← Chapters

အခန်း (၅၅၂-၅၅၃)

Vol. 37 Ch. 552-553

အခန်း (၅၅၂-၅၅၃)

Vol. 37 Ch. 552-553

အခန်း ၅၅၂ အင်ပါယာတစ်ခုလုံးကို ကိုင်လှုပ်သော ပါရမီရှင်

မူလင်းယွဲ့သည် သူမ၏ စင်မြင့်ထက်တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

သူမ၏ လက်ဖဝါးပေါ်ရှိ ဆေးလုံးလေးသည် တည်ငြိမ်အေးချမ်းစွာ တောက်ပနေ၏။

သူမသည် ပိုင်ကျီဟန် ပြောနေသည့် နားမလည်သော စကားများကို ငေးစိုက်ကြည့်နေမိသည်။ အမှန်တော့ သူမသည် စောစောပိုင်းက ဆေးလုံးဖော်စပ်ခြင်းမှတစ်ပါး အခြားအရာများကို အာရုံမစိုက်ခဲ့မိသဖြင့် ဟိုရှန်ယုက မိမိကိုယ်ကို အနိုင်ရရှိသူအဖြစ် ကြိုတင်ကြေညာခဲ့ခြင်းနှင့် ထိုအချက်ကို ပိုင်ကျီဟန်က လှောင်ပြောင်နေခြင်းကို သူမ မသိရှိခဲ့ပေ။

ပိုင်ကျီဟန်က သူတို့ကို ဘာကြောင့် လိုက်လံတိုက်ခိုက်နေသည်ကို သူမ မသိသော်လည်း တားဆီးရန်လည်း စိတ်ကူးမရှိခဲ့ပေ

အကြောင်းမူကား ကြက်သွေးရောင်ဆေးလုံးအင်ပါယာမှ လူများသည် ရည်ရွယ်ချက်ကောင်းဖြင့် ရောက်လာကြခြင်း မဟုတ်သည်ကို ဤနေရာရှိ လူတိုင်း သိကြသောကြောင့်ပင်။

တစ်ဖက်တွင်မူ ဟိုရှန်ယုသည် တစ်ကိုယ်လုံး တောင့်တင်းအေးခဲနေခဲ့သည်။

အရှက်ရမှု ဒဏ်ချက်က သူ့အပေါ် လေးလံစွာ ဖိစီးနေ၏။

ကြက်သွေးရောင်ဆေးလုံး အင်ပါယာဘက်မှ လူများပင် နှုတ်ဆိတ်သွားကြပြီး သူတို့၏ စောစောပိုင်းက မာန်မာနများသည် ယခုအခါ စိတ်မသက်မသာ ဖြစ်ရသည့် လေးလံမှုများဖြင့် အစားထိုးဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ပိုင်ကျီဟန်က သူတို့ကို ဗြောင်ကျကျ စော်ကားအရှက်ခွဲနေသော်လည်း သူတို့ ဘာမျှ မတတ်နိုင်ခဲ့ကြချေ။

လေထုတစ်ခုလုံး မွန်းကျပ်စရာ ကောင်းလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ဟိုကျိုးချန်သည် ရှေ့သို့ တိုးထွက်လာခဲ့သည်။

သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"မူမျိုးနွယ်စုရဲ့ အမျိုးသမီးငယ်လေးက တကယ့်ကို ပါရမီရှင်ပဲ"

သူ၏ အသံသည် တည်ငြိမ်လှပြီး ခန်းမတစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့သည်။

"ကောင်းကင်အင်ပါယာကနေ ဒီလို ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး။ ဒါနဲ့..."

"မင်းရဲ့ အောင်ပွဲအတွက် ဂုဏ်ယူပါတယ်”

စကားလုံး အနည်းငယ်မျှဖြင့် လေထု၏ လားရာကို ပြောင်းလဲပစ်လိုက်သည်။

အာရုံစိုက်မှုများသည် ဟိုရှန်ယု၏ အရှက်ရမှုမှ မူလင်းယွဲ့၏ အောင်ပွဲဆီသို့ ရွှေ့လျားသွားခဲ့သည်။

ယခုအချိန်တွင် သူတို့ မည်သို့ပင် ပြောဆိုပါစေ မိမိတို့၏ အရှက်ရမှုကိုသာ ပိုမိုတိုးပွားစေမည် ဖြစ်ကြောင်း ဟိုကျိုးချန် ကောင်းစွာသိသည်။

ထို့ကြောင့် သူက အကြောင်းအရာကို လွှဲပြောင်းလိုက်ခြင်း ဖြစ်ပြီး မူလင်းယွဲ့၏ အောင်ပွဲဆီသို့ အာရုံပြောင်းပေးလိုက်ခြင်းဖြင့် ပိုင်ကျီဟန်အနေနှင့် ဟိုရှန်ယုကို ဆက်လက် ဖိအားပေးတော့မည် မဟုတ်ကြောင်း သူ သိနေခဲ့သည်။

"တကယ့်ကို မယုံနိုင်စရာပဲ”

"ဒီလောက် အသက်အရွယ်လေးနဲ့... အဆင့်မြင့် အဆင့်-၅ ဆေးလုံးကို ဖော်စပ်နိုင်တာလား၊ သူမက အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ဆေးဖော်စပ်သူ ဖြစ်လာမှာ သေချာတယ်"

"စိတ်ကူးလို့တောင် မရတဲ့ ပါရမီရှင်ပဲ”

"ဒီအောင်ပွဲက ရသင့်ရထိုက်တာထက်ကို ပိုပါတယ်”

ခန်းမတွင်းရှိ လူများ၏ လေသံသည် တစ်ဖန် ပြောင်းလဲသွားပြန်သည်။

တင်းမာမှုများမှသည်

ချီးကျူးအံ့သြမှုများဆီသို့။

စောစောပိုင်းကအတိုင်းပင် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုအရာအားလုံးသည် ဟိုရှန်ယုထံသို့ မဟုတ်ဘဲ မူလင်းယွဲ့ထံသို့သာ ဦးတည်နေခဲ့သည်။

ပိုင်ကျီဟန်သည် ကြည့်ရှုနေရင်း ဟိုကျိုးချန် ဘာလုပ်ရန် ကြိုးစားနေသည်ကို သိသော်လည်း ဝင်ရောက်မတားဆီးခဲ့ပေ။

အမှန်တော့ သူသည် ထိုသူများကို လုံလောက်စွာ အရှက်ခွဲပြီးပြီ ဖြစ်သလို၊ ဆက်လက် ဖိအားပေးနေပါက မူလင်းယွဲ့၏ အောင်ပွဲ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

မူချင်းယွမ်သည် ရှေ့သို့ လှမ်းထွက်လာခဲ့သည်။

ထို့နောက် ပြတ်သားပြီး တည်ငြိမ်သော အသံဖြင့် ကြေညာလိုက်သည်မှာ

"ဘယ်လိုမှ သံသယဖြစ်စရာမလိုဘဲ..."

