← Chapters

အခန်း (၈၇၈-၈၈၀)

Vol. 59 Ch. 878-880

အခန်း (၈၇၈-၈၈၀)

Vol. 59 Ch. 878-880

အခန်း ၈၇၈ - အစဦး ကောင်းကင်ဘုံ

ဝုန်း .......

ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးသည် မိမိရှိနေခဲ့သော ကမ္ဘာမြေကြီး၏ ဟင်းလင်းပြင်ကြီးကို ပြင်းထန်စွာ ဆုတ်ဖြဲပစ်လိုက်ရင်း ဟင်းလင်းပြင် ကူးပြောင်းခြင်း ကို စတင်လိုက်တော့သည်။

အထွတ်အထိပ် ပညာရှင်တစ်ဦးကိုယ်တိုင် စိမံခန့်ခွဲမောင်းနှင်နေခဲ့ပြီး လော့ဧကရာဇ်၏ ကိုယ်ပိုင် စီးတော်ယာဉ်လည်း ဖြစ်သော ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးက ဟင်းလင်းပြင် ကူးပြောင်းခြင်းကို စတင်လိုက်သည့် အခိုက်အတန့်တွင်မူ ၎င်း၏ နေရာ ကူးပြောင်းသွားနိုင်သည့် အကွာအဝေးနှင့် ကုန်ဆုံးသွားခဲ့ရသော စွမ်းအင်ပမာဏတို့မှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်လောက်အောင် ကြီးမားလှပေသည်။

၎င်းကို အထွတ်အထိပ် ပညာရှင်တစ်ဦးကိုယ်တိုင် မဖြစ်မနေ စီမံခန့်ခွဲမောင်းနှင်ရခြင်း၏ အဓိက အကြောင်းပြချက်မှာ လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီး ကျင်းပပြုလုပ်မည့် နေရာမှာ လူအများ၏ မျှော်လင့်ချက်များကို လုံးဝ ကျော်လွန်နေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ယီယွင်သည် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြတင်းပေါက်တစ်ခု၏ ဘေးနားတွင် မတ်တပ်ရပ်နေခဲ့သည်။ သင်္ဘောကြီးက ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ဖြတ်သန်းသွားနေခဲ့သည့် အခါတွင်မူ သူသည် ပြင်ပကမ္ဘာတွင် တဖျတ်ဖျတ် လင်းလက်နေခဲ့ကြသော အလင်းစက်အမြောက်အမြားကို မြင်တွေ့လိုက်ရမိသည်။ ထိုအလင်းစက်တစ်ခုချင်းစီတိုင်းမှာ ကြယ်တာရာကြီး တစ်လုံးချင်းစီကို ကိုယ်စားပြုထားရှိခြင်း ဖြစ်သည်။

ထိုကြယ်တာရာအချို့မှာ အသက်ဇီဝ ကင်းမဲ့နေခဲ့ကြသော်လည်း အချို့သော ကြယ်တာရာများမှာမူ မိမိတို့၏ သက်ဆိုင်ရာ နေအဖွဲ့အစည်းများအတွင်း၌ အသက်ဇီဝများနှင့် ပြည့်နှက်နေခဲ့ကြသည်။

ထိုအသက်ဇီဝများအတွင်းကနေလည်း အစွမ်းထက်လှသော ကျင့်ကြံသူများ မွေးဖွားပေါ်ထွက်လာနိုင်စွမ်း ရှိပေသည်။ တစ်ခုလုံးသော မဟာကောင်းကင်ဘုံ ၁၂ ဘုံအတွင်း၌ ရှိနေခဲ့ကြသော အသက်ဇီဝများ၏ အရေအတွက်မှာ သဲသောင်ပြင်တစ်ခုထက်က သဲပွင့်များ၏ အရေအတွက်ကဲ့သို့ပင် မရေမတွက်နိုင်အောင် များပြားလှပေသည်။

၎င်းတို့၏ အရေအတွက်ကို အတိအကျ ခန့်မှန်းတွက်ချက်ရန် ဘယ်လိုမှ မဖြစ်နိုင်ချေ။ အကယ်၍ သာ မိမိက အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်ခဲ့မယ်ဆိုလျှင်တောင်မှ တစ်ခုလုံးသော မဟာကောင်းကင်ဘုံ ၁၂ ဘုံ၏ သေးငယ်လွန်းလှသော ဧရိယာအပိုင်းအစလေးတစ်ခုကိုသာ စူးစမ်းရှာဖွေနိုင်စွမ်း ရှိမှာ ဖြစ်သည်။

"ဂျူနီယာညီလေး ယီယွင်။"

ယီယွင်သည် တစ်စုံတစ်ဦးက မိမိ၏ အမည်နာမကို လှမ်း၍ ခေါ်ဆိုလိုက်သံကို ကြားသိလိုက်ရသည့် အခါတွင် ချက်ချင်းပင် လှည့်၍ ကြည့်လိုက်မိသည်။ သူသည် မိမိထံသို့ လျှောက်လှမ်းလာခဲ့ကြသော ငယ်ရွယ်လှသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို မြင်တွေ့လိုက်ရမိသည်။

ထိုအမျိုးသားမှာ အနည်းငယ်မျှ အရပ်ရှည်ပြီး ပိန်ပါးလှသော ပုံစံမျိုး ရှိပေရာ အမျိုးသမီးလေးကတော့ အနည်းငယ်မျှ သေးငယ်ပုကွသော ပုံစံမျိုး ရှိပေသည်။

"ငါ့နာမည်က ဂူချင်း လို့ ခေါ်ပါတယ်။ သူမကတော့ လင်းဝူ လို့ ခေါ်တယ်။ ငါတို့ နှစ်ယောက်စလုံးက မယ်တော် ရွှမ်ဟို့ရဲ့ အုပ်စုအတွင်းက ငယ်ရွယ်တဲ့ မျိုးဆက်သစ် အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ငါတို့တွေက မိမိတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်တွေအတွင်းမှာတော့ အတော်အသင့် ကောင်းမွန်တယ်လို့ သတ်မှတ်နိုင်လိမ့်မယ် ဆိုပေမယ့် ဂျူနီယာညီလေး ယီယွင်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ အများကြီး နိမ့်ပါးလွန်းလှပါတယ်ဗျာ။"

ဂူချင်းက ရယ်မောလိုက်မိသည်။ သူက ယီယွင်နှင့် ကောင်းကောင်းကြီး မိတ်ဆက်စကား ပြောဆိုနိုင်ရန်အတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယီယွင်၏ လက်ရှိ အဆင့်အတန်းကြောင့် ဖြစ်စေ သို့မဟုတ် သူ ထုတ်ဖော်ပြသထားခဲ့ပြီးသား ဖြစ်သော အနာဂတ်ဆိုင်ရာ အလားအလာကောင်းများကြောင့် ဖြစ်စေ ယီယွင်သည် မဖြစ်မနေ မိတ်ဆွေဖွဲ့ထားရှိသင့်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

"စီနီယာအစ်ကို ဂူ ကျွန်တော့်ကို သက်သက်မဲ့ စနောက်နေခဲ့တာပဲ ဖြစ်ရပါမယ်။ ကျွန်တော်က ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်မှာ အနည်းငယ်မျှ ကံကောင်းသွားခဲ့ရုံတင် ရှိတာ ဖြစ်ပါတယ်။ အခု လာတော့မယ့် လော့နတ်ဘုရား နန်းဆောင်ရဲ့ ကျင့်စဉ်စမ်းသပ်မှုကြီးက အစစ်အမှန် စွမ်းရည်တွေကို အပြည့်အဝ ယှဉ်ပြိုင်ကြရမှာ ကျွန်တော့်ဘက်ကနေ မတူညီလှတဲ့ ရှုထောင့်အမျိုးမျိုးကနေ အားနည်းချက်တွေ ရှိနေခဲ့ဆဲ ဖြစ်ပါတယ်။"

ယီယွင်က စကားပြောဆိုနေခဲ့သည့် အခိုက်အတန့်တွင်ပဲ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးသည် ရုတ်တရက်ဆိုသလို အရှိန်အဟုန်ကို ပြင်းထန်စွာ မြှင့်တင်လိုက်တော့သည်။ ၎င်းက ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်သည့် အလား ထင်မှတ်ရပေရာ ဟင်းလင်းပြင်၏ အပိုင်းအစများမှာ အလင်းတန်းများအဖြစ် သွင်ပြင်ပြောင်းလဲသွားခဲ့ကြရင်း နောက်ကွယ်သို့ ပြင်းထန်စွာ လွင့်စင်ကျန်ရစ်ခဲ့ကြတော့သည်။

"ဟင်းလင်းပြင် လိုဏ်ခေါင်းအတွင်းကို ဖြတ်သန်းသွားလာခြင်း ကိစ္စရပ်က တရားဝင် စတင်ပေါ်ထွက်လာခဲ့ပြီ။"

ယီယွင်သည် ယခင်ကတည်းက ဟင်းလင်းပြင် ကူးပြောင်းခြင်းဆိုင်ရာ အတွေ့အကြုံမျိုး ရှိခဲ့ဖူးသည်။ သို့သော်လည်း သူ ယခင်က စီးနင်းခဲ့ဖူးသော ဝိညာဉ်ပျံသန်းရေး သင်္ဘောများထက် ယခု ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ဘေးပတ်ပတ်လည်တွင် ပေါ်ထွက်နေခဲ့ကြသော အလင်းတန်းများမှာ အဆပေါင်း ရာနှင့်ချီ၍ ပိုမို၍ လင်းလက်တောက်ပလွန်းလှပေသည်။

၎င်းက ပိုမို၍ ပြင်းထန်လှသော ဟင်းလင်းပြင်ဆိုင်ရာ ဖိအားများနှင့် စွမ်းအင်များ ရှိနေခဲ့ခြင်းကို ကောင်းကောင်းကြီး သက်သေပြနေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သာ သာမန် ဝိညာဉ်ပျံသန်းရေး သင်္ဘောတစ်စင်းသာ ဆိုခဲ့မယ်ဆိုလျှင် ပြင်းထန်လှသော ဟင်းလင်းပြင် မုန်တိုင်းကြီးများ၏ ဖိအားများကြောင့် ချက်ချင်းပင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲဖျက်ဆီးခြင်း ခံလိုက်ရမှာ သေချာလှပေသည်။

"ကျွန်တော်တို့တွေ ဘယ်နေရာကို သွားနေကြတာလဲ။"

ယီယွင်က မေးမြန်းလိုက်မိသည်။ သူသည် လက်ရှိအချိန်အထိ လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးနှင့် ပတ်သက်၍ ဘာတစ်ခုမျှ အတိအကျ သိရှိထားခြင်း မရှိသေးချေ။

"အစဦး ကောင်းကင်ဘုံ ဆီကို သွားနေကြတာ ဖြစ်တယ်။"

လင်းဝူက စကားပြောဆိုလိုက်သည်။

သူမတွင် ပင်လယ်ပြာရောင် ရှိသော အလွန်ပင် ရှည်လျားလှသော ဆံပင်များ ရှိနေခဲ့သည်။ သူမက ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပတွင် ရှိနေခဲ့ကြသော လှပဆန်းပြားလှသည့် အလင်းတန်းများကို စိုက်ကြည့်လိုက်မိရင်း သူမ၏ မျက်ဝန်းများအတွင်း၌ အလွန်ပင် တောင့်တလှသော ခံစားချက်များကို ကောင်းကောင်းကြီး ထုတ်ဖော်ပြသလိုက်မိတော့သည်။

"အစဦး ကောင်းကင်ဘုံ ဟုတ်လား "

ယီယွင်အနေဖြင့် ဤကဲ့သို့သော အမည်နာမမျိုးကို ကြားသိလိုက်ရခြင်းမှာ ဤအကြိမ်က ပထမဆုံး အကြိမ်မျိုး ဖြစ်သည်။

"အစဦး ကောင်းကင်ဘုံဆိုတာက မဟာကောင်းကင်ဘုံ ၁၂ ဘုံရဲ့ ပြင်ပမှာ သီးခြားလွတ်လပ်စွာ တည်ရှိနေခဲ့တဲ့ ကမ္ဘာမြေကြီးတစ်ခု ဖြစ်ပါတယ်။ ၎င်းရဲ့ ကိုယ်ပိုင် ထုထည်က မဟာကောင်းကင်ဘုံ ၁၂ ဘုံထက် အနည်းငယ်မျှ ပိုမို၍ သေးငယ်ကောင်း သေးငယ်နိုင်လိမ့်မယ် ဆိုပေမယ့်သူ့ရဲ့ ကိုယ်ပိုင် အဆင့်အတန်းကတော့ အလွန်ပဲ မြင့်မားလှပါတယ်။ ရှေးဟောင်း ဒဏ္ဍာရီပုံပြင်တွေရဲ့ ဖော်ပြချက်အရဆိုရင်တော့ ၎င်းက သွင်ပြင်ပုံသဏ္ဌာန် အပြည့်အဝ ပေါ်ထွက်လာဖို့အတွက် ကြိုးစားရာမှာ ရှုံးနိမ့်သွားခဲ့ရတဲ့ မပြည့်စုံသေးတဲ့ ကမ္ဘာမြေကြီးတစ်ခု ဖြစ်တယ်လို့ ဆိုကြတယ်။"

ဤအခိုက်အတန့်တွင်ပဲ ဂူချင်းက စကားပြောဆိုလိုက်သည်။

ယီယွင်သည် ထိုစကားကို ကြားသိလိုက်ရသည့် အခါတွင် စိတ်ထဲကနေ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရတော့သည်။ သွင်ပြင်ပုံသဏ္ဌာန် အပြည့်အဝ ပေါ်ထွက်လာဖို့အတွက် ကြိုးစားရာမှာ ရှုံးနိမ့်သွားခဲ့ရတဲ့ မပြည့်စုံသေးတဲ့ ကမ္ဘာမြေကြီး ဟုတ်လား။

