← Chapters

အခန်း ၂၁၆၇

Vol. 134 Ch. 2167

အခန်း ၂၁၆၇

Vol. 134 Ch. 2167

အခန်း (၂၁၆၇) မြို့စောင့်တိုက်ပွဲ (၃)

ဒါ့အပြင် တစ်ဖက်လူရဲ့ စိတ်ဓာတ်ကို ထိုးနှက်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ကလည်း အပြည့်အဝ အောင်မြင်သွားခဲ့ပြီဖြစ်လို့ ဆက်ပြီးတော့ တောင့်ခံထားဖို့ မလိုအပ်တော့ပါဘူး။

"မလိုဘူး"

မထင်မှတ်ထားဘဲ မြို့ရိုးရှေ့တွင် ဝမ်ချောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လူတိုင်းကို ကျောခိုင်းရပ်နေလျက် အာပုစစ်၏ အကြံပြုချက်ကို အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ငြင်းပယ်လိုက်သည်။

"ဒီစစ်ပွဲက စစ်ပြန်ရုပ်သိမ်းဖို့ အချိန်ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်"

ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ အာပုစစ်သည် ချက်ချင်းပင် မှင်တက်သွားခဲ့ရသည်။

ထုံလော့ဗိုလ်ချုပ်တစ်ဦး ဖြစ်သည့်အပြင် ဧကရာဇ်၏ အနီးကပ် အစေခံတစ်ဦးလည်း ဖြစ်သည့်အလျောက်၊ အာပုစစ် ကိုယ်တိုင်မှာလည်း ထူးချွန်လှသော စစ်ဗျူဟာပိုင်းဆိုင်ရာ အသိပညာများကို ပိုင်ဆိုင်ထားသူဖြစ်ရာ၊ လက်ရှိ အခြေအနေကို မည်သည့်ဘက်က ကြည့်ကြည့်၊ မဟာထန်စစ်သည် လေးသောင်းများမှာ အမှီသဟဲပြုစရာ အကာအကွယ် မရှိတော့ဘဲ လုံးဝအသာမရသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသော်လည်း ဝမ်ချောင်၏လေသံမှာမူ ပြင်းထန်လှသော ယုံကြည်ချက်များ ကိန်းအောင်းနေသည် မဟုတ်ပါလား။

ခေတ္တမျှအတွင်းမှာပင် အာပုစစ်အနေဖြင့် ဘာပြောရမှန်းပင် မသိတော့ပါချေ။

ရှေ့တန်းတွင်မူ လူတိုင်း စကားပြောနေကြစဉ်အတွင်း၌ပင် ကမ္ဘာနှင့် မြေကြီး ပြောင်းပြန်လှန်သည့်အလား အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

"သတ်စမ်း"

"အရှင်သခင်ရဲ့အမိန့်တော် ရှိတယ်၊ အစွမ်းကုန် တိုက်ခိုက်ကြ၊ နောက်ဆုတ်တဲ့သူ သေရမယ်"

"ခွေးကောင်တွေ သူတို့မှာ စစ်သည်အင်အား သောင်းဂဏန်းလောက်ပဲ ရှိတာကို၊ ငါတို့ ဒီလောက် လူအများကြီးက သူတို့ကို မသတ်နိုင်ဘူးလို့ ငါ မယုံဘူး"

"စစ်သည်တော် အားလုံး အမိန့်ကို နာခံကြ၊ စစ်တပ်တစ်ခုလုံး ရှေ့တိုးပြီး သူတို့ကို အကုန် သတ်ပစ်ကြစမ်း"

ရှေ့တန်းမှ တစ်ချက်ပြီးတစ်ချက် ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့ပြီး၊ ယခုအခိုက်အတန့်၌ ရှေ့တန်းမှ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ စနစ်တကျ ပြန်ဖြစ်သွားပြီးနောက်၊ "သဘာဝအတားအဆီး" ဆုံးရှုံးသွားလျက် ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသော ထို မဟာထန်စစ်တပ် လေးသောင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ မရေမတွက်နိုင်သော သူတို့မှာ မျက်လုံးများ နီရဲလာကြလျက် အရပ်မျက်နှာ အသီးသီးမှနေ၍ ပင်လယ်လှိုင်းလုံးကြီးများအလား ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်တိုက်ခိုက်လိုက်ကြတော့သည်။