သူက ခဏမျှ အချိန်ဆိုင်းလိုက်ပြီးနောက်

"ဒီပြိုင်ပွဲရဲ့ အနိုင်ရရှိသူကတော့ မူလင်းယွဲ့ ဖြစ်ပါတယ်”

ထိုအချက်က ရောက်ရှိနေသူတိုင်းအတွက် ရှင်းလင်းထင်ရှားလှသည်။

ယန်ရွဲချန်းသည် ငြိမ်သက်စွာ ရပ်နေပြီး သူ၏ အကြည့်များကို မူလင်းယွဲ့ထံတွင်သာ စိုက်ထားမိသည်။

ယခုအချိန်အထိ သူ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုများ လွှမ်းမိုးနေဆဲပင်။

စောစောပိုင်းက ဟိုရှန်ယု၏ အဆင့်-၅ ဆေးလုံးသည်ပင် သူ့ကို ကူကယ်ရာမဲ့မှု ခံစားချက်ကို ပေးစွမ်းခဲ့ပြီး ဖြစ်သည်။

သို့သော် ထိုသူက ဒေသတစ်ခုလုံးတွင် ကျော်ကြားလှသည့် ပါရမီရှင် ဟိုရှန်ယု ဖြစ်နေ၍ ဖြစ်သည်။

သို့သော် မူလင်းယွဲ့ကမူ...?

သူ့ထက် ပိုမိုငယ်ရွယ်ပြီး

ကျော်ကြားမှုလည်း မရှိလှသူ ဖြစ်သည်။

သူမကို ပြိုင်ဘက်စစ်စစ် တစ်ဦးအဖြစ်ပင် သူ ခဲယဉ်းစွာ သတ်မှတ်ခဲ့ဖူးသည်။

သို့သော် ယခုအခါ သူမသည် ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ။

သူ၏ နှုတ်ခမ်းထက်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းသည် သူ တစ်ခါမျှ မတွေးတောဖူးသည့် မလှမ်းမကမ်း ကွာဟချက်မျိုး ဖြစ်သည်။

သူမ၏ ဘေးတွင်မူ ချီမိန်လင်သည် နှုတ်ဆိတ်နေခဲ့သည်။

သူမ၏ မျက်နှာအမူအရာက အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း သူမ၏ မျက်ဝန်းများကမူ အတွေးများကို ဖော်ပြနေခဲ့သည်။

သူမသည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနှင့် မိမိ၏ ပါရမီအပေါ် အမြဲတမ်း ယုံကြည်မှု ရှိခဲ့သူ ဖြစ်သည်။

သို့သော် ယနေ့တွင်မူ ဤလောကကြီးသည် မည်မျှ ကျယ်ပြောလှကြောင်း သူမ သဘောပေါက်သွားခဲ့ရပြီ။

မူလင်းယွဲ့သည် သူတို့ကို အနိုင်ယူရုံတင်မကဘဲ သူတို့၏ ကြိုးစားအားထုတ်မှုများကိုပါ အဓိပ္ပာယ်မဲ့သွားစေခဲ့သည်။

ထိုနှစ်ယောက်တင်မကပေ။

အခြားသော ပြိုင်ပွဲဝင်များသည်လည်း တိတ်ဆိတ်စွာ ရပ်နေကြသည်။

စောစောပိုင်းက အချို့သူများသည် မိမိတို့ကိုယ်ကို ဂုဏ်ယူနေခဲ့ကြသေးသည်။

မိမိတို့၏ အကန့်အသတ်များကို ကျော်ဖြတ်ကာ ဆေးလုံးများ ဖော်စပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူနေခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ထိုဂုဏ်ယူမှုများသည် အနှစ်မဲ့သွားခဲ့ချေပြီ။

မူလင်းယွဲ့နှင့် နှိုင်းယှဉ်လျှင် သူတို့၏ အောင်မြင်မှုများက ဘာလဲ?

အသက် တစ်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးသည် သူတို့ ရောက်ရှိရန် ကြိုးစားနေဆဲ ဖြစ်သည့် အမြင့်တစ်ခုတွင် ရပ်နေခဲ့ပြီ။

သူတို့တွေ ဒီနှစ်တွေမှာ ဘာတွေလုပ်နေခဲ့ကြတာလဲ?

သူတို့ကို ပါရမီရှင်များဟု ခေါ်ဆိုခဲ့ကြပြီး လူပေါင်း သန်းချီ၍ ချီးကျူးအားကျခဲ့ကြသည်။

သို့သော် ယခုအခါ ထိုဘွဲ့အမည်သည် လှောင်ပြောင်မှုတစ်ခုကဲ့သို့ ခံစားရစေသည်။

အဘယ်ကြောင့်ဆိုသော် မူလင်းယွဲ့နှင့် နှိုင်းယှဉ်လျှင် သူတို့သည် ပျမ်းမျှအဆင့်ပင် မရှိဘဲ ဘာမျှမဟုတ်သည့် အရာများသာ ဖြစ်နေသောကြောင့်ပင်။

မူချင်းယွမ်၏ မျက်နှာထက်တွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။

သူသည် မည်သည့် ဝေခွဲမရမှုမျိုးမျှ မရှိဘဲ ရှေ့သို့ လှမ်းလာကာ သူ၏ လက်အင်္ကျီစကို ဝေ့ယမ်းလိုက်သည်။

ရှုပ်ထွေးလှသော အင်းကွက်များဖြင့် ချိတ်ပိတ်ထားသည့် ကျောက်စိမ်းသေတ္တာ နှစ်လုံး သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

