← Chapters

အခန်း (၃၉၅-၃၉၆)

Vol. 38 Ch. 395-396

အခန်း (၃၉၅-၃၉၆)

Vol. 38 Ch. 395-396

အပိုင်း(၃၉၅)

မိစ္ဆာကပ်ဘေးကို ဘယ်သူမှ မယုံဘူး

အဇူရာတိမ်ဂိုဏ်းမှထွက်လာပြီးနောက် ယိလင်နှင့်ကောင်းကင်နှလုံးသားကျွန်းမှလူများ ၀မ်လင်းဂိုဏ်းဆီ ရောက်ရှိလာခဲ့ကြသည်။

ယိလင်အစကတော့ ကောင်းကင်နှလုံးသားကျွန်း၏ကိုယ်စားလှယ်တစ်ယောက်အနေနှင့် ကျိုးရွှမ်ရှန်းကို ကိုယ်တိုင်တွေ့လိုသော်လည်း သူမသည်ဂျူနီယာတစ်ယောက်သာ ဖြစ်သောကြောင့် တွေ့ခွင့်မရခဲ့ပေ။

နောက်ဆုံးတွင် သူတို့ကိုအဖော်ပြုလာခဲ့သော တာအိုပေါင်းစည်းခြင်းအဆင့်ကြောင့် ကျိုးကျွင်းချန်က သူတို့ကို လက်ခံတွေ့ဆုံခဲ့သည်။

တွေ့တွေ့ချင်းပင် ယိလင် သူမမြင်တွေ့ခဲ့သော ရှေ့ဖြစ်အကြောင်း ပြောပြလိုက်၏။

“စီနီယာကျိုး ကပ်ဘေးကြီးတစ်ခုလာတော့မယ်ဆိုတာ သေချာတယ် ကျွန်မအာရုံက ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး

ကျွန်မအဇူရာတိမ်ဂိုဏ်းဆီသွားပြီးပြီ သူတို့ကလည်း မိစ္ဆာတွေထပ်ဆင်းသက်လာမှာလို့ ယူဆထားကြတယ်

ကျွန်မတို့တွေ အဲ့ဒီအတွက် ပြင်ဆင်ထားကြရမယ်”

ကျိုးကျွင်းချန် လှောင်ပြောင်လိုက်သည်။

“အဇူရာတိမ်ဂိုဏ်းကိုယ်တိုင်က မိစ္ဆာကပ်ဘေးပဲလေ အဇူရာတိမ်ဂိုဏ်းအပြင် ကမ္ဘာပေါ်က ဘယ်နေရာမှာများ မိစ္ဆာရှ်ိလို့လဲ

ပြီးတော့ သူတို့မှာရှိတာ တစ်ကောင်နှစ်ကောင်တောင်မဟုတ်ဘူး ၁၅ ကောင်ရှိတာ

အဲ့ဒီမိစ္ဆာတွေကို ချက်ချင်းဖျက်ဆီးပစ်သင့်ကြောင်း ငါတို့အဇူရာတိမ်ဂိုဏ်းကို ပြောပြီးသွားပြီ ဒါပေမယ့် ဘယ်သူမှ နားမထောင်ခဲ့ဘူး”

ယိလင်‌ရှင်းပြလိုက်၏။

“ကျွန်မကလက်ရှိမိစ္ဆာတွေအကြောင်းပြောနေတာမဟုတ်ဘူး ထပ်ရောက်လာမယ့်မိစ္ဆာတွေအကြောင်းပြောနေတာ”

“ဒါက အဇူရာတိမ်ဂိုဏ်းရဲ့ နောက်ထပ်လှည့်ကွက်တစ်ခုပါ မင်းတို့က အဲ့တာကိုယုံနေတာလား” ကျိုးကျွင်းချန် အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

“တကယ်လို့ မိစ္ဆာတွေလာမယ်ဆိုရင်တောင် အနာဂတ်ကပ်ဘေးအားလျော့သွားအောင် ငါတို့က အရင်ဆုံး အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကို ဖျက်ဆီးပစ်သင့်တာ မဟုတ်လား

တကယ်လို့ အနာဂတ်မှာ မိစ္ဆာတွေထပ်ဆင်းသက်လာပြီး အဇူရာတိမ်ဂိုဏ်းမှာလည်း ၁၅ ကောင်ရှိနေဦးမယ်ဆိုရင် အဲ့ဒီအခါ လူသူတွေ ဘယ်လောက်တောင် သေကြေပျက်ဆီးလိုက်ကြမလဲ

