးလား။ ကောင်းကင်ဆေးလုံးကငယ်ရွယ်သေးပေမယ့် ငါတို့က အလှပြထားတဲ့ကျောက်တုံးတွေ မဟုတ်ပါဘူး။ကျမ်းစာတွေကို လုယူဖို့ကိစ္စလေးအတွက်နဲ့ အဲဒီသူခိုးဘုန်းကြီးတွေကို ငါတို့က တကယ် ကြောက်နေရမှာလား"

သူ၏ကျင့်ကြံခြင်းမှာ ကပ်ဘေး နှစ်ထောင့်သုံးရာ ဖြစ်သည်။ ဤကောင်းကင်ပါရမီရှင်များကဲ့သို့ မစွမ်းဆောင်နိုင်သော်လည်း သူအသက်ပိုကြီးပြီး အသုံးပြုနိုင်သောနည်းလမ်းများနှင့် မှော်ရတနာများစွာရှိသည်။

များပြားလှသော တိုက်ပွဲအတွေ့အကြုံများကြောင့် သူတို့အနည်းငယ်ကို အလွယ်တကူရှုံးနိမ့်သွားမည်မဟုတ်ပေ။

"မင်းကြွားလုံးထုတ်ချင်လို့လား" တာအိုသခင် ‌ကျင်းလဲ့ကဂရုမစိုက်သကဲ့သို့ ကြည့်လိုက်သည်။ မုယန်သားအဖက ယခုအချိန်အထိပြန်မလာသေးဘဲ မည်သည့်သတင်းအစအနမျှမရှိခြင်းက သူ၏အတွေးများကို အတည်ပြုပြီးသားဖြစ်နေသည်။

ကောင်းကင်ဆေးလုံးက ဤလူများထင်မှတ်ထားသည့် ဂျူနီယာတစ်ဦးသေချာပေါက်မဟုတ်ပေ။ အနည်းဆုံးတော့ သူ ဤနေရာတွင် ရှိနေသူများထက်မနိမ့်ကျသော ကောင်းကင်ပါရမီရှင် တစ်ဦး ဖြစ်သည်။

သူ၏ဆရာ နောက်ဆုံးနိုးထလာချိန်ကပြုမူခဲ့ပုံကို ကြည့်ခြင်းအားဖြင့် ကောင်းကင်ဆေးလုံးအတွက် တွန်းအားပေးမှုတစ်ခုဖြစ်သွားခဲ့ကြောင်း ရှင်းလင်းလှသည်။

ထိုသို့ဖြစ်နေရာ သူတို့ကိုယ်တိုင်က သူ့ထံမှ အာရုံစိုက်မှုကို မည်သို့ခိုးယူနိုင်မည်နည်း။ လိုအပ်သောအရာမှာ တိတ်ဆိတ်စွာအလုပ်လုပ်ပြီး ကူညီရန်အစွမ်းကုန်ကြိုးပမ်းပေးဖို့ပင်။

"နင်တို့ မလှုပ်ရှားရင်တောင် အနည်းဆုံးတော့သွားကြည့်သင့်တယ်" ထူးဆန်းစွာဖြင့် တာအိုသခင်မ ကျင်းယွဲ့က ရှေ့သို့ ထွက်လာကာပြောလိုက်သည်။

ဤကဲ့သို့သော အဖြစ်အပျက်ကြီးမျိုးကို မသေမျိုးဂိုဏ်းတွင်မမြင်တွေ့ရသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ပုံမှန်ဆိုလျှင်စကြဝဠာတစ်ခုလုံး၏ကပ်ဘေးများနှင့် သက်ဆိုင်သောအဖြစ်အပျက်မျိုးတွင် မျိုးဆက်တစ်ခု၏ဘိုးဘေးအိုကြီးတစ်ပါးက စောစီးစွာရှေ့ထွက်၍ ကွပ်ကဲသင့်ပါသည်။

ကံမကောင်းစွာဖြင့် သူတို့၏ရှန်းရွှီဘိုးဘေးက လောကီရေးရာများကို ဂရုမစိုက်ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလေ့ရှိသော အခြားသော တာ့လော်မသေမျိုးအရှင်များနှင့် မတူညီပေ။

အကယ်၍ သူတို့ကလည်း လက်ပိုက်ကြည့်နေမည်ဆိုပါက ရှန်းရွှီတောင်က အမှန်တကယ်လုံးဝဘေးဖယ်ခံရပါတော့မည်။

မိုးမြေ၏အစီအစဉ်ကို တည်ဆောက်ပြီးသွားသောအခါ သူတို့က အခြားဂိုဏ်း၏အခြားသော မသေမျိုး မျိုးဆက်များထက် များစွာနောက်ကောက်ကျန်ရစ်ခဲ့ဖွယ် ရှိပါသည်။

ဤစကားကိုကြားသောအခါ တာအိုသခင် ကျင်းလဲ့က ဆက်လက်ကန့်ကွက်ခြင်း မပြုတော့ဘဲ အနည်းငယ် ခေါင်းညိတ်လိုက်၏။ "သဘောတူတယ်"

