အခန်း ၁၁၃၆
Vol. 114 Ch. 1136
အခန်း (၁၁၃၆) မင်းတို့အားလုံး တစ်ပြိုင်နက်တည်း လာခဲ့ကြ
ပေလျိုမြစ်ကမ်းဘေးတွင် လူအုပ်ကြီးက ထူထပ်စွာ စုရုံးနေကြသည်။
ဤမြစ်ကြီးက မြေရိုင်းဒေသကို ဖြတ်သန်းစီးဆင်းနေပြီး၊ကျမ်းစာပို့ဆောင်ရေးအတွက် မရှိမဖြစ်လိုအပ်သော လမ်းကြောင်းတစ်ခုဖြစ်သည်။ အာဟတ်များ၏အမြန်နှုန်းဖြင့် ဤမြစ်ကို ဖြတ်ကူးခြင်းက နတ်ဘုရားမင်းဆက်အတွင်းသို့ခြေလှမ်းဝင်ရောက်ခြင်းနှင့်နီးပါး တူညီနေသည်။
စစ်မှန်သောကျမ်းစာ ကို မဟာတောင်ပိုင်းတိုက်ကြီး၏နယ်မြေအတွင်း သာမန်ပြည်သူများ၏အမြင်အာရုံထဲသို့ ပို့ဆောင်ပြီးသွားသရွေ့၊အင်ပါယာခုံရုံးက မကျေနပ်လျှင်ပင် အာဟတ်အုပ်စုကိုအင်ပါယာမြို့တော်သို့ ဘေးကင်းစွာ ရောက်ရှိစေရန်နှာခေါင်းပိတ်၍ပင် တာဝန်ယူပေးရပါလိမ့်မည်။
ထိုသို့မဟုတ်ပါက၊ နတ်ဘုရားမင်းဆက် အတွင်း၌ပင်ဘေးကင်းလုံခြုံမှုကို အာမမခံနိုင်တော့ဘူးဟူသော ခံစားချက်မျိုးကို ပေးစွမ်းသွားမည်ဖြစ်သည်။
"လူတွေ ဒီလောက်တောင် များတာလား" စီးဆင်းနေသောအလင်းတန်းနှစ်ခုက လူအုပ်ထဲသို့ တိုးဝင်လာခဲ့သည်။ ဟုန်ကျင်းက အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး၊ သတင်းထွက်ပေါ်သွားသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူ အများအပြားကိုလာရောက်ကြည့်ရှုရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု သူပင်လျှင် မမျှော်လင့်ထားခဲ့ပေ။
မသေမျိုးသုံးပါးဂိုဏ်းမှ သိကျွမ်းသူများအပြင်၊ ဤကိစ္စတွင်မပါဝင်သော သီးခြားကျင့်ကြံသူများစွာကလည်း စိတ်လှုပ်ရှားဖွယ်အရာတွင်ပါဝင်ရန် အလျင်စလို ရောက်ရှိလာခဲ့ကြသည်။
သူတို့က ကြီးမားသောကပ်ဘေးကြီးများအကြောင်းကို မသိရှိသော်လည်း၊ လေထုထဲရှိ တင်းမာမှုများကို သေချာပေါက်ခံစားသိရှိနိုင်ပြီး၊ ၎င်းကို ချီသန့်စင်သူများနှင့် လောကခရီးသည်များကြားရှိ ယှဉ်ပြိုင်မှုတစ်ခုအဖြစ်သာ မှတ်ယူနေကြခြင်းဖြစ်သည်။