တင်းကျပ်လှသော ကာကွယ်ရေးများ ရှိသည့် သံမဏိခံတပ်လုံးတစ်ကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်ရန်မှာ လုံးဝမလွယ်ကူပါသော်လည်း၊ လေးသောင်းသော မဟာထန်စစ်သည်များကိုသာ သတ်ဖြတ်ရန်မှာမူ လုံးဝ တစ်ခြားစီသော ကိစ္စပင် ဖြစ်၏။

အကယ်၍ ဤလေးသောင်းသော အထီးကျန်စစ်တပ်ကိုပင် မသုတ်သင်နိုင်ပါက၊ မြို့အတွင်းရှိ ကျန်ရှိနေသော ခြောက်သိန်း ခုနစ်သိန်းသော စစ်တပ်ကြီးကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မဟာမိတ်တပ်ဖွဲ့စစ်သည်များ အားလုံးမှာ တိုက်ပွဲဝင်လိုသော စိတ်ဓာတ်များကို ထပ်မံမြှင့်တင်လိုက်ကြရင်း၊ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေလျက် ရှေ့သို့ တစ်ဟုန်ထိုး ချီတက်သွားကြတော့သည်။

ယခုအခိုက်အတန့်၌ ကောင်းကင်ယံမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက၊ ထို လေးသောင်းသော မဟာထန်စစ်သည်များမှာ အဆုံးမရှိသော သမုဒ္ဒရာကြီးအတွင်းမှ သေးငယ်လှသော လှိုင်းပွက်ကလေးတစ်ခုအလား ဖြစ်နေပေရာ၊ ပြောပလောက်စရာ မရှိသလို အချိန်မရွေးလည်း အပြီးတိုင် သုတ်သင်ခြင်း ခံရနိုင်ပေသည်၊ သို့သော်ငြားလည်း အဆုံးမရှိ များပြားလှသော စစ်တပ်ကြီးကို ရင်ဆိုင်ရာ၌ ထို လေးသောင်းသော မဟာထန်စစ်သည်များမှာ မြစ်လယ်မှ ကျောက်တုံးကြီးများအလား အနည်းငယ်မျှ နောက်ဆုတ်မည့် အမူအရာ မရှိကြပါချေ။

ဤမျှသာမကဘဲ သူတို့သည် ရှေ့သို့ ဆက်လက်၍ တိုက်စစ်ကို အရင်ဦးစွာ စတင်လိုက်ကြပြန်သည်။

"သတ်စမ်း"

ကျယ်လောင်သော သတ်ဖြတ်လိုသော အော်ဟစ်သံများကြား၌ ခဏတာအတွင်းမှာပင် နှစ်ဖက်စစ်တပ်ကြီးမှာ ပင်လယ်လှိုင်းလုံးကြီး နှစ်ခုအလား တစ်ခုနှင့်တစ်ခု ထပ်မံ ရိုက်ခတ်တိုက်ခိုက်လိုက်ကြတော့သည်။

"ဧကရာဇ်မင်းမြတ်အတွက်"

"မဟာထန်ကို သိမ်းပိုက်ကြစမ်း"

စစ်တပ်ကြီး တစ်ခုလုံးအတွင်း၌ ဂိုဂူလျောစကားဖြင့် ဟိန်းဟောက်သံများမှာ အလွန်ပင် စူးရှလှပေသည်။ ဘယ်ဘက် စစ်ကြောင်း အရပ်၌ သောင်းနှင့်ချီသော ဂိုဂူလျော စစ်သည် များမှာ အနက်ရောင် ဓားတို နှစ်ချောင်းစီကို ကိုင်စွဲထားကြလျက် ရက်စက်ကြမ်းတမ်းသော အမူအရာများ ရှိနေကြသဖြင့် အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

ထိုဂိုဂူလျော စစ်သည်များမှာ ဓားကွက်များ ဖော်ထုတ်လျက် ခြေအောက်၌ အလင်းကွင်းများကို နင်းထားကြကာ၊ တစ်ဦးချင်းစီမှာ စစ်ကြောင်းများ ဖွဲ့စည်းထားကြလျက် အမဲလိုက်နေသော သားရဲကြီးများအလား မျက်နှာချင်းဆိုင်မှ မဟာထန် တပ်ဖွဲ့ငယ်လေး တစ်ခုဆီသို့ တစ်ဟုန်ထိုး ခုန်အုပ်တိုက်ခိုက်လိုက်ကြတော့သည်။

