← Chapters

အခန်း ၁၁၃၉

Vol. 114 Ch. 1139

အခန်း ၁၁၃၉

Vol. 114 Ch. 1139

အခန်း (၁၁၃၉) ထျန်းဝူရွှမ်းဝူ၏သေဆုံးခြင်း

များပြားလှသော ကောင်းကင်ပါရမီရှင်များက ဤ ကျားနဂါးဖိနှိပ်ခြင်းမဟာအလင်းဘုရင်က များပြားလှသော မသေမျိုးစွမ်းရည်များကိုတည်ငြိမ်စွာ ခုခံပြီးနောက်ဆုံးတွင် ရဲရင့်သောဟန်ပန်ဖြင့် သူ၏အကျပ်အတည်းမှ ရုန်းထွက်သွားသည်ကို ကြည့်ရှုရင်းယုံကြည်ရန်ခက်ခဲနေကြသည်။

သိထားရမည်မှာ၊ အစောပိုင်းက ထိုလူယုတ်မာ၏မာနထောင်လွှားမှုနှင့် အထက်စီးဆန်မှုက လူအများ၏ဒေါသကို ဆွပေးထားပြီး ဖြစ်သည်။

ဤအကြောင်းကြောင့်၊ သူတို့ လှုပ်ရှားချိန်တွင် မည်သည့်အရာကိုမျှထိန်းချုပ်မထားဘဲ သူတို့၏အပြင်းထန်ဆုံး သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကို အသုံးပြုကာပြိုင်ဘက်အတွက် မည်သည့် လွတ်လမ်းကိုမျှ မချန်ထားခဲ့ပေ။

ဤစွမ်းရည်များက ထိုသီးခြားကျင့်ကြံသူများနှင့် တောရိုင်းနတ်ဆိုးများယှဉ်ပြိုင်နိုင်သော အရာများ မဟုတ်ဘဲ၊ တစ်ခုစီတိုင်းက မသေမျိုးသုံးပါးဂိုဏ်း၏အဖိုးတန် စုဆောင်းမှုတစ်ခုဖြစ်ကာ၊ ၎င်းတို့ထဲမှတစ်ခုစီတိုင်းက အဆင့်တူပြိုင်ဘက်များကို ချေမှုန်းနိုင်စွမ်း ရှိသည်။

ဤအရာကြောင့်ပင် သူတို့က ကောင်းကင်ပါရမီရှင်များအဖြစ် သူတို့၏နာမည်ကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဤမျှပြင်းထန်လှသော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် လောကရှိ စတုတ္ထအဆင့်ကျင့်ကြံသူတစ်ဦးအကြောင်းကိုအမှန်တကယ်ပင် တစ်ခါမျှ မကြားဖူးခဲ့ပေ။

သို့သော် နောက်တစ်ခဏတွင် ထျန်းဝူ ရွှမ်းဝူ၏ဓားခုတ်ချက်က လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့၏။ ယနေ့ အခြေအနေမျိုးသာ မရှိခဲ့လျှင်၊ တူညီသည်ဟု ထင်ရသော ဂုဏ်သတင်းအောက်တွင် လူများ၏စွမ်းအားက ဤမျှအထိ ကွာခြားနိုင်ကြောင်းကို သူတို့ သိရှိခဲ့ကြမည် မဟုတ်ပေ။

ကျင့်ကြံသူနှင့် ကပ်ဘေးဓားတို့က ချောမွေ့စွာ ပေါင်းစပ်သွားပြီး၊ တာအိုဓား အတွင်းရှိ ကပ်ဘေးစွမ်းအားက သူ၏ကိုယ်ပိုင် ကျင့်ကြံခြင်း၏အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သကဲ့သို့ပင်။