"ဟုတ်တယ် အဲဒီကမ္ဘာမြေကြီးအတွင်းမှာတော့ ကနဦး ပထမဆုံး အစပျိုးခြင်း အဆင့်အတန်းမှာပဲ ရှိနေခဲ့ကြသေးတဲ့ ကြယ်တာရာတွေ အပိုင်းပိုင်းအစစ ပြတ်တောက်နေခဲ့ကြတဲ့ ဟင်းလင်းပြင်တွေ အလွန်ပင် သိပ်သည်းဆ မြင့်မားလှတဲ့ ဖေးနတ်ဘုရား အငွေ့အသက် တွေနဲ့ ပရမ်းပတာ စွမ်းအင် တွေ အပြည့်အဝ ရှိနေခဲ့ကြတာ ဖြစ်တယ်။"

ပရမ်းပတာ စွမ်းအင် ဟုတ်လား။

ယီယွင်သည် စိတ်ထဲကနေ ချက်ချင်းပင် နိုးကြားတက်ကြွသွားခဲ့ရတော့သည်။

သူသည် "ပရမ်းပတာ စွမ်းအင် " ဟူသော စကားလုံး၏ နောက်ကွယ်က ဆိုလိုရင်းကို ဘယ်လိုမှ မသိဘဲ မရှိချေ။

ရှေးဟောင်း ဒဏ္ဍာရီပုံပြင်များ၏ ဖော်ပြချက်အရဆိုလျှင် တစ်ခုလုံးသော စကြဝဠာကြီးတစ်ခုလုံးကို ထိုပရမ်းပတာ စွမ်းအင်ကြီးအတွင်းကနေ မွေးဖွားသန့်စင်ပေးခဲ့ခြင်း ဖြစ်သည်။ မဟာကောင်းကင်ဘုံ ၁၂ ဘုံ၏ ရှေးဟောင်းပုံပြင်များအရဆိုလျှင်လည်း အစွမ်းထက်လှသော ဖေးနတ်ဘုရား ၁၂ ပါး ကို ထိုပရမ်းပတာ စွမ်းအင်ကြီးအတွင်းကနေ မွေးဖွားသန့်စင်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုပရမ်းပတာ စွမ်းအင်ကြီးအတွင်းကနေ မဟာကောင်းကင်ဘုံ ၁၂ ဘုံကို အပြည့်အဝ ဖန်တီးတည်ဆောက်ပြီးသွားခဲ့ပြီးနောက် ပရမ်းပတာ စွမ်းအင်အများစုမှာ လုံးဝ ကုန်ဆုံးကွယ်ပျောက်သွားခဲ့ကြပြီ ဖြစ်သည်။

သို့သော်လည်း ဂူချင်း၏ ပြောပြချက်အရဆိုလျှင်မူ အစဦး ကောင်းကင်ဘုံသည် သွင်ပြင်ပုံသဏ္ဌာန် အပြည့်အဝ ပေါ်ထွက်လာရန် ကြိုးစားရာ၌ ရှုံးနိမ့်သွားခဲ့သော မပြည့်စုံသေးသည့် ကမ္ဘာမြေကြီးတစ်ခု ဖြစ်ပေရာ ထိုကမ္ဘာမြေကြီးအတွင်း၌ ပရမ်းပတာ စွမ်းအင်အချို့ ကျန်ရစ်နေခဲ့ခြင်းမှာ ဘာမှ ထူးဆန်းအံ့သြစရာ မရှိလှသော အချက်တစ်ခု ဖြစ်ပေသည်။

ပရမ်းပတာ စွမ်းအင်၏ ကိုယ်ပိုင် သွင်ပြင်ပုံသဏ္ဌာန်က ဘယ်လိုမျိုး ရှိနေခဲ့လို့လဲ။

အစဦး ကောင်းကင်ဘုံအတွင်း၌ ပရမ်းပတာ စွမ်းအင်များ ရှိနေခဲ့ခြင်း တစ်ခုတည်းကတင် ကျင့်ကြံသူများအားလုံးကို အတိုင်းထက်အလွန် ဆွဲဆောင်နိုင်စွမ်း ရှိပေသည်။

ထို့အပြင် ထိုနေရာတွင် ပရမ်းပတာ စွမ်းအင်များ ရှိနေခဲ့ရုံတင်မကဘဲ အလွန်ပင် ကြီးမားလှသော အခွင့်အရေးကောင်းများနှင့် ကံကောင်းမှုများစွာလည်း ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။

လင်းဝူက ဆက်လက်၍

"အမှန်တကယ်တော့ မြေခွေးဖြူမျိုးနွယ်စုရဲ့ ကျင့်စဉ်စမ်းသပ်မှုကြီးကိုလည်း အစဦး ကောင်းကင်ဘုံအတွင်းမှာပဲ ကျင်းပပြုလုပ်တာ ဖြစ်တယ်။ နှစ်ပေါင်း ခြောက်ဆယ် ကြာမြင့်တိုင်းမှာ အစဦး ကောင်းကင်ဘုံရဲ့ ပြင်ပ ဟင်းလင်းပြင် အတားအဆီးကြီးက အားအနည်းဆုံး ဖြစ်ပေါ်လာမည့် အခိုက်အတန့်တစ်ခု ရှိတတ်တယ်။ ၎င်းက အစဦး ကောင်းကင်ဘုံအတွင်းသို့ ဝင်ရောက်နိုင်ဖို့အတွက် အကောင်းမွန်ဆုံးသော အချိန်အခါသမယတစ်ခုပဲ ဖြစ်တယ်။"

"ဒါက မြေခွေးဖြူမျိုးနွယ်စုနဲ့ လော့မျိုးနွယ်စုတို့က သူတို့ရဲ့ အရေးအကြီးဆုံးသော ကျင့်စဉ်စမ်းသပ်မှုကြီးတွေကို တစ်ရက်တည်းမှာပဲ တစ်ပြိုင်နက်တည်း စတင်ကျင်းပပြုလုပ်ဖို့အတွက် ရွေးချယ်ခဲ့ကြတဲ့ အဓိက အကြောင်းပြချက်ပဲ ဖြစ်တယ်။

ဒါပေမဲ့ ထိုဟင်းလင်းပြင် အတားအဆီးကြီးက အားအနည်းဆုံး ဖြစ်နေခဲ့တယ် ဆိုဦးတော့ ထိုအတားအဆီးကြီးကို အောင်မြင်စွာ ဖြတ်သန်းသွားနိုင်ဖို့အတွက် ထိပ်တန်းအဆင့် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးတစ်စင်းနဲ့ အထွတ်အထိပ် ပညာရှင်တစ်ဦးရဲ့ စွမ်းအင်တွေကို မဖြစ်မနေ အကောင်အထည်ဖော် အသုံးပြုဖို့ လိုအပ်တာ ဖြစ်တယ်။

အကယ်၍ သာ ဒီအကြောင်းပြချက်ကြောင့် မဟုတ်ခဲ့ဘူးဆိုရင် ငါတို့တွေက အရှင်မင်းကြီးရဲ့ ကိုယ်ပိုင် စီးတော်ယာဉ်ကို စီးနင်းခွင့် ရရှိမှာ မဟုတ်သလို အထွတ်အထိပ် ပညာရှင် ဂူလန်နဲ့လည်း ဘယ်လိုမှ ဆုံတွေ့ခွင့် ရရှိမှာ မဟုတ်ပါဘူး။"

"ဒါဆိုရင် ကျွန်တော်တို့တွေက မြေခွေးဖြူမျိုးနွယ်စုနဲ့ နေရာတစ်ခုတည်းမှာ အတူတူ ရှိနေကြမှာလား "

ယီယွင်က မေးမြန်းလိုက်မိသည်။ လော့ဟော်အာသည် လက်ရှိအချိန်တွင် မြေခွေးဖြူမျိုးနွယ်စုနှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။

"သေချာတာပေါ့ အတူတူ ရှိနေကြမှာ မဟုတ်ပါဘူး။ အစဦး ကောင်းကင်ဘုံရဲ့ ကိုယ်ပိုင် ပတ်ဝန်းကျင်က အလွန်ပဲ ရှုပ်ထွေးလွန်းလှပါတယ်။ ဇုန်တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့အတွက် အလွန် များပြားလှတဲ့ အရင်းအမြစ်တွေနဲ့ ကျင့်ကြံသူ အမြောက်အမြားရဲ့ အသက်ပေး ဆက်သမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြရတာ ဖြစ်တယ်။

ဘယ် အုပ်စုကမှ မိမိတို့ အခက်အခဲများစွာ ခံစားလိုက်ရပြီးမှ အောင်မြင်စွာ ဖွင့်လှစ်ထားရှိခဲ့တဲ့ ကိုယ်ပိုင် ဇုန်တစ်ခုကို အခြားသော လူတွေနဲ့ အလွယ်တကူ မျှဝေအသုံးပြုသွားမှာ မဟုတ်ပါဘူး။ ငါတို့ရဲ့ ဇုန်က ငါတို့ပိုင်တာ ဖြစ်ပြီး မြေခွေးဖြူမျိုးနွယ်စုရဲ့ ဇုန်ကတော့ သူတို့ပိုင်တာ ဖြစ်တယ်။"

ဂူချင်းက ယီယွင်ကို ရှင်းလင်းပြောပြလိုက်သည်။

"ဪ ဒါက ဒီလိုမျိုးကိုး။"

သူတို့ စကားပြောဆိုနေခဲ့ကြသည့် အခိုက်အတန့်တွင်ပဲ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးသည် နောက်ထပ်တစ်ကြိမ် ဟင်းလင်းပြင် ကူးပြောင်းခြင်းကို ထပ်မံ၍ စတင်လိုက်ပြန်သည်။

သူတို့၏ ဘေးပတ်ပတ်လည်တွင် ပေါ်ထွက်နေခဲ့ကြသော အလင်းတန်းများ၏ ပြင်းအားမှာ တဖြည်းဖြည်းနှင့် ပိုမို၍ အရှိန်အဟုန် မြင့်မားလာခဲ့ရပြီးနောက် နောက်ဆုံးတွင်မူ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးသည် ပရမ်းပတာ ဖြစ်နေခဲ့သော ဟင်းလင်းပြင်ကြီးတစ်ခုအတွင်း၌ ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့ရတော့သည်။

၎င်းက အစဦး ကောင်းကင်ဘုံပင် ဖြစ်သည်။

"ဒါက သွင်ပြင်ပုံသဏ္ဌာန် အပြည့်အဝ ပေါ်ထွက်မလာသေးတဲ့ မပြည့်စုံသေးတဲ့ ကမ္ဘာမြေကြီးပဲ ဖြစ်ရမယ်။"

ယီယွင်သည် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပ ဟင်းလင်းပြင်ကြီးကို လှမ်း၍ ကြည့်လိုက်မိသည်။ အမှန်တကယ်တော့ ၎င်းက စည်းစနစ်ကျနမှု မရှိဘဲ ပရမ်းပတာ ဖြစ်ပျက်နေခဲ့သော စကြဝဠာကြီးတစ်ခုနှင့် တူပေသည်။ သူ၏ ပတ်ဝန်းကျင်တွင် ရှိနေခဲ့သော ယွမ်ချီ စွမ်းအင်များ သည်ပင်လျှင် မဟာကောင်းကင်ဘုံ ၁၂ ဘုံအတွင်း၌ ခံစားခဲ့ရဖူးသော စွမ်းအင်များနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။ အလွန်ပင် ရှေးဟောင်းပြီး ဆိတ်ငြိမ်လှသော အငွေ့အသက်များမှာ ဤကောင်းကင်ဘုံတစ်ခုလုံးအတွင်း၌ အပြည့်အဝ ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်သည်။

အစဦး ကောင်းကင်ဘုံတစ်ခုလုံးတွင် မြူခိုးမြူငွေ့များဖြင့် ပြည့်နှက်နေခဲ့ရပြီး ထိုမြူခိုးမြူငွေ့များ၏ ကြားကနေ အပိုင်းပိုင်းအစစ ပြတ်တောက်နေခဲ့ကြသော မဟာကုန်းမြေကြီးများနှင့် လေဟာနယ်အတွင်း၌ ပေါလောပေါ်မျောနေခဲ့ကြသော ကြယ်တာရာကြီးများကို မြင်တွေ့နိုင်စွမ်း ရှိပေသည်။

သို့သော်လည်း ထိုကြယ်တာရာ အများစုမှာ အလင်းရောင် ကင်းမဲ့နေခဲ့ကြပြီး အလွန်ပင် ဆိတ်ငြိမ်လွန်းလှပေရာ အလွန်ပင် ကြီးမားလှသော ကျောက်ဆောင်ကြီးများအလား တည်ရှိနေခဲ့ကြခြင်း ဖြစ်သည်။ အချို့သော ကြယ်တာရာများနှင့် မဟာကုန်းမြေကြီးများထက်ကနေမူ အလွန်ပင် အန္တရာယ်ကြီးမားလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြင်ပသို့ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

ယီယွင်သည် သူတို့အားလုံး ဤနေရာတွင်ပဲ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးအပေါ်ကနေ ဆင်းသက်ကြရလိမ့်မည်ဟု ထင်မှတ်ထားခဲ့မိသော်လည်း ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးမှာ ဆက်လက်၍ ပျံသန်းသွားနေခဲ့ဆဲ ဖြစ်ပြီး နောက်ဆုံးတွင်မူ အလွန်ပင် ကြီးမားလှသော မဟာကုန်းမြေကြီးတစ်ခုထက်သို့ ဖြည်းညင်းစွာ သက်ဆင်းစိုက်ကပ်လိုက်လိမ့်မည်ဟု သူ ဘယ်လိုမှ မျှော်လင့်မထားခဲ့မိချေ။

