အခန်း (၈၇၅-၈၇၇)
Vol. 59 Ch. 875-877
အခန်း ၈၇၅ - လော့ဟော်အာ၏ ဆိုးဝါးလှသော အကြံအစည်
"မယ်တော် မိဖုရားကြီး ကျွန်တော် ဒီနေရာကို လာရောက်ခဲ့ရတဲ့ ပထမဆုံး အကြောင်းအရင်းကတော့ ဖိတ်ကြားချက်အရ လော့မျိုးနွယ်စုရဲ့ တော်ဝင်မြို့တော်ကြီးဆီသို့ လာရောက်လည်ပတ်ဖို့ ဖြစ်ပြီး ဒုတိယ အကြောင်းအရင်းကတော့ ခရမ်းပြာဝိဉာဉ် မင်းသမီးကို တွေ့ဆုံဖို့အတွက် ဖြစ်ပါတယ်ခင်ဗျာ။
ဒါ့အပြင် အားလုံး အဆင်ပြေသွားခဲ့မယ်ဆိုရင်တော့ ကျွန်တော်က မင်းသမီးလေးကို မြေခွေးဖြူမျိုးနွယ်စုဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်"
ပိုင်ယွီချင်းသည် လော့ဟော်အာထံသို့ လှည့်ကြည့်လိုက်ရင်း သူ၏ စကားပြောဆိုလိုက်သော လေသံမှာ ရုတ်တရက်ဆိုသလို အရင်တုန်းကထက်ပင် အများကြီး ပိုမို၍ သာယာနာပျော်ဖွယ် ကောင်းလှပေသည်။
သူသည် လော့ဟော်အာကို စိုက်ကြည့်နေခဲ့သော အကြည့်များကြောင့် သူမသည် တစ်ကိုယ်လုံးတွင် ရှိသမျှသော ကြက်သီးမွေးညင်းများပင် ထောင်ထသွားခဲ့ရသလို ခံစားလိုက်ရမိသည်။
ဒီမြေခွေးထီးက ဘာတွေ လာပြီးတော့ လုပ်ပြနေတာလဲ။ သူ ရဲ့ မျက်ဝန်းတွေက ဘာဖြစ်လို့ ဒီလောက်အထိ ဆွဲဆောင်မှု အပြည့်ရှိနေရတာလဲ။ တကယ့်ကိုပဲ ကြက်သီးထဖို့ ကောင်းလွန်းတယ်။
ထို့အပြင် ဘေးနားက ယီယွင်၏ အမြင်တွင်မူ အစောတုန်းက အလွန်ပင် ဘဝင်မြင့်လွန်းလှသော ပိုင်ယွီချင်းသည် ယခုအခိုက်အတန့်တွင် လော့ဟော်အာကို ကြည့်နေခဲ့သော အကြည့်များမှာ အလွန်ပင် နူးညံ့ပျော့ပျောင်းသွားခဲ့ရပြီး သူ၏ ပါးစပ်အတွင်း၌ ပျားရည်များ အပြည့်အဝ မျိုချထားခဲ့သည့်အလား ချိုသာနေလွန်းလှသည်။
"ဟို ဒီလူက မင်း အရင်တုန်းက ပြောပြခဲ့ဖူးတဲ့ မင်းအပေါ်မှာ စိတ်ဝင်စားမှု ရှိနေနိုင်တယ်ဆိုတဲ့ မြေခွေးဖြူမျိုးနွယ်စုက မင်းသားတွေထဲက တစ်ယောက်လား။"
ယီယွင်က သူ၏ ကိုယ်ပိုင် ယွမ်ချီအသံကို အသုံးပြု၍ လှမ်းကာ မေးမြန်းလိုက်သည်။
သို့သော်လည်း ယခု မြင်တွေ့နေရသော အခြေအနေများအရ ၎င်းက သာမန် ခန့်မှန်းချက်တစ်ခု မဟုတ်တော့ဘဲ အမှန်တရားတစ်ခု ဖြစ်ကြောင်း ထင်ရှားလှပေသည်။
လော့ဟော်အာသည် သူမ၏ မျက်ဝန်းကြီးများကို အဝိုင်းသား ပြုလုပ်လိုက်မိတော့သည်။
မဖြစ်နိုင်တာ အဲဒီ မိဖုရားခေါင်ကြီး လော့ဆိုတဲ့ မိန်းမကြီးက တခြားတစ်ယောက်ကို ကြိုတင်ပြီး ရှာဖွေပေးထားခဲ့တာပဲ။ ထို့အပြင် သူက ဆွဲဆောင်မှု အပြည့်ရှိတဲ့ မြေခွေးအထီးတစ်ကောင် ဖြစ်နေခဲ့ရတာလား။ သူ ရဲ့ ဘေးနားမှာ ရှိနေရုံတင်နဲ့တင် ငါ တကယ့်ကိုပဲ ကြက်သီးထလွန်းလို့ သေတော့မယ်။
ဤအခိုက်အတန့်ကျမှသာ လော့ဟော်အာသည် ကိစ္စရပ်အားလုံးကို ချက်ချင်းပင် ရိပ်မိနားလည်သွားခဲ့ရတော့သည်။ မိဖုရားခေါင်ကြီး လော့သည် သူမကို တခြားတစ်နေရာသို့ လျှို့ဝှက်စွာဖြင့် ရောင်းစား လိုက်ခြင်း ဖြစ်ရမည်။ သူမသည် တစ်ဖက်တွင် မင်းသား ချီရှန်းကို မင်းသမီး မြေခွေးဖြူနှင့် အောင်မြင်စွာ လက်ထပ်နိုင်ရန် စီစဉ်ပေးထားခဲ့သလို အခြားတစ်ဖက်တွင်လည်း သူမကိုယ်တိုင်ကို မြေခွေးဖြူမျိုးနွယ်စုဆီသို့ ရောင်းစား ရန်အတွက် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
၎င်းက မြားတစ်စင်တည်းဖြင့် ငှက်နှစ်ကောင်ကို ပစ်ခတ်လိုက်ခြင်း ဖြစ်ပေရာ တကယ့်ကိုပဲ ကောင်းမွန်လှသော အစီအစဉ်တစ်ခု ဖြစ်ပေသည်။
ပိုင်ယွီချင်းသည် မိဖုရားခေါင်ကြီး လော့၏ ဖိတ်ကြားချက်အရ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေရာ သူက သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ရမည်။
ဒီလိုဆိုလျှင်တော့ ဤလူသည် ပထမဆုံး စတင်ပေါ်ထွက်လာခဲ့သည့် အချိန်ကတည်းက လော့ဟော်အာကို ကြည့်နေခဲ့သော အကြည့်များမှာ ဘာကြောင့် အလွန်ပင် ဆန်းကြယ်နေခဲ့ရကြောင်းကို သူမ ကောင်းကောင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
တကယ့်ကိုပဲ ဒီမင်းသမီးလေးက မြေခွေးဖြူမျိုးနွယ်စုဆီသို့ လုံးဝ မရောက်ရှိရသေးခင်မှာတင် သူမအတွက် သေသေချာချာ ရွေးချယ်ပေးထားခဲ့တဲ့ အိမ်ထောင်ဖက်လောင်းက ဒီနေရာအထိ တိုက်ရိုက် ရောက်ရှိလာခဲ့ပြီပေါ့လေ။
"ဟော်အာ"
ဤအခိုက်အတန့်တွင်ပဲ မယ်တော် ရွှမ်ဟို့က စကားကို အသာအယာ ဖြတ်ပြောလိုက်ရင်း စိတ်တိုဒေါသထွက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သော လော့ဟော်အာ၏ လှုပ်ရှားမှုများကို ချက်ချင်းပင် တားဆီးပေးလိုက်တော့သည်။
သူမသည် လော့ဟော်အာကို လှမ်း၍ ကြည့်လိုက်ရင်း ဘေးနားက လူများ လုံးဝ သတိမထားမိနိုင်စွမ်း ရှိမည့် အနေအထားမျိုးဖြင့် သူမ၏ ခေါင်းကို အသာအယာ ခါယမ်းပြလိုက်မိသည်။
မယ်တော် ရွှမ်ဟို့သည် လော့ဟော်အာကို စတင်တားဆီးပေးခဲ့သည်ဆိုသော်လည်း သူမကိုယ်တိုင်ကလည်း ဤကိစ္စရပ်နှင့် ပတ်သက်၍ အလွန်ပင် စိတ်တိုဒေါသထွက်နေခဲ့ရခြင်း ဖြစ်သည်။
မိဖုရားခေါင်ကြီး လော့သည် သူမ၏ ကိုယ်ပိုင် သားဖြစ်သူ ထီးနန်းကို ဆက်ခံနိုင်ရန်အတွက် သူမ၏ ကိုယ်ပိုင် အစီအစဉ်များကို စိတ်ကြိုက် အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့ခြင်း ဖြစ်ပြီး မယ်တော် ရွှမ်ဟို့၏ သမီးဖြစ်သူကိုလည်း မြေခွေးဖြူမျိုးနွယ်စုဆီသို့ အတင်းအကျပ် ရောင်းစားရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
သူမသည် လော့ဟော်အာ၏ ကိုယ်ပိုင် စိတ်ဆန္ဒများကို လုံးဝ လျစ်လျူရှုထားခဲ့ရုံတင်မကဘဲ လော့မျိုးနွယ်စုကြီး တစ်ခုလုံး၏ အကျိုးစီးပွားကိုပါ ဓားစာခံအဖြစ် အသုံးပြုရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
၎င်းက တကယ့်ကိုပဲ ဆိုးဝါးလွန်းလှသော စစ်ဗျူဟာတစ်ခု ဖြစ်ပေသည်။
မယ်တော် ရွှမ်ဟို့သည် ပိုင်ယွီချင်းကို လှမ်း၍ ကြည့်လိုက်သည်။ သူမသည် စိတ်ထဲကနေ အလွန်ပင် စိတ်တိုဒေါသထွက်နေခဲ့ရသည်ဆိုသော်လည်း သူမ၏ မြင့်မြတ်လှသော ဂုဏ်သိက္ခာကို ညစ်နွမ်းသွားစေမည့် မည်သည့် အပြုအမူမျိုးကိုမျှ ပြင်ပသို့ ထုတ်ဖော်ပြသခြင်း မရှိချေ။
လော့မျိုးနွယ်စုသည် လက်ရှိအချိန်တွင် ဖေးမိစ္ဆာဂိုဏ်း ၏ ကြီးမားလှသော ခြိမ်းခြောက်မှုကြီးနှင့် ရင်ဆိုင်နေခဲ့ကြရခြင်း ဖြစ်ပေရာ ပိုင်ယွီချင်းသည် မြေခွေးဖြူမျိုးနွယ်စုကြီး တစ်ခုလုံးကို ကိုယ်စားပြု၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူတို့က လော့မျိုးနွယ်စုအတွက် အလွန်ပင် အားကိုးအားထားပြုရလှသော ယုံကြည်စိတ်ချရသည့် မဟာမိတ်ကြီးတစ်ခု ဖြစ်ပေရာ အကယ်၍ သာ သူတို့ကြားက ဆက်ဆံရေးမှာ ဤကိစ္စရပ်ကြောင့် ပျက်စီးသွားခဲ့ရမယ်ဆိုလျှင် လော့ဧကရာဇ်သည် လော့ဟော်အာကို မည်မျှပင် ချစ်မြတ်နိုးနေခဲ့ဦးတော့ သူကိုယ်တိုင်လည်း အလွန်ပင် စိတ်တိုဒေါသထွက်သွားရမှာ သေချာလှပေသည်။
ထိုသို့ ဖြစ်လာခဲ့မယ်ဆိုလျှင် လော့ဟော်အာသည် မြေခွေးဖြူမျိုးနွယ်စုဆီသို့ ရောက်ရှိပြီး လက်ထပ်ခြင်း မပြုခဲ့ရလျှင်ပင် သူမသည် ထီးနန်းကို ဆက်ခံရန်အတွက် လုံးဝ အရည်အချင်း ပြည့်မီတော့မှာ မဟုတ်ချေ။
"တတိယ မင်းသား မင်းသားက တကယ့်ကိုပဲ အလေးအနက် တွေးတောပေးတတ်တာပဲ။"
မယ်တော် ရွှမ်ဟို့က အသာအယာ ပြောဆိုလိုက်သည်။
"ဟော်အာ မင်းနဲ့ မင်းသမီး မြေခွေးဖြူကြားက အပြန်အလှန် လဲလှယ်မှု အစီအစဉ်က သမီး ရဲ့ ခမည်းတော်ကိုယ်တိုင်က အတည်ပြုပေးထားခဲ့တာ ဖြစ်တယ်။ သမီးအနေနဲ့ မြေခွေးဖြူမျိုးနွယ်စုရဲ့ ကျင့်စဉ်စမ်းသပ်မှုတွေဆီသို့ သွားရောက်ဖို့အတွက် လိုအပ်မှာ ဖြစ်တယ်။ ဒါပေမဲ့ စိတ်ပူစရာ မလိုပါဘူး။ သမီးက ငါတို့ လော့မျိုးနွယ်စုရဲ့ မင်းသမီးတစ်ပါး ဖြစ်သလို ထီးနန်းကို ဆက်ခံမယ့်သူတွေထဲက တစ်ယောက်လည်း ဖြစ်တယ်။
ပိုင်ယွီချင်းက သတ္တိရှိရှိ သမီးကို အတင်းအကျပ် လုပ်ဆောင်ဖို့အတွက် လုံးဝ ရဲဝံ့မှာ မဟုတ်ဘူး။ အကယ်၍ သမီးက သူ့ကို သဘောမကျဘူးဆိုရင် သူ့ထံကနေ အကွာအဝေးတစ်ခုမှာပဲ ခပ်ခွာခွာ နေထိုင်လိုက်ပါ။"
မယ်တော် ရွှမ်ဟို့က သူမ၏ ကိုယ်ပိုင် ယွမ်ချီအသံကို လော့ဟော်အာထံသို့ လျှို့ဝှက်စွာဖြင့် ပို့လွှတ်လိုက်တော့သည်။
လော့မျိုးနွယ်စု၏ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းမှာ မြေခွေးဖြူမျိုးနွယ်စုနှင့် အတူတူပင် ဖြစ်ပေသည်။ နှစ်ဖက်စလုံးအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်ပျက်စီးအောင် ပြုလုပ်ကြလိမ့်မည် မဟုတ်ချေ။
အကယ်၍ သာ လော့ဟော်အာအနေဖြင့် မြေခွေးဖြူမျိုးနွယ်စုဆီသို့ သွားရောက်ခဲ့မယ်ဆိုလျှင် သူမ၏ အခြေအနေမှာ လော့မျိုးနွယ်စုဆီသို့ ရောက်ရှိနေခဲ့သော မင်းသမီး မြေခွေးဖြူ၏ အခြေအနေနှင့် အတူတူပင် ဖြစ်လိမ့်မည်။
၎င်းက အပြန်အလှန် လဲလှယ်မှု အစီအစဉ်တစ်ခုမျှသာ ဖြစ်ပေရာ ၎င်းတို့အားလုံးမှာ အနာဂတ်၏ အိမ်ထောင်ဖက်လောင်းများအဖြစ် သတ်မှတ်ခြင်း ခံထားရသူများ ဖြစ်ကြသည်။ မင်းသား ချီရှန်းသည်လည်း မင်းသမီး မြေခွေးဖြူအပေါ်တွင် အလွန်ပင် ယဉ်ကျေးပျူငှာစွာဖြင့် ဆက်ဆံခဲ့ရခြင်း ဖြစ်သည်။
မိဖုရားခေါင်ကြီး လော့၏ စားသောက်ပွဲကြီးအတွင်းမှာပင် သူတို့နှစ်ဦးသည် ဘေးချင်းယှဉ်လျက် ထိုင်နေခဲ့ကြခြင်း မရှိချေ။ ဒါကြောင့်ပဲ ပိုင်ယွီချင်းအနေဖြင့်လည်း လော့ဟော်အာအပေါ်တွင် ဤကဲ့သို့သော ပုံစံမျိုးဖြင့်သာ ဆက်ဆံရမှာ သေချာလှပေသည်။
သို့သော်လည်း လော့ဟော်အာ၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့်ဆိုလျှင်မူ သူမသည် ဤအကြောင်းအရာများကို ကောင်းကောင်း နားလည်သိရှိထားခဲ့သည်ဆိုလျှင်ပင် စိတ်ထဲကနေ အတိုင်းထက်အလွန် မကျေမနပ် ဖြစ်နေခဲ့ရဆဲ ဖြစ်သည်။
ဤအခိုက်အတန့်တွင်ပဲ ပိုင်ယွီချင်းက ထပ်မံ၍ စကားပြောဆိုလိုက်သည်။