ထိုသေတ္တာများထဲတွင် အဆင့်-၇ ဆေးလုံးများ ရှိနေသည်။

ထိုချိတ်ပိတ်မှုများကို ဖြတ်လိုက်ရာ နက်ရှိုင်းလှသော စွမ်းအင်လှိုင်းများ စိမ့်ထွက်နေပြီး ပတ်ဝန်းကျင် လေထုကို သိမ်မွေ့စွာ တုန်ခါစေခဲ့သည်။

"ဒါတွေက ကတိပေးထားတဲ့ ဆုလာဘ်တွေပဲ"

သူသည် မူလင်းယွဲ့ဘက်သို့ လှည့်ကာ နွေးထွေးသော အသံဖြင့် ပြောလိုက်သည်။

"အခုတော့... ဒါတွေက မင်းပိုင်ဆိုင်သွားပြီ"

အစကတည်းက သူတို့သည် ဤဆေးလုံးများက မူမျိုးနွယ်စု၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်ထားခဲ့ကြသည်။

မူလင်းယွဲ့သည် သာမန်အရာတစ်ခုကို လက်ခံရရှိသကဲ့သို့ တည်ငြိမ်စွာပင် ထိုသေတ္တာများကို ယူလိုက်သည်။

သို့သော် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ အသက်ရှူသံများ ပြောင်းလဲသွားခြင်းက အဆင့်-၇ ဆေးလုံးများ၏ တန်ဖိုးသည် သာမန်မဟုတ်ကြောင်း ရှင်းလင်းစေခဲ့သည်။

၎င်းတို့ မည်မျှ တန်ဖိုးရှိသည်ကို သူမ သိသော်လည်း၊ သူမအနေနှင့် ထိုဆေးလုံးများကို လေ့လာရန် လိုအပ်သည့် အဆင့်သို့ မရောက်သေးကြောင်းလည်း သူမ ကောင်းစွာ သိသည်။

ထို့အပြင် ၎င်းသည် အင်မော်တယ်အဆင့်သို့ တက်လှမ်းရန်အတွက်သာ အသုံးဝင်သဖြင့် လက်ရှိအချိန်တွင် သူမအတွက် အသုံးမဝင်သေးချေ။

တစ်ဖက်တွင်မူ ဟိုကျိုးချန်သည်လည်း ရှေ့သို့ လှမ်းလာခဲ့သည်။

သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်နေဆဲ ဖြစ်သည်။

သို့သော် အလွန်တိုတောင်းသော အခိုက်အတန့်တွင် နှမြောတွန့်တိုမှု အရိပ်အယောင်တစ်ခု သူ၏ မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားခဲ့သည်။

ဤနေရာရှိ မည်သူမဆိုထက် သူသည် လွှဲပြောင်းပေးလိုက်ရသည့် အရာ၏ တန်ဖိုးကို ပိုမိုနားလည်သည်။

အဆင့်-၇ ဆေးလုံးဟူသည် စိတ်အလိုရှိတိုင်း အလွယ်တကူ ဖော်စပ်နိုင်သောအရာ မဟုတ်ပေ။

၎င်းတို့သည် မဟာဆရာသခင် ဆေးဖော်စပ်သူ လိုအပ်ရုံတင်မကဘဲ အလွန်ရှားပါးပြီး အဖိုးတန်သော ဆေးဖက်ဝင်ပစ္စည်းများလည်း လိုအပ်သည်။

တစ်လုံးစီတိုင်းသည် ကြိုးစားအားထုတ်မှု၊ အရင်းအမြစ်များနှင့် အချိန်တို့၏ အထွတ်အထိပ် ရလဒ်များ ဖြစ်ကြသည်။

ထို့အပြင် သူတို့၏ လက်ဝါးကြီးအုပ်ထားမှုကြောင့် လက်ရှိစျေးကွက်တွင် ဤဆေးလုံးများ၏ တန်ဖိုးသည် ဆခွဲချီ၍ မြင့်မားနေခဲ့သည်။

သို့သော် ဆေးလုံးများကို ဆုံးရှုံးရခြင်းနှင့် နှိုင်းယှဉ်လျှင် ဤမျှ ကြီးမားသော ခြိမ်းခြောက်မှုကို ကြိုတင်သိရှိလိုက်ရခြင်းက ပိုမိုတန်ဖိုးရှိလှသည်။

သူ၏ အကြည့်သည် မူလင်းယွဲ့ထံသို့ ခဏမျှ ရွှေ့လျားသွားခဲ့သည်။

မူထျန်းရွှမ်သည် သူတို့၏ အခြေခံအုတ်မြစ်ကို လှုပ်ခါပြီး ဖြစ်သည်။

ကြက်သွေးရောင်ဆေးလုံးအင်ပါယာ၏ အပြင်ဘက်တွင် အဆင့်-၇ ဆေးဖော်စပ်သူတစ်ဦး ရှိနေခြင်းက သူတို့၏ လက်ဝါးကြီးအုပ်မှုကို လုံးဝဥဿုံ မဖြစ်

နိုင်တော့ကြောင်း ပြသနေသည်။

သို့သော် ထိုအချိန်အထိ သူတို့သည် မိမိတို့ကိုယ်ကို ယုံကြည်မှု ရှိနေသေးသည်။

သူတို့၏ အခြေခံအုတ်မြစ်၊

သူတို့၏ အရင်းအမြစ်များနှင့်

ဟိုရှန်ယု၏ ပါရမီတို့ဖြင့် သူတို့သည် ဆေးလုံးစျေးကွက်ကို ဆက်လက်ကြီးစိုးနိုင်ကာ အမြင့်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော် ယခုမူ... ထိုယုံကြည်ချက်များ တုန်လှုပ်သွားခဲ့ရပြီ။

အဘယ်ကြောင့်ဆိုသော် မူလင်းယွဲ့၏ တည်ရှိမှုသည် သူတို့ ယုံကြည်ထားသမျှ အရာအားလုံးကို ခြိမ်းခြောက်နေသောကြောင့် ဖြစ်သည်။

သူမ၏ ပါရမီနှင့်ဆိုလျှင် အဆင့်-၇ သို့ ရောက်ရှိရန်မှာ မေးခွန်းထုတ်စရာပင် မလိုဘဲ မလွှဲမရှောင်သာ ဖြစ်လာလိမ့်မည်။

ထိုသို့ ဖြစ်လာခဲ့လျှင်...