အထူးသဖြင့် အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေဘက်မှာ ရှိနေတဲ့အခါမျိုးမှာပေါ့ သူတို့သစ္စာဖောက်မှုက ပိုအန္တရာယ်ကြီးတယ်

အရမ်းနောက်ကျမသွားခင် ငါတို့အားလုံးပူးပေါင်းပြီး အဇူရာတိမ်ဂိုဏ်းကို အရင်ရှင်းပစ်သင့်တယ်”

ယိလင်ကြောင်သွားခဲ့သည်။

သူမသည် မိစ္ဆာများအကြောင်းသတိပေးရန်လာခဲ့ခြင်းဖြစ်သော်လည်း ၀မ်လင်းဂိုဏ်းကတော့ သူမကို အဇူရာတိမ်ဂိုဏ်းကိုဖျက်ဆီးပစ်ဖို့သာ သွေးဆောင်နေခဲ့၏။

အဆုံးသတ်တွင်တော့ ယိလင် ကြောင်တောင်တောင်သာ ဖြစ်ကျန်ခဲ့ရသည်။

ဘယ်သူမှသူ့ကိုမယုံခဲ့သလို အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ရာတွင် ကူညီဖို့ ငြင်းဆန်ခဲ့ခြင်းကြောင့် ကျိုးကျွင်းချန်က သူမကိုပင် လှောင်ပြောင်ခဲ့သေးသည်။

ကောင်းကင်နှလုံးသားကျွန်းမှ ကာကွယ်သူ ၀မ်ချင်း သက်ပြင်းချလိုက်လေသည်။

“၀မ်လင်းဂိုဏ်းက အဇူရာတိမ်ဂိုဏ်းကို သူတို့ထာ၀ရရန်သူအဖြစ် သတ်မှတ်ပြီးသွားပြီ ဘယ်တော့မှ ငါတို့ကိုယုံကြည်တော့မှာ မဟုတ်ဘူး”

ယိလင်မျက်မှောင်ကြုံ့ပြီးနောက် ပြောလိုက်၏။

“မဟာနှင်းတောင်တန်းကို ဆက်သွားကြတာပေါ့”

“အဓိပ္ပာယ်ရှိမှာ မလို့လား” ၀မ်ချင်း မေးလိုက်သည်။

ယိလင် အကူအညီမဲ့စွာ ပြုံးလိုက်၏။

“ရှိရှိမရှိရှိ ကျွန်မက အနာဂတ်ကိုမြင်ပြီးပြီဆိုတော့ သူတို့ကို သတိပေးဖို့ တာ၀န်ရှိနေပြီလေ

တကယ်လို့ ဘယ်သူမှပြင်ဆင်မထားဘဲ ကပ်ဘေးကြီးကလည်း တကယ်ကျရောက်လာခဲ့ရင် မရေတွက်နိုင်တဲ့ သက်ရှိတွေ သေဆုံးသွားနိုင်တယ်”

“ဒါပေမယ့် ငါတို့ကဘာလုပ်ပေးလို့ ရမှာမလို့လဲ” ၀မ်ချင်း ခေါင်းခါလိုက်လေသည်။

“ကောင်းကင်နှလုံးသားကျွန်းက ပင်လယ်ထဲမှာ သီးခြားတည်ရှ်ိနေတာ သူတို့အသက်နဲ့သေဆုံးခြင်းက ငါတို့နဲ့ဘာမှမဆိုင်ဘူး

ပြီးတော့ ၀မ်လင်းဂိုဏ်းလိုပဲ အခြားဂိုဏ်းတွေကလည်း ငါတို့သတိပေးတောင်ယုံကြမှာမဟုတ်ဘူး”

ယိလင် ညင်သာစွာပြန်ပြောလိုက်၏။

“တကယ်လို့ ကောင်းကင်ကကျွန်မကို အနာဂတ်ကိုမြင်ခွင့်ပေးထားခဲ့ရင် အဲ့ဒီနောက်ကွယ်မှာ အကြောင်းပြချက်တစ်ခုလည်း ရှိနေမှာပဲ

သူတို့ယုံတာမယုံတာက သူတို့ရွေးချယ်မှုပါ ဒါပေမယ့် သတိပေးရမှာကတော့ ကျွန်မတာ၀န်ပဲ

ဒီလိုဖြစ်ရပ်မျိုးကို မြင်ပြီးတာတောင် မပြောဘဲနေမယ်ဆိုရင် ကျွန်မတာအိုက ဘာဖြစ်သွားမလဲ