"ကျွန်တော် ရှေးယခင်ကတည်းက ကြားဖူးထားတာကတော့ ခရမ်းပြာဝိဉာဉ် မင်းသမီးက အလွန်ပဲ ဉာဏ်ပညာ ကြီးမားလှပြီး ပါရမီ ထူးချွန်လှတယ်လို့ ကြားသိထားရပါတယ်။ မြေခွေးဖြူမျိုးနွယ်စုရဲ့ ကျင့်စဉ်စမ်းသပ်မှုတွေ ပြီးဆုံးသွားခဲ့ပြီးတဲ့နောက် ကျွန်တော်က ခရမ်းပြာဝိဉာဉ် မင်းသမီးကို မြေခွေးဖြူမျိုးနွယ်စုအတွင်းမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ဖို့အတွက် ဖိတ်ကြားချင်ပါတယ်ခင်ဗျာ။
ခရမ်းပြာဝိဉာဉ် မင်းသမီးအနေနဲ့လည်း မြေခွေးဖြူမျိုးနွယ်စုရဲ့ အရပ်မျက်နှာအနှံ့ကို လှည့်လည်သွားလာနိုင်မှာ ဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း မင်းသမီးလေးရဲ့ ဘေးနားကနေ လိုက်ပါစောင့်ရှောက်ပေးရင်း ဒေသန္တရ ဗဟုသုတတွေနဲ့ ဓလေ့ထုံးတမ်းတွေကို သေသေချာချာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်"
ပိုင်ယွီချင်းက ဤကဲ့သို့ ပြောဆိုလိုက်သည့် အခါတွင်မူ လော့ဟော်အာအနေဖြင့် စိတ်ထဲကနေ လုံးဝ သည်းမခံနိုင်တော့ချေ။ သူ၏ စကားလုံး အမြောက်အမြားကို ကြားသိလိုက်ရသည့် ကြားကနေ လော့ဟော်အာအနေဖြင့် တစ်ခုတည်းသော အကြောင်းအရာကိုသာ ကောင်းကောင်း နားလည်လိုက်ရမိသည်။
ဤအပြန်အလှန် လဲလှယ်မှု အစီအစဉ်အပြင် ဤဆွဲဆောင်မှု အပြည့်ရှိလှသော မြေခွေးအထီးလေးသည် သူမကို မြေခွေးဖြူမျိုးနွယ်စုအတွင်းမှာ ရေရှည် ထိန်းသိမ်းထားရှိနိုင်ရန်အတွက် ကြိုးစားနေခဲ့ခြင်း ဖြစ်ပြီး ၎င်းကို လှည့်လည်သွားလာခြင်းဟူသော အကြောင်းပြချက်ဖြင့် အသုံးပြုရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
ဤလှည့်လည်သွားလာခြင်း ဆိုသည့် အရာက သူမ၏ ရှေ့မှောက်တွင် နေ့စဉ်နှင့်အမျှ လာရောက်ပြီး ဟန်ရေးပြနိုင်ရန်အတွက် အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုသွားမှာ သေချာလှပေသည်။
ဤလူသည် အစတည်းက မိဖုရားခေါင်ကြီး လော့က အတင်းအကျပ် စီစဉ်ပေးထားခဲ့သော လူတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူက မိမိကိုယ်ကို အလွန်ပင် တွဲကပ်ချင်နေခဲ့သော မိန်းကလေးတစ်ဦးကဲ့သို့သော အသွင်သဏ္ဌာန်မျိုး ဖြစ်နေခဲ့ရသဖြင့် ၎င်းက လော့ဟော်အာကို အတိုင်းထက်အလွန် ဒေါသထွက်သွားစေခဲ့ရတော့သည်။
"ငါက လော့မျိုးနွယ်စုရဲ့ မင်းသမီးတစ်ပါး ဖြစ်တဲ့အတွက် တခြားသော သူစိမ်းတွေရဲ့ နယ်မြေအတွင်းမှာ အချိန်အကြာကြီး နေထိုင်သွားဖို့ဆိုတာ တကယ့်ကိုပဲ မသင့်တော်လှတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။"
လော့ဟော်အာက သူမ၏ မျက်နှာကို အနည်းငယ်မျှ ဆူပုပ်လိုက်မိရင်း တိုက်ရိုက်ပင် ငြင်းပယ်လိုက်တော့သည်။
"အရှင်မင်းကြီး လော့ကိုယ်တိုင်ကလည်း မင်းသားတွေနဲ့ မင်းသမီးတွေကို ကမ္ဘာမြေကြီးအနှံ့ လှည့်လည်သွားလာစေဖို့အတွက် အပြည့်အဝ အားပေးလေ့ ရှိပါတယ်ခင်ဗျာ။
ဒါမှသာ သူတို့က ကိုယ်ပိုင် တိုက်ခိုက်ရေး အတတ်ပညာရပ်ဆိုင်ရာ အနှစ်သာရတွေကို ပိုမိုပြီးတော့ ရှာဖွေစုပ်ယူနိုင်ကြမှာ ဖြစ်ပါတယ်။ ထို့အပြင် လော့မျိုးနွယ်စုနဲ့ ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်စုကြားက ဆက်ဆံရေးကလည်း ရှေးယခင်ကတည်းက တကယ့်ကိုပဲ ကောင်းမွန်လှတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်ထားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
မင်းသမီးလေးအနေနဲ့ စိတ်ပူစရာ မလိုပါဘူး။ အကယ်၍ မင်းသမီးလေးက ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်စုရဲ့ ဆန်းကြယ်လှတဲ့ ကျင့်စဉ်အတတ်ပညာရပ်တွေကို လေ့လာချင်တယ်ဆိုရင်လည်း ကျွန်တော်က မျိုးနွယ်စုအတွင်းက ထူးချွန်လှတဲ့ လူငယ်ပါရမီရှင်အချို့ကို သေသေချာချာ ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး မင်းသမီးလေးနဲ့အတူ လက်ရည်စမ်းသပ် တိုက်ခိုက်စေခြင်းအားဖြင့် မင်းသမီးလေးရဲ့ ကိုယ်ပိုင် ခွန်အားတွေကို ပိုမိုပြီးတော့ တိုးတက်လာအောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်"
"စိတ်မဝင်စားဘူး"
လော့ဟော်အာသည် သူမ၏ သည်းခံနိုင်စွမ်းဆိုင်ရာ နောက်ဆုံး မျဉ်းကြောင်းအထိ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။ ဤမြေခွေးအထီးက တစ်ဖက်လူ၏ စကားလုံးများကြားက ဆိုလိုရင်းကို ကောင်းကောင်း ရိပ်မိနားလည်နိုင်စွမ်း မရှိဘူးလား ။
"ဒီလိုဆိုရင်တော့"
ပိုင်ယွီချင်း၏ မျက်နှာထက်က အပြုံးများမှာ ဖြည်းဖြည်းချင်းချင်း ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။ သူက လူအတစ်ယောက် မဟုတ်သည့်အလျောက် လော့ဟော်အာ၏ တုံ့ပြန်မှုများကို ကြည့်ခြင်းအားဖြင့် သူမသည် မိမိကိုယ်ကို အလွန်ပင် သဘောမကျ ဖြစ်နေခဲ့ခြင်း ဖြစ်ကြောင်း ကောင်းကောင်း ရိပ်မိလိုက်သည်။
သူသည် အလွန်ပင် ဂုဏ်ယူဝင့်ကြွားတတ်သော လူတစ်ယောက် ဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့် ဂုဏ်သရေမှာလည်း လော့ဟော်အာထံကနေ အနည်းငယ်မျှ နိမ့်ပါးလွန်းလှခြင်း မရှိချေ။ ယခုကဲ့သို့ အကြိမ်ကြိမ်အဖန်ဖန် တိုက်ရိုက် ငြင်းပယ်ခြင်း ခံလိုက်ရသည့် အခါတွင်မူ သူကိုယ်တိုင်လည်း စိတ်ထဲကနေ လုံးဝ မပျော်မရွှင် ဖြစ်သွားခဲ့ရတော့သည်။
မြေခွေးဖြူမျိုးနွယ်စုအတွင်းမှာဆိုလျှင်မူ မည်သည့် မိန်းကလေးမဆို သူ၏ မျက်နှာသာပေးမှုကို ရရှိနိုင်ရန်အတွက် အချင်းချင်း အပြိုင်အဆိုင် ကြိုးစားကြရခြင်း ဖြစ်သည်။
"ကြည့်ရတာတော့ မင်းသမီးလေးက ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်စုရဲ့ ဆန်းကြယ်လှတဲ့ ကျင့်စဉ်အတတ်ပညာရပ်တွေကို အထင်မကြီးရုံတင်မကဘဲ ကျွန်တော်တို့ မျိုးနွယ်စုအတွင်းက ပါရမီရှင်တွေကိုပါ အထင်သေးနေခဲ့တဲ့ ပုံစံမျိုး ဖြစ်နေရတာပဲ။"
လော့ဟော်အာက နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်ဆိုသော်လည်း ဘာတစ်ခွန်းမျှ ပြန်လည်၍ စကားပြောဆိုခြင်း မပြုတော့ချေ။ သူမက သူတို့ကို လုံးဝ အထင်မကြီးလှသည်မှာ အမှန်တရားပင် ဖြစ်သည်။
"ဒါဆိုရင်ကော မင်းသမီးလေးအနေနဲ့ ကျွန်တော်နဲ့အတူ လောင်းကြေးတစ်ခု ထပ်မံပြီးတော့ မလောင်းကြေးချင်ဘူးလား။"
ပိုင်ယွီချင်းက ရုတ်တရက်ဆိုသလို မေးမြန်းလိုက်သည်။ လော့ဟော်အာက သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့သည်ဆိုသော်လည်း သူက ဆက်လက်၍ စကားပြောဆိုလိုက်သည်။
"မကြာခင်မှာ ရောက်ရှိလာတော့မယ့် ကျင့်စဉ်စမ်းသပ်မှုကြီးနဲ့ ပတ်သက်ပြီးတော့ ဒါက ကျွန်တော့်ဘက်ကနေ အရှိန်လွန်ပြီး ကြွားဝါပြောဆိုနေခဲ့ခြင်းမျိုး မဟုတ်ပါဘူး ဒါပေမဲ့ ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်စုရဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ အလွန်ပဲ အစွမ်းထက်လှတဲ့ ပါရမီရှင်တွေ အမြောက်အမြား ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ညီမဖြစ်သူ မင်းသမီး မြေခွေးဖြူကိုယ်တိုင်ကလည်း ၎င်းတို့ထဲက တစ်ယောက် ဖြစ်သလို သူမရဲ့ စွမ်းဆောင်ရည်တွေကိုလည်း အထူးတလည် ထည့်သွင်းပြောဆိုနေဖို့အတွက် လိုအပ်မှာ မဟုတ်ပါဘူး။
အကယ်၍ သာ မင်းသမီးလေးအနေနဲ့ ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်စုက လူငယ်ပါရမီရှင်တွေကို အထင်မကြီးဘူးဆိုရင်တော့ ကျွန်တော်က သူတို့ထဲက အချို့ကို မြေခွေးဖြူမျိုးနွယ်စုရဲ့ ကျင့်စဉ်စမ်းသပ်မှုတွေအတွင်းမှာ ပါဝင်ခြင်း မပြုခိုင်းတော့ဘဲ လော့မျိုးနွယ်စုရဲ့ လော့နတ်ဘုရား နန်းဆောင် ကျင့်စဉ်စမ်းသပ်မှုကြီး အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခိုင်းလိုက်ပါ့မယ်။
အဲ့ဒါက ကျွန်တော်တို့ နှစ်ဖက်စလုံးကြားက အပြန်အလှန် လက်ရည်စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်မှာ ပါ"
" လော့မျိုးနွယ်စုက လူငယ်ပါရမီရှင်တွေကလည်း ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်စုဆီသို့ လာရောက်ပြီးတော့ ယှဉ်ပြိုင်နိုင်မှာတယ်။ ပြီးတာနဲ့ နောက်ဆုံး ထွက်ပေါ်လာခဲ့တဲ့ ရလဒ်တွေကို အချင်းချင်း နှိုင်းယှဉ်ကြည့်ကြတာပေါ့"
"ခရမ်းပြာဝိဉာဉ် မင်းသမီးကိုယ်တိုင်ကလည်း အလွန်ပဲ ထူးခြားဆန်းကြယ်လှတဲ့ ပါရမီရှင်တစ်ဦး ဖြစ်တဲ့အတွက် သေချာပေါက် အလွန်ပဲ တောက်ပလှတဲ့ ရလဒ်ကောင်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော့်ရဲ့ ညီမဖြစ်သူ မင်းသမီး မြေခွေးဖြူကလည်း ခရမ်းပြာဝိဉာဉ် မင်းသမီးထံကနေ အနည်းငယ်မျှ နိမ့်ပါးသွားလိမ့်မယ်လို့ မထင်မိပါဘူး။"
"နောက်ဆုံး ထွက်ပေါ်လာမယ့် ရလဒ်တွေအရဆိုရင်တော့ ကျွန်တော် ယုံကြည်တာကတော့ အဆင့်အမြင့်ဆုံး ထိပ်တန်း ဆယ်နေရာအတွင်းမှာ ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်စုက အနည်းဆုံး ခြောက်နေရာလောက်အထိ ရရှိသွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားတာ ဖြစ်ပါတယ်"
ခြောက်နေရာ ဟုတ်လား
လော့ဟော်အာသည် သူမ၏ မျက်ဝန်းကြီးများကို အဝိုင်းသား ပြုလုပ်လိုက်မိသလို မယ်တော် ရွှမ်ဟို့ကိုယ်တိုင်လည်း သူမ၏ မျက်ခုံးနှစ်ဖက်ကို အနည်းငယ်မျှ တွန့်ချိုးလိုက်မိတော့သည်။
သူတို့အားလုံးသည် ပိုင်ယွီချင်း၏ ဘဝင်မြင့်လွန်းလှသော စကားလုံးများအပေါ်တွင် အလွန်ပင် မပျော်မရွှင် ဖြစ်သွားခဲ့ကြရမှာ သေချာလှပေသည်။
လော့မျိုးနွယ်စုသည် မျိုးနွယ်စုအတွင်းက အဆင့်မြင့် ကျင့်ကြံသူကြီးများဆိုင်ရာ ရှုထောင့်ကနေ ဖြစ်စေ သို့မဟုတ် မျိုးဆက်သစ် လူငယ်ပါရမီရှင်များဆိုင်ရာ ရှုထောင့်ကနေ ဖြစ်စေ ရှေးယခင်ကတည်းက မြေခွေးဖြူမျိုးနွယ်စုထက် မည်သည့်နေရာတွင်မျှ နိမ့်ပါးလွန်းလှခြင်း မရှိခဲ့ချေ။