တောာင်ထိပ်သခင်များ ဆွေးနွေးနေကြစဉ် ဆေးလုံးတောင်ထိပ်ကလည်း အတော်လေးစည်ကားနေခဲ့သည်။

ကောင်းကင်ပါရမီရှင်များက ယဲ့လန်ကိုကြည့်ကာ မည်သည့် အထင်အမြင်သေးမှုကိုမျှ မပြသခဲ့ကြပေ။ တတိယမျိုးဆက် တပည့်တစ်ဦးဟူသော သူမ၏အဆင့်အတန်းဖြင့် သူမက မသေမျိုးသုံးပါးဂိုဏ်းတွင်စောစီးစွာလူသိများခဲ့ပြီး အာရုံစိုက်မှုကို ရရှိခဲ့သူဖြစ်သည်။

နောက်ပိုင်းတွင် ဘာဖြစ်သွားမှန်း မည်သူမျှ မသိလိုက်ဘဲ သူမ၏တည်ရှိမှုက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ခြင်းသာဖြစ်လေ၏။

ယခုအခါ သူမက ရှန်းရွှီတောင်၏တောင်ထိပ်သခင်နေရာကိုပင် ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

အကယ်၍ ဤကပ်ဘေးကြီးသာ ရာစုနှစ်များအကြာတွင်ဖြစ်ပေါ်လာခဲ့မည်ဆိုလျှင် ဤအမျိုးသမီးငယ်က စတုတ္ထအဆင့်သို့ ဝင်ရောက်သွားသည်နှင့် သူမ၏ပါရမီဖြင့် ကပ်ဘေး နှစ်ထောင့်ငါးရာအောက်နိမ့်ကျမည်မဟုတ်ဘဲ သူတို့နှင့် ပခုံးချင်းယှဉ်နိုင်သောအရည်အချင်းများ ရှိလာပါလိမ့်မည်။

သို့သော် အကယ်၍ဆိုသောအရာက ဤလောကတွင် မရှိပေ။

တစ်လှမ်း နောက်ကျခြင်းက ခြေလှမ်းတိုင်းတွင် နောက်ကျသွားခြင်းဖြစ်သည်။

သူမက ဤနောက်ဆုံးအခိုက်အတန့်ကို အမီမလိုက်နိုင်ခဲ့ခြင်းက ကပ်ဘေးကြီးနှင့် ဆက်သွယ်မှုကို ဆုံးရှုံးသွားစေခဲ့ပြီး ထို့နောက်ပိုင်းတွင် လူအုပ်ကြားထဲ၌ပျောက်ကွယ်သွားရတော့မည်ဟုလည်း ဆိုလိုသည်။

"ထိုက်ရွှီဆေးဧကရာဇ်က ဘာလို့ ပြန်မလာသေးတာလဲ"

"..."

ယဲ့လန် တစ်ခဏမျှတိတ်ဆိတ်သွားသည်။ သူမစာကို လက်ခံရရှိချိန်တွင် ရှန်းယီကိုအသိပေးရန် သူမ လုံးဝ မစဉ်းစားခဲ့ပေ။

ပထမအချက်အနေဖြင့် သူက ဆေးဖော်စပ်နေဆဲဖြစ်ရာ သူ့ကိုအနှောင့်အယှက်ပေးဖို့ အဆင်မပြေပေ။ ဒုတိယအချက်အနေဖြင့် ရှန်းယီက ဗောဓိဂိုဏ်းနှင့် နက်ရှိုင်းသော ရန်ငြိုးရှိကြောင်း သူမ မည်သူ့ထက်မဆိုပို၍ရှင်းလင်းစွာ သိရှိထားပြီး ရှန်းရွှီဘိုးဘေးကိုယ်တိုင်ပင် ရှန်းယီကို အမှန်တကယ် နှစ်သက်ချင်မှ နှစ်သက်ပါလိမ့်မည်။

ရှန်းရွှီတောင်ကိုယ်စား သူတိုက်ခိုက်ပေးရန် အကြောင်းပြချက် မရှိပေ။

ထို့ပြင် အင်ပါယာခုံရုံး၏နတ်ဆိုးသုတ်သင်ရေးဌာန ဟူသော သူမ၏ဘွဲ့အမည်ကြောင့် ဤကျမ်းစာလုယူသည့်ကိစ္စအတွက် အင်ပါယာခုံရုံးက စစ်သူကြီးနန်ယန်ကိုသာ လှုပ်ရှားခိုင်းနိုင်ခြေ ပိုများသည်။

"ကျွန်မရဲ့ သိုင်းဦးလေးက ဆေးဖော်စပ်ဖို့ ကောင်းကင်ပါဝင်ပစ္စည်းတွေကို ရှာဖွေရင်း မသေမျိုးမြေရိုင်းဒေသတွေမှာ လှည့်လည်သွားလာနေတာမို့လို့ တကယ်ကို ဆက်သွယ်လို့ မရပါဘူး" သူမက ရိုသေစွာ ဦးညွှတ်လျက်ပြန်လည် ဖြေကြားလိုက်၏။