အခြားသူတွေကို မိစ္ဆာကပ်ဘေးအကြောင်း သတိပေးတယ်ဆိုတာကလည်း ကျွန်မတာ၀န်ရဲ့ တစ်စိတ်တစ်ပိုင်း ပါပဲလေ”

၀မ်ချင်း သူမနှင့်ဆက်ငြင်းမနေတော့ပေ။

တခရပ်လိုက်ပြီးနောက် သူ‌ေမး

းလိုက်၏။

“ဆိုတော့ မင်းကတကယ်ကြီး ကျန်းယန်ကိုယုံတယ်ပေါ့ သူပြောသလို တကယ်ပဲ မိစ္ဆာတွေထပ်ဆင်းသက်လာလိမ့်မယ်လို့ ထင်လား”

“အဲ့တာက အရမ်းဖြစ်နိုင်ချေရှိတယ်လို့ ကျွန်မထင်တယ်” ယိလင်လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။

“အဲ့တာက ကျွန်မကျန်းယန်ကိုယုံလို့မဟုတ်ဘူး

မိစ္ဆာတွေရဲ့ မူလရည်ရွယ်ချက်ကို အခုထိ ရှင်းရှင်းလင်းလင်း နားမလည်သေးလို့ပဲ

လွန်ခဲ့တဲ့နှစ်၁၀၀၀တုန်းက သူတို့ဆင်းသက်လာခဲ့ပြီးတော့ နောက်တော့ အဇူရာတိမ်ဂိုဏ်းရဲ့ဖိနှိပ်တာကို ခံလိုက်ရတယ်

အဲ့တာက သူတို့တာ၀န်မပြီးမြောက်သေးဘူးလို့ ဆိုလိုနေတယ်

ပြီးတော့ သူတို့တာ၀န်မပြီးမြောက်သေးဘူးဆိုရင်….နောက်ထပ်မိစ္ဆာတွေပြန်လာနိုင်သေးတဲ့ အခြေအနေရှိနေတယ်”

ယိလင်ရုတ်တရက်ရယ်မောလိုက်၏။

“မိစ္ဆာတွေက အဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးချင်ရုံသက်သက် ဒါမှမဟုတ် အဇူရာတိမ်ဂိုဏ်း ချိတ်ပိတ်တာကိုခံချင်ရ‌ံုသက်သက်နဲ့ဆင်းသက်လာတာ မဟုတ်ဘူးဆိုရင်ပေါ့”

သူမပင် ထိုရှင်းပြချက်က အတော်လေးရူးကြောင်ကြောက်နိုင်သည်ဟု ခံစားရသည်။

၀မ်ချင်းသက်ပြင်းချလိုက်၏။ “မင်းဆုံးဖြတ်ပြီးပြီဆိုမှတော့ မဟာနှင်းတောင်တန်းဆီသွားကြတာပေါ့”

သူမတာ၀န်က ယိလင်အန္တရာယ်ကင်းအောင် စောင့်ရှောက်ဖို့သာ ဖြစ်ပေသည်။

ထို့ကြောင့် သူတို့အဖွဲ့သည် တောင်ပိုင်းမှ မြောက်ပိုင်းဆီသို့ လီပေါင်းများစွာဖြတ်သန်းကာ ခရီးဆက်ခဲ့ကြ၏။

မဟာနှင်းတောင်ဂိုဏ်းတွင်လည်း မဟာနှင်းတောင်အကြီးအကဲကိုယ်တိုင်ပေါ်လာခြင်း မဟုတ်ခဲ့ပေ။ သူ့အစား လန်ချင်းဖုန်းနှင့်ဝာာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်က သူတို့ကို လက်ခံတွေ့ဆုံခဲ့လေသည်။

ထုံးစံအတိုင်းပင် ယိလင်က မိစ္ဆာကပ်ဘေးအကြောင်း သတိပေးခဲ့၏။

မဟာနှင်းတောင်ဂိုဏ်း၏ တုန့်ပြန်မှုက ၀မ်လင်းဂိုဏ်းထက်ပိုတည်ငြိမ်သော်လည်း သူတို့လည်း ထိုကိစ္စကို အတည်မယူကြပေ။

သူတို့မျက်လုံးထဲတွင် မိစ္ဆာကပ်ဘေးသာထပ်ဖြစ်လာမည်ဆိုလျှင် ထိုအရင်းအမြစ်က အဇူရာတိမ်ဂိုဏ်းဆီကလာခြင်းသာ ဖြစ်ရမည်ဟု တွေးထင်နေခဲ့ကြသည်။

