အခန်း (၄၄၈-၄၅၀)
Vol. 30 Ch. 448-450
(448)ရောက်လာပြီ
လွန်ခဲ့သော မိနစ်နှစ်ဆယ်ကို ပြန်သွားကြည့်ရလျှင်... ဂရိတ်တိုင်းပြည်၏လက်အောက်ခံနယ်မြေတစ်ခုဖြစ်သော တိုင်းပြည်ငယ်လေး၌ များစွာသောအိမ်ငယ်လေးများကို မီးလျှံများတောက်လောင်ဝါးမြိုနေ၏။
ထိုမီးလောင်မှုကြောင့် ဒေသခံလူများသည်လည်း အသည်းအသန်ပြေးလွှားနေကြ၏။
သူတို့သည် မိမိတို့အိမ်များ မီးလောင်သောကြောင့် ပြေးသည်ထက်ပိုသော အကြောင်းရင်း ရှိကြ၏။
ဤသည်မှာ မိမိတို့နေရာများသို့ မီးတောက်များ အဆက်မပြတ်ကျဆင်းလာသောကြောင့်ပင်ဖြစ်လေသည်။
ထိုမီးတောက်များကြောင့် သေဆုံးသော လူများကလည်း မနည်းမနောပင်။
ဒေသခံများပြေးလွှားနေချိန် ကောင်းကင်ပေါ်၌ လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။
"ဝီး"
တိုင်းပြည်အတိုက်ခံရသည်ဟု သတင်းရသောကြောင့် ရန်သူအား မြန်ဆန်စွာရှာဖွေနိုင်ရန် တိုက်လေယာဥ်နှစ်စင်းသည် ဝေဟင်ယံ၌ လှည့်ပတ်ပျံသန်းလာ၏။
ထိုလေယာဥ်နှစ်စင်းသည် တအောင့်မျှကြာသောအခါ လေပေါ်၌ လူနှစ်ယောက်သည် ရပ်နေကြကြောင်း တွေ့လိုက်ကြသည်။
ထိုလူနှစ်ယောက်၏ကျောဘက်တွင် အနီရောင့်အရောင်ရှိသော ချာက္ကရာအတောင်ပံများလည်း ရှိနေ၏။
"ပစ်မှတ်ကို တွေ့ပြီ...ပစ်ခတ်ပါ"
"ပစ်ကြ"
တိုက်လေယာဥ်နှစ်စင်းသည် ရန်သူအားတွေ့သည်နှင့် တုံ့ဆိုင်းနေခြင်းမရှိ ပစ်ခတ်လိုက်ကြသည်။
"ဒက်...ဒက်...."
"ဝှီး"
လေယာဥ်၌ပါသော စက်သေနတ်များနှင့် ဒုံးကျည်များကို အသုံးပြုပစ်ခတ်လိုက်ကြ၏။
ထိုသို့သောပစ်ခတ်မှုများကြောင့် အပစ်ခံရသော နေရာတစ်ဝိုက်သည် မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းထားလေသည်။
သို့သော်လည်း မီးခိုးများပျောက်ကွယ်သွားသောအခါ ထိုလူနှစ်ယောက်သည် ထိခိုက်ခြင်းမရှိကြောင်း တိုက်လေယာဥ်မှူးများသိရှိလိုက်ရပေသည်။
"သူတို့ကို သတ်လို့မရဘူး အထက်ကိုသတင်းပို့ပါ"
"ကျနော့်ကို ထိသွားပြီ.....ထိသွားပြီ"ထိုအသံများနှင့်အတူ တိုက်လေယာဥ်များသည် တိုက်ခိုက်ခြင်းခံလိုက်ရ၏။
တိုက်ခိုက်ခံသော တိုက်လေယာဥ်နှစ်စင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ပျက်ကျပေါက်ကွဲသွားလေတော့၏။
"ဒီကောင်တွေက စွန်ရဲအင်ပါယာကို ကူပေးတယ်ဆိုတဲ့တိုင်းပြည်က လား"
လေထဲ၌ရှိနေသော လူနှစ်ယောက်သည် လေယာဥ်ပျက်ကျသွားရာ သို့ကြည့်ကာ မထီမဲ့မြင်ဆိုလိုက်ကြသည်။
"တော်တော်လေး ပျော့ဖတ်နေတာပဲ ငါရဲ့တိုက်ခိုက်မှုတစ်ချက်စာကို မခံနိုင်ဘူး"
လေထဲ၌ ရပ်နေသော သူများသည် မြွေဟောက်အင်ပါယာမှ လာသော မာစတာအဆင့်စစ်သည်တော် နှစ်ယောက်ဖြစ်သည်။
ထိုနှစ်ယောက်ကို မြွေဟောက်အင်ပါယာ၌ မြွေပွေးနှင့် မြွေဟောက် ဟူ၍ သိရှိကြသည်။
ထိုနှစ်ယောက်သည် မြွေများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းအောင် တိုက်ခိုက်တတ်သောကြောင့် နာမည်ကြီးသော စစ်သည်တော်များလည်း ဖြစ်သည်။
လက်ရှိအချိန်၌ သူတို့နှစ်ယောက်သည် ဂရိတ်တိုင်းပြည်၏လက်အောက်ခံနယ်မြေအား လာရောက်ပြီး တိုက်ခိုက်ရသည့်အကြောင်း ရှိ၏။
ထိုအကြောင်းရင်းမှာ စွန်ရဲအင်ပါယာသည် ယခင်က လေယာဥ်များအသုံးပြုပြီး မြွေဟောက်အင်ပါယာအား တိုက်ခိုက်ခဲ့သောကြောင့် မြွေဟောက်အင်ပါယာအနေဖြင့် များစွာအထိနာခဲ့ရသည်။
စစ်သည်တော်များရှိရာ မြို့များသည် ဗုံးကြဲမှုကြောင့် သေဆုံးသွားခဲ့ရသလို လျော်ကြေးပါပေးခဲ့ရသောကြောင့် မြွေဟောက်အင်ပါယာအနေဖြင့် စစ်အင်အားအပြင် ဘဏ္ဍာရေးပါ ထိခိုက်နစ်နာခဲ့ရသည်ဖြစ်သည်။
ထို့ကြောင့် အခဲမကြေဖြစ်ပြီး စုံစမ်းစစ်ဆေးခဲ့သည်။
ထိုစုံစမ်းစစ်ဆေးမှုကြောင့် အချိန်တစ်ခုကြာသောအခါမှ စွန်ရဲအင်ပါယာအသုံးပြုနေသော ထူးဆန်းသောအမျိုးမည် မသိသော လက်နက်များသည် ဂရိတ်တိုင်းပြည်လေးမှ လာကြောင်း သတင်းရရှိခဲ့ကြသည်။
သတင်းရရှိသောအခါ မြွေဟောက်အင်ပါယာသည် အလွန်ဒေါသထွက်သွားခဲ့သည်။
ထို့ကြောင့် ဒေါသထွက်သည်ကို ဖြေဖျောက်သည့်အနေဖြင့် မိမိအင်ပါယာမှ မာစတာအဆင့်စစ်သည်နှစ်ယောက်အား စေလွှတ်သည်။
ထို့ကြောင့် မြွေပွေးနှင့်မြွေဟောက်သည် ဂရိတ်တိုင်းပြည်၏လက်အောက်ခံနယ်မြေဖြစ်ကြောင်းသိသည်နှင့် ကောင်းကင်ပေါ်မှ နေ၍ မီးတောက်များဖြင့် ပစ်ချပြီး မီးလောင်တိုက်သွင်းသည်လည်းဖြစ်သည်။