"ငါတို့တွေ ရောက်ရှိလာခဲ့ပြီ။"

ဂူချင်းက ပြောဆိုလိုက်သည်။

"ဒါက လော့နတ်ဘုရား နန်းဆောင်ပဲ ဖြစ်တယ်။ လော့မျိုးနွယ်စုက ဤနေရာမှာ အလွန်ပင် ကြီးမားလှတဲ့ စွမ်းအင်ဝင်္ကပါ အခင်းအကျင်းကြီးတစ်ခု ကို အောင်မြင်စွာ တည်ဆောက်ထားရှိခဲ့တာ ဖြစ်တယ်။ ဟင်းလင်းပြင် ကူးပြောင်းခြင်းကို အသုံးပြုလိုက်တိုင်းမှာ ငါတို့တွေက ဒီပတ်ဝန်းကျင်ဆီသို့ တိုက်ရိုက် ရောက်ရှိလာမှာ ဖြစ်တယ်။"

လင်းဝူသည် ဤကိစ္စရပ်များနှင့် ပတ်သက်၍ အတော်အသင့် ကောင်းမွန်စွာ သိရှိနားလည်ထားပုံရပေသည်။

ယီယွင်သည် မဟာကုန်းမြေကြီးထက်သို့ လှမ်း၍ ကြည့်လိုက်မိသည့် အခါတွင် သူသည် အလွန်ပင် မြင့်မားထည်ဝါလှသော်လည်း ရှေးကျလှသော နန်းဆောင်ကြီးတစ်ခုအပြင် မဟာကုန်းမြေကြီးထက်တွင် မတ်မတ်ရပ်နေခဲ့ကြသော အလွန်ပင် မြင့်မားလှသော ရဲတိုက်ကြီး အမြောက်အမြားကို ကောင်းကောင်းကြီး မြင်တွေ့လိုက်ရမိသည်။

"ဒါက လော့နတ်ဘုရား နန်းဆောင်ပဲ ဖြစ်တယ်။"

ဂူချင်းက ပြောဆိုလိုက်သည်။

လော့နတ်ဘုရား နန်းဆောင်ဆိုသည်မှာ လော့မျိုးနွယ်စု၏ အထွတ်အမြတ်ထားရာ သက်ရှိအဆောင်အယောင်တစ်ခု ဖြစ်သည်။ ရှေးဟောင်း ဒဏ္ဍာရီပုံပြင်များ၏ ဖော်ပြချက်အရဆိုလျှင် လော့မျိုးနွယ်စု၏ ဘိုးဘေးကြီးမှာ အလွန်ပင် အစွမ်းထက်လှသော ရှေးဟောင်းဖေးသားရဲကြီး တစ်ကောင် ဖြစ်သည်ဟု ဆိုကြသည်။

"ဒါဆိုရင် အစစ်အမှန် လော့နတ်ဘုရား နန်းဆောင်က အမှန်တကယ်တော့ ဒီနေရာမှာ ရှိနေခဲ့တာကိုး။ ငါက တော်ဝင်မြို့တော်ကြီးအတွင်းမှာပဲ ရှိနေလိမ့်မယ်လို့ ထင်မှတ်ထားခဲ့မိတာ။"

ယီယွင်သည် စိတ်ထဲကနေ အသာအယာ ရေရွတ်လိုက်မိတော့သည်။ ဤမဟာကုန်းမြေကြီးထက်တွင် မည်သည့် သစ်ပင်ပန်းမာန်များမျှ ပေါက်ရောက်နေခဲ့ခြင်း မရှိချေ။ ၎င်းက အလွန်ပင် ဆိတ်ငြိမ်ပြီး အေးစက်လွန်းလှပေရာ လူအများ၏ မေ့လျော့ခြင်းကို ခံထားရသော သီးခြားကမ္ဘာငယ်လေးတစ်ခုကဲ့သို့ပင် ရှိပေသည်။

အကယ်၍ သာ လော့မျိုးနွယ်စုအနေဖြင့် အစဦး ကောင်းကင်ဘုံအတွင်း၌ လော့နတ်ဘုရား နန်းဆောင်တစ်ခုကို ပြုလုပ်တည်ဆောက်နိုင်စွမ်း ရှိခဲ့မယ်ဆိုလျှင် မြေခွေးဖြူမျိုးနွယ်စုကလည်း ၎င်းနှင့် အလားတူပင် ပြုလုပ်တည်ဆောက်ထားရှိမှာ သေချာလှပေသည်။

မဟာကောင်းကင်ဘုံ ၁၂ ဘုံအတွင်းက မတူညီလှသော အစွမ်းထက် အုပ်စုအသီးသီးက ဤအစဦး ကောင်းကင်ဘုံ၏ နယ်မြေအပိုင်းအစများကို မိမိတို့အချင်းချင်း အသီးသီး ခွဲဝေပိုင်ဆိုင်ထားရှိကြခြင်း ဖြစ်သည်။

အစဦး ကောင်းကင်ဘုံဆိုသည်မှာ သူတို့၏ ကိုယ်ပိုင် ပါရမီရှင် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် အလွန်ပင် အရေးကြီးလှသော အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ ထိုအစွမ်းထက် အုပ်စုအသီးသီးကြားတွင် မိမိတို့၏ ကိုယ်ပိုင် လမ်းစဉ်အတိုင်း လျှောက်လှမ်းနေခဲ့ကြရင်း အလွန်ပင် နူးညံ့သိမ်မွေ့လှသော မျှခြေအခြေအနေတစ်ခုကို အပြည့်အဝ ထိန်းသိမ်းထားရှိကြခြင်း ဖြစ်သည်။

ဤနေရာတွင် ရေရှည်အခြေစိုက် စောင့်ကြပ်နေခဲ့ကြသော လော့နတ်ဘုရား နန်းဆောင်၏ အကြီးအကဲ အနည်းငယ်မျှမှာ လေဟာနယ်အတွင်း၌ မတ်တပ်ရပ်နေခဲ့ကြရင်း သူတို့ကို ကြိုတင်၍ စောင့်ဆိုင်းနေခဲ့ကြပြီ ဖြစ်သည်။

"ယနေ့ ကနေ စတင်ပြီးတော့ မင်းတို့အားလုံးက နောက်ထပ် လာမည့် နှစ်ပေါင်း တစ်ဆယ့်ရှစ်နှစ်တိုင်တိုင်ကို ဒီနေရာမှာပဲ အချိန်ကုန်ဆုံးသွားကြရမှာ ဖြစ်တယ် နှစ်ပေါင်း တစ်ဆယ့်ရှစ်နှစ် ကုန်ဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့ မင်းတို့တွေထဲက လူဘယ်နှယောက်က ဒီဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးပေါ်ကို အသက်ရှင်လျက်နဲ့ ပြန်လည်ပြီးတော့ တက်လှမ်းနိုင်စွမ်း ရှိမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ ဒါ့အပြင် မင်းတို့တွေထဲက လူဘယ်နှယောက်က လူသားတွေကြားထဲမှာ နဂါးတစ်ကောင် သို့မဟုတ် ဖီးနစ်ငှက်တစ်ကောင်အလား အစစ်အမှန် သွင်ပြင်ပြောင်းလဲခြင်းဆိုင်ရာ အောင်မြင်မှုတွေကို အပြည့်အဝ ခံစားသွားရမလဲဆိုတာကိုကော ဘယ်သူက ကြိုတင်ပြီး သိနိုင်မှာလဲ "

"ဝိညာဉ်ပျံသန်းရေး သင်္ဘောပေါ်ကနေ အောက်ကို ဆင်းသက်ကြစမ်း" အခြားသော ပိန်လှီလှသော အကြီးအကဲတစ်ဦးက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်မိရင်း ကျယ်လောင်စွာဖြင့် ပြောဆိုလိုက်တော့သည်။

ထိုအကြီးအကဲ၏ စကားလုံးများမှာ တကယ့်ကိုပဲ ပြတ်သားတိုက်ရိုက်လွန်းလှပေသည်။

အစဦး ကောင်းကင်ဘုံဆီသို့ ကနဦး ပထမဆုံး စတင်ရောက်ရှိလာခဲ့ကြသော တပည့်များမှာ သူတို့၏ ပတ်ဝန်းကျင်တွင် ရှိနေခဲ့သော ထူးဆန်းဆန်းပြားလှသည့် မြင်ကွင်းများကြောင့် စိတ်ထဲကနေ အတိုင်းထက်အလွန် စိတ်လှုပ်ရှားပြီး အံ့အားသင့်နေခဲ့ကြဆဲ ဖြစ်သည်။

သို့သော်လည်း သူတို့ ဤနေရာသို့ ရောက်ရှိလာခဲ့သည့် အခိုက်အတန့်တွင်မူ ထိုအကြီးအကဲ၏ စကားလုံးများမှာ သူတို့၏ ဦးခေါင်းထက်သို့ အေးစက်လှသော ရေအေးတစ်ပုံးဖြင့် လှမ်း၍ လောင်းချပစ်လိုက်သလိုပင် ဖြစ်ပေါ်သွားစေခဲ့ရတော့သည်။

သူတို့အမြောက်အမြားမှာ စိတ်ထဲကနေ အံ့အားသင့်နေခဲ့ကြသော အတွေးအခေါ် မှန်သမျှကို ချက်ချင်းပင် မောင်းထုတ်ပစ်လိုက်ကြရပြီ ဖြစ်ပြီး သူတို့၏ မျက်ဝန်းများအတွင်း၌ ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များနှင့် ကြိုးစားလိုစိတ်များမှာ အသစ်တဖန် ပြန်လည်၍ ပေါ်ထွက်လာခဲ့ရတော့သည်။

အခန်း ၈၇၉ - ပရမ်းပတာ နိယာမတရားများ

ပိန်လှီလှသော အကြီးအကဲဖြစ်သူ၏ စကားလုံးများ ဆုံးခန်းတိုင်သွားခဲ့ပြီးနောက် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ တံခါးဝမှာ ပွင့်ဟသွားခဲ့ရတော့သည်။

လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးတွင် ပါဝင်ဆင်နွှဲကြမည့် တပည့်များအားလုံးသည်လည်း တစ်ဦးပြီးတစ်ဦး သင်္ဘောကြီး၏ ပြင်ပသို့ အစဉ်လိုက် ပျံသန်းထွက်ခွာလာခဲ့ကြတော့သည်။

သို့သော်လည်း သူတို့အားလုံး ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ ခြေတစ်လှမ်း စတင်လှမ်းလိုက်ကြသည့် အခိုက်အတန့်တွင်ပင် ရုတ်တရက်ဆိုသလို အရှိန်အဟုန်မထိန်းနိုင်ဘဲ ဟန်ချက်ပျက်ကာ ယိမ်းထိုးသွားကြသူများ ချက်ချင်းပင် ပေါ်ထွက်လာခဲ့သည်။

ထို့အပြင် တပည့်အနည်းငယ်မှာမူ လေဟာနယ်ထဲကနေ အောက်ခြေမဲ့စွာဖြင့် အော်ဟစ်အော်မြည်ရင်း အောက်ဘက်သို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့ကြရတော့သည်။

အကြီးအကဲ ရှီ နှင့် အခြားသော အကြီးအကဲများမှာမူ ထိုမြင်ကွင်းကို အေးစက်စက် အကြည့်များဖြင့်သာ စိုက်ကြည့်နေခဲ့ကြပြီး သူတို့ကို ကယ်ဆယ်ပေးရန်အတွက် မည်သည့် ရည်ရွယ်ချက်မျှ ရှိမနေခဲ့ကြချေ။

ထိုတပည့်များမှာမူ မိမိတို့၏ ခန္ဓာကိုယ်အတွင်းက ယွမ်ချီ စွမ်းအင်များကို အသည်းအသန် အစွမ်းကုန် ထုတ်ဖော်အသုံးပြုလိုက်ကြပြီးမှသာ နောက်ဆုံးတွင်မူ မိမိတို့၏ ခန္ဓာကိုယ်များကို ဟန်ချက်ညီအောင် ပြန်လည်၍ ထိန်းသိမ်းနိုင်စွမ်း ရှိခဲ့ကြတော့သည်။

သူတို့အားလုံး ဖြည်းညင်းစွာဖြင့် အထက်သို့ ပြန်လည်၍ ပျံသန်းလာခဲ့ကြသော်လည်း ဖြူလျော်နေခဲ့ကြသော သူတို့၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် သူတို့အားလုံး စောစောက အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရမှန်း ကောင်းကောင်းကြီး သိသာထင်ရှားလှပေသည်။

သူတို့အားလုံးသည် လက်ရှိအချိန်တွင် ကောင်းကင်ယံ၏ အထက် ပေပေါင်း တစ်သိန်းကျော်ခန့် မြင့်မားလှသော နေရာ၌ ရှိနေခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ သာ သူတို့တွေ အောက်ခြေသို့ တကယ်တမ်း ပြုတ်ကျသွားခဲ့မယ်ဆိုလျှင် အခြားသော သာမန် စကြဝဠာကြီးများအတွင်း၌ ဘာမှ ပြဿနာမရှိနိုင်ဟု ဆိုနိုင်သော်လည်း ယခု အစဦး ကောင်းကင်ဘုံအတွင်း၌မူ အောက်သို့ ပြုတ်ကျခြင်းဟူသည်မှာ သေဆုံးသွားနိုင်ချေ အလွန်ပင် မြင့်မားလှသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