မိစ္ဆာများထပ်ဆင်းသက်လာမည်ဆိုသော အယူကတော့ အခြေမဲ့လွန်းလှ၏။

အဘယ်ကြောင့် မိစ္ဆာများက ထပ်ဆင်းသက်လာရပါမည်နည်း။

ဘယ်သူကမှ မိစ္ဆာများနှင့် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို ဆက်စပ်မတွေးမိကြပေ။ နောက်ဆုံးတွင် နှစ်သုံးထောင်ကြာသည်ထိ ထိုနေရာ၌ မိစ္ဆာအရိပ်အယောင်တစ်ခါမှ ပေါ်မလာဖူးဘူး မဟုတ်ပါလော။

မပွင့်သေးသော ခန်းမကြီးအကြောင်းကိုတော့ သူတို့တွင် လုံလောက်သောခွန်အားမရှိ၍ ဒါမှမဟုတ် မှန်ကန်သောနည်းစနစ်မရှိ၍ဟုသာ ယူဆထားခဲ့ကြသည်။

ထို့ကြောင့် ယိလင်လည်း စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့ရပြန်၏။

သူမ‌ေနာက်ပစ်မှတ်က ရှို့ယိဘုရားကျောင်းဖြစ်ခဲ့ပြီး ရလဒ်ကတော့ အတူတူပင်။

လန်ကျားအထွတ်အမြတ်မြေတွင်သာ သူမအတွက် အနည်းငယ်ပိုကောင်းသော ရလဒ်ထွက်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျောင်းတော်သားပညာရှိများဖြစ်သောကြောင့် သူမကိုအတင်းကာရောငြင်းရမည့်အစား သူမစကားကို လေးလေးနက်နက်ဖြင့် နားထောင်ပေးခဲ့ခြင်းကြောင့် ဖြစ်၏။

သို့သော် ယိလင်အတွက် ထိုမျှက လုံလောက်မနေသေးပေ။

သူမဆက်လက်ခရီးဆက်လာခဲ့ပြီး တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း လိုက်သတိပေးနေခဲ့သည်။

ထိုစဉ် အဇူရာတိမ်ဂိုဏ်း၌ အားကောင်းသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

အဇူရာတိမ်မြို့ထဲရှိလူတိုင်း အလျင်အမြန်ပင် အဇူရာတိမ်ဂိုဏ်း၌ တစ်ယောက်ယောက် တာအိုပေါင်းစည်းခြင်းအဆင့်ရောက်သွားပြန်ပြီဖြစ်မှန်း သိရှိသွားခဲ့ကြ၏။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ချက်ချင်း စိတ်လှုပ်ရှားကုန်ကြသည်။

ဤအဖြစ်အပျက်က သူတို့အတွက် အခွင့်အရေးတစ်ခုရောက်လာပြန်ပြီဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

များစွာသောကျင့်ကြံသူများက အဇူရာတိမ်ဂိုဏ်း‌ထုတ်ပြန်မည့်အချိန်ကိုစောင့်ရင်း လက်ဆောင်များ စတင်ပြင်ဆင်ကြလေတော့သည်။

ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်း၌ စားသောက်ပွဲကျင်းပခြင်းဆိုသည်မှာ သူတို့အတွက်အခွင့်ထူးကြီးတစ်ခုဖြစ်မှန်း လူတိုင်းနားလည်နေခဲ့ကြချေပြီ။

စုတ်ချက်တောင်ထွတ်တွင် ချင်းယွင်ကျိ လင်းယွင်ကျိ

တန်ချန်ကျိနှင့်ကျန်းယန်တို့ တံခါးပိတ်ကျင့်ကြံနေသူထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြ၏။

ဤတစ်ခေါက် အဆင့်ချိုးဖြတ်နိုင်ခဲ့သူက ဟွာလင်းကျိ ဖြစ်သည်။

လူတိုင်းသူ့ကိုမြင်လိုက်ရသည်နှင့် သူ့ပတ်ပတ်လည်တွင် နိယာမများက သဘာ၀အတိုင်းရစ်သိုင်းနေပြီး အဆောင်ကဗ္ဗည်းများအလိုလိုထုတ်လွှတ်နေသော မြင်ကွင်းကိုပါ မြင်လိုက်ကြရ၏။

