အခန်း (၈၆၉-၈၇၁)
Vol. 59 Ch. 869-871
အခန်း ၈၆၉ - ၇၂ ပါးသော မိတ်ဆက်ခြင်း နည်းစနစ်များ
ပုံမှန်အားဖြင့်ဆိုလျှင်မူ ယွမ်အခြေခံအဆင့်သို့မဟုတ် ၎င်းအောက်တွင် ရှိနေကြသော ပျက်စီးခြင်းကောင်းကင် အလုပ်သင်များသာ ပထမအဆင့် ရှိသော ဖေးသားရဲ အရိုးကို သန့်စင်ဖော်စပ်ရန်အတွက် လော့မျိုးနွယ်စု၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း စာအုပ်ကို အသုံးပြုလေ့ ရှိကြတာ ဖြစ်သည်။
ထို့အပြင် အချိန်အများစုတွင်မူ သူတို့သည် ပထမအဆင့် အရိုးကိုပင် ကောင်းမွန်အောင် သန့်စင်ဖော်စပ်နိုင်စွမ်း ရှိကြသည်မဟုတ်ချေ။ အနည်းငယ်မျှ ပိုမို၍ တော်ကြသော ပျက်စီးခြင်းကောင်းကင် ဆရာသခင်များ ဆိုလျှင်မူ ဤကဲ့သို့သော အခြေခံ နည်းစနစ်မျိုးကို လှည့်၍ပင် ကြည့်ကြမည် မဟုတ်ပေ။
မင်းသား ချီရှန်း ထုတ်ပေးထားခဲ့သော ဖေးသားရဲ အရိုးကို ကြည့်ခြင်းအားဖြင့် ၎င်းက တတိယအဆင့် ရှိသော ဖေးသားရဲ အရိုးများထဲတွင် အကောင်းမွန်ဆုံးသော အဆင့်အတန်း၌ ရှိနေဆဲ ဖြစ်မှာ သေချာလှပေသည်။ ဤမျှလောက်အထိ မြင့်မားလှသော အဆင့်ရှိသည့် ဖေးသားရဲ အရိုးကို သန့်စင်ဖော်စပ်ရန်အတွက် ဤကဲ့သို့သော အခြေခံ မိတ်ဆက်နည်းလမ်းများကို အသုံးပြုဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ၎င်း၏ ကျရှုံးနိုင်ခြေ ရာခိုင်နှုန်းမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးပင် ရှိနေခဲ့ခြင်း ဖြစ်သည်။
ယီယွင်က လော့မို ကျရှုံးသွားစေရန်အတွက် ပြိုင်ပွဲ၏ အခက်အခဲအဆင့်ကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်လိုက်ခြင်း ဖြစ်လေမလား။
လူတိုင်းက ထိုသို့ တွေးတောနေကြစဉ်မှာပင် လော့မို၏ မျက်နှာထက်တွင် စိတ်ဝင်စားဖွယ်ရာ ကောင်းလှသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်ကို မြင်တွေ့လိုက်ကြရတော့သည်။
"စိတ်ဝင်စားဖို့ကောင်းသားပဲ ဒါဆိုရင် ငါတို့ အဲ့ဒါနဲ့ပဲ ပြိုင်ကြတာပေါ့"
သူတို့က တကယ်ပဲ ပြိုင်ကြတော့မှာလား။
လော့မို၏ သဘောတူညီချက်ကို ကြားလိုက်ရသည့် အခါတွင်မူ လူအများမှာ အနည်းငယ်မျှ ဆွံ့အအံ့အားသင့်သွားခဲ့ကြရတော့သည်။ လော့မိုသည် လော့မျိုးနွယ်စုရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ မိတ်ဆက်ခြင်း ကိုသာ အသုံးပြုပြီး ထိပ်တန်းအဆင့် ရှိသော တတိယအဆင့် ဖေးသားရဲ အရိုးကို ဖော်စပ်ရန်အတွက် ရဲရဲဝံ့ဝံ့ စိန်ခေါ်မှုကို လက်ခံဝံ့သည်ဆိုလျှင် သူ၏ ကိုယ်ပိုင် စွမ်းရည်အပေါ်မှာ အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့ခြင်း ဖြစ်ရပေမည်။
အကယ်၍ ထိုဆေးရတနာကိုသာ အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့မယ်ဆိုလျှင် ၎င်းက ညံ့ဖျင်း တဲ့ အရည်အသွေးအဆင့်သာ ရှိနေခဲ့ဦးတော့ လူတိုင်းကို အကြီးအကျယ် တုန်လှုပ်သွားစေမှာ သေချာလှပေသည်။
"ယီယွင်ကတော့ သွားပြီပဲ။ ငါထင်တာတော့ သူက နှစ်ယောက်လုံး အတူတူ ကျရှုံးသွားအောင်လို့ အကွက်ဆင်ပြီး ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ကို တမင်တကာ ထုတ်လိုက်တာ ဖြစ်ရမယ် ဒါဆိုရင် သရေကျသွားသလိုမျိုး ဖြစ်သွားမှာ မဟုတ်လား။
ဒါပေမဲ့ ကံဆိုးတာက လော့မိုက ပါရမီရှင်တစ်ယောက် ဖြစ်နေတာပဲ။ သူက ဒီလိုမျိုး အဓိပ္ပာယ်မရှိလှတဲ့ ပြိုင်ပွဲမျိုးမှာတောင် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့တယ်။ အခုတော့ ယီယွင်က နောက်ဆုတ်လို့ မရတော့တဲ့ လမ်းကို ရောက်သွားပြီဆိုတော့ သူ့ရဲ့ စကားကို ပြန်ရုပ်သိမ်းဖို့အတွက် နောက်ကျသွားခဲ့ပြီ။"
"၇၂ ပါးသော အခြေခံ မိတ်ဆက်ခြင်း နည်းစနစ်တွေကို အသုံးပြုပြီး ထိပ်တန်းအဆင့် ရှိတဲ့ တတိယအဆင့် ဆေးရတနာကို ဖော်စပ်ဖို့ဆိုတာ တကယ့်ကို စိတ်ကူးကြည့်ဖို့ပင် မဖြစ်နိုင်တဲ့ အရာပဲ"
လူအများက အကြီးအကျယ် အော်ဟစ်ဆွေးနွေးနေကြစဉ်မှာပင် လော့မိုကမူ စတင်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။ သူက ဆန့်ထုတ်ထားသော သူ၏ လက်တစ်ဖက်ဖြင့် လှမ်း၍ အချက်ပြလိုက်သည့် အခါတွင် မင်းသား ချီရှန်း၏ လက်ထဲက တတိယအဆင့် ရှိသော ဖေးသားရဲ အရိုးမှာ လေထုကို ဖြတ်သန်းကာ သူ၏ လက်ဝါးထက်သို့ တိုက်ရိုက် ကျရောက်လာခဲ့တော့သည်။
ထို့နောက်တွင်တော့ သူ၏ ညာဘက် လက်ချောင်းထိပ်ဖျားထက်က သေးငယ်လှသော ရွှေရောင် ဖိုကွဲလေးမှာ အလွန်ပင် လျင်မြန်စွာဖြင့် လည်ပတ်သွားခဲ့ရပြီး ၎င်း၏ အရွယ်အစားမှာလည်း ချက်ချင်းပင် ကြီးမားလာခဲ့တော့သည်။ မကြာခင်မှာပင် ၎င်းက သုံးပေခန့်အထိ အရွယ်အစား ကြီးမားလာခဲ့ပြီ ဖြစ်သည်။ ဖိုကွဲ၏ အဖုံး ပွင့်ဟသွားခဲ့သည်နှင့်အမျှ လော့မိုက ဖေးသားရဲ အရိုးကို ၎င်းထဲသို့ ပစ်ထည့်လိုက်တော့သည်။
လော့မိုက ယီယွင်ကို တစ်ချက်မျှ လှမ်း၍ ကြည့်လိုက်ရင်း သူ၏ မျက်နှာထက်တွင် ယုံကြည်မှု အပြည့် ရှိနေခဲ့သော အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။ သူက ယီယွင်သည် သူ့ကို အခက်တွေ့အောင် ပြုလုပ်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သေချာပေါက် သိရှိထားသော်လည်း သူက ထိုအရာကို အလွန်ပင် သဘောကျနှစ်သက်နေခဲ့ခြင်း ဖြစ်သည်။
၇၂ ပါးသော မိတ်ဆက်နည်းလမ်းများကို အသုံးပြုပြီး တတိယအဆင့် ရှိသော ဆေးရတနာကို ဖော်စပ်နိုင်မှသာလျှင် ၎င်းက သူ့အတွက် တကယ့် စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာ ဖြစ်သည်။
ယီယွင်တစ်ယောက်တည်းကိုသာ အနိုင်ယူရခြင်းမှာ မည်သည့် အဓိပ္ပာယ်မျှ ရှိမနေချေ။
"ငါတို့ ပြိုင်ပွဲရဲ့ အချိန်ကန့်သတ်ချက်ကို မိနစ်သုံးဆယ်လို့ သတ်မှတ်ကြမလား။"
ဤအခိုက်အတန့်တွင်ပဲ ယီယွင်က ရုတ်တရက် လှမ်း၍ ပြောဆိုလိုက်သည်။ မိနစ်သုံးဆယ်ဆိုသည်မှာ အလွန်ပင် တိုတောင်းလှပေသည်။
လော့မိုက အနည်းငယ်မျှ မျက်မှောင်ကြုတ်သွားခဲ့ရသည်။ ဤမျှလောက်အထိ တိုတောင်းလှသော အချိန်ကာလအတွင်းတွင် ယှဉ်ပြိုင်ရခြင်းမှာ အလွန်ပင် ခက်ခဲလှပေသည်။ ယီယွင်က သူ့ကို အောင်မြင်မှု မရရှိအောင် တားဆီးရန်အတွက် အမှန်တကယ်ပင် ကြိုးစားနေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ကံကောင်းစွာဖြင့် လော့မိုသည် ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို အသုံးပြုသည့် နေရာတွင် သူ၏ အရှိန်အဟုန်နှင့် ပတ်သက်၍ အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့သူ ဖြစ်သည်။
"မိနစ်သုံးဆယ် ဟုတ်လား ရတာပေါ့"
လော့မိုက သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည့် အခါတွင် သူ၏ ပျက်စီးခြင်းကောင်းကင် ဖိုကွဲကြီးထက်တွင် ရွှေရောင် အလင်းတန်းများစွာမှာ အရှိန်အဟုန်ပြင်းစွာဖြင့် တောက်ပလာခဲ့ရတော့သည်။
ဖိုကွဲထက်က အစီအရင် မန္တန်များမှာလည်း တစ်ခုပြီးတစ်ခု လင်းထိန်လာခဲ့ရပြီး လော့မိုက လက်ကွက် တံဆိပ်များကို စတင်၍ ပုံဖော်လိုက်တော့သည်။ သူ ပုံဖော်လိုက်သော လက်ကွက် တံဆိပ်များမှာ ၇၂ ပါးသော မိတ်ဆက်ခြင်း နည်းစနစ်များပင် ဖြစ်ကြပေသည်။ သို့သော်လည်း လော့မို ပုံဖော်လိုက်သော နည်းစနစ်များမှာ သာမန်နှင့် ယှဉ်လျှင် အနည်းငယ်မျှ ကွဲပြားခြားနားနေခဲ့သည်။
လော့မို၏ လက်နှစ်ဖက်က သာမန်မျှသာ ရှိနေခဲ့သော အခြေခံ လက်ကွက် တံဆိပ်များကို အသက်ဝင်လာအောင် ပြုလုပ်ပေးနိုင်ခဲ့ခြင်း ဖြစ်မလား။ ၎င်းတို့က တကယ်ပဲ အသက်ရှင် လှုပ်ရှားလာခဲ့သည့်အလား ဖြစ်ပေသည်။
ကောင်းကင်အရှင်သခင် တံဆိပ်တော် တစ်ခုမှာ သန့်စင်ပြီးမြောက်သွားခဲ့ရပြီး ၎င်းက လေထုထဲတွင် အလွန်ပင် လျင်မြန်ဖြတ်လတ်လှသော လိပ်ပြာတစ်ကောင်အလား ဝဲပျံကခုန်နေခဲ့သည်။
မိုးမခမီးလျှံ တံဆိပ်တော် တစ်ခုမှာမူ ၎င်းထဲတွင် ဝိညာဉ်စွမ်းအင်များဖြင့် အပြည့်အဝ ပြည့်နှက်နေခဲ့သည့်အလား သေးငယ်လှသော မီးလျှံအစုအဝေးတစ်ခုကဲ့သို့ တောက်လောင်နေခဲ့သည်။
နေနှင့်လ တံဆိပ်တော်အတွက်ဆိုလျှင်မူ ၎င်းက လေထုအလယ်တွင် ဖြည်းညှင်းစွာဖြင့် လည်ပတ်နေခဲ့သော နေမင်းနှင့် လမင်းတို့၏ ပုံရိပ်ယောင်များကို ဖန်တီးပေးနေခဲ့ခြင်း ဖြစ်သည်။