သို့သော်လည်း ယခုအခိုက်အတန့်တွင်မူ ပိုင်ယွီချင်းက ဤမျှလောက်အထိ ရဲရဲဝံ့ဝံ့ဖြင့် ကြွေးကြော်ပြောဆိုဝံ့ခဲ့ခြင်း ဖြစ်သည်။
"အကယ်၍ မင်းသမီးလေးအနေနဲ့ မယုံကြည်ဘူးဆိုရင် ကျွန်တော်နဲ့အတူ လောင်းကြေးတစ်ခု ထပ်မံပြီးတော့ မလောင်းကြေးချင်ဘူးလား။ အကယ်၍ သာ ကျွန်တော် ပြောဆိုလိုက်တဲ့အတိုင်း အမှန်တကယ် ဖြစ်လာခဲ့မယ်ဆိုရင်တော့ မင်းသမီးလေးအနေနဲ့ မြေခွေးဖြူမျိုးနွယ်စုအတွင်းမှာ ဆက်လက် နေထိုင်သွားရမှာ ဖြစ်ပြီး အရပ်မျက်နှာအနှံ့ကို လှည့်လည်သွားလာရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အပေါ်မှာ မင်းသမီးလေးရဲ့ သဘောထားက ဘယ်လိုမျိုး ရှိပါသလဲ "
မိမိကို အနိုင်ယူဖို့ ဟုတ်လား။ လော့ဟော်အာ၏ မက်မွန်ပွင့်လေးများအလား လှပလှသော မျက်ဝန်းလေးများက သူ့ကို စိုက်ကြည့်လိုက်မိတော့သည်။ ဤမြေခွေးအထီးလေးက တကယ့်ကိုပဲ ဝံပုလွေတစ်ကောင်အလား သူ၏ အမြီးကို စတင်၍ ထောင်ပြရန် ကြိုးစားနေခဲ့ခြင်း ဖြစ်ရမည်။
လော့ဟော်အာသည် ကျင့်စဉ်စမ်းသပ်မှုအတွင်းမှာ မဖြစ်မနေ ပါဝင်ဆင်နွှဲရမှာ ဖြစ်သော်လည်း သူမကိုယ်တိုင် ပါဝင်နေခဲ့သည့် ကြားကနေ ပိုင်ယွီချင်းက နောက်ဆုံး ရလဒ်များတွင် သူတို့၏ မြေခွေးဖြူမျိုးနွယ်စုက ဆယ်နေရာတွင် ခြောက်နေရာအထိ အနိုင်ရရှိသွားလိမ့်မည်ဟု ခန့်မှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင်ပဲ ယီယွင်၏ ယွမ်ချီအသံမှာ လော့ဟော်အာ၏ နားထဲသို့ ရောက်ရှိလာခဲ့ပြန်သည်။
"သူ့ရဲ့ ဆွပေးမှုတွေနောက်ကို လုံးဝ မလိုက်ပါနဲ့။ မင်းအနေနဲ့ ဒီလောင်းကြေးကို လက်ခံဖို့အတွက် လုံးဝ မလိုအပ်ပါဘူး။ အကယ်၍ မင်း ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တော့ မြေခွေးဖြူမျိုးနွယ်စုအတွင်းမှာ ဆက်လက် နေထိုင်သွားရမှာ ဖြစ်ပေမယ့် မင်း အနိုင်ရရှိခဲ့မယ်ဆိုရင်တောင်မှ ဘာ အကျိုးကျေးဇူးမျိုးကိုမျှ ရမှာ မဟုတ်ဘူး"
ယီယွင်သည် သူ၏ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးလိုက်မိရင်း ပိုင်ယွီချင်းကို လှမ်း၍ ကြည့်လိုက်သည်။ ပိုင်ယွီချင်းအနေဖြင့် ဤမျှလောက်အထိ ရဲရဲဝံ့ဝံ့ ကြွေးကြော်ပြောဆိုဝံ့ခဲ့ခြင်းက သူ၏ နောက်ကွယ်တွင် ခိုင်မာလှသော အားကိုးအားထားပြုစရာ တစ်ခုခု ရှိနေခဲ့ခြင်းကြောင့် ဖြစ်ရမည်။ သူက လေထဲကနေ သက်သက်မဲ့ စကားလုံးများကို ထုတ်ဖော်ပြောဆိုနေခဲ့ခြင်းမျိုး ဘယ်လိုမှ မဖြစ်နိုင်ချေ။
"စိတ်ပူစရာ မလိုပါဘူး ယွင်လေးရာ ဒီမင်းသမီးလေးက လူအတစ်ယောက် မဟုတ်ပါဘူး"
လော့ဟော်အာ၏ စကားလုံးများကြောင့် ယီယွင်သည် စိတ်ထဲကနေ အသာအယာ ခေါင်းညိတ်ပြလိုက်မိသည်။ သို့သော်လည်း သူမ၏ နောက်ထပ် ထွက်ပေါ်လာခဲ့သော စကားလုံးတစ်ခွန်းကြောင့်မူ ယီယွင်သည် သူ၏ ပါးစပ်အတွင်းက ရှိသမျှအရာအားလုံးကို အပြင်သို့ ပြန်လည်၍ မှုတ်ထုတ်မိသွားလုနီးပါး ဖြစ်သွားခဲ့ရတော့သည်။
"ကောင်းပြီလေ ငါ မင်းနဲ့အတူ လောင်းကြေးထပ်မယ်။"
လော့ဟော်အာက ပြောဆိုလိုက်သည်။
ဘာတွေလဲဟ လော့ဟော်အာရာ မင်းကိုယ်တိုင်က လူအတစ်ယောက် မဟုတ်ဘူးလို့ အစောတင်ပဲ ပြောဆိုခဲ့တာ မဟုတ်ဘူးလား ယီယွင်သည် စိတ်ထဲကနေ တကယ့်ကိုပဲ အပြောရခက်သွားခဲ့ရတော့သည်။
ပိုင်ယွီချင်း၏ မျက်နှာထက်တွင် အောင်နိုင်သူတစ်ဦးကဲ့သို့သော အပြုံးတစ်ခု လျင်မြန်စွာဖြင့် ဖြတ်သန်းသွားခဲ့ရပြီ ဖြစ်သည်။ သူ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူသည် ကိစ္စရပ်အားလုံးကို မိမိ၏ လက်ဖဝါးအတွင်း၌ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
"ဒါဆိုရင်တော့ သဘောတူညီမှု ရရှိသွားခဲ့ပြီပေါ့။"
"နေဦး အကယ်၍ မင်းဘက်က ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲဆိုတာကို မင်း မပြောရသေးဘူးလေ"
"အကယ်၍ ကျွန်တော့်ဘက်က ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တော့ ကျွန်တော်က မင်းသမီးလေးကို မျှော်လင့်မထားနိုင်လောက်မယ့် အလွန်ပဲ တန်ဖိုးရှိလှတဲ့ လက်ဆောင်မွန်တစ်ခုကို ပေးသနားသွားမှာ ဖြစ်ပါတယ်" ပိုင်ယွီချင်းက ဆန်းကြယ်လှသော လေသံကို အသုံးပြု၍ ပြောဆိုလိုက်သည်။
သို့သော်လည်း လော့ဟော်အာသည် ထိုစကားကို ကြားသိလိုက်ရသည့် အခါတွင်မူ တစ်ဖက်လူ၏ မျက်နှာကို ချက်ချင်းပင် လှမ်း၍ ဖြတ်ရိုက်ပစ်ချင်စိတ် ပေါ်ထွက်လာခဲ့ရတော့သည်။ မင်းလိုမြေခွေးအထီးတစ်ကောင်ထံကနေ ဘယ်သူက လက်ဆောင်လိုချင်တယ်ပြောလို့လဲ။
ပိုင်ယွီချင်းသည်လည်း လော့ဟော်အာ၏ မျက်နှာထက်က ရွံရှာမစက်ဆုပ်ဖွယ် ကောင်းလှသော အမူအရာကို ကောင်းကောင်း သတိပြုမိသွားခဲ့ပုံရပေသည်။ သူသည် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှ ပြန်လည် ပြင်ဆင်လိုက်မိရင်း စိတ်ထဲကနေ အနည်းငယ်မျှ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရတော့သည်။
သူ ပေးသနားမည့် လက်ဆောင်မွန်များဆိုလျှင်မူ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော လူအမြောက်အမြားက အလွန်ပင် လိုချင်တောင့်တနေခဲ့ကြရခြင်း ဖြစ်သော်လည်း သူမကမူ သူ၏ လက်ဆောင်မွန်အပေါ်တွင် ဤမျှလောက်အထိ ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသော အမူအရာမျိုး ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
"ခရမ်းပြာဝိဉာဉ် မင်းသမီး အကယ်၍ လက်ဆောင်မွန်တွေကို သဘောမကျဘူးဆိုရင်လည်း လော့မျိုးနွယ်စုဘက်က အနိုင်ရရှိသွားခဲ့သရွေ့ မင်းသမီးလေး ဘာကိုပဲ လိုချင်လိုချင် ကျွန်တော်က အပြည့်အဝ ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။"
ပိုင်ယွီချင်းသည် လော့ဟော်အာအနေဖြင့် ဤလောင်းကြေးကို သေချာပေါက် လက်ခံလာနိုင်စေရန်အတွက် နောက်ထပ် ခြေတစ်လှမ်း ထပ်မံ၍ ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်။
လော့ဟော်အာက ပြောလိုက်သည်။
"မင်းက ငါ လိုချင်တာ မှန်သမျှကို အပြည့်အဝ ဖြည့်ဆည်းပေးသွားမယ် ဟုတ်လား။ ကောင်းပြီလေ ငါကိုယ်တိုင်က တကယ့်ကိုပဲ လက်တွေ့ကျတတ်တဲ့ လူတစ်ယောက် ဖြစ်ပြီး ရှေးဟောင်း ဖေးသားရဲကြီးတွေရဲ့ အရိုးတွေကို အလွန်ပဲ သဘောကျနှစ်သက်တာ ဖြစ်တယ်။ အထူးသဖြင့် အဆင့်မြင့် ထိပ်တန်း အဖိုးတန် ရှေးဟောင်း ဖေးသားရဲ အရိုးကြီးတွေကိုပေါ့။ မင်းဘက်ကနေ အဲဒီအရိုးကြီးတွေကို ခုနစ်ရာ ဒါမှမဟုတ် ရှစ်ရာလောက်အထိ ပေးနိုင်ရင်တော့ အဆင်ပြေတာပေါ့။"
လော့ဟော်အာ၏ စကားလုံးများကြောင့် ပိုင်ယွီချင်းသည် အရှိန်လွန်ပြီး သီးသွားလုနီးပါး ဖြစ်သွားခဲ့ရတော့သည်။
ပိုင်ယွီချင်းသည် ချောင်းဆိုးသံ နှစ်ချက်ကို အတင်းအကျပ် ထုတ်ဖော်လိုက်ရမိရင်း သူ၏ ဦးခေါင်းနောက်ကွယ်ကနေ ချွေးစေးများပင် စီးကျလာခဲ့ရတော့သည်။ အဖိုးတန် ရှေးဟောင်း ဖေးသားရဲ အရိုးကြီး ခုနစ်ရာ သို့မဟုတ် ရှစ်ရာ ဟုတ်လား။
ယီယွင်ကိုယ်တိုင်လည်း ထိုစကားကို ကြားသိလိုက်ရသည့် အခါတွင် ရယ်မောချင်စိတ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ချေ။ လော့ဟော်အာသည် တကယ့်ကိုပဲ လွယ်လွယ်ကူကူဖြင့် စနောက်ရမည့် လူစားမျိုး မဟုတ်ချေ။
သူသည် နီလာလှိုင်းတောငအတွင်းက စုပေါင်းလေ့ကျင့်မှုကြီးအတွင်း၌ အဖိုးတန် ရှေးဟောင်း ဖေးသားရဲ အရိုးတစ်ချောင်းတည်းကို ရရှိခဲ့စဉ်ကတည်းက ရန်ယွီ နှင့် လော့ထျန် တို့ကဲ့သို့သော သူများမှာ မိမိထံကနေ ထိုအရိုးကို မည်မျှလောက်အထိ လိုချင်တောင့်တနေခဲ့ကြကြောင်းကို ကောင်းကောင်း သိရှိထားခဲ့ခြင်း ဖြစ်သည်။
"ဒါက"
ပိုင်ယွီချင်း၏ မျက်နှာထက်တွင် အလွန်ပင် ခက်ခဲခက်ဆဲ ဖြစ်နေခဲ့ရသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
"အကယ်၍ အဖိုးတန် ရှေးဟောင်း ဖေးသားရဲ အရိုးတွေ မပေးနိုင်ဘူးဆိုရင်တော့ ငါလည်း လုံးဝ စိတ်မဝင်စားဘူး"
"မင်းသမီးလေးက တကယ့်ကိုပဲ ကိစ္စရပ်တွေကို ခက်ခဲအောင် လုပ်ဆောင်နေတာပဲ" ပိုင်ယွီချင်းသည် လော့ဟော်အာအနေဖြင့် မိမိကိုယ်ကို သက်သက်မဲ့ စနောက်နေခဲ့ခြင်း ဖြစ်ကြောင်း ခံစားလိုက်ရမိသည်။
"မင်းသမီးလေးက ကျွန်တော့်ရဲ့ လက်ဆောင်မွန်ကို မလိုချင်ဘူးဆိုရင်လည်း ကျွန်တော်တို့ လောင်းကြေးရဲ့ အကြောင်းအရာကို ပြောင်းလဲလိုက်ကြတာပေါ့။"
"ဘာတွေကို ပြောင်းလဲရမှာလဲ။"
လော့ဟော်အာက သူမ၏ မျက်ဝန်းကြီးများကို တစ်ချက်မျှ လှန်ကြည့်လိုက်မိတော့သည်။ အဖိုးတန် ရှေးဟောင်း ဖေးသားရဲ အရိုးများမှလွဲ၍ သူမအနေဖြင့် အခြားသော အရာများအပေါ်တွင် လုံးဝ စိတ်ဝင်စားမှု မရှိချေ။ သို့သော်လည်း စက္ကန့်အနည်းငယ်မျှ ပြန်လည်၍ တွေးတောလိုက်ပြီးနောက် သူမ၏ စိတ်ထဲတွင် ရုတ်တရက်ဆိုသလို ဆိုးဝါးလှသော အကြံအစည်တစ်ခု ပေါ်ထွက်လာခဲ့ရပြီးနောက် ယီယွင်ထံသို့ အလွန်ပင် ဆန်းကြယ်လှသော အကြည့်တစ်ချက် လှမ်း၍ ကြည့်လိုက်တော့သည်။
မသိစိတ်ကြောင့် ယီယွင်သည် သူ၏ နှလုံးသားတစ်ခုလုံးပင် တုန်လှုပ်သွားခဲ့ရသလို ခံစားလိုက်ရမိပြီး အလွန်ပင် ဆိုးဝါးလှသော နိမိတ်ဆိုးကြီးတစ်ခု ရောက်ရှိလာခဲ့သည့်အလား ခံစားချက်မျိုး ပေါ်ထွက်လာခဲ့ရသည်။
လော့ဟော်အာသည် သူမ၏ လည်ချောင်းကို တစ်ချက်မျှ ရှင်းလင်းလိုက်မိရင်း ဖြည်းဖြည်းချင်းချင်း ပြောဆိုလိုက်သည်။
"ဒီလိုမျိုး လုပ်ကြတာပေါ့ မင်းက ငါ့ကို လောင်းကြေးအဖြစ် အသုံးပြုချင်နေခဲ့တာ ဖြစ်တဲ့အတွက် ငါတို့က မင်းသမီး မြေခွေးဖြူကိုပါလောင်းကြေးထဲ ဆွဲသွင်းလိုက်ကြတာပေါ့။ သူမက လော့နတ်ဘုရား နန်းဆောင်ရဲ့ ကျင့်စဉ်စမ်းသပ်မှုအတွင်းမှာ ပါဝင်ဆင်နွှဲရမှာ ဖြစ်သလို ငါကိုယ်တိုင်ကလည်း မြေခွေးဖြူမျိုးနွယ်စုရဲ့ ကျင့်စဉ်စမ်းသပ်မှုအတွင်းမှာ ပါဝင်ဆင်နွှဲရမှာ ဖြစ်တဲ့အတွက် တကယ့်ကိုပဲ တရားမျှတလှတဲ့ လောင်းကြေးတစ်ခု ဖြစ်လာလိမ့်မယ် မဟုတ်ဘူးလား။"