“ဆရာဦးလေး ၅” ကျန်းယန် ပျော်ရွှင်စွာအော်ခေါ်လိုက်လေသည်။

“ဆရာဦးလေးရဲ့ အဆောင်ကဗ္ဗည်းတာအိုက အရမ်းမိုက်တာကို အားလုံး သိပါပြီ အဲ့လောက်ကြီးထုတ်ကြွားနေဖို့ မလိုပါဘူးဗျာ”

ထိုအခိုက်တွင်ဟွာလင်းကျိပုံစံက အတော်လေး လေးစားစရာ ကောင်းနေခဲ့၏။

သူ့ပုံစံက ဝဲပျံ‌ေနသည့် အဆုံးမဲ့သောအဆောင်ကဗ္ဗည်းများကြားထဲတွင် လမ်းလျှောက်နေသောလူတစ်ယောက်နှင့်ပင် တူနေခဲ့လေသည်။

အပိုင်း(၃၉၆)

တစ္ဆေအဆောင်များ

ဟွာလင်းကျိကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့စီနီယာများကို နှုတ်ဆက်လိုက်လေသည်။

ချင်းယွင်ကျိ ပြုံးပြလိုက်၏။

“မင်းအဆောင်တာအိုက အတော်လေးအံ့ဩစရာကောင်းတာပဲ”

လင်းယွင်ကျိနှင့်တန်ချန်ကျိတို့လည်း သူ့ကိုထူးဆန်းစွာ ကြည့်လိုက်ကြသည်။

“မင်းအဲ့ဒီအဆောင်တွေအားလုံးကို မဖိနှိပ်ရသေးဘူးလား”

သူ့ပတ်ပတ်လည်တွင်ပေါ်နေသော အဆောင်များက အတော်လေးအံ့ဩစရာကောင်းသော်လည်း ရှင်းလင်းစွာပင် ထိုအရာများက သူ့အတွက်သက်တောင်သက်သာဖြစ်နေပုံတော့ မပေါ်ပေ။

“ကျွန်တော့်ကျင့်ကြံခြင်းကို တည်ငြိမ်အောင်မလုပ်ရသေးဘူး အစ်ကိုကြီးတို့ အပြင်မှာစောင့်နေတာကိုခံစားမိလို့ ဒီတိုင်းထွက်လာလိုက်တာ

ကျွန်တော့်ကျင့်ကြံခြင်းတည်ငြိမ်သွားမှ ဒီအဆောင်တွေကို ထိန်းချုပ်လိုက်နိုင်မှာ

ပြီးတော့ ကျွန်တော်အဆင့်ချိုးဖြတ်ပြီးတာတောင် စိတ်လှုပ်ရှားနေတုန်းပဲ ကျန်းယန်က ကျွန်တော့်ကို စိတ်အတွေးအဆောင်ပညာရပ် ဆိုတဲ့ပညာရပ်တစ်ခုပေးထားတယ်လေ အဲ့ဒိပညာရပ်က အ‌ေတွးတစ်ချက်နဲ့တင် အဆောင်ကဗ္ဗည်းတွေပေါ်လာအောင် လုပ်လို့ရတယ် အဲ့တာကြောင့် အခုလိုဖြစ်နေတာ”

ချင်းယွင်ကျိ ခပ်ဟဟရယ်မောလိုက်လေသည်။

“မင်းဟာမင်း ကျင့်ကြံခြင်းကိုတည်ငြိမ်အောင်အရင်လုပ်လိုက်ပါဦး ကဲ တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်ကွာ”

တန်ချန်ကျိနှင့်လင်းယွင်ကျိတို့လည်း သူ့ကိုဂုဏ်ပြုလိုက်ကြ၏။

ကျနး်ယန်ရှေ့တက်လာကာ ပြုံးဖြီးဖြီးလုပ်လိုက်ပြီး

“ဆရာဦးလေး ၅ ဂုဏ်ပြုပါတယ်”

ဟွာလင်းကျိမျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။

“ဂျူနီယာတစ်ယောက်ဆီက ဂုဏ်ပြုစကားနည်းနည်းပဲလား ဒါပဲလား”

ကျန်းယန်ချက်ချင်းလက်ဆောင်တစ်ခုကို ဆန်းကြယ်စွာထုတ်လိုက်ပြီး

“ဆရာဦးလေး လုံး၀ကြိုက်သွားစေရမယ့်လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်ဗျာ”