ဤ ဓားခုတ်ချက်ကို စတုတ္ထအဆင့်၏အထွတ်အထိပ်ဟု အမှန်တကယ်ပင် ခေါ်ဆိုနိုင်ပါသည်။

သို့တိုင်အောင်၊ ဤအထွတ်အထိပ်အဆင့် ဓားခုတ်ချက်ကိုပင် ကျားနဂါးဖိနှိပ်ခြင်းမဟာအလင်းဘုရင်၏လက်ဖဝါးက အပိုင်းပိုင်းအစစချေမှုန်းပစ်လိုက်သည်။

အဖြစ်အပျက်များက အလွန်လျင်မြန်ဖြစ်သွားခဲ့ရာ၊ ကောင်းကင်ကို ဖုံးလွှမ်းနေသော အနက်ရောင် မီးတောက်များမှ အားလုံးပျောက်ဆုံးသွားသည်အထိ အစမှအဆုံး အသက်ရှူကြိမ် အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း၊ ၎င်းက အဆုံးမဲ့ သမုဒ္ဒရာ၏ ဒီရေအတက်အကျကဲ့သို့ ဖြစ်နေပြီး၊ အသက်ရှူကျပ်လုမတတ် ခံစားချက်ကို ပေးစွမ်းနေသည်။

ဤ ကောင်းကင်ဘုံဂုဏ်ပါရမီရှင်များ တစ်ဦးစီတိုင်းက အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ကြ၏။ အစောပိုင်းက ဆိတ်မုတ်ဆိတ်နှင့် လူ၏တံဆိပ်တုံးကို ကျားနဂါးဖိနှိပ်ခြင်းမဟာအလင်းဘုရင်က အလွယ်တကူချေမှုန်းလိုက်ချိန်တွင်ပင်၊ သူတို့က မျက်ခုံးတစ်ချက်မျှ မပင့်ခဲ့ကြပေ။

သို့သော် ဤအခိုက်အတန့်တွင်မူ လူတိုင်းနေရာတွင်ပင် မှင်တက်သွားခဲ့ကြ၏။

သူတို့ရှေ့မှ မြင်ကွင်းသည် သူတို့၏နားလည်နိုင်စွမ်းထက်ကို လုံးဝကျော်လွန်သွားခဲ့ပြီဖြစ်သည်။

"သတ်"

လူတိုင်းကို ချက်ချင်း သတိဝင်လာစေခဲ့သည်မှာ ထျန်းဝူ ရွှမ်းဝူ၏အော်ဟစ်သံပင် ဖြစ်သည်။

အလင်းဘုရင်ကို ရင်ဆိုင်နေရသူ တစ်ဦးအနေဖြင့်၊ သူ၏လှုပ်ရှားမှု ဖျက်ဆီးခံလိုက်ရချိန်တွင် သူက အခြားသူများထက်အံ့သြတုန်လှုပ်မှု မလျော့နည်းခဲ့ပေ၊ သူအာရုံလွဲသွားရန် အခွင့်အရေး မရှိခဲ့ခြင်းသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှန်းယီ၏လက်သီးက ကျဆင်းလာနေပြီဖြစ်သောကြောင့်ပင်။

"စကြာဝဠာ ခေါင်းလောင်း"

ရွှမ်းဝူ၏မျက်နှာက ကြမ်းကြုတ်နေပါသည်။ ထျန်းဝူတောင်၏အကြီးဆုံး စီနီယာအစ်ကို တစ်ဦးအနေဖြင့်၊ သူ၏ယန်ဝူ တာအိုဓား အပြင်၊ ကာကွယ်ရန်အတွက် များပြားလှသော မှော်ရတနာများ သဘာဝကျစွာ ရှိနေပါသည်။

ဓားကဲ့သို့ သူနှင့် အံကိုက်မကျသော်လည်း၊ ၎င်းတို့က အနည်းဆုံး နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်းရှိသော ကပ်ဘေးရတနာများ ဖြစ်ကြသည်။