မီးလောင်တိုက်သွင်းနေစဥ် ရုတ်တရက်ပေါ်လာသော တိုက်လေယာဥ်နှစ်စင်းကြောင့် ခေတ္တမျှ ကြောင်ကြည့်မိကြ၏။
ထိုတိုက်လေယာဥ်နှစ်စင်းမှ တိုက်ခိုက်လာမှုကြောင့် မြွေပွေးသည် သူ၏ချာက္ကရာတိုက်ခိုက်ချက်နှစ်ချက်တည်းဖြင့် တိုက်ခိုက်ခဲ့သည်ဖြစ်ရာ တိုက်လေယာဥ်နှစ်စင်းမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။
"ရန်သူကအဆင့်မြင့်လွန်းတယ် မလွယ်လှဘူး"
မြေပြင်ပေါ်ရှိ အဆောက်ဦးတစ်ခုထဲ၌ ရှိနေသော စစ်သည်တစ်ယောက်မှ တီးတိုးပြော၏။
"မင်းးပြောသလိုပဲ သူတို့က မာစတာအဆင့်က စစ်သည်တွေ ဖြစ်နိုင်တယ် ဒါပင်မဲ့ ငါတို့ကိုဘာလို့အခုလိုတိုက်ခိုက်ရတာလဲ"
ထိုစစ်သည်များသည် ဂရိတ်တိုင်းပြည်မှ စစ်သည်များဖြစ်ပြီး ရွှေအဆင့်သို့ ရောက်ရှိနေသောသူများဖြစ်သည်။
ထိုစစ်သည်များသည် ဂရိတ်တိုင်းပြည်၏လက်အောက်ခံနယ်မြေများအား ကြည့်ရှု့စစ်ဆေး ကာကွယ်ပေးရန်အတွက် ရောက်ရှိနေကြသူများဖြစ်သည်။
ရွှေအဆင့်ဟူသည် လက်ရှိနယ်မြေအတွက် မြင့်သည်ဟုဆိုနိုင်သည်။
ထို့ကြောင့် ဂရိတ်တိုင်းပြည်မှ လက်အောက်ခံနယ်မြေအား ထိန်းသိမ်းစောင့်ကြည့်နိုင်ရန်အတွက် ရွှေအဆင့်စစ်သည်တော်များကို စေလွှတ်ထားသည်ဖြစ်၏။
ရန်သူလာများလာရောက်တိုက်ခိုက်ခြင်းခံရသည်နှင့် ပြန်လည်တိုက်ခိုက်ရန် ကြံစည်သေး၏။
သို့သော်လည်း အစွမ်းထက်လှသော တိုက်လေယာဥ်နှစ်စင်းပင် ပျက်ကျသွားကြောင်း တွေ့ရသောအခါ တိုက်ခိုက်ရန်ကို လျော့လိုက်လိုက်ပြီး မီးတောက်များကျဆင်းမှုကြောင့် ပြေးလွှားနေသော ဒေသခံများကိုသာ ကူညီပေးလိုက်ကြသည်။
ကူညီပေးသော စစ်သည်တော်များထဲမှ လေးငါးယောက်သည် လက်ရှိအဆောက်ဦးထဲ၌ ရှိနေကြသည်ဖြစ်သည်။
ဂရိတ်တိုင်းပြည်ဘုရင်ဖြစ်သည့် ဂျိတ်သည် မလိုအပ်ပဲ အသေခံမတိုက်ရန် ပြောကြားထားသည်လည်းဖြစ်သောကြောင့် ယခုလုပ်ရပ်က အပြစ်မဆိုနိုင်ပေ။
"သတင်းပို့ထားပြီလား"
"ပို့ထားပြီ လွန်ခဲ့တဲ့ငါးမိနစ်ကပဲ"
ရွှေအဆင့်စစ်သည်တော်များ စိတ်ထဲလေးလံနေဆဲပင်။
သတင်းပို့ထားပြီဖြစ်သော်လည်း ဂရိတ်တိုင်းပြည်နှင့် လက်ရှိနေရာသည် မိုင်ပေါင်းများစွာကွာဝေးနေသေးသည်ဖြစ်၏။
ထို့ကြောင့် သတင်းရရှိပြီး စစ်ကူလာနိုင်ရန် တစ်ရက်ထက်မက ကြာမြင့်နိုင်သေးသောကြောင့် ဖြစ်သည်။
"မင်းတို့က ဒီထဲဘာလုပ်နေတာလဲ"
ထိုအသံနှင့်အတူ ရွှေအဆင့်စစ်သည်တော်များရှိရာ အဆောက်ဦး၏ခေါင်မိုးသည် ပွင့်ထွက်သွားလေသည်။
"ဟင်"
အဆောက်ဦးထဲ၌ရှိနေသော ရွှေစစ်သည်တော်များသည် မိမိတို့တည်နေရာပေါ်သွားကြောင်း သိလိုက်ပြီး ကြောက်ရွံ့သွားကြသည်။
လေထဲ၌ရပ်နေသော လူနှစ်ယောက်ထဲမှ တစ်ယောက်သည် သူ၏ချာက္ကရာကိုအသုံးပြုပြီး ဧရာမလက်ကြီးအသွင်ဖန်တီးပြီး ရွှေအဆင့်စစ်သည်များရှိရာ အဆောက်ဦးခေါင်မိုးကို ဖျက်စီးလိုက်သည်လည်းဖြစ်၏။
ခေါင်မိုးအား ဖျက်စီးပြီးသည်နှင့် ထိုလက်ကြီးဖြင့် အဆောက်ဦးထဲ၌ ရှိနေသော ဂရိတ်တိုင်းပြည်မှ ရွှေအဆင့်စစ်သည်များအား ဖမ်းချုပ်လိုက်သည်။
ဂရိတ်စစ်သည်များမှာ အဆင့်များစွာ ကွာဟနေမှုကြောင့် ထိုလက်ကြီးမှ ရုန်းထွက်နိုင်ခြင်းမရှိခဲ့ပေ။
လေထဲ၌ရှိသော စစ်သည်နှစ်ယောက်သည်ထိုဧရာမလက်ကြီးကို လေထဲသို့ ပင့်တင်လိုက်ပြီး စစ်ဆေးမေးမြန်း၏။
"မင်းတို့တိုင်းပြည်က ငါတို့မြွေဟောက်အင်ပါယာကို စရဲတဲ့အကျိုးဆက်ကို မသိဘူးလား"
ထိုသို့ပြောဆိုမှုကြောင့် ဂရိတ်တိုင်းပြည်ရှိရွှေအဆင့်စစ်သည်တော်များသည် ခေတ္တမျှတွေဝေသွားကြ၏။
နောက်မှ စဥ်းစားရင်းပြန်သတိရလာပြီး ဟားတိုက်ရယ်မောရင်း
"ကျနော်တို့အဲ့အကျိုးဆက်တော့ မသိဘူး ဒါပေမဲ့ အခု ဂရိတ်တိုင်းပြည်လက်အောက်က နယ်မြေကို အခုလိုဖျက်စီးပြီး လူသတ်တဲ့အတွက် ခင်ဗျားတို့ဒုက္ခ ခံစားကြရလိမ့်မယ်"
ထိုသို့သောပြောဆိုမှုကြောင့် မြွေဟောက်အင်ပါယာမှ စစ်သည်နှစိယောက်လည်း ဒေါသထွက်သွားပြီး
"မလောက်လေးမလောက်စားကောင်တွေကများ"
မြွေပွေးသည် ၎င်းတို့အားဖမ်းချုပ်ထားသောဧရာမလက်ကြီးကို အတင်းဖိညစ်စေလိုက်သည်။
"ဟင်"