လော့မိုသည် လက်ကွက် တံဆိပ်တိုင်းကို အပြည့်အဝ ပြည့်စုံကောင်းမွန်လှစွာဖြင့် သန့်စင်ဖော်ဆောင်နိုင်ခဲ့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ လူတိုင်းက အလွန်အမင်း အံ့အားသင့် ဆွံ့အလှစွာသော အကြည့်များဖြင့်သာ စိုက်ကြည့်နေမိကြတော့သည်။
၇၂ ပါးသော မိတ်ဆက်ခြင်း နည်းစနစ်များကို ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် ဖော်ဆောင်ဖို့ဆိုတာ တကယ်ပဲ ဖြစ်နိုင်ပါ့မလား။
အကယ်၍ ယနေ့တွင် လော့မို၏ လက်ကွက် တံဆိပ်များကို မိမိတို့၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း မရှိဘူးဆိုလျှင် တစ်ဦးတစ်ယောက်၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်မှာ အမြင့်ဆုံးသော အဆင့်အတန်းဆီသို့ ရောက်ရှိသွားခဲ့သည့် အခါတွင် အခြေခံအကျဆုံးသော လက်ကွက် တံဆိပ်များကို အသုံးပြုပြီး ဤကဲ့သို့သော အဆင့်အတန်းမျိုးဆီသို့ ရောက်ရှိအောင် ပြုလုပ်နိုင်လိမ့်မည်ဟု သူတို့ ဘယ်လိုမှ စိတ်ကူးမိကြမှာ မဟုတ်ချေ။
ဤအခိုက်အတန့်တွင်ပဲ အမှတ်အသားများ ပါဝင်နေခဲ့သော သဲနာရီတစ်ခုကို ခန်းမဆောင်ကြီးအတွင်း၌ ချထားလိုက်ကြပြီ ဖြစ်သည်။
သဲပွင့်များမှာ အောက်ဘက်သို့ အလွန်ပင် လျင်မြန်စွာဖြင့် စီးဆင်းနေခဲ့ကြပြီး မိနစ်သုံးဆယ်ဆိုသည်မှာ အလွန်ပင် ကြာမြင့်လှသော အချိန်ကာလတစ်ခု မဟုတ်ချေ။
လော့မိုက စတင်လှုပ်ရှားနေခဲ့ပြီ ဖြစ်သော်လည်း ယီယွင်ကမူ ယခုအချိန်အထိ မည်သည့် လှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ရသေးချေ။
"ယီယွင် မင်း ဘာဖြစ်လို့ အခုထိ မစရသေးတာလဲ။"
မင်းသား ချီရှန်းက လှမ်း၍ မေးမြန်းလိုက်ရင်း သူ၏ နှုတ်ခမ်းထောင့်စွန်းများတွင် လှောင်ပြောင် သရော်လိုသော အပြုံးတစ်ခု ပေါ်ထွက်နေခဲ့သည်။
သူက အဖြေကို သိရှိထားပါလျက်နှင့် တမင်တကာပင် လှမ်း၍ မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။ ယီယွင်အနေဖြင့် ၇၂ ပါးသော မိတ်ဆက်ခြင်း နည်းစနစ်များကို အသုံးပြုပြီး ထိပ်တန်းအဆင့် ရှိသော တတိယအဆင့် ဖေးသားရဲ အရိုးတစ်ခုအတွင်းက စွမ်းအင်များကို ထုတ်ယူဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။
ယီယွင်က တည်ငြိမ်စွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"အလျင်လိုစရာ မလိုပါဘူး။ သခင်လေးလော့ကိုပဲ အရင်ဆုံး လုပ်ခွင့်ပေးလိုက်ပါမယ်။ သူ ပြီးသွားတဲ့ အခါကျမှပဲ ကျွန်တော်က စတင်ပါ့မယ်။"
ယီယွင်က လော့မိုကို အရင်ဆုံး လုပ်ခွင့်ပေးရန် ရွေးချယ်လိုက်ရခြင်း၏ အဓိက အကြောင်းပြချက်မှာ ယီယွင်ကိုယ်တိုင်က လော့မျိုးနွယ်စု၏ ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားလှသော နားလည်သဘောပေါက်မှုမျိုး အပြည့်အဝ ရှိမနေသေးသောကြောင့် ဖြစ်သည်။
၎င်းက စာအုပ်တစ်အုပ်ထဲတွင် မှတ်တမ်းတင်ထားခဲ့သော အချက်အလက်များသာ ဖြစ်ပေရာ တကယ်တမ်း သူ၏ မျက်စိဖြင့် မြင်တွေ့ရမည့် အရာနှင့်ဆိုလျှင် ကွဲပြားခြားနားနေဆဲ ဖြစ်မှာ သေချာလှပေသည်။
အရင်တုန်းက ယီယွင်သည် ထောင်အာ ၎င်းတို့ကို အသုံးပြုခဲ့သည်ကိုသာ မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်ပြီး ၁၂ ပါးသော ကောင်းကင်ဘုံကြီးများ ထဲက ပါရမီရှင် ထူးချွန်လှသော ပျက်စီးခြင်းကောင်းကင် ဆရာသခင်များက ဤ ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများကို အသုံးပြုသည်ကို တစ်ကြိမ်မျှ မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။
ယီယွင်အနေဖြင့် သူ၏ ကိုယ်ပိုင် တွေးတောယူဆချက်များမှာ ပြည့်စုံကောင်းမွန်ခြင်း ရှိမရှိဆိုတာကို အတည်မပြုနိုင်သေးချေ။
ယခုအခါတွင်မူ ယီယွင်က လော့မို အသုံးပြုနေခဲ့သော ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများကို ကြည့်ရှုရင်း သူ၏ တွေးတောချက်များကို အတည်ပြုရန်အတွက် စီစဉ်နေခဲ့ခြင်း ဖြစ်သည်။ သူက ခရမ်းရောင်သလင်းကျောက် မှတစ်ဆင့် ဆင့်ပွားရရှိလာခဲ့သော လော့မျိုးနွယ်စု၏ ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများမှာ ပုံသဏ္ဌာန်ပိုင်းအရ အပြည့်အဝ ပြည့်စုံကောင်းမွန်လှလိမ့်မည် ဖြစ်ကြောင်း ပိုမို၍ ယုံကြည်စိတ်ချလာခဲ့ရတော့သည်။
၎င်းက နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်အောင် အဆင့်မြှင့်တင်လာခဲ့ကြသော ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများထက်ပင် အများကြီး ပိုမို၍ ကောင်းမွန်နေဦးမှာ သေချာလှပေသည်။
သို့သော်လည်း ယီယွင်၏ ပြန်လည် ဖြေကြားလိုက်သော စကားကို ကြားလိုက်ရသည့် အခါတွင်မူ လူအများက သူ့အပေါ် အထင်သေးစိတ်များသာ ပေါ်ထွက်လာခဲ့ကြရတော့သည်။ သူက ဤကဲ့သို့သော အရေးကြီးလှသည့် အချိန်အခိုက်အတန့်မျိုးမှာပင် စကားလုံးများဖြင့် ဇွတ်အတင်း မာနထောင်လွှားရန် ကြိုးစားနေဆဲ ဖြစ်ပေသည်။
ဖြည်းညှင်းစွာဖြင့်ပဲ အချိန်၏ ထက်ဝက်ကျော်ခန့်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
လော့မို၏ လှုပ်ရှားမှုများမှာ ယခုအချိန်အထိ လှပကျေးဇူးတင်ဖွယ်ရာ ကောင်းလှဆဲ ဖြစ်ပြီး လှပလှသော ကကွက်တစ်ခုကို ကပြဖော်ပြနေသည့်အလား ဖြစ်ပေသည်။
သူ သန့်စင်ဖော်ဆောင်လိုက်သော စွမ်းအင် တံဆိပ်တော်များမှာ အပြည့်အဝ ပြည့်စုံကောင်းမွန်နေပုံရပြီး အရာအားလုံးကို သူ၏ အကောင်းဆုံးသော အရည်အချင်းများနှင့်အတူ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယီယွင်၏ စွမ်းအင် အမြင် အတွင်း၌မူ လော့မို၏ ပျက်စီးခြင်းကောင်းကင် ဖိုကွဲကြီးအတွင်းက ဖေးသားရဲ အရိုးဆီမှ ထုတ်ယူရရှိထားသော စွမ်းအင်များမှာ လုံးဝ အပြစ်အနာအဆာကင်းမဲ့နေခြင်း မရှိသည်ကို မြင်တွေ့နေရသည်။ အနည်းဆုံးတော့ အညစ်အကြေး ၃၀ ရာခိုင်နှုန်းခန့်မှာ ကျန်ရှိနေသေးဆဲ ဖြစ်ပေသည်။
နောက်ဆုံးတော့လည်း ၎င်းက ညံ့ဖျင်း တဲ့ အဆင့်ရှိသော ပထမအဆင့် ဖေးသားရဲ အရိုးများကို သန့်စင်ရန်အတွက်သာ အသုံးပြုလေ့ ရှိကြသည့် ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများသာ ဖြစ်ပေသည်။
၎င်းကို အသုံးပြုပြီး ထိပ်တန်းအဆင့် ရှိသော တတိယအဆင့် ဖေးသားရဲ အရိုးကို သန့်စင်ရန် ကြိုးစားခြင်းမှာ လော့မိုကိုယ်တိုင်ပင် သူ ဖြစ်ချင်သလောက်အထိ ကောင်းမွန်အောင် မပြုလုပ်နိုင်စွမ်း ရှိနေခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော လက်ကွက် တံဆိပ်များကို အသုံးပြုပြီး ဖေးသားရဲ အရိုး၏ စွမ်းအင်များကို ထုတ်ယူဖို့ဆိုတာ တကယ့်ကို ခက်ခဲလွန်းလှပေသည်။ လော့မိုက အပြင်ပန်းတွင် တည်ငြိမ်အေးဆေးနေသည့်အလား မြင်တွေ့ရသော်လည်း တကယ်တမ်းကျတော့ သူက အလွန်ပင် ကြီးမားလှသော စိတ်ဝိညာဉ် အစွမ်းသတ္တိများကို အသုံးပြုနေခဲ့ရခြင်း ဖြစ်သည်။
စက္ကန့်များမှာ မိနစ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြရပြီး မိနစ်သုံးဆယ်မှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင်ပဲ လော့မိုသည် နောက်ဆုံးတွင် သူ၏ နောက်ဆုံး လက်ကွက် တံဆိပ်ကို အောင်မြင်အောင် ပုံဖော်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤမျှလောက်အထိ အစွမ်းသတ္တိများစွာ ကုန်ဆုံးသွားခဲ့ရသော လုပ်ငန်းစဉ် ဖြစ်လင့်ကစား လော့မို၏ စိတ်ထဲတွင် စိတ်ဝိညာဉ် စွမ်းအင်အချို့ ကျန်ရှိနေသေးဆဲ ဖြစ်ပေသည်။ သူက ခုနစ်ဆယ်ကျော်ခန့် ရှိသော လက်ကွက် တံဆိပ်များကို တိကျစွာဖြင့် ထိန်းချုပ်လိုက်ရင်း ၎င်းတို့ကို အတူတကွ ပေါင်းစပ်စည်းနှောင်လိုက်တော့သည်။
ဆေးရတနာ ဖော်စပ်ခြင်း
လော့မိုသည် နောက်ဆုံး အဆင့်ကိုလည်း အပြည့်အဝ ပြည့်စုံကောင်းမွန်လှစွာဖြင့် ပြီးမြောက်အောင် ပြုလုပ်နိုင်ခဲ့သည်။
"ဟူး"
ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်နှင့်အမျှ ပျက်စီးခြင်းကောင်းကင် ဖိုကွဲကြီးမှာ ပြင်းထန်စွာဖြင့် တုန်ခါသွားခဲ့ရတော့သည်။ ဖိုကွဲ၏ အဖုံးမှာ လေထဲသို့ ပျံတက်သွားခဲ့ရပြီး တောက်ပလှသော တတိယအဆင့် ရှိသည့် ဆေးရတနာတစ်ခုမှာ ပျက်စီးခြင်းကောင်းကင် ဖိုကွဲကြီးအတွင်းကနေ ချက်ချင်းပင် ပစ်ထွက်လာခဲ့ကာ လော့မို၏ လက်ဝါးထက်သို့ တိကျစွာဖြင့် ကျရောက်လာခဲ့တော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ လူတိုင်းက အံ့အားသင့် ဆွံ့အသွားခဲ့ကြရတော့သည်။
