← Chapters

အခန်း (၅၅၄-၅၅၆)

Vol. 37 Ch. 554-556

အခန်း (၅၅၄-၅၅၆)

Vol. 37 Ch. 554-556

အခန်း ၅၅၄ မင်းသားများကို တိတ်ဆိတ်စေသော အခြေအနေ

ခန်းမထဲရှိ လူအုပ်ကြီးသည် ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၏ အံ့အားသင့်မှုဒဏ်မှ မရုန်းထွက်နိုင်ကြသေးချေ။

တိုးတိုးတိတ်တိတ် ပြောဆိုသံများနှင့် အငြင်းပွားဖွယ်ရာ ဆွေးနွေးမှုများ ထပ်တူကျနေဆဲဖြစ်ရာ—ထိုစဉ်မှာပင် ရုတ်တရက် အခြားပုဂ္ဂိုလ်တစ်ဦး ရှေ့သို့ လှမ်းထွက်လာခဲ့သည်။

သူကတော့ သတ္တမမြောက်မင်းသား ယုလောင်ရွှမ်ပင် ဖြစ်သည်။

လူတိုင်းက နောက်ထပ် ပြဇာတ်ကောင်းတစ်ပုဒ်ကို မျှော်လင့်နေကြသည့်အလား မျက်လုံးအားလုံးက သူ့ထံသို့ ရောက်ရှိသွားကြသည်။

သူသည် မူလင်းယွဲ့၏ ရှေ့မလှမ်းမကမ်းတွင် ရပ်တန့်လိုက်ပြီး သူမအပေါ် ကျရောက်နေသော သူ၏အကြည့်များက နုညံ့ပျော့ပျောင်းသွားခဲ့သည်။

"မိန်းကလေးမူ..." သူက စကားစတင်လိုက်သည်။ သူ့အသံက နူးညံ့သော်လည်း ခန်းမတစ်ခုလုံး အတိုင်းသား ကြားရလောက်အောင် ရှင်းလင်းပြတ်သားလှသည်။ "ဒီနေ့ မင်းကို မြင်လိုက်ရတဲ့ ပထမဆုံး အခိုက်အတန့်ကစလို့... ငါ့ရဲ့အကြည့်တွေကို လွှဲဖယ်ဖို့ မတတ်နိုင်တော့ဘူး ဖြစ်ခဲ့ရတယ်။"

သူက အနည်းငယ် ရပ်လိုက်ပြီး

"လူတွေကတော့ လူမိုက်တစ်ယောက်ရဲ့ စကားလို့ ထင်ကောင်းထင်နိုင်ပေမဲ့... ဒါကိုပဲ လူတွေက မြင်မြင်ချင်းအချစ်လို့ ခေါ်ကြတာ ထင်ပါရဲ့။" လူအုပ်ကြီးကြားတွင် လှိုင်းထသွားခဲ့သည်။

"ငါ ယုလောင်ရွှမ်ဟာ မင်းကို ငါ့ရဲ့ ကြင်ယာတော်အဖြစ် တရားဝင် သိမ်းပိုက်လိုပါတယ်။"

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

ထိုစကားလုံးများက လေးလံစွာ ကျရောက်သွားခဲ့သည်။

ဤမျှ တည့်တည့်တိုးတိုး ကမ်းလှမ်းလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

သို့သော် မည်သူမျှ အပြည့်အဝ တုံ့ပြန်ခြင်းမပြုနိုင်မီမှာပင်

နောက်ထပ် အသံတစ်သံက ထပ်မံထွက်ပေါ်လာခဲ့သည်။

"သတ္တမမြောက် ညီတော်... မင်းက တကယ်ကို လက်သွက်ခြေသွက် ရှိတာပဲ။"

ဒုတိယမြောက် ပုဂ္ဂိုလ်တစ်ဦး ရှေ့သို့ လှမ်းထွက်လာပြန်သည်။

သူကတော့ တတိယမြောက်မင်းသား ယုဝမ်ကျောက်ပင် ဖြစ်သည်။

သူ့မျက်နှာတွင် ဖျော့တော့သော အပြုံးတစ်ခု ရှိနေသော်လည်း မျက်ဝန်းများကမူ ထက်မြက်လှသည်။

"ငါလည်း... အဲဒီလိုပဲ ခံစားရတယ်လို့ ပြောရလိမ့်မယ်။"

