← Chapters

အခန်း (၃၉၃-၃၉၄)

Vol. 38 Ch. 393-394

အခန်း (၃၉၃-၃၉၄)

Vol. 38 Ch. 393-394

အပိုင်း(၃၉၃)

အကျင့်သိက္ခာတောင်ကြီးဖြင့် ဖိနှိပ်ခြင်း

ကျန်းယန်ပြောသည့် မိစ္ဆာများထပ်ရောက်လာဦးမည်ဟူသော အချက်ကို ယိလင်ယုံကြည်တော့မလို ဖြစ်သွားသော်လည်း မဟာမိတ်ဖွဲ့ဖို့ တောင်းဆိုလိုက်သောအခါ သူ့အတွေးများ ရှုပ်ထွေးသွားခဲ့၏။

အခုတော့ ကိစ္စအားလုံးက သံသယ၀င်စရာ ြဖစ်သွားခဲ့ချေပြီ။

သူသည် ကောင်းကင်နှလုံးသားကျွန်းနှင့်မဟာမိတ်ဖွဲ့ခွင့်ရဖို့ ကိစ္စများကို ချဲ့ကားပြောဆိုနေခြင်းပေလော။

“မဟာမိတ်ကိစ္စကိုတော့ စောင့်လို့ရပါသေးတယ်” ယိလင် ယဉ်ကျေးစွာ ပြောလိုက်သည်။

“ကောင်းကင်နှလုံးသားကျွန်းက ကမ္ဘာ့ရေးရာကိစ္စတွေနဲ့ ဝေးဝေးမှာနေတာဆိုတော့ ဒီကိစ္စတွေထဲ ၀င်မပတ်သက်ချင်ဘူး”

“တာအိုမိတ်ဆွေယိလင် ဒါကတော့ မှားသွားပြီ” ကျန်းယန် ချက်ချင်းပြန်ပြောလိုက်၏။

“တကယ်လို့ မိစ္ဆာကပ်ဘေးသာ တကယ်ကျရောက်လာခဲ့ရင် ကောင်းကင်နှလုံးသားကျွန်းက အန္တရာယ်အရှ်ိဆုံးနေရာတစ်ခု ဖြစ်လာမှာ

မျိုးနွယ်ခြားရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လူသားမျိုးနွယ်က ယာယီပေါင်းစည်းသွားတတ်ကြတယ် မွန်းစတားတွေကို တောင်တစ်သိန်းတောင်တန်းဆီ မောင်းထုတ်လိုက်တဲ့ ကိစ္စလိုမျိုးပေါ့

အဲ့တော့ အန္တရာယ်ကျရောက်လာတဲ့အခါ ဂိုဏ်းကြီးတွေအားလုံးက ပူးပေါင်းသွားကြလိမ့်မယ်

ကောင်းကင်နှလုံးသားကျွန်းကတော့ အဝေးကြီးမှာတသီးတခြားတည်ရှိနေတော့ အန္တရာယ်ကင်းတယ်ထင်ရပေမယ့် တကယ်တော့ မိစ္ဆာတွေအတွက် အလွယ်ကူဆုံးပစ်မှတ် ဖြစ်လာလိမ့်မယ်

အဲ့ဒီအချိန်ကျမှ အကူအညီလိုရင် ကျွန်တော်တို့ ကူညီချင်တောင် ကူညီနိုင်မှာ မဟုတ်တော့ဘူး

မိစ္ဆာတွေကသာ ကျွန်တော်တို့နဲ့ညှိနှိုင်းလို့မရရင် သူတို့က ကျိန်းသေပေါက် ကောင်းကင်နှလုံးသားကျွန်းကို အရင်တိုက်ခိုက်မှာပဲ

အဲ့ဒီမှာပဲ ကျွန်းကသေချာပေါက် ပျက်ဆီးသွားရလိမ့်မယ်”

သူ့အသေးစိတ်သုံးသပ်ချက်ကိုကြားလိုက်ရသောအခါ ကျွန်းမှလူများ မသက်မသာခံစားလိုက်ကြရသည်။

ကျန်းယန်သည် တစ်နည်းနည်းဖြင့် သူတို့အလုံခြုံဆုံးဟုယူဆထားသောနေရာကို အန္တရာယ်အများဆုံးနေရာအဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်၏။

ယိလင်အတန်ကြာအောင်တိတ်ဆိတ်နေပြီး နောက်ဆုံးတွင် ထူးဆန်းစွာ ပြောလိုက်လေသည်။

“ဒါပေမယ့် မိစ္ဆာတွေက အဇူရာတိမ်ဂိုဏ်းထဲမှာမဟုတ်ဘူးလား နောက်ထပ်မိစ္ဆာတွေထပ်ရောက်လာရင် အဇူရာတိမ်ဂိုဏ်းအတွက် ပိုအန္တရာယ်ကြီးမသွားနိုင်ဘူးလား”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး” ကျန်းယန် အကြိမ်ကြိမ် ခေါင်းခါပြလိုက်၏။