ဤတပ်ဖွဲ့တွင် လူဦးရေ နှစ်ဆယ်ကျော်သာရှိပြီး လေးသောင်းသော စစ်တပ်ကြီး၏ အစွန်ဆုံး နေရာ၌ ရှိနေကြခြင်းဖြစ်ရာ၊ ဂိုဂူလျော စစ်သည်များ၏ အမြင်တွင်မူ ဘေးဘက်သို့ စွန့်ပစ်ခြင်း ခံထားရသော သတ်ဖြတ်ရန် စောင့်ဆိုင်းနေသည့် သိုးသူငယ်များနှယ် ဖြစ်နေပေသည်။ ၎င်းတို့ထက် အဆပေါင်း များစွာ သာလွန်လှသော လူဦးရေ အားသာချက်ဖြင့် အနည်းငယ်မျှ တိုက်ခိုက်ရုံနှင့်ပင် ထိုသူများအားလုံးကို လွယ်လင့်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု သံသယဖြစ်ဖွယ် မရှိပါချေ။

ချွင် ချွင် ချွင်

အဆက်မပြတ်သော သံမဏိများ ထိခတ်သံများကိုသာ ကြားလိုက်ရပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ဖက်စလုံးမှာ စစ်ကြောင်းများ အသီးသီး ဖွဲ့စည်းလိုက်ကြလျက် လျင်မြန်စွာ လုံးထွေး တိုက်ခိုက်လိုက်ကြတော့သည်၊ ဓားတိုများနှင့် ဓားရှည်များမှာ လေဟာနယ်အတွင်း၌ အေးစိမ့်လှသော အလင်းရောင်များ လက်သွားခဲ့ကြပြီးနောက် ပြင်းထန်စွာ ထိခတ်သွားကြတော့သည်။

လေဟာနယ်အတွင်း၌ သွေးများ ပန်းထွက်ကုန်ကာ သွေးမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်၊ ဤတိုက်ပွဲမှာ လူတိုင်း ထင်မှတ်ထားသည်ထက် များစွာ ပိုမိုလျင်မြန်စွာ ပြီးဆုံးသွားခဲ့ပါသော်လည်း၊ နောက်ဆုံး ရလဒ်မှာမူ ထို ဂိုဂူလျော စစ်သည်များ လုံးဝ မထင်မှတ်ထားခဲ့သော အရာပင် ဖြစ်တော့သည်။

အဆက်မပြတ်သော ဘုန်းဘုန်း မြည်သံများနှင့်အတူ ဓားများနှင့် လှံများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြပြီး၊ ဂိုဂူလျော စစ်သည်တစ်ဦးချင်းစီမှာ ဧရာမ ဓားရှည်များ၏ ထိတ်လန့်စရာကောင်းလှသော ခွန်အားများဖြင့် ခန္ဓာကိုယ်များ ခုတ်ပိုင်းခြင်း ခံလိုက်ရကာ၊ သစ်သားတုံးကြီးများအလား မြေပြင်ပေါ်သို့ လဲကျကုန်ကြလျက် သွေးအိုင်များအတွင်း၌ မှောက်လျက်သား ဖြစ်သွားကြတော့သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဦးဆောင်လာသော ထိုဂိုဂူလျောတပ်ကြပ်ကြီးမှာ မျက်လုံးများကို ပြူးလျက် မျက်နှာမှာလည်း ဖြူလျော့နေတော့သည်။ မိမိတို့ပတ်ဝန်းကျင်၌ မည်သည့်အချိန်ကတည်းက မိမိတို့ထက် အဆပေါင်း များစွာ သာလွန်လှသော မဟာထန်စစ်သည်များ ရောက်ရှိနေရသနည်း ဟု မယုံနိုင်စရာ ဖြစ်နေစဉ်မှာပင်၊ သူ၏ ကျောပြင်မှ သွေးများ ပန်းထွက်လာခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရပြီး ဘာမှ မသိတော့ပါချေ။

သို့သော်လည်း နောက်ဆုံး အခိုက်အတန့်၌ သူသည် မသိမသာ ခံစားလိုက်ရသည်မှာ၊ ထို ထန်လူမျိုးတို့၏ စစ်ကြောင်း ပုံသဏ္ဌာန်မှာ အနည်းငယ် ထူးဆန်းနေသကဲ့သို့ပင်။

အစွန်ဆုံး နေရာ၌ ရှိနေသော ထိုနှစ်ဆယ်ကျော်သော အထီးကျန်စစ်တပ်မှာ၊ လက်တွေ့တွင်မူ သူတို့ ထင်မှတ်ထားသကဲ့သို့ ရိုးရှင်းပုံ မရပါချေ။