သူသည် မူလင်းယွဲ့ဘက်သို့ လှည့်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။

"မိန်းကလေးမူ..’ ငါလည်းပဲ ဒီနေ့ မင်းကို မြင်လိုက်ရတဲ့အချိန်မှာ အသည်းစွဲအောင် လှုပ်ရှားသွားခဲ့ရတယ်။ ငါ ယုဝမ်ကျောက်ကလည်း မင်းကို ငါ့ရဲ့ ကြင်ယာတော် ဖြစ်လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။”

အခြေအနေက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

မင်းသားနှစ်ပါးသည် တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် မျက်နှာချင်းဆိုင် ရပ်နေကြသော်လည်း သူတို့ကြားရှိ လေထုကမူ လုံးဝ တည်ငြိမ်ခြင်းမရှိပေ။

ယုလောင်ရွှမ် အကြည့်က ယုဝမ်ကျောက်ထံသို့ ဝေ့ဝဲသွားပြီး ဒေါသနှင့် ရန်လိုမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

သူက မိမိက ပထမဆုံး စတင်လှုပ်ရှားလိုကခြင်းဖြင့် အခြားမင်းသားများ ဝင်ရောက်စွက်ဖက်ရဲမည်မဟုတ်သည့်အပြင် ထိုသို့ဝင်စွက်ခြင်းက မလျော်ကန်သလို မျက်နှာပျက်စရာ ဖြစ်စေလိမ့်မည်ဟု တွေးထားခဲ့ခြင်းဖြစ်သည်။

သို့သော် ယုဝမ်ကျောက်ကမူ ထိုစည်းမျဉ်းကို ဂရုမစိုက်ဘဲ သူ့နောက်သို့ လိုက်လာခဲ့သည်။

ရောက်ရှိနေသူတိုင်းက ဤသည်မှာ အချစ်နှင့် မသက်ဆိုင်ကြောင်း နားလည်ကြသည်။

သူတို့နှစ်ဦးစလုံးက သူမကို အလိုရှိနေကြခြင်းမှာ လာမည့် နန်းလုပွဲတွင် သူမ၏ တန်ဖိုးက မည်မျှ ကြီးမားလာမည်ကို သိရှိကြသောကြောင့် ဖြစ်သည်။

အခြားမင်းသားများကမူ အခြေအနေကို သေချာစွာ စောင့်ကြည့်ရင်း သူတို့နေရာတွင်ပဲ ရှိနေကြသည်။

သူတို့ ရှေ့သို့ လှမ်းမထွက်လာခဲ့ကြချေ။

သူတို့ စိတ်မဝင်စား၍မဟုတ်ဘဲ နှစ်ယောက်က လှုပ်ရှားမှု စတင်ပြီးသား ဖြစ်နေခြင်းကြောင့်ပင်။

ယခုအချိန်တွင် ဝင်ရောက်စွက်ဖက်ခြင်းက သူတို့ကို စိတ်အားထက်သန်လွန်းနေသလို ပုံပေါ်စေလိမ့်မည်။

မျက်လုံးအားလုံးက မူလင်းယွဲ့ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြန်သည်။

မူမျိုးနွယ်စုကမူ ဝင်ရောက်စွက်ဖက်ရန် မလိုလားပုံရသည်၊ ထိုသို့လုပ်ဆောင်ခြင်းက တော်ဝင်မိသားစုအပေါ် မရိုမသေရာ ရောက်နိုင်သောကြောင့် ဖြစ်သည်။

သူတို့ လုပ်နိုင်သည်မှာ မူလင်းယွဲ့၏ လက်ထဲရှိ ဆုံးဖြတ်ချက်ကို ယုံကြည်ပေးရန်သာ ရှိသည်။

မူလင်းယွဲ့ကမူ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူမ၏မျက်ဝန်းများတွင် ခိုကိုးရာမဲ့မှု အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားသည်။

သူမ လက်နှစ်ဖက်ကို အနည်းငယ် စုစည်းကာ ဦးညွှတ်လိုက်သည်။

"မင်းသားတို့ရဲ့ စေတနာကို... ကျွန်မ တန်ဖိုးထားပါတယ်။"

သူမ၏လေသံက ယဉ်ကျေးလှသည်။

အကဲခတ်ရ အဆင်ပြေသည်။

"ဒါပေမဲ့ ကျွန်မမှာ လောလောဆယ် အချစ်ရေးနဲ့ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိသေးပါဘူး။"