ထိုသို့ဖိညစ်မှုကြောင့် ဂရိတ်တိုင်းပြည်စစ်သည်များ၏ကိုယ်ခန္ဓာများ ပေါက်ကွဲသေဆုံးသွားသည်ကို မမြင်ရပဲ အလင်းတန်းတစ်ခုသာ ပေါ်လာပြီးပျောက်ကွယ်သွားကြောင်း တွေ့ရလေသည်။
"ဒီမအေဘေးတွေက အသက်ကယ်အဆောင်တွေနဲ့ဟ"
မြွေဟောက်သည် ထိုသို့ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
ဟုတ်ပေသည်။
ဂျိတ်သည် ဂရိတ်တိုင်းပြည်စစ်သည်တိုင်းအတွက် သေဘေးနှင့်ကြုံပါက အလိုလျောက် တည်နေရာရွေ့ပြောင်းအဆောင်များကို ၎င်းတို့ဝတ်ဆင်သော စစ်အင်္ကျီများ၌ တိတ်တဆိတ်ထည့်သွင်းထား၏။
ထို့ကြောင့် ဧရာမလက်ကြီးဖိညစ်သောအခါ ဖိညစ်ခံထားရသော ဂရိတ်စစ်သည်များသည် သေဆုံးခြင်းမရှိပဲ ပျောက်ကွယ်သွားရသည်ဖြစ်သည်။
"သေကြစမ်း"
မြွေပွေးသည် လွန်စွာဒေါသထွက်လာပြီး ပြေးလွှားနေသော ဒေသခံလူအုပ်များပေါ်သို့ ပိုမိုကြီးမားသော မီးတောက်များဖြင့် ထပ်မံပစ်ချလေတော့၏။
ထိုအခိုက်၌ မြန်ဆန်လှသော ဒုံးကျည်နှစ်စင်းက မြွေဟောက်အင်ပါယာမှ စစ်သည်တော်နှစ်ယောက်ထံသို့ ရောက်ရှိလာပြီး ပေါက်ကွဲသွား၏။
"ဝုန်း"
ထိုတိုက်ခိုက်မှုကြောင့် မြွေပွေးနှင့်မြွေဟောက်လည်း အနည်းငယ်လွင့်စင်သွားရ၏။
"ဘယ်သူလဲ"
မြွေပွေးနှင့်မြွေဟောက်သည် ထိုတိုက်ခိုက်မှုကြောင့် သွေးအနည်းငယ်ထွက်သည်အထိ ထိခိုက်သွားကြသည်။
ကြည့်လိုက်သောအခါ မိမိတို့နှစ်ယောက်ကို ထူးဆန်းသောအရာမှ တိုက်ခိုက်လိုက်ကြောင်း တွေ့လိုက်ကြသည်။
ထိုလေယာဥ်သည် ဦးလေးတက်၏B2ဗုံးကြဲလေယာဥ်ကြီးဖြစ်၏။
"မင်းတို့နှစ်ယောက်က ငါ့မြစ်ရဲ့နယ်မြေထဲမှ သောင်းကျန်းနေတယ်ဆိုလို့ ငါလာခဲ့တာ"
ထိုလေယာဥ်ထဲမှ ဇူးစ်သည် ပြောဆိုရင်း ထွက်လာခဲ့သည်။
ထိုအခါမှ မိမိတို့အား နှိမ်နင်းရန် ဂရိတ်တိုင်းပြည်မှ အဆင့်မြင့်စစ်သည်တော် ရောက်ရှိလာကြောင်း မြွေဟောက်စစ်သည်နှစ်ယောက်လည်း သိရှိလိုက်ကြ၏။
(449)ပေါ်လာပြီ
ဇူးစ်လည်း လေယာဥ်ပေါ်မှ ဆင်းလာပြီး သူတို့ရှေ့၌ ရပ်နေသည်ကို မြွေပွေးနှင့် မြွေဟောက်မြင်သောအခါ ပျက်ရယ်ပြုလိုက်ကြသည်။
ဂရိတ်တိုင်းပြည်လို သေးငယ်သော နေရာ၌ မာစတာအဆင့်စစ်သည်တစ်ယောက်ရှိမည်ဟု သူတို့မထင်ထားသောကြောင့်ဖြစ်သည်။
"လက်စသတ်တော့ ဂရိတ်တိုင်းပြည်မှလဲ မာစတာအဆင့်စစ်သည်တစ်ယောက်ရှိလို့ မာန်တက်နေတာပဲ"
မိမိတို့ရှေ့၌ ရပ်တန့်နေသော ဇူးစ်အား ကြည့်ပြီး ရယ်မောပြောဆိုနေကြသည်။
လက်ရှိ၌ဇူးစ်သည် ရိုးရှင်းနွမ်းပါးသော အဝတ်ကိုသာ ဝတ်ဆင်ထားပြီး စစ်သည်ချပ်ဝတ်တန်ဆာများ မပါရှိပေ။
အပြာရောင့်အရောင်ရှိသော ချာက္ကရာတောင်ပံဖြင့် လေထဲ၌ ရပ်တန့်နေသည်ဖြစ်သည်။
သူတို့နှစ်ယောက်သည် မိမိအား ပျက်ရယ်ပြုနေသည်ကို ဇူးစ်ကတော့ ပြောဆိုခြင်းမရှိ တွင်တွင်ကြီးသာ စိုက်ကြည့်နေ၏။
"မြွေပွေး ဒီအဖိုးကြီးက ငါတို့နှစ်ယောက်ကို နိုင်မယ်ထင်နေတာဟေ့ သူ့အရိုးအိုကြီးတွေနဲ့"
မြွေဟောက်၏စကားမဆုံးခင် ဇူးစ်လှုပ်ရှားလိုက်သည်။
သူ၏လက်သီးဖြင့် မြွေဟောက်ထံ မြန်ဆန်စွာ တိုးဝင်လာပြီး မြွေဟောက်၏ရင်ဘတ်သို့ ထိုးချလိုက်သည်။
"ဝုန်း"
ဒဲ့တိုးတိုက်ခိုက်မှုကြောင့် မြွေဟောက်ရှောင်ချိန်ပင်မရ အထိုးခံရပြီး နောက်သို့ လွင့်သွားလေ၏။
"မင်း"
မြွေဟောက် အထိုးခံရသောကြောင့် မြွေပွေးလည်း ဇူးစ်အား ခြေထောက်ခြင်း ကန်၏။
ထိုကန်ချက်ကြောင့် ဇူးစ်လည်း နောက်သို့ သုံးပေမျှ ဆုတ်သွားရ၏။
"လူငယ်လေး မင်း အားမရှိဘူးလား အစားစာလေးလဲ စားအုံးလေ"
ဇူးစ်သည် မြွေပွေးအား ပြက်ရယ်ပြု၏။
မိမိကန်ချက်ကြောင့် အဖိုးကြီးသည် အနည်းငယ်သာလွင့်သွားကြောင်း တွေ့သောအခါ မြွေဟောက်ရှိရာသို့ မြန်ဆန်စွာ နောက်ဆုတ်သွား၏။
"မြွေပွေး သတိထား အဲ့အဖိုးကြီးက တစ်ခုခုပဲ "
"ငါသိတယ် ငါတို့ပေါ့ဆလို့မရတော့ဘူး"
မြွေဟောက်သည် လက်သီးတစ်ချက်ထိုးချက်ကြောင့် သွေးတစ်လုတ် အန်ကာပြောလိုက်သည်။
မြွေဟောက်ပြောစကားကို မြွေပွေးလက်ခံသည်။
မိမိ၏ကန်ချက်သည် အဆင့်တူခြင်း ယှဥ်ကန်လျှင်ပင် တစ်ဖက်သားအား ကျိုးပဲ့စေနိုင်သော်လည်း ထိုအဖိုးကြီးမှာ အနည်းငယ်သာ လွင့်စင်သွားသည်က သာမန်မဟုတ်ကြောင်း ဖော်ပြနေသည်။
"တိုက်"
မြွေပွေးနှင့် မြွေဟောက်သည် တစ်ပြိုင်တည်း ဇူးစ်အား တိုက်ခိုက်လိုက်ကြသည်။