အဆင့်-၇ သည် သူမ၏ အကန့်အသတ် အစစ်အမှန် ဖြစ်လာပါ့မလား?

ဟိုကျိုးချန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

သူ တစ်ခါမျှ လေးလေးနက်နက် မတွေးတောဖူးသည့် အတွေးတစ်ခုသည် ပထမဆုံးအကြိမ်အဖြစ် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။

သူမသည်... အရှေ့ဘက်ဒေသ၏ ပထမဆုံးသော အဆင့်-၈ ဆေးဖော်စပ်သူ ဖြစ်လာနိုင်မလား?

ထိုအတွေးသည် မဖြစ်နိုင်သကဲ့သို့ ထင်ရသော်လည်း သူမကို ကြည့်ရသည်မှာမူ လုံးဝ မဖြစ်နိုင်တော့သည့် အရာမဟုတ်သကဲ့သို့ ခံစားရစေသည်။

သို့သော် ပါရမီတစ်ခုတည်းနှင့် မလုံလောက်ကြောင်း သူ သိသည်။

သူမအတွက် ဆေးနည်းများ၊ အရင်းအမြစ်များနှင့် အချိန်များ လိုအပ်လိမ့်မည် ဖြစ်သည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ သူမသည် ထိုအမြင့်သို့ ရောက်ရှိရန် အသက်ရှည်ရှည် နေထိုင်သွားနိုင်ပါ့မလား ဆိုသည့်အချက်ပင်။

အခြားတစ်ဖက်တွင်မူ ပရိသတ်များသည် မူလင်းယွဲ့အကြောင်းကို ဆက်လက် ဆွေးနွေးနေကြဆဲ ဖြစ်သည်။

"မိစ္ဆာပဲ... တကယ့် မိစ္ဆာအစစ်ပဲ..."

"သူမ ဒီလိုအဆင့်အထိ ရောက်လိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး..."

"အသက် တစ်ဆယ့်ရှစ်နှစ်နဲ့ အဆင့်မြင့် အဆင့်-၅ တဲ့လား... ဒါ ဘယ်လိုမျိုး တည်ရှိမှုလဲ?"

ထိုသူများထဲတွင် တော်ဝင်မိသားစုဝင်များ၊ အထူးသဖြင့် မင်းသားများသည်လည်း အနီးကပ် စောင့်ကြည့်နေခဲ့ကြသည်။

သူတို့၏ အကြည့်များသည် မူလင်းယွဲ့ထံတွင် ဝဲပျံနေခဲ့ပြီး တစ်ဦးစီတိုင်းသည် လေးနက်စွာ တွေးတောနေကြသည်။

ပါရမီ

ထိုအချက်တစ်ခုတည်းနှင့်ပင် သူတို့ကို လှုပ်ခါရန် လုံလောက်လှသည်။

ဤမျှ အဆင့်မြင့်လှသည့် ပါရမီရှင်တစ်ဦးကို သူတို့ဘက်သို့ ဆွဲဆောင်နိုင်လျှင် ထီးနန်းလုပွဲတွင် ပြတ်သားသော အားသာချက်တစ်ခုကို ရရှိစေမည် ဖြစ်သည်။

သို့သော် သူမ၏ ပါရမီတစ်ခုတည်းတင် မဟုတ်ပေ

သူမ၏ ရုပ်ရည်သည်လည်း အကြောင်းရင်းတစ်ခု ဖြစ်နေသည်။

သူမသည် ပထမအကြည့်တွင် အလွန်အမင်း စွဲမက်ဖွယ် မရှိလှသော်လည်း

ပိုမိုကြည့်ရှုလေလေ ပို၍ ညှို့ယူဖမ်းစားနိုင်လေလေ ဖြစ်သည်။

အင်ပါယာ၏ ထိပ်တန်း အလှပဂေးများထဲတွင် အလွယ်တကူ ပါဝင်နိုင်သူ ဖြစ်သည်။

ထို့နောက်တွင်မူ သူမ၏ နောက်ခံနောက်ကြောင်း ရှိသေးသည်။

မူမျိုးနွယ်စုသည် ကောင်းကင်အင်ပါယာ၏ အင်အားကြီးမားသော ဆေးဖော်စပ်မှု မိသားစုတစ်ခု ဖြစ်နေနှင့်ပြီးသား ဖြစ်သည်။

ယခုအခါ မဟာဆရာသခင်အဆင့်တစ်ဦး ထွက်ပေါ်လာခြင်းနှင့်အတူ သူတို့၏ အဆင့်အတန်းသည် မြင့်တက်သွားတော့မည် ဖြစ်သည်။

ယခုအခါ သူတို့သည် အင်ပါယာတွင် နံပါတ်တစ် ဆေးဖော်စပ်မှု အင်အားစု ဖြစ်လာခဲ့ပြီဆိုသည်မှာ ငြင်းပယ်၍ မရနိုင်တော့ပေ။

၎င်းအပြင် ပိုင်မျိုးနွယ်စုနှင့် သူတို့၏ မဟာမိတ်ပြုမှုလည်း ရှိသေးသည်။

မူလင်းယွဲ့သည် လက်ရှိ ပိုင်မျိုးနွယ်စု ခေါင်းဆောင် ပိုင်ထျန်းဟမ်၏ တူမ ဖြစ်၏

အနာဂတ် မျိုးနွယ်စုခေါင်းဆောင် ပိုင်ကျီဟန်၏ ဝမ်းကွဲညီမ ဖြစ်သည်။

အကယ်၍ သူတို့သာ မူလင်းယွဲ့ကို လက်ထပ်နိုင်ခဲ့လျှင် ထီးနန်းလုပွဲတွင် ပိုင်မျိုးနွယ်စုသည် သူမ၏ ခင်ပွန်းကို ထောက်ပံ့ပေးလာရန် အလားအလာ အလွန်များပြားသည်။

ပိုင်ကျီဟန်သို့မဟုတ် ပိုင်ရွှယ်ချင်းတို့က တော်ဝင်မိသားစုမှ တစ်ဦးဦးနှင့် လက်ထပ်ခြင်း မရှိခဲ့လျှင်ပင်။

သို့သော် ပိုင်ကျီဟန်သည် ချူကျီယန်နှင့် စေ့စပ်ထားပြီး ဖြစ်သည်။

ပိုင်ရွှယ်ချင်းတွင်မူ လက်ထပ်ရန်အတွက် မဖြစ်နိုင်သလောက် ရှိသည့် စည်းကမ်းချက်တစ်ခု ရှိနေသည်မှာ ပိုင်ကျီဟန်ကို အနိုင်ယူရန် ဖြစ်သည်။

ပိုင်ကျီဟန်ကို အနိုင်ယူရန်?