သူသူ့လက်ထဲသို့ စုတ်တံတစ်ချောင်း ထည့်ပေးလိုက်၏။

“သူတော်စင်သခင်ရဲ့ နဂါးလမ်းညွှန်စုတ်တံ အဆင့် ၃ စိတ်ဝိညာဉ်ရတနာတစ်ခု သူကအဲ့တာကို နှစ်၈၀၀တောင် ပျိုးထောင်ထားခဲ့တာ ပြီးတော့ အထဲမှာလမ်းမှန်လမ်းစဉ်စွမ်းအားတောင် ပါသေးတယ်ဗျာ အဆောင်တွေဆွဲဖို့ အပြီးပြည့်စုံဆုံးပဲ”

ဟွာလင်းကျိ အားရပါးရရယ်မောလိုက်လေသည်။

“ကောင်းတယ် ဒီလက်ဆောင်ကငါ့ကိုတကယ်ကျေနပ်စေတာပဲ”

ကျန်းယန်ဆီတွင် အဘယ်ကြောင့် သူတော်စင်သခင်၏စုတ်တံရောက်နေရသလဲဆိုတာပင် သူမမေးခဲ့ပေ။

ကျန်းယန် အပြစ်ကင်းစွာ ပြုံးလိုက်၏။

“ဆရာဦးလေး လက်ဆောင်ကြောင့်ပျော်ရတယ်မလား”

“အရမ်းပျော်တယ်”

“ကောင်းတယ် ဆရာဦးလေးတာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားပြီဆိုမှတော့ ကျွန်တော်တို့ကျိန်းသေပေါက် ပွဲကျင်းပသင့်တာပေါ့ ကျွန်တော် ဂုဏ်ပြုစားသောက်ပွဲအတွက် ဖိတ်ကြားဖို့ သွားပြင်ဆင်လိုက်မယ်”

ဟွာလင်းကျိအပြုံးကချက်ချင်း တောင့်တင်းသွားခဲ့သည်။

ချင်းယွင်ကျိ တန်ချန်ကျိနှင့်လင်းယွင်ကျိတို့ကတော့ တိတ်တဆိတ်လှည့်ထွက်သွားခဲ့ကြပြီး ထိုကိစ္စအကြောင်း သူတို့မဆွေးနွေးလိုကြပေ။

ဟွာလင်းကျိတစ်ယောက်တည်းသာ ကျန်းယန်ကို အားတင်း၍ ပြုံးပြလိုက်ပြီး

“ဒါလေးက တာအိုပေါင်းစည်းခြင်းအဆင့် ရောက်သွားရုံလေးပါပဲ ပွဲကျင်းပဖို့ မတန်ဘူးမလား ငါကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်မှ ကျင်းပရင်ရော”

ကျန်းယန်လေးလေးနက်နက်ပြောလိုက်၏။

“မြို့ထဲမှာ ဆရာဦးလေးကိုလက်ဆောင်ပေးဖို့ စောင့်နေကြတဲ့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေ အများကြီးရှိနေတယ်ဗျ

ဆရာဦးလေးဂုဏ်ပြုစားသောက်ပွဲကျင်းပလိုက်တာနဲ့ လက်ဆောင်တွေက တောင်လိုပုံသွားမှာ ဘာလို့အခုလိုအခွင့်အရေးကြီးကို ဖြုန်းတီးပစ်ရမှာလဲ”

ဟွာလင်းကျိမျက်နှာ‌ဖြူဖျော့သွားခဲ့သည်။

ထိုအခိုက်တွင် သူ့ကိုယ်သူ ကျင့်ကြံသူများစွာဆီက လက်ဆောင်တောင်းဖို့ကြံနေသော သူဖုန်းစားတစ်ယောက်လို ခံစားလိုက်ရလေသည်။

ပိုဆိုးသည်မှာ သူတောင်းဖို့ကြံနေသည်က ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများထံမှ ဖြစ်နေခဲ့၏။

သူ့ဂုဏ်သိက္ခာတစ်ခုလုံးကတော့ မြောင်းထဲရောက်သွားချေပြီ။

ကျန်းယန်ကတော့ အားလုံးကိုမသိချင်ယောင်ဆောင်ထားပြီး ပွဲစီစဉ်ဖို့ ထွက်သွားခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် အဇူရာတိမ်ဂိုဏ်းက သူတို့ဂိတ်တံခါးကို နောက်တစ်ကြိမ်ဖွင့်လှစ်လိုက်ပြန်၏။

မရေတွက်နိုင်သောကျင့်ကြံသူများက များစွာသော လက်ဆောင်များကိုသယ်ဆောင်ကာ ထိုဂိတ်တံခါးမှ ၀င်လာခဲ့ကြသည်။

