← Chapters

အခန်း ၁၄၅၁

Vol. 99 Ch. 1451

အခန်း ၁၄၅၁

Vol. 99 Ch. 1451

အခန်း ၁၄၅၁ ဖျော်ဖြေရေး ကဏ္ဍအတွင်းသို့ ချီတက်ခြင်း

"ဂျော့ခ်ျ လူကပ်စ်က Industrial Light & Magicရဲ့ ရှယ်ယာတွေကိုပဲ သီးသန့်ရောင်းဖို့ မရည်ရွယ်ဘဲ၊ Lucasfilm ရဲ့ ရှယ်ယာတွေကိုပါ ရောင်းချချင်နေတာလား” ဖုန်းယွီ အလွန်မင်း အံ့အားသင့်သွားရသည်။ Lucasfilm ဆိုသည်မှာ ဂျော့ခ်ျ လူကပ်စ် ကိုယ်တိုင် အားသွန်ခွန်စိုက် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ လက်ဝယ်တွင် ရုပ်ရှင်မူပိုင်ခွင့် အများအပြား မရှိစေဦးတော့၊ Star Wars ဆိုသည့် ထိပ်တန်း မူပိုင်ခွင့်တစ်ခုတည်းနှင့်တင် တန်ဖိုးမှာ များစွာကြီးမားလှပေသည်။

ခါမီဒါ မာဆာအိုကမူ ဤသို့ ဆိုလာသည်။ "Boss... ကျွန်တော့်အမြင်မှာတော့ ဒါက မထူးဆန်းပါဘူး။ လူကပ်စ်ဟာ လွန်ခဲ့တဲ့ နှစ်တွေက ရုပ်ရှင်ကရတဲ့ ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို Industrial Light & Magic ထဲမှာပဲ ပြန်ပြီး ရင်းနှီးမြှုပ်နှံခဲ့တာပါ။ အဲဒါကြောင့်လည်း အဲဒီကုမ္ပဏီက ထူးချွန်တဲ့ ရုပ်ရှင်အထူးပြုလုပ်ချက် နည်းပညာတွေကို ပိုင်ဆိုင်နိုင်ခဲ့တာပေါ့။ တကယ်တော့ Lucasfilmရဲ့ လက်အောက်မှာ အမြတ်အစွန်း အများဆုံး ရနေတာကလည်း Industrial Light & Magic ပါပဲ"

"အကယ်၍ Industrial Light & Magic ကို ကျွန်တော်တို့က ထိန်းချုပ်နိုင်လိုက်ပြီဆိုရင် Lucasfilmရဲ့ အားအကောင်းဆုံး လုပ်ငန်းကို လက်လွှတ်လိုက်ရသလို ဖြစ်သွားမှာမို့၊ Lucasfilmဟာ အရှုံးပေါ်လာနိုင်ပါတယ်"

"ကျွန်တော်တို့ဘက်က အပိုင်ဝယ်ယူမယ်ဆိုတဲ့ အရှိန်အဝါမျိုး ပြသနေမှတော့ လူကပ်စ် အနေနဲ့ တစ်ခုချင်းစီထက် အားလုံးကို အထုပ်လိုက် ရောင်းချလိုက်တာက ပိုပြီးကောင်းတယ်လို့ ယူဆပုံရပါတယ်။ ဒါဟာ နောင်တစ်ချိန်မှာ Lucasfilm ဆုတ်ယုတ်ပျက်စီးသွားမှာထက်စာရင် ပိုပြီးတော့ အဆင်ပြေမှာပေါ့၊ အရင်က MGM လိုမျိုး ဆုတ်ယုတ်သွားတာမျိုးပေါ့"

ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ တကယ်ပဲ အဲဒီလိုလား… အကယ်၍သာ အဲဒီလိုဆိုရင် လူကပ်စ် အနေနဲ့ မရောင်းဘဲ နေနိုင်တာပဲလေ။ Industrial Light & Magic ဆိုတဲ့ ဖဲချပ်ကောင်း လက်ထဲမှာ ရှိနေသရွေ့ Lucasfilmဟာ ဟောလိဝုဒ်မှာ ဆက်ပြီး ရပ်တည်နိုင်မှာပါ။