သူတို့မျိုးဆက် သို့မဟုတ် ယခင်မျိုးဆက်များထဲတွင်ပင် ထိုအရာကို အောင်မြင်နိုင်သူ မရှိပေ

ထို့ကြောင့် ပိုင်မျိုးနွယ်စုနှင့် တိုက်ရိုက် လက်ထပ်ထိမ်းမြားရန်မှာ မဖြစ်နိုင်

သလောက်ပင်။

သို့သော် မူလင်းယွဲ့ကမူ?

သူမက မတူညီပေ။ သူမသည် လက်လှမ်းမီနိုင်သော နေရာတွင် ရှိနေသည်ဟု သူတို့ ယုံကြည်ကြသည်။ မည်သည့် မင်းသား သို့မဟုတ် မင်းသမီးမဆို ပိုင်မျိုးနွယ်စု၏ ထောက်ပံ့မှုကို ရရှိပါက ထီးနန်းကို ရရှိရန် သေချာသလောက် ရှိသည်ကို လူတိုင်း သိကြသည်။

သူမကို လက်ထပ်ခြင်းသည် ပါရမီရှင်တစ်ဦးကို ရရှိရုံတင်မကဘဲ ကြီးမြတ်သော မိသားစုကြီး နှစ်ခုလုံး၏ ထောက်ပံ့မှုကိုပါ ရရှိစေနိုင်မည် ဖြစ်သည်။

မင်းသားအချို့သည် မူလင်းယွဲ့ကို လှမ်းကြည့်လိုက်ကြသည်။ မည်သည့် စကားမျှ မပြောသော်လည်း ရည်ရွယ်ချက်ကမူ ရှင်းလင်းလှသည်။

မည်သည့် တန်ဖိုးပေးရပါစေ...

သူမကို မိမိတို့ဘက် ပါအောင် ဆွဲဆောင်ရမည်။

ချင်းလင်ရှောင်သည်လည်း စောင့်ကြည့်နေခဲ့သည်။

သူမပင်လျှင် တည်ငြိမ်စွာ မနေနိုင်တော့ချေ။

ကောင်းကင်အင်ပါယာနှင့် အရှေ့ဘက်ဒေသတို့နှင့် နှိုင်းယှဉ်လျှင် သူမသည် ပါရမီရှင်များစွာကို မြင်တွေ့ဖူးခဲ့သည်။

ထိုသူများထဲတွင် ဟိုရှန်ယုကို ထူးချွန်သည်ဟု သတ်မှတ်နိုင်သော်လည်း အကောင်းဆုံးတော့ မဟုတ်ပေ။

သို့သော် မူလင်းယွဲ့ကမူ ကွဲပြားသည်။

သူမ မြင်တွေ့ဖူးသမျှ ထိပ်တန်း ပါရမီရှင်များထဲတွင်ပင် မူလင်းယွဲ့နှင့် ယှဉ်နိုင်သူ မရှိခဲ့ပေ

မူလင်းယွဲ့၏ ဆေးဖော်စပ်မှု ပါရမီသည် ဤကမ္ဘာပေါ်တွင် အကောင်းဆုံး ဖြစ်နိုင်သည်ဟု ပြောလျှင်လည်း မှားမည် မဟုတ်ပေ။

(ငါသာ သူမကို ပြန်ခေါ်သွားနိုင်ရင်...)

သူမ၏ ပါရမီနှင့်ဆိုလျှင် ဤနေရာတွင် ဆက်ရှိနေခြင်းက ဖြုန်းတီးမှုတစ်ခု ဖြစ်လိမ့်မည်ကို ချင်းလင်ရှောင် သိသည်။

သူမအနေနှင့် မူလင်းယွဲ့ကို မိမိ၏ မျိုးနွယ်စုဆီသို့ ခေါ်ဆောင်သွားရမည် ဖြစ်သည်။

ဤမျှ ထူးချွန်လှသော ပါရမီနှင့်ဆိုလျှင် အလယ်ပိုင်းတိုက်ကြီး၏ ထိပ်တန်း ဆေးဖော်စပ်သူများပင် သူမကို တပည့်အဖြစ် ရရှိရန် လုယူကြလိမ့်မည် ဖြစ်သည်။

"ဖြစ်နိုင်ရင်... ငါ့ရဲ့ အစီအစဉ်အချို့ကို ပြောင်းလဲဖို့ လိုအပ်လိမ့်မယ် ထင်တယ်"

အခန်း ၅၅၃ မင်း ငါ့တပည့်ဖြစ်ချင်လား

ခန်းမကြီးတစ်ခုလုံး ငြိမ်သက်မသွားခဲ့ပေ။ ပြောရလျှင် ပို၍ပင် ဆူညံလာခဲ့သည်—ယခုတစ်ကြိမ်တွင်မူ အံ့အားသင့်ရုံ သက်သက်ကြောင့် မဟုတ်ဘဲ ရည်ရွယ်ချက်ကိုယ်စီဖြင့် ဆူညံလာခြင်းဖြစ်သည်။

တစ်ချိန်က အားကျအတုယူမှုများသာ အပြည့်ရှိခဲ့သော မျက်ဝန်းများတွင် ယခုအခါ တွက်ချက်မှုများ နေရာယူလာခဲ့ပြီ။

မူလင်းယွဲ့သည် ပြိုင်ပွဲတစ်ခုတွင် အနိုင်ရရုံတင်မကဘဲ လူအများအပြား လက်ဆုပ်လက်ကိုင်ပြုရန် ကြိုးပမ်းလာကြမည့် အလွန်အရေးပါသော အနာဂတ်တစ်ခု ဖြစ်လာခဲ့သည်။