“အဲ့ဒီမိစ္ဆာတွေက ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ထားပြီးနေပြီ

ဆိုတော့ နောက်ထပ်လာမယ့်မိစ္ဆာတွေကို မတားဆီးနိုင်ခဲ့ရင် ကျွန်တော်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးကြောင့် အဇူရာတိမ်ဂိုဏ်းက အလုံခြုံဆုံးနေရာတစ်ခု ဖြစ်လာလိမ့်မယ်”

“နေပါဦး” ယိလင် ကြောင်သွားခဲ့သည်။

“မိစ္ဆာတွေကိုတိုက်ခိုက်ဖို့ လူတိုင်းပူးပေါင်းသင့်တယ်လို့ ရှင်ပဲပြောခဲ့တာမဟုတ်လား”

“ဟုတ်တယ်လေ” ကျန်းယန်နည်းနည်းလေးမှမရှက်ဘဲ အမှန်တရားကိုပြောနေဟန်ဖြင့် ဆက်ပြောလိုက်၏။

“တကယ်လို့ မိစ္ဆာတွေက ပိုသန်မာနေရင်တော့ အဲ့ဒီအစား ကျွန်တော်တို့က မိစ္ဆာတွေနဲ့ ပူးပေါင်းသင့်တာပေါ့

အဲ့တာက သူတို့ကိုကြောက်လို့မဟုတ်ဘူးနော် ကျွန်တော်တို့က ဒီလူမှုအဖွဲ့အစည်းကြီး အလုံးစုံပျက်ဆီးမသွားဘဲ ရှင်ကျန်သူတွေ ရှိစေချင်ရုံပါ

ဒါပေါ့ ကျင့်ကြံသူတွေက ပိုသန်မာနေရင်တော့ အဲ့ဒီအခါ မိစ္ဆာတွေကို ဖျက်ဆီးပစ်မယ်”

ကောင်းကင်နှလုံးသားကျွန်းမှလူများ ဆွံ့အသွားခဲ့ကြသည်။

သူသည် အခွင့်အရေးသမားလုပ်နေခြင်းကို မြင့်မြတ်လွန်းသောတရားမျှတမှုအတွက် ဆောင်ရွက်နေသလို ပြောဆိုနေခဲ့၏။

ယိလင် ကျန်းယန်ကိုငေးကြောင်စွာ စိုက်ကြည့်နေခဲ့မိသည်။ သူ့မျက်နှာလှလှလေးပေါ်တွင် စိတ်ရှုပ်ထွေးဟန်နှင့်မယုံကြည်နိုင်ဟန်များ ပြည့်နှက်နေခဲ့၏။

သူမစိတ်သည် အဓိပ္ပာယ်မရှိသောအကြောင်းအရားများ၏တိုက်ခိုက်ခြင်းခံလိုက်ရသောကြောင့် ဘာကိုမှ ရှင်းရှင်းလင်းလင်းမတွေးနိုင်တော့ပုံပင်။

အတန်ကြာမှ သူမ ဂရုတစို‌က်မေးလိုက်သည်။

“ဒါဆိုဘာလို့ကောင်းကင်နှလုံးသားကျွန်းက ရှင်တို့နဲ့ မဟာမိတ်ဖွဲ့ရမှာလဲ”

“ကျွန်တော်ရှင်းပြပြီးပြီလေ” ကျန်းယန် သဘာ၀ကျကျပြန်ပြောလိုက်၏။

“တကယ်လို့ မိစ္ဆာတွေက ပိုသန်မာနေရင် ကျွန်တော်တို့က ဒီလူမှုအဖွဲ့အစည်းကြီးမှာ ရှန်ကျန်သူတွေ ကျန်ရစ်ရအောင် အတူတူအလုပ်လုပ်ကြမယ် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ လူပေါင်း ဘီလီယံနဲ့ချီပြီးရှ်ိတာ အချို့ကတော့ ကျိန်းသေပေါက် ရှင်ကျန်ရမယ်လေ ဟုတ်တယ်မလား

အဲ့ဒီကိစ္စအတွက် ကမ္ဘာကြီးက ပြစ်တင်ဝေဖန်မယ်ဆိုလည်း ကျွန်တော်တို့က ခံမှာပါ

ကျင့်ကြံသူတွေက ပိုသန်မာနေမယ်ဆိုရင်တော့ ကျွန်တော်တို့က မိစ္ဆာတွေကိုဖိနှိပ်ဖို့ မိတ်ဆွေတွေရဲ့ အကူအညီကိုလိုလာပြီ လက်ရှိ အဇူရာတိမ်ဂိုဏ်းမှာ ဖိနှိပ်ထားရတဲ့မိစ္ဆာ ၁၀ ကောင်ကျော်ရှိတယ် ကပ်ဘေးကြီးကျရောက်လာရင် အားလုံးကို ကျွန်တော်တို့ချည်း မကိုင်တွယ်နိုင်ဘူး