" ခရမ်းပြာဝိဉာဉ် မင်းသမီးအနေနဲ့ ဘယ်လိုမျိုး လောင်းကြေးမျိုး ထပ်မံပြီးတော့ လောင်းချင်နေတာလဲဆိုတာကို ကျွန်တော် သိရှိခွင့် ရှိမလားခင်ဗျာ။"
ပိုင်ယွီချင်းက ပြုံး၍ မေးမြန်းလိုက်သည်။
"အကယ်၍ မင်းသမီး မြေခွေးဖြူသာ ပထမဆုံး အဆင့်တစ် နေရာကို မရရှိခဲ့ဘူးဆိုရင်တော့ သူမအနေနဲ့ လော့မျိုးနွယ်စုအတွင်းမှာ မဖြစ်မနေ ဆက်လက် နေထိုင်သွားရမှာ ဖြစ်ပြီး အရပ်မျက်နှာအနှံ့ကို လှည့်လည်သွားလာရမှာ ဖြစ်ပါတယ်။"
လော့ဟော်အာက ပြန်လည် ဖြေကြားလိုက်သည်။
"ဒါက ပြဿနာမရှိပါဘူး။"
ပိုင်ယွီချင်းက ချက်ချင်းပင် သဘောတူညီမှု ပေးလိုက်တော့သည်။ ဤအရာက ဘယ်ကဲ့သို့သော လောင်းကြေးမျိုးလဲ မကြာခင်မှာ ရောက်ရှိလာတော့မည့် လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးကို လျစ်လျူရှုထားခဲ့ဦးတော့ ပိုင်ယွီချင်းသည် သူတို့၏ မြေခွေးဖြူမျိုးနွယ်စုက သေချာပေါက် အောင်မြင်မှု ရရှိလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ချက် ရှိပေသည်။
အကယ်၍ သာ သူတို့၏ မြေခွေးဖြူမျိုးနွယ်စုက တကယ်ပဲ ရှုံးနိမ့်သွားခဲ့ရမယ်ဆိုလျှင်ပင် ရွှယ်အာကို လော့မျိုးနွယ်စုအတွင်းမှာ ဆက်လက် ထားရှိခဲ့ခြင်းက အဆင်ပြေလှသော ကိစ္စတစ်ခု ဖြစ်ပေသည်။
၎င်းက သူမကို မင်းသား ချီရှန်းနှင့် ပိုမို၍ ရင်းနှီးကျွမ်းဝင်လာနိုင်စေရန်အတွက် အခွင့်အရေးကောင်းတစ်ခုကို ပေးစွမ်းနိုင်မှာ ဖြစ်သည်။
"ဒါဆိုရင်တော့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သလို အချိန်ကျလာခဲ့တဲ့ အခါကျရင်တော့ ယီယွင်က သူမရဲ့ လှည့်လည်သွားလာမှုတွေအတွင်းမှာ ဘေးနားကနေ မဖြစ်မနေ လိုက်ပါစောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။"
လော့ဟော်အာသည် ယီယွင်ထံသို့ သူမ၏ ခေါင်းကို လှည့်ကြည့်လိုက်ရင်း မျက်နှာအပြည့် ပြုံးကာ ပြောဆိုလိုက်သည်။
"ဒီတာဝန်ကို မင်းဆီ တိုက်ရိုက် လွှဲအပ်လိုက်ပြီ ဖြစ်တဲ့အတွက် ငါ့ကို လုံးဝ စိတ်ပျက်အောင် မလုပ်ပါနဲ့ဦးနော်"
လော့ဟော်အာက ဤကဲ့သို့ ပြောဆိုလိုက်သည်နှင့်အမျှ သူမသည် ယီယွင်ကို ကြည့်ကာ မျက်စိတစ်ချက် မှိတ်ပြလိုက်မိသည်။ ယီယွင်၏ မျက်နှာထက်တွင်မူ တကယ့်ကိုပဲ ခါးသက်လှသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ရပြီ ဖြစ်သည်။
ဤကောင်မလေးသည် တကယ့်ကိုပဲ ကိစ္စရပ်အားလုံးကို မိမိ၏ ခန္ဓာကိုယ်ထက်သို့ တိုက်ရိုက် လွှဲချရန်အတွက် ကြိုတင်၍ ကြံစည်ထားခဲ့ခြင်း ဖြစ်ရမည်။
သူမသည် ဤမျှလောက်အထိ ဆိုးဝါးလှသော လောင်းကြေးမျိုးကို တွေးတောသိရှိနိုင်ခဲ့ခြင်းက တကယ့်ကိုပဲ စိတ်ပုပ်လွန်းလှသည်ဟု ပြောဆိုနိုင်ပေသည်။
အခန်း ၈၇၆ - တကယ့်ကိုပဲ ဒေါသထွက်စရာ ကောင်းလွန်းလှတယ်
"မင်းသမီးလေး ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့ဦးနော်" ဆိုသည့် လော့ဟော်အာ၏ စကားလုံးများနောက်ကွယ်တွင် အလွန်ပင် နက်ရှိုင်းလှသော ဆိုလိုရင်းတစ်ခု ရှိနေခဲ့ကြောင်းကို ယီယွင် ကောင်းကောင်း နားလည်သိရှိထားခဲ့သည်။
အမှန်တကယ်တော့ ဤလောင်းကြေးကြီး တစ်ခုလုံးမှာ လော့ဟော်အာ၏ သက်သက်မဲ့ စနောက်ချင်စိတ် သက်သက်ကြောင့်သာ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။
သူမက ကမ္ဘာမြေကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပြီး ပျက်စီးသွားသည်ကို မြင်တွေ့ချင်နေသည့် အရွယ်မရောက်သေးသော ကလေးမလေးတစ်ဦးကဲ့သို့ပင် ပြုမူနေခဲ့ခြင်း ဖြစ်သည်။
"ဟော်အာ သမီးကတော့ နောက်တစ်ကြိမ် ဆိုးဝါးလှတဲ့ မိုက်မဲမှုတွေကို ထပ်ပြီးတော့ လုပ်ဆောင်လိုက်ပြန်ပြီ။"
ဤအခိုက်အတန့်တွင်ပဲ မယ်တော် ရွှမ်ဟို့၏ ကိုယ်ပိုင် ယွမ်ချီအသံ က လော့ဟော်အာ၏ နားထဲသို့ ရောက်ရှိလာခဲ့ပြန်သည်။
"အကယ်၍ သာ ဒီလောင်းကြေးကြီးက တကယ်ပဲ အသက်ဝင်လာခဲ့မယ်ဆိုရင် မင်းသား ချီရှန်းဘက်က ဘယ်လိုမျိုး အတွေးအမြင်မျိုးတွေ ရှိလာနိုင်မလဲဆိုတာကို သမီး သိရဲ့လား။ ယီယွင်က သူ့ရဲ့ မျက်လုံးထဲက ဆူးတစ်ချောင်း ဖြစ်လာလိမ့်မယ်။ သူက ယီယွင်ကို မဖြစ်မနေ ဖယ်ရှားပစ်ဖို့အတွက် ကြိုးစားလာလိမ့်မယ်။"
မယ်တော် ရွှမ်ဟို့၏ သတိပေးချက်များကို ကြားသိလိုက်ရသည်ဆိုသော်လည်း လော့ဟော်အာက အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သော ပုံစံမျိုးဖြင့် ပြန်လည်၍ စကားပြောဆိုလိုက်သည်။
"ယီယွင်က အစတည်းက မင်းသား ချီရှန်းရဲ့ မျက်လုံးထဲက ဆူးတစ်ချောင်း ဖြစ်နေခဲ့ပြီးသားပါ။ အဲဒီဆူးက အနည်းငယ်မျှ ပိုပြီးတော့ ကြီးမားသွားခဲ့ရုံတင်နဲ့ ဘာမှ ထူးခြားသွားမှာ မဟုတ်ပါဘူး။ သမီးကိုယ်တိုင်ကလည်း မင်းသား ချီရှန်းရဲ့ မျက်လုံးထဲက ဆူးတစ်ချောင်း ဖြစ်နေခဲ့တာပဲ မဟုတ်ဘူးလား။"
လော့ဟော်အာ၏ အထွန့်တက် ပြန်လည်စကားပြောဆိုချက်များကို ကြားသိလိုက်ရသည့် အခါတွင်မူ မယ်တော် ရွှမ်ဟို့အနေဖြင့် ဆက်လက်၍ ဘာတစ်ခွန်းမျှ စကားမပြောတော့ချေ။ သူမသည် စိတ်ထဲကနေ အသာအယာ ခေါင်းညိတ်ပြလိုက်မိတော့သည်။
အဘယ်ကြောင့်ဆိုသော် ယီယွင်သည် အစတည်းက မင်းသား ချီရှန်း၏ မျက်လုံးထဲက ဆူးတစ်ချောင်း ဖြစ်နေခဲ့ပြီးသား ဖြစ်ကြောင်းက ဘယ်လိုမှ ငြင်းပယ်၍ မရနိုင်လောက်အောင် ထင်ရှားလှသော အမှန်တရားတစ်ခု ဖြစ်နေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
"မင်းသမီးလေး မင်းသမီးလေးက ကျွန်တော့်ကို သက်သက်မဲ့ နောက်ပြောင်နေတာလား။"
ပိုင်ယွီချင်း၏ မျက်နှာထက်က အပြုံးများမှာ အနည်းငယ်မျှ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။ ပိုင်ယွီချင်းအနေဖြင့် သူတို့၏ မြေခွေးဖြူမျိုးနွယ်စုက လော့မျိုးနွယ်စုထက် ရှုံးနိမ့်သွားလိမ့်မည်ဟု ဘယ်လိုမှ မယုံကြည်ထားခဲ့သည်ဆိုသော်လည်း လော့ဟော်အာ၏ စကားလုံးများမှာ သူ၏ နားထဲတွင် အလွန်ပင် ဆူးခက်များအလား စူးရှလွန်းလှပေသည်။
"ယီယွင်ကို မင်းသမီး မြေခွေးဖြူရဲ့ ဘေးနားကနေ လိုက်ပါစောင့်ရှောက်စေပြီး လှည့်လည်သွားလာခိုင်းဖို့ ဟုတ်လား။"
ပိုင်ယွီချင်းသည် ယီယွင်ထံသို့ အလွန်ပင် အထင်မြင်သေးလွန်းလှသော အကြည့်တစ်ချက် လှမ်း၍ ကြည့်လိုက်မိတော့သည်။
"သူ့မှာ အဲဒီလိုမျိုး အရည်အချင်း မရှိပါဘူး။ ကျွန်တော်ကတော့ ဒီလောင်းကြေးကို ဘယ်လိုမှ သဘောမတူနိုင်ပါဘူး။"
ပိုင်ယွီချင်းသည် သူ၏ မြင့်မြတ်လှသော မင်းသားတစ်ပါး၏ ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားရှိနိုင်ရန်အတွက် ကြိုးစားနေခဲ့သည်ဆိုသော်လည်း ယခုအခိုက်အတန့်တွင်မူ သူသည် စိတ်ထဲကနေ လုံးဝ သည်းမခံနိုင်တော့ချေ။
သူသည် လော့ဟော်အာက မိမိကိုယ်ကို အမြဲတမ်းလိုလို စနောက်ပြောင်ပြနေခဲ့ခြင်း ဖြစ်ကြောင်း ခံစားလိုက်ရမိသဖြင့် ဤစကားလုံးများကို ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူသည် ယီယွင်အပေါ်တွင် ရှိနေခဲ့သော သူ၏ အထင်မြင်သေးမှုများကို ပြင်ပသို့ လုံးဝ ဖုံးကွယ်ထားခြင်း မရှိတော့ချေ။
ယီယွင်သည် ထိုစကားကို ကြားသိလိုက်ရသည့် အခါတွင် ပိုင်ယွီချင်းထံသို့ တစ်ချက်မျှ လှမ်း၍ ကြည့်လိုက်မိသည်။ သူသည် ပိုင်ယွီချင်း၏ မျက်ဝန်းများအတွင်း၌ တောရိုင်းတိရစ္ဆာန်များအတွင်းမှာသာ မြင်တွေ့ရလေ့ရှိသော အလွန်ပင် အေးစက်လှသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များကို ကောင်းကောင်း မြင်တွေ့လိုက်ရမိသည်။
အမှန်တကယ်တော့ သူသည် ဤမြေခွေးဖြူမင်းသား၏ အထင်မြင်သေးမှုများနှင့် ရန်လိုမုန်းတီးမှုများကို ကနဦး ပထမဆုံး စတင်ပေါ်ထွက်လာခဲ့သည့် အချိန်ကတည်းက ကောင်းကောင်း ခံစားသိရှိထားခဲ့ခြင်း ဖြစ်သည်။
ယီယွင်ကိုယ်တိုင်ကလည်း မည်သူမဆို လွယ်လွယ်ကူကူဖြင့် စနောက်ရမည့် လူစားမျိုး မဟုတ်ချေ။ အခြားသော လူများ၏ တိုက်ခိုက်ခြင်းဆိုင်ရာ ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံလိုက်ရသည့် အခါတွင်မူ သူက တိုက်ရိုက်ပင် စကားပြောဆိုလိုက်တော့သည်။
"မင်းတို့ နှစ်ယောက်စလုံးက ကျွန်တော့်ကို မင်းသမီး မြေခွေးဖြူရဲ့ ဘေးနားကနေ လိုက်ပါစောင့်ရှောက်စေပြီး လှည့်လည်သွားလာစေဖို့အတွက် ကြံစည်နေခဲ့ကြတာ ဖြစ်ပေမယ့် ကျွန်တော့်ရဲ့ ကိုယ်ပိုင် သဘောထားကိုတော့ ဘာတစ်ခုမှ မမေးမြန်းရသေးပါဘူး။
ကျွန်တော့်ဘက်ကနေ ကြိုတင်ပြီးတော့ ပြောပြချင်တာကတော့ ကျွန်တော့်မှာ မင်းသမီး မြေခွေးဖြူနဲ့အတူ လှည့်လည်သွားလာဖို့အတွက် ဘယ်လိုမျိုး ရည်ရွယ်ချက်မျိုးမှ အစတည်းက မရှိခဲ့ပါဘူး။
အသင်တို့တွေက ကျွန်တော် အလွန်ပဲ ရရှိချင်နေခဲ့တဲ့ အခွင့်အရေးကောင်းတစ်ခုလို့ ထင်မြင်နေခဲ့ကြပုံရပေမယ့် ကျွန်တော့်ရဲ့ အမြင်မှာတော့ အဲဒီအခွင့်အရေးက ဘာမှ တန်ဖိုးမရှိပါဘူး။"
ယီယွင်၏ နောက်ဆုံး ထွက်ပေါ်လာခဲ့သော စကားလုံးများမှာ ပိုင်ယွီချင်းထံသို့ တိုက်ရိုက် ဦးတည်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပိုင်ယွီချင်းသည် ထိုစကားကို ကြားသိလိုက်ရသည့် အခါတွင် တကယ့်ကိုပဲ အံ့အားသင့်သွားခဲ့ရတော့သည်။ ပိုင်ယွီချင်းတစ်ယောက်တည်း အံ့အားသင့်သွားခဲ့ရခြင်းမျိုး မဟုတ်ဘဲ လော့ဟော်အာကိုယ်တိုင်လည်း စက္ကန့်အနည်းငယ်မျှ ကြောင်အန်းအန်း ဖြစ်သွားခဲ့ရပြီးနောက် သူမ၏ မျက်နှာထက်တွင် အလွန်ပင် ဆိုးဝါးလှသော အပြုံးတစ်ခု ထပ်မံ၍ ပေါ်ထွက်လာခဲ့ရတော့သည်။
တကယ့်ကိုပဲ ကောင်းမွန်လှတယ် ယွင်လေးရာ လော့ဟော်အာက သူမ၏ ကိုယ်ပိုင် ယွမ်ချီအသံကို အသုံးပြု၍ လှမ်းကာ ပြောဆိုလိုက်သည်။