သို့သော် တစ်ယောက်ယောက်က ဤရတနာများကို ထုတ်ယူလာရန် သူ့ကိုအတင်းအကျပ်ဖိအားပေးနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့ပေ။

ရုတ်တရက် ကြေးဝါခေါင်းလောင်းငယ်လေး တစ်လုံး ကောင်းကင်သို့ ပျံတက်သွားပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက ခေါင်းလောင်းကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားကာ၊ ရွှမ်းဝူကို တိုက်ရိုက် ဖုံးအုပ်လိုက်၏။

ကြီးမားလှသော ခေါင်းလောင်းကိုယ်ထည်က အလွန်အမင်းဖျက်လက်နေပြီး၊ လျင်မြန်စွာ နောက်သို့ ပျံသန်းသွားရင်း ယိမ်းနွဲ့နေသည်။

ရွှမ်းဝူ၏သတိပေးချက်အရ ကျန်သူများက တစ်ပြိုင်နက်တည်း သူတို့၏နည်းစနစ်များကို ထုတ်လွှတ်လိုက်ကြရာ၊ မျက်စိကျိန်းမတတ် တောက်ပမှုက ကောင်းကင်ကန့်လန့်ကာ တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

မသေမျိုးသုံးပါးဂိုဏ်းမှ ကောင်းကင်ပါရမီရှင်များသာ မကပေ။

မဟာအာဟတ် ရှစ်ပါးကလည်း ကျားနဂါးဖိနှိပ်ခြင်းမဟာအလင်းဘုရင်၏မျက်စိအောက်မှ ကြာပန်းပလ္လင် ဝေါယာဉ်ကြီးကိုယူဆောင်သွားနိုင်မည်ဟု မျှော်လင့်မထားတော့ချေ။

သူ လာရောက်ခြင်းက ကျမ်းစာများကို စောင့်ကြပ်ရန်အတွက်မဟုတ်ကြောင်း ရှင်းလင်းနေသည်။

ကြာပန်းပလ္လင် ဝေါယာဉ်ကြီးကို နတ်ဘုရားမင်းဆက်အပြင်ဘက်တွင် တားဆီးလိုရုံသာရှိသော မသေမျိုးသုံးပါးဂိုဏ်း၏ကောင်းကင်ပါရမီရှင်များနှင့် နှိုင်းယှဉ်ပါက၊ ဤ မဟာအလင်းဘုရင်က အစစ်အမှန်ကျမ်းစာ လုယူသူပင်။

စောင့်ကြပ်ပြီးနောက်ခိုးယူခြင်းမှာ အပြစ်ပေးခံရမည့် ရာဇဝတ်မှုဖြစ်သည်။

ယခု တစ်ခုတည်းသော အခွင့်အရေးမှာ ဤ ကောင်းကင်ပါဪမီရှင်များ၏စွမ်းအားကို ငှားရမ်းပြီး မဟာအလင်းဘုရင်ကို အတူတကွ သတ်ဖြတ်ရန်ဖြစ်ပြီး၊ ယထိုအခါမှသာ ဝေါယာဉ်ကို နတ်ဘုရားမင်းဆက် အတွင်းသို့ သယ်ဆောင်သွားရန် အခွင့်အရေး ရှိလာပါလိမ်ါယ့မည်။

ထို ထျန်းဝူ ရွှမ်းဝူကို မည်သို့ ကိုင်တွယ်ရမည် ဆိုသည်နှင့် ပတ်သက်၍ကား..