သူက တကယ်ပဲ အောင်မြင်အောင် သန့်စင်ဖော်စပ်နိုင်ခဲ့တာပဲ။
၇၂ ပါးသော မိတ်ဆက်ခြင်း နည်းစနစ်များကို အသုံးပြုပြီး သန့်စင်ဖော်စပ်ထားခဲ့သော ဤတတိယအဆင့် ဆေးရတနာ၏ တောက်ပလှသော အလင်းရောင်ကို ကြည့်ခြင်းအားဖြင့် ၎င်းက မည်သည့် ဆိုးရွားလှသော အရည်အသွေးမျိုးမျှ ရှိမနေခဲ့ကြောင်း ရှင်းလင်းလှပေသည်။
လူအများစုက သူသာ ညံ့ဖျင်း တဲ့ အဆင့်ရှိသော ဆေးရတနာတစ်ခုကို ဖော်စပ်နိုင်ခဲ့မယ်ဆိုလျှင်ပင် အလွန်ပင် အံ့ဩဖွယ်ရာ ကောင်းလှပြီ ဖြစ်ကြောင်း ယုံကြည်ထားခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း လော့မို၏ လက်ထဲတွင်မူ သူက ရုပ်ဆိုးလှသော အရာတစ်ခုကို အလွန်ပင် လှပသွားအောင် ပြုလုပ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
"အရည်အသွေး အကဲဖြတ်ချက် သန့်စင်လုနီးပါး အဆင့် "
ဤအခိုက်အတန့်တွင်ပဲ မယ်တော် လော့က သူမ၏ အဖြေကို ထုတ်ဖော်ပြောဆိုလိုက်သည်။ လော့မျိုးနွယ်စု၏ မိဖုရားခေါင်ကြီးတစ်ဦးအနေဖြင့် သူမကိုယ်တိုင်ကလည်း ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်တွင် အလွန်ပင် ကျွမ်းကျင်နှံ့စပ်လှသူ ဖြစ်ပေသည်။
သန့်စင်လုနီးပါး အဆင့် ဆိုသည်မှာ သာမန် အဆင့်ထက် သာလွန်လှသော်လည်း တကယ့် စစ်မှန်သော သန့်စင်ပြီး အဆင့်နှင့် နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလျှင်တော့ အနည်းငယ်မျှ ကွာဝေးနေသေးဆဲ ဖြစ်သည်။
သို့သော်လည်း လော့မိုအတွက် ရှိနေခဲ့သော သန့်စင်ဖော်စပ်ခြင်းဆိုင်ရာ ခက်ခဲလှသည့် အခြေအနေများကို ထည့်သွင်းစဉ်းစားကြည့်လိုက်မယ်ဆိုလျှင်တော့ ဤရလဒ်ကပဲ အလွန်ပင် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အောင်မြင်လှပြီ ဖြစ်သည်။
"ငါ့ရဲ့ ချစ်လှစွာသော ချီရှန်းအတွက် ပါရမီရှင်တစ်ဦးက ကူညီစောင့်ရှောက်ပေးနေတာက တကယ့်ကို ကံကောင်းခြင်းတစ်ခုပဲ။"
မယ်တော် လော့က သူမကိုယ်သူမ ရေရွတ်လိုက်မိရင်း လော့မိုအပေါ် အလွန်ပင် စိတ်ကျေနပ်အားရနေခဲ့သည်။
မင်းသား ချီရှန်းကလည်း လော့မိုကို ကြည့်ကာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။
ဤအခိုက်အတန့်တွင်ပဲ မင်းသား ချီရှန်းက ယီယွင်ကို ရုတ်တရက် လှမ်း၍ ကြည့်လိုက်မိရင်း သူ၏ နှုတ်ခမ်းထက်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရတော့သည်။
"ယီယွင် မင်း ရဲ့ အလှည့်ကို ရောက်ပြီ"
အခန်း ၈၇၀ - နောက်ဆုံး အဆင့်အတန်း အရည်အသွေး
မင်းသား ချီရှန်း၏ ရိုးရှင်းလှသော စကားတစ်ခွန်းကြောင့်ပဲ လူတိုင်း၏ အကြည့်များမှာ ယီယွင်ထံသို့ တညီတညွတ်တည်း ကျရောက်သွားခဲ့ကြရတော့သည်။
ထိုနေရာတွင် ရှိနေကြသော မျိုးဆက်သစ် လူငယ် ပါရမီရှင်များ အထူးသဖြင့် မင်းသား ချီရှန်း၏ ဘက်တော်သားများ ဖြစ်ကြသည့် လူများ၏ မျက်နှာထက်တွင်မူ အခြားသူ ဒုက္ခရောက်သည်ကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်နေကြသော အမူအရာများ ရှိနေခဲ့ကြသည်။
ဥပမာအားဖြင့် ရန်ရွဲ့ယီ ဆိုလျှင်မူ ယခင်က ယီယွင်၏ လက်ချက်ကြောင့် လူပုံအလယ်တွင် အကြီးအကျယ် မျက်နှာပျက်ခဲ့ရဖူးသူ ဖြစ်ပေရာ ယခုအခါတွင် ယီယွင် ဒုက္ခရောက်တော့မည့် အခြေအနေကို မြင်တွေ့လိုက်ရသည့် အခါတွင် သူ အလွန်ပင် စိတ်လှုပ်ရှားဝမ်းသာ ဖြစ်နေခဲ့ရသည်။
"ယီယွင် လက်ရှိ အချိန်မှာတော့ မင်းအနေနဲ့ အခြား ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ငါကတော့ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှ မဖြစ်ပါဘူး။"
လော့မိုက ယီယွင်ကို ကြည့်ကာ ရုတ်တရက် လှမ်း၍ ပြောဆိုလိုက်သည်။
သူက ယီယွင်အနေဖြင့် သူ၏ လက်ရှိ အသက်အရွယ်နှင့် ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများကိုသာ အသုံးပြုပြီး တတိယအဆင့် ရှိသော ဆေးရတနာကို ဖော်စပ်ရန် ကြိုးစားနေခြင်းမှာ ရယ်စရာ ပြဇာတ်တစ်ခုမျှသာ ဖြစ်လိမ့်မည်ဟု ခံစားနေရခြင်း ဖြစ်သည်။
အကယ်၍ ယီယွင်သာ အခြားသော နည်းလမ်းတစ်ခုခုကို ပြောင်းလဲအသုံးပြုလိုက်မယ်ဆိုလျှင်တော့ အနည်းဆုံးတော့ ကြည့်ရှုရကျိုးနပ်မည့် အရာတစ်ခုခု ပေါ်ထွက်လာနိုင်သေးသည်။ ထိုသို့ ဖြစ်မှသာလျှင် သူ၏ အနိုင်ရရှိမှုကလည်း ပိုမို၍ တန်ဖိုးရှိလှမှာ ဖြစ်သည်။
လော့မိုက ထိုသို့ ပြောဆိုလိုက်သည့် အခါတွင်မူ လူတိုင်းက လော့မို၏ သဘောထားကြီးလှမှုကို အလွန်ပင် ချီးမွမ်းလိုက်ကြတော့သည်။ ယီယွင်က သူ့ကို အခက်တွေ့အောင် တမင်တကာ ပြုလုပ်ခဲ့သည့် ကိစ္စရပ်ကိုပင် စိတ်ထဲတွင် ထည့်ထားခြင်း မရှိခဲ့ချေ။ အကယ်၍ ယီယွင်သာ ၎င်းကို သဘောတူလိုက်ပါက သူ၏ မာနထောင်လွှားမှုမှာ လျော့ပါးသွားမှာ ဖြစ်သော်လည်း အနည်းဆုံးတော့ လူအများ၏ ရှေ့တွင် လူအူတစ်ယောက်အလား မတ်တတ်ရပ်မနေရတော့ဘဲ ဤရှက်ဖွယ်ရာ ကောင်းလှသော အခြေအနေမှ သေသေချာချာ ဆင်းသက်နိုင်မည့် လမ်းစတစ်ခုကို ရရှိသွားမှာ ဖြစ်သည်။
သို့သော်လည်း လူတိုင်း မျှော်လင့်မထားခဲ့သည်မှာ ယီယွင်က ပြောလိုက်သည်မှာ
"ငါက ၇၂ ပါးသော မိတ်ဆက်နည်းလမ်းတွေကိုပဲ တတ်ကျွမ်းတာပါ။ ငါ သိရှိထားတဲ့ အခြားသော အရာတွေကတော့ အောက်မြေကမ္ဘာက နည်းလမ်းတွေပဲ အဲ့ဒါတွေက အခု ၇၂ ပါးသော မိတ်ဆက်နည်းလမ်းတွေထက် ပို ဆိုးရွားလှပါသေးတယ်။ ဒါကြောင့် ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ မလိုအပ်ပါဘူး။ မင်း ရဲ့ စေတနာကောင်းအတွက်တော့ ကျေးဇူးတင်ပါတယ်။"
ယီယွင်က ထိုသို့ ပြောဆိုလိုက်သည့် အခါတွင်မူ လူတိုင်း၏ မျက်နှာထက်က အမူအရာများမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေတော့သည်။ သူက တကယ့်ကိုပဲ ခေတ်အဆက်ဆက်တွင် မျှော်လင့်မထားနိုင်စရာ အကောင်းဆုံးသော လူထူးလူဆန်းတစ်ဦး ဖြစ်ပေသည်။
လော့မိုကဲ့သို့သော ပါရမီရှင်ကြီးတစ်ဦးပင်လျှင် ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို နှစ်ပေါင်းများစွာ ကြာမြင့်အောင် နက်ရှိုင်းစွာ လေ့လာပြီးသည့်နောက်တွင်မှသာ ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများကို အသုံးပြုပြီး တတိယအဆင့် ရှိသော ဆေးရတနာကို ဖော်စပ်ရန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မယ်တော် ရွှမ်ဟို့၏ ဘက်တော်သားများပင်လျှင် ယီယွင်ကို ကြည့်ကာ အလွန်ပင် စိတ်မသက်မသာ ဖြစ်နေခဲ့ကြရတော့သည်။
ဤအခိုက်အတန့်တွင်ပဲ ယီယွင်က စတင်လှုပ်ရှားလိုက်တော့သည်။သူက အမှိုက်ပုံးထဲကိုသာ ပစ်ထည့်လိုက်သင့်ပြီ ဖြစ်သော သူ၏ ပျက်စီးခြင်းကောင်းကင် အစီအရင် ကျောက်ပြားဝိုင်းကို ဆက်လက်၍ အသုံးပြုနေဆဲ ဖြစ်ပေသည်။ ယီယွင်က တတိယအဆင့် ရှိသော ဖေးသားရဲ အရိုးကို ၎င်းထက်သို့ အလွန်ပင် လူလုံးထွက်ပြလိုသော ပုံစံဖြင့် တင်လိုက်တော့သည်။
သဲနာရီကြီးကို ပြောင်းပြန်လှန်လိုက်ပြီ ဖြစ်ကာ သဲပွင့်များမှာလည်း အောက်ဘက်သို့ စတင်စီးဆင်းသွားခဲ့ပြီ ဖြစ်သည်။
ဤ ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများ အစုအဝေးကြီးမှာ စွမ်းအင်များကို ထုတ်ယူခြင်း၊ စွမ်းအင် မန္တန်အမှတ်အသားများကို သန့်စင်ပုံဖော်ခြင်းနှင့် နောက်ဆုံးတွင် ဆေးရတနာအဖြစ်သို့ ပေါင်းစပ်ဖွဲ့စည်းခြင်းဟူသော လက်ကွက် တံဆိပ်များစွာ ပါဝင်ပေါင်းစပ်နေခဲ့ခြင်း ဖြစ်သည်။
ယီယွင်က သေချာပေါက်ပင် စွမ်းအင် ထုတ်ယူခြင်း လုပ်ငန်းစဉ်မှ စတင်လိုက်ခြင်း ဖြစ်ပေသည်။ ဤအဆင့်က သူ့အတွက်တော့ အလွယ်ကူဆုံးသော အဆင့်တစ်ခု ဖြစ်ပေသည်။ ခရမ်းရောင်သလင်းကျောက်ရှိနေခဲ့သဖြင့် သူက မည်သည့် လက်ကွက် တံဆိပ်ကိုမျှ ပုံဖော်ရန်ပင် မလိုအပ်ချေ။
သို့သော်လည်းသူသာ ထိုသို့ ပြုလုပ်လိုက်မယ်ဆိုလျှင် ၎င်းက လူတိုင်းကို အလွန်အမင်း ထိတ်လန့်သွားစေမှာ ဖြစ်သည်။
ဤ ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများထဲက ပထမဆုံးသော ၂၄ ပါးသော လှုပ်ရှားမှုများမှာ စွမ်းအင် ထုတ်ယူခြင်းနှင့် သက်ဆိုင်သည်။