အစွန်ဆုံး နေရာမှ ထိုဂိုဂူလျောစစ်သည်ခေါင်းဆောင်မှာ ကြိုတင်သိရှိလိုက်သည်ဟု ဆိုနိုင်ပါသော်လည်း၊ ပိုမိုများပြားလှသော မဟာမိတ်တပ်ဖွဲ့စစ်သည်များအတွက်မူ၊ သူတို့သည် "ထို မဟာထန်စစ်တပ် လေးသောင်းကို အမြစ်ပြတ် ဖျက်ဆီးပစ်ရန်" ဟူသော သတ်ဖြတ်လိုသည့် စိတ်ရိုင်းများအတွင်း၌သာ အလုံးစုံ နစ်မွန်းနေကြသဖြင့်၊ ရှေ့တန်းမှ အပြောင်းအလဲများကို အနည်းငယ်မျှ သတိမပြုမိခဲ့ကြပါချေ။

"သတ်စမ်း"

အရပ်မျက်နှာ အသီးသီးမှနေ၍ သောင်းနှင့်ချီသော မဟာမိတ်တပ်ဖွဲ့စစ်သည်များမှာ ပြင်းထန်လှသော အရှိန်အဟုန်ဖြင့်၊ ကမ်းခြေကို ရိုက်ခတ်သည့် ဧရာမလှိုင်းလုံးကြီးများအလား ထိုလေးသောင်းသော မဟာထန် စစ်တပ်ဆီသို့ တိုးဝင်သွားကြပါသော်လည်း သံမဏိခံတပ်ရှေ့မှောက်ရှိ ထို မဟာထန်စစ်တပ် လေးသောင်းမှာ အောင်မြင်စွာ ပေါင်းစည်းသွားခဲ့ကြပြီ ဖြစ်သလို၊ စက်ဝိုင်းပုံစံနှင့် ဆင်တူပါသော်လည်း များစွာ ပိုမို ရှုပ်ထွေးလှသော ဧရာမ စစ်အစီအရင်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်ကိုမူ မည်သူကမျှ သတိမပြုမိခဲ့ကြပါချေ။

ဤ ဧရာမ စစ်အစီအရင်ကြီးမှာ ထက်မြက်လှသော သွားဖုံးဘီး ကြီးတစ်ခုအလား၊ အဆက်မပြတ် လည်ပတ်နေလျက် ပတ်ဝန်းကျင်ရှိ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များနှင့် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်နေတော့သည်။ သို့သော်လည်း ထို ဧရာမ သွားဖုံးဘီး ၏ အတွင်းပိုင်းတွင်မူ သံချပ်ကာဝတ် စစ်သည် တစ်ဦးချင်းစီမှာ သုံးလေးထောင်ခန့်စီ အစုအဖွဲ့များ ဖွဲ့စည်းထားကြလျက်၊ "ချိတ်ဆက်ကြိုး"များအလား ဧရာမ သွားဖုံးဘီး အတွင်းပိုင်းမှနေ၍ ထွက်ပေါ်လာခဲ့ကြပြီး၊ မျက်နှာချင်းဆိုင်မှ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များအတွင်းသို့ အဆက်မပြတ် ထိုးဖောက် ဝင်ရောက်လိုက်ကြရင်း၊ မဟာမိတ်တပ်ဖွဲ့စစ်သည်အုပ်စုများကို သွားဖုံးဘီး အတွင်းပိုင်းသို့ ဆွဲခေါ်သွားကြတော့သည်။

ထို သွားဖုံးဘီးအတွင်းပိုင်းသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသော နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့စစ်သည်များ အားလုံးမှာ၊ အဆုံးမရှိသော မဟာထန်စစ်သည်များကို ရင်ဆိုင်လိုက်ရသည့် အခါတွင်မူ သေလမ်းမှလွဲ၍ အခြား မရှိတော့ပါချေ။

ဤမျှသာမကဘဲ ဧရာမသွားဖုံးဘီး မှာလည်း အဆက်မပြတ် ပြောင်းလဲနေသေး၏။ တစ်ခါတရံတွင် ထိုရာမသွားဖုံးဘီး၏ အထက်ပိုင်းမှာလုံးဝ ပြိုကွဲသွားခဲ့ပြီးနောက်၊ အားလုံးမှာ တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသော ချိတ်ဆက်ကြိုးများအဖြစ် ပြောင်းလဲသွားခဲ့ကာ၊ အဆက်မပြတ် ထိုးဖောက် တိုက်ခိုက်လိုက်ကြရင်း မျက်နှာချင်းဆိုင်မှ ပြိုင်ဘက်များကို ခြေဖျက်လိုက်ကြပြီးနောက်၊ ထပ်မံ၍ ဝါးမြိုခြင်း၊ လည်ပတ်ခြင်း နှင့် ခုတ်ပိုင်းသတ်ဖြတ်ခြင်းများကို ပြုလုပ်လိုက်ကြပြန်သည်။