မဟုတ်မှလွဲရော တာအိုမိတ်ဆွေယိလင်က မိစ္ဆာတွေကို မဖိနှိပ်ချင်တာများလား

ဒါမှမဟုတ် မိတ်ဆွေတို့ရဲ့ ဂုဏ်သတင်းက ဘီလီယံနဲ့ချီတဲ့အသက်တွေထက် ပိုအရေးကြီးတယ်လို့ ထင်တာလား

ဒီလိုဆိုရင်တော့ ကျွန်တော်က မိတ်ဆွေတို့ကို ဝေဖန်ရမှာပဲ

မရေတွက်နုိင်တဲ့ အသက်တွေနဲ့ ယှဉ်လာတဲ့အခါ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကို ရှေ့တန်းတင်ထားလို့ ဘယ်ဖြစ်မလဲ”

ယိလင်ချက်ချင်းဆိုသလို ကိုယ်ကျင့်သိက္ခာတောင်ကြီး သူ့ခေါင်းပေါ် ပိကျလာသလို ခံစားလိုက်ရလေသည်။

သူအမြန်‌ပြန်ပြောလိုက်၏။

“ဒါပေါ့ ကျွန်မမိစ္ဆာတွေကိုဖိနှိပ်ချင်ပါတယ် ဘီလီယံနဲ့ချီတဲ့အသက်တွေကို ကာကွယ်ဖို့လိုအပ်လာရင် ကျွန်မတွန့်ဆုတ်နေမှာ မဟုတ်ဘူး”

“အဲ့တာကြောင့်ပြောတာပေါ့” ကျန်းယန် ပြုံးကာပြောလိုက်သည်။

“မဟာမိတ်ဖွဲ့ကြရအောင်”

ယိလင်ဆွံ့အသွားခဲ့ပြန်၏။

သူမသူ့ကိုမငြင်းနိုင်သလို သဘောတူလို့လည်း ရမနေပေ။

တာအိုပေါင်းစည်းခြင်းအဆင့်အပါအ၀င် ကောင်းကင်နှလုံးသားကျွန်းမှလူများအားလုံး ရှုပ်ထွေးသော အမူအရာများ ဖြစ်ကုန်ကြလေသည်။

သူတို့ သူတော်စင်မလေးက တကယ်ကြီး ထိုကိစ္စကို သဘောတူပါတော့မည်လော။

ပိုဆိုးသည်မှာ ကျန်းယန်၏အကြောင်းပြချက်ကလည်း တစ်နည်းနည်းဖြင့် အကျိုးအကြောင်းသင့်နေပြီး ငြင်းဆန်ဖို့ မဖြစ်နိုင်နေသလိုပင်။

ထိုနေရာတွင် အတန်ကြာအောင် ဆွံ့အစွာရပ်နေပြီးနောက် နောက်ဆုံးတွင် ယိလင် ခါးသက်စွာ ပြုံးလိုက်လေသည်။

“တာအိုမိတ်ဆွေကျန်းယန်ရဲ့ လျှာက ဓားသွားတွေထက်တောင် ထက်ပါသေးတယ် ကျွန်မအရှုံးကို ၀န်ခံပါတယ်

အရိုးသားဆုံးပြောရရင် ကောင်းကင်နှလုံးသားကျွန်းက အဇူရာတိမ်ဂိုဏ်းနဲ့မဟာမိတ်ဖွဲ့ဖို့ လုံး၀ ဆန့်ကျင်နေတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ကျွန်မတို့ကြားက အကွာအဝေးက ကြီးမားလွန်းတော့ မဟာမိတ်ဖွဲ့ရင်တောင် မဟာမိတ်တန်ဖိုးက ထင်ရှားမှာမဟုတ်ဘူး

တကယ်လို့ အဇူရာတိမ်ဂိုဏ်းက အကျိုးတူပူးပေါင်းပြီး အကျိုးအမြတ်ဖလှယ်ချင်တယ်ဆိုရင်တော့ ကောင်းကင်နှလုံးသားကျွန်းက ကြိုဆိုလျက်ပါ”

“ဘယ်လိုလုပ် မဟာမိတ်တန်ဖိုးမထင်ရှားတာမျိုး ဖြစ်ရမှာလဲ” ကျန်းယန် ခေါင်းခါလိုက်သည်။

“မဟာမိတ်ဆိုတာ အတူတကွ ရပ်တည်ခြင်းပါ

ဒီကမ္ဘာကြီးပေါ်မှာ အပေါ်ယံမှာမမြင်နိုင်တဲ့ဖရိုဖရဲဖြစ်နေမှုတွေ အများကြီးပဲ ကျွန်တော်တို့သာ အတူတကွမရပ်တည်ရင် အဲ့ဒီပုန်းကွယ်နေတဲ့ အားလှိုင်းတွေရဲ့ ရိုက်ခတ်ခြင်းကို ခံရမှာပဲ