ကျင့်ကြံသူများ ဖြစ်ကြသည့်အားလျော်စွာ သူတို့အားလုံးသည် လေထဲတွင် ပျံသန်းသွားလာနိုင်ခြင်း အတတ်ပညာနှင့် ပတ်သက်၍ အပြည့်အဝ ရုန်းကန်ကျင့်သားရနေခဲ့ကြပြီ ဖြစ်သည်။ သူတို့တွင် ရှိနေခဲ့သော ယွမ်ချီ စွမ်းအင်များမှာ အလွန်ပင် ဝေးကွာလှသော အကွာအဝေးများအထိ ရေရှည်ပျံသန်းသွားလာနိုင်ရန်အတွက် မလုံလောက်သေးဘူး ဆိုဦးတော့ လေဟာနယ်အတွင်း၌ ခေတ္တခဏမျှ ရပ်တန့်နေနိုင်ရန်အတွက်မူ လက်ဖျစ်တစ်ချက်တီးရသလိုပင် အလွန်ပဲ လွယ်ကူလှပေသည်။

၎င်းက သူတို့အတွက် မွေးရာပါ ဗီဇအသိစိတ်တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့ရမည် မဟုတ်ပါလား။

သို့သော်လည်း စောစောက အခိုက်အတန့်တွင်မူ သူတို့အားလုံးသည် လေထဲတွင် ပျံသန်းခြင်းဆိုင်ရာ ခံစားချက်ကို အစကနေ ပြန်လည်၍ အသည်းအသန် သင်ယူခဲ့ကြရသလိုမျိုး ဖြစ်သွားခဲ့ရသည်။

"ဒီနေရာက သွင်ပြင်ပုံသဏ္ဌာန် အပြည့်အဝ ပေါ်ထွက်မလာသေးတဲ့ မပြည့်စုံသေးတဲ့ ကမ္ဘာမြေကြီး ဖြစ်တဲ့ အစဦး ကောင်းကင်ဘုံပဲ ဖြစ်တယ်။ ဒီနေရာမှာ ရှိနေတဲ့ နိယာမတရားတွေက မဟာကောင်းကင်ဘုံ ၁၂ ဘုံရဲ့ နိယာမတရားတွေနဲ့ လုံးဝ ကွဲပြားခြားနားလှပါတယ်။

အရာအားလုံးက အလွန်ပဲ ပရမ်းပတာ ဖြစ်ပျက်နေခဲ့တာ ဖြစ်တယ်။ လော့နတ်ဘုရား နန်းဆောင် တည်ရှိနေတဲ့ ဤမဟာကုန်းမြေကြီးရဲ့ ဘေးပတ်ပတ်လည်က သဘာဝတရားဆိုင်ရာ နိယာမတရားတွေကိုတော့ အတော်အသင့် တည်ငြိမ်တယ်လို့ သတ်မှတ်နိုင်လိမ့်မယ် ဆိုပေမယ့် မင်းတို့တွေ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ မတူညီလှတဲ့ နိယာမတရားတွေကို မဖြစ်မနေ ရင်ဆိုင်ကြရမည့် သီးခြားနေရာအချို့လည်း ရှိနေခဲ့ပါသေးတယ်။

ထိုနေရာတွေမှာဆိုရင်တော့ မင်းတို့တွေ ဒီအတိုင်း မတ်တပ်ရပ်နေခဲ့ရင်တောင်မှ မင်းတို့ ခန္ဓာကိုယ်အတွင်းက စွမ်းအင်တွေက ထိုပရမ်းပတာ ဖြစ်နေခဲ့တဲ့ နိယာမတရားတွေရဲ့ လှုံ့ဆော်မှုကြောင့် အလွယ်တကူ ပေါက်ကွဲထွက်သွားနိုင်စွမ်း ရှိတယ်။ အဲဒီလို နေရာမျိုးမှာဆိုရင်တော့ လေထဲမှာ ပျံသန်းဖို့ နေနေသာသာ ကိုယ့်အသက်ကိုတောင် အနိုင်နိုင် ထိန်းသိမ်းကြရမှာ ဖြစ်တယ်။"

ဤအခိုက်အတန့်တွင်ပဲ အလွန်ပင် ရှည်လျားလှသော မုတ်ဆိတ်မွေးကြီး ရှိသည့် အခြားသော အကြီးအကဲတစ်ဦးက ဖြည်းညင်းစွာဖြင့် စကားပြောဆိုလိုက်သည်။

"ဒါပေမဲ့ ဒီလို အခြေအနေမျိုး ရှိနေခဲ့လို့ပဲ အစဦး ကောင်းကင်ဘုံက ကျင့်စဉ်စမ်းသပ်မှုတွေ ပြုလုပ်ဖို့အတွက် အလွန် ကောင်းမွန်တဲ့ နေရာထူးနေရာမြတ်ကြီးတစ်ခု ဖြစ်လာခဲ့ရတာ ဖြစ်တယ်။ ဒီနေရာမှာဆိုရင် မင်းတို့အားလုံးက စကြဝဠာကြီး စတင်မွေးဖွားပေါ်ထွက်လာခဲ့စ အစဦး ကာလတုန်းက ရှိခဲ့ဖူးတဲ့ သဘာဝတရားဆိုင်ရာ ကနဦး နိယာမတရားတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိနိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

၎င်းတို့က ပြည့်စုံလှတဲ့ သွင်ပြင်ပြောင်းလဲခြင်း အဆင့်အတန်းတွေကို ဖြတ်သန်းသွားခဲ့ရခြင်း မရှိသေးဘဲ မိမိတို့ရဲ့ အစဦးဆုံး ရှေးအကျဆုံး အခြေအနေတွေကို အပြည့်အဝ ထိန်းသိမ်းထားရှိနေခဲ့ကြဆဲ ဖြစ်တယ်။ သူတို့မှာ စည်းစနစ်ကျနလှတဲ့ လမ်းကြောင်းဆိုင်ရာ စနစ်မျိုး ဘာတစ်ခုမှ ရှိမနေခဲ့ကြဘူး။"

"မဟာကောင်းကင်ဘုံ ၁၂ ဘုံလိုမျိုး သွင်ပြင်ပုံသဏ္ဌာန် အပြည့်အဝ ပေါ်ထွက်လာခဲ့ပြီးသား ဖြစ်တဲ့ ကမ္ဘာမြေကြီးတွေအတွင်းမှာဆိုရင်တော့ နိယာမတရားတစ်ခုခုကို နားလည်သဘောပေါက်နိုင်ဖို့အတွက် ၎င်းတို့ရဲ့ လည်ပတ်လှုပ်ရှားမှု လမ်းကြောင်းတွေထဲကနေ နိယာမတရားရဲ့ အနှစ်သာရကို မဖြစ်မနေ အပင်ပန်းခံပြီး ထုတ်ယူကြရတာ ဖြစ်တယ်။

ဒါပေမဲ့ ဒီနေရာမှာတော့ အဲဒီလိုမျိုး ပြုလုပ်ဖို့ ဘာမှ မလိုအပ်ပါဘူး။ အကယ်၍ သာ မင်းတို့တွေအနေနဲ့ အခွင့်အရေးကောင်းကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပြီးတော့ နိယာမတရားတစ်ခုခုကို အောင်မြင်စွာ နားလည်သဘောပေါက်နိုင်ခဲ့မယ်ဆိုရင် မင်းတို့အားလုံးက လူသားတွေကြားထဲမှာ နဂါးတစ်ကောင် သို့မဟုတ် ဖီးနစ်ငှက်တစ်ကောင်အလား အစစ်အမှန် စွမ်းရည်ထက်မြက်တဲ့ ပုဂ္ဂိုလ်ထူး ဖြစ်လာကြမှာ သေချာလှပါတယ်။"

ထိုမုတ်ဆိတ်မွေးနှင့် အကြီးအကဲမှာမူ အကြီးအကဲ ရှီနှင့် ယှဉ်လိုက်မည်ဆိုလျှင် သိသိသာသာပင် ပိုမို၍ စိတ်ရှည်သည်းခံတတ်ပုံရပေသည်။ သို့သော်လည်း သူက တပည့်များကို လှမ်း၍ ကြည့်လိုက်သော အကြည့်များမှာမူ အလွန်ပင် သာမန်ဆန်လှပြီး စိတ်ဝင်စားမှု ကင်းမဲ့နေခဲ့သည်။

နိယာမတရားတစ်ခုကို အောင်မြင်စွာ နားလည်သဘောပေါက်ရန်အတွက် ဘယ်လိုလုပ်ပြီးတော့ အလွယ်တကူ ဖြစ်နိုင်ပါ့မည်နည်း။ အစဦး ကောင်းကင်ဘုံအတွင်း၌ ရှိနေခဲ့လျှင်တောင်မှ နိယာမတရားများထံကနေ အသိဉာဏ်အလင်းပွင့်ရန် ကြိုးစားခြင်းမှာ အလွန်ပင် ခက်ခဲလွန်းလှဆဲ ဖြစ်ပေသည်။

၎င်းက အောက်ကမ္ဘာမြေကြီး များအတွင်း၌ ရှိနေခဲ့ကြသော သာမန်လူသားများနှင့် အလားသဏ္ဌာန် တူပေသည်။ သူတို့အားလုံးသည် အလွန်ပင် သေးငယ်လွန်းလှသော ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးများထက်တွင် ရှင်သန်နေထိုင်နေကြရခြင်း ဖြစ်သည်။

အကယ်၍ သာ သူတို့အနေဖြင့် သေးငယ်လှသော နိယာမတရားတစ်ခုခုကို နားလည်သဘောပေါက်သွားခဲ့ပြီး ထိုနိယာမတရားကို အသုံးချရင်း မိမိတို့၏ ဂြိုဟ်အပြင်ဘက်သို့ အောင်မြင်စွာ ပျံသန်းထွက်ခွာနိုင်ခဲ့ကြမယ်ဆိုဦးတော့ တစ်ခုလုံးသော စကြဝဠာကြီးနှင့် ယှဉ်လိုက်မည်ဆိုလျှင်မူ သူတို့အားလုံးမှာ ပုရွက်ဆိတ်တစ်ကောင်ထက် ဘာမှ ပိုမို၍ ထူးခြားခြားနားခြင်း မရှိကြသေးချေ။

ပုရွက်ဆိတ်တစ်ကောင်အနေဖြင့် တစ်ခုလုံးသော ကမ္ဘာကြီး၏ ကျယ်ပြောလှပုံကို အပြည့်အဝ နားလည်သဘောပေါက်ရန် ကြိုးစားခြင်းမှာ အလွန်ပင် ခက်ခဲလွန်းလှသည့် ကိစ္စရပ်တစ်ခု မဟုတ်ပါလား။

ထိုမုတ်ဆိတ်မွေးနှင့် အကြီးအကဲမှာ အလွန်ပင် ကြာမြင့်လှသော အချိန်ကာလတစ်ခုအထိ စကားမပြောဘဲ နေခဲ့ရသလိုမျိုး ရှိပေရာ သူ ပြောစရာ ရှိသည်များကို ပြောဆိုပြီးသွားခဲ့ပြီးနောက်တွင်မူ ချက်ချင်းပင် ပြန်လည်၍ နှုတ်ဆိတ်သွားခဲ့ရတော့သည်။

သူတို့အားလုံးသည် လော့နတ်ဘုရား နန်းဆောင်အတွင်း၌ ရှင်သန်နေထိုင်ရန်အတွက် မိမိတို့ကိုယ်တိုင် စေတနာအလျောက် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ လော့နတ်ဘုရား နန်းဆောင်ကို ဘေးအန္တရာယ်များရန်ကနေ ကာကွယ်စောင့်ရှောက်ပေးရန် အပြင် သူတို့အားလုံးသည် ဤနေရာ၌ပဲ သီးခြားခွဲထွက်၍ တံခါးပိတ်ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နေခဲ့ကြခြင်း ဖြစ်သည်။

ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ အတွင်း၌ ကျန်ရစ်နေခဲ့ကြဆဲ ဖြစ်သော တပည့်များမှာမူ စိတ်ထဲကနေ အလွန်ပင် တုန်လှုပ်ချောက်ချားသွားခဲ့ကြရတော့သည်။ အစဦး ကောင်းကင်ဘုံအတွင်း၌ ဒီအတိုင်း ရိုးရိုးရှင်းရှင်း လှုပ်ရှားသွားလာနိုင်ရန်အတွက်ပင် ဤမျှလောက်အထိ ခက်ခဲလိမ့်မည်ဟု သူတို့ ဘယ်လိုမှ မျှော်လင့်မထားခဲ့မိကြချေ။

ထို့အပြင် သူတို့အားလုံးသည် နိယာမတရားများထံကနေ အသိဉာဏ်အလင်းပွင့်နိုင်ရန်အတွက် ကြိုးစားကြရဦးမည် ဖြစ်သည့်အပြင် အသက်လုတိုက်ပွဲများကိုလည်း မဖြစ်မနေ ဆင်နွှဲကြရဦးမည် ဖြစ်ပေရာမိမိတို့၏ ရှေ့တွင် ရှိနေခဲ့ကြသော လူများ၏ အမှားအယွင်းများထံကနေ ကောင်းကောင်းကြီး သင်ခန်းစာ ရရှိသွားခဲ့ကြပြီ ဖြစ်သည့်အားလျော်စွာ ကျန်ရှိနေခဲ့ကြသော တပည့်များအားလုံးမှာမူ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ ပျံသန်းထွက်ခွာလာခဲ့ကြသည့် အခါတွင် အလွန်ပင် ဂရုတစိုက်ဖြင့် သတိထားလှုပ်ရှားလိုက်ကြတော့သည်။

တပည့်အမြောက်အမြားမှာမူ မိမိတို့ကိုယ်မိမိတို့ နိုးကြားတက်ကြွအောင် ပြုလုပ်လိုက်ကြရင်း အစွမ်းကုန် ကြိုးစားအားထုတ်လိုက်ကြသော်လည်း သင်္ဘောကြီး၏ ပြင်ပသို့ ပျံသန်းထွက်ခွာလာခဲ့ပြီးနောက်တွင်မူ မိမိတို့၏ ခြေကုပ်ကို ကောင်းကောင်းကြီး ရှာဖွေနိုင်ခြင်း မရှိကြသေးချေ။