ယီယွင်၏ ရဲရဲဝံ့ဝံ့ ပြောဆိုလိုက်သော စကားလုံးများကြောင့် သူမသည် စိတ်ထဲကနေ အတိုင်းထက်အလွန် ကျေနပ်အားရသွားခဲ့ရခြင်း ဖြစ်သည်။
"မင်း အခုတင်ပဲ ဘာကို ပြောလိုက်တာလဲ။"
ပိုင်ယွီချင်း၏ မျက်နှာကြီးတစ်ခုလုံးမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရပြီ ဖြစ်သည်။ သူသည် ယီယွင်ကို စိုက်ကြည့်နေခဲ့သော မျက်ဝန်းများအတွင်း၌ အလွန်ပင် ပြင်းထန်လှသော သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် ဒေါသတရားများမှာ အသစ်တဖန် ပြန်လည်၍ တောက်လောင်လာခဲ့ရတော့သည်။
ပိုင်ယွီချင်း၏ တုံ့ပြန်မှုများကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ ယီယွင်က ပြုံးလိုက်မိရင်း ဆက်လက်၍ ပြောဆိုလိုက်သည်။
"ဒါက တကယ့်ကိုပဲ စိတ်ဝင်စားဖို့ ကောင်းလွန်းလှပါတယ်။ ခရမ်းပြာဝိဉာဉ် မင်းသမီးက ကျွန်တော့်ကို မင်းသမီး မြေခွေးဖြူရဲ့ ဘေးနားကနေ လိုက်ပါစောင့်ရှောက်စေချင်ခဲ့တာ ဖြစ်ပြီး သင်က ကျွန်တော့်မှာ အဲဒီလိုမျိုး အရည်အချင်း မရှိသလို ထိုက်တန်မှုလည်း မရှိဘူးလို့ ပြောဆိုခဲ့တယ်။ ဒါကြောင့်ပဲ ကျွန်တော့်ဘက်ကနေ မင်းသမီး မြေခွေးဖြူနဲ့အတူ လှည့်လည်သွားလာဖို့အတွက် လုံးဝ အစီအစဉ်မရှိကြောင်းကို အစောတည်းက ကြိုတင်ပြီး ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့ သင်ကတော့ အဲဒီစကားကို ကြားသိလိုက်ရတဲ့ အခါမှာ ပျော်ရွှင်မသွားခဲ့ရုံတင်မကဘဲ အတိုင်းထက်အလွန် ဒေါသထွက်သွားခဲ့ရပြန်ပြီ။ ဒါဆိုရင် သင့်ရဲ့ စိတ်ကူးထဲမှာတော့ ကျွန်တော်က မင်းသမီး မြေခွေးဖြူရဲ့ ဘေးနားကနေ လိုက်ပါစောင့်ရှောက်ခွင့် ရရှိနိုင်ဖို့အတွက် သင့်ရဲ့ ရှေ့မှောက်မှာ ဒူးထောက်ပြီးတော့ အတင်းအကျပ် တောင်းပန်နေရမှာလား။
အဲ့အချိန် သင်က ကျွန်တော့်ကို ခြေထောက်နဲ့ လှမ်းကန်ထုတ်ပစ်လိုက်ရင်း ဟင်္သာမင်းရဲ့ အသားကို စားချင်နေတဲ့ ဖားသူငယ်တစ်ကောင်လို့ လှမ်းပြီးတော့ ကျိန်ဆဲပြောဆိုလိုက်မှသာ စိတ်ထဲကနေ အပြည့်အဝ ပျော်ရွှင်သွားမှာလား "
ယီယွင်၏ စကားလုံးများမှာ တစ်ဖက်လူ၏ စိတ်ထဲက အမှန်တရားကို ကောင်းကောင်းကြီး ထိုးနှက်တိုက်ခိုက်လိုက်နိုင်စွမ်း ရှိပေသည်။ သေချာတာပေါ့ ပိုင်ယွီချင်း၏ မသိစိတ်အတွင်းမှာတော့ မြေခွေးဖြူတေဝင်မိသားစုကသာ အခြားသော လူများကို ငြင်းပယ်ခွင့် ရှိပြီး အခြားသော လူများက မိမိတို့ကို ပြန်လည်၍ ငြင်းပယ်ခြင်း မပြုရဟူသော အတွေးအခေါ်မျိုး ရှိနေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
ပိုင်ယွီချင်းသည် ယီယွင်ကို အလွန်ပင် အေးစက်လှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်မိတော့သည်။ အကယ်၍ သာ ဤနေရာသည် ဖုန်းဟွာနန်းဆောင် ၏ ပြင်ပတွင်သာ ဖြစ်ခဲ့မယ်ဆိုလျှင် သူသည် ယခုအခိုက်အတန့်တွင်ပဲ ယီယွင်ကို ချက်ချင်းပင် သတ်ဖြတ်ပစ်လိုက်မှာ သေချာလှပေသည်။
"မင်းသမီးလေးအနေနဲ့ မြေခွေးဖြူမျိုးနွယ်စုအတွင်းမှာ နေထိုင်ချင်သလား မနေထိုင်ချင်ဘူးလား ဆိုတာက သူမရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်သာ ဖြစ်ပါတယ်။ ဒါကို လောင်းကြေးတစ်ခုကို အသုံးပြုပြီးတော့ သူမကို မြေခွေးဖြူမျိုးနွယ်စုအတွင်းမှာ မဖြစ်မနေ နေထိုင်သွားရအောင် အတင်းအကျပ် လုပ်ဆောင်ဖို့ ကြိုးစားနေခဲ့ခြင်းက တကယ့်ကိုပဲ မျှော်လင့်ချက် ကင်းမဲ့လွန်းလှတဲ့ အပြုအမူတစ်ခု ဖြစ်ရုံတင်မကဘဲ အောက်တန်းကျလွန်းလှပါတယ်"
ယီယွင်သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ထိတ်လန့်နေခဲ့ခြင်း မရှိချေ။ သူသည် တစ်ဖက်လူ၏ သိက္ခာကို အပြည့်အဝ ထိခိုက်ပျက်စီးသွားစေမည့် စကားလုံးများကို တိုက်ရိုက်ပင် ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
လော့ဟော်အာနှင့် မယ်တော် ရွှမ်ဟို့ကိုယ်တိုင်ပင်လျှင် ယီယွင်၏ ရဲရဲဝံ့ဝံ့ ပြောဆိုလိုက်သော စကားလုံးများအပေါ်တွင် စိတ်ထဲကနေ အပြည့်အဝ ချီးကျူးဂုဏ်ပြုလိုက်မိကြတော့သည်။
မိဖုရားခေါင်ကြီး လော့၏ လျှို့ဝှက်စွာဖြင့် လှည့်စားခြင်းကို ခံလိုက်ရပြီးနောက် မိဖုရားခေါင်ကြီး လော့သည် သူမ၏ ကိုယ်ပိုင် သမီးဖြစ်သူအပေါ်တွင် ဆိုးဝါးလှသော အကြံအစည်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့ခြင်း ဖြစ်ပြီး လော့ဧကရာဇ်ကိုယ်တိုင်ကလည်း ဤအိမ်ထောင်ရေးကို သဘောတူညီမှု ပေးထားခဲ့ပုံရပေရာ မယ်တော် ရွှမ်ဟို့အနေဖြင့် စိတ်ထဲကနေ ဘယ်လိုမျိုး ဒေါသထွက်မနေဘဲ ရှိပါမည်နည်း။
သူမသည် ပိုင်ယွီချင်းကို မည်သို့ပင် ကြည့်ကြည့် လုံးဝ မျက်စိစပါးလင် ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင်မူ ယီယွင်က ဤကဲ့သို့သော စကားလုံးများကို ထုတ်ဖော်ပြောဆိုလိုက်သည့် အခါတွင် မယ်တော် ရွှမ်ဟို့သည် စိတ်ထဲကနေ အတိုင်းထက်အလွန် ပျော်ရွှင်ကျေနပ်သွားခဲ့ရတော့သည်။
သေချာတာပေါ့ သူမအနေဖြင့် သူမ၏ စိတ်ထဲက အတွေးအမြင်များကို ပြင်ပသို့ ထုတ်ဖော်ပြောဆိုနိုင်စွမ်း မရှိချေ။ မယ်တော် ရွှမ်ဟို့က ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်မိရင်း
"ယီယွင် မင်းက ဘာဖြစ်လို့ ဒီလိုမျိုး စကားလုံးတွေကို ပြောဆိုဝံ့ရတာလဲ။ မင်းသား ယွီချင်းက ငါတို့ လော့မျိုးနွယ်စုရဲ့ မွန်မြတ်လှတဲ့ ဧည့်သည်တော်တစ်ယောက် ဖြစ်တယ်နော်။"
၎င်းက ယီယွင်ကို ဆူပူကြိမ်းမောင်းနေခဲ့သည့် အလား ထွက်ပေါ်လာခဲ့သည်ဆိုသော်လည်း သူမ၏ လေသံအတွင်းမှာတော့ တစ်ဖက်လူကို အပြစ်ပေးလိုသော ခံစားချက်မျိုး လုံးဝ ပါဝင်နေခဲ့ခြင်း မရှိချေ။
ပိုင်ယွီချင်းသည် အတိုင်းထက်အလွန် စိတ်တိုဒေါသထွက်သွားခဲ့ရပြီ ဖြစ်သည်။ ဤမျှလောက်အထိ လူအမြောက်အမြား ရှိနေခဲ့ကြသည့် ကြားကနေ သူ၏ မင်းသားတစ်ပါးအနေဖြင့် ရှိနေခဲ့သော ဂုဏ်သိက္ခာနှင့် အရှိန်အဝါများမှာ လုံးဝ မြေစာပင် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ လောင်းကြေးနှင့် ပတ်သက်၍လည်း သူက ဘာတစ်ခုမျှ ဂရုမစိုက်တော့ချေ။
သို့သော်လည်း လော့ဟော်အာကမူ ရုတ်တရက်ဆိုသလို စကားပြောဆိုလာလိမ့်မည်ဟု သူ ဘယ်လိုမှ မျှော်လင့်မထားခဲ့မိချေ။
"ငါက မင်းရဲ့ လောင်းကြေးကို လက်ခံနိုင်ပါတယ်။ အကယ်၍ လော့မျိုးနွယ်စုဘက်က ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တော့ ငါက မြေခွေးဖြူမျိုးနွယ်စုအတွင်းမှာ တစ်နှစ်တိတိ နေထိုင်သွားမှာ ဖြစ်ပြီး အရပ်မျက်နှာအနှံ့ကို လှည့်လည်သွားလာမှာ ဖြစ်တယ်။ ဒါပေမဲ့ အကယ်၍ လော့မျိုးနွယ်စုဘက်ကသာ အနိုင်ရရှိသွားခဲ့မယ်ဆိုရင်တော့"
လော့ဟော်အာက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးနောက်
"ငါက မင်းနဲ့ ငါ့ကြားမှာ အနာဂတ်ကျရင် ဘာဖြစ်ဖြစ် ဘယ်လိုမျိုး အဆက်အသွယ်မျိုးမှ မရှိတော့ဖို့အတွက် တောင်းဆိုချင်ပါတယ်။"
ယီယွင်သည် လော့ဟော်အာထံသို့ အလွန်ပင် ဆန်းကြယ်လှသော အကြည့်တစ်ချက် လှမ်း၍ ကြည့်လိုက်မိသည်။ ဤလောင်းကြေးနောက်ကွယ်တွင် အလွန်ပင် နက်ရှိုင်းလှသော ဆိုလိုရင်းတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြေခွေးဖြူမျိုးနွယ်စုသည် လက်ရှိအချိန်အထိ လော့မျိုးနွယ်စုဆီသို့ တရားဝင် အိမ်ထောင်ဖက်အဖြစ် တောင်းဆိုခြင်း မပြုရသေးချေ။
အကယ်၍ သာ လော့မျိုးနွယ်စုဘက်က အမှန်တကယ် အနိုင်ရရှိသွားခဲ့မယ်ဆိုလျှင် ဤလောင်းကြေး၏ စည်းကမ်းချက်များအရ မြေခွေးဖြူမျိုးနွယ်စုအနေဖြင့် နောက်ထပ်တစ်ကြိမ် အရှက်မရှိဘဲ အိမ်ထောင်ဖက်အဖြစ် လာရောက်တောင်းဆိုဝံ့ကြတော့မှာ မဟုတ်ချေ။
"ကောင်းပြီလေ"
ပိုင်ယွီချင်းက ထိုစကားလုံးကို ဒေါသတကြီးဖြင့် ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
"ဒါဆိုရင်တော့ ဒီမင်းသားကို အရင်ဆုံး ပြန်ခွင့်ပြုပါဦး။ ခရမ်းပြာဝိဉာဉ် မင်းသမီးအနေနဲ့လည်း မကြာခင် ရက်ပိုင်းအတွင်းမှာ မြေခွေးဖြူမျိုးနွယ်စုဆီသို့ သွားရောက်ဖို့အတွက် ကြိုတင်ပြီးတော့ ပြင်ဆင်ထားရှိနိုင်ပါစေ"
သူ၏ စကားလုံးများကို ထုတ်ဖော်ပြောဆိုပြီးသွားခဲ့ပြီးနောက် ပိုင်ယွီချင်းသည် ဤနေရာတွင် စက္ကန့်အနည်းငယ်မျှ ထပ်မံ၍ နေထိုင်ခြင်း မပြုတော့ချေ။ သူသည် သူ၏ အစေခံများကို ဦးဆောင်လိုက်ရင်း ဖုန်းဟွာနန်းဆောင်အတွင်းကနေ ချက်ချင်းပင် ထွက်ခွာသွားခဲ့ကြတော့သည်။
ပိုင်ယွီချင်း ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ ယီယွင်က သူ၏ နှုတ်ခမ်းကို အသာအယာ သပ်လိုက်မိရင်း လော့ဟော်အာထံသို့ သူ၏ ယွမ်ချီအသံကို ပို့လွှတ်လိုက်တော့သည်။
"မင်းက ဘာဖြစ်လို့ ဒီလောက်အထိ ယုံကြည်ချက်တွေ ပြည့်ဝနေရတာလဲ။"
"ငါက ယုံကြည်ချက် ပြည့်ဝနေတာ မဟုတ်ပါဘူး။ ပိုင်ယွီချင်းက လူအော့တစ်ယောက် မဟုတ်ဘူးလေ။ သူက ဒီလောင်းကြေးကို ရဲရဲဝံ့ဝံ့ ကမ်းလှမ်းဝံ့ခဲ့တာက သူ့ရဲ့ နောက်ကွယ်မှာ ခိုင်မာတဲ့ အားကိုးပြုစရာ တစ်ခုခု ရှိနေခဲ့လို့ပဲ နေမှာပေါ့။ ဒါကြောင့်ပဲ ကိစ္စအားလုံးက မင်းရဲ့ အပေါ်မှာပဲ မူတည်သွားခဲ့ပြီ ယွင်လေးရာ။"
လော့ဟော်အာက အလွန်ပင် ပေါ့ပေါ့ပါးပါးဖြင့် ပြောဆိုလိုက်သည့် အခါတွင်မူ ယီယွင်သည် တကယ့်ကိုပဲ ဆွံ့အသွားခဲ့ရတော့သည်။ လော့ဟော်အာသည် တကယ့်ကိုပဲ သတ္တိကြီးမားလွန်းလှပေသည်။
"အကယ်၍ ၎င်းက ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ် သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ငါ့မှာ အတိုင်းအတာတစ်ခုအထိ ယုံကြည်ချက် ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အကယ်၍ ၎င်းက တိုက်ခိုက်ရေးအတတ်ပညာရပ်ဆိုင်ရာ ရှုထောင့်ကနေ ဆိုရင်တော့ ငါ့ရဲ့ ကိုယ်ပိုင် အခြေခံအုတ်မြစ်တွေနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေက ထိပ်တန်း ပါရမီရှင်တွေထက် အများကြီး နိမ့်ပါးလွန်းနေသေးတာ ဖြစ်တယ်။"