မူချင်းယွမ်သည် ဤသိမ်မွေ့သော အပြောင်းအလဲကို သဘာဝကျကျပင် သတိပြုမိလိုက်သည်။ သူ၏အကြည့်သည် လူအုပ်ကြီးဆီသို့ ဝေ့ဝဲသွားပြီး မင်းသားများ၊ အကြီးအကဲများနှင့် အင်ပါယာအသီးသီးမှ ကိုယ်စားလှယ်များကို ကြည့်ရှုလိုက်သည်။

သူတို့အားလုံးသည် သူတို့၏ရွေးချယ်စရာများကို ချိန်ဆရင်း၊ အစီအစဉ်များဆွဲရင်းဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ယနေ့ပြီးနောက် မိမိသမီး၏ အဆင့်အတန်းသည် လုံးဝဥဿုံ ကွဲပြားသွားတော့မည်ကို သူသိလိုက်သည်။

အချို့က သူတို့နှင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားကြလိမ့်မည်ဖြစ်သော်လည်း သူတို့၏ ရန်သူများ ဖြစ်ကြသည့် ကြက်သွေးရောင် ဆေးလုံးအင်ပါယာကမူ သူမ၏အသက်ကို ယူရန် သေချာပေါက် ကြိုးစားကြလိမ့်မည်။

သူ့မျက်နှာထက်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်ဝန်းများကမူ ပို၍အေးစက်လာခဲ့သည်။

"အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးပြီဖြစ်လို့ ဒီနေရာမှာတင်ပဲ ဆေးဖော်စပ်ခြင်းပြိုင်ပွဲကို အဆုံးသတ်လိုက်ပါတယ်။"

ပြိုင်ပွဲက အနည်းငယ် ရုတ်တရက်ဆန်စွာ ပြီးဆုံးသွားခဲ့သော်လည်း တော်တော်လေးတော့ စိတ်လှုပ်ရှားစရာ ကောင်းခဲ့သည်။

ကြက်သွေးရောင်ဆေးလုံးအင်ပါယာတွင် ကိုယ်ပိုင် အကြံအစည်များ ရှိနေခဲ့သော်လည်း အဆုံးသတ်တွင် ရလဒ်က မူမျိုးနွယ်စုအတွက် အကျိုးရှိသွားခဲ့သည်။

ဤပြိုင်ပွဲကြောင့် မူမျိုးနွယ်စု၏ ဩဇာအာဏာသည် ပိုမိုမြင့်မားလာဦးမည်သာ ဖြစ်သည်။

မူထျန်းရွှမ်း၏ ကျင့်စဉ်

အဆင့်တက်လှမ်းနိုင်မှုအတွက် အောင်ပွဲခံပွဲက ဆက်လက်ကျင်းပနေဆဲပင်။

သို့သော် ယခုတစ်ကြိမ်တွင်မူ အာရုံစိုက်မှုက သူ့တစ်ဦးတည်းအပေါ်တွင် မဟုတ်တော့ပေ "မဟာဆရာသခင်မူမှာ တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ မြေးမလေးတစ်ယောက် ရှိတာပဲ”

"မူမျိုးနွယ်စုက မကြုံစဖူး ထိပ်တန်းအဆင့်ကို သေချာပေါက် ရောက်ရှိတော့မှာပဲ”

"မဟာဆရာသခင်မူ.. ကျွန်တော့်မှာ အသက်နှစ်ဆယ်နဲ့တင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိသွားတဲ့ သားတစ်ယောက်ရှိပါတယ်။ အဲဒါ ဘယ်လိုသဘောရလဲ—"

ချီးကျူးစကားများက ထပ်မံစီးဆင်းလာပြန်သည်၊ သို့သော် ယခုမူ မူထျန်းရွှမ်နှင့် မုလင်းယွဲ့ နှစ်ဦးစလုံးဆီသို့ ဦးတည်နေခြင်းဖြစ်သည်။

ထို့အပြင် လူအများအပြားက ၎င်းတို့၏သားများကို မူလင်းယွဲ့နှင့် လက်ထပ်ပေးချင်နေကြပြီဖြစ်သည်။ သူမသည် သေချာပေါက် အမြင့်ပျံသန်းနိုင်တော့မည်ဖြစ်ရာ သူမနှင့် အဆက်အသွယ် ထူထောင်ခြင်းဖြင့် သူတို့ပါ အတူတူ မြင့်မားလာနိုင်မည်ဖြစ်သည်။

အခြေအနေသည် ယခင်က တင်းမာမှုများ မရှိခဲ့ဖူးသည့်အလား ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့သည်။

ထိုစဉ် ဟိုကျိုးချန်က ရှေ့သို့ တစ်လှမ်း ထပ်တိုးလာပြန်သည်။ သူ၏လုပ်ရပ်က လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ဟိုကျိုးချန်၏ အကြည့်က မူလင်းယွဲ့ထံတည့်တည့် ကျရောက်သွားသည်။

"မိန်းကလေးငယ်မူ”

သူ့အသံက တည်ငြိမ်သော်လည်း ငြင်းပယ်၍မရသော အရှိန်အဝါ ပါဝင်နေသည်။

"မင်းအနေနဲ့ ငါ့ရဲ့တပည့် ဖြစ်လာဖို့ ဆန္ဒရှိမလားလို့ ငါသိချင်မိတယ်?"

တစ်ခန်းလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

အာရုံစိုက်မှုအားလုံးက ထိုနှစ်ဦးထံသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

မူချင်းယွမ်၏ မျက်နှာအမူအရာပင် အနည်းငယ် ပြောင်းလဲသွားသည်။

ဟိုကျိုးချန်၏ ရည်ရွယ်ချက်က ရှင်းလင်းလှသည်။

မူလင်းယွဲ့၏ ပါရမီက လျစ်လျူရှုထားရန် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ဆေးဖော်စပ်ခြင်း လောကတွင် သူမ၏အနာဂတ်သည် စိတ်ကူးမယဉ်နိုင်လောက်သော အမြင့်သို့ ရောက်ရှိရန် သေချာသလောက် ရှိနေသည်။

အခြေအနေက ထိုသို့ဖြစ်နေမှတော့ သူမကို မိမိ၏တပည့်အဖြစ် ဘာကြောင့် မသိမ်းသွင်းရမှာလဲ?