ဤသူက သူ၏နှလုံးသားအသိစိတ်ဖြင့် ပေါင်းစပ်နေသောမှော်ရတနာများကို မဟာအလင်းဘုရင်က ချိုးဖျက်ထားပြီးဖြစ်ရာ၊ သူ၏စွမ်းအားများစွာ လျော့ကျသွားပြီး ကြောက်ရွံ့နေရန် မတန်တော့ပေ။

တောင်တန်းများကဲ့သို့ မြင့်မားသော တောင့်တင်းသည့် ပုံရိပ်ရှစ်ခုက သူတို့၏စီးတော်ယာဉ်များကို တစ်ပြိုင်နက်တည်း လှုပ်ရှားရန် အမိန့်ပေးလိုက်ကြသည်။

ဆင်ဖြူတော်များနှင့် မိစ္ဆာခြင်္သေ့များက ငလျင်တစ်ခုကဲ့သို့ မြေကြီးကိုတုန်ခါသွားစေကာ မိုးကြိုးသံများကဲ့သို့ရှေ့သို့ ချီတက်သွားကြပြီး၊ ဆွမ်နီနှင့် ခရီးသည်ဝံပုလွေတို့ကလေထဲသို့ ပျံတက်သွားကာ၊ သတ်ဖြတ်ရန် ထိုးဆင်းလာသည့် အာဟတ်ရွှေရောင်ခန္ဓာကို သယ်ဆောင်လာကြသည်။

အားလုံးက မဟာအာဟတ်များ ဖြစ်ကြရာ၊ သူတို့၏လှုပ်ရှားမှု တိုင်းတွက် ရွှေရောင်မြစ်တစ်စင်း ထွက်ပေါ်လာပြီးပင်လယ်တစ်ခုအဖြစ် စုစည်းသွားကာ၊မည်မျှမြင့်မှန်းမသိရသော ဧရာမ သမုဒ္ဒရာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ အထက်ရှိ ကောင်းကင်ကန့်လန့်ကာနှင့် အောက်ရှိမြေပြင်ကို ထိတွေ့လျက် အလင်းဘုရင်ဆီသို့ အင်အားပြင်းထန်စွာ ရိုက်ခတ်သွားသည်။

ဤ ဧရာမ ရွှေရောင် ပင်လယ်လှိုင်းလုံးကြီး၏ရှေ့တွင်၊ ရှန်းယီ၏ မြင့်မားသော ပုံရိပ် အနည်းငယ် သေးငယ်နေပုံရသည်။

အရှေ့နှင့် အနောက် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

သူ နောက်တွက်ပျံသန်းသွားသော စကြာဝဠာ ခေါင်းလောင်းကို ဂရုမစိုက်သကဲ့သို့ ကြည့်နေပြီး၊ နောက်တစ်ခဏတွင် သူ၏လက်ချောင်းများက လက်သီးတစ်လုံးအဖြစ် တင်းကျပ်သွားကာ ပြင်းထန်စွာ ထိုးချလိုက်သည်။

သူ၏ပြီးပြည့်စုံလုနီးပါး လက်မောင်းများဖြန့်ကျက်လိုက်သည့် အခိုက်အတန့်တွင်၊ တောင့်တင်းခိုင်မာသော ကပ်ဘေးစွမ်းအားက နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြီး၊ ကောင်းကင်ရှိ တောက်ပသော အလင်းရောင်များကို ချေမှုန်းကာ၊ အဖိုးတန် ကပ်ဘေးရတနာများတစ်ခုပြီးတစ်ခု မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ထိုလက်သီးက စကြာဝဠာ ခေါင်းလောင်း၏ရှေ့တွင် ရှင်းပြ၍မရနိုင်စွာပင်ထွက်ပေါ်လာခဲ့၏။

"ထိုက်ရွှီ နယ်ပယ်"

ယနေ့ သူတို့မြင်တွေ့ခဲ့ရသောအရာမှာ သူတို့ဘဝ၏အကြီးမားဆုံးသော တုန်လှုပ်မှုဖြစ်နေပြီဟု များပြားလှသော ကောင်းကင်ပါရမီရှင်များက ထင်မှတ်ခဲ့ကြသည်။