ထျန်းတုန်းနတ်သမီးက သူမ၏ဘေးရှိ တစ်စုံတစ်ဦးကိုလက်ယှက်ကာ နှုတ်ဆက်လိုက်၏။
ဂိုဏ်းတူအဖွဲ့ဝင်အနည်းငယ်နှင့်အတူ ပါလာသော တာအိုသခင်ကျင်းလဲ့က သူ၏လက်ဖဝါးကို မြှောက်၍ ပြန်လည်နှုတ်ဆက်လိုက်သည်။ "နတ်သမီးလည်း ရောက်လာတာပဲ"
"ဒီအတိုင်း လာကြည့်ရုံပါ" ထျန်းတုန်း နတ်သမီးက ပေါ့ပါးစွာပြုံးလိုက်ပြီး၊ သူမ ဤကိစ္စတွင် ဝင်ရောက်မပတ်သက်လိုသော်လည်း၊ အချိန်ကြာမြင့်စွာသီးသန့်ကျင့်ကြံနေခဲ့ရသဖြင့်၊ သူမ၏ရွယ်တူများ မည်မျှတိုးတက်လာပြီကို မြင်တွေ့နိုင်ရန် ဤအခွင့်အရေးကို အသုံးပြုဖို့ လိုအပ်သည်။
"ထျန်းတုန်းက ရှင်တို့ဂိုဏ်းက ထိုက်ရွှီဆေးဧကရာဇ်ရဲ့ ကြီးမားတဲ့ ဂုဏ်သတင်းကို ကြားဖူးပါတယ်။ ဒီနေ့ သူ့ကို တွေ့ဖို့ အခွင့်အရေးများ ရှိမလားလို့ တွေးနေတာပါ"
ထိုအခါ ကျင်းလဲ့က ဖြည်းညှင်းစွာခေါင်းခါလိုက်၏။ "ဆေးဧကရာဇ်မှာ လုပ်စရာအခြားကိစ္စတွေရှိနေလို့၊ ဒီနေ့ ပွဲကို မပါဝင်နိုင်ပါဘူး။ ရှန်းရွှီတောင်က ကျုပ်တို့လည်း ဒီအတိုင်းလာကြည့်ရုံ သက်သက်ပါပဲ"
"အတော်လေး ကံမကောင်းတာပဲ" ထျန်းတုန်း နတ်သမီး၏ဤစကားမှာ ယဉ်ကျေးရုံသက်သက် ပြောဆိုခြင်း မဟုတ်ဘဲ၊ သူမ၏မျက်လုံးများထဲတွင် စိတ်ပျက်မှုအရိပ်အယောင်တစ်ခု ထင်ရှားစွာ ဖြတ်ပြေးသွားခဲ့သည်။
များပြားလှသော ကောင်းကင်ပါရမီရှင်များ၏ အစစ်အမှန်အင်အားကို မြင်တွေ့နိုင်ရန်အတွက်၊လုံလောက်သောဖိအားတစ်ခု လိုအပ်ပါသည်။
နတ်ဘုရားမင်းဆက်က ကျမ်းစာဝေါယာဉ်မဟာတောင်ပိုင်းတိုက်ကြီး အတွင်းသို့ ဝင်ရောက်လာခြင်းကိုသေချာပေါက် လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။ ထို့ကြောင့် စစ်သူကြီးနန်ယန် သေချာပေါက် ရောက်ရှိနေပါလိမ့်မည်။
ဤသည်မှာ ရွှေရောင်အခွင့်အရေးကြီး တစ်ရပ်ပင်။
သူရှိနေခြင်းဖြင့်၊ အခြားသော ကောင်းကင်ပါရမီရှင်များက သူတို့၏အင်အားအပြည့်အဝကို မလွဲမသွေ ဖော်ထုတ်ပြသကြပါလိမ့်မည်။