မိမိတို့ထက် အရေအတွက် များစွာ သာလွန်လှသော ပြိုင်ဘက်များကို ရင်ဆိုင်ရာ၌၊ လေးသောင်းသော မဟာထန်စစ်သည်များမှာ ကြေမွသွားခြင်း မရှိရုံသာမကဘဲ၊ အလွန်ပင် ပြင်းထန်လှသော နည်းလမ်းဖြင့် တိုက်ရိုက် ထိတွေ့တိုက်ခိုက်လိုက်ကြရင်း မျက်နှာချင်းဆိုင်မှ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များကို ဖိနှိပ်ထားနိုင်ခဲ့ကြရာ၊ များပြားလှသော ယိုကျိုးစစ်သည်များ၊ အရှေ့ တာ့ခ် စစ်သည်များ၊ ဂိုဂူလျော စစ်သည်များနှင့် ရှီ နှင့် ခီတန် စစ်သည်များမှာ သွေးများ ထွက်ကုန်ကြလျက် ပတ်ဝန်းကျင်၌ လဲပြိုကုန်ကြတော့သည်။

သေဆုံးသွားသော လူဦးရေမှာ ယခင်က တိုက်ပွဲများထက်ပင် များစွာ ပိုမိုသာလွန်နေသေးတော့သည်

လူတိုင်းအား အထိတ်လန့်ဆုံး ဖြစ်စေသည်မှာမူ၊ မိမိတို့ဘက်မှ လူဦးရေမှာ တစ်ဖက်လူထက် များစွာ သာလွန်နေပါသော်လည်း၊ အဘယ်ကြောင့်လဲ မသိဘဲ မျက်နှာချင်းဆိုင်မှ ပြိုင်ဘက်ကို သွားရောက် တိုက်ခိုက်သည့် နိုင်ငံအသီးသီးမှ မဟာမိတ်တပ်ဖွဲ့ စစ်သည်တစ်ဦးချင်းစီမှာမူ၊ မိမိတို့ကသာ လူနည်းစု ဖြစ်နေသည်ဟု ခံစားနေရခြင်းပင်၊ သူတို့ တိုက်ခိုက်နေစဉ်အတွင်း မျက်တောင်တစ်ခတ်အတွင်းမှာပင် မိမိတို့ ပတ်ဝန်းကျင်၌ မဟာထန် စစ်သည်များသာ ပြည့်နှက်သွားရခြင်းမှာ အဘယ်ကြောင့်နည်း ဟူ၍ပင်။

မိမိအား တစ်ပြိုင်နက်တည်း ခုတ်ပိုင်းလာသော ခုနစ်စင်း ရှစ်စင်းသော ဧရာမ ဓားရှည်များကို ရင်ဆိုင်လိုက်ရသည့် အခါတွင်မူ ထိုနိုင်ငံအသီးသီးမှ စစ်သည်များမှာလည်း တားဆီးနိုင်စွမ်း မရှိတော့ဘဲ၊ တစ်ခဏအတွင်းမှာပင် သွေးအိုင်များအတွင်း၌ လဲပြိုကုန်ကြတော့သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မျက်နှာချင်းဆိုင်မှ လုံးဝလဲပြိုခြင်း မရှိဘဲ မတ်မတ်ရပ်နေသော မဟာထန်စစ်တပ် လေးသောင်းကို ကြည့်ရင်း၊ အဝေးဆီမှ ချွေချန်းယုံ၏ မျက်နှာမှာလည်း ပြောင်းလဲသွားခဲ့ရသည်။

"ဒါက စစ်အစီအရင်ပဲ"

ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏၊ ထျန်းချန်ကျန်းသည် မျက်လုံးများကို မှေးကြည့်လိုက်မိရင်း၊ ထို မဟာထန်စစ်တပ် လေးသောင်းမှ ပြသလိုက်သော တိုက်ခိုက်ရေးစွမ်းရည်များကြောင့် သူလည်း များစွာ တုန်လှုပ်သွားခဲ့ရသည်။

"ဒါက ကြုံရာကျပန်း ရွေးချယ်ထားတဲ့ စစ်တပ် မဟုတ်ပါဘူး၊ ဒါက စုပေါင်းတိုက်ခိုက်ရေး စစ်ကြောင်းတွေကို ကျွမ်းကျင်တဲ့ ထိပ်တန်း စစ်တပ်ကြီး တစ်ခုပဲ"