သူတို့အားလုံးသည် မိမိတို့၏ ဘေးပတ်ပတ်လည်က ပတ်ဝန်းကျင် အခြေအနေများနှင့် ပတ်သက်၍ အနည်းငယ်မျှ ရုန်းကန်ကျင့်သားရအောင် ပြုလုပ်ပြီးသွားခဲ့ကြပြီးနောက်တွင်ပင် လေထဲတွင် လွတ်လပ်စွာဖြင့် မတ်မတ်ရပ်နေနိုင်စွမ်း မရှိကြသေးချေ။

သို့သော်လည်း ထိုလူများထဲတွင် ပတ်ဝန်းကျင် အခြေအနေအသစ်နှင့် ပတ်သက်၍ အလွန်ပင် လျင်မြန်စွာဖြင့် ရုန်းကန်ညှိနှိုင်းနိုင်စွမ်း ရှိခဲ့ကြသော လူတစ်စုလည်း ရှိနေခဲ့ပါသေးသည်။ အစပိုင်းတွင် အနည်းငယ်မျှ ယိမ်းထိုးသွားခဲ့ကြပြီးနောက် သူတို့အားလုံးသည် လေထဲတွင် ဟန်ချက်ညီညီဖြင့် မတ်မတ်ရပ်နေနိုင်စွမ်း ရှိခဲ့ကြပြီ ဖြစ်ပြီး အောက်သို့ ပြုတ်ကျသွားနိုင်မည့် မည်သည့် အရိပ်အယောင်မျိုးမျှ ဘာတစ်ခုမှ ရှိမနေခဲ့ကြချေ။

ချက်ချင်းပင် မိမိတို့၏ ခြေကုပ်ကို ကောင်းကောင်းကြီး ရှာဖွေနိုင်ခြင်း မရှိကြသေးသော အခြားသော တပည့်များမှာမူ မိမိတို့၏ မျက်နှာများမှာ အလွန်ပင် ပူထူသွားခဲ့ရသလိုမျိုး ခံစားလိုက်ကြရတော့သည်။

ဤကဲ့သို့သော ကျင့်စဉ်စမ်းသပ်မှုကြီး၏ အစဦးဆုံး နေရာသို့ ရောက်ရှိလာခဲ့ရုံတင် ရှိသေးသော်လည်း အခြားသော တပည့်များနှင့် ယှဉ်လိုက်သည့် အခါတွင် မိမိတို့က ချက်ချင်းပင် သိသိသာသာ နိမ့်ပါးလွန်းလှသည်ဟူသော အချက်ကို လက်ခံလိုက်ရခြင်းမှာ တကယ့်ကိုပဲ အလွန်ပင် ကြီးမားလှသော စိတ်ဓာတ်ကျစရာ ကိစ္စရပ်တစ်ခု မဟုတ်ပါလား။

သို့သော်လည်း ထိုတပည့်များက မည်မျှလောက်ပင် ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်ခဲ့ကြသည် ဖြစ်စေ လော့နတ်ဘုရား နန်းဆောင်ကို စောင့်ကြပ်နေခဲ့ကြသော အကြီးအကဲ နှစ်ဦးမှာမူ မိမိတို့၏ မျက်တောင်များကိုသာ အသာအယာ ချထားခဲ့ကြပြီး သူတို့ကို ဘာတစ်ခုမျှ အထူးတလည် အာရုံစိုက်ခြင်း မရှိခဲ့ကြချေ။

"ဒါက စီနီယာအစ်ကို လော့မို ပဲ ဖြစ်ရမယ်။"

လူအုပ်ကြီး၏ ကြားထဲကနေ တစ်စုံတစ်ဦးက ရုတ်တရက်ဆိုသလို လှမ်း၍ အော်ဟစ်ပြောဆိုလိုက်သည်။

လော့ဧကရာဇ်မင်းမြတ်၏ တော်ဝင်ဂုဏ်ပြုစားပွဲကြီးတုန်းက ယီယွင်နှင့်အတူ ပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့ဖူးသော လော့မိုသည်လည်း ဤနေရာသို့ တရားဝင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လော့မိုသည် လက်ရှိအချိန်တွင်လည်း သူ၏ ကိုယ်ပိုင် အဖြူအမည်း ရောယှက်နေခဲ့သော ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားရှိဆဲ ဖြစ်သည်။ သူသည် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ တိတ်ဆိတ်စွာဖြင့် လှမ်း၍ ထွက်ခွာလာခဲ့သည်။

လော့ဧကရာဇ်မင်းမြတ်၏ တော်ဝင်ဂုဏ်ပြုစားပွဲကြီးတုန်းက ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ပိုင်းတွင် ယီယွင်၏ လက်ချက်ဖြင့် အရေးနိမ့်သွားခဲ့ရပြီးကတည်းက သူ၏ သွင်ပြင်တစ်ခုလုံးမှာ ပိုမို၍ တည်ငြိမ်ရင့်ကျက်လာခဲ့ပုံရပေသည်။

သူက ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ ခြေတစ်လှမ်း လှမ်းလိုက်သည့် အခိုက်အတန့်တွင်ပင် သူ၏ ဝတ်စုံရှည်ကြီးမှာ လေပြင်းများ၏ တိုက်ခတ်ခြင်းကို ခံလိုက်ရသည့်အလား အထက်သို့ အသာအယာ လွင့်ပျံသွားခဲ့ရတော့သည်။ ၎င်းနှင့်အတူ သူသည် လေဟာနယ်အတွင်း၌ တည်ငြိမ်စွာဖြင့်ပင် ပေါလောပေါ်မျောနေနိုင်စွမ်း ရှိခဲ့ပြီ ဖြစ်ပေရာ သာမန် ပုံမှန်အတိုင်း ပျံသန်းသွားလာနေခြင်းနှင့် ဘာမှ ထူးခြားခြားနားခြင်း မရှိလှချေ။

"ဟား "

လူအများမှာ စိတ်ထဲကနေ အနည်းငယ်မျှ ချီးကျူးအံ့သြရသည့် ခံစားချက်မျိုးဖြင့် ရေရွတ်လိုက်မိကြတော့သည်။ တကယ့်ကိုပဲ လော့မိုကဲ့သို့သော ပါရမီရှင်တစ်ဦး၏ အဆင့်အတန်းက သာမန်လူများနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။

လော့မို၏ နောက်ကွယ်တွင်မူ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားရှိသော လူငယ်တစ်ဦး ရှိနေခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ် ပေါ်ထွက်လာခဲ့သည့် အခိုက်အတန့်တွင်မူ သူသည် ချက်ချင်းပင် လူအမြောက်အမြား၏ အာရုံစိုက်ခြင်းကို အပြည့်အဝ ဆွဲဆောင်နိုင်ခဲ့တော့သည်။

ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်က အခြားသော လူများ၏ အာရုံစိုက်ခြင်းကို ဆွဲဆောင်နိုင်ခဲ့ခြင်းမှာ သူ၏ ကိုယ်ပိုင် အဆင့်အတန်း သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ဟူသော အချက်ကြောင့် မဟုတ်ချေ။ အမှန်တကယ်တော့ ဤနေရာတွင် ရှိနေခဲ့ကြသော လူအမြောက်အမြားမှာ ထိုလူငယ်ကို ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိခဲ့ကြချေ။

ထိုလူငယ်တွင် အလွန်ပင် နက်မှောင်ပြီး လင်းလက်တောက်ပလှသော မျက်ဝန်းတစ်စုံ ရှိနေခဲ့သည်။ သူ၏ သွင်ပြင်တစ်ခုလုံးမှာ အလွန်ပင် သပ်ရပ်သန့်ရှင်းလှပြီး သူ၏ ကျောကုန်းထက်တွင်မူ ဓားတစ်စင်းကို လွယ်ပိုးထားရှိသည်။ သူတွင် အနက်ရောင် ရှိသော ဆံပင်တိုလေးများ ရှိနေခဲ့သော်လည်း သူ၏ မျက်နှာအမူအရာမှာမူ အနည်းငယ်မျှ ဖြူလျော်နေခဲ့ရသည်။

သူ၏ ကျောကုန်းထက်က ဓားမှာမူ မည်သည့် သားရဲတိရစ္ဆာန်၏ အရိုးဖြင့် ပြုလုပ်တည်ဆောက်ထားမှန်း မသိရသော အရိုးဓား တစ်စင်း ဖြစ်သည်။ ၎င်းက ကျောက်စိမ်းကဲ့သို့ပင် ဖြူဖွေးဝင်းပနေခဲ့ပြီး မည်သည့် ထက်မြက်လှသော အရောင်အဝါမျိုးမျှ ဘာတစ်ခုမျှ ထွက်ပေါ်နေခြင်း မရှိချေ။ ထို့ပြင် ၎င်းက အခြားသော လူများကို အလွန်ပင် နွေးထွေးလှသော ခံစားချက်မျိုးကိုသာ ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အံ့သြစရာအကောင်းဆုံးသော ကိစ္စရပ်မှာမူ ထိုဓားရိုး၏ ဘေးနားတင် ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်၏ ပခုံးထက်တွင်မူ အလွန်ပင် သေးငယ်လွန်းလှသော ငှက်ငယ်လေးတစ်ကောင် မတ်မတ်ရပ်နေခဲ့ခြင်း ဖြစ်သည်။

ထိုငှက်ငယ်လေးကြောင့်ပဲ ဤနေရာတွင် ရှိနေခဲ့ကြသော လူတိုင်း၏ အကြည့်များကို အပြည့်အဝ ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤနေရာသို့ ရောက်ရှိလာခဲ့ကြသော ကျင့်စဉ်စမ်းသပ်သူများအားလုံးမှာ ဖေးမျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ သူတို့အားလုံးသည် ဖေးမျိုးနွယ်စု၏ ကိုယ်ပိုင် သွေးမျိုးဆက်များနှင့် ပတ်သက်၍ အလွန်ပင် အာရုံခံစားနိုင်စွမ်း မြင့်မားလှသည့်အားလျော်စွာ ထိုလူငယ်၏ ပခုံးထက်က ငှက်ငယ်လေးမှာ အစွမ်းထက်လှသော ဖေးသားရဲတစ်ကောင် ဘယ်လိုမှ မဟုတ်နိုင်ဘဲ သာမန် ရိုးရိုးရှင်းရှင်း ငှက်ငယ်လေးတစ်ကောင် ဖြစ်နေခဲ့ရမည်ဟူသော အချက်ကို ကောင်းကောင်းကြီး အတိတ်ပြုနိုင်ကြပေသည်။

သာမန် ရိုးရိုးရှင်းရှင်း ငှက်ငယ်လေးတစ်ကောင်ကို လော့နတ်ဘုရား နန်းဆောင်ဆီသို့ ယူဆောင်လာခဲ့တယ် ဟုတ်လား ။

အစဦး ကောင်းကင်ဘုံအတွင်းက နိယာမတရားတွေက အလွန်ပဲ ပရမ်းပတာ ဖြစ်ပျက်နေခဲ့တာ ဖြစ်သည်။ လော့နတ်ဘုရား နန်းဆောင်၏ ဘေးပတ်ဝန်းကျင်ကလွဲ၍ အခြားသော နေရာအမြောက်အမြားတွင်မူ ထိုပရမ်းပတာ နိယာမတရားများကြောင့် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းက စွမ်းအင်များကို အလွယ်တကူ လှုံ့ဆော်ပေးနိုင်စွမ်း ရှိပေရာ ခန္ဓာကိုယ် ပေါက်ကွဲထွက်ပြီး သေဆုံးသွားနိုင်သည်အထိ ဖြစ်ပေါ်စေနိုင်စွမ်း ရှိပေသည်။

လော့နတ်ဘုရား နန်းဆောင် တည်ရှိနေခဲ့သော ဤမဟာကုန်းမြေကြီးထက်တွင် နိယာမတရားများက အနည်းငယ်မျှ ပိုမို၍ တည်ငြိမ်နေခဲ့ဦးတော့ ၎င်းက သာမန် ရိုးရိုးရှင်းရှင်း ငှက်ငယ်လေးတစ်ကောင်အနေဖြင့် အလွယ်တကူ ခံနိုင်ရည်ရှိနိုင်မည့် နေရာမျိုး ဘယ်လိုမှ မဟုတ်ချေ။

သို့သော်လည်း အလွန်ပင် ဆန်းကြယ်လှသော မြင်ကွင်းတစ်ခုကို အားလုံး မြင်တွေ့လိုက်ကြရတော့သည်။ ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်သည် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ ခြေတစ်လှမ်း လှမ်းလိုက်သည့် အခါတွင် သူသည် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေခဲ့ရသလိုမျိုးပင် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှပင် တုန်ယင်သွားခဲ့ခြင်း မရှိချေ။

သူ၏ ပခုံးထက်က ငှက်ငယ်လေးသည်ပင်လျှင် သူ၏ သေးငယ်လှသော ကောင်းကင်အောက်ခြေ ဦးခေါင်းလေးကို ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှုလိုက်ရင်း အလွန်ပင် လျင်မြန်ဖြတ်လတ်လှသော သွင်ပြင်မျိုး ရှိနေခဲ့သည်။ ၎င်းက ရံဖန်ရံခါတွင် သာယာလှသော အော်မြည်သံလေးများကိုပင် ထုတ်ဖော်၍ ကျူးရင့်နေခဲ့ပါသေးသည်။

အဲဒီလိုမျိုးတောင် လုပ်လို့ရတာလား ။

လူအမြောက်အမြားမှာ လေထဲတွင် တည်ငြိမ်စွာဖြင့် မတ်မတ်ရပ်နေနိုင်ရန်အတွက်တင် အသည်းအသန် ရုန်းကန်ကြိုးစားနေခဲ့ကြရသော်လည်း မိမိတို့၏ ရှေ့တွင် ရှိနေခဲ့သော ထိုလူငယ်မှာမူ လေထဲတွင် တည်ငြိမ်စွာ ရပ်နေနိုင်ရုံတင်မကဘဲ သာမန် ငှက်ငယ်လေးတစ်ကောင်ကိုပင် အတူတူ ယူဆောင်လာနိုင်စွမ်း ရှိခဲ့ပေသည်။