ရဲလ်ဖ်က ကြားဝင် ရှင်းပြလာသည်။ "Boss... ကျွန်တော်လည်း ဒါက မထူးဆန်းဘူးလို့ ယူဆပါတယ်။ လူကပ်စ်ရဲ့ ပိုင်ဆိုင်မှုက မနည်းလှဘူးဆိုပေမဲ့၊ Lucasfilmမှာရှိတဲ့ လက်ငင်းငွေသားကတော့ သိပ်မများလှဘူး။ အခုလောလောဆယ်မှာ လူကပ်စ်ရဲ့ စိတ်ထဲမှာ Star Warsကို ရုပ်သံဇာတ်လမ်းတွဲ အဖြစ် ရိုက်ကူးချင်တဲ့ အစီအစဉ် ရှိနေတယ်။ ကြားတာတော့ ဇာတ်ညွှန်းတောင် ရေးပြီးသွားပြီတဲ့၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမယ့်သူ မရှိဘူး ဖြစ်နေတာ"

"လူကပ်စ်ကိုယ်တိုင်က ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူးဖို့ ငွေတောင် မရှိဘူးလား" ဖုန်းယွီ လုံးဝမယုံကြည်နိုင်သော မျက်နှာဖြင့် မေးလိုက်သည်။ လူကပ်စ်၏ ပိုင်ဆိုင်မှုမှာ အနည်းဆုံး ဒေါ်လာ ၂ ဘီလီယံမှ ၃ ဘီလီယံခန့် ရှိမည်ဖြစ်သလို၊ ချေးငွေ ယူမည်ဆိုလျှင်ပင် လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှု ရရှိနိုင်ရမည် မဟုတ်ပါလား။

လူကပ်စ်က Star Wars ဇာတ်လမ်းတွဲကို ရိုက်ကူးချင်သည်ဆိုစေဦးတော့၊ ဇာတ်လမ်းတွဲ တစ်ခုလုံးကို ရုပ်ရှင်ကဲ့သို့သော အဆင့်အတန်းဖြင့် ရိုက်ကူးမည်ဟုတော့ မထင်မိပါချေ။ ထိုမျှ ရှည်လျားလှသည့် ဇာတ်လမ်းတွဲအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ များစွာ ကြီးမားလှပေလိမ့်မည်။ ၎င်းသည် S.H.I.E.L.D. ဇာတ်လမ်းတွဲထက်တောင် ပိုမို မြင့်မားနိုင်ပေသည်။

မဟုတ်ပါ၊ လူကပ်စ်၏ အစဉ်အဆက် အစွမ်းကုန် စိပ်စပ်သေချာတတ်သည့် အလေ့အထအရ၊ ဤထုတ်လုပ်မှု ကုန်ကျစရိတ်မှာ S.H.I.E.L.D. ထက် သေချာပေါက် ပိုမို မြင့်မားပေလိမ့်မည်။

"ထူးဆန်းတာက လူကပ်စ်ဟာ ငွေချေးရတာကို မကြိုက်တဲ့သူ တစ်ယောက် ဖြစ်နေတာပဲ။ သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Lucasfilm အပါအဝင် လက်အောက်ခံ ကုမ္ပဏီအားလုံးမှာ ကြွေးမြီ တစ်ပြားတစ်ချပ်မှ မရှိဘူး။ သူ့ကုမ္ပဏီက လူတွေ ဘယ်လို စဉ်းစားသလဲဆိုတာ ကျွန်တော်လည်း မသိတော့ဘူး၊ လူကပ်စ်ရဲ့ နာမည်နဲ့ဖြစ်ဖြစ်၊ သူတို့ကုမ္ပဏီရဲ့ အင်အားနဲ့ဖြစ်ဖြစ် ငွေချေးဖို့က အလွန်လွယ်ကူပါတယ်"

"ဒါ့အပြင် လူကပ်စ်က ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုတွေလည်း မလုပ်ဘူး၊ အိမ်ခြံမြေလို ရေပန်းစားတဲ့ နယ်ပယ်တွေမှာလည်း ရင်းနှီးမြှုပ်နှံတာ မရှိဘူး။ သူက ရုပ်ရှင်နဲ့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကိုပဲ အာရုံစိုက် လုပ်ကိုင်တတ်သူပါ။ ဒါကို ကြည့်ရင် သူဟာ ရုပ်ရှင်ချစ်သူတွေ ပြောသလို တကယ့် ရုပ်ရှင်ပညာရှင် တစ်ဦးပါပဲ။ ပြီးတော့ သူက နှစ်စဉ် ငွေအမြောက်အမြားကို ပရဟိတ လုပ်ငန်းတွေမှာ လှူဒါန်းနေသလို၊ သူကိုယ်တိုင်ရဲ့ လူနေမှုဘဝကလည်း သိပ်ပြီး ဟိတ်ဟန် မကြီးလှပါဘူး"