ဥပမာ မိစ္ဆာကျူးကျော်မှုကိုပဲကြည့်လေ ဘယ်သူမှ ဂရုမစိုက်ပေမယ့် တကယ့်ရှိနေတဲ့ အန္တရာယ်ပဲ

အဲ့ဒီအကြောင်ဆွေးနွေးပြီးတဲ့နောက်မှာမှ လန်ကျားအထွတ်အမြတ်မြေက ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ခဲ့ကြတာ

အစကတော့ ကျွန်တော်က ထင်နေခဲ့တာ ကောင်းကင်နှလုံးသားကျွန်းဆိုတာ ကမ္ဘာ့ရေးရာပဋိပက္ခတွေမှာ မပါဝင်ဘဲ တရားမျှတမှုဘက်မှာပဲ ရပ်တည်ပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့ အလုပ်လုပ်နေသူတွေပေါ့

အခုတော့ ကြည့်ရတာ မိတ်ဆွေတို့က ကမ္ဘာကြီးဘာဖြစ်ဖြစ် ဘေးကပဲရပ်ကြည့်ချင်နေပုံပဲ”

ထို့နောက် ကျန်းယန် လေးကန်စွာ သက်ပြင်းချလိုက်သည်။

“နောက်ဆုံးတစ်ခေါက် သတိပေးလိုက်မယ် တစ်ဖက်ကမ်းမှာ လောင်နေတဲ့မီးကို ဒီဘက်ကမ်းက ရပ်ကြည့်နေသူတွေဟာ နောက်ဆုံးမှာ သူတို့ကိုယ်တုိင် မီးတောက်တွေရဲ့ စားသုံးခြင်းကို ခံရလိမ့်မယ်

အနာဂတ်မှာ သေကြေကြရတော့မယ့် ဘီလီယံနဲ့ချီတဲ့အသက်တွေကို မိတ်ဆွေတို့ကိုယ်တိုင်သတ်တာမဟုတ်ပေမယ့် အဲ့ဒီထဲက အသက်အချို့ကတော့ မိတ်ဆွေတို့ရဲ့ ရပ်ကြည့်နေမှုကြောင့် သေဆုံးသွားကြရတာပဲ

ဟူးးး အမှန်တရားလမ်းကြောင်းပေါ်ကို ခြေလှမ်းအနည်းငယ်လောက် အတူတူလျှောက်ကြရအောင်ပါ

ကပ်ဘေးကြီးကျရောက်လာတဲ့အခါ ဘယ်သူက ပြိုကျလာတဲ့ ကောင်းကင်ကို မထားပေးမှာလဲ”

ကောင်းကင်နှလုံးသားကျွန်းမှ လူများ၏ အမူအရာများပြောင်းလဲသွားခဲ့ကြပြီး ယိလင်ကိုသာ ကြည့်ရှုနေခဲ့ကြ၏။

သူမလှပသော မျက်နှာလေးတွင် တုန်လှုပ်မှု အကူအညီမဲ့မှု သံသယနှင့်မလွယ်ကူမှုများ ရစ်သိုင်းနေခဲ့သည်။

သူမသည် အနာဂတ်မြင်ကွင်းကို အမှန်တကယ်မြင်ထားရသူဖြစ်ပြီး ထိုမရေတွက်နိုင်သော အသက်များ သေဆုံးသွားရပုံကိုလည်း မြင်ထားခဲ့ရသူ ဖြစ်၏။

ထို့ကြောင့် ကျန်းယန်၏ ကိုယ်ကျင့်သိက္ခာအသာစီးယူကာ တိုက်ခိုက်မှုက အလုပ်ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူတို့သာ မဟာမိတ်မဖွဲ့လျှင် ဂိုဏ်းထဲတွင် ဖိနှိပ်ထားသော မိစ္ဆာများကြောင့် အချိန်မရွေးကျရောက်လာနိုင်သော မိစ္ဆာကပ်ဘေးတွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်ရှိ ဘီလီယံနှင့်ချီသောအသက်များ တကယ်ကြီး သေကြေပျက်ဆီးသွားနိုင်၏။

နောက်ဆုံးတွင် ယိလင် လေးလေးနက်နက်ပြောလိုက်လေသည်။

“တာအိုမိတ်ဆွေကျန်းယန် နောက်လာမယ့် မိစ္ဆာကပ်ဘေးကိစ္စကို ကျွန်မ ကောင်းကင်နှလုံးသားကျွန်းနာမည်ကိုသုံးပြီး အခြားဂိုဏ်းတွေဆီ သွားသတိပေးလိုက်ပါ့မယ်