တစ်ချိန်တည်း၌ နှစ်ယောက်ဟူသောအရေတွက်ဖြင့် တစ်ယောက်တည်းဖြစ်သော ဇူးစ်အား အသာစီးဖြင့် အနိုင်ပိုင်းရန် ဆုံးဖြတ်ထားကြပြီဖြစ်သည်။
"ဟားဟား....ဘယ်ဆိုးလို့လဲ မင်းတို့က"
ဇူးစ်လည်း တက်ကြွလာပြီး ပြန်လည်တိုက်ခိုက်၏။
လေထုထဲ၌ အင်အားကြီးသော စစ်သည်တော်သုံးယောက် တိုက်ခိုက်သောအခါ ကြောက်ခမန်းလိလိ အသံများ ထွက်ပေါ်လာတော့၏။
"ဟင် စစ်ကူရောက်လာမြန်လှချီလား"
မြွေပွေးနှင့်မြွေဟောက် သတိမထားမိသောကြောင့် ဂရိတ်တိုင်းပြည်ရွှေအဆင့်စစ်သည်တစ်ယောက် သည် ထိုအနား၌ ကျန်ခဲ့သည် ဖြစ်သည်။
စစ်ကူရောက်သည်ဟု သူတပ်အပ်ပြောနိုင်ခြင်းမှာ လေထုတစ်နေရာ၌ ဂရိတ်တိုင်းပြည်၏အမှတ်သားတံဆိပ်ဖြင့် ရပ်နေသော ဗုံးကြဲလေယာဥ်ကြီးကို သူမြင်လိုက်သောကြောင့်ပင် ဖြစ်သည်။
သူသည် လေထဲ၌ သုံးယောက်သား တိုက်ခိုက်နေသည်ကို ကြည့်ပြီး ကြက်သီးမွှေးညင်းများပင် ထလာ၏။
သူတို့သုံးယောက်သည် လေထု၌သာ တိုက်ခိုက်နေသည်ဖြစ်သော်လည်း မြေပြင်ပေါ်ရှိ သူ့အားပင် ကြောက်မက်ဖွယ်ပေါက်ကွဲမှုများ၏သက်ရောက်မှု ရှိနေဆဲ ဖြစ်သည်။
ငါးမိနစ်ကြာသွားပြီး ဖြစ်သော်လည်း လေထုထဲ၌ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများက ပြီးခြင်းမရှိသေးပေ။
ချာက္ကရာစွမ်းရည်အသုံးပြုခြင်းမရှိ ရုပ်ခွန်အားချည်းကိုသာအသုံးပြုပြီး တိုက်ခိုက်နေကြဆဲ ဖြစ်သော်လည်း တန်ခြောက်ထောင် ပမာဏရှိ ခွန်အားများသည် ပေါ့သေးသေးမဟုတ်နေရာ ထိုလေထု၏အနီးနား၌ ရှိကုန်သော လူများစွာသည် ဝေးရာသို့ ပြေးသွားကြပြီဖြစ်သည်။
နာရီဝက်မျှကြာသောအခါ တိုက်ခိုက်နေသည်ကို ရပ်တန့်ပြီး တစ်ဖက်ကို တစ်ဖက် အခြေနေ ကြည့်အကဲဖတ်လိုက်ပြန်သည်။
"အဖိုးကြီး ခင်ဗျားအရိုးက မာသားပဲ
""လူငယ်လေးတွေ ဖြစ်ပြီး အားကိုမရှိဘူး"
တစ်ဖက်နှင့် စကားနာထိုးနေကြသော်လည်း အမှန်တကယ်သည် အစောပိုင်း၌ တိုက်ခိုက်မှုကြောင့် ရလာသော ရန်သူ၏အချက်လက်များကို စီစစ်အကဲဖြတ်နေကြသည်ဖြစ်သည်။
("လခွမ်း အဖိုးကြီးက တစ်ယောက်တည်းမို့ တော်တော့တယ် ငါတို့နှစ်ယောက်ပေါင်းချတာကို ဖြုံကိုမဖြုံဘူး")
("အေဟုတ်တယ်")
("ဒီအဖိုးကြီးက ဘယ်ကနေရောက်လာတာလဲ အဲ့တိုင်းပြည်မှာ ရှိတယ်လို့တော့ ငါမကြားမိဘူး")
မြွေပွေးနှင့် မြွေဟောက်သည် စိတ်ချင်းဆက်သွယ်ပြောဆိုလိုက်ကြသည်။
သူတို့နှစ်ယောက်၏အကြောင်းကို သူတို့အသိဆုံးသာ ဖြစ်၏။
မာစတာအဆင့်တစ်ဆယ့်သို့ ရောက်ရှိနေသော သူတို့၏ခွန်အားသည် တန်ခြောက်ထောင်အထိ ပြင်းထန်၏။
နှစ်ယောက်ပေါင်းပြီး တစ်ပြိုင်တန်းတိုက်ခိုက်သောအခါ တန်တစ်သောင်းနှစ်ထောင်သော ပြင်းအားကို တစ်ဖက်လူက သေချာပေါက်ခံစားရသော်လည်း ယခုချိန်ထိ တည်ငြိမ်နေသောကြောင့် နှစ်ယောက်လုံး၏စိတ်ထဲ အနည်းငယ် ဒွိဟ ဖြစ်နေသည်။
သူတို့တွေးနေသလိုပင် တစ်ဖက်ရှိ ဇူးစ်လည်း တွေးနေ၏။
("ငါပဲ အပြင်မထွက်တာ နှစ်နဲ့ချီသွားလို့လား")
ဇူးစ်သည် တိုက်ခိုက်မှုကြောင့် သူ၏ကိုယ်ခန္ဓာသည် အပြင်းအထန်ထိခိုက်မှု ဒဏ်ရာများ မရရှိသော်လည်း ထုံကျင်ပြီး အနည်းငယ်မျှသော ဝေဒနါကိုတော့ ခံစားမိနေဆဲ ဖြစ်သည်။
("ကံကောင်းတာက ငါက ဂရန်းမာစတာအဆင့်မို့လို့ပေါ့ အဆင့်တူချင်းဆိုရင် ရှုံးမှာ")
ဇူးစ်သည် သူ၏ကိုယ်ခန္ဓာကို ချာက္ကရာများလှည့်ပတ်လိုက်ပြီး ပျောက်ကင်းအောင် လုပ်ဆောင်လိုက်သည်။
ထိုအခါမှ နေသာထိုင်သာရှိသွားပြီး မြွေပွေးနှင့်မြွေဟောက်ဘက်သို့ ကြည့်လိုက်သည်။
မြွေပွေးနှင့်မြွေဟောက်လည်း ဇူးစ်၏ထိုးကြိတ်မှုဒဏ်ကို ခံစားထားကြသည်ဖြစ်ရာ သက်သာစေရန်အတွက် ဆေးလုံးများ ခိုးသောက်လိုက်ကြသည်။
သူတို့၏လှုပ်ရှားမှုသည် မြန်ဆန်သော်လည်း ဇူးစ်၏အမြင်အာရုံအောက်မှ လွတ်မြောက်ခြင်းမရှိပေ။
သူတို့ဆေးသောက်သည်ကို မြင်မှသာ ဇူးစ်လည်း စိတ်သက်သာရာရသွားလေသည်။
"ကဲ သွေးပူအောင်လုပ်ပြီးပြီ ဆိုမှတော့ တကယ်ချကြတာပေါ့"
မြွေဟောက်နှင့်မြွေပွေးသည် ပြောပြောဆိုဆိုဖြင့် သူတို့၏ကျင့်စဥ်များ အသုံးပြုကာ တိုက်ကွက်များ ထုတ်လိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းအောင် မြွေတွန်သံကြီးနှင့်အတူ သူတို့ကိုယ်ထဲမှ အနီရောင့်အရောင်ရှိသော မြွေကြီးနှစ်ကောင်ထွက်ပေါ်လာလေသည်။