ဤအဆင့်က အလွန်ပင် အရေးကြီးလှပေသည်။ လော့မိုကိုယ်တိုင်ပင်လျှင် မိမိကိုယ်မိမိ အမှားအယွင်း တစ်စုံတစ်ရာ မရှိစေရန်အတွက် အလွန်ပင် စိုးရိမ်ပူပန်စွာဖြင့် လက်ကွက် တံဆိပ်တစ်ခုပြီးတစ်ခုကို တိကျစွာ ပုံဖော်ခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ယီယွင်ကမူ ၎င်းကို စိတ်ထဲတွင် ထည့်ထားခြင်း မရှိချေ။ သူ၏ လက်နှစ်ဖက်ကို အတူတကွ ပေါင်းစပ်လိုက်ရင်း ရှေ့သို့ ဆန့်ထုတ်လိုက်သည့် အခါတွင် သူက ကြီးမားလှသော လက်ကွက် တံဆိပ်အမြောက်အမြားကို တစ်ကြိမ်တည်းဖြင့် တစ်ပြိုင်နက်တည်း ပုံဖော်ထုတ်လုပ်လိုက်တော့သည်။
ထိုလက်ကွက် တံဆိပ်များမှာ တစ်ခုနှင့်တစ်ခု ပူးကပ်ညှပ်ပူးညှပ်ပိတ် ဖြစ်နေခဲ့ကြရပြီး တတိယအဆင့် ရှိသော ဖေးသားရဲ အရိုးဆီသို့ ရေလှိုင်းကြီးတစ်ခုအလား တစ်ဟုန်ထိုး တိုးဝင်သွားခဲ့ကြရတော့သည်။
"ဘာလဲ"
ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်ကြသော လူတိုင်းမှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင် အကြီးအကျယ် ဆွံ့အမှင်တက်သွားခဲ့ကြရတော့သည်။
ဒါက သူက လက်ကွက် တံဆိပ်များကို ပေးပို့နေခြင်း မဟုတ်ဘဲ အမှိုက်များကို ပစ်ထုတ်နေသလိုမျိုး ဖြစ်နေခဲ့ရခြင်း မဟုတ်ပါလား။
လော့မို ပုံဖော်ထုတ်လုပ်ခဲ့သော အလွန်ပင် လှပပြည့်စုံပြီး အသက်ဝင်လှသော လက်ကွက် တံဆိပ်များနှင့် နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလျှင်တော့ ယီယွင်၏ လက်ကွက် တံဆိပ်များမှာ လူအများ ကြည့်ရှုရန်အတွက်ပင် ဘယ်လိုမှ မစွမ်းသာလောက်အောင် ဆိုးရွားလွန်းလှပေသည်။
"ထိုကောင်က ဘာတွေ လျှောက်လုပ်နေတာလဲ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ သေချာပေါက် ပေါက်ကွဲမှုကြီး ဖြစ်လာတော့မှာပဲ"
ပထမဆုံးသော ဆေးရတနာ ဖော်စပ်ခြင်း လုပ်ငန်းစဉ်တုန်းက ယီယွင်က အသုံးမကျလှသော လက်ကွက် တံဆိပ်များကို အသုံးပြုခဲ့သော်လည်း အနည်းဆုံးတော့ သူက ၎င်းတို့ကို စနစ်တကျ ရှိလှသော ပုံစံဖြင့် ပြီးမြောက်အောင် ပြုလုပ်နိုင်ခဲ့သေးသည်။ သို့သော်လည်း ယခုအကြိမ်တွင်မူ ၎င်းနှင့် ပတ်သက်၍ ဘာကို ပြောဆိုရမှန်းပင် မသိရှိနိုင်တော့ချေ။
လူအများက ဆက်လက်၍ စကားပြောဆိုရန်အတွက် အချိန်မရရှိလိုက်မီမှာပင် ယီယွင်ကမူ စွမ်းအင် မန္တန်အမှတ်အသားများကို စတင်၍ သန့်စင်စုစည်းနေခဲ့ပြီ ဖြစ်ကာ စွမ်းအင် တည်ဆောက်ပုံကို ပြီးမြောက်အောင် ပြုလုပ်နေခဲ့ပြီ ဖြစ်သည်။
သူက အခြေခံကျလှသော စွမ်းအင် မန္တန်အမှတ်အသားများကို တစ်ခုပြီးတစ်ခု အလွန်ပင် လျင်မြန်စွာဖြင့် ဖော်ဆောင်လိုက်ရင်း ၎င်းတို့ကို ဖေးသားရဲ အရိုးထက်သို့ ပေါင်းစပ်ဖြည့်တင်းပေးလိုက်တော့သည်။
ဤစွမ်းအင် မန္တန်အမှတ်အသားများမှာ အပြင်ပန်းတွင် မည်သည့် ထူးခြားမှုမျိုးမျှ ရှိမနေသည့်အလား မြင်တွေ့ရပေသည်။ သို့သော်လည်း ၎င်းတို့ထဲက အမြောက်အများမှာ ခရမ်းရောင် သလင်းကျောက်မှတစ်ဆင့် အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲထားခဲ့ပြီး ဖြစ်ပေသည်။
ဆေးရတနာ သန့်စင်ဖော်စပ်ခြင်း၏ အနှစ်သာရမှာ ဖေးသားရဲ အရိုးအတွင်းက စွမ်းအင်များကို အပြင်သို့ ထုတ်ယူပြီးနောက် ထိုစွမ်းအင်များကို မန္တန်အမှတ်အသားများအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ကို အတူတကွ ဖိသိပ်ချုံ့ပစ်လိုက်ပြီးသည့်နောက်တွင်မှ ဆေးရတနာတစ်ခု ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
ဤစွမ်းအင် မန္တန်အမှတ်အသားများ၏ တည်ဆောက်ပုံမှာ စွမ်းအင်များ စီးဆင်းရန်အတွက် အကောင်းမွန်ဆုံးသော လမ်းကြောင်းများကို ဖန်တီးပေးနိုင်သည့် တည်ဆောက်ပုံမျိုး ဖြစ်ပေသည်။
သို့သော်လည်း တကယ်တမ်းတွင်မူ လူသားများနှင့် ဖေးမျိုးနွယ်စုများမှာ စွမ်းအင်ဆိုင်ရာ နိယာမတရားများနှင့် ပတ်သက်၍ အကန့်အသတ် ရှိလှသော နားလည်သဘောပေါက်မှုမျိုးသာ ရှိကြသဖြင့် သူတို့ ဖန်တီးပုံဖော်ထားခဲ့သော စွမ်းအင် စီးဆင်းမှု လမ်းကြောင်းများမှာ အပြည့်အဝ ပြည့်စုံကောင်းမွန်ရန်အတွက် အလွန်ပင် ကွာဝေးနေသေးဆဲ ဖြစ်ပေသည်။
ရိုးရှင်းလှသော အဆင့်မြှင့်တင်မှုတစ်ခုတည်းကသာဆိုလျှင် အရေးမပါလှသော်လည်း ၎င်းတို့အားလုံး အတူတကွ စုစည်းမိသွားခဲ့သည့် အခါတွင်မူ အခြေအနေက လုံးဝ ခြားနားသွားခဲ့ရပြီ ဖြစ်သည်။
"ယီယွင်က သူ့ ရဲ့ မန္တန်အမှတ်အသားတွေမှာ အမှားအယွင်းတွေ ပြုလုပ်နေပြီ"
ထိုနေရာတွင် ရှိနေကြသော မျိုးဆက်သစ် လူငယ် ပါရမီရှင်များထဲတွင် ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်၌ အောင်မြင်မှု အချို့ ရှိထားကြသော လူအနည်းငယ် ပါဝင်နေခဲ့ကြသည်။ ယီယွင်က အလွန်ပင် သေးငယ်လှသော ပြုပြင်မွမ်းမံမှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်လင့်ကစား သူတို့က တစ်ချက်ကြည့်ရုံမျှဖြင့်တင် ၎င်းကို ခွဲခြားသိရှိနိုင်ကြပေသည်။
"ယီယွင် ပုံဖော်လိုက်တဲ့အမှတ်အသား အနည်းငယ်က ပုံသဏ္ဌာန် ပျက်နေခဲ့သလိုမျိုး ဖြစ်နေတယ်။ ၇၂ ပါးသော မိတ်ဆက်နည်းလမ်းတွေရဲ့ ရိုးရာ အစဉ်အလာ သတ်မှတ်ချက်တွေနဲ့ အနည်းငယ် ကွဲနေသလိုပဲ။"
နောက်ထပ် လူတစ်ဦးကလည်း ပြောဆိုလိုက်သည်။
သူတို့က ထိုအကြောင်းအရာကို ဆွေးနွေးနေကြစဉ်မှာပင် မင်းသား ချီရှန်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရတော့သည်။
မင်းသား ချီရှန်းသည် ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို တစ်ကြိမ်မျှ မလေ့လာခဲ့ဖူးသဖြင့် သူက ယီယွင်အနေဖြင့် ဤမျှလောက်အထိ အဆင့်ဆီသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကပင် အတော်လေးကို အံ့ဩဖွယ်ရာ ကောင်းလှပြီ ဖြစ်ကြောင်း ခံစားနေရခြင်း ဖြစ်သည်။
အချိန်များမှာ အလွန်ပင် လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်ကာ တစ်ဆယ့်ငါးမိနစ်ခန့်မှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယီယွင်၏ စွမ်းအင် မန္တန်အမှတ်အသားများမှာလည်း ပြီးဆုံးလုနီးပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ၏ လက်ကွက် တံဆိပ်များကို ပုံဖော်သည့် အရှိန်အဟုန်မှာ လော့မိုထက်ပင် နှစ်ဆခန့် ပိုမို၍ လျင်မြန်နေခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း အရှိန်အဟုန် တစ်ခုတည်းကသာဆိုလျှင် အသုံးမဝင်လှချေ။ ဆေးရတနာ သန့်စင်ဖော်စပ်ခြင်း၏ ပြည့်စုံကောင်းမွန်မှုမှာ နောက်ဆုံး ထွက်ပေါ်လာမည့် ရလဒ်အပေါ်တွင်သာ လုံးဝ မူတည်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ စွမ်းအင် တည်ဆောက်ပုံတွင် အားနည်းချက် တစ်စုံတစ်ရာ ရှိနေခဲ့မယ်ဆိုလျှင် ဤစွမ်းအင် မန္တန်အမှတ်အသားများမှာ နောက်ဆုံးတွင် သေချာပေါက် ပေါက်ကွဲသွားခဲ့ကြရမှာ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ယီယွင်သည် သူ၏ နောက်ဆုံး စွမ်းအင် မန္တန်အမှတ်အသားကို အောင်မြင်အောင် ပုံဖော်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
ခုနစ်ဆယ်ကျော်ခန့် ရှိသော စွမ်းအင် မန္တန်အမှတ်အသားများ အားလုံး အတူတကွ ပေါင်းစပ်သွားခဲ့ကြသည့် အခါတွင် ယီယွင် ပြုလုပ်ခဲ့သော သေးငယ်လှသည့် ပြုပြင်မွမ်းမံမှုများမှာ ကွင်းဆက် တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်းကို မည်သူကမှ သတိထားမိခြင်း မရှိခဲ့ကြချေ။
၎င်းတို့က တစ်ခုနှင့်တစ်ခု အပြန်အလှန် ပေါင်းစပ်သွားခဲ့ကြရပြီး ဆွဲဆောင်မှု ရှိလှသော စွမ်းအင်လှိုင်းတစ်ခုကိုပင် ပိုင်ဆိုင်ထားခဲ့ကြရတော့သည်။
သို့သော်လည်း ယီယွင်၏ လက်ရှိ ကျင့်စဉ်အဆင့်အတန်းမှာ အကန့်အသတ် ရှိနေဆဲ ဖြစ်ပေသည်။ သူ၏ ကိုယ်ပိုင် နည်းစနစ်ဆိုင်ရာ အကန့်အသတ်များနှင့် ဖေးသားရဲ အရိုး၏ အဆင့်အတန်းတို့ကြောင့် ဤမဟာဥပဒေသ၏ ဖြစ်တည်မှု ပုံရိပ်မှာ ခဏမျှသာ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပြီး ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားခဲ့ရတော့သည်။
ယီယွင်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။
ခရမ်းရောင်သလင်းကျောက်ရှိနေခဲ့ဦးတော့ စကြဝဠာကြီး၏ အရင်းအမြစ် တရားများကို သွားရောက် ရှာဖွေလေ့လာရန်အတွက် သူ့မှာ ခက်ခဲနေသေးဆဲ ဖြစ်ကြောင်း သူ သိရှိလိုက်ရသည်။ ထိုအဆင့်အတန်းက လက်ရှိ သူ့အတွက်တော့ မြင့်မားလွန်းလှပေသည်။
ယီယွင်၏ လက်နှစ်ဖက်မှာ အတူတကွ ပေါင်းစည်းသွားခဲ့ရတော့သည်
ဆေးရတနာ ဖော်စပ်ခြင်း
ဒိုင်း......