ဒီကိစ္စက အားလုံးကို သတိထားသွားစေမှာပါ

ပြီးတော့ ကျွန်မတို့ ကောင်းကင်နှလုံးသားကျွန်းက ကမ္ဘာ့ရေးရာကိစ္စတွေမှာ ၀င်မပါဘူးဆိုပေမယ့် ကမ္ဘာပေါ်က သက်ရှိတွေကို ဂရုမစိုက်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး

တကယ်လို့ ကမ္ဘာကြီးသာ ကပ်ဘေးနဲ့ရင်ဆိုင်ရရင် ကျွန်မတို့ကကပ်ဘေးကို တားဆီးဖို့ အကောင်းဆုံး ကြိုးစားမှာပါ

တစ်ချိန်တည်းမှာပဲ အဇူရာတိမ်ဂိုဏ်းကလည်း ဂိုဏ်းထဲက မိစ္ဆာတွေကို ကျိန်းသေပေါက် ကိုင်တွယ်ထားရမယ် မဟုတ်ရင် အဲ့ဒီမိစ္ဆာတွေကြောင့် ရှင်တို့ဂိုဏ်းက အများကြီး ထိခိုက်နစ်နာသွားရလိမ့်မယ်”

တခဏရပ်ပြီးနောက် သူပြောလိုက်သည်။

“ကျွန်မအခြားဂိုဏ်းတွေဆီ အလည်သွားပြီးရင် အဇူရာတိမ်ဂိုဏ်းဆီပြန်လာပါ့မယ် အဲ့ဒီအချိန်ကျရင် မဟာမိတ်ကိစ္စနဲ့ ပတ်သက်တဲ့အဖြေကို ပေးပါ့မယ်”

ပြောပြီးသည့်နောက် သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။

ကျန်းယန်လည်း သူတို့ကို ယဉ်ကျေးစွာ လိုက်ပို့ခဲ့လိုက်၏။

အားလုံးထွက်သွားသောအခါမှ သူအကူအညီမဲ့စွာ သက်ပြင်းချလိုက်မိသည်။

ထိုအခိုက်တွင် ချင်းယွင်ကျိ သူ့ဘေးတွင်ပေါ်လာခဲ့ပြီး သူ့ကို အလွန်ထူးဆန်းဟန်ဖြင့် စိုက်ကြည့်နေခဲ့၏။

ခုနကစကားများအားလုံးကို သူကြားခဲ့ပြီး ဤမျှအရှက်မဲ့သောသူက သူ့တပည့်ဆိုတာ သူလက်မခံနိုင်ဖြစ်နေခဲ့သည်။

အဘယ်သို့ အခုလို အခွင့်အရေးသမားတစ်ယောက်က သူ့ကိုယ်သူ အမှန်တရားဘက်တော်သားတစ်ယောက်လို ယုံကြည်မှုရှိရှိ ပြောနိုင်နေရပါသနည်း။

“ဆိုတော့ မင်းမဟာမိတ်မအောင်မြင်ခဲ့လို့ စိတ်ပျက်နေတာလား” ချင်းယွင်ကျိ မေးလိုက်၏။

ကျန်းယန် သက်ပြင်းချလိုက်ပြန်သည်။

“ဆရာ ကောင်းကင်နှလုံးသားကျွန်းသာ သူတို့ခံယူချက်ကိုမပြောင်းရင် သူတို့တကယ်ဖျက်ဆီးခံရလိမ့်မယ်”

ချင်းယွင်ကျိ အံ့အားသင့်သွားခဲ့လေသည်။

“ဘယ်လို ဘာတွေဖြစ်ခဲ့တာလဲ”

အဘယ်ကြောင့် ကောင်းကင်နှလုံးသားကျွန်းက ပျက်ဆီးခြင်းနှင့် ရင်ဆိုင်ရပါမည်နည်း။

အပိုင်း(၃၉၄)

ကောင်းကင်နှလုံးသားကျွန်း၏ အခြေအနေ

“ဆရာ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးက နှစ်၂၀ပဲကျန်တော့မယ်လို့ ကျွန်တော်တို့တွက်ထားခဲ့ကြတယ်လေ” ကျန်းယန် ကျင့်ကြံခြင်းကမ္ဘာကြီး၏ မြေပုံကိုထုတ်ကာ ပြောလိုကိသည်။

သူမြေပုံတစ်နေရာကို ထောက်ပြလိုက်၏။

“အင်အားစုတွေအားလုံးထဲမှ ဘယ်တစ်ခုက အားလုံးနဲ့ကွဲထွက်နေတာလဲ”