ထိုမြွေကြီးနှစ်ကောင်သည် သူတို့၏နာမည်အတိုင်းပင် မြွေပွေးနှင့် မြွေဟောက်ပင် ဖြစ်၏။
ထိုမြွေကြီးနှစ်ကောင်သည် အသက်ရှိသကဲ့သို့ စစ်သည်တော်နှစ်ယောက်အား ဘေးမှနေ၍ ရစ်ပတ်သွားလာနေပြီး သူတို့၏အကြည့်များသည် ဇူးစ်ပေါ်သို့ ကျရောက်နေသည်။
ဇူးစ်ကို မြွေကြီးနှစ်ကောင်မှ သတ်ဖြတ်လိုစိတ်ပြင်းပြဟန်ဖြင့် မာန်ဖီနေ၏။
"မြွေစုတ်နှစ်ကောင်က ငါ့ကိုမာန်ဖီနေသေးတယ် "
ကျင့်စဥ်ကို အသုံးပြုနောက် အသက်ဝင်သကဲ့သို့ လှုပ်ရှားပြုမှုနေသော မြွေနှစ်ကောင်ကို ကြည့်ပြီး သူတို့၏ကျင့်စဥ်သည် မည်မျှအစွမ်းထက်ကြောင်း သဘောပေါက်နားလည်လိုက်၏။
သူတို့၏ကိုယ်ခန္ဓာများသည် သလင်းကဲ့သို့ ကြည်လင်နေခြင်းကြောင့်သာလျှင် တကယ့်အစစ်မှန်မြွေများမဟုတ်ကြောင်း သိရခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ဇူးစ်သည် ပေါ့ဆနေခြင်းမရှိ သူ၏ကိုယ်ဟန်အနေထားကို အသင့်ပြင်လိုက်၏။
"တိုက်"
ထိုသို့ မြွေပွေးမှ အော်ဟစ်လိုက်သည်နှင့် သူတို့ဘေး၌ ဝဲနေသော မြွေကြီးနှစ်ကောင်သည် ချက်ချင်းပင် ဇူးစ်အနားသို့ ပြေးဝင်လာပြီး တိုက်ခိုက်လိုက်ကြသည်။
"လခွမ်းကြောက်စရာကြီး"
အနီရောင့်အရောင်ရှိပြီး မီတာသုံးဆယ်မျှ ရှည်လျားသော မြွေကြီးနှစ်ကောင်သည် ကောင်းကင်၌ ပျံသန်းနေပြီး လူတစ်ယောက်အား တိုက်ခိုက်နေသည်ကို မြင်လိုက်ရသော မြေပြင်ပေါ်မှ လူတိုင်းသည် ကြောက်လန့်သွားကြ၏။
သူတို့သည် မီးတောက်များကျဆင်းမှုကြောင့် ဝေးရာသို့ ပြေးသွားသော ဒေသခံလူများဖြစ်သည်။
တစ်ချို့သောလူများဆိုလျှင် ဒူးပင်မခိုင်တော့ပဲ ပေါ့ခွေသွားသည်အထိပင်။
သူတို့သည် တိုက်ခိုက်မှုများနှင့် အတန်ငယ်ဝေးသော နေရာ၌ ရောက်နေပြီဆိုနိုင်သော်လည်း တိုက်ပွဲ ပြင်းထန်မှုကို ခံစားမိနေဆဲ ဖြစ်သည်။
မြွေကြီးနှစ်ကောင်သည် မိမိတို့၏အစွယ်များဖြင့် ပေါက်လိုက် ကိုယ်လုံးထုထည်ဖြင့် တိုက်ခိုက်ခြင်းတို့ကို ပြု၏။
တစ်ခါတစ်ရံ မြွေမြှီးဖြင့် ရိုက်ခတ်ခြင်းနှင့် အဆိပ်များပန်းထုတ်ခြင်းပါ ပြုလုပ်သည်။
မြွေနှစ်ကောင်ကြောင့် ဇူးစ်လည်း အနည်းငယ်အလုပ်ရှူပ်သွားရလေသည်။
သူ၏ခြေထောက်၊လက်သီးများကို သုံးပြီး မြွေကြီးနှစ်ကောင်ကို ခုခံပြီး အခွင့်ရပါက ထုထောင်းတိုက်ခိုက်၏။
ထိုသို့သော တိုက်ခိုက်မှုကြောင့် မြွေကြီးနှစ်ကောင်၏ ကိုယ်ခန္ဓာနှင့် မြွေစွယ်များမှ ကျိုးကြေပဲ့ကုန်သည်။
ဇူးစ်လည်း ထိုမြွေနှစ်ကောင်ကြောင့် သူ၏စုတ်ပဲနေသော အဝတ်စားများသည် ပျက်စီးသွားကာ သူ၏သန်မာလှပြီး ကြွက်သားများဖြင့် ပြည့်နေသောအပေါ်ပိုင်းကိုယ်ခန္ဓာ ပေါ်လာလေသည်။
"သေပေတော့"
ထိုအခိုက်၌ ငြိမ်နေသော မြွေပွေးနှင့်မြွေဟောက် စစ်သည်နှစ်ယောက်သည် သူတို့၏လက်နက်များကို ကိုင်စွဲပြီးယခုမှ ဇူးစ်အား ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ဇူးစ်၏အနားသို့ ရောက်သည်နှင့် သူတို့၏လက်နက်များဖြစ်သော မီးတောက်ချိန်းကြိုးနှင့် မဲနက်နေသော မြွေနဂါးကြာပွတ်ဖြင့် ဇူးစ်အား တိုက်ခိုက်လိုက်သည်။
ထိုတိုက်ခိုက်မှုများသည် ပြင်းထန်သည်ဟု ဇူးစ်အာရုံရသောကြောင့် မြွေနှစ်ကောင်၏တိုက်ခိုက်မှုကို ကာကွယ်ခြင်းမရှိတော့ပဲ မီးတောက်ချိန်းကြိုးနှင့် မြွေနဂါးကြာပွတ်ကိုသာလျှင် လက်နှစ်ဖက်ဖြင့် ဖမ်းချုပ်လိုက်သည်။
"ဟားဟား... အဖိုးကြီး ကျုပ်တို့အကွက်ထဲဝင်သွားပြီ"
မိမိတို့၏လက်နက်များကို ဇူးစ်မှ ဖမ်းကိုင်လိုက်သည်နှင့် နှစ်ယောက်လုံးဝမ်းသာ သွားပြီး
"အမှောင်မီးတောက်"
ထိုသို့ဆိုလိုက်သည်နှင့် ဇူးစ်အား မဲမှောင်နေသော နယ်မြေတစ်ခုမှ ဖုံးလွှမ်းသွားပြီး ထိုနယ်မြေ၌ရှိနေသော မီးတောက်များက ဇူးစ်အား လောင်ကျွမ်းတော့၏။
ထို့ပြင် မြွေနှစ်ကောင်ကလည်း ထိုအမှောင်ထဲသို့ ဝင်ရောက်ပြီး ဇူးစ်အား ဝိုင်းပြီး တိုက်ခိုက်ပြန်သည်။
"ဒီအဖိုးကြီး သေပါပြီ"
မြွေပွေးနှင့်မြွေဟောက် ကျေနပ်အားရစွာ အမှောင်မီးတောက်နယ်မြေကို ကြည့်နေကြသည်။
ထိုနယ်မြေထဲသို့ ရောက်သူတိုင်းသည် သေကြရသောကြောင့်ဖြစ်သည်။
ဇူးစ်အတွက် အထူးအနေဖြင့် ထိုနယ်မြေဖြင့် အလွန်သဟဇာတဖြစ်သော မြွေကြီးနှစ်ကောင်ပါ အပိုပါဝင်တိုက်ခိုက်ခြင်းဖြစ်သည်။