"သူတို့ ရောက်လာပြီ" ထိုအခိုက်အတန့်မှာပင်၊ တာအိုသခင် ကျင်းလဲ့က သူ၏အကြည့်ကို ရုတ်တရက် ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ယံသို့မော့ကြည့်လိုက်သည်။
စတုတ္ထအဆင့်ကျင့်ကြံသူများ ပါဝင်သော တိုက်ပွဲတစ်ခုတွင်၊ကြည့်ရှုရုံသက်သက်ဆိုလျှင်ပင် လွန်းလွန်းကဲကဲနီးကပ်စွာသွားရောက်၍ မရနိုင်ချေ။
မည်သို့ပင်ဆိုစေ၊ ကိုယ်က တကယ်ပင်ဘေးမှ ရပ်ကြည့်နေမည်လော သို့မဟုတ် အခြားသူများ၏ဒုက္ခကနေ အကျိုးအမြတ်ရယူဖို့ တွေးတောနေသည်လောဆိုသည်မှာ မည်သူက သိနိုင်မည်နည်း။
ပါဝင်ပတ်သက်သွားသည်နှင့် တစ်ပြိုင်နက်၊ သူတို့ကလည်း အခြားသူများနှင့်အတူ မလွဲမသွေပင် ထည့်တွက်ခံရပါလိမ့်မည်။
ထို့ကြောင့် သူတို့က ပေလျိုမြစ်ကမ်းဘေးတွင် ရပ်နေကြပြီး၊ အခြေအနေကိုခန့်မှန်းရန် ချီစစ်ဆေးခြင်းနည်းစနစ် ကို အသုံးပြုနေကြသည်။
ဤစကားများ ကျဆင်းသွားသည်နှင့်အမျှ၊ လူတိုင်း၏မျက်လုံးများထဲတွင် နတ်ဘုရား အလင်းရောင်များ တောက်ပလာခဲ့သည်။
ကျယ်ပြန့်လှသော ကောင်းကင်ယံ၏အစွန်းတွင်၊ နူးညံ့သောနှင်းဆီရောင်အလင်းတန်းတစ်ခုက တဖြည်းဖြည်းချဉ်းကပ်လာခဲ့ပြီး ၎င်းမှာ အစစ်အမှန်ကျမ်းစာမှ ထုတ်လွှတ်လိုက်သော စွမ်းအားပင်။
ဤလမ်းကြောင်းအတိုင်းဆိုလျှင်၊ အာဟတ်အုပ်စု ပေလျိုမြစ်ကိုဖြတ်ကူးရန် နေ့တစ်ဝက်ပင် ကြာမည်မဟုတ်ချေ။
"..."
ဤအခိုက်အတန့်တွင်၊ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော တာအိုသခင် ကျင်းလဲ့ပင်လျှင် အသက်ရှူရအနည်းငယ်ကျပ်သွားခဲ့သည်။
ပုံမှန်အခြေအနေမျိုးတွင်၊ ယနေ့ အစီအစဉ်၌သူ၏နေရာ တစ်နေရာ သေချာပေါက် ရှိနေမည်ဖြစ်သော်လည်း၊ သူက ကောင်းကင်ဆေးလုံးအတွက် လမ်းဖယ်ပေးရန် သူ၏ထက်မြက်မှုများကို ဖုံးကွယ်ထားခဲ့သည်။
သို့သော် မြင်ကွင်းကို ကြည့်ပြီး သူမည်သို့များ မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။
ထိုဘုန်းကြီးအုပ်စုသည် သူ၏ရှေ့မှောက်သို့ ဤမျှ ချောမွေ့စွာ ရောက်ရှိလာနိုင်မည် မဟုတ်ပေ။
သူ၏ခန့်မှန်းချက်ကို အတည်ပြုပေးနေသည့်အလားပင်..
မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံက မျက်စိကျိန်းမတတ်တောက်ပသော အလင်းတန်း ရှစ်ခုဖြင့် ရုတ်တရက်ပြည့်နှက်သွားပြီး၊ တစ်ခုစီတိုင်းက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လျက်၊ အရပ်မျက်နှာ အသီးသီးမှနေ၍ ထို ကျယ်ပြန့်သောနှင်းဆီရောင်အလင်းတန်းဆီသို့ တိုက်ခိုက်လိုက်ကြသည်။
၎င်းတို့အထဲတွင် အထင်ရှားဆုံးမှာ ပထမဆုံး အနက်ရောင်ရွှေရောင်မီးတောက် အလင်းတန်းပင်။
မျက်လုံးများကို ကာကွယ်ပေးထားသော နတ်ဘုရားစွမ်းအင်များရှိနေသော်လည်း၊ ပေလျိုမြစ်ကမ်းဘေးရှိ ကျင့်ကြံသူများစွာက ထိုမှိန်ဖျော့ဖျော့အနက်ရောင်အလင်းတန်းလေးကို သာမန်မျက်စိကဲ့သို့သာမြင်တွေ့နိုင်ကြသည်။
ဤအရှိန်အဝါများက မယုံနိုင်လောက်အောင် ရင်းနှီးနေပြီး၊ မဟာတောင်ပိုင်းတိုက်ကြီး မှ မသေမျိုးဂိုဏ်းများ၏ကောင်းကင်ပါရမီရှင်များ အားလုံးနီးပါး ထိုနေရာတွင် စုဝေးနေကြခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ထိုနှင်းဆီရောင် အလင်းတန်းက နတ်ဘုရားနယ်မြေဆီသို့ ချဉ်းကပ်လာခြင်းကို နောက်ဆုံးတွင် ရပ်တန့်လိုက်၏။
...
ကြာပန်းပလ္လင်ကိုအခြေခံထားပြီး တောင်ခုနစ်လုံးနှင့် ပင်လယ်များဝန်းရံထားသော ဘုရားစေတီကို သယ်ဆောင်လာသည့် ဝေါယာဉ်က ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ရှေ့တွင် ဆွမ်နီ နှင့် ခရီးသည်ဝံပုလွေ အာဟတ်တို့က သူတို့၏ယှက်ထားသော လက်မောင်းများကို ညင်သာစွာလွှတ်ချလိုက်ပြီး၊ သူတို့၏အောက်ရှိ သားရဲများကခေါင်းများကို အနည်းငယ် ညွှတ်ချကာ၊ခြိမ်းခြောက်နေသော အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ကြ၏။
ဆင်ဖြူတော် နှင့် မိစ္ဆာခြင်္သေ့ အာဟတ် တို့သည် ဝေါယာဉ်ကို ဆက်လက်ထမ်းပိုးထားဆဲဖြစ်ပြီး၊ သူတို့၏အကြည့်များကို အထက်သို့သာ မော့ကြည့်လိုက်ကြ၏။
ကျမ်းစာလုယူခြင်းမှာ မျှော်လင့်ထားပြီးသား ဖြစ်ရပ်တစ်ခုသာဖြစ်သည်။
သို့သော် အစစ်အမှန်ကျမ်းစာ ကို အောင်မြင်စွာ လုယူနိုင်ရန်မှာ ပထမဦးစွာ ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်ကို ရင်ဆိုင်ရပါလိမ့်မည်။
"..."