သို့သော် ဟွာလင်းကျိအံ့အားသင့်သွားရသည်မှာ ထိုကျင့်ကြံသူတိုင်းသည် လက်ဆောင်ပေးရတာကို ပျော်နေပုံပေါက်နေသောကြောင့် ဖြစ်၏။

သောင်းချီသောကျင့်ကြံသူများ လေ့ကျင့်ရေးကွင်းတွင်ပြည့်သွားသောအခါ ကျန်းယန် ဟွာလင်းကျိကို သင်ခန်းစာပို့ချဖို့ ဖိတ်ခေါ်လိုက်လေသည်။

ထိုအခါမှ ဟွာလင်းကျိ သူလှည့်စားခံလိုက်ရမှန်း နားလည်သွားခဲ့၏။

ဒီခွေးကောင်လေးကတော့!

ကျန်းယန်ကိုကြိတ်၍ ကျိန်ဆဲပြီးနောက် သူစင်ပေါ်တက်ကာ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများအား စတင် သင်ခန်းစာပို့ချလေတော့သည်။

လင်းယွင်ကျိ၏ဓားတာအို တန်ချန်ကျိ၏အဂ္ဂိရတ်တာအိုနှင့်ယှဉ်လျှင် ဟွာလင်းကျိ၏ အဆောင်ကဗ္ဗည်းတာအိုက သာမန်ကျင့်ကြံသူများအတွက် ပိုသင့်တော်၏။

နောက်ဆုံးတွင် အထူးဓားများ ဆေးပင်များဆိုတာက ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်အနေနှင့် ရရှိဖို့ မလွယ်သောအရာများ ဖြစ်ကြသည်။

သို့သော် အဆောင်ကဗ္ဗည်းများရေးဆွဲဖို့ကတော့ အဓိကလိုအပ်သည်မှာ စိတ်ဝိညာဉ်စွမ်းအင်နှင့်သဘာ၀နိယာမများသာ ဖြစ်သောကြောင့် သူတို့အတွက်မခက်လှပေ။

ဟွာလင်းကျိရက်ရောစွာပင် ကောင်းကင်နှင့်မြေပြင်၏စွမ်းအင်များကို အသေးစိတ်လေ့လာခြင်း စာအုပ်ထဲမှ အချက်များကို ဟောပြောပေးနေခဲ့၏။

ရလဒ်ကတော့ အံ့မခန်းပင်။

သူ့ဟောပြောချက်ပြီးသောအခါ များစွာသော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ချက်ချင်း အဆင့်ချိုးဖြတ်ကုန်ကြသည်။

လူအုပ်ကြီးက အဇူရာတိမ်ဂိုဏ်းကို ကျေးဇူးတင်စိတ်များအပြည့်ဖြင့် အဇူရာတိမ်မြို့ဆီ ပြန်သွားခဲ့ကြ၏။

အချို့က ချက်ချင်းတံခါးပိတ်ကျင့်ကြံခြင်း၀င်သွားကြပြီး အချို့ကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်များထဲပြန်သွားကာ အချို့ကတော့ နေ့စဉ်လုပ်စရာများကို သွားပြန်လုပ်နေခဲ့ကြသည်။

အားလုံးပြန်သွားမှာ ဟွာလင်းကျိ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ပြီး ကျန်းယန်ကို ပြောလိုက်၏။

“ကောင်စုတ်လေး မင်းကငါ့ကိုသုံးပြီး လူထုကိုသိမ်းသွင်းဖို့ လုပ်နေတာမဟုတ်လား ငါ့မှာလန့်လို သေတော့မယ် ဘယ်လိုလဲ အလုပ်ဖြစ်ရဲ့လား”

“ဆရာဦးလေး ၅” ကျန်းယန်ယုံကြည်မှုရှိစွာ ပြောလိုက်လေသည်။

“ဆရာဦးလေးအခြားအရာအားလုံးကိုသံသယဖြစ်လို့ရတယ် ဒါပေမယ့် လူတွေရဲ့နှလုံးသားကို သိမ်းသွင်းတဲ့နေရာမှာတော့ ကျွန်တော်က ဆရာဦးလေးထက် အများကြီးပိုတော်တယ်

အနှေးနဲ့အမြန်ပဲ အဲ့ဒီခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေက အဇူရာတိမ်မြို့သားတွေ ဖြစ်လာကြလိမ့်မယ်”

ထို့နောက် ကျန်းယန် ရုတ်တရက်ဆက်ပြောလိုက်သည်။

“အို့ ဟုတ်သားပဲ အခုတာအိုပေါင်းစည်းခြင်းအဆင့်ရောက်သွားပြီဆိုတော့ ကျွန်တော့်ကို အဆောင်ကဗ္ဗည်းတွေ ဆက်သုတေသနလုပ်ပေးဦး