"ဟူး...မေ့တော့မလို့ပဲ"

ချင်းလွမ်ကိုသတ်ဖြတ်ရာတွင် ဤလူ၏နာမည်ကြီးလာမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ယခုအချိန်မှသာ ဆေးဖော်စပ်ခြင်းက ထိုက်ရွှီဆေးဧကရာဇ်၏အဓိက အလုပ်ဖြစ်ပြီး တိုက်ခိုက်ခြင်းမှာ ဒုတိယကျွမ်းကျင်မှုတစ်ခုသာဖြစ်ကြောင်း လူတိုင်း သတိရသွားကြပါသည်။

အမှန်ဖြစ်စေ အမှားဖြစ်စေ အနည်းဆုံးတော့ ၎င်းမှာယုံကြည်နိုင်စရာ အကြောင်းပြချက်တစ်ခုဖြစ်ပြီး ဗောဓိဂိုဏ်းက မသေမျိုးသုံးပါးဂိုဏ်းကို အထင်သေးခွင့်မပေးနိုင်သောအရာဖြစ်သည်။

"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့" တစ်စုံတစ်ဦးက လက်ကို ဝှေ့ယမ်းလိုက်ပြီး လှည့်၍မေးလိုက်၏။

"ထျန်းတုန်းရောက်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ"

ဘေးနားရှိ ကောင်းကင်ပါရမီရှင်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။ "နတ်သမီးက ဒီကိစ္စတွေမှာ မပါဝင်ချင်ဘူးလို့ပြောတယ်၊ အကယ်၍ သူ အားနေရင်တော့လာကြည့်ကောင်း ကြည့်လိမ့်မယ်တဲ့"

"ဒါက..." လူတိုင်း၏မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူတို့၏လက်ရှိ ထုတ်ဖော်ပြနေသော ယုံကြည်မှု အပြည့်ရှိသည့် အသွင်အပြင်ရှိနေသော်လည်း ဗောဓိဂိုဏ်းကခန့်အပ်ထားသော မဟာအာဟတ်များက ထိပ်တန်းအသီးအပွင့်အဆင့်ဆယ်ခုကို ကျင့်ကြံထားသူများဖြစ်ကြပြီး စတုတ္ထအဆင့်သို့ တက်လှမ်းရာတွင်အတော်လေးထူးကဲသော လမ်းကြောင်းကိုလျှောက်လှမ်းခဲ့ကြသူများဖြစ်ပါသည်။

ထူးရှားဆန်းဆယ်သော ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်ကိုဆိုဖွယ်ရာပင် မရှိတော့ပေ။

အကယ်၍သူ့ကို ရွှေဖားပြုတ်အာဟတ်၏နေရာတွင်အစားထိုးရန် ရွေးချယ်ခဲ့မည်ဆိုလျှင် သူအနေနှင့် များစွာညံ့ဖျင်းနေမည် မဟုတ်ပေ။

ယခုအခါ ထိုက်ရွှီဆေးဧကရာဇ်လည်း မပေါ်လာသကဲ့သို့ ထျန်းတုန်းနတ်သမီးကလည်း ပါဝင်ရန် ငြင်းဆန်နေလေပြီ။

သူတို့ဘာသာ အားကိုးရမည်ဆိုပါက အနိုင်ရနိုင်ခြေ သိပ်မမြင့်မားလှပေ။

ပုံမှန်နေ့ရက်များတွင် သူတို့ တစ်ဦးစီတိုင်းက ကောင်းကင်ယံထက်ပင် ပိုမိုဝင့်ကြွားတတ်ကြသော်လည်း အမှန်တကယ်လှုပ်ရှားရမည့်အချိန် ရောက်လာသောအခါအားလုံးက လည်ပင်းများစတင်ကျုံ့ဝင်သွားကြ၏။

"ဟက်...သူက အတော်လေး ပါးနပ်တာပဲ" ရုတ်တရက် ထျန်းဝူရွှမ်းဝူက လှောင်ပြောင်လိုက်ပြီး ထျန်းတုန်းနတ်သမီး၏စိတ်နေသဘောထားကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။

"သူက ဒီကပ်ဘေးကြီးရဲ့အသီးအပွင့်တွေကို ခံစားချင်ပေမယ့် အဲဒီသန့်ရှင်းတဲ့လက်တွေကိုတော့ ညစ်ပတ်မခံချင်ဘူးပေါ့လေ"

အကယ်၍လူတိုင်းသာ ထိုကဲ့သို့ပြုမူနေမည်ဆိုပါက မည်ကဲ့သို့ကပ်ဘေးမျိုးဆိုသည့်အကြောင်း ပြောစရာဘာကျန်တော့မည်နည်း။

All Chapters