ချင်းယွင်ကျိ မြေပုံကို ကြည့်လိုက်သည်။

ကမ္ဘာပေါ်ရှိ ထိပ်တန်းဂိုဏ်းကြီးဆယ်ဂိုဏ်းသည် ကမ္ဘာအနှံ့တွင် ပြန့်ကျဲတည်ရှိနေခြင်းဖြစ်ပြီး ထိုထဲက ဂိုဏ်းအများစုက တစ်ခုနှင့်တစ်ခု အချိတ်အဆက်ရှိသလို နီးလည်းနီးကပ်ကြ၏။

ထီးထီးကြီးတည်ရှိနေသည်မှာ ကောင်းကင်နှလုံးသားကျွန်းတစ်ခုတည်းသာ ဖြစ်သည်။

ချင်းယွင်ကျိ ချက်ချင်းဆိုသလို ကျန်းယန်ဆိုလိုချင်တာကို နားလည်သွားခဲ့၏။

ကျန်းယန် လေးလေးနက်နက်ဆက်ပြောလိုက်သည်။

“မိစ္ဆာတွေပြန်လာမယ်ဆိုတာကို ကျွန်တော်တို့သေချာသိနေခဲ့ကြတာပဲလေ သူတို့သာ ပြန်လာပြီး ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို စူးစမ်းဖို့ အခြေချစရာနေရာတစ်ခု လိုလာခဲ့ရင် ကောင်းကင်နှလုံးသားကျွန်းက သူတို့အတွက် အလွယ်ဆုံးပစ်မှတ် ဖြစ်လာမှာပဲ

ဘာလို့လဲဆိုတော့ အဲ့ဒီနယ်မြေမှာ တိုက်ပွဲဖြစ်ရင် အပြင်လောကက သတိမထားမိနိုင်လို့ပဲ

ဒီကုန်းမြေပေါ်မှာ တိုက်ပွဲလာဖြစ်ရင်တော့ ဂိုဏ်းကြီးတိုင်းက ချက်ချင်းသတိထားမိသွားကြလိမ့်မယ်”

သူခဏရပ်လိုက်သည်။

“ပြီးတော့ မိစ္ဆာတွေမရှိရင်တောင် လက်ရှိကမ္ဘာကြီးက မျှချေမညီတော့ဘူး

ဥပမာ ၀မ်လင်းဂိုဏ်းက ကမ္ဘာကြီးကိုလွှမ်းမိုးချင်ပြီး‌ေတာ့ သူတို့က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေ လျှို့ဝှက်ပြီး စုဆောင်းလာမယ်ဆိုရင် ကောင်းကင်နှလုံးသားကျွန်းက ရှင်ကျန်နိုင်ပါဦးမလား

သူတို့က သီးသန့်ဆန်လွန်းတော့ သူတို့ပျက်ဆီးသွားရင်တောင် အတန်ကြာတဲ့ထိ ဘယ်သူမှ သိမှာမဟုတ်ဘူး

အဲ့တာကြောင့် ကမ္ဘာကြီးဖရိုဖရဲဖြစ်လာတာနဲ့ ကောင်းကင်နှလုံးသားကျွန်းက အခြားဂိုဏ်းကြီးတွေထက်အန္တရာယ်ရှိလာလိမ့်မယ်

အထူးသဖြင့် ယိလင်ရဲ့နိမိတ်ကမှန်နေရင်ပေါ့”

ချင်းယွင်ကျိ အသာအယာခေါင်းငြိမ့်ပြလိုက်သည်။

“အဲ့တာတောင် မင်းကဘာလို့သူတို့နဲ့မဟာမိတ်ဖွဲ့ချင်တာလဲ သူတို့ကို ကာကွယ်ပေးချင်လို့လား”

“မဟုတ်ဘူး” ကျန်းယန် ခေါင်းခါ၍ ငြင်းလိုက်၏။

“တကယ်လို့ ကျွန်တော်တို့ မဟာမိတ်ဖြစ်လာရင်တောင် အကျိုးအမြတ်ကြီးကြီးမားမားမရ‌သရွေ့ သူတို့ကိစ္စထဲ ဝင်ပါမှာမဟုတ်ဘူး

ကျွန်တော့်တကယ့်အကြောင်းပြချက်က မျှချေကြောင့်ပဲ

လက်ရှိအဇူရာတိမ်ဂိုဏ်းက လန်ကျားအထွတ်အမြတ်မြေနဲ့ မဟာမိတ်ဖွဲ့ထားပြီးတော့ အခြားဂိုဏ်းကြီးတွေအားလုံးကို ၂ဂိုဏ်းတည်းနဲ့ ရင်ဆိုင်နေကြရတယ်

တကယ်လို့ ကောင်းကင်နှလုံးသားကျွန်းနဲ့သာမဟာမိတ်ဖွဲ့နိုင်ခဲ့ရင် အခြေအနေက ၂ ဂိုဏ်းနဲ့အများကနေ ၃ဂိုဏ်းနဲ့အများအဖြစ် ပြောင်းလဲသွားလိမ့်မယ်