"သူက အပိုင်း ၅၀ ပါဝင်မယ့် ရုပ်သံဇာတ်လမ်းတွဲ ဇာတ်ညွှန်းကို ဖန်တီးထားတယ်၊ ဒါပေမဲ့ တစ်ပိုင်းချင်းစီရဲ့ အသုံးစရိတ်က ဒေါ်လာ သန်း ၂၀ အထိ ရှိနေတာ။ ဒါဟာ သူက ကုန်ကျစရိတ်ကို အစွမ်းကုန် လျှော့ချပြီးမှ ထွက်လာတဲ့ ရလဒ်လို့ ဆိုပါတယ်"

ဖုန်းယွီ မျက်လုံးပြူးသွားရသည်၊။ဘာတွေလဲ… ဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့ ဒေါ်လာ တစ်ဘီလီယံတောင် သုံးမည်လား။ ဤသည်ကို မည်သူကများ ရင်းနှီးမြှုပ်နှံပေးမည်နည်း။

ဖုန်းယွီအနေဖြင့်တော့ သေချာပေါက် ရင်းနှီးမြှုပ်နှံမည် မဟုတ်ပါချေ။ သူသည် Star Wars ပရိသတ်အမာခံ မဟုတ်သလို၊ ဖြစ်ခဲ့လျှင်တောင်မှ ရင်းနှီးမြှုပ်နှံမည် မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် အရင်းအနှီး ပြန်ရနိုင်ခြေ မရှိသောကြောင့်ပင်။ ဇာတ်လမ်းတွဲ တစ်ပိုင်းစာ ကုန်ကျစရိတ်မှာ ရုပ်ရှင်အချို့ထက်ပင် ပိုမို ဈေးကြီးနေသဖြင့် အမြတ်ရရန် လုံးဝ မဖြစ်နိုင်ပါချေ။

ဖုန်းယွီ၏ ယခင်ဘဝ အမှတ်ရမှုအရ S.H.I.E.L.D. ဇာတ်လမ်းတွဲ တစ်ရာသီစာ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ဒေါ်လာ သန်း ၈၀ ခန့် ရှိခဲ့ပြီး၊ ထိုစဉ်ကတောင် အထူးပြုလုပ်ချက်များမှာ အဝေဖန်ခံခဲ့ရသလို၊ ဇာတ်လမ်းမှာ မစိပ်စပ်ခြင်းနှင့် အခမ်းအနားများမှာ မခိုင်မာခြင်းတို့ ရှိခဲ့သည်။

၎င်းတို့က တစ်ပိုင်းကို ထုတ်လုပ်မှုစရိတ် ဒေါ်လာ ၄ သန်းတောင် မပြည့်ပါချေ၊ ထိုအထဲတွင် ကုန်ကျစရိတ် အားလုံး ပါဝင်သလို Marvel ရုပ်ရှင်များ အကြီးအကျယ် အောင်မြင်နေသည့် အချိန်လည်း ဖြစ်သည်။ အခု ခင်ဗျားက တစ်ပိုင်းကို တခြားသူတွေထက် လေးဆလောက် ပိုသုံးမယ်ဆိုရင် ဘယ်လိုလုပ်ပြီး အမြတ်ရမှာလဲ။

အကယ်၍ တစ်ပိုင်းစာ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ဒေါ်လာ ၅ သန်းအထိ လျှော့ချနိုင်မည်ဆိုလျှင်တော့ ဖုန်းယွီ စဉ်းစားဦးမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရုပ်သံဇာတ်လမ်းတွဲဆိုသည်မှာ ပြသသည့် အချိန်က ပိုရှည်သလို၊ ပြန်လည်ပြသခွင့် မူပိုင်ခွင့်များ၊ အလင်းပြား ရောင်းချမှုများမှတစ်ဆင့် အရင်းကျေနိုင်ပါသည်။ အကယ်၍ Star Wars၏ နောက်ဆက်တွဲ ပစ္စည်းများကိုပါ တွန်းအားပေးနိုင်မည်ဆိုလျှင်တော့ ငွေရနိုင်ပေလိမ့်မည်။