ခရမ်းရောင် အလင်းတန်းတစ်ခုမှာ အရှိန်အဟုန်ပြင်းစွာဖြင့် တောက်ပလာခဲ့ရပြီး နန်းတော်ကြီး၏ အမိုးမျက်နှာကြက်ဆီသို့ တိုက်ရိုက် တိုးဝင်သွားခဲ့ရတော့သည်။ လူတိုင်းက မည်သို့သော အရာမျိုး ဖြစ်ပျက်သွားခဲ့သလဲဆိုတာကို မသေချာ ဖြစ်နေခဲ့ကြရသဖြင့် ၎င်းတို့၏ မျက်ဝန်းများကို မသိစိတ်ကြောင့် အသာအယာ မှိတ်လိုက်မိကြတော့သည်။
ဘာဖြစ်လို့ ဤမျှလောက်အထိ ပြင်းထန်လှသော အလင်းတန်းကြီး ပေါ်ထွက်လာခဲ့ရတာလဲ။
သို့သော်လည်း ၎င်းက ပေါက်ကွဲမှုတစ်ခု လုံးဝ မဟုတ်ကြောင်းကိုမူ မည်သူမျှ သံသယ မဖြစ်မိကြချေ။
ဟူး....
ပြင်းထန်လှသော ခရမ်းရောင် အလင်းတန်းကြီး၏ အောက်တွင်မူ ခရမ်းရောင် မီးလျှံများဖြင့် တောက်လောင်နေခဲ့သော လုံးဝန်းလှသည့် ဆေးလုံးတစ်လုံးမှာ ယီယွင်၏ လက်ဝါးထက်သို့ ပျံသန်းကျရောက်လာခဲ့ပြီ ဖြစ်သည်။ ၎င်းထဲတွင် ဝိညာဉ်စွမ်းအင်တစ်ခု ကိန်းအောင်းနေခဲ့သည့်အလား ယီယွင်၏ လက်ဝါးအလယ်ဗဟိုထက်တွင် အသာအယာ ဝဲပျံနေခဲ့တော့သည်။
ထိုလုံးဝန်းလှသော ဆေးလုံးလေးမှာ ပြာလဲ့လဲ့ ခရမ်းရောင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ထိုဆေးလုံးလေး၏ အလယ်ဗဟိုတွင်မူ သေးငယ်လှသော မြွေတစ်ကောင်အလား ကွေ့ကောက်နေခဲ့သော လှပလှသည့် အစီအရင် မန္တန်အမှတ်အသား ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
ဤထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှသော မြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ လူတိုင်းက အချိန်မီပင် ပြန်လည် တုံ့ပြန်နိုင်စွမ်း မရှိကြတော့ဘဲ ဆွံ့အငြိမ်သက်နေခဲ့ကြရတော့သည်။
"ထိုလုံးဝန်းလှတဲ့ ဆေးလုံးလေးက ဆေးရတနာတစ်ခုလား။"
ထိုနေရာတွင် ရှိနေခဲ့သော ပျက်စီးခြင်းကောင်းကင် ဆရာသခင်တစ်ဦးက ရုတ်တရက် လှမ်း၍ ပြောဆိုလိုက်သည်။
ထိုတောက်ပလှသော ဆေးရတနာလေးမှာ ၎င်း စတင်မွေးဖွားလာခဲ့သည့် အခိုက်အတန့်မှာပင် ခရမ်းရောင် မီးလျှံများဖြင့် တောက်လောင်နေခဲ့ခြင်း ဖြစ်သည်။
ယီယွင်က တကယ်ပဲ ပြီးပြည့်စုံလှသော ဆေးရတနာတစ်ခုကို အောင်မြင်အောင် သန့်စင်ဖော်စပ်နိုင်ခဲ့တာလား။ ဒါက တကယ်ပဲ လက်တွေ့ဘဝ ဟုတ်ရဲ့လား။ ယီယွင်၏ လက်ကွက် တံဆိပ်များတွင် ပြဿနာများစွာ ရှိနေခဲ့သည်ဟု ပြောဆိုခဲ့ကြသည် မဟုတ်ပါလား။
ထို့အပြင် ဤဆေးရတနာ၏ အဆင့်အတန်း သတ်မှတ်ချက်က ဘာဖြစ်မလဲ။ ထိုနေရာတွင် ရှိနေကြသော လူအမြောက်အမြားမှာမူ ၎င်းနှင့် ပတ်သက်၍ အကဲဖြတ်ချက် မပေးနိုင်စွမ်း ရှိနေခဲ့ကြချေ။ သို့သော်လည်း ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်တွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော မယ်တော် လော့ကမူ သူမ၏ မျက်ဝန်းများကို အကြီးအကျယ် ပြူးကျယ်လိုက်မိရင်း သူမ၏ ထိုင်ခုံထက်ကနေ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်မိပြီ ဖြစ်သည်။
မိဖုရားခေါင်ကြီးတစ်ဦးအနေဖြင့် မယ်တော် လော့သည် ဤကဲ့သို့သော ပုံစံမျိုးဖြင့် သူမ၏ တည်ငြိမ်မှုကို ပျက်ယွင်းသွားစေခဲ့ဖူးခြင်းမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။
သူမသည် ယီယွင်၏ လက်ထဲက ဖေးသားရဲ အရိုး ဆေးရတနာကို အံ့အားသင့်လှသော၊ သံသယ ဖြစ်ဖွယ်ရာ ကောင်းလှသော အကြည့်များဖြင့် စိုက်ကြည့်နေမိခဲ့ရတော့သည်။
မယ်တော် ရွှမ်ဟို့နှင့် ထိုနေရာတွင် ရှိနေကြသော ပျက်စီးခြင်းကောင်းကင် ဆရာသခင်များ လော့ခွေ့နှင့် ယီယွင်နှင့် ပြိုင်ဆိုင်နေခဲ့သော လော့မိုကိုယ်တိုင်ပင်လျှင် အားလုံးက အကြီးအကျယ် ဆွံ့အအံ့အားသင့်သွားခဲ့ကြရပြီ ဖြစ်သည်။
လော့မိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိရင်း သူ၏ ခန့်ညားလှသော မျက်နှာတစ်ခုလုံးမှာ အနည်းငယ်မျှ ဖြူဖျော့သွားခဲ့ရပြီ ဖြစ်သည်။ သူက သူ့ကိုယ်သူ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
"မန္တန်အမှတ်အသား ပုံရိပ်တွေ ပေါ်ထွက်နေတဲ့ တတိယအဆင့် ဖေးသားရဲ အရိုး ဆေးရတနာတစ်ခု ထူးချွန်ထက်မြက်ခြင်း အဆင့်လား"
မန္တန်အမှတ်အသား ပုံရိပ် ဟုတ်လား။
ထူးချွန်ထက်မြက်ခြင်း အဆင့် ဟုတ်လား။
ထိုနေရာတွင် ရှိနေကြသော မျိုးဆက်သစ် လူငယ် ပါရမီရှင်များမှာ သူတို့ကိုယ်တိုင် ပျက်စီးခြင်းကောင်းကင် ဆရာသခင်များ မဟုတ်ကြဦးတော့ ဆေးရတနာများ၏ အရည်အသွေး အဆင့်အတန်း ခွဲခြားသတ်မှတ်ချက်များကိုတော့ ကောင်းကောင်း သိရှိထားကြပေသည်။
ဆေးရတနာတစ်ခုထက်တွင် မန္တန်အမှတ်အသား ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ခြင်းမှာ ၎င်းက ထူးချွန်ထက်မြက်ခြင်း အဆင့်ရှိသော ဆေးရတနာတစ်ခု ဖြစ်ကြောင်းကို ပြသနေခဲ့သည့် သက်သေအထောက်အထားတစ်ခု ဖြစ်ပေသည်။
တတိယအဆင့် ရှိသော ဆေးရတနာတစ်ခုအတွက်ဆိုလျှင်မူ ၎င်းကို အဆင့်လေးဆင့်သာ ခွဲခြားသတ်မှတ်နိုင်စွမ်း ရှိပေသည် ညံ့ဖျင်း၊ သာမန်၊ သန့်စင်ပြီးနှင့် ထူးချွန်ထက်မြက်ခြင်းတို့ ဖြစ်ကြသည်။ ထူးချွန်ထက်မြက်ခြင်း ဆိုသည်မှာ အမြင့်မားဆုံးသော အဆင့်အတန်း ဖြစ်ပြီး ၎င်းထက် ပိုမို၍ မြင့်မားလှသော ကောင်းကင်ဘုံကို ကျော်လွန်ခြင်း နှင့် စိတ်ဝိညာဉ် ပေါ်ထွက်ခြင်းဟူသော အဆင့်အတန်းများမှာမူ ပိုမို၍ မြင့်မားလှသော အဆင့်ရှိသည့် ဆေးရတနာများအတွက်သာ သီးသန့် သတ်မှတ်ထားလေ့ ရှိကြခြင်း ဖြစ်သည်။
ထူးချွန်ထက်မြက်ခြင်း အဆင့်ရှိသော တတိယအဆင့် ဆေးရတနာတစ်ခုကို သန့်စင်ဖော်စပ်ရန်ဆိုသည်မှာ တကယ့် စစ်မှန်သော ပါရမီရှင် ထူးချွန်လှသည့် ပျက်စီးခြင်းကောင်းကင် ဆရာသခင်တစ်ဦးအတွက်မူ မခက်ခဲလှသော်လည်း တကယ်တမ်း ၇၂ ပါးသော အခြေခံမိတ်ဆက်နည်းလမ်းများကိုသာ အသုံးပြုပြီး ထူးချွန်ထက်မြက်ခြင်း အဆင့်ရှိသော ဆေးရတနာတစ်ခုကို သန့်စင်ဖော်စပ်လိုက်နိုင်ခြင်း ဟုတ်လား။ ၎င်းက တကယ်ပဲ ဖြစ်နိုင်ပါ့မလား။
အခန်း ၈၇၁ - ဆုလာဘ်များနှင့် ဘွဲ့ထူးအဆင့်အတန်း အပ်နှင်းခြင်း
ထိုနေရာတွင် ရှိနေကြသော မျိုးဆက်သစ် လူငယ် ပါရမီရှင်များအနေဖြင့် ဤအရာကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဖြစ်နေခဲ့ကြရသော်လည်း နောက်ဆုံး ရလဒ်ကိုမူ ယီယွင်၏ ပြိုင်ဘက် ဖြစ်သူ လော့မိုကိုယ်တိုင်က ထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်ပေသည်။
သူတို့သည် ယီယွင်၏ လက်ထဲက ဆေးရတနာကို လှမ်း၍ ကြည့်လိုက်ကြသည်။ ၎င်းက ပြာလဲ့လဲ့ ခရမ်းရောင် ရှိနေခဲ့ပြီး တောက်ပလှသော ဖန်လုံးလေးတစ်လုံးနှင့် အလွန်ပင် တူညီလှပေသည်။ ၎င်း၏ အလယ်ဗဟိုတွင်မူ သဘာဝအလျောက် ပေါင်းစပ်ဖွဲ့စည်းတည်ဆောက်ထားခဲ့သော မန္တန်အမှတ်အသား ပုံရိပ်တစ်ခု ရှိနေခဲ့ပြီး ၎င်းကို ဥပဒေသပုံရိပ် ဟုလည်း ခေါ်ဆိုကြပေသည်။
ဥပဒေသပုံရိပ်များဆိုသည်မှာ နိယာမတရားများ သိပ်သည်းကျစ်လျစ်သွားခဲ့ခြင်း၏ ထင်ဟပ်ချက်တစ်ခု ဖြစ်ပေသည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် အဆင့်မြင့်လှသော ဆေးရတနာများတွင်သာ ပေါ်ထွက်လာလေ့ ရှိကြသော်လည်း အောက်ခြေ အဆင့်နိမ့်လှသော ဆေးရတနာများတွင်မူ လုံးဝ တွေ့ရခဲလှပေသည်။