မြေပြင်မှ ကြည့်နေသူသူများအတွက်ကောင်းကင်လေထုထဲ၌ အမှောင်နေရာတစ်ခုရှိနေကာ ထိုအထဲမှ မီးတောက်များ မြွေနှစ်ကောင်သည် ရံဖန်ရံခါ ပေါ်ပေါ်လာသည်ကို ကြည့်ကာ အထူးဆန်းဖြစ်နေမည်မှာ အမှန်ပင်။
"မအေဘေးတွေ သိပ်တော်တယ် ငါ့ကို စိတ်ဆိုးအောင်လုပ်နိုင်တယ်"
ထိုအသံကြီးနှင့်အတူ ကြောက်မက်ဖွယ်အော်ရာကြီး ထွက်ပေါ်လာ၏။
"ဒါ....ဒါက"
မြွေပွေးနှင့် မြွေဟောက် စစ်သည်နှစ်ယောက်လုံး လန့်သွားကြသည်။
ထိုအခါမှ အဖိုးကြီးသည် သူ၏ခွန်အားအစစ်မှန်ကို ထုတ်ဖော်လာပြီဖြစ်ကြောင်း သဘောပေါက်လိုက်၏။
(450)ဖြစ်ရပ်ဆိုးကြီး ကို အသက်သွင်းပြီ
အမှောင်ထုထဲ၌ အသံပေါင်းစုံမြည်လာ၏။
ထိုအသံများ ပိုမိုကျယ်လောင်လာလေ အမှောင်ထု၏တည်ရှိမှုသည် တဖြေးဖြေးဖြော့တော့လာ၏။
ထိုအတူ အမှောင်ထု၌ရှိနေသော မီးတောက်များလည်း လျော့ပါးသွားပြီး ထိုအထဲ၌ရှိနေသော မြွေနှစ်ကောင်လည်း လောင်ကျွမ်းပြာကျပျက်စီးသွားကြောင်း မြွေပွေးနှင့် မြွေဟောက် ခံစားမိသည်။
"ဝုန်း"
အမှောင်ထုသည် ပျက်စီးပျောက်ကွယ်သွားသည်နှင့်အတူ မိမိတို့၏မြွေနှစ်ကောင်လည်း သေဆုံးသွားကြောင်း ရိပ်မိလိုက်သည်။
ထိုမြွေနှစ်ကောင်အား မိမ်တို့၏ချက္ကရာ25%ကို အသုံးပြုပြီး ဖန်တီးထားသည်လည်း ဖြစ်ရာ သူတို့သေဆုံးမှုက ဇူးစ်၏တိုက်ခိုက်မှုအစစ်မှန်လာတော့မည်ဖြစ်ကြောင်း သူတို့သိရှိလိုက်သည်။
အမှောင်ထုပျောက်သွားသောအခါ မိုးကြိုးများဖြင့် ဝန်းရံနေသော ဇူးစ်၏အသွင်ပြင်သည် ပေါ်ပေါက်လာလေသည်။
မျက်လုံးများသည် အပြာရောင်သန်းနေပြီး သူ၏တစ်ကိုယ်လုံးတွင်လည်း မိုးကြိုးများ ဝန်းရံခစားနေသည်။
"ဂ...ဂရန်းမာစတာဟ"
မြွေဟောက်နှင့် မြွေပွေးသည် ဇူးစ်သည် ဂရန်းမာစတာမှ ဖြစ်ကြောင်း လုံးဝအတည်ပြုလိုက်နိုင်သည်။
ထိုမျှပြင်းထန်သော ခွန်အားအဆင့်သည် မာစတာအဆင့်၌ ရှိသင့်ရှိထိုက်သောအရာ မဟုန်သလို ဇူးစ်၏ကိုယ်မှ ထွက်နေသော အရှိန်ဝါချက္ကရာသည် မိမိတို့၏ချက္ကရာများထက် များပြားပြီး သိပ်သည်းလှကြောင်း ခံစားမိ၏။
"ငါ့အလှည့်ပဲ "
ထိုစကားသံကြားသည်နှင့် နှစ်ယောက်လုံး ပြေးရန်ဟန်ပင်ရုံရှိသေး ဇူးစ်က သူတို့ထက် ပိုမိုမြန်နေ၏။
"နယ်မြေထွက်လာစမ်း"
"ဝုန်း"
အပြာရောင်မိုးကြိုးများတောက်ပနေသော မိုးကြိုးနယ်မြေသည် ဇူးစ်အား ဗဟိုပြုကာ ထွက်ပေါ်လာသာည်။
ထိုမိုးကြိုးနယ်မြေသည် ဇူးစ်၏အတွေးတစ်ချက်ဖြင့် ချက်ချင်းဆိုသလို ပြန့်ကားသွားပြီး မြွေပွေးနှင့် မြွေဟောက်တို့အား ဖုံးလွှမ်းပစ်လိုက်သည်။
"သေစမ်း"
မြွေပွေးနှင့် မြွေဟောက် ဆဲရေးလိုက်သည်။
ထိုနယ်မြေထဲရောက်သွားသည်နှင့် မိမိတို့၏ အာရုံငါးပါးသည် 40%အထိ လျော့ကျသွားသလို မိုးကြိုးများကြောင့် ချက္ကရာများ ထုတ်ရာ၍ အခက်ခဲများဖြစ်လာကြောင်း သိလိုက်ရ၏။
"ဖြစ်ချင်ရာဖြစ် ပြန်တိုက်ကွာ"
မိုးကြိုးနယ်မြေမှ မလွတ်မြောက်နိုင်တော့သည်ဖြစ်ရာ ပြန်လည်တိုက်ခိုက်ရန်သာ ဆုံးဖြတ်လိုက်ကာ တိုက်ခိုက်လိုက်ကြသည်။
ချိန်းကြိုးနှင့် ကြာပွတ်သည် အရှိန်ပြင်းထန်စွာဖြင့် ဇူးစ်ထံပြေးဝင်လာသည်။
သို့သော်လည်း လမ်းတစ်ဝက်၌ပင် ဇူးစ်၏မိုးကြိုးများက ထိုလက်နက်များက ကြားဖြတ်တိုက်ခိုက်လိုက်သည်။
"မင်းတို့ကျေးဇူးနဲ့ ငါစိတ်ကူးလေးတွေရသွားတယ် ဘယ်လိုစိတ်ကူးရသွားလဲဆိုတာ ငါပြမယ်"
ဇူးစ်သည် ထိုနှစ်ယောက်ထံသို့ လက်ညှိးထိုးလိုက်ပြီး
"မိုးကြိုးမြွေအမျက်ဒေါသ"
မိုးကြိုးနယ်မြေထဲ၌ရှိနေသော ဝရုန်းသုန်းဂါး ပုံစံရှိသည့်မိုးကြိုးများသည် ချက်ချင်းပင် အမိန့်ရသည့်အလား ငြိမ်သက်သွားပြီး အသွင်ပြောင်းလဲသွားကြ၏။
"ဂါး"
အပြာရောင်မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော မြွေနှစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်ဖြစ်၏။
"သေစမ်း ငါတို့ကို ပညာပြနေပြီ"
မိမိတို့သုံးခဲ့သော အကွက်ဖြင့် မိမိတို့အား ပညာပြန်ပေးနေကြောင်း မြွေပွေးနှင့် မြွေဟောက်တို့ သဘောပေါက်၏။
ကွာခြားသည်ကတော့ ဇူးစ်၏မိုးကြိုးမြွေနှစ်ကောင်သည် သူတို့၏မြွေနှစ်ကောင်ထက် အနည်းငယ်ကြီးမားပြီး ဦးခေါင်း၌ အနည်းငယ်ရှည်လျားသော ဦးဂျိုနှစ်ချောင်းပါရှိသလို လက်သည်းချွန်ထက်သော လက်သုံးချောင်းပါရှိသော လက်နှစ်ဖက်ပါဝင်လာခြင်းပင်ဖြစ်သည်။