သို့သော်လည်း ဒေါ်လာ သန်း ၂၅၀ ခန့် ရင်းနှီးမြှုပ်နှံပြီး၊ နှစ်နှစ် သုံးနှစ်ခန့် အချိန်ယူရမည်။ ထို့နောက်မှ စာရင်းအရ အမြတ်က သန်း ၂၅ ခန့်သာ ရမည်ဆိုလျှင်တော့၊ ငွေကြေးဖောင်းပွမှုကို နှုတ်လိုက်လျှင် အရှုံးပင် ဖြစ်သည်။ ရုပ်သံဇာတ်လမ်းတွဲမှတစ်ဆင့် ရုပ်ရှင်ထက် ပိုမို ငွေရှာရန်မှာ ခက်ခဲလှပေသည်။ ချန်နယ် အမြောက်အမြားတွင် တစ်ပြိုင်တည်း ပြသနိုင်လျှင်တော့ တစ်မျိုးဖြစ်နိုင်သော်လည်း၊ ထိုသို့လုပ်လျှင်လည်း ပထမဆုံး ပြသခွင့် မူပိုင်ခွင့်က ဈေးမရနိုင်ပြန်ပါချေ။

"ဒါကြောင့်ပဲ သူက ကိုယ်တိုင် ရင်းနှီးမြှုပ်နှံချင်တာလား။ ပြီးတော့ ကုမ္ပဏီ ရှယ်ယာတွေကို ရောင်းပြီး ဘဏ်ကနေ ငွေမချေးဘူးဆိုတာက…" ခါမီဒါ မာဆာအိုတစ်ယောက် မယုံကြည်နိုင်လောက်အောင် ခံစားနေရသည်။ ချေးငွေ အတိုးနှုန်းက မြင့်မားနိုင်စေဦးတော့ မိမိကိုယ်တိုင် တည်ထောင်ခဲ့သည့် ကုမ္ပဏီ ရှယ်ယာများကို ရောင်းချခြင်းထက်စာလျှင် ငွေချေးခြင်းကိုသာ လူအများစုက ရွေးချယ်ကြမည် မဟုတ်ပါလော။

သို့သော်လည်း ရဲလ်ဖ်က လူကပ်စ်ကို ကမ်းလှမ်းထားသည့် ဈေးနှုန်းမှာ အတော်ပင် မြင့်မားလှသဖြင့် ထိုအချက်ကပင် သူ့အား ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"ဒါဆိုရင် Lucasfilmကို သူတို့က ဘယ်လိုဈေးနဲ့ ရောင်းမှာလဲ” ဖုန်းယွီက မေးလိုက်သည်။

"ကျွန်တော်တို့ရဲ့ စစ်ဆေးချက်တွေအရ Lucasfilm ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂.၆ ဘီလီယံလောက် ရှိပါတယ်။ ကျွန်တော်တို့က အဓိက ရှယ်ယာရှင် ဖြစ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ဒေါ်လာ ၁.၈ ဘီလီယံလောက် သုံးရပါလိမ့်မယ်၊ ဒါဟာ Lucasfilm ရဲ့ ရှယ်ယာ ၆၇ ရာခိုင်နှုန်းကို ဈေးပိုပေးပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်" ရဲလ်ဖ်က လေးလေးနက်နက် တင်ပြလာသည်။

တစ်ပြိုင်တည်းမှာပင် ရဲလ်ဖ်က အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။ ဤငွေများကို Wind-Rain Holdings Groupအနေဖြင့် သေချာပေါက် ထုတ်ပေးနိုင်သော်လည်း ဤမျှအထိ ရင်းနှီးမြှုပ်နှံမည်ဆိုပါက အကျိုးအမြတ်က မည်မျှအထိ ရမှ တွက်ခြေကိုက်မည်နည်း။

ဥပမာအားဖြင့် ဒေါ်လာ ၁.၈ ဘီလီယံ တူတူ ရင်းနှီးမြှုပ်နှံသည့်အခါ၊ လုပ်ငန်းတစ်ခုက သုံးနှစ်အတွင်း ၁.၈ ဘီလီယံ ပြန်ရမည်။ နောက်တစ်ခုက သုံးနှစ်အတွင်း ၁ ဘီလီယံသာ ပြန်ရမည်ဆိုလျှင် နှစ်ခုစလုံးက ငွေရနေသည်မှာ မှန်သော်လည်း နှိုင်းယှဉ်ကြည့်လိုက်သည့်အခါတွင်တော့ ၈ သန်းခန့် ရှုံးနေသလိုမျိုး ခံစားရစေမည်ဖြစ်သည်။