ဤ ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများကို လော့မျိုးနွယ်စု၏ နည်းစနစ်တစ်ခုအဖြစ် ဖော်ပြထားခဲ့ကြသော်လည်း တကယ်တမ်းတွင်ဝမ်ဖေး ကောင်းကင်ဘုံကြီးတစ်ခုလုံးတွင် အလွန်ပင် ရေပမ်းစားလှသော အရာတစ်ခု ဖြစ်သည်။ ဤကဲ့သို့သော အခြေခံ နည်းစနစ်မျိုးကို မည်သည့် အောက်ခြေ အဆင့်နိမ့် ဂိုဏ်းငယ်လေး သို့မဟုတ် သာမန် မျိုးနွယ်စုငယ်လေးများ၏ စာကြည့်တိုက်များတွင်မဆို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်စွမ်း ရှိပေသည်။
၎င်းက ထည့်သွင်းပြောဆိုရန်ပင် တန်ဖိုးရှိလှသော အရာတစ်ခု မဟုတ်ချေ။
ဤကဲ့သို့သော အသုံးမကျလှသည့် အခြေခံနည်းစနစ်က အံ့ဩဖွယ်ရာ ကောင်းလောက်အောင်ပင် ဆေးရတနာအတွင်း၌ ဥပဒေသပုံရိပ်တစ်ခုကို ပေါ်ထွက်လာအောင် ဖန်တီးပေးနိုင်ခဲ့ခြင်း ဟုတ်လား။
လူတိုင်းက ထိုဆေးရတနာကို စိုက်ကြည့်လိုက်ကြပြီးနောက် ယီယွင်ကို ထပ်မံ၍ လှမ်းကြည့်လိုက်ကြသည့် အခါတွင် သူတို့၏ လည်ချောင်းအတွင်းက တံတွေးများကို မသိစိတ်ကြောင့် အသာအယာ မျိုချလိုက်မိကြတော့သည်။
သူတို့သည် မိမိတို့ လေ့လာသင်ကြားခဲ့ဖူးသော ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများမှာ အတုအယောင်များ ဖြစ်နေခဲ့ခြင်း ဖြစ်နိုင်မလားဟုပင် စတင်၍ သံသယ ဝင်မိသွားခဲ့ကြရတော့သည်။
ယီယွင်သည် ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများကိုသာ အသုံးပြုပြီး ဥပဒေသပုံရိပ်တစ်ခု ကိန်းအောင်းနေခဲ့သော ထူးချွန်ထက်မြက်ခြင်း အဆင့်ရှိသည့် တတိယအဆင့် ဆေးရတနာတစ်ခုကို အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့ခြင်းမှာ လူတိုင်းကို သုံးလုံးကဗျာသင်ပုန်းကြီးကိုသာ အခြေခံမျှ လေ့လာထားခဲ့ဖူးသော ကလေးငယ်တစ်ဦးက နိုင်ငံတော်၏ ပထမဆုံးသော စာမေးပွဲနန်းတွင်းပညာရှိကြီးကို အနိုင်ယူလိုက်သလိုမျိုး ခံစားချက်ကို ပေးစွမ်းနေခဲ့ခြင်း ဖြစ်သည်။
"ငါ ရှုံးသွားပါပြီ "
လော့မိုက ထိုဆေးရတနာကို စိုက်ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက် ချကာ ပြောဆိုလိုက်တော့သည်။
တကယ်တမ်းတွင်မူ ယီယွင် ဖော်စပ်ထားခဲ့သော ဆေးရတနာ၏ အပြင်ပန်း သဏ္ဌာန်အရ ဆိုလျှင်မူ ၎င်းက ထူးချွန်ထက်မြက်ခြင်း အဆင့်သို့ ရောက်ရှိရန်အတွက် အနည်းငယ်မျှ လိုအပ်နေသေးသည်ဟု သူက ခံစားနေရခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းထက်တွင် ပေါ်ထွက်နေခဲ့သော ဥပဒေသပုံရိပ်မှာမူ အလွန်ပင် ရှင်းလင်းပြတ်သားလှပေသည်။ ၎င်းက ယီယွင်၏ နိယာမတရားများအပေါ်တွင် နက်ရှိုင်းလှသော နားလည်သဘောပေါက်မှု ရှိနေခဲ့ခြင်း၏ ထင်ဟပ်ချက်တစ်ခု ဖြစ်ပေသည်။
"မင်း အသုံးပြုခဲ့တဲ့ အရာက လော့မျိုးနွယ်စုရဲ့ သာမန် ၇၂ ပါးသော မိတ်ဆက်နည်းလမ်းတွေ သက်သက်ပဲ မဟုတ်ဘူးမလား။"
လော့မိုက လှမ်း၍ မေးမြန်းလိုက်သည်။ အရင်တုန်းက ယီယွင်၏ နည်းစနစ်များအတွင်း၌ အားနည်းချက်များနှင့် အမှားအယွင်း များစွာ ရှိနေခဲ့သည်ဟု သူတို့ ထင်မြင်မိခဲ့ကြသော်လည်း ယခုအခါတွင်မူ ၎င်းတို့၏ အရင်က တွေးတောယူဆချက်များမှာ သူတို့ကိုယ်တိုင် မိုက်မဲလွန်းလှသောကြောင့် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြရပြီ ဖြစ်သည်။
လော့မို၏ မေးမြန်းလိုက်သော စကားမှာလည်း ထိုနေရာတွင် ရှိနေကြသော လူအမြောက်အမြား၏ စိတ်ထဲတွင် သိရှိလိုနေခဲ့ကြသော မေးခွန်းတစ်ခုပင် ဖြစ်ပေသည်။
ယီယွင်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
"လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ငါ ဖုန်းလင်းတောင်ပေါ်မှာ လော့မျိုးနွယ်စုရဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို လေ့လာဆန်းစစ်နေခဲ့စဉ်မှာပဲ နည်းစနစ်အချို့မှာ ပြုပြင်ပြောင်းလဲပြီး စမ်းသပ်မှုအချို့ ပြုလုပ်နိုင်မယ့် နေရာအချို့ ရှိနေခဲ့ကြောင်း ငါ ခံစားမိခဲ့ရတယ်။ ဒါကြောင့် ငါက စမ်းသပ်ကြည့်လိုက်တာပါ။"
စမ်းသပ်ကြည့်လိုက်တာ ဟုတ်လား။
လူတိုင်းက ထိုစကားကို ကြားလိုက်ရသည့် အခါတွင်မူ ချက်ချင်းပင် စကားလုံးမဲ့ ဆွံ့အသွားခဲ့ကြရတော့သည်။
မင်း တကယ်ပဲ နောက်ပြောင်မနေဘူးမလား။ သာမန်မျှသာ ရှိနေခဲ့သော စမ်းသပ်မှု အနည်းငယ်ကပဲ သူ့ကို ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများကို အသုံးပြုပြီး ထူးချွန်ထက်မြက်ခြင်း အဆင့်ရှိသော ဆေးရတနာတစ်ခုကို ပေါ်ထွက်လာအောင် ဖန်တီးပေးနိုင်ခဲ့ခြင်း ဟုတ်လား။
"ဂျူနီယာ ညီငယ် ယီယွင်က တကယ့်ကိုပဲ ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ ငါ မင်းကို အပြည့်အဝ အရှုံးပေးပါတယ် "
လော့မိုက သက်ပြင်းတစ်ချက် ချလိုက်မိရင်း သူ၏ ခေါင်းကို ခါယမ်းလိုက်တော့သည်။
လော့မိုသည် မိမိကိုယ်မိမိ အရှုံးပေးကြောင်း အသိအမှတ်ပြုလိုက်ပြီးနောက် ထိုနေရာကနေ လှည့်ထွက်သွားခဲ့ရတော့သည်။ တော်ဝင်စားသောက်ပွဲကြီးအတွင်းတွင် ရှိနေကြသော လူတိုင်းက လော့မို၏ ထွက်ခွာသွားခဲ့သော ကျောပြင်ကိုသာ ငေးစိုက်ကြည့်နေမိကြရတော့သည်။ အထူးသဖြင့် လော့ခွေ့ဆိုလျှင်မူ သူ၏ မျက်နှာတစ်ခုလုံးမှာ အလွန်ပင် ပူထူနေခဲ့ရပြီး ဤနန်းတော်ကြီးအတွင်းကနေ ချက်ချင်းပင် ကိုယ်ပျောက်ကွယ်သွားနိုင်မည့် စွမ်းရည်မျိုး ရှိနေခဲ့လျှင် အလွန်ပင် ကောင်းလိမ့်မည်ဟု တောင့်တမိနေခဲ့ရတော့သည်။
ယခင်က သူသည် ယီယွင်က သူ့ကို ကံကောင်းမှုတစ်ခုတည်းဖြင့်သာ အနိုင်ယူခဲ့ခြင်း ဖြစ်ကြောင်း ဇွတ်အတင်း ပြောဆိုခဲ့ဖူးသဖြင့် အရှုံးပေးခဲ့ရခြင်းအပေါ် အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ယီယွင် ပြသလိုက်သော ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ သူက ယီယွင်နှင့် အဘယ်သို့ယှဉ်ပြိုင်နိုင်စွမ်း ရှိပါဦးမည်နည်း။
ကံကောင်းစွာဖြင့် သူက ယီယွင်နှင့် ဆက်လက်၍ ပြိုင်ဆိုင်ခြင်း မပြုလုပ်ခဲ့ရခြင်း ဖြစ်ပေသည်။ အကယ်၍ သာ ထိုသို့ ဆက်လက်ပြိုင်ဆိုင်ခဲ့မယ်ဆိုလျှင်တော့ လော့ခွေ့အနေဖြင့် သူ၏ မျက်နှာ အရေပြားကိုသာ ခွာချပစ်လိုက်ချင်စိတ် ပေါ်ထွက်လာရမှာ သေချာလှပေသည်။
သို့သော်လည်း ယီယွင်သည် အသက်သုံးဆယ်ခန့်အထိသာ ကျင့်စဉ်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ရဖူးသူ မဟုတ်ပါလား။ သူက ဘယ်အချိန်ကတည်းက ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို ဤမျှလောက်အထိ ကျွမ်းကျင်အောင် လေ့ကျင့်ရန်အတွက် အချိန် ရရှိနေခဲ့ရတာလဲ။
လော့မိုအပေါ် အောင်မြင်မှု ရရှိပြီးသည့်နောက်တွင်မူ ယီယွင်သည် ကံကောင်းမှုကြောင့်သာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း မည်သူကမှ ရဲရဲဝံ့ဝံ့ သံသယ ဝင်ဝံ့ကြခြင်း မရှိတော့ချေ။ တကယ်တမ်းတွင်မူ ယီယွင်ကို မိုက်မဲစွာဖြင့် လာရောက်စိန်ခေါ်ဝံ့သူ ဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ကြတော့ချေ။
ယီယွင်သည် လော့မျိုးနွယ်စုအတွင်း၌ အလွန်ပင် ရှားပါးလှသော ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ ပါရမီရှင်ကြီးများထဲက တစ်ဦး ဖြစ်ပေသည်။