သူ့တွင်ရှိသော အဆင့်အတန်း၊ အရည်အချင်းနှင့် ဩဇာအာဏာတို့အရ ထိုသို့လုပ်ဆောင်ရန် အရည်အချင်း အပြည့်အဝရှိသည်။

မူလင်းယွဲ့ကိုယ်တိုင်လည်း ခဏတာ အံ့အားသင့်သွားခဲ့သည်။

ဟိုကျိုးချန်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးက တစ်နေ့တွင် သူမကို တပည့်အဖြစ် လက်ခံရန် ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်လိမ့်မည်ဟု သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။

"မင်း ငါ့ရဲ့တပည့် ဖြစ်လာမယ်ဆိုရင် ငါ့ရဲ့ အရင်းအမြစ်တွေ၊ အဆက်အသွယ်တွေနဲ့ အမွေအနှစ်အားလုံးကို မင်း သုံးစွဲခွင့်ပေးမယ်။"

သူ့အသံက ပို၍ပြတ်သားလာသည်။

"ဆယ်နှစ်အတွင်းမှာ မင်းကို မဟာဆရာသခင်အဆင့် ရောက်အောင် ငါ သေချာပေါက် လုပ်ပေးနိုင်တယ်။"

သူက အနည်းငယ် နားလိုက်ပြီး

"ပြီးတော့ အဲဒီထက်မကလည်း... မဖြစ်နိုင်တာ မဟုတ်ဘူး”

ဆိုလိုရင်းက ရှင်းလင်းလှသည်။

အဆင့်-၈ ဆေးဖော်စပ်သူ

သို့မဟုတ် ထိုထက်ပင် ပို၍မြင့်မားနိုင်သည်။

မူလင်းယွဲ့က မတွန့်ဆုတ်ခဲ့ပေ။ သူမ လက်နှစ်ဖက်ကို အနည်းငယ် စုစည်းကာ ဦးညွှတ်လိုက်သည်။

"မဟာဆရာသခင်ဟို အခုလို ကမ်းလှမ်းပေးတာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ ငြင်းပယ်ပါရစေ။"

သူမ၏လေသံက ရိုသေမှုရှိလှသည်။

ဟိုကျိုးချန်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး၏ တပည့်ဖြစ်လာခြင်းက လူငယ်ဆေးဖော်စပ်သူတိုင်း၏ အိပ်မက်ဖြစ်နိုင်သော်လည်း မူလင်းယွဲ့ကမူ ထိုအရာက မလိုအပ်ဟု ခံစားရသည်။

သူမအား အခြားသူများထက် ပိုမိုကောင်းမွန်စွာ သင်ကြားပြသပေးနေသော ပိုင်ကျီဟန်ရှိနေပြီးသား ဖြစ်သည်။

သူနှင့်အတူ ရှိခဲ့သည့် တစ်လတာအတွင်းမှာတင် သူမ၏တိုးတက်မှုက အံ့မခန်းဖြစ်ခဲ့သည်။

ပိုင်ကျီဟန် မဖြေနိုင်သော မေးခွန်းဟူ၍ တစ်ခုမျှမရှိသလို၊ သူ တစ်ခုခုကို သင်ကြားပေးသည့်အခါတိုင်းတွင်လည်း သူ၏ရှင်းလင်းချက်များက အမြဲတမ်း နက်ရှိုင်းပြီး ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလှသည်။

သူမအနေဖြင့် ဟိုကျိုးချန်ကို အထင်မသေးသော်လည်း၊ အဆင့်-၇ ဆေးဖော်စပ်သူ ဖြစ်​သည့်တိုင် ပိုင်ကျီဟန်၏ အဆင့်အတန်းကို မီနိုင်လိမ့်မည်ဟု သူမ မထင်ပေ။

ဤသည်မှာ သူမ၏ ကိုယ်ပိုင်ခံစားချက်သာ ဖြစ်သည်။မည်သို့ပင်ဖြစ်စေ၊ သူ့တပည့်ဖြစ်ရန် မလိုချင်တော့ပေ။

အကယ်၍ သူမသည် မဟာဆရာသခင်အဆင့်သို့ ရောက်ရှိလိုပါက သူမ၏အဖိုးက ထိုအဆင့်သို့ ရောက်ရှိပြီးသားဖြစ်ရာ သူမကို လမ်းညွှန်ပေးနိုင်သည်။ လွန်ခဲ့သော သုံးလခန့်ကဆိုလျှင် ဤကမ်းလှမ်းချက်သည် ဆွဲဆောင်မှုရှိနိုင်သော်လည်း ယခုမူ သူမ စိတ်ဝင်စားသော အရာမဟုတ်တော့ပေ။

ထို့အပြင် အကယ်၍ သူမသည် ဟိုကျိုးချန်၏ တပည့်ဖြစ်လာပါက သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ ပြဿနာများ ရှိလာနိုင်သည်။

သူမသည် ကောင်းကင်အင်ပါယာ၏ သစ္စာဖောက်တစ်ဦးကဲ့သို့ ဆက်ဆံခံရနိုင်သည်။

သူမ၏လွတ်လပ်ခွင့်ကို ကန့်သတ်ခံရနိုင်ပြီး မိမိ၏ ဆေးနည်းများကို မိမိ၏မျိုးနွယ်စုနှင့်ပင် မျှဝေနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဟိုကျိုးချန်၏ ကမ်းလှမ်းချက်—အရင်းအမြစ်များနှင့် အဆက်အသွယ်များ အပါအဝင်သည် အကျိုးကျေးဇူးထက် ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ ပို၍ခံစားရစေသည်။

ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေသည်။

သူမအတွက်မူ ဤသည်မှာ ရိုးရှင်းသော ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်သော်လည်း၊ အခြားသူများကမူ သူမသည် အခွင့်အရေးကောင်းကြီးတစ်ခုကို လက်လွတ်လိုက်သည်ဟု မြင်ကြသည်။

အဆုံးတွင် ဟိုကျိုးချန်သည် သာမန် မဟာဆရာသခင် တစ်ယောက် မဟုတ်ဘဲ သူတို့အထဲတွင် အထူးချွန်ဆုံးတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

သူနှင့် နှိုင်းယှဉ်ပါက မူထျန်းရွှမ်သည် အသစ်စက်စက် တက်လှမ်းလာသော မဟာဆရာသခင်ဆင့်မျှသာ ရှိသေးသည်။