သူက ဘယ်သူလဲ

ဤကဲ့သို့သော အတွေးအခေါ်မျိုးမှာ လူအမြောက်အမြား၏ စိတ်ထဲတွင် တပြိုင်နက်တည်း ပေါ်ထွက်လာခဲ့ရတော့သည်။ လော့မိုအနေဖြင့်မူ ထိုလူငယ်ကို ကြိုတင်၍ သိရှိနားလည်ထားပုံရပေရာ သူ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူသည် ထိုလူငယ်၏ အပေါ်တွင် အတော်လေးကို ရိုသေလေးစားမှု ရှိနေခဲ့မှန်း သိသာထင်ရှားလှပေသည်။

ဤအခိုက်အတန့်တွင်ပဲ ရန်ရွဲ့ယီ နှင့် တုန်းလင်းယု တို့သည်လည်း ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ စတင်၍ ထွက်ခွာလာခဲ့ကြပြီ ဖြစ်သည်။ တော်ဝင်မြို့တော်ကြီး၏ နာမည်ကြီး သခင်လေး လေးပါးထဲက နှစ်ဦး ဖြစ်ကြသည့်အားလျော်စွာ သူတို့ နှစ်ဦးစလုံးမှာ အသက်အပိုင်းအခြားအရ နှစ်ပေါင်း တစ်ရာအောက်သာ ရှိကြသေးသော ငယ်ရွယ်လှသော မျိုးဆက်သစ် အဖွဲ့ဝင်များ ဖြစ်ကြပေရာ သူတို့အနေဖြင့် ဤလော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးကို ဘယ်လိုနည်းနှင့်မျှ လက်လွတ်ခံသွားမှာ မဟုတ်ချေ။

ရန်ရွဲ့ယီနှင့် တုန်းလင်းယုတို့ နှစ်ဦးစလုံး ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ ခြေတစ်လှမ်း စတင်လှမ်းလိုက်ကြမည့် အခိုက်အတန့်တွင်

ဝူး

လေထုကြီးတစ်ခုလုံး ပြင်းထန်စွာ ဆုတ်ဖြဲခံလိုက်ရသံနှင့်အတူ ဟင်းလင်းပြင်ကြီးတစ်ခုလုံး တုန်ခါသွားခဲ့ရတော့သည်။ သူတို့၏ ဘေးပတ်ပတ်လည်တွင် ရှိနေခဲ့ကြသော နိယာမတရားများမှာလည်း ချက်ချင်းပင် ပိုမို၍ ပရမ်းပတာ ဖြစ်ပျက်သွားခဲ့ရသည်။

မိမိတို့၏ ခြေကုပ်ကို ကောင်းကောင်းကြီး ရရှိနိုင်ရန်အတွက် အသည်းအသန် ကြိုးစားနေခဲ့ကြရသော ငယ်ရွယ်လှသော တပည့်များမှာမူ အလွန်ပင် ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည့် သေးငယ်လှသော လှေငယ်လေးများအလား ထပ်မံ၍ ဟန်ချက်ပျက်ကာ ယိမ်းထိုးသွားကြရပြန်သည်။

လူအများစုမှာ အထက်သို့ မော့၍ ကြည့်လိုက်ကြသည့် အခါတွင်မူ အလွန်ပင် ကြီးမားလှသော အဖြူရောင် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးတစ်စင်းမှာ ကောင်းကင်ယံထက်ကနေ ဖြည်းညင်းစွာဖြင့် သက်ဆင်းစိုက်ကပ်လာခဲ့ပြီး လော့မျိုးနွယ်စု၏ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ဘေးနားတွင်ပင် တရားဝင် ရပ်တန့်လိုက်သည်ကို မြင်တွေ့လိုက်ကြရတော့သည်။

"ဒါက မြေခွေးဖြူမျိုးနွယ်စုရဲ့ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီးပဲ ဖြစ်ရမယ်"

ထိုအလွန်ပင် ကြီးမားလှသော အဖြူရောင် သင်္ဘောကြီး၏ အောက်ခြေတွင်မူ သားရဲတိရစ္ဆာန်ကြီးများ၏ မျက်လုံးများနှင့် တူလှသော အလွန်ပင် ကြီးမားလှသော ပုတီးစေ့ကြီးများဖြင့် သေသပ်စွာ စီတန်းမွမ်းမံထားရှိပေရာ ထိုမြင်ကွင်းတစ်ခုလုံးက အခြားသော လူများကို အလွန်ပင် ဆန်းကြယ်နက်နဲလှသော ခံစားချက်မျိုးကို အပြည့်အဝ ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒါက မြေခွေးဖြူမင်းသမီး နဲ့ မြေခွေးဖြူမျိုးနွယ်စုရဲ့ အခြားသော တပည့်တွေပဲ ဖြစ်ရမယ်"

လော့မျိုးနွယ်စု၏ ငယ်ရွယ်လှသော ပါရမီရှင်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် လှမ်း၍ ပြောဆိုလိုက်တော့သည်။

အခန်း ၈၈၀ - အရိပ်အမြွှာညီအစ်မ

လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးတွင် လော့မျိုးနွယ်စုနှင့် မြေခွေးဖြူမျိုးနွယ်စု တို့သည် အပြန်အလှန်အားဖြင့် အလွန်ပင် များပြားလှသော ပါရမီရှင် အထူးချွန်ဆုံးသော လူငယ်များကို အပြန်အလှန် စေလွှတ်လဲလှယ်ခဲ့ကြပြီး ဖြစ်သည်။

မယ်တော်လော့ ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ပေးခဲ့သော ပါရမီရှင် အမြောက်အမြားကို မြေခွေးဖြူမျိုးနွယ်စုဆီသို့ စေလွှတ်ပေးခဲ့ရသလိုမျိုးပင်

မြေခွေးဖြူမျိုးနွယ်စုဘက်ကလည်း မြေခွေးဖြူမင်းသမီး နှင့်အတူ အလွန်ပင် အစွမ်းထက်လှသော ပါရမီရှင် လူငယ်အဖွဲ့အစည်းကြီးတစ်ခုကို မဖြစ်မနေ အင်ပြည့်အားပြည့် စေလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဤကျင့်စဉ်စမ်းသပ်မှုကြီးအတွင်း၌ ၎င်းက မယ်တော်လော့နှင့် မယ်တော် ရွှမ်ဟို့ တို့ကြားက ပြင်းထန်လှသော အားပြိုင်မှုတစ်ခုတင်မကဘဲ လော့မျိုးနွယ်စုနှင့် မြေခွေးဖြူမျိုးနွယ်စုတို့ကြားက အဓိကကျလှသော အားပြိုင်မှုကြီးတစ်ခုလည်း ဖြစ်နေခဲ့ရပြန်သည်။

ထို့အတွက်ကြောင့်ပင် ယခုကျင့်စဉ်စမ်းသပ်မှုကြီးမှာ အလွန်ပင် ပြင်းထန်လှသော အားပြိုင်မှုများနှင့် ပြည့်နှက်နေတော့မည် ဖြစ်ကြောင်း မြင်သာထင်ရှားလှပေသည်။

ဤအခိုက်အတန့်တွင်ပဲ အဖြူရောင် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ တံခါးဝ ပွင့်ဟသွားခဲ့ရပြီးနောက် အလင်းတန်းတစ်ခု ချက်ချင်းပင် လင်းလက်ထွက်ပေါ်လာခဲ့ရတော့သည်။ ထိုသင်္ဘောကြီး၏ အတွင်းပိုင်းကနေ အလွန်ပင် ခမ်းနားထည်ဝါလှသော ဝတ်စုံများကို ဝတ်ဆင်ထားရှိကြသည့် မြေခွေးဖြူမျိုးနွယ်စု၏ တပည့်အုပ်စုကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

အမျိုးသား တပည့်များမှာ စုစုပေါင်း ပမာဏ၏ ၂၀ ရာခိုင်နှုန်းထက် မပိုဘဲ ကျန်ရှိနေခဲ့ကြသော လူများအားလုံးမှာမူ အမျိုးသမီး တပည့်များသာ ဖြစ်ကြပေရာ

ဒီအတိုင်း လှမ်း၍ ကြည့်လိုက်ရုံတင်ရှိသေးသော်လည်း မြေခွေးဖြူမျိုးနွယ်စု၏ အလွန်ပင် ချောမောလှပလွန်းလှသော မိန်းမလှလေးပေါင်း ဆယ်ဂဏန်းခန့်ကို တပြိုင်နက်တည်း မြင်တွေ့လိုက်ကြရတော့သည်။

သူတို့ထဲက မည်သူမဆို တိုင်းပြည်တစ်ခုလုံးကိုပင် အလွယ်တကူ မှောက်လှန်ပစ်နိုင်လောက်မည့် ကိုယ်ပိုင်အလှတရားများကို အပြည့်အဝ ပိုင်ဆိုင်ထားရှိကြသူများ ဖြစ်ပေသည်။

မြေခွေးဖြူမျိုးနွယ်စု၏ ကနဦး မျိုးနွယ်စု ဘိုးဘေးကြီးမှာမူ အလွန်ပင် အစွမ်းထက်လှသော ရှေးဟောင်းဖေးသားရဲကြီးတစ်ကောင် ဖြစ်သည့် ကိုးမြီးမြေခွေးဖြူ ကြီးပင် ဖြစ်သည်။ လူသားအသွင် သဏ္ဌာန်သို့ ပြောင်းလဲထားရှိကြသော မြေခွေးဖြူမျိုးနွယ်စုဝင် အမျိုးသမီးများမှာ အခြားသော လူများကို အလွန်ပင် ဆွဲဆောင်နိုင်လောက်မည့် ထူးခြားဆန်းကြယ်လှသော ကိုယ်ပိုင်ညှို့ဓာတ်များကို ပိုင်ဆိုင်ထားရှိကြပေရာ သူတို့အားလုံးကို ဤကမ္ဘာမြေကြီးပေါ်တွင် အပြည့်စုံဆုံးသော သက်ရှိများထဲက တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

သို့သော်လည်း ယခုအချိန်တွင်မူ ဤနေရာသို့ ရောက်ရှိလာခဲ့ကြသော အမျိုးသမီး တပည့်များမှာ မြေခွေးဖြူမျိုးနွယ်စု၏ မျိုးဆက်သစ် လူငယ်များထဲကမှ သွေးမျိုးဆက် အသန့်စင်ဆုံး အရှိဆုံးသော အထူးချွန်ဆုံး ပါရမီရှင် မိန်းကလေးများသာ ဖြစ်ကြပေသည်။

သူတို့၏ သွင်ပြင်၊ အမူအရာနှင့် ခန္ဓာကိုယ် ကောက်ကြောင်းများမှာ မည်သည့် အပြစ်ပြောစရာမျှ မရှိလောက်အောင်အထိ ပြီးပြည့်စုံလွန်းလှပေသည်။ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာခဲ့ကြသော ထိုမိန်းမလှလေးများ၏ အုပ်စုကြီးမှာ မတူညီလှသော ကိုယ်ပိုင်ဆွဲဆောင်မှုများကို အပြည့်အဝ ဖော်ထုတ်ပြသနေခဲ့ကြသည်။

အချို့သော မိန်းကလေးများတွင် အလွန်ပင် မို့မောက်ထွားကျိုင်းလှသော ရင်အစုံနှင့် သေးကျင်လှသော ခါးကောက်ကြောင်းလေးများ ရှိနေခဲ့ကြသလို အချို့မှာမူ ရှည်လျားပြီး ဖြူဖွေးဝင်းပလှသော ခြေတံလှလှလေးများကို ပိုင်ဆိုင်ထားရှိကြသည်။ အချို့မှာမူ အရပ်အမောင်း သိပ်မမြင့်မားလှသော်လည်း အလွန်ပင် ချစ်စရာကောင်းပြီး သေးသွယ်လှပလှပေသည်။

အချို့သော မိန်းကလေးများ၏ အမူအရာမှာမူ ကျောက်စိမ်းကဲ့သို့ပင် အေးစက်စက် ရှိနေခဲ့ကြပြီး မြင့်မားလှသော နှင်းကြာပန်းလေးများအလား ထည်ဝါနေခဲ့ကြသလို အချို့မှာမူ တကယ့်ကိုပဲ တိုင်းပြည်တစ်ခုလုံးကို မိမိတို့၏ ခြေဖဝါးအောက်တွင် ဒူးထောက်ကျသွားစေနိုင်လောက်မည့် ပြင်းထန်လှသော ညှို့ဓာတ်များကို အပြည့်အဝ ပိုင်ဆိုင်ထားရှိကြသည်။

သူတို့ထဲက အများစုမှာ အလွန်ပင် သိမ်မွေ့လှသော ပိုးသားဝတ်စုံများကို ဝတ်ဆင်ထားရှိကြပြီး သူတို့အားလုံး တပြိုင်နက်တည်း မတ်မတ်ရပ်နေခဲ့ကြသော မြင်ကွင်းကြီးမှာ အခြားသော လူများကို အလွန်ပင် အံ့အားသင့်သွားစေလောက်မည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

လော့မျိုးနွယ်စု၏ ငယ်ရွယ်လှသော ပါရမီရှင် အမျိုးသားများထဲတွင်မူ လူတိုင်းက လော့မိုလိုမျိုး မိန်းကလေးများ၏ တခဲနက် ဝိုင်းဝန်းဝန်းရံခြင်းကို ခံရသည့် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းခံရသော ပါရမီရှင် သားကောင်းကြီးများ ဘယ်လိုမှ မဟုတ်ကြချေ။