ဤကမ္ဘာပေါ်တွင် စစ်တိုက်ရာ၌ အမျိုးမျိုးသော စစ်ကြောင်း ပုံသဏ္ဌာန်များ ရှိကြပေသည်။ ဥပမာအားဖြင့် မြားဦးပုံစံ စစ်ကြောင်း၊ နောက်ပြီး ယွီစန်း လူမျိုးများ ကျွမ်းကျင်လှသော လှေကားထစ်ပုံစံ စစ်ကြောင်းနှင့် တာ့ခ် လူမျိုးများ ကျွမ်းကျင်သော ဝံပုလွေအုပ်ပုံစံ စစ်ကြောင်း အစရှိသည်ဖြင့် ဤစစ်ကြောင်း ပုံသဏ္ဌာန်များကို နိုင်ငံအသီးသီး၏ ဗိုလ်ချုပ်များမှာ အလွန်ပင် ရင်းနှီးကျွမ်းကျင်နေကြပြီ ဖြစ်၏။

သို့သော်လည်း ဝမ်ချောင် ပေါ်ထွက်လာပြီးနောက်တွင်မူ၊ စစ်အစီအရင်နှင့် စစ်ကြောင်း ဟူသော စကားလုံးများကို အမြင့်မားဆုံးသော အဆင့်တစ်ခုသို့ ဆွဲတင်လိုက်သလို၊ လူတိုင်း၏ ရင်ထဲ၌ ထိုစကားလုံးများအပေါ် ထားရှိသော အယူအဆများကိုလည်း အလုံးစုံ ပြောင်းလဲသွားစေခဲ့သည်။

ဝမ်ချောင်၏လက်ထဲတွင်မူ၊ စစ်အစီအရင်များမှာ များစွာ ပိုမို ရှုပ်ထွေးလာခဲ့သလို အလွန်ပင် ထိတ်လန့်စရာ ကောင်းလာခဲ့ကာ၊ သတ်ဖြတ်နိုင်စွမ်းမှာလည်း မယုံနိုင်စရာ အဆင့်အထိ ရောက်ရှိသွားခဲ့သည်။

စစ်အစီအရင်နှင့် စစ်ကြောင်းများကို ကျွမ်းကျင်လှသော စစ်တပ်တစ်ခုမှာ၊ တစ်ဦးနှင့်တစ်ဦး အသေအချာ ပူးပေါင်းနိုင်မည်ဆိုပါက မိမိတို့ထက် အဆပေါင်း များစွာ သာလွန်လှသော ပြိုင်ဘက်ကိုပင် လူနည်းစုဖြင့် လူများစုကို အနိုင်ယူနိုင်စွမ်း ရှိသလို၊ ပြိုင်ဘက်ကိုလည်း လွယ်လင့်တကူပင် ခြေဖျက် သုတ်သင်နိုင်စွမ်း ရှိပေသည်၊ ဝမ်ချောင် ၏ "ပိုင်းဖြတ် စစ်ကြောင်း"မှာမူ ၎င်းတို့ထဲမှ အထင်ရှားဆုံးသော အရာပင် ဖြစ်ကာ၊ ယခုအခါ တစ်ကုန်းမြေလောက တစ်ခုလုံး ၌ မသိရှိသူမှာ အလွန်ပင် ရှားပါးလှပေသည်။

ယခု မျက်မှောက်ရှိ ဝမ်ချောင် စေလွှတ်လိုက်သော လေးသောင်းသော စစ်သည်အင်အားမှာလည်း၊ သိသိသာသာပင် အလားတူသော စွမ်းဆောင်ရည်များကို ထုတ်ဖော်နေခြင်း ဖြစ်ပါသော်လည်း ကြည့်ရသည်မှာမူ များစွာ ပိုမို ရှုပ်ထွေးလှပေသည်။

"ချွေချန်းယုံ... သတိထားပါ သာမန် စစ်သည်တွေကတော့ သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး၊ သူတို့ကို ခြေဖျက်နိုင်ဖို့ဆိုရင် ယိုမင် သံချပ်ကာမြင်းတပ်တွေကိုပဲ အားကိုးရပါလိမ့်မယ်"

ထျန်းချန်ကျန်း၏ မျက်ခွံများမှာ လှုပ်ခါသွားခဲ့ရပြီး၊ မြို့ရိုးပေါ်တွင် မတ်မတ်ရပ်နေသော ဝမ်ချောင် အား ထပ်မံ၍ တစ်ချက် ကြည့်လိုက်ရင်း ဆိုလိုက်လေသည်။