ဤသည်က ပိုမိုအဆင့်မြင့်သော မြွေနှစ်ကောင်ဖြစ်ကြောင်း ပြောနေသယောင်ပင်။
မြွေအသွင်သို့ ပြောင်းလဲသွားပြီးဖြစ်သော မိုးကြိုးမြွေနှစ်ကောင်သည် မြွေပွေးနှင့် မြွေဟောက်ထံ ပြေးဝင်သွားတော့၏။
သူတို့နှစ်ယောက်လည်း အငြိမ်မနေပေ။
ရှိသမျှသော ခွန်အားများ၊ချက္ကရာများအသုံးပြုပြီး ပြန်လည်တိုက်ခိုက်၏။
သို့သော်လည်း မာစတာအဆင့်နှင့် ဂရန်းမာစတာအဆင့်ဟူသည် အဆင့်ကြီးတစ်ဆင့်ကွာခြားနေသည် ဖြစ်သည်။
အဆင့်ကြီးတစ်ဆင့်ကွာခြားမှုက အရေတွက်အပေါ် ကောင်းကောင်းကြီး ဖိအားပေးနိုင်စွမ်းရှိနေ၏။
နောက်ပြီး ဇူးစ်၏မိုးကြိုးနယ်မြေဖြစ်တည်သရွေ့ မိုးကြိုးမြွေများသည် သေဆုံးပါကလည်း ပြန်လည်ဖြစ်တည်လာကြ၏။
ထို့ကြောင့် မြွေပွေးနှင့် မြွေဟောက်သည် အစောပိုင်း၌ ခုခံနိုင်သော်လည်း အချိန်ကြာလာသောအခါ လက်ပန်းကျလာပြီး အားအင်ချိနှဲ့လာ၏။
ထိုသို့အားနည်းလာသောအခါမှ ဇူးစ်သည် သူ၏လက်စွဲတော် တူကြီးထုတ်ကာ နှစ်ယောက်လုံးအား အားပါးတရ ထုရိုက်တော့၏။
တိုက်ပွဲ၌ မည်သူနိုင်သည်ဟူသောအဖြေသည် တိကျရှင်းလင်းစွာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
...................
"ငါ့မြစ်လေး သူတို့ကိုခေါ်လာပြီ"
ထိုအသံကြောင့် ဂျိတ်လည်း ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ယံ၌ ပျံနေသော လေယာဥ်ထဲမှ အရာနှစ်ခုသည် မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။
ထိုအရာနှစ်ခုသည် တခြားမဟုတ် မြွေပွေးနှင့် မြွေဟောက် တို့ဖြစ်သည်။
လက်ရှိ၌ သူတို့နှစ်ယောက်သည် ဇူးစ်၏နှိပ်စက်မှုကြောင့် အညှိမဲစွဲပြီး သူတို့၏ချပ်ဝတ်တန်ဆာများသည် မိုးကြိုးများကြောင့် မီးကျွမ်း စုတ်ပျက်နေပြီဖြစ်သည်။
သူတို့၏လက်များကိုလည်း နောက်ပြန်ထား လက်ထိတ်ခတ်ထား၏။
ထိုလက်ထိတ်များသည် ချာက္ကရာအား ချိတ်ပိတ်မှုကြောင့် သူတို့နှစ်ယောက်သည် သာမန်လူအဖြစ်ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်ရှိလေယာဥ်မှ မြေပြင်သို့ ကြမ်းတမ်းစွာ ပြုတ်ကျလာမှုကြောင့် သေလုမတတ်နာကျင်ခံစားနေကြရသည်။
မာစတာအဆင့်ဖြစ်သောကြောင့် သူတို့၏ကိုယ်သည် သန်မာနေကြောင့်သာလျှင် မသေခြင်းဖြစ်သည်။
"မင်းတို့နှစ်ယောက်က ဘာဆိုင်လို့ ငါ့တိုင်းပြည်လက်အောက်ခံကို ဖျက်စီးရဲတာလဲ"
ဂျိတ်သည် သူတို့နှစ်ယောက်အား သေချာကြည့်ကာ မေးသည်။
"ဖျက်စီးရဲတာပေါ့ မင်းကများ စွန်ရဲအင်ပါယာကို ဒီအထူးဆန်းတွေရောင်းပေးပြီး ငါတို့ကို စော်ကားခဲ့တာလေ"
မြွေပွေးသည် ဂျိတ်အား မောက်မာစွာပြောဆို၏။
ထိုစကားကြောင့် သူတို့သည် မည်သည့်နေရာမှ ဖြစ်ကြောင်း ဂျိတ်သိလိုက်သည်။
မြွေပွေးမှ ဆက်လက်ပြီး
"ပြီးတော့ မင်းတို့ပိုပြီးနာကျင်ရမှာ အဖိုးကြီးနဲ့တိုက်ခိုက်နေသတည်းကအမှတ်သားစာရွက်ကို အသုံးပြုပြီးပြီ အဲ့ဒါက မင်းတို့တိုင်းပြည်သားတွေ ထပ်သေဦးမှာ"
ဖမ်းခံထားရသော်လည်း ထိုနှစ်ယောက်သည် မောက်မာနေဆဲ ဖြစ်သည်။
"အရှင် သတင်းရလာပါတယ် လွန်ခဲ့တဲ့ မိနစ်သုံးဆယ်မှာ ကျနော်တို့လက်အောက်ခံနယ်မြေတခုက လူစုလူဝေးရှိတဲ့နေရာမှာ သွေးချောင်းစီးလူသတ်ခံရမှုဖြစ်ပွားခဲ့ပါတယ် လူပေါင်း ငါးထောင်ကျော်သေခဲ့တယ် သတ်တဲ့လူတွေက ဒိုင်းမွန်းအဆင့်ကပါအရှင်ရဲ့ဦးလေးတက်က သတ်တဲ့လူဆယ့်တစ်ယောက်မှာ ဆယ်ယောက်ကို အရှင် ကျန်တစ်ယောက်ကို အသေဖမ်းမိပါတယ် သူတို့က မြွေဟောက်အင်ပါယာကလို့ သိရပါတယ်"
ထိုသတင်းကြားရသောအခါ ဂျိတ်၏မျက်နှာ ၌ ဒေါသထွက်လာသည်။
ထိုအမှုရာကို မြင်လိုက်သော မြွေပွေးနှင့် မြွေဟောက်သည် ဂျိတ်အား ဝမ်းသာအားရ လှောင်ရယ်မောနေကြသည်။
မြွေပွေးမြွေဟောက် နှစ်ယောက်၏လက်ချက်ကြောင့် လူနေအိမ်များနှင့် လူ့အသက်ပေါင်း တစ်ထောင့်ရှစ်ရာ နီးပါး သေဆုံးပြီး နောက်ထပ်ရောက်လာသောသတင်း၌ ငါးထောင်ကျော် သေဆုံးခဲ့ရလေသည်။
ထိုပမာဏသည် ကပ်ဆိုးကြီးဖြစ်သည့်နောက်ပိုင်းကာလ တွင် အသေဆုံးဟုပင် သတ်မှတ်၍ ရသည်အထိပင် ဆိုးဝါးလှသည်။
"ကောင်းပြီ မင်းတို့က အခုလိုလုပ်ရဲတယ်ဆိုမှတော့ ငါကလဲ ဘာလို့မလုပ်ရဲမှာလဲ"
ဂျိတ်၏ဒေါသထွက်နေသော အမူရာမှ ပြုံးပျော်နေသောအသွင်သို့ ပြောင်းလဲသွားသည်။