ကျွန်တော်တို့အတွက်က မဟာမိတ်များလာလေလေ ရန်သူနည်းလာလေလေပဲ”

“တကယ်လို့ ကျွန်တော်တို့ကသာ မျှချေရသွားခဲ့ရင် နောက်နှစ်၂၀ကြာလို့ မိစ္ဆာတွေထွက်သွားရင်တောင် ကျွန်တော်တို့ ဘေးကင်းကျန်နေခဲ့လိမ့်မယ်”

မြေပုံရှေ့တွင်ရပ်နေရင်း ကျန်းယန်လေးလေးနက်နက်ပြောနေခဲ့သည်။

“အတွင်းပိုင်းမှာ ကျွန်တော်တို့က လက်နက်တွေသွန်းလုပ်မယ် တပည့်တွေကို သန်မာအောင် လုပ်မယ် ကျင့်ကြံသူတွေကို အဇူရာတိမ်မြို့မှာစုမယ်

အပြင်းပိုင်းမှာတော့ မဟာမိတ်ဖွဲ့မယ် အဇူရာတိမ်ဂိုဏ်းရဲ့ လွှမ်းမိုးမှုကို ချဲ့ထွင်မယ် ပြီးရင် အခြားဂိုဏ်းတွေရဲ့ ကြွယ်၀မှုကို အားနည်းအောင်လုပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ သူတို့အင်အားလျော့နည်းသွားအောင် လုပ်မယ်

ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ အချိန်ကကျွန်တော်တို့အတွက် အကြီးဆုံးပြဿနာ ဖြစ်နေတုန်းပဲ

ကျွန်တော်ဘာပဲလုပ်လုပ် နှစ် ၂၀နဲ့တော့ ဂိုဏ်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေ မွေးထုတ်ပေးနိုင်မှာ မဟုတ်ဘူး”

သူဆက်ပြောလိုက်သည်။

“မိစ္ဆာတွေ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဆီ ထွက်သွားတာနဲ့ ကျွန်တော်တို့အင်အားက သိသိသာသာ လျော့ကျသွားလိမ့်မယ် အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ ကြွယ်၀မှုကြောင့် အခြားဂိုဏ်းတွေကလည်း ကျိန်းသေပေါက် တိုက်ခိုက်လာကြမှာ

အဲ့တာကြောင့် ဒီကာလအတွင်း ကျွန်တော်တို့တွေ ဘက်‌ပေါင်းစုံကနေ သန်မာလာအောင် လုပ်ထားသင့်တယ်

အခု မဟာမိတ်ဖွဲ့တယ်ဆိုတာကလည်း အဲ့ဒီအတွက်ပြင်ဆင်မှုတွေထဲက တစ်ခုပဲ

တကယ်လို့ ကောင်းကင်နှလုံးသားကျွန်းသာ ကျွန်တော်တို့နဲ့မဟာမိတ်ဖွဲ့လိုက်မယ်ဆိုရင် ၄ခုမြောက် မဟာမိတ်ဂိုဏ်းတစ်ခု ပေါ်လာဖို့က အများကြီးပိုလွယ်သွားလိမ့်မယ်

အဲ့ဒီအချိန်ကျ ဘယ်သူ့ကိုမှ ထပ်ကြောက်နေစရာမလိုတော့ဘူး”

ချင်းယွင်ကျိ မြေပုံကို တွေးဆကာကြည့်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

“ယိလင်ကို လက်ထပ်လိုက်ရင်ရော မင်္ဂလာပွဲပြီးရင် မဟာမိတ်ဖွဲ့ဖို့က ပိုလွယ်မသွားနိုင်ဘူးလား”

ကျန်းယန် ဆွံ့အသွားခဲ့၏။

ထို့နောက်ချင်းယွင်ကျိ ခေါင်းခါလိုက်ပြန်ကာ

“မဖြစ်သေးပါဘူး မေ့လိုက်ပါတော့ တကယ်လို့မင်းလက်ထပ်ပြီးမှ ကောင်းကင်နှလုံးသားကျွန်းက ဒုက္ခထရောက်နေရင် နေရင်းထိုင်ရင်း ငါတို့က သွားကူနေရဦးမယ်”

ကျန်းယန်၏ သုံးသပ်ချက်ကိုကြားပြီးနောက် ကောင်းကင်နှလုံးသားကျွန်းသည် အလွန်အန္တရာယ်များနေမှန်း သူပင် ခံစားမိသွားခဲ့သည်။

“အတိအကျပဲ” ကျန်းယန် အမြန်ပြန်ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ ကျွန်တော်ကလည်း သူ့ကိုမဟာမိတ်ဖွဲ့ဖို့ မသိမ်းသွင်းနိုင်ခဲ့ဘူး

ဒါပေမယ့် အခြားဂိုဏ်းတွေဆီသွားပြီးရင် သူပြန်လာမယ်တော့ ပြောသွားတာပဲ အဲ့ဒီအခါ ကျွန်တော်တို့အတွက် အခွင့်အရေးရှိလာဦးမှာပါ”