ယီယွင်သည် မိမိကိုယ်မိမိ ကောင်းကောင်းကြီး နားလည်သိရှိထားခဲ့သည်။ လော့မျိုးနွယ်စု၏ တော်ဝင်မြို့တော်ကြီးအတွင်းက ပါရမီရှင်များ၏ အဆင့်အတန်းမှာ မီးတိမ်တိုက်ပြည်နယ်အတွင်းက ပါရမီရှင်များနှင့် ယှဉ်လျှင် လုံးဝ ခြားနားလှသော အဆင့်အတန်းတစ်ခုတွင် ရှိနေခဲ့ကြခြင်း ဖြစ်သည်။
"စိတ်ပူဖို့ မလိုပါဘူး။ ငါတို့တွေက တစ်လှမ်းချင်းစီပဲ ရှေ့ဆက်သွားကြတာပေါ့။ လော့နတ်ဘုရား နန်းဆောင်ရဲ့ ကျင့်စဉ်စမ်းသပ်မှုကြီးက အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်မှာပါ။"
ဤအခိုက်အတန့်တွင်ပဲ မယ်တော် ရွှမ်ဟို့က စကားပြောဆိုလာခဲ့သည်။ သူမသည် စိတ်ထဲကနေ အသာအယာ သက်ပြင်းချလိုက်မိရင်း
"ဘာပဲဖြစ်ဖြစ် မိဖုရားခေါင်ကြီး လော့ကတော့ တကယ့်ကိုပဲ ကောင်းမွန်လှတဲ့ စစ်ဗျူဟာတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ။ အကယ်၍ သာ ဟော်အာအနေနဲ့ ပိုင်ယွီချင်းရဲ့ အိမ်ထောင်ရေး ကိစ္စရပ်ကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့မယ်ဆိုရင်တောင်မှ မင်းသား ချီရှန်းက မင်းသမီး မြေခွေးဖြူနဲ့ အောင်မြင်စွာ လက်ထပ်နိုင်ခဲ့တဲ့ အချိန်ကျရင် ဖေးမိစ္ဆာဂိုဏ်းရဲ့ ကြီးမားလှတဲ့ ခြိမ်းခြောက်မှုကြီးအောက်မှာ အရှင်မင်းကြီးက မင်းသား ချီရှန်းကိုပဲ ထီးနန်းကို ဆက်ခံမယ့်သူအဖြစ် သတ်မှတ်သွားမှာ သေချာလှတယ်။
ထို့အပြင် အကယ်၍ သာ ဟော်အာအနေနဲ့ ထီးနန်းကို ဆက်ခံခွင့် ရရှိခဲ့မယ်ဆိုရင်တောင်မှ သူမနဲ့ မြေခွေးဖြူမျိုးနွယ်စုရဲ့ ဧကရာဇ်အသစ်ကြားက ဆက်ဆံရေးကလည်း ဘယ်လိုမှ အဆင်ပြေချောမွေ့နိုင်မှာ မဟုတ်တော့ဘူး။"
မယ်တော် ရွှမ်ဟို့သည် စိတ်ထဲကနေ အလွန်ပင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။ ဤစစ်ဗျူဟာ တစ်ခုတည်းကြောင့်ပင် မင်းသား ချီရှန်းသည် ထီးနန်းကို ဆက်ခံနိုင်ရန်အတွက် နောက်ထပ် ခြေတစ်လှမ်း ထပ်မံ၍ နီးကပ်သွားခဲ့ရပြီ ဖြစ်သည်။
"ဖြစ်နိုင်တာကတော့ မင်းသား ချီရှန်းရဲ့ အိမ်ထောင်ရေး အစီအစဉ်ကြီးက လုံးဝ ပျက်စီးသွားနိုင်တာမျိုးကော မဖြစ်နိုင်ဘူးလား "
လော့ဟော်အာ၏ နှုတ်ခမ်းထောင့်စွန်းလေးများမှာ အသာအယာ တွန့်ကွေးသွားခဲ့ရပြီ ဖြစ်ပြီး သူမ၏ တောက်ပလှသော သွားစွယ်လေးများကို ထုတ်ဖော်ပြသလိုက်မိတော့သည်။ သူမသည် ထီးနန်းကို ဆက်ခံရန်အတွက် မည်သည့် စိတ်ဝင်စားမှုမျိုးမျှ မရှိခဲ့သည်ဆိုသော်လည်း သူမအနေဖြင့် အခြားသော လူများ၏ ရှေ့မှောက်တွင် ရှုံးနိမ့်သွားခြင်းမျိုးကိုလည်း လုံးဝ အဖြစ်မခံနိုင်ချေ။ အထူးသဖြင့် မိဖုရားခေါင်ကြီး လော့က မိမိအပေါ်တွင် ဤကဲ့သို့သော ဆိုးဝါးလှသည့် အကြံအစည်များကို အသုံးပြု၍ တိုက်ခိုက်လာခဲ့သည့် အခါတွင် ဖြစ်သည်။
သမီးဖြစ်သူအနေဖြင့် သူမကို အပြည့်အဝ အနိုင်ယူပြချင်နေခဲ့ခြင်း ဖြစ်ပြီး ထိုမိန်းမကြီးကို စိတ်ပျက်လက်ပျက်ဖြင့် ငိုကြွေးသွားအောင် ပြုလုပ်ပြချင်နေခဲ့ခြင်း ဖြစ်သည်။
လော့ဟော်အာနှင့် ပိုင်ယွီချင်းကြားက လောင်းကြေးဆိုင်ရာ သတင်းအချက်အလက်များမှာ တော်ဝင်မြို့တော်ကြီးတစ်ခုလုံးသို့ အလျင်အမြန်ပင် ပြန့်နှံ့သွားခဲ့ရတော့သည်။
ဤလောင်းကြေးမှာ လျှို့ဝှက်ထားရှိခြင်း မရှိဘဲ ပြည်သူလူထုကြီးတစ်ခုလုံး၏ သက်သေထွက်ဆိုမှုများကို အပြည့်အဝ လိုအပ်နေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
အမှန်တကယ်တော့ ဤလောင်းကြေးဆိုင်ရာ သတင်းအချက်အလက်များကို ပြင်ပသို့ ထုတ်ဖော်ကြေညာခဲ့ခြင်းမှာ လော့ဟော်အာ၏ အမိန့်ပေးစေခိုင်းမှုကြောင့် သူမ၏ ကိုယ်ပိုင် အစေခံ မိန်းကလေးများက လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
သူမ၏ တစ်ကမ္ဘာလုံး ပရမ်းပတာ ဖြစ်သွားသည်ကို မြင်တွေ့ချင်နေသည့် စရိုက်လက္ခဏာနှင့်အညီ ထိုဖုန်းဟွာနန်းဆောင်က အစေခံ မိန်းကလေးများမှာ သူတို့ သိရှိထားခဲ့သမျှသော အကြောင်းအရာ မှန်သမျှကို ပြင်ပသို့ အပြည့်အဝ ထုတ်ဖော်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
ထိုအကြောင်းအရာများထဲတွင် လော့ဟော်အာက ပထမဆုံး စတင်ကမ်းလှမ်းခဲ့သော လောင်းကြေးဖြစ်သည့် "ယီယွင်ကို မင်းသမီး မြေခွေးဖြူ၏ ဘေးနားကနေ လိုက်ပါစောင့်ရှောက်စေပြီး လှည့်လည်သွားလာခိုင်းခြင်း" ဆိုသည့် အချက်အပြင် ယီယွင်၏ နောက်ဆက်တွဲ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သော စကားလုံးများပါ အပြည့်အဝ ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖြင့် ဤသတင်းအချက်အလက်များမှာ တော်ဝင်မြို့တော်ကြီးတစ်ခုလုံးသို့ အလွန်ပင် လျင်မြန်လှသော နှုန်းထားဖြင့် ပြန့်နှံ့သွားခဲ့ရတော့သည်။
ထိုသတင်းကို ကြားသိလိုက်ရသော လူတိုင်းမှာ တကယ့်ကိုပဲ အံ့အားသင့်ပြီး ကြောင်အန်းအန်း ဖြစ်သွားခဲ့ကြရမှာ သေချာလှပေသည်။
သူတို့အားလုံးသည် လော့ဟော်အာနှင့် ပိုင်ယွီချင်းကြားက သဘောတူညီမှု ရရှိသွားခဲ့သော လောင်းကြေးကြောင့် အံ့အားသင့်နေခဲ့ကြခြင်းမျိုး မဟုတ်ဘဲ ယီယွင်က ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုလိုက်သော စကားလုံးများကြောင့် အံ့အားသင့်နေခဲ့ကြရခြင်း ဖြစ်သည်။
မင်းသမီး မြေခွေးဖြူ၏ အဆင့်အတန်းနှင့် ဂုဏ်သရေမှာ ထိပ်တန်း ပါရမီရှင်များ၏ အထက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ မြေခွေးဖြူမျိုးနွယ်စုအတွင်းမှာဆိုလျှင်မူ သူမ၏ အဆင့်အတန်းမှာ လော့ဟော်အာ၏ အဆင့်အတန်းနှင့် အတူတူပင် ဖြစ်ပေသည်။
သို့သော်လည်း သူမသည် လော့ဟော်အာ၏ သရော်လှောင်ပြောင်ခြင်းကို ခံလိုက်ရရုံတင်မကဘဲ နောက်ဆက်တွဲအနေဖြင့် ယီယွင်၏ ပြတ်ပြတ်သားသား ငြင်းပယ်ခြင်းကိုပါ ခံလိုက်ရခြင်း ဖြစ်ရော့သလား ။
မင်းသမီး မြေခွေးဖြူနှင့်အတူ လှည့်လည်သွားလာခွင့် ရရှိမည့် အခွင့်အရေးက ယီယွင်အတွက် ဘာမှ တန်ဖိုးမရှိဘူး ဟုတ်လား ။
ယီယွင်၏ စကားလုံးများမှာ မြေခွေးဖြူမျိုးနွယ်စုက ကျင့်ကြံသူများကို အတိုင်းထက်အလွန် ဒေါသထွက်သွားစေခဲ့ရရုံတင်မကဘဲ လော့မျိုးနွယ်စုအတွင်းက ကျင့်ကြံသူများကိုပါ အလွန်ပင် အံ့အားသင့်သွားစေခဲ့ရတော့သည်။ သူတို့အားလုံးမှာ တကယ့်ကိုပဲ ကြောင်အန်းအန်း ဖြစ်သွားခဲ့ရသည်။ ယီယွင်သည် တကယ့်ကိုပဲ လူအများ၏ ရှေ့မှောက်တွင် ဟန်ရေးပြတတ်လွန်းလှပေသည်။
"မင်းသမီးလေး... မင်းသမီးလေး "
လော့မျိုးနွယ်စု တော်ဝင်မြို့တော်ကြီးအတွင်းက အလွန်ပင် လှပဆန်းပြားစွာဖြင့် တန်ဆာဆင်ထားရှိသော နန်းဆောင်ကြီးတစ်ခုအတွင်း၌ သေးငယ်လှသော အစေခံ မိန်းကလေးတစ်ဦးက အပြေးအလွှား ရောက်ရှိလာခဲ့သည်။
သူမ၏ ဦးခေါင်းထက်တွင်မူ မြေခွေးဖြူမျိုးနွယ်စု၏ ထူးခြားလှသော လက္ခဏာတစ်ရပ်ဖြစ်သည့် အလွန်ပင် စူးရှလှသော မြေခွေးဖြူနားရွက်တစ်စုံ ရှိနေခဲ့သလို သူမ၏ နောက်ကွယ်တွင်လည်း ဖောင်းပွလှသော အမြီးတစ်ခု ရှိနေခဲ့သည်။ သူမက မြေခွေးဖြူမျိုးနွယ်စုက မိန်းကလေးတစ်ဦး ဖြစ်ကြောင်း ထင်ရှားလှသော်လည်း သူမ၏ ခန္ဓာကိုယ်ကို လူသားအသွင်သဏ္ဌာန်သို့ အပြည့်အဝ ပြောင်းလဲနိုင်စွမ်း မရှိသေးချေ။
"မင်းသမီးလေး မင်းသမီးလေးအနေနဲ့ ပြင်ပကမ္ဘာမှာ ဘာတွေ ဖြစ်ပျက်နေခဲ့လဲဆိုတာကို သိပြီးပြီလား။ တကယ့်ကိုပဲ ဒေါသထွက်စရာ ကောင်းလွန်းပါတယ်"
ထိုအစေခံ မိန်းကလေးသည် အပြေးအလွှား လျှောက်လှမ်းလာခဲ့ရင်း အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သော ပုံစံမျိုးဖြင့် အော်ဟစ်ပြောဆိုလိုက်တော့သည်။
အခန်း ၈၇၇ - အထွတ်အထိပ် ပညာရှင် ဂူလန်
ဤနန်းဆောင်ကြီးအတွင်း၌ မင်းသမီး မြေခွေးဖြူသည် အဖြူရောင် ဇာပဝါဂါဝန်ကို ဝတ်ဆင်ထားရှိပေသည်။ သူမက လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားရှိရင်း ကုတင်ထက်တွင် အေးအေးဆေးဆေးလေး ထိုင်နေခဲ့ခြင်း ဖြစ်သည်။
နေရောင်ခြည်က ဇာပဝါဂါဝန်အထက်သို့ ဖြတ်သန်းကျရောက်လာသည့် အခါတွင်မူ သူမ၏ ခန္ဓာကိုယ်၏ အလွန်ပင် လှပဆန်းပြားလှသော ကောက်ကြောင်းများကို မရေမရာ မြင်တွေ့နိုင်စွမ်း ရှိပေသည်။
ကျင့်ကြံသူများ၏ ကမ္ဘာမြေကြီးအတွင်းမှာဆိုလျှင် စာဖတ်ခြင်း သို့မဟုတ် စာရေးခြင်း ကိစ္စရပ်များအတွက် အကြောင်းအရာ အမြောက်အမြားကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်း ရှိသည့် ကျောက်စိမ်းပြား များကိုသာ အသုံးပြုလေ့ရှိကြသော်လည်း မင်းသမီး မြေခွေးဖြူကတော့ သူမ၏ လက်ထဲတွင် စက္ကူအခြေခံ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားရှိရသည့် ခံစားချက်မျိုးကိုသာ ပိုမို၍ နှစ်သက်သဘောကျပုံရပေသည်။
မကျေမနပ် ဖြစ်နေခဲ့သော စကားသံများကို ကြားသိလိုက်ရသည့် အခါတွင်မူ မင်းသမီး မြေခွေးဖြူက သူမ၏ ဦးခေါင်းကို အသာအယာ မော့လိုက်မိရင်း သူမ၏ ကိုယ်ပိုင် အစေခံ မိန်းကလေးထံသို့ လှမ်း၍ ကြည့်လိုက်မိတော့သည်။ ထိုမိန်းကလေးကတော့ မိမိကို လာရောက်၍ တိုင်တန်းပြောဆိုနေခဲ့သော ဒေါသထွက်နေသည့် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ပင် ပြုမူနေခဲ့ခြင်း ဖြစ်သည်။
မင်းသမီး မြေခွေးဖြူက ပြုံးလိုက်မိသည်။ သူမက သူမ၏ လက်ထဲက စာအုပ်ကို အောက်သို့ ချထားလိုက်မိရင်း
"လင်းအာ ညည်းက ငါ့ရဲ့ အစ်ကိုဖြစ်သူနဲ့ ခရမ်းပြာဝိဉာဉ် မင်းသမီးတို့ကြားက လောင်းကြေး ကိစ္စရပ်ကို ပြောနေတာလား။"
"မင်းသမီးလေး မင်းသမီးလေးက သတင်းကို ကြိုတင်ပြီးတော့ ကြားသိထားပြီးပြီလား။"
အစေခံ မိန်းကလေးက သူမ၏ မျက်လုံးများကို အတိုင်းထက်အလွန် ဝိုင်းစက်သွားစေခဲ့ရရင်း မင်းသမီးလေးကို စိုက်ကြည့်လိုက်မိတော့သည်။