"စစ်သည်တော် ဦးလေးတက်ကို ပြောလိုက် သူဖမ်းမိလာတဲ့ စစ်သည်ဆယ်ယောက်ကို ငါ့လေယာဥ်ဆီ ပို့လိုက်ပါလို့ ပြီးတော့ ငါ့ရှေ့က ဒီနှစ်ကောင်ကိုလည်း လေယာဥ်ပေါ်တင်လာခဲ့"
ဂျိတ်၏အမိန့်ပေးမှုအောက်၌ စစ်သည်တော်လည်း အသေချာလိုက်နာဆောင်ရွက်၏။
မြွေဟောက်နှင့် မြွေပွေးသည်ဂျိတ်၏ပြုံးရွှင်သောအမူရာနောက်ပိုင်း သူ၏ပါးစပ်မှ ထွက်ပေါ်လာသော စကားများသည် မိမိတို့အတွက် ကြီးမားသော ဆိုးဝါးမှုကြီး ဖြစ်စေနိုင်ကြောင်း အဘယ်ကြောင့် မသိစိတ်မှ ခံစားမိမှန်းမသိ ခံစားမိနေကြသည်။
နာရီဝက်တွင်း၌ ဂျိတ်၏အာကာသလေယာဥ်ကြီးထဲ၌ မြွေဟောက်အင်ပါယာမှ စစ်သည်ဆယ့်နှစ်ယောက်လုံးအား စုထားလိုက်သည် ဖြစ်သည်။
ဆယ့်နှစ်ယောက်လုံးသည် လက်ထိတ်ခတ်လျက်ဖြင့်ပင် ဖြစ်သည်။
"မင်းဘာလုပ်မလို့လဲ ငါ့တူ"
ဦးလေးတက်နှင့် ဇူးစ်လည်း လေယာဥ်ပေါ်၌ ရှိနေပြီး ဂျိတ်အား မေးလိုက်သည်။
ဂျိတ်သည် သူတို့အား ပြန်လည်ဖြေခြင်းမရှိ လေယာဥ်၏စနစ်အား
" ငါ့ကို မြွေဟောက်အင်ပါယာရဲ့လူအစည်ကားဆုံးနေရာကို ခေါ်သွားပါ"
"ကောင်းပါပြီ"
လေယာဥ်သည်လည်း ဂျိတ်၏အမိန့်အတိုင်း ချက်ချင်းပင် အသံထက်ကျော်လွန်သောအရှိန်ဖြင့် ပျံသန်းသွား၏။
ထိုသို့ပျံသန်းသည်မှာ ဆယ်မိနစ်သာကြာ၏။
ထိုဆယ်မိနစ်အတွင်း၌ ဂျိတ်သည် တစ်ခွန်းမျှ ပြောဆိုခြင်းမရှိရာ လေယာဥ်ထဲရှိ လေထုသည် စကားသံမရှိ တင်းမာနေ၏။
မြွေဟောက်အင်ပါယာမှ စစ်သည်များလည်း ဂျိတ်၏အော်ရာကြောင့် စကားပင်ပြောဆိုနိုင်ခြင်းမရှိပေ။
"ရောက်ပါပြီ"
"ရောက်ရင် လေယာဥ်နောက်တံခါးဖွင့်ကွာ"
ဂျိတ်၏အမိန့်ကြောင့် အာကာသလေယာဥ်၏နောက်တံခါးသည် ပွင့်ထွက်သွား၏။
ထိုအခါ လေယာဥ်ပေါ်၌ ရှိနေသော မြွေဟောက်အင်ပါယာမှ စစ်သည်များသည် မိမိတို့သည် မြွေဟောက်အင်ပါယာနယ်မြေထဲသို့ ရောက်နေကြောင်း သိလိုက်ကြသည်။
တိတိကျကျ ပြောရပါက မိမ်တို့သည် မြွေဟောက်အင်ပါယာ၏လူစည်ကားသောမြို့တစ်မြို့၏ အမြင့်ပေအထက် နှစ်သောင်းတွင်ရှိသော လေယာဥ်တစ်စင်းပေါ်၌ ရောက်ရှိနေသည်ဖြစ်၏။
ထိုအခိုက်၌ ဂျိတ်သည် မမျှော်လင့်သော အပြုမှုတစ်ခုလုပ်လိုက်၏။
"ဘာလုပ်တာလဲ"
ဂျိတ်သည် လေယာဥ်ပေါ်ရှိ မြွေဟောက်အင်ပါယာမှမြွေပွေးနှင့် မြွေဟောက်မှ လွှဲ၍ ကျန်သော စစ်သည်များအား ဆေးထိုးအပ်တစ်ချောင်းစီဖြင့် သူတို့၏လည်ပင်းပေါ်သို့ ထိုးသွင်းလိုက်သည်။
ထိုဆေးထိုးအပ်များသည် (attack on titan)ကြည့်သောသူများပင်ပါက သေချာပေါက် ဂျိတ်၏အကြံကို သိရှိကြပေလိမ့်မည်ဖြစ်သည်။
ထိုဆေးထိုးအပ်များထိုးသွင်းပြီးသည်နှင့် ဆေးထိုးခံရသော သူများသည် ရူးသွပ်သွားဟန်ဖြစ်လာပြီး ပြင်းထန်သော ဝေဒနာကို ခံစားလာကြသည်။
ထိုအခါ ဂျိတ်သည် သူတို့အား တစ်ယောက်ချင်းစီ လေယာဥ်ပေါ်မှ ကန်ချပစ်၏။
"မင်းတို့နှစ်ကောင် သေချာကြည့်ထား"
ဂျိတ်၏စကားထွက်လာသည်နှင့် သူတို့နှစ်ယောက်သည် ကန်ချခံရသော စစ်သည်တော်များအပေါ်တွင်သာ အတင်းကြပ်ကြည့်ရှုနေကြရကြောင်း သိလိုက်ကြသည်။
ဂျိတ်၏ကန်ချမှုကြောင့် လေယာဥ်ပေါ်မှ ပြုတ်ကျသွားသော စစ်သည်များသည် မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျဆင်းသွား၏။
ထိုသို့ကျဆင်းရင်း ထူးဆန်းသော ဖြစ်ရပ်ဖြစ်ပေါ်လာ၏။
အမြင့်ပေ ရှစ်ထောင်သို့ ရောက်သောအခါ ကန်ချခံရသော စစ်သည်များ၏ကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာ၏။
ထိုအလင်းတန်းများထွက်ပေါ်ပြီးသည်နှင့် ဖြစ်ပျက်လာသော ဆက်လက်ဖြစ်ပေါ်လာသည့်အဖြစ်ပျက်များကြောင့် မြွေပွေးနှင့် မြွေဟောက် အသည်းခိုက်သည်အထိပင် ကြောက်လန့်လာကြ၏။
အလင်းတန်းများပျောက်ကွယ်သွားသောအခါ ကန်ချခံထားရသောစစ်သည်ဆယ်ယောက်သည် အရပ်ဆယ့်ပေထက် မြင့်မားပြီး အလွန်တရာရုပ်ဆိုးကြမ်းတမ်းလှသော ကိုယ်လုံးတီး ဘီလူးသဘက်များအသွင်သို့ ပြောင်းလဲသွားကြသည်။
ထိုသို့ပြောင်းလဲသွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျလာကြ၏။
အရွယ်အစားကြီးမားပြီး အမြင့်မှ ပြုတ်ကျသွားသည်ဖြစ်ရာ မြေပြင်၌ ငလျင်လှုပ်သကဲ့သို့ တုန်ဟီးသွားလေ၏။
ဤသည်မှာ ဂျိတ်သည် ငရဲကဲ့သို့ ဖြစ်ရပ်ဆိုးကြီးကို အသက်သွင်းလိုက်သည်လည်းဖြစ်၏။