ဟိုကျိုးချန်သည် မူလင်းယွဲ့ကို ကြည့်ကာ ဤငြင်းပယ်မှုကို လက်မခံချင်ပေ။

သူသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမကို အကြည့်မလွှဲဘဲ စိုက်ကြည့်နေခဲ့သည်။

သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ဖြစ်နိုင်သည်မှာ... ဤငြင်းပယ်မှုသည် စောစောက ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် ဖြစ်နိုင်သည်။

သို့သော် သူ့အတွက်မူ ပိုမိုကြီးမားသော ပုံရိပ်နှင့် နှိုင်းယှဉ်ပါက ထိုကဲ့သို့သော ကိစ္စရပ်များသည် အရေးမပါလှပေ။

အကယ်၍ မူလင်းယွဲ့သာ သူ့တပည့်ဖြစ်လာပါက မူမျိုးနွယ်စုနှင့် ကြက်သွေးရောင်ဆေးလုံးအင်ပါယာကြားရှိ ရန်ငြိုးအားလုံးသည် ချက်ချင်း ပျောက်ကွယ်သွားနိုင်သည်။

သူတို့အနေဖြင့် မူမျိုးနွယ်စုကို သတိထားနေစရာ မလိုတော့ရုံတင်မကဘဲ၊ ထိုကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြလိမ့်မည်။

သူ့မျက်စိထဲတွင်မူ ထိုကဲ့သို့သော အခွင့်အရေးကြီးကို ထားခဲ့ပြီး ယာယီရန်ငြိုးများကို ဖက်တွယ်ထားခြင်းက... မိုက်မဲခြင်းသာ ဖြစ်သည်။

သို့သော်လည်း သူမသည် ငယ်ရွယ်သေးသည်။

နားလည်ပေး၍ ရနိုင်ပါသည်။

ထိုအတွေးဖြင့် သူက ထပ်မံစကားပြောလိုက်သည်။

"မင်းရဲ့ အကြောင်းပြချက်ကို... ငါ မေးပါရစေ?"

သူ့လေသံက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ဤမေးခွန်းကိုယ်တိုင်ကပင် သူ၏ ဂုဏ်သိက္ခာကို အနည်းငယ် ထိခိုက်စေသည်။

သူကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် စကားကို နှစ်ခါ မေးရန်မလိုသော ပုဂ္ဂိုလ်မျိုးဖြစ်သည်

သို့သော် သူ သိချင်သည်။

အကယ်၍ သူထင်သလိုသာ ဖြစ်နေပါက သူမကို စည်းရုံးနိုင်သေးသည်။

မူလင်းယွဲ့က မတွန့်ဆုတ်ဘဲ ဖြေလိုက်သည်။

"ကျွန်မမှာ ဆရာရှိပြီးသားမလို့ပါ။"

ဟိုကျိုးချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

လူအုပ်ကြီး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည်။

မူမျိုးနွယ်စုဝင်များပင် သိသိသာသာ အံ့အားသင့်သွားကြသည်။

ဆရာဟုတ်လား?

မူလင်းယွဲ့မှာ... ဆရာ ရှိနေတာလား?

သူတို့သိသလောက်တော့ သူမ၏ပါရမီသည် အမြဲတမ်း ကိုယ်တိုင်လေ့လာသင်ယူမှုအပေါ်တွင်သာ အခြေခံခဲ့သည်။

အဆင့်မြင့် ဆေးဖော်စပ်သူများပင်လျှင် သူမအား သင်ကြားပေးရန် တွန့်ဆုတ်ခဲ့ကြသည်၊ အကြောင်းမှာ သူမ၏မေးခွန်းအချို့က အလွန်နက်ရှိုင်းလွန်းသောကြောင့် ဖြစ်သည်။ သူတို့သည် မျက်နှာပျက်ရမည်ကို ကြောက်ရွံ့ကြသဖြင့် သူမအား ညွှန်ကြားပေးခြင်းမှ ရှောင်ကြဉ်ခဲ့ကြသည်။

မူချင်းယွမ်နှင့် မူယွဲ့လန်တို့အနေဖြင့်မူ သူမကို တစ်ခါတရံ လမ်းညွှန်ပေးကြသော်လည်း သူတို့သည် ကိုယ်ပိုင်တာဝန်များဖြင့် အမြဲတမ်း အလုပ်ရှုပ်နေလေ့ရှိသည်။

မူယွဲ့လန်တွင် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များစွာ ရှိနေပြီး အထူးသဖြင့် ပိုင်ကျီဟန်နှင့် ပတ်သက်သည့် ကိစ္စရပ်များ ဖြစ်သည်။

မူချင်းယွမ်ကမူ မျိုးနွယ်စုကို စီမံခန့်ခွဲရာတွင် အလုပ်ရှုပ်နေခဲ့သည်။

သူမ၏ သီးသန့်ဆရာဟု ခေါ်ဆိုနိုင်မည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ တစ်ခါမှ မရှိခဲ့ဖူးပေ။

သို့သော် ယခုအခါ သူမတွင် ဆရာရှိပြီးသားဟု ပြောဆိုနေပြီဖြစ်သည်။

မူမျိုးနွယ်စုဝင်များကမူ ဤအရာသည် ဟိုကျိုးချန်ကို သိက္ခာရှိရှိ ဆုတ်ခွာသွားစေရန် ဆင်ခြေပေးနေခြင်းမျှသာလားဟုပင် တွေးတောနေကြသည်။

ဟိုကျိုးချန်က သူ့မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

ဤကဲ့သို့သော အတားအဆီးမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အဆုံးတွင်မူ သူသည် နောက်သို့ တစ်လှမ်းဆုတ်ရန်သာ တတ်နိုင်တော့သည်။

"ငါ့ရဲ့ ကမ်းလှမ်းချက်က အမြဲတမ်း တည်ရှိနေပါတယ်။ အကယ်၍ မိန်းကလေးငယ်မူအနေနဲ့ တစ်နေ့နေ့မှာ ငါ့ရဲ့တပည့် ဖြစ်ချင်တယ်ဆိုရင် ငါ့ဆီကို သတင်းစကား ပို့နိုင်ပါတယ်။"

All Chapters