မင်းသား ချီရှန်းက ယီယွင်ကို ကြည့်လိုက်မိရင်း သူ၏ နှုတ်ခမ်းများမှာ အနည်းငယ်မျှ လှုပ်ရှားသွားခဲ့ရသည်။ ထို့နောက်တွင်တော့ သူက မြေခွေးဖြူမင်းသမီး ထံသို့ လှမ်း၍ ကြည့်လိုက်မိတော့သည်။ လော့မိုပင် အရှုံးပေးသွားခဲ့ရပြီ ဖြစ်သဖြင့် သူ၏ ဘက်တော်သားများထဲတွင် ယီယွင်နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူဟူ၍ မြေခွေးဖြူမင်းသမီး တစ်ဦးတည်းသာ ကျန်ရှိတော့ခြင်း ဖြစ်သည်။
မင်းသား ချီရှန်းသည် မြေခွေးဖြူမင်းသမီး၏ ကိုယ်ပိုင် ပါရမီအဆင့်အတန်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ရာ ကောင်းလှကြောင်း သိရှိထားပြီး ဖြစ်ကာ ၎င်းက ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်တစ်ခုတည်းတွင်တင် အကန့်အသတ် ရှိနေခဲ့ခြင်း မဟုတ်ချေ။
သို့သော်လည်း မြေခွေးဖြူမင်းသမီးကမူ အသာအယာ ပြုံးလိုက်မိရင်း သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်ရုံသာ ပြုလုပ်ခဲ့သည်။
မင်းသား ချီရှန်း၏ မျက်ဝန်းများအတွင်း၌ စိတ်ပျက်လှသော အမူအရာတစ်ခု ဖြတ်သန်းသွားခဲ့ရသော်လည်း ၎င်းက ခဏမျှသာ ဖြစ်ပေသည်။
သူက သူမကို ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် သူ၏ ခေါင်းကို ပြန်လှည့်လိုက်ရင်း ယီယွင်ကို စိုက်ကြည့်လိုက်တော့သည်။
ဤတော်ဝင်စားသောက်ပွဲကြီးအတွင်းတွင် သူက ခရမ်းပြာဝိဉာဉ် မင်းသမီးနှင့် မယ်တော် ရွှမ်ဟို့တို့၏ အရှိန်အဝါကို နှိမ်နင်းရန် ပျက်ကွက်ခဲ့ရရုံတင်မကဘဲ သူ့ကိုယ်သူပါ လူပုံအလယ်တွင် အကြီးအကျယ် သိက္ခာကျဆင်းစေခဲ့ရခြင်း ဖြစ်ပေသည်။
ဘယ်ကနေ ဘယ်လို ရောက်ရှိလာခဲ့မှန်း မသိရသော ဤအောက်မြေကမ္ဘာက ကောင်စုတ်လေးကို စတင်ကတည်းက သူက တစ်ကြိမ်မျှ အထင်ကြီးခဲ့ဖူးခြင်း မရှိခဲ့ချေ။
သို့သော်လည်း ယခုအခါတွင်မူ ယီယွင်သည် စားသောက်ပွဲကြီး၏ အလယ်ဗဟိုတွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်တတ်ရပ်နေခဲ့ပြီ ဖြစ်ကာ တစ်ပွဲတည်းနှင့်တင် သူ၏ နာမည်ဂုဏ်သတင်းကို ကမ္ဘာကျော်သွားအောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
မြေခွေးဖြူမင်းသမီးကလည်း ယီယွင်ကို စိုက်ကြည့်နေမိခဲ့ရသည်။ နှင်းပွင့်လွှာပါးလေးတစ်ခုဖြင့် ဖုံးအုပ်ထားခဲ့သည့်အလား ဖြစ်နေခဲ့သော သူမ၏ မျက်ဝန်းများအတွင်း၌ ထူးခြားလှသော အလင်းရောင်တစ်ခု ဖြတ်သန်းသွားခဲ့ရသည်။
ယီယွင် အသုံးပြုခဲ့သော ၇၂ ပါးသော မိတ်ဆက်နည်းလမ်းများနှင့် ဆေးရတနာထက်တွင် ထွက်ပေါ်နေခဲ့သော ဥပဒေသပုံရိပ်တို့မှာ သူမ၏ စိတ်ဝိညာဉ်အတွင်း၌ နက်ရှိုင်းလှသော အမှတ်အသားတစ်ခုကို ချန်ထားခဲ့နိုင်ခဲ့ပြီ ဖြစ်သည်။ ဤလူသား မျိုးနွယ်စုက လူငယ်လေးမှာ တကယ့်ကိုပဲ ထူးခြားလွန်းလှပေသည်
ဤအခိုက်အတန့်တွင်ပဲ မယ်တော် ရွှမ်ဟို့က ရုတ်တရက် မတ်တတ်ထရပ်လိုက်တော့သည်။ သူမ၏ သွယ်လျလှသော လက်ချောင်းလေးများဖြင့် ဝိညာဉ်အရက်ခွက်ကို ကိုင်မြှောက်လိုက်ရင်း ပြောလိုက်သည်။
"အစ်မတော် ယခုအကြိမ်မှာ ယီယွင်၊ လော့မိုနဲ့ လော့ခွေ့တို့ရဲ့ ပြိုင်ဆိုင်မှု စွမ်းဆောင်ရည်တွေက ဤစားသောက်ပွဲကြီးကို စိတ်လှုပ်ရှားဖွယ်ရာ ကောင်းအောင် ကူညီပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ် ဒါကြောင့် ငါတို့ စားသောက်ပွဲကြီးကို ဤနေရာမှာတင်ပဲ အဆုံးသတ်လိုက်ကြရင် ဘယ်လိုလဲ။"
မယ်တော် ရွှမ်ဟို့က ထိုသို့ ပြောဆိုလိုက်ခြင်းအားဖြင့် ၎င်းက မယ်တော် လော့အတွက် ဤရှက်ဖွယ်ရာ ကောင်းလှသော အခြေအနေမှ သေသေချာချာ ဆင်းသက်နိုင်မည့် လမ်းစတစ်ခုကို ပေးအပ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။
တကယ်တမ်းတွင်မူ သူမအနေဖြင့် ဤကဲ့သို့သော ထွက်ပေါက်တစ်ခုကို မဖြစ်မနေ ပေးအပ်ရမှာ ဖြစ်သည်။ ယီယွင်သည် စားသောက်ပွဲကြီးအတွင်း၌ သူ၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို အသုံးပြုပြီး သူမ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူပေးနိုင်ခဲ့ခြင်း ဖြစ်လင့်ကစား တကယ့် စစ်မှန်သော ခွန်အား စွမ်းရည်ဆိုင်ရာ တိုက်ပွဲများတွင်မူ မယ်တော် ရွှမ်ဟို့၏ ဘက်တော်သားများမှာ အလွန်ပင် အားနည်းနေသေးဆဲ ဖြစ်ပေသည်။
ယီယွင် တစ်ဦးတည်းကသာလျှင် သူမ၏ ဘက်တော်သားများကို ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်တွင် အနှိုင်းမဲ့သွားအောင် ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်သော်လည်း လော့နတ်ဘုရား နန်းတော်ကြီး၏ စမ်းသပ်မှုများအတွင်းတွင်မူ ၎င်းက စစ်မှန်သော ခွန်အား စွမ်းရည်များကိုသာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပြီး ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို ယှဉ်ပြိုင်ကြရမှာ မဟုတ်ချေ။
ထို့ကြောင့် မယ်တော် ရွှမ်ဟို့သည် မယ်တော် လော့နှင့် မင်းသား ချီရှန်းတို့ အကြီးအကျယ် ဒုက္ခရောက်သွားခဲ့ရသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အတိုင်းထက်အလွန် ဝမ်းမြောက်မိနေခဲ့ရသော်လည်း သူမအနေဖြင့် မိမိဘာသာ အစပြု၍ ဤကဲ့သို့သော အခြေအနေမျိုးကို ဖန်တီးပေးရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ချေ။
မယ်တော် လော့သည် သူမ၏ ထိုင်ခုံထက်သို့ ပြန်လည် ထိုင်ချလိုက်ပြီ ဖြစ်သည်။ အရင်တုန်းက သူမ၏ တည်ငြိမ်မှု ပျက်ယွင်းသွားခဲ့ရခြင်းနှင့် စားသောက်ပွဲအတွင်းက အရှုံးပေးခဲ့ရမှုများကြောင့် မည်သည့် အမြင်အာရုံ ကောင်းမွန်သော လူမဆို သူမ၏ မျက်နှာထက်တွင် စိတ်ပျက်မပျော်ရွှင်လှသော အမူအရာများ ရှိနေခဲ့ကြောင်း ခွဲခြားသိရှိနိုင်ကြပေသည်။
မယ်တော် ရွှမ်ဟို့၏ စကားများကို ကြားသိလိုက်ရပြီးနောက်အလွန်ပင် ကောင်းမွန်နေခဲ့သော စိတ်ခံစားချက်ကို မြင်တွေ့လိုက်ရသည့် အခါတွင် မယ်တော် လော့၏ စိတ်ခံစားချက်မှာ ပိုမို၍ ဆိုးရွားပျက်စီးသွားခဲ့ရတော့သည်။
"ညီမတော် ပြောတာ မှန်ပါတယ်။ ငါတို့ စားသောက်ပွဲကို ဤနေရာမှာတင်ပဲ အဆုံးသတ်လိုက်ကြတာပေါ့။"
မယ်တော် လော့က ပြောလိုက်သည်။
ဤအခိုက်အတန့်တွင်ပဲ မယ်တော် ရွှမ်ဟို့က ယီယွင်ကို တစ်ချက်မျှ လှမ်း၍ ကြည့်လိုက်မိရင်း ပြုံးလျက်ဖြင့် ပြောဆိုလိုက်သည်။
"ယီယွင်ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို မဆိုးလှပါဘူး ဒါကြောင့် သူ့ကို အားပေးမှုတစ်ခုအနေနဲ့ ထိုက်တန်လှတဲ့ ဆုလာဘ်တစ်ခု ပေးအပ်သင့်ပါတယ်"
"ဒါကတော့ သဘာဝကျပါတယ် ငါတို့ လော့မျိုးနွယ်စုက ဘယ်အချိန်မဆို ပါရမီရှင်တွေကို တန်ဖိုးထားလေ့ ရှိကြတာပါ။ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ ပါရမီရှင်တစ်ဦးကို သေချာပေါက် ဆုချရမှာ ဖြစ်ပါတယ်။"
မယ်တော် လော့က ခေါင်းကို ညိတ်ပြလိုက်ရင်း ပြောဆိုလိုက်သည်။
"ငါကတော့ ယီယွင်ကို ကမ္ဘာမြေကျောက်တုံး ၃၀၀၊ စတုတ္ထအဆင့် ရှိတဲ့ ဆေးရတနာ ၂၀ နဲ့ ပဉ္စမအဆင့် ရှိတဲ့ ဖေးသားရဲ အရိုး ၁၀ ခုကို ဆုလာဘ်အနေနဲ့ ပေးအပ်ပါမယ်။"
မယ်တော် လော့က ပြောလိုက်သည်။