ကျားနဂါးဖိနှိပ်ခြင်းမဟာအလင်းဘုရင်က သူတို့၏ဒုတိယမြောက် ကြိုးပမ်းမှုကို အလွယ်တကူ ချေဖျက်လိုက်ချိန်တွင်ပင်၊ မည်သည့်အရာကမျှ သူတို့၏စိတ်ခံစားမှုများကို နောက်တစ်ကြိမ် လှုပ်ရှားစေနိုင်မည် မဟုတ်ဟု ထင်မှတ်ကာ အနည်းငယ်ထုံကျဉ်နေသလို ခံစားခဲ့ရသည်။

သို့သော် ဤဗောဓိဂိုဏ်း၏အာဟတ်က မသေမျိုးသုံးပါးဂိုဏ်း၏နည်းစနစ်ကို ရုတ်တရက် အသုံးပြုလိုက်သည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး မယုံကြည်နိုင်စွာဖြင့်တစ်ပြိုင်နက်တည်း မျက်လုံးများ ပြူးကျယ်သွားကြ၏။

ဝုန်း

ရွှေရောင် လက်သီးရ ကြေးဝါခေါင်းလောင်းနှင့်ပြင်းထန်စွာ တိုက်မိသွားပြီး၊အက်ကွဲသံ တစ်ချက်မျှမကြားရမီမှာပင် ထူထဲသော ခေါင်းလောင်းကိုယ်ထည်ပ ပါးလွှာသောသံပြားတစ်ချပ်ကဲ့သို့ အားစိုက်ထုတ်စရာမလိုဘဲ ပုံပျက်သွားသည်အထိ ချေမှုန်းခံလိုက်ရသည်။

ဟိန်းဟောက်နေသော ရွှေရောင်မြစ်ကြောင့် ရွှမ်းဝူ ၏အသားအရေများဖြုရော်သွားပြီး မျက်လုံးများ ပြူးထွက်လုမတတ်ဖြစ်သွားသည်။

သူလက်ဖဝါးများကို ပြင်းထန်စွာထိုးလိုက်ပြီး၊ နေကို ဖုံးကွယ်ထားသော လက်သီးကိုတားဆီးရန် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကပ်ဘေးစွမ်းအား အားလုံးကို စုစည်းဖို့ ကြိုးစားလိုက်၏။

ရှန်းယီ၏အမူအရာမှာ တည်ငြိမ်နေပြီး သူ၏ လက်က ရွှမ်းဝူဆီသို့ လှမ်း၍ ဖမ်းဆုပ်လိုက်သည်။

ကြည့်ရှုနေသူများအတွက်၊ ၎င်းက လှောင်အိမ်တစ်ခုကိုချိုးဖျက်ဖွင့်လှစ်ပြီး အတွင်းရှိ ကြက်တစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်နှင့် တူနေပါသည်။

ထို လူးလွန့်နေသော ကပ်ဘေးစွမ်းအား နှင့် ပတ်သက်၍ကား၊ ၎င်းက သူ၏လက်ဖဝါးနှစ်ဖက်ကြားရှိရွှေရောင်မြစ်ကို အနည်းငယ်မျှသာ လှိုင်းထသွားစေနိုင်သည်။

"မသေမျိုးဧကရာဇ်ရဲ့ပလ္လင်က ငါထျန်းဝူရွှမ်းဝူရဲ့ဟာပဲ" တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ချောင်းများကြားမှ စူးရှသော ဟိန်းဟောက်သံတစ်ခုကိုထွက်တ်လာပြီး၊ထို့နောက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

မသေမျိုးသုံးပါးဂိုဏ်း၏ဒုတိယ မျိုးဆက်တပည့်များကြားရှိထိပ်ဆုံးတစ်ယောက်က ဤကဲ့သို့ပင် လွယ်ကူစွာဖြင့် ကျဆုံးသွားခဲ့ပါသည်။

"ဟမ်.."

ကောင်းကင်ပါရမီရှင် အများအပြား၏မျက်နှာမှာ ချက်ချင်းဖြူရော်သွားကြ၏။

All Chapters