သူတို့ထဲတွင် အတော်လေးကို သာမန်ဆန်လှသော အမျိုးသား တပည့်အချို့လည်း ရှိနေခဲ့ကြသေးသည်။ ရုတ်တရက်ဆိုသလို မတူညီလှသော ကိုယ်ပိုင်ဟန်ပန်များ ရှိနေကြသည့် ထိုကဲ့သို့သော မိန်းမလှလေးများ၏ အုပ်စုကြီးကို တပြိုင်နက်တည်း မြင်တွေ့လိုက်ကြရသည့် အခါတွင် ပါးလွှာလှသော ပိုးသားဝတ်စုံများ၏ ကြားကနေ ထိုမိန်းမလှလေးများ၏ ဖြူဖွေးဝင်းပလှသော ခြေတံများနှင့် လက်မောင်းလေးများကို မရေမရာ မြင်တွေ့လိုက်ကြရခြင်းကြောင့် သူတို့အားလုံးမှာ ခေတ္တခဏမျှ ရင်သပ်ရှုမောပြီး ငေးမောသွားခဲ့ကြရတော့သည်။

လော့မျိုးနွယ်စုဝင် အမျိုးသား တပည့်များက မိမိတို့၏ ခန္ဓာကိုယ်များကို ကြည့်ရင်း ကြောင်တောင်တောင်ဖြင့် ငေးမောနေခဲ့ကြသည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ မြေခွေးဖြူမျိုးနွယ်စုဝင် မိန်းကလေးများ၏ ကြားထဲတွင် အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ရပြီးနောက် သူတို့အားလုံးက တေးဆိုငှက်လေးများအလား အလွန်ပင် သာယာနာပျော်ဖွယ်ကောင်းလှသော အသံလေးများဖြင့် တခိခိ ရယ်မောလိုက်ကြတော့သည်။

မြေခွေးဖြူမျိုးနွယ်စုက တကယ့်ကိုပဲ အခြားသော လူတွေကို ဆွဲဆောင်နိုင်စွမ်း မြင့်မားလှတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်တယ်ဆိုတဲ့ နာမည်ကျော်ကြားမှုနဲ့ ထိုက်တန်လှပေတယ်။

ဒီမိန်းကလေးတွေအားလုံးက တစ်စုံတစ်ဦးကို ဆွဲဆောင်ညှို့ယူနိုင်မည့် ကိုယ်ပိုင်မျက်လှည့်ဆန်လှတဲ့ အတတ်ပညာရပ်ပိုင်းဆိုင်ရာ ကျင့်စဉ်တွေကို သီးခြားစီ ကျင့်ကြံထားရှိကြတာ ဖြစ်ရမယ်။ သူတို့ရဲ့ ကိုယ်ပိုင် အရှိန်အဝါ အငွေ့အသက်တွေက သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ အပြည့်အဝ ပေါင်းစပ်ပါဝင်နေတာပဲ။ သူတို့တွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ညှို့ဓာတ်တွေကို တကူးတက ထုတ်ဖော်အသုံးမပြုခဲ့ရင်တောင်မှ အခြားသော လူတွေရဲ့ စိတ်အာရုံကို အလွယ်တကူ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိနေဆဲပဲ။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင် ယီယွင်က စိတ်ထဲကနေ ကောက်ချက်ချလိုက်သည်။ မြေခွေးဖြူမျိုးနွယ်စုဝင် မိန်းကလေးများ၏ ထူးခြားလှသော သွင်ပြင်များကို အသာအယာ ဘေးဖယ်ထားဦးတော့ သူတို့၏ သာမန် တုံ့ပြန်မှုလေးများကတင် အမျိုးသားတစ်ဦး၏ ပြင်းထန်လှသော စိုးမိုးလိုစိတ်ဆိုင်ရာ အလိုဆန္ဒများကို အလွယ်တကူ လှုံ့ဆော်ပေးနိုင်စွမ်း ရှိပေသည်။

နှုတ်ခမ်းမွေးရှည်ကြီး ရှိနေခဲ့သော လော့နတ်ဘုရား နန်းဆောင်၏ အကြီးအကဲဖြစ်သူမှာမူ စိတ်ထဲကနေ အနည်းငယ်မျှ မျက်မှောင်ကြုတ်လိုက်မိတော့သည်။ လော့ဧကရာဇ်မင်းမြတ်က သူ့ကို ယခု လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးကို အဓိက ဦးဆောင်ရန်အတွက် တရားဝင် တာဝန်ပေးအပ်ထားရှိခြင်း ဖြစ်သည်။ လော့မျိုးနွယ်စု၏ ပါရမီရှင် အမြောက်အမြားကို မြေခွေးဖြူမျိုးနွယ်စုဆီသို့ စေလွှတ်ပေးခဲ့ရသည် ဆိုဦးတော့ သူက လော့မျိုးနွယ်စုကို ဤနေရာ၌ အရှက်ကွဲခွင့် ဘယ်လိုမှ ပေးနိုင်မှာ မဟုတ်ချေ။

သူက ငေးမောနေခဲ့ကြသော လော့မျိုးနွယ်စုဝင် လူငယ်များ၏ စိတ်အာရုံကို နှာခေါင်းရှုံ့သံ အသာအယာ ပြုလုပ်လိုက်ရင်း ချက်ချင်းပင် ဖြတ်တောက်လိုက်တော့သည်။ ခေတ္တခဏမျှ အံ့သြတုန်လှုပ်သွားခဲ့ကြရပြီးနောက် သူတို့အားလုံးသည် မိမိတို့၏ စိတ်အာရုံများကို အသည်းအသန် ပြန်လည်၍ စုစည်းလိုက်ကြရင်း အတော်လေးကို ရှက်ရွံ့သွားခဲ့ကြရသည့် သွင်ပြင်မျိုး ရှိနေခဲ့ကြသည်။

မိမိတို့၏ စောစောက တုံ့ပြန်မှုများမှာ အလွန်ပင် အရှက်ရစရာ ကောင်းလှပြီး မိမိတို့ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ တစ်ဖက်လူ၏ လှည့်ကွက်များအတွင်းသို့ အလွယ်တကူ သက်ဆင်းသွားခဲ့ရမှန်း သူတို့အားလုံး ကောင်းကောင်းကြီး သိရှိနားလည်သွားခဲ့ကြပြီ မဟုတ်ပါလား။

ဤအခိုက်အတန့်တွင်ပဲ အဖြူရောင် ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ တံခါးဝတွင်မူ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားရှိသော မိန်းမလှလေးတစ်ဦး ပေါ်ထွက်လာခဲ့သည်။ သူမတွင် အလွန်ပင် မို့မောက်လှသော ရင်အစုံ ရှိနေခဲ့ပြီး အလွန်ပင် လျော့ရဲလှသော ဝတ်စုံကို ဝတ်ဆင်ထားရှိသည် ဖြစ်စေ ရင့်ကျက်လှသော အမျိုးသမီးတစ်ဦး၏ ကိုယ်ပိုင် ညှို့ဓာတ်များကို အပြည့်အဝ ထုတ်ဖော်ပြသနေခဲ့သော သူမ၏ လှပလှသော ခန္ဓာကိုယ် ကောက်ကြောင်းများကိုမူ ဘယ်လိုမှ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

"ဟဲဟဲ အကြီးအကဲ တွမ့်မု ရယ် ဘာဖြစ်လို့ နှာခေါင်းရှုံ့နေရတာလဲ။ ဒီအတိုင်း လှမ်းပြီးတော့ ကြည့်လိုက်ရုံတင် ရှိသေးတာကို မိန်းကလေးတွေဘက်ကလည်း ဘာမှ စိတ်ထဲမထားဘူးဆိုတော့ ဘာများ မှားယွင်းစရာ ရှိလို့လဲ။ ဒါ့အပြင် ဖေးမိစ္ဆာဂိုဏ်း ဆိုတဲ့ ဘုံရန်သူကြီး ရှိနေခဲ့တဲ့အတွက်ကြောင့် ကျွန်မတို့ မြေခွေးဖြူမျိုးနွယ်စုရဲ့ မြင့်မြတ်သောဘုရင် နဲ့ လော့ဧကရာဇ်မင်းမြတ်တို့က မဟာမိတ်အဖြစ် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရည်ရွယ်ချက် ရှိနေခဲ့ကြတာ ဖြစ်တယ်။ အနာဂတ်မှာဆိုရင် မြေခွေးဖြူမျိုးနွယ်စုက မိန်းကလေးတွေက လော့မျိုးနွယ်စုဆီကို လက်ထပ်ပြီးတော့ ဝင်ရောက်လာကြလိမ့်မယ်ဆိုတာ အလွန်ပင် သာမန်ဆန်လှတဲ့ ကိစ္စရပ်တစ်ခု ဖြစ်မလာပေဘူးလား။"

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက တခိခိ ရယ်မောလိုက်ရင်း ပြောဆိုလိုက်သည်။

သူမ၏ ဝတ်စုံအောက်က ထွားကျိုင်းလှသော သွင်ပြင်လက္ခဏာများက အခြားသော လူများကို အလွန်ပင် စိတ်ကူးယဉ်စရာ ကောင်းလှသော အတွေးအခေါ်များအတွင်းသို့ သက်ဆင်းသွားစေခဲ့ပေရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရတော့သည်။

လော့မျိုးနွယ်စု၏ အချို့သော သွေးဆူလွယ်လှသော လူငယ်များမှာမူ သူမ၏ စကားလုံးများကို ကြားလိုက်ရသည့် အခါတွင် မိမိတို့၏ စိတ်ထဲက မူလရည်ရွယ်ချက်နှင့် ပတ်သက်၍ စိတ်လှုပ်ရှားစွာဖြင့် မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ချေ။ ထိုအနီရောင်ဝတ်စုံနှင့် အမျိုးသမီး ပြောဆိုလိုက်သော စကားလုံးများမှာ တကယ့်ကိုပဲ အလွန်ပင် ဆွဲဆောင်မှု ရှိလွန်းလှပေသည်။

လော့နတ်ဘုရား နန်းဆောင်၏ ကျင့်စဉ်စမ်းသပ်မှုကြီးမှာ အလွန်ပင် ကြာမြင့်လှသော အချိန်ကာလတစ်ခုအထိ ကြာမြင့်မှာ ဖြစ်ပေရာ သူတို့အနေဖြင့် မြေခွေးဖြူမျိုးနွယ်စုဝင် မိန်းမလှလေးတစ်ဦးဦးနှင့် အောင်မြင်စွာ ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင် အလှနတ်သမီးလေးတစ်ပါးကို အပိုင်ပွေ့ပိုက်ရင်း ဤနေရာကနေ ပြန်လည် ထွက်ခွာသွားနိုင်လိမ့်မည် ဖြစ်ပေသည်။

၎င်းကို တွေးတောလိုက်မိရုံတင်ရှိသေးသော်လည်း လော့မျိုးနွယ်စုဝင် တပည့်အမြောက်အမြားမှာမူ ယခုကျင့်စဉ်စမ်းသပ်မှုကြီးအတွင်း၌ မိမိတို့၏ ကိုယ်ပိုင် အစွမ်းသတ္တိများကို အစွမ်းကုန် ထုတ်ဖော်ပြသနိုင်ရန်အတွက် ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် မိမိတို့၏ ခွန်အားများကို စုစည်းလိုက်ကြတော့သည်။

"ကဲ အောက်ကို ဆင်းခဲ့ကြစို့"

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက သူမ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

မြေခွေးဖြူမျိုးနွယ်စု၏ ပါရမီရှင် အထူးချွန်ဆုံးသော လူငယ်များမှာ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ တစ်ဦးပြီးတစ်ဦး ခြေလှမ်းလှမ်းရင်း စတင်၍ ထွက်ခွာလာခဲ့ကြတော့သည်။

လော့မျိုးနွယ်စုဝင် တပည့်များမှာမူ ချက်ချင်းပင် မိမိတို့၏ စိတ်အာရုံများကို အပြည့်အဝ စုစည်းလိုက်ကြသည်။ ဤနေရာရှိ ဟင်းလင်းပြင်ဆိုင်ရာ နိယာမတရားများမှာ အလွန်ပင် ပရမ်းပတာ ဖြစ်နေခဲ့ခြင်း ဖြစ်ပေရာ လေထဲတွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေနိုင်ရန်အတွက် ဘယ်လိုမှ မလွယ်ကူလှချေ။

ထို့အတွက်ကြောင့်ပင် သူတို့အားလုံးသည် မြေခွေးဖြူမျိုးနွယ်စုက ရောက်ရှိလာခဲ့ကြသော ထိုမိန်းကလေးများ၏ ကိုယ်ပိုင် အစွမ်းသတ္တိက မည်မျှလောက်အထိ ရှိနေခဲ့မည်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ချင်နေခဲ့ကြခြင်း ဖြစ်သည်။ သူတို့အားလုံးသည် ထိုမိန်းကလေးများက မိမိတို့နှင့် ထိုက်တန်မှု ရှိမရှိဟူသော အချက်ကိုပါ သေသေချာချာ သိရှိလိုနေခဲ့ကြသည်။ အကယ်၍ သာ သူတို့ထဲက အချို့က ထိုမိန်းကလေးတစ်ဦးတည်းကိုပင် အောင်မြင်စွာ အနိုင်မတိုက်နိုင်ခဲ့ဘူးဆိုလျှင် ဘယ်လိုနည်းနှင့်များ ထိုမိန်းကလေးများ၏ လက်ထပ်ခွင့်ကို ရရှိအောင် စွမ်းဆောင်နိုင်ပါ့မည်နည်း။

ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ အစဦးဆုံး ခြေတစ်လှမ်း လှမ်းထွက်လာခဲ့ကြသူများမှာမူ ငယ်ရွယ်လှသော မိန်းကလေး နှစ်ဦးပင် ဖြစ်သည်။