"အင်း ငါက ကြားသိထားပြီးသား ဖြစ်သလို သူတို့တွေ ထုတ်ဖော်ပြောဆိုလိုက်တဲ့ စကားလုံးအချို့ကိုလည်း သိထားပြီးသား ပါ။"
မင်းသမီး မြေခွေးဖြူက အလွန်ပင် ပေါ့ပေါ့ပါးပါးဖြင့် ပြောဆိုလိုက်သည်။
အစေခံ မိန်းကလေးက စက္ကန့်အနည်းငယ်မျှ ကြောင်အန်းအန်း ဖြစ်သွားခဲ့ရပြီးနောက် "မင်းသမီးလေး မင်းသမီးလေးအနေနဲ့ စိတ်ထဲကနေ ဘာဖြစ်လို့ ဒေါသထွက်မနေရတာလဲ။ ယီယွင်လို့ ခေါ်တဲ့ ထိုကောင်က တကယ့်ကိုပဲ အရှက်မရှိလွန်းလှပါတယ်။ သူက မင်းသမီးလေးနဲ့အတူ လှည့်လည်သွားလာဖို့အတွက် ဘယ်လိုမျိုး စိတ်ဝင်စားမှုမှ မရှိဘူးလို့တောင်မှ ထုတ်ဖော်ပြောဆိုခဲ့သေးတယ်။
သူက မိမိကိုယ်ကို ဘာကောင်လို့ ထင်နေခဲ့လို့လဲ။ မင်းသမီးလေးနဲ့အတူ လှည့်လည်သွားလာချင်နေခဲ့ကြတဲ့ လူတွေသာ စီတန်းလိုက်မယ်ဆိုရင် တစ်ခုလုံးသော လော့မျိုးနွယ်စု တော်ဝင်မြို့တော်ကြီးအတွင်းမှာတောင်မှ ဆံ့မှာ မဟုတ်ပါဘူး။
မင်းသား ချီရှန်းကိုယ်တိုင်တောင်မှ ၎င်းကို အလွန်ပဲ ရရှိချင်နေခဲ့တာ ဖြစ်ပေမယ့် ဒီယီယွင်ကတော့"
မင်းသမီး မြေခွေးဖြူက ရယ်မောလိုက်မိရင်း
"လူတိုင်းမှာ ကိုယ်ပိုင် နှစ်သက်သဘောကျမှုတွေနဲ့ ရွေးချယ်မှုတွေ ရှိကြတာပဲ မဟုတ်ဘူးလား။ ညည်းက အလွန်လှပတဲ့ အဝတ်အစားတွေနဲ့ လက်ဝတ်ရတနာတွေကို နှစ်သက်သဘောကျကောင်း ကျနိုင်လိမ့်မယ်။ ဒါပေမဲ့ ကျင့်ကြံသူတွေကတော့ အဆင့်မြင့်လှတဲ့ ဓားတွေနဲ့ လက်နက်တွေကိုသာ နှစ်သက်သဘောကျကြတာ ဖြစ်ပြီး လယ်သမားတစ်ယောက်ကတော့ မြေသြဇာကောင်းမွန်လှတဲ့ မြေဆီလွှာတွေကိုသာ နှစ်သက်သဘောကျမှာ ဖြစ်တယ်။
ဘာမှ ထူးဆန်းအံ့သြစရာ မရှိပါဘူး။ ဒါဆိုရင် ငါက ဘာဖြစ်လို့ ဒေါသထွက်နေရမှာလဲ။ ဒါပေမဲ့ အမှန်တရားတစ်ခု ရှိနေခဲ့တာကတော့ ငါက မင်းသမီး မြေခွေးဖြူတစ်ဦးအနေနဲ့ တစ်ခုလုံးသော မြေခွေးဖြူမျိုးနွယ်စုကြီးတစ်ခုလုံးကို ကိုယ်စားပြုထားရတာ ဖြစ်တယ်။
ငါ့ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာက မြေခွေးဖြူမျိုးနွယ်စုရဲ့ အရှိန်အဝါနဲ့ ဂုဏ်သရေပဲ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် လော့ဟော်အာနဲ့ ယီယွင်တို့ရဲ့ စကားလုံးတွေက ငါ့အပေါ်မှာ လာရောက်ပြီးတော့ စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ ဖြစ်တယ်။ လော့နတ်ဘုရား နန်းဆောင်ရဲ့ ကျင့်စဉ်စမ်းသပ်မှုကြီးအတွင်းကျရင် ငါက ယီယွင်နဲ့ အတူတူ ရှိနေနိုင်ပါတယ်။
အဲဒီအချိန်ကျရင်တော့ ယီယွင်ရဲ့ အစစ်အမှန် စွမ်းရည်က ဘယ်လောက်အထိ ရှိမလဲဆိုတာကို ငါကိုယ်တိုင် ကောင်းကောင်းကြီး စောင့်ကြည့်သွားမှာပါ။"
အချိန်များက အလွန်ပင် လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်ရာ ထိုသို့ဖြင့် တစ်လတာမျှသော အချိန်ကာလမှာ ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။
လော့ဟော်အာသည် မြေခွေးဖြူမျိုးနွယ်စု၏ သံတမန်အဖွဲ့နှင့်အတူ မြေခွေးဖြူမျိုးနွယ်စုဆီသို့ လိုက်ပါထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ယီယွင်ကတော့ လော့မျိုးနွယ်စု တော်ဝင်မြို့တော်ကြီးအတွင်းမှာသာ ဆက်လက်နေထိုင်ခဲ့ရင်း သူ၏ ကိုယ်ပိုင် ကျင့်စဉ်အဆင့်အတန်းများကို ပိုမို၍ ခိုင်မာကျစ်လျစ်သွားအောင် ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
ယနေ့ လော့နတ်ဘုရား နန်းဆောင် ၏ ကျင့်စဉ်စမ်းသပ်မှုကြီး တရားဝင် စတင်ပေါ်ထွက်လာခဲ့သည့် နေ့ရက်တစ်ရက်ပင် ဖြစ်သည်။
နှစ်ပေါင်း ခြောက်ဆယ်လျှင် တစ်ကြိမ်သာလျှင် လော့နတ်ဘုရား နန်းဆောင်သည် နှစ်ပေါင်း တစ်ဆယ့်ရှစ်နှစ်တိုင်တိုင် ကြာမြင့်မည့် အလွန်ပင် ကြီးမားလှသော ကျင့်စဉ်စမ်းသပ်မှုကြီးတစ်ခုကို ကျင်းပပြုလုပ်လေ့ရှိခြင်း ဖြစ်သည်။
ယီယွင်သည် လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးမှာ နှစ်ပေါင်း တစ်ဆယ့်ရှစ်နှစ်တိုင်တိုင် ကြာမြင့်မည်ဖြစ်ကြောင်း ကနဦး ပထမဆုံး စတင်ကြားသိလိုက်ရသည့် အခါတွင် အလွန်ပင် အံ့အားသင့်သွားခဲ့ရတော့သည်။
ဘာဖြစ်လို့ ဤမျှလောက်အထိ အချိန်ကာလ ကြာမြင့်နေရတာလဲ။
" အချိန်ကာလကတော့ ကြာမြင့်မှာပဲ "
မယ်တော် ရွှမ်ဟို့သည် အလွန်ပင် မြင့်မားလှသော စင်မြင့်ကြီးတစ်ခုထက်တွင် မတ်တပ်ရပ်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ နောက်ကွယ်တွင်မူ ဤကျင့်စဉ်စမ်းသပ်မှုကြီးအတွင်းသို့ ပါဝင်ဆင်နွှဲကြမည့် ထိပ်တန်း ပါရမီရှင်များနှင့် ပါရမီရှင်များ ရှိနေခဲ့ကြသည်။
သူမက အလွန်ပင် ခမ်းနားထည်ဝါလှသော တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားရှိပေရာ တကယ့်ကိုပဲ အရှိန်အဝါ ကြီးမားလွန်းလှသော ပုံစံမျိုး ရှိပေသည်။
"ဒီကျင့်စဉ်စမ်းသပ်မှုကြီးက ရိုးရှင်းတဲ့ စမ်းသပ်စစ်ဆေးမှုတစ်ခုတည်း မဟုတ်ပါဘူး။ အမှန်တကယ်တော့ လော့နတ်ဘုရား နန်းဆောင်ရဲ့ အရေးအကြီးဆုံးသော အခွင့်အရေးကောင်းကြီးတစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်း ခြောက်ဆယ်လျှင် တစ်ကြိမ်သာ ပေါ်ထွက်လာလေ့ရှိတာ ဖြစ်ပြီး တစ်ကြိမ်ကို နှစ်ပေါင်း တစ်ဆယ့်ရှစ်နှစ်တိုင်တိုင် ကြာမြင့်တာ ဖြစ်တယ်။ ထိုနှစ်ပေါင်း တစ်ဆယ့်ရှစ်နှစ်ဆိုတဲ့ အချိန်ကာလက မင်းတို့အားလုံးအတွက် အလွန်ပဲ အရေးကြီးလှပါတယ်။ မင်းတို့ရဲ့ ကိုယ်ပိုင် အခြေခံအုတ်မြစ်တွေကို ခိုင်မာအောင် တည်ဆောက်သွားရမည့် အရေးကြီးလှတဲ့ စင်မြင့်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။"
မယ်တော် ရွှမ်ဟို့က အလွန်ပင် အေးအေးဆေးဆေးဖြင့် ပြောဆိုလိုက်သည်။
ယီယွင်သည် မယ်တော် ရွှမ်ဟို့၏ အုပ်စုအတွင်းသို့ ပါဝင်ပူးပေါင်းထားရှိခဲ့ကြသော အခြားသော တပည့်များဖြစ်သည့် ဂူချင်း နှင့် လင်းဝူ အစရှိသည့် ကျင့်ကြံသူများနှင့်အတူ ဤနေရာတွင် အတူတူ ရှိနေခဲ့ခြင်း ဖြစ်သည်။
သူတို့အားလုံးမှာ လော့မျိုးနွယ်စု၏ မတူညီလှသော ပြည်နယ်အသီးသီးကနေ ရောက်ရှိလာခဲ့ကြသော ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြပေသည်။ ထို့အပြင် သူတို့အများစုမှာ အသက် ငါးဆယ်အောက်သာ ရှိနေခဲ့ကြသေးသည်။ ငယ်ရွယ်လှသော မျိုးဆက်သစ် ကျင့်ကြံသူများအတွင်းမှာဆိုလျှင် သူတို့က အငယ်ဆုံးသော မျိုးဆက်သစ်များအဖြစ် သတ်မှတ်ခြင်း ခံထားရသူများ ဖြစ်ကြသည်။
"ဟော်အာရဲ့ ကျင့်စဉ်စမ်းသပ်မှုကလည်း ငါတို့ လော့မျိုးနွယ်စုရဲ့ ကျင့်စဉ်စမ်းသပ်မှုကြီးနဲ့ တစ်ချိန်တည်းမှာပဲ တရားဝင် စတင်ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဖေးမျိုးနွယ်စုရဲ့ မဟာကမ္ဘာကြီးအတွင်းက မတူညီလှတဲ့ မျိုးနွယ်စုအမြောက်အမြားနဲ့ ဖေးနိုင်ငံအသီးသီးကလည်း ယနေ့နေ့ရက်ကိုပဲ သူတို့ရဲ့ ငယ်ရွယ်လှတဲ့ တပည့်တွေအတွက် အရေးကြီးလှတဲ့ ကျင့်စဉ်စမ်းသပ်မှုကြီးရဲ့ ကနဦး အစပျိုးခြင်း နေ့ရက်အဖြစ် ရွေးချယ်သတ်မှတ်ထားခဲ့ကြတာ ဖြစ်တယ်။"
မယ်တော် ရွှမ်ဟို့က ဆက်လက်၍ ပြောဆိုလိုက်သည်။
"အို အခြားသော ဖေးနိုင်ငံတွေကလည်း ဒီကျင့်စဉ်စမ်းသပ်မှုကြီးကို တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်နေခဲ့ကြတာလား။"
ယီယွင်သည် စိတ်ထဲကနေ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရမိသည်။ အလွန်ပင် အစွမ်းထက်လှသော အုပ်စုအမြောက်အမြားက ယနေ့နေ့ရက်ကိုပဲ သူတို့၏ ကိုယ်ပိုင် ကျင့်စဉ်စမ်းသပ်မှုကြီးများ စတင်ပေါ်ထွက်လာမည့် နေ့ရက်အဖြစ် တစ်ပြိုင်နက်တည်း ရွေးချယ်သတ်မှတ်ထားခဲ့ကြခြင်းမှာ ဘယ်လိုမှ တိုက်ဆိုင်မှုတစ်ခု ဖြစ်မနေနိုင်ကြောင်း ထင်ရှားလှပေသည်။
ထိုအခိုက်တွင်
အလွန်ပင် ကြီးမားလှသော ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး တစ်စင်းက လေဟာနယ်အတွင်းကနေ ပျံသန်းရောက်ရှိလာခဲ့ပြီးနောက် လူအများ၏ ရှေ့မှောက်တွင် ရှိနေခဲ့သော ရင်ပြင်ကြီးထက်သို့ သက်ဆင်း စိုက်ကပ်လိုက်တော့သည်။
ထိုဝိညာဉ်သင်္ဘောကြီး၏ ပုံသဏ္ဌာန်မှာ ထူးဆန်းလွန်းလှပေသည်။ ၎င်းက ခန္ဓာကိုယ်တစ်ခုလုံးတွင် ငါးကြင်းကွက် အကြေးခွံများဖြင့် ဖုံးလွှမ်းထားရှိသည့် အလွန်ပင် ကြီးမားလှသော ငါးကြင်းကြီးတစ်ကောင်နှင့် တူပေသည်။
၎င်း၏ ကြီးမားလှသော ပါးစပ်ကြီး၏ ဘေးနားတွင်မူ အလွန်ပင် ရှည်လျားလှသော အာရုံခံ အမွှေးအမျှင် နှစ်ချောင်း ရှိနေခဲ့ပြီး ၎င်း၏ မျက်လုံးများကလည်း တောက်ပလွန်းလှသည်။ အကယ်၍ သာ ၎င်း၏ ခန္ဓာကိုယ် မျက်နှာပြင်ထက်တွင် သတ္တုများဖြင့် ပြုလုပ်တည်ဆောက်ထားရှိသည့် အမှတ်အသားများသာ မရှိခဲ့ဘူးဆိုလျှင် ယီယွင်အနေဖြင့် ဤအရာကြီးကို အလွန်ပင် ကြီးမားလှသော ငါးကြင်းကြီးတစ်ကောင်ဟုပင် မှတ်ထင်သွားမိမှာ သေချာလှပေသည်။
"ဒီဝိညာဉ် သင်္ဘောကြီးက တကယ့်ကိုပဲ ထူးဆန်းလွန်းလှတယ် "
ဤအခိုက်အတန့်တွင်ပဲ မယ်တော် ရွှမ်ဟို့က စကားပြောဆိုလာခဲ့သည်။
"ငါတို့ရဲ့ တစ်ခုလုံးသော လော့မျိုးနွယ်စုအတွင်းမှာဆိုရင် ဒီလိုမျိုး အဆင့်အတန်းမြင့်မားလှတဲ့ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးက နှစ်စင်းပဲ ရှိတာ ဖြစ်တယ်။ ၎င်းတို့ထဲက တစ်စင်းကိုတော့ အရှင်မင်းကြီးကိုယ်တိုင်က အသုံးပြုတာ ဖြစ်ပြီး ကျန်တဲ့ တစ်စင်းကိုတော့ တော်ဝင်ဘထွေးတော်ကြီးက အသုံးပြုတာ ဖြစ်ပါတယ်။
ယခု မင်းတို့ရဲ့ ရှေ့မှောက်မှာ မြင်တွေ့နေရတဲ့ အရာကတော့ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင် စီးတော်ယာဉ်ပဲ ဖြစ်တယ်။ ဒီဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး နှစ်စင်းက ငါတို့ လော့မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ် တိုင်လုံးကြီးတွေထဲက တစ်ခုပဲ ဖြစ်တယ်"