လော့ဟော်အာ ကမူ စိတ်ထဲကနေ သူမ၏ မျက်လုံးများကိုသာ အပေါ်သို့ လှန်လိုက်မိတော့သည်။ အတော်ကို ကပ်စေးနည်းလှတဲ့ မိန်းမကြီးပဲ။
ဘယ်လိုမျိုး မျက်နှာပြောင်တိုက်ပြီး ဤမျှလောက်အထိ သေးငယ်လှတဲ့ ဆုလာဘ်မျိုးကို ပေးအပ်ဝံ့ရတာလဲ။
ထို့နောက်တွင်တော့ လော့ဟော်အာက သူမ၏ မိခင် ဖြစ်သူထံသို့ လှမ်း၍ ကြည့်လိုက်မိတော့သည်။
"အမေ အမေက သူ့ကို ပိုပြီးတော့ ဆုချရမယ်နော်"
လော့ဟော်အာက ယွမ်ချီအသံမှတစ်ဆင့် လှမ်း၍ ပြောဆိုလိုက်သည်။
မယ်တော် ရွှမ်ဟို့က ပြုံးလိုက်ရင်း ပြန်လည် ပြောဆိုလိုက်သည်။
"နောက်ဆုံးတော့လည်း ယီယွင်က မယ်တော် လော့ရဲ့ လူတစ်ယောက် မဟုတ်ဘူးလေ။ သူမအနေနဲ့ ဤမျှလောက်အထိ သေးငယ်တဲ့ ဆုလာဘ်မျိုး ပေးအပ်တာက သဘာဝကျပါတယ်။ ငါ့အတွက်ကတော့ ငါ ဘယ်တော့မှ ကပ်စေးနည်းနေမှာ မဟုတ်ပါဘူး။ ယီယွင်က ငါတို့ကို တကယ်ပဲ အများကြီး ကူညီပေးခဲ့တာပါ။ ဟော်အာ သမီးကလည်း အောက်မြေကမ္ဘာမှာ ဤမျှလောက်အထိ အံ့ဩဖွယ်ရာ ကောင်းလှတဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ခွင့် ရရှိခဲ့တာ တကယ့်ကိုပဲ ကံကောင်းခြင်းတစ်ခုပဲ။"
"ဟီးဟီး ကျေးဇူးတင်ပါတယ် အမေ "
လော့ဟော်အာက အလွန်ပင် ပျော်ရွှင်လှသော အပြုံးတစ်ခုနှင့်အတူ ပြောဆိုလိုက်သည်။ သူမအနေဖြင့် မိခင် ဖြစ်သူထံမှ ချီးမွမ်းခြင်း ခံရခဲလှပေသည်။
ဤအခိုက်အတန့်တွင်ပဲ မယ်တော် ရွှမ်ဟို့က ယီယွင်ကို ကြည့်ကာ ပြောလိုက်သည်။
"ငါကတော့ လက်ရှိ အချိန်မှာ မင်းအတွက် ဘယ်လိုမျိုး ကောင်းမွန်တဲ့ ဆုလာဘ်မျိုး ပေးအပ်ရမလဲဆိုတာကို သေသေချာချာ မစဉ်းစားရသေးဘူး မင်းက သာမန် အရပ်သားတစ်ယောက် ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ငါက မင်းကို မှူးမတ်မျိုးနွယ်စုရဲ့ ဘွဲ့ထူးအဆင့်အတန်းတစ်ခု ပေးအပ်ချင်ပါတယ်။
မင်းကို ပထမတန်းစား ဗိုင်းကောင့် အဖြစ် ဘွဲ့ထူး အပ်နှင်းလိုက်ပြီး ရွှမ်းယီ ဝိညာဉ်တောင်တန်းကို မင်းရဲ့ ကိုယ်ပိုင် နယ်မြေအဖြစ် သတ်မှတ်ပေးလိုက်မယ်"
ရွှမ်းယီ ဝိညာဉ်တောင်တန်းဆိုသည်မှာ ရွှမ်းမျိုးနွယ်စု နှင့် သက်ဆိုင်နေခဲ့သော ပိုင်နက်နယ်မြေတစ်ခု ဖြစ်ပေသည်။ မယ်တော် ရွှမ်ဟို့သည် တော်ဝင် မိဖုရားကြီးတစ်ဦး ဖြစ်ပေရာ သူမအနေဖြင့် ယီယွင်ကို မှူးမတ်မျိုးနွယ်စုဆိုင်ရာ ဘွဲ့ထူးအဆင့်အတန်းတစ်ခု အပ်နှင်းရန်အတွက် ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝ ရှိနေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဤအဆင့်မြင့်လှသော ဝိညာဉ်တောင်တန်းကြီးကို ရွှမ်းမျိုးနွယ်စုက ၎င်းတို့၏ မျိုးဆက်သစ် လူငယ်များ ကျင့်စဉ် လေ့ကျင့်ရန်အတွက် ကျင့်စဉ်မြေအဖြစ် အမြဲတမ်း အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ ၎င်းကို ယီယွင်ထံသို့ တိုက်ရိုက် ဆုလာဘ်အဖြစ် ပေးအပ်လိုက်ခြင်း ဖြစ်ပေသည်။
အဆင့်မြင့်လှသော ဝိညာဉ်တောင်တန်းတစ်ခုနှင့် ပထမတန်းစား ဗိုင်းကောင့် ဘွဲ့ထူးတစ်ခု ဟုတ်လား
သူတို့က ထိုစကားကို ကြားလိုက်ရသည့် အခါတွင်မူ ထိုနေရာတွင် ရှိနေကြသော မျိုးဆက်သစ် လူငယ် ပါရမီရှင်များမှာ အကြီးအကျယ် အံ့ဩတုန်လှုပ်သွားခဲ့ကြရပြီး ၎င်းတို့၏ စိတ်ထဲတွင်လည်း မနာလိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့ကြရတော့သည်။
အရင်တုန်းက လော့ခွေ့သည် ယီယွင်တွင် လော့ဟော်အာ၏ ဘေးတွင် ထိုင်ရန်အတွက် မည်သည့် ဂုဏ်သရေရှိလှသော အဆင့်အတန်းမျိုးမျှ ရှိမနေခဲ့ကြောင်း အကြီးအကျယ် လှောင်ပြောင်သရော်ခဲ့ဖူးသည် မဟုတ်ပါလား။ သို့သော်လည်း ယခုအခါတွင်မူ ယီယွင်သည် ပထမတန်းစား ဗိုင်းကောင့်တစ်ဦးအဖြစ် ဘွဲ့ထူး အပ်နှင်းခြင်း ခံလိုက်ရပြီ ဖြစ်သည်။
သူသည် ကြီးမားလှသော မျိုးနွယ်စုကြီးတစ်ခုကနေ ဆင်းသက်လာခဲ့သူ ဖြစ်လင့်ကစား သူ့တွင် အနိမ့်ဆုံးသော မှူးမတ်မျိုးနွယ်စုဆိုင်ရာ ဘွဲ့ထူးအဆင့်အတန်းတစ်ခုမျှပင် ရှိမနေခဲ့ချေ။
မှူးမတ်မျိုးနွယ်စုဆိုင်ရာ ဘွဲ့ထူးတစ်ခု ရှိနေခဲ့ရုံမျှနှင့်တင် နှစ်စဉ် ရရှိမည့် လစာငွေမှာ နည်းပါးနေဦးမည် ဖြစ်သော်လည်း အရေးကြီးဆုံးသော အချက်မှာ ယီယွင်၏ လော့မျိုးနွယ်စုအတွင်းက အဆင့်အတန်းမှာ အကြီးအကျယ် ကွဲပြားခြားနားသွားတော့မှာ ဖြစ်သည်။
နောက်ဆုံးတော့လည်း တစ်ဦးတစ်ယောက်၏ နောက်ခံ နောက်ကြောင်း တောက်ပနေခဲ့ခြင်းမှာ မိမိ၏ ဘိုးဘေးဘီဘင်များကြောင့် ဖြစ်လေ့ ရှိကြသော်လည်း တစ်ဦးတစ်ယောက်က မှူးမတ်မျိုးနွယ်စုဆိုင်ရာ ဘွဲ့ထူးတစ်ခုကို တိုက်ရိုက် အပ်နှင်းခြင်း ခံရပြီဆိုလျှင်မူ ၎င်းက မိမိ၏ ကိုယ်ပိုင် စစ်မှန်သော စွမ်းရည်များကြောင့်သာ ဖြစ်ပေသည်။
ကြီးမားလှသော မျိုးနွယ်စုကြီးများထဲက တပည့်အမြောက်အမြားမှာမူ ၎င်းတို့၏ ဘဝသက်တမ်းတစ်ခုလုံးတွင် ဤကဲ့သို့သော မှူးမတ်မျိုးနွယ်စုဆိုင်ရာ ဘွဲ့ထူးမျိုးကို တစ်ကြိမ်မျှ အပ်နှင်းခြင်း ခံရဖူးကြသည်မဟုတ်ချေ။
မှူးမတ်မျိုးနွယ်စုဆိုင်ရာ ဘွဲ့ထူး အပ်နှင်းခြင်း ခံရသော လူများမှာ အခြားသူများ၏ လေးစားမှုကို ခံယူရန်အတွက် အပြည့်အဝ ထိုက်တန်လှပေသည်။ ပထမတန်းစား ဗိုင်းကောင့် ဘွဲ့ထူးတစ်ခု ရှိနေခဲ့ရုံမျှနှင့်တင် ယီယွင်၏ နောက်ခံ နောက်ကြောင်းကို လာရောက်၍ နှိမ့်ချလိုသော မည်သူမဆို မိမိကိုယ်မိမိ ထိုသို့ ပြုလုပ်ရန်အတွက် အရည်အချင်း ရှိမရှိဆိုတာကို ပြန်လည် တွေးတောရမှာ သေချာလှပေသည်။
ဤကဲ့သို့သော ဆုလာဘ်မျိုးကို ပေးအပ်ခြင်းအားဖြင့် မယ်တော် ရွှမ်ဟို့သည် ဤအချက်ကို သေသေချာချာ ထည့်သွင်းစဉ်းစားထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
လူအများက ယီယွင်ကို သူ၏ အောက်မြေကမ္ဘာက နောက်ခံကြောင့် လှောင်ပြောင် သရော်ခဲ့ကြသဖြင့် မယ်တော် ရွှမ်ဟို့က သူ့ကို အဆင့်မြင့်လှသော ဝိညာဉ်တောင်တန်းတစ်ခုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အခြားသူများက သူ့တွင် နိမ့်ကျလှသော အဆင့်အတန်းသာ ရှိသည်ဟု ခံစားနေခဲ့ကြသဖြင့် သူမက သူ့ကို ပထမတန်းစား ဗိုင်းကောင့် ဘွဲ့ထူးတစ်ခု အပ်နှင်းခဲ့ခြင်း ဖြစ်သည်။
မယ်တော် ရွှမ်ဟို့၏ တည်ငြိမ်အေးဆေးလှသော လုပ်ဆောင်ချက်များမှတစ်ဆင့် သူမက ထိုနေရာတွင် ရှိနေကြသော လူအမြောက်အမြား၏ မျက်နှာကို အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်နှက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။
"ရွှမ်းယီ ဝိညာဉ်တောင်တန်းကိုတော့ အခုကတည်းက မင်းဆီကို ပေးအပ်နိုင်ပါတယ်။ ပထမတန်းစား ဗိုင်းကောင့် ဘွဲ့ထူးအတွက်ကတော့ ဧကရာဇ်မင်းမြတ် လော့ ကိုယ်တိုင် အတည်ပြုပြီး တော်ဝင်အမိန့်ပြန်တမ်းတစ်ခု မထုတ်ပြန်မီအထိ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။"
ဧကရာဇ်မင်းမြတ် လော့၏ အတည်ပြုချက်ဆိုသည်မှာလည်း သာမန် လုပ်ထုံးလုပ်နည်းတစ်ခုမျှသာ ဖြစ်ပေသည်။ မယ်တော် ရွှမ်ဟို့၏ ကိုယ်ပိုင် မိသားစု မျိုးနွယ်စုမှာ မှူးကြီးမတ်ကြီး အဆင့်အတန်းတွင် ရှိနေခဲ့ခြင်း ဖြစ်ပေရာ ဗိုင်းကောင့် ဘွဲ့ထူးတစ်ခု ပေးအပ်ရန်ဆိုသည်မှာ ၎င်းတို့အတွက် ဘာမှ မဟုတ်လှသော ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။