စစ်ပွဲဆိုသည်မှာ လှည့်ဖြားခြင်း အတတ်ပညာပင်။

ဤသည်မှာ ဝမ်ချောင်က မဟာထန်သူ၏ လက်အောက်ငယ်သားများကို သင်ကြားပြသပေးခဲ့သော၊ သူ ရေးသားခဲ့သော စစ်သေနင်္ဂဗျူဟာ ကျမ်းစာ တစ်အုပ်အတွင်း၌ ပါရှိသော စကားပင် ဖြစ်ကာ၊ ယခုအခါ ဤစကားကို နိုင်ငံအသီးသီး၌ မသိရှိသူမှာ အလွန်ပင် ရှားပါးလှပေသည်။

ဝမ်ချောင်၏ စစ်အင်အား သုံးစွဲပုံမှာ အတုအယောင်များနှင့် အစစ်အမှန်များ ရောထွေးနေပေရာ၊ သာမန် နည်းလမ်းများဖြင့် ခန့်မှန်းရန် လုံးဝ မဖြစ်နိုင်ပါချေ၊ ဝမ်ချောင် အနေဖြင့် ပုံမှန် နည်းလမ်းများဖြင့် တိုက်ခိုက်လိမ့်မည်ဟု မင်း ထင်မှတ်ထားချိန်၌ သူသည် ထူးခြားလှသော စစ်ဗျူဟာများဖြင့် ထွက်ပေါ်လာတတ်သလို၊ ဝမ်ချောင်က ပရိယာယ်များကို အသုံးပြုနေသည်ဟု မင်း ယူဆထားချိန်၌မူ သူသည် ပုံမှန် စစ်တပ်များကို အသုံးပြုကာ အနိုင်ယူပြလိုက်ပြန်သည်။

ဤကဏ္ဍတွင်မူ ယိုကျိုးနှင့် နိုင်ငံအသီးသီး ဘက်မှ လုံးဝ အရေးနိမ့်နေခဲ့ရသလို၊ အလွန်ပင် အကျပ်ရိုက်နေခဲ့ရသည်။

သုံးသောင်း၊ လေးသောင်း၊ ခြောက်သောင်း၊ တစ်သိန်း

မဟာထန်မှ အသုံးပြုလိုက်သော ဤကဲ့သို့သော စစ်ဗျူဟာမျိုးကို ရင်ဆိုင်ရန်အတွက်၊ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့ဘက်မှမူ အနည်းငယ်မျှ ပြင်ဆင်ထားခဲ့ခြင်း မရှိပါချေ၊ ဆောင်းဦးလေပြင်းက သစ်ရွက်ခြောက်များကို လွင့်ပါးသွားအောင် လုပ်ဆောင်လိုက်သည့်အလား ဖြစ်နေသော ထို တိုက်ခိုက်မှုများအောက်တွင်၊ နိုင်ငံအသီးသီး၏ စစ်တပ်များမှာ အစုလိုက်အပြုံလိုက် စစ်အစီအရင်ကြီး၏ သုတ်သင်ခြင်းကို ခံလိုက်ကြရရာ၊ ခဏတာ အချိန်တိုအတွင်းမှာပင် နောက်ထပ် စစ်သည်အင်အား တစ်သိန်း နီးပါးခန့်မှာ စစ်မြေပြင်ပေါ်၌ လဲပြိုသွားခဲ့ကြပြန်သည်။

ယခင်က သုတ်သင်ခဲ့သော စစ်သည် တစ်သိန်းနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက၊ ပထမအသုတ် ထိပ်တိုက် ရင်ဆိုင်မှုအတွင်း၌ပင်၊ မဟာထန်စစ်တပ် လေးသောင်းမှာ သံမဏိခံတပ်မှ ထွက်ခွာလျက် တိုက်စစ်ကို အရင်ဦးစွာ စတင်ခဲ့သော အခြေအနေမျိုး၌ပင်၊ စစ်သည်အင်အား စုစုပေါင်း နှစ်သိန်းခန့်ကို သုတ်သင်နိုင်ခဲ့ပြီ ဖြစ်သလို၊ သတ်ဖြတ်နိုင်စွမ်းမှာလည်း သိသိသာသာပင် ဆက်လက် မြင့်တက်နေဆဲ ဖြစ်ကာ၊ အချိန်တိုင်းတွင် ပိုမိုများပြားလှသော နိုင်ငံအသီးသီးမှ စစ်သည်များမှာ သွေးအိုင်များအတွင်း၌ လဲပြိုကုန်ကြလျက် လှုပ်ရှားခြင်း မရှိတော့ပါချေ။