ချင်းယွင်ကျိ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဆက်ကျင့်ကြံဖို့ ၀င်္ကပါဟင်းလင်းပြင်ထဲ ၀င်သွားခဲ့‌ေလသည်။

၀င်္ကပါသည်ယခုအခါ ခရီးသွားများကိုဆွဲဆောင်သောနေရာတစ်ခုဖြစ်နေပြီဖြစ်သောကြောင့် သူသည် သူ့စွမ်းအားကို ဧည့်သည်များမရှိသောနေ့တွင်သာ ထိုနေရာတွင် စမ်းသပ်နိုင်၏။

၀င်္ကပါနယ်မြေထဲတွင် သူ့တာအိုပိုင်နက်ကို ထုတ်လွှတ်လိုက်ပြီး ထိုထဲမှ မိစ္ဆာပညာရပ်များကျင့်ကြံထားသည့် မိစ္ဆာများ ထွက်ပေါ်လာခဲ့ကြသည်။ သူတို့မိစ္ဆာအရှိန်အဝါများကလည်း ပိုပိုပြီး ကြီးမားလာခဲ့ကြ၏။

သူ့ရည်ရွယ်ချက်က ထိုမိစ္ဆာများကို ပိုပြီးသန်မာလာအောင်မွေးမြူထားဖို့ဖြစ်ပြီး ပိုသန်မာလာသောအခါမှသာ ပိုကြီးမားသော စွမ်းအားဖြင့် ဖိနှိပ်လိုခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူဓားဆန္ဒကို အသုံးပြုလိုက်၏။

မရေတွက်နိုင်သော ဓားဆန္ဒများက မိစ္ဆာများဆီပြေး၀င်သွားခဲ့ပြီး သူ့မိစ္ဆာဖိနှိပ်တာအိုကို ပိုအားကောင်းလာနေစေခဲ့သည်။

ထို့ကြောင့်လည်း သူသည် တာအိုပိုင်နက်ကိုမမှီခိုဘဲ တာအိုသခင်ကို စိန်ခေါ်ခဲ့ခြင်း ဖြစ်၏။ သူ့ရည်ရွယ်ချက်က မိစ္ဆာများမပါသော သူ့စွမ်းအားကို စမ်းသပ်ရန် ဖြစ်သည်။

သူ့မိစ္ဆာဖိနှိပ်တာအိုသာ ပိုသန်မာလာမည်ဆိုလျှင် သူသည် ဒုတိယကောင်းကင်ကပ်ဘေးကိုတောင့်ခဲနိူင်မည်ဖြစ်ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

သို့သော်ထိုနေရာတွင် ပြဿနာကြီးတစ်ခုရှိနေခဲ့၏။

မိစ္ဆာပညာရပ်များကို ကျင့်ကြံပြီးနောက် မိစ္ဆာအတုဆယ်ကောင်က အရင်ကထက် များစွာပိုပြီး သန်မာလာခဲ့သည်။

ချင်းယွင်ကျိ သူတို့ကို အပြည့်အ၀ဖိနှိပ်ထားဖို့ ယုံကြည်ချက်မရှိတော့ပေ။

ထို့အပြင် သူသာ ကပ်ဘေးဖြတ်ကျော်ပြီးသွားလျှင် မိစ္ဆာများက ပိုပြီးပင် အားကောင်းလာပေဦးမည်။

ထိုအချိန်တွင် သူမိစ္ဆာများကိုမဖိနှိပ်နိုင်တော့လျှင် သူ့တာအိုပြိုကွဲသွားမည်ဖြစ်ပြီး မိစ္ဆာများကလည်း အစစ်အဖြစ်ပင် ပြောင်းလဲသွားနိုင်ချေရှိ၏။

ထို့ကြောင့် သူ့ကျင့်ကြံခြင်းက နောက်ကပ်ဘေးကိုဖြတ်ကျော်ဖို့ အဆင်သင့်ဖြစ်နေလျှင်တောင် သူက သူ့တာအိုကိုပိုအားကောင်းလာစေရန် အားထုတ်နေသေးခြင်း ဖြစ်သည်။

သူထိုတာအိုကို ပိုမိုဖွံ့ဖြိုးအားကောင်းလာစေလိုသေးသည်။

ထိုကိစ္စများအပြင် သူ့အားလပ်ချိန်များ၌ သူသည် အမတသန့်စင်‌အမွှေးတိုင်အိုး၏ ပေါင်းစပ်ခြင်းတာအိုသန့်စင်ခြင်းလုပ်ငန်းစဉ်၌ ကူညီရသေး၏။

ထို့‌ေကြာင့် သူအလွန်အလုပ်ရှုပ်နေခဲ့လေသည်။

All Chapters