လော့ဧကရာဇ် ၏ ကိုယ်ပိုင် စီးတော်ယာဉ် ဟုတ်လား။
ဤနေရာတွင် ရှိနေခဲ့ကြသော လူတိုင်းမှာ တကယ့်ကိုပဲ အံ့အားသင့်သွားခဲ့ကြရတော့သည်။ လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးအတွင်းသို့ သွားရောက်ရန်အတွက်တင် လော့ဧကရာဇ်၏ ကိုယ်ပိုင် စီးတော်ယာဉ်ကိုအထိပါ ထုတ်ဖော်အသုံးပြုရန် လိုအပ်နေခဲ့ခြင်းလား။
"မင်းတို့ရဲ့ ရှေ့မှောက်မှာ မြင်တွေ့နေရတဲ့ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးက ရှေးဟောင်းခေတ်ကာလတုန်းက ရှိခဲ့ဖူးတဲ့ ရွှေရောင်ငါးကြင်းကြီးတစ်ကောင်ရဲ့ ခန္ဓာကိုယ် ဖြစ်ပါတယ်။သူက နဂါးတစ်ကောင်အဖြစ် သွင်ပြင်ပြောင်းလဲဖို့အတွက် ကြိုးစားရာမှာ ရှုံးနိမ့်သွားခဲ့ရပြီးနောက် ချန်ထားရစ်ခဲ့တဲ့ ခန္ဓာကိုယ်ကြီး ဖြစ်တယ်။
ထိုခန္ဓာကိုယ်ကြီးကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလိုက်ရင်း ဒီဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးကို ပြုလုပ်တည်ဆောက်ခဲ့ကြခြင်း ဖြစ်တယ်။ ဒါကြောင့်ပဲ မင်းတို့ မြင်တွေ့နေရတဲ့ သင်္ဘောကြီးက ငါးကြင်းတစ်ကောင်ရဲ့ ပုံသဏ္ဌာန်နဲ့ တူညီနေခဲ့ရခြင်း ဖြစ်ပါတယ်။"
ဖေးမျိုးနွယ်စုအတွင်းက ရှေးဟောင်းပုံပြင်များထဲတွင် ရွှေရောင်ငါးကြင်းတစ်ကောင်က နဂါးတစ်ကောင်အဖြစ် မည်သို့မည်ပုံ သွင်ပြင်ပြောင်းလဲသွားခဲ့ရသလဲ ဆိုသည်ကို ဤသို့ ဖော်ပြထားရှိပေသည် "ရွှေရောင်ငါးကြင်း ဆိုသည်မှာ ရေကန်ငယ်လေးအတွင်းမှာသာ နေထိုင်တတ်သည့် သာမန် သတ္တဝါတစ်ကောင် မဟုတ်ချေ။ ၎င်းက ပြင်းထန်လှသော မုန်တိုင်းကြီးတစ်ခုနှင့် ထိပ်တိုက်တွေ့ဆုံရသည့် အခါတွင်မူ ကောင်းကင်ဘုံသို့ ပျံသန်းသွားနိုင်သည့် နဂါးတစ်ကောင်အဖြစ် သွင်ပြင်ပြောင်းလဲသွားနိုင်စွမ်း ရှိပေသည်။"
ယီယွင်သည် သူ၏ ရှေ့မှောက်တွင် မြင်တွေ့နေရသော ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးမှာ ရှေးဟောင်းခေတ် ရွှေရောင်ငါးကြင်းကြီးတစ်ကောင်၏ ရုပ်အလောင်းကို အသုံးပြု၍ သွန်းလုပ်ထားရှိခြင်း ဖြစ်လိမ့်မည်ဟု ဘယ်လိုမှ မျှော်လင့်မထားခဲ့မိချေ။
ရှေးဟောင်း သားရဲတိရစ္ဆာန်ကြီးတစ်ကောင် ဖြစ်သည့် ရွှေရောင်ငါးကြင်းကြီးတစ်ကောင်၏ ရုပ်အလောင်းမှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်လောက်အောင် အလွန်ပင် တန်ဖိုးကြီးမားလှမှာ သေချာပေသည်။
သို့သော်လည်း ထိုသို့ ဖြစ်လင့်ကစား မယ်တော် ရွှမ်ဟို့က ဤဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး နှစ်စင်းမှာ လော့မျိုးနွယ်စု၏ အခြေခံအုတ်မြစ် တိုင်လုံးကြီးများ ဖြစ်ကြပြီး အလွန်ပင် အရေးကြီးလှကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေသည်။ ထင်ရှားလှသည်မှာ ဤကဲ့သို့သော ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးကို သာမန် ခရီးသွားလာခြင်း ကိစ္စရပ်များအတွက်တင် သက်သက် ထုတ်ဖော်အသုံးပြုခြင်း မဟုတ်ကြောင်း ကောင်းကောင်း သိရှိနိုင်ပေသည်။
ယခုအခိုက်အတန့်တွင်ပဲ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ ထိုကြီးမားလှသော ငါးကြင်းကြီး၏ ပါးစပ်အတွင်းကနေ ထွက်ပေါ်လာခဲ့သည်။
သူ့တွင် အလွန်ပင် ရှည်လျားလှသော ခရမ်းရောင် ဆံပင်များ ရှိနေခဲ့ပြီး သူ၏ မျက်ဝန်းများကမူ အလွန်ပင် နက်ရှိုင်းလှသော ကြယ်တာရာ ကောင်းကင်ကြီးအလား အပြာရောင်တောက်တောက် ပုံစံမျိုး ရှိပေသည်။
သူက ဤနေရာတွင် သာမန်ကာလျှံကာလေး မတ်တပ်ရပ်နေခဲ့ရုံတင်ဖြင့် သူ၏ ပတ်ဝန်းကျင်တွင် ရှိနေခဲ့သော လင်းလက်မှုများနှင့် အလင်းတန်းများကို ပုံသဏ္ဌာန် ပျက်ယွင်းသွားစေခဲ့ရပြီ ဖြစ်သည်။ ယီယွင်သည် ၎င်းက ဥပဒေသတရားများ ၏ ပြင်ပသို့ ထုတ်ဖော်ပြသခြင်းဆိုင်ရာ လက္ခဏာတစ်ရပ် ဖြစ်ကြောင်း ကောင်းကောင်း နားလည်သိရှိထားခဲ့သည်။
ထိုငါးကြီး၏ ပါးစပ်ဝတွင် မတ်တပ်ရပ်နေခဲ့သော ပုဂ္ဂိုလ်၏ အစစ်အမှန် စွမ်းရည်မှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်လောက်အောင် နက်ရှိုင်းလွန်းလှပေသည်။
၎င်းက ယီယွင်အနေဖြင့် လက်ရှိအချိန်အထိ မိမိ၏ ကိုယ်ပိုင် မျက်စိဖြင့် တိုက်ရိုက် မြင်တွေ့ဖူးသမျှသော လူများအတွင်းမှာ အစွမ်းအထက်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ချေ ရှိပေသည်။
"အရှင်မင်းကြီး။"
ထိုမျက်ဝန်းပြာနှင့် အမျိုးသားက မယ်တော် ရွှမ်ဟို့ထံသို့ အသာအယာ ခေါင်းညိတ်ပြလိုက်မိတော့သည်။
သူ့အနေဖြင့် မယ်တော် ရွှမ်ဟို့၏ ရှေ့မှောက်တွင် ဦးညွှတ်အရိုအသေပေးရန် မလိုအပ်ခဲ့သည့် အချက်ကတင် သူ၏ အလွန်ပင် မြင့်မားလှသော ဂုဏ်သရေနှင့် အဆင့်အတန်းကို ဖော်ပြနေခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင်မူ မယ်တော် ရွှမ်ဟို့၏ ထွက်ပေါ်လာခဲ့သော စကားလုံးများကြောင့် လူတိုင်းက သူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားခဲ့ကြရတော့သည်။
"အထွတ်အထိပ် ပညာရှင် ဂူလန် ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဆုံဖြစ်ခဲ့ကြတာ နှစ်ပေါင်း တစ်ထောင်လောက်တောင် ရှိသွားခဲ့ပြီပဲ "
အထွတ်အထိပ် ပညာရှင် ဟုတ်လား။
ယီယွင်အနေဖြင့် ဤကဲ့သို့သော အခေါ်အဝေါ်မျိုးကို ကြားသိလိုက်ရခြင်းမှာ ယခုအကြိမ်က ပထမဆုံး အကြိမ်မျိုး မဟုတ်ချေ။ အစွမ်းထက်လှသော မဟာကောင်းကင်ဘုံ ၁၂ ဘုံ အတွင်းမှာပင်လျှင် အထွတ်အထိပ် ပညာရှင်တစ်ဦးကို အလွန်ပင် အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် သတ်မှတ်လေ့ရှိကြခြင်း ဖြစ်သည်။
ထို့အပြင် လော့မျိုးနွယ်စုအတွင်းမှာဆိုလျှင်လည်း အထွတ်အထိပ် ပညာရှင်များမှာ လော့ဧကရာဇ်နှင့် တွေ့ဆုံရသည့် အခါတွင်ပင်လျှင် ဦးညွှတ်အရိုအသေပေးရန် မလိုအပ်ဘဲ ကင်းလွတ်ခွင့် ရရှိထားရှိကြသူများ ဖြစ်ကြသည်။ သူတို့က တတိယမြောက် တော်ဝင်ဘထွေးတော်ကြီးနှင့် တွေ့ဆုံရသည့် အချိန်ကျမှသာ အရိုအသေပေးလေ့ရှိကြခြင်း ဖြစ်သည်။
နှစ်ပေါင်း ဆယ်ဂဏန်းအနည်းငယ်မျှ ကြာမြင့်တိုင်း လော့မျိုးနွယ်စုအတွင်း၌ ပါရမီရှင်များနှင့် ထိပ်တန်း ပါရမီရှင် မျိုးဆက်သစ် အသစ်အမြောက်အမြား တရားဝင် မွေးဖွားပေါ်ထွက်လာလေ့ရှိကြသည်။
ထိုပါရမီရှင်များအတွင်း၌ အလွန်ပင် မြင့်မားလှသော အထွတ်အထိပ် အဆင့်အတန်းသို့ ရောက်ရှိသွားနိုင်စွမ်း ရှိသည့် ကျင့်ကြံသူများ ရှိနေခဲ့ကြသည်ဆိုသော်လည်း အစစ်အမှန် အထွတ်အထိပ် ပညာရှင် အဆင့်အတန်းသို့ ရောက်ရှိသွားနိုင်စွမ်း ရှိသူများမှာမူ လော့မျိုးနွယ်စုအတွင်း၌ လက်ချိုးရေတွက်နိုင်လောက်အောင် အလွန်ပင် နည်းပါးလွန်းလှပေသည်။
ယခုအကြိမ်က ယီယွင်အနေဖြင့် အထွတ်အထိပ် ပညာရှင် ဂူလန်၏ အမည်နာမကို ကနဦး ပထမဆုံး စတင်ကြားသိလိုက်ရခြင်း ဖြစ်သော်လည်း ဤနေရာတွင် ရှိနေခဲ့ကြသော အခြားသော ပါရမီရှင် အမြောက်အမြားကတော့ လော့မျိုးနွယ်စုအတွင်းမှာ ရှိနေခဲ့ကြသော အထွတ်အထိပ် ပညာရှင် အနည်းငယ်မျှ၏ အမည်နာမများကို ကောင်းကောင်းကြီး သိရှိထားရှိကြပြီးသား ဖြစ်သည်။
"သူက အထွတ်အထိပ် ပညာရှင် ဂူလန်ပဲ ဖြစ်တယ် လော့နတ်ဘုရား နန်းဆောင်ရဲ့ ကျင့်စဉ်စမ်းသပ်မှုကြီးဆီသို့ သွားရောက်ဖို့အတွက် ငါတို့တွေက အရှင်မင်းကြီးရဲ့ ကိုယ်ပိုင် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးကို စီးနင်းခွင့် ရရှိမယ့်အပြင် အထွတ်အထိပ် ပညာရှင်တစ်ဦးကိုယ်တိုင်က ငါတို့အတွက် လမ်းပြပေးသွားမှာ တကယ်ပဲလား။ အခြေအနေတစ်ခုလုံးက တကယ့်ကိုပဲ စိတ်ကူးယဉ်ဆန်လွန်းလှတယ် "
လူတစ်ဦးက အလွန်ပင် အံ့အားသင့်သွားခဲ့ရသော လေသံမျိုးဖြင့် ပြောဆိုလိုက်သည်။
မည်သို့ပင် ဖြစ်စေ လက်ရှိ အခြေအနေတစ်ခုလုံးမှာ ဘယ်လိုမှ ထုတ်ဖော်ပြောဆိုရန်ပင် မဖြစ်နိုင်လောက်အောင် အလွန်ပင် ခမ်းနားထည်ဝါလွန်းလှပေသည်။
"အဲ့ဒါက အခြားသော နည်းလမ်း မရှိလို့ပါပဲ။ ငါတို့ သွားရောက်မယ့် နေရာက အထွတ်အထိပ် ပညာရှင်တစ်ဦးကနေ ထိုရွှေရောင်ငါးကြင်း ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးကို ကိုယ်ပိုင် စွမ်းအင်တွေ အသုံးပြုပြီး မောင်းနှင်မပေးဘူးဆိုရင် ဘယ်လိုမှ ဝင်ရောက်နိုင်စွမ်း မရှိတဲ့ နေရာတစ်ခု ဖြစ်လို့ပဲ "
လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးအကြောင်းကို ကောင်းကောင်းကြီး နားလည်သိရှိထားရှိပုံရသော လူတစ်ဦးက စိတ်လှုပ်ရှားမှုများစွာဖြင့် ထုတ်ဖော်ပြောဆိုလိုက်တော့သည်။
ထိုသို့သော အကြောင်းပြချက်များကြောင့်ပင် မယ်တော် ရွှမ်ဟို့က လော့ဧကရာဇ်နှင့် တတိယမြောက် တော်ဝင်ဘထွေးတော်ကြီးတို့ ပိုင်ဆိုင်ထားရှိကြသော ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး နှစ်စင်းမှာ လော့မျိုးနွယ်စု၏ အခြေခံအုတ်မြစ် တိုင်လုံးကြီးများ ဖြစ်ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အဆင့်အတန်းမြင့်မားလှသည့် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးများမှာ လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးကို တရားဝင် စတင်ဖွင့်လှစ်ပေးနိုင်စွမ်း ရှိသည့် တစ်ခုတည်းသော သော့ချက်များ ဖြစ်နေခဲ့ကြခြင်းကြောင့်ပင် ဖြစ်သည်။
အကယ်၍ သာ ဤကဲ့သို့သော အဆင့်အတန်းမြင့်မားလှသည့် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးများ မရှိခဲ့ဘူးဆိုလျှင်မူ လော့မျိုးနွယ်စုအနေဖြင့် သူတို့၏ ငယ်ရွယ်လှသော ပါရမီရှင် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနိုင်စွမ်း ရှိသည့် ကိုယ်ပိုင် အစွမ်းအစများမှာ လုံးဝ ဆုံးရှုံးပျက်စီးသွားရမှာ သေချာလှပေသည်။