ဤမျှလောက် မြင့်မားလှသော သတ်ဖြတ်နိုင်စွမ်းများကို မြင်တွေ့လိုက်ရသည့်အခါ၊ ဝမ်ကျုံးစစ်နှင့် အာပုစစ်တို့ပင်လျှင် ရင်ထဲ၌ ပြင်းထန်စွာ တုန်လှုပ်သွားကြရသည်။

"အခုတစ်ကြိမ် တော်ဝင်နန်းတော်ရဲ့စစ်သည် စုဆောင်းမှုအတွင်းမှာ မင်းက အစွမ်းအထက်ဆုံးသော စစ်သည်သစ် နှစ်သောင်းကို သီးသန့် ခွဲထုတ်ထားခဲ့သလို၊ တပ်ရင်း အသီးသီးကနေလည်း ဝါရင့် သံချပ်ကာဝတ် စစ်သည်နှစ်သောင်းကိုပါ ထပ်ပြီး ခွဲထုတ်ခဲ့တယ်လို့ ငါ ကြားထားမိတယ်၊ ဒါတွေကို လေ့ကျင့်ပေးဖို့အတွက်ပဲလား"

ဝမ်ကျုံးစစ်က ရုတ်တရက် စကားဆိုလိုက်ခြင်းပင်။

ယခုတစ်ကြိမ် တော်ဝင်နန်းတော်၏ စစ်သည် စုဆောင်းမှုအတွင်း၌၊ စစ်သည်များ၏ အရည်အချင်းမှာ လူတိုင်း ထင်မှတ်ထားသည်ထက် များစွာသာလွန်နေခဲ့သဖြင့်၊ မဟာကာကွယ်ရေးဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်များ အားလုံးမှာ "လူလု" နေခဲ့ကြရခြင်းဖြစ်ကာ၊ "လောကီရေးရာများကို စိတ်မဝင်စားပါဘူး" ဆိုသော မင်းဆရာဝမ်ကျုံးစစ် ပင်လျှင် ထိုကိစ္စအတွင်း၌ ပါဝင်ခဲ့ရသည် မဟုတ်ပါလော။

သို့သော်လည်း လူများကို အမြန်ဆုံး လုယူနိုင်ခဲ့သူမှာမူ၊ လက်တွေ့တွင် မျိုးနွယ်ခြားဘုရင် ဖြစ်သော ဝမ်ချောင် ပင် ဖြစ်တော့သည်။

အခြားသူများမှာမူ သိရှိချင်မှ သိရှိကြပါလိမ့်မည်။ သို့သော် ဝမ်ကျုံးစစ်ကမူ ရှင်းလင်းစွာ သိရှိနေသည်မှာ၊ မဟာကာကွယ်ရေးဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်များ လူမလုမီ အစောပိုင်းကတည်းက၊ ဝမ်ချောင်သည် ခွန်အား အစွမ်းအထက်ဆုံးသော စစ်သည် နှစ်သောင်းကို အစောပိုင်းကတည်းက တိတ်တဆိတ် ခွဲထုတ်သွားခဲ့ခြင်းပင်။

ထိုစစ်သည် နှစ်သောင်းက မည်သည့် နေရာသို့ ရောက်ရှိသွားသလဲ ဆိုသည်ကိုမူ၊ ဝမ်ချောင်က ထုတ်မပြောသဖြင့် အခြားသူများမှာလည်း ထပ်မံ၍ မေးမြန်းခြင်း မပြုခဲ့ကြပါချေ။

သို့သော်လည်း ယခု မြင်တွေ့နေရသော အခြေအနေအရဆိုလျှင်၊ သူတို့မှာ မျက်စိရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏

"သေချာပေါက် မင်းဆရာကိုတော့ ဖုံးကွယ်ထားလို့ မရပါဘူး"

ဝမ်ချောင်က တိုးညှင်းစွာ ရယ်မောလိုက်ပြီး ငြင်းဆိုခြင်း မပြုပါချေ။

စစ်သည်လေးသောင်းများမှာ၊ သူ ရှေ့တန်း အခြေစိုက်စခန်းသို့ ရောက်ရှိပြီးနောက်တွင်မှ အနောက်ဘက်မှနေ၍ အစဉ်လိုက်အတိုင်း ဆက်လက် ခေါ်ယူလာခဲ့ခြင်း ဖြစ်တော့သည်။

******

All Chapters