ကျွန်တော်က အဇူရာတိမ်မြို့ကို ဘယ်တော့မှမအိပ်တဲ့မြို့ဖြစ်စေချင်တာ အဲ့တာကြောင့် အလင်းပြဿနာကို ဖြေရှင်းဖို့လိုတယ်”

“နေပါဦး” ဟွာလင်းကျိခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။

သူသည်အဘယ်ကြောင့် ကျန်းယန်၏အလုပ်သမား ထပ်ဖြစ်သွားရပြန်ပါသနည်း။

သူအလျင်အမြန်ပင် သူ့အသံကိုနှိမ့်လိုက်ပြီး ဆန်းကြယ်စွာ ပြောလိုက်၏။

“အချို့အဆောင်တွေကို ငါတာအိုပေါင်းစည်းခြင်းအဆင့်ရောက်မှ ဆွဲနိုင်မှာလို့ ငါမင်းကိုပြောဖူးတယ်မဟုတ်လား

အခုငါအဆင့်ချိုးဖြတ်ပြီးသွားပြီဆိုတော့ ငါတို့တွေ တစ်ခုလောက် စမ်းဆွဲသင့်လား”

ကျန်းယန် မျက်လုံးများ တောက်ပသွားခဲ့သည်။

“အဆောင်သုံးခုထဲက ဘယ်တစ်ခုလဲ”

ဟွာလင်းကျိ ရယ်ကျဲကျဲလုပ်လိုက်၏။

“အဝါရောင်စမ်းချောင်းလမ်းပြအဆောင်

အဲ့တာက လက်ရှိငါဆွဲနိုင်တဲ့ တစ်ခုတည်းသောအဆောင်ပဲ

ငါသေချာ နားမလည်သေးပေမယ့် အဲ့ဒီစွမ်းအားက အရမ်းကြောက်စရာကောင်းတာကို ငါခံစားမိတယ်

ငါတို့တွေ စမ်းသပ်ပြီးမှပဲ သေချာသိနိုင်လိမ့်မယ်”

ကျန်းယန် စိတ်လှုပ်ရှားစွာခေါင်းငြိမ့်လိုက်ပြီးနောက် ခေါင်းကိုပြန်ခါလိုက်ပြန်သည်။

“မဖြစ်သေးဘူး ဂိုဏ်းထဲမှာလုပ်လို့မဖြစ်ဘူး

တစ်ခုခုမှားသွားရင် ဆရာက ကျွန်တော်တို့ဂိုဏ်းကိုဖျက်ဆီးနေပြန်ပြီလို့ ပြောလိမ့်မယ်”

ထိုအဆောင်များသည် တစ္ဆေအဆောင်များဖြစ်သောကြောင့် ပေါ့ပေါ့တန်တန်းစမ်းသပ်၍ မရနိုင်မှန်း သူသိပေသည်။

“ဒီမှာခဏစောင့်နေ” ကျန်းယန်ပြောလိုက်၏။

“ကျွန်တော်မိစ္ဆာ ၂ယောက်ကို သွားခေါ်လာခဲ့မယ် ကျွန်တော်တို့တွေ အဇူရာတိမ်ကုန်းမြေတိုက်ကြီးအပြင်မှာ စမ်းသပ်ကြမယ်”

ဟွာလင်းကျိ ကြက်သီးထသွားခဲ့သည်။

ဘေးနားတွင်မိစ္ဆာနှစ်ကောင်ကိုထားပြီး တစ္ဆေအဆောင်ကိုစမ်းသပ်ခြင်းဆိုသည်မှာ ေတွးကြည့်ရုံနှင့်ပင် ကြက်သီးထစရာကောင်းလှသည်။

သို့သော် ယခုအခါသူ့တွင်တာအိုပိုင်နက်ရှိနေပြီဖြစ်သောကြောင့် မိစ္ဆာစွမ်းအင်ကိုတော့ ခံနိုင်လောက်၏။

မကြာခင်တွင် ကျန်းယန် မိစ္ဆာနှစ်ယောက်ကို တိတ်တဆိတ်ခေါ်ဆောင်လာခဲ့သည်။

ထို့နောက်တွင်တော့ သူတို့နှစ်ယောက် တစ္ဆေအဆောင်ကိုစမ်းသပ်ရန် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှ ခိုးထွက်လာခဲ့ကြ၏။

All Chapters