သူတို့ နှစ်ဦးစလုံးမှာ အလွန်ပင် အရပ်အမောင်း မြင့်မားလှကြပြီး မို့မောက်လှသော ရင်အစုံနှင့် သေးကျင်လှသော ခါးကောက်ကြောင်းများကို ပိုင်ဆိုင်ထားရှိကြသည်။ ရှည်လျားလှသော ဆံနွယ်စုကြီးများမှာ သူတို့၏ ကျောပြင်ထက်တွင် ဝဲဖြာကျနေခဲ့ကြပြီး သူတို့၏ ဦးခေါင်းထက်တွင်မူ ဒီအတိုင်းဆိုလျှင် လှမ်း၍ မြင်တွေ့နိုင်ရန် အလွန်ပင် ခက်ခဲလှသော မြေခွေးနားရွက်လေးတစ်စုံ ရှိနေခဲ့ကြသည်။

သူတို့ နှစ်ဦးစလုံးမှာ တစ်ဦးနှင့်တစ်ဦး တစ်ပုံစံတည်း တူညီလွန်းလှပေရာ တစ်ခုတည်းသော ပုံစံခွက်ထဲကနေ ထွက်ပေါ်လာခဲ့ကြသည့်အလား ရှိပေသည်။ အမြွှာညီအစ်မတွေလား

လော့မျိုးနွယ်စုဝင် တပည့်များမှာ စိတ်ထဲကနေ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရတော့သည်။

သူတို့၏ မည်သည့် အပြစ်ပြောစရာမျှ မရှိလောက်အောင် ပြီးပြည့်စုံလှသော မျက်နှာအလှတရားများနှင့် တစ်ဦးနှင့်တစ်ဦး လုံးဝ ထပ်တူကျလွန်းလှသော သွင်ပြင်လက္ခဏာများကြောင့် သူတို့ နှစ်ဦးကို တစ်ဦးနှင့်တစ်ဦး ခွဲခြားသိမြင်နိုင်ရန်အတွက် ဘယ်လိုမှ မဖြစ်နိုင်လောက်အောင်အထိ ခက်ခဲလွန်းလှပေသည်။

"ဒါက မြေခွေးဖြူမျိုးနွယ်စုရဲ့ အရိပ်အမြွှာညီအစ်မ တွေပဲ ဖြစ်ရမယ်။"

ဤအခိုက်အတန့်တွင်ပဲ လော့မိုက လှမ်း၍ စကားပြောဆိုလိုက်ရင်း

"သူတို့ နှစ်ဦးစလုံးက မြေခွေးဖြူမင်းသမီးနဲ့အတူ ငယ်စဉ်ကတည်းက တူတူကြီးပြင်းလာခဲ့ကြတာ ဖြစ်ပြီး မြေခွေးဖြူမင်းသမီးရဲ့ ကိုယ်ရံတော်တွေလည်း ဖြစ်ကြပါတယ်။ အမှန်တော့ သူတို့ကို ကိုယ်ရံတော်လို့ ခေါ်ဝေါ်သုံးစွဲတာထက် မြေခွေးဖြူမင်းသမီးရဲ့ အယုံကြည်ရဆုံးသော လက်ရုံးတွေလို့ ဖော်ပြတာက ပိုပြီးတော့ သင့်တော်လိမ့်မယ်။"

လော့မိုက ဤကဲ့သို့ ပြောဆိုလိုက်သည့် အချိန်တွင်ပင် အရိပ်အမြွှာညီအစ်မမှာ ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ တရားဝင် ခြေလှမ်းလှမ်း၍ ထွက်ခွာလာခဲ့ကြပြီး ဖြစ်သည်။ ဤနေရာရှိ ပရမ်းပတာ နိယာမတရားများမှာ ချက်ချင်းပင် သူတို့ နှစ်ဦး၏ ခန္ဓာကိုယ်ထက်သို့ မိမိတို့၏ ကိုယ်ပိုင် ဖိအားများကို သက်ရောက်စေခဲ့ကြသော်လည်း ထိုအမြွှာညီအစ်မ နှစ်ဦးမှာမူ ဘာတစ်ခုမျှ ထိခိုက်ခံစားရသည့် သွင်ပြင်မျိုး လုံးဝ ရှိမနေခဲ့ကြချေ။

ပိုမို၍ ဆန်းကြယ်လှသော ကိစ္စရပ်မှာမူ ရေပြင်ပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည့်အလား သူတို့ နှစ်ဦး၏ ခြေဖဝါးအောက်တွင်မူ သိမ်မွေ့လှသော စွမ်းအင်လှိုင်းတွန့်လေးများ ချက်ချင်းပင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအင်လှိုင်းတွန့်လေးများမှာ သူတို့၏ ခြေဖဝါးအောက်ကနေ ဘေးပတ်ပတ်လည်သို့ လှိုင်းတံပိုးများအလား ပြန့်နှံ့သွားခဲ့ရပြီးနောက် တစ်ခုနှင့်တစ်ခု အပြန်အလှန် ထိမှန်ဖျက်ဆီးလိုက်ကြရင်း နောက်ဆုံးတွင်မူ လုံးဝ တည်ငြိမ်ရင့်ကျက်သွားခဲ့ရတော့သည်။

၎င်းနှင့်အတူ အရိပ်အမြွှာညီအစ်မမှာ လေဟာနယ်အတွင်း၌ တစ်လှမ်းပြီးတစ်လှမ်း ဖြည်းညင်းစွာဖြင့် အောက်သို့ လှမ်းဆင်းလာခဲ့ကြသည်။ သူတို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ သိမ်မွေ့လှသော စွမ်းအင်လှိုင်းတွန့်လေးများကို အစဉ်မပြတ် ထွက်ပေါ်စေခဲ့ပြီး ထိုစွမ်းအင်လှိုင်းတွန့်လေးများက ဘေးပတ်ပတ်လည်သို့ စဉ်ဆက်မပြတ် ပြန့်နှံ့သွားခဲ့ရသည်။

၎င်းနောက်တွင်မူ မြေခွေးဖြူမျိုးနွယ်စုဝင် အခြားသော ငယ်ရွယ်လှသော တပည့်များအားလုံးသည်လည်း ဝိညာဉ်ပျံသန်းရေး သင်္ဘောကြီး၏ ပြင်ပသို့ တစ်ဦးပြီးတစ်ဦး လှမ်း၍ ထွက်ခွာလာခဲ့ကြတော့သည်။

မျက်စိဖြင့် မမြင်တွေ့နိုင်သော ထိုစွမ်းအင်လှိုင်းတွန့်လေးများမှာ ပရမ်းပတာ ဖြစ်ပျက်နေခဲ့သော လေဟာနယ်ကြီးတစ်ခုလုံးကို အပြည့်အဝ တည်ငြိမ်သွားစေခဲ့သည့်အလား ရှိပေရာ မြင်ကွင်းတစ်ခုလုံးတွင် မျက်စိဖြင့် မမြင်တွေ့နိုင်သော ခိုင်မာလှသည့် မြေပြင်ကြီးတစ်ခုကို ဖန်တီးတည်ဆောက်ပေးလိုက်သလိုမျိုး ဖြစ်သွားခဲ့ရသည်။

မြေခွေးဖြူမျိုးနွယ်စုဝင် တပည့်များအားလုံးမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ထိမှန်ဖျက်ဆီးပစ်လိုက်ကြသော ထိုစွမ်းအင်လှိုင်းတွန့်လေးများ၏ အထက်တွင် တည်ငြိမ်စွာဖြင့်ပင် မတ်မတ်ရပ်နေနိုင်စွမ်း ရှိခဲ့ကြပြီ ဖြစ်ပေရာ ဤနေရာရှိ ပရမ်းပတာ နိယာမတရားများ၏ သက်ရောက်ခြင်းကို ဘာတစ်ခုမျှ ခံစားရပုံမပေါ်တော့ချေ။

ဤမြင်ကွင်းကြီးက ဤနေရာတွင် ရှိနေခဲ့ကြသော လူတိုင်းကို အပြည့်အဝ တုန်လှုပ်အံ့အားသင့်သွားစေခဲ့ရတော့သည်။

ဒါက ဘယ်လိုမျိုး အတတ်ပညာရပ်ဆိုင်ရာ ကျင့်စဉ်မျိုးပါလိမ့် ။

မြေခွေးဖြူမျိုးနွယ်စုဝင် တပည့်တိုင်းမှာ မိမိတို့၏ ဘေးပတ်ဝန်းကျင်က အခြေအနေအသစ်များနှင့် ပတ်သက်၍ အလွယ်တကူ ရုန်းကန်ညှိနှိုင်းနိုင်စွမ်း ရှိကြသည် ဘယ်လိုမှ မဟုတ်ချေ။ သို့သော်လည်း အရိပ်အမြွှာညီအစ်မက မိမိတို့၏ ရှေ့ကနေ လမ်းဖောက်ပေးလိုက်ခြင်းကြောင့် ၎င်းက ပရမ်းပတာ ဖြစ်ပျက်နေခဲ့သော နိယာမတရားများကို ချက်ချင်း တည်ငြိမ်သွားစေခဲ့သလိုမျိုး ဖြစ်သွားခဲ့ရပြီး ရလဒ်အနေဖြင့်မူ သူတို့အားလုံးမှာ မည်သည့် ထိခိုက်မှုမျိုးမျှ မရှိဘဲ တည်ငြိမ်စွာ ရပ်နေနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းက တကယ့်ကိုပဲ အံ့သြစရာ ကောင်းလွန်းလှပေသည်။

ဤအခိုက်အတန့်တွင်ပဲ မြေခွေးဖြူမင်းသမီး တရားဝင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ သူမသည် လက်ရှိအချိန်တွင်လည်း အလွန်ပင် ရိုးရှင်းသော်လည်း ကျော့ရှင်းလှပလှသော အဖြူရောင် ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားရှိဆဲ ဖြစ်သည်။ သူမ၏ ရှည်လျားလှသော အဖြူရောင် ဆံနွယ်စုကြီးများနှင့် သူမ၏ လှုပ်ရှားမှု တိုင်းတွင်မူ ငွေရောင် လျှပ်စီးတန်းလေးများက အစဉ်မပြတ် လည်ပတ်လှုပ်ရှားနေခဲ့ကြသည်။ ထိုတောက်ပလှသော ငွေရောင်လျှပ်စီးတန်းလေးများကြောင့် သူမ၏ သွင်ပြင်တစ်ခုလုံးမှာ ပိုမို၍ ဆန်းကြယ်နက်နဲလှသော ကိုယ်ပိုင် အငွေ့အသက်များကို အပြည့်အဝ ထုတ်ဖော်ပြသနေခဲ့ရသည်။

လော့မျိုးနွယ်စုဝင် တပည့်အတော်များများမှာမူ မယ်တော်လော့ ကျင်းပပြုလုပ်ခဲ့ဖူးသော တော်ဝင်ဂုဏ်ပြုစားပွဲကြီးသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခဲ့ဖူးကြသူများ ဖြစ်ကြသည်။ ထိုတော်ဝင်ဂုဏ်ပြုစားပွဲကြီးတုန်းကမူ သူတို့အနေဖြင့် မြေခွေးဖြူမင်းသမီးက မည်မျှလောက်အထိ နက်နဲဆန်းကြယ်လှသည်ဟူသော အချက်ကို ကောင်းကောင်းကြီး အာရုံမခံနိုင်ခဲ့ကြသော်လည်း ယခု အစဦး ကောင်းကင်ဘုံအတွင်းသို့ ရောက်ရှိလာခဲ့ကြသည့် အခါတွင်မူ ၎င်းကို သူတို့အားလုံး စိတ်ထဲကနေ လေးနက်စွာဖြင့် ပိုမို၍ နားလည်သဘောပေါက်သွားခဲ့ကြရပြီ ဖြစ်သည်။

မြေခွေးဖြူမင်းသမီး၏ မျက်ဝန်းတစ်စုံမှာ အလွန်ပင် တည်ငြိမ်အေးစက်နေခဲ့ပြီး သူမသည် လော့နတ်ဘုရား နန်းဆောင်ဆီသို့ ဖြည်းညင်းစွာဖြင့် လှမ်း၍ လျှောက်လှမ်းလာခဲ့သည်။ မြေခွေးဖြူမင်းသမီး၏ နောက်ကွယ်တွင်မူ မြေခွေးဖြူမျိုးနွယ်စုဝင် အမျိုးသား တပည့် လေးဦး ရှိနေခဲ့သည်။

မြေခွေးဖြူမျိုးနွယ်စုဝင် အမျိုးသားများတွင်လည်း အမျိုးသမီးများကဲ့သို့ပင် အလွန်ပင် သပ်ရပ်လှပလှသော သွင်ပြင်လက္ခဏာများ ရှိနေခဲ့ကြသော်လည်း လော့မျိုးနွယ်စုဝင် အဖွဲ့ဝင်များ၏ မျက်စိထဲတွင်မူ ၎င်းက တကယ့်ကိုပဲ စက်ဆုပ်ရွံရှာဖွေကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ရသည်။ အမျိုးသားအများစုမှာ အလွန်ပင် နုနယ်ပြီး လှပလှသော မိန်းမလှလေးများကိုသာ နှစ်သက်သဘောကျတတ်ကြခြင်း ဖြစ်ပေရာ မည်သူကများ ဤမျှလောက်အထိ နုနယ်ပြီး လှပလွန်းလှသော အမျိုးသားများကို နှစ်သက်သဘောကျပါ့မည်နည်း။

ဤအခိုက်အတန့်တွင်ပဲ မြေခွေးဖြူမျိုးနွယ်စုဝင် အမျိုးသားများထဲက တစ်ဦးက လော့မျိုးနွယ်စုဝင် တပည့်များကို လှမ်း၍ ကြည့်လိုက်ရင်း စကားပြောဆိုလိုက်တော့သည်။

"မင်းတို့ထဲမှာ ဘယ်သူက ယီယွင် လဲ"

All Chapters