ဝေါယာဉ်ပေါ်တွင်ထိုင်နေသော ခမ်းနားထည်ဝါသည့် ပုံရိပ်က နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူမျက်လုံးဖွင့်လိုက်သည့် အခိုက်အတန့်တွင်၊ ပုံရိပ်ရှစ်ခုက ကောင်းကင်ယံကိုဆုတ်ဖြဲကာ ရုတ်တရက်ပြင်းထန်စွာ ချဉ်းကပ်လာပြီး၊ထို့နောက် ပတ်ဝန်းကျင်တွင်လွင့်ဝဲနေကာ ရှေ့ခရီးလမ်းကို ပိတ်ဆို့လိုက်ကြ၏။
ရှန်းယီ တည်ငြိမ်နေသော်လည်း၊ သူ၏ရင်ထဲတွင် အနည်းငယ်သက်သာရာရသွားသလို ခံစားလိုက်ရပါသည်။
အကယ်၍ သူတို့သာ ပေါ်မလာခဲ့လျှင်၊ သူ အမှန်တကယ်ပင်မလှုပ်ရှားဘဲနေနိုင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေ၊ သူက မဟာတောင်ပိုင်းတိုက်ကြီး ကိုစောင့်ကြပ်ရန် နတ်ဆိုးကျောက်တုံးများကို ဖန်တီးဖို့အရင်းအမြစ်အမြောက်အမြားကို သုံးစွဲထားခဲ့ပြီးဖြစ်သည်။
နတ်ဆိုးသက်တမ်း၏ကုန်ကျစရိတ်များကိုပင် သူ ပြန်လည်မရယူနိုင်သေးရာ၊ နတ်ဆိုးများကျူးကျော်ဝင်ရောက်ခြင်းမရှိဘဲ အတွင်းပိုင်းအခြေအနေအားပရမ်းပတာဖြစ်စေရန်လှုံ့ဆော်ပေးမည့် အစစ်အမှန်ကျမ်းစာကို နတ်ဘုရားမင်းဆက် အတွင်းသို့ဝင်ရောက်သွားခြင်းကို သူ သေချာပေါက်လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ပေ။
သို့သော် အကယ်၍ သူတိုက်ရိုက် လှုပ်ရှားလိုက်မည်ဆိုပါက၊၎င်းကို ဖုံးကွယ်ရန် သင့်လျော်သော အကြောင်းပြချက် ရှိမည်မဟုတ်ချေ။
မဟာဂိုဏ်းများကို သူ၏နားလည်ထားမှုအရ၊ ဤမသေမျိုးသုံးပါးဂိုဏ်းမှ အဖွဲ့ဝင်များက ဗောဓိဂိုဏ်းကိုဦးဆောင်ခွင့်ပေးရန် အလားအလာလုံးဝမရှိပေ။
ဤဓားစာခံများပ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်လား"
ရှန်းယီက ထိုလူများဆီသို့ လှမ်းကြည့်နေစဉ်၊ အလျင်စလိုပြေးဝင်လာသော ဤကောင်းကင်ပါရမီရှင်များအုပ်စုကလည်း တောင်များနှင့် ပင်လယ်များကြားမြင့်မားသော နေရာတွင် ထိုင်နေသည့် ဧရာမပုံရိပ်ကြီးကိုစောင့်ကြည့်နေကြသည်။
ဆိုရိုးစကားအတိုင်းပင်၊ မျက်မြင်ကိုယ်တွေ့ခြင်းသာလျှင်ယုံကြည်နိုင်စရာရှိပေသည်။ ကပ်ဘေး သုံးထောင်ပြီးပြည့်စုံခြင်း အသီးအပွင့်ကို ရရှိထားခြင်းက ၎င်း၏ဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။
သို့သော် ယနေ့တွင်၊ ရွှေဖားပြုတ်ကိုယ်တိုင် ရောက်လာမည် ဆိုလျှင်ပင်၊ ဤဝေါယာဉ်က ပေလျိုမြစ်ကို ဖြတ်ကူးနိုင်မည် မဟုတ်ချေ။
"ဝေါယာဉ်ကို ချထားလိုက်စမ်း" မုတ်ဆိတ်မွေးနှင့် လူက ဖြည်းညှင်းစွာရှေ့သို့ ထွက်လာပြီး အောက်ဘက်ရှိများပြားလှသော အာဟတ်များကို ငုံ့ကြည့်လိုက်၏။
ဝေါယာဉ်ကို ထမ်းထားသော အာဟတ်လေးပါးက မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်သည်ကို မြင်သောအခါ သူလက်ကို ဆန့်ထုတ်လိုက်ရာ၊ သူ၏ လက်ဖဝါးထဲတွင် ရေခဲပန်းပုရုပ်ကဲ့သို့ ကြည်လင်ကာဖောက်ထွင်းမြင်နိုင်သော အသေးစိတ်ထွင်းထုထားသည့် တံဆိပ်တုံးငယ်လေးတစ်ခုထွက်ပေါ်လာခဲ့သည်။