နောက်ထပ် ဒေါ်လာ ၁.၈ ဘီလီယံ၊ ဖုန်းယွီအနေဖြင့်လည်း ငါ အခု အကြီးအကျယ် ဆော့မိနေပြီလားဟု တွေးမိသွားရသည်။ Sony ဖျော်ဖြေရေး နယ်ပယ်ချဲ့ထွင်မှုကို တားဆီးရန်အတွက် MGM ကို ဝယ်ယူခဲ့သည်။ ထို့နောက် ရုပ်ရှင်ရုံကွင်းဆက်များကို ဝယ်ယူခဲ့သည်၊ ယခုလည်း Weta Digital တွင် ရှယ်ယာဝင်ရန် စဉ်းစားနေပြန်ပြီ။ ယခု Lucasfilm ရဲ့ ရှယ်ယာတွေကိုပါ အနည်းဆုံး ဒေါ်လာ ၁.၈ ဘီလီယံဖြင့် ဝယ်ယူမည်ဆိုလျှင်တော့ Sony၏နယ်ပယ်ချဲ့ထွင်မှုကို တားဆီးရန်အတွက် အမှန်တကယ် သုံးစွဲရသည့် ပမာဏမှာ ဒေါ်လာ ၁၀ ဘီလီယံ ကျော်သွားပြီ ဖြစ်သည်။

၎င်းမှာ ဖုန်းယွီ မျက်စိကျနေသည့် Marvel Entertainmentကို မထည့်တွက်ရသေးသည့် အခြေအနေသာ ရှိပါသေးသည်။ အကယ်၍ ထိုကုမ္ပဏီကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင်တော့ ကိန်းဂဏန်းများမှာ ပို၍ပင်အံ့ဩစရာ ကောင်းလာပါလိမ့်မည်။

"Boss... ဒါကို တော်လိုက်ကြရအောင်လား… ကျွန်တော်တို့ ရှယ်ယာ အနည်းငယ်ပဲ ပါဝင်ကြရအောင်။ ကျွန်တော်တို့ Wind-Rain Holdings Group ရဲ့ နာမည်နဲ့တင် ရှယ်ယာ အနည်းငယ်ပဲ ပိုင်ဆိုင်ထားရင်တောင်မှ စကားပြောပိုင်ခွင့်က အများကြီး ရှိနေမှာပါ" ခါမီဒါ မာဆာအိုက အကြံပြုလိုက်သည်။

"ဟင့်အင်း... သူက ငါတို့ကို အဓိက ရှယ်ယာရှင် ဖြစ်ခွင့်ပေးထားမှတော့၊ အဓိက ရှယ်ယာရှင်ပဲ လုပ်လိုက်ကြတာပေါ့။ ဒေါ်လာ ၁.၈ ဘီလီယံ ဟုတ်လား၊ ဝယ်လိုက်ကွာ"

ဤဒေါ်လာ ၁.၈ ဘီလီယံမှတစ်ဆင့် Lucasfilm ကို ထိန်းချုပ်နိုင်မည်။ ထိုမှတစ်ဆင့် Industrial Light & Magic ကိုလည်း သွယ်ဝိုက်၍ ထိန်းချုပ်နိုင်မည်၊ ဤစီးပွားရေးမှာ သေချာပေါက် ငွေရစေရမည်။

"ဒါဆိုရင် Marvel Entertainment ကိုရော ဆက်ပြီး ဝယ်ဦးမှာလား။ Weta Digital ကိုရော ဆက်ပြီး ဝယ်ဦးမှာလား” ခါမီဒါ မာဆာအိုက အတည်ပြုချက် ရယူရန် မေးလိုက်သည်။

"ဆက်ပြီး ဝယ်မယ်၊ ငါတို့ရဲ့ လုပ်ငန်းပမာဏကို ချဲ့ထွင်မယ်။ ပြီးရင် အဲဒါတွေအားလုံးကို စုစည်းပြီး Wind-Rain Entertainment Group ကို တည်ထောင်မယ်။ Wind-Rain Games ကိုလည်း ဒီအုပ်စုရဲ့ လက်အောက်ထဲကို ထည့်သွင်းမယ်။ ပြီးရင် သြဇာညောင်းတဲ့ ရုပ်သံဌာန အချို့ကိုလည်း ထပ်ဝယ်ယူပြီး လက်အောက်မှာ ထားရှိမယ်။ ပြီးရင် ဖျော်ဖြေရေး အုပ်စုကြီး တစ်ခုအဖြစ် ဖော်ဆောင်မယ်!"

******

All Chapters