ရှင်းလင်းသော ငြင်းပယ်မှုပင်။

သို့သော် မင်းသားနှစ်ပါးစလုံးက လှုပ်ရှားခြင်းမရှိချေ။

ယုလောင်ရွှမ်း၏ မျက်နှာအမူအရာက ပြောင်းလဲမသွားခဲ့။

ယုဝမ်ကျောက်၏ အပြုံးကလည်း ဆက်ရှိနေဆဲ ဖြစ်သည်။

"မိန်းကလေးမူ ပီသပါပေတယ်" ယုလောင်ရွှမ်က တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒီလို ကိစ္စမျိုးကို... ဖြည်းဖြည်းချင်း စဉ်းစားလို့ရပါတယ်။"

ယုဝမ်ကျောက်က အနည်းငယ် ခေါင်းညိတ်ပြသည်။ "မှန်တာပေါ့။ ချက်ချင်း ဆုံးဖြတ်ဖို့ မလိုပါဘူး။ အတူတူ နေထိုင်ရင်းနဲ့ အချစ်ကို ပျိုးထောင်သွားလို့ ရတာပဲ။"

ပြောရလျှင် သူတို့က အချစ်ကို ရှာဖွေနေခြင်းမဟုတ်ရာ မူလင်းယွဲ့က သူတို့ကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ သူမက သူတို့ကို လက်ထပ်ရန် သဘောတူသရွေ့ ဂရုစိုက်နေကြမည်မဟုတ်ပေ။

သူတို့၏ ရည်ရွယ်ချက်က ရှင်းလင်းပြီး မရေမရာဖြစ်စေမည့် မည်သည့်အဖြေကိုမျှ လက်ခံရန် အစီအစဉ်မရှိကြချေ။

သူတို့ကို နောက်ဆုတ်သွားစေနိုင်လောက်သည့် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲနှင့်တော့ မရချေ။

မူလင်းယွဲ့သည် မင်းသားနှစ်ပါးကို ကြည့်ကာ ခေါင်းအနည်းငယ် ကိုက်ချင်လာသလို ခံစားလိုက်ရသည်။

သူမအနေဖြင့် လုံလောက်အောင် ယဉ်ကျေးပြခဲ့ပြီးပြီဖြစ်သော်လည်း သူတို့နှစ်ဦးစလုံးက နောက်ဆုတ်မည့် အရိပ်အယောင် လုံးဝမပြကြချေ။

သူမ အလိုရှိပါက ပြတ်ပြတ်သားသား ပြောဆိုနိုင်သလို၊ လှောင်ပြောင် သရော်နိုင်သော်လည်း သူမရှေ့တွင် ရှိနေသူများက မင်းသားများ ဖြစ်ကြသည်။

သူတို့၏ အဆင့်အတန်းက သာမန်နှင့် ဝေးကွာလှသည်။ သူတို့ကို စော်ကားမိပါက မူမျိုးနွယ်စုအတွက် ပြဿနာများသာ သယ်ဆောင်လာလိမ့်မည်ဖြစ်ရာ ထိုသို့လုပ်ဆောင်ရန် သူမတွင် အစီအစဉ်မရှိချေ။

တစ်ချိန်တည်းမှာပင် သူတို့က ဤမျှလွယ်လွယ်နှင့် လက်လျှော့ကြမည်မဟုတ်ကြောင်းကိုလည်း သူမ ရှင်းရှင်းလင်းလင်း နားလည်ထားသည်။

သူမ၏အကြည့်က ထွက်ပေါက်တစ်ခုကို ရှာဖွေရန် အနည်းငယ် ရွှေ့လျားသွားခဲ့သည်။

ထို့နောက် သူမ ရပ်တန့်သွားသည်။

မလှမ်းမကမ်းတွင် ပိုင်ရွှယ်ချင်းက ငြိမ်သက်စွာ ရပ်နေပြီး ပိုင်ကျီဟန်ကမူ ဤကိစ္စရပ်များက သူ့နှင့် မသက်ဆိုင်သည့်အလား ဝိညာဉ်သစ်သီးများကို တမြုံ့မြုံ့ ဝါးစားနေခဲ့သည်။

သူမ၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။

မူလင်းယွဲ့သည် မင်းသားများဘက်သို့ ပြန်လှည့်လာပြီး သူမ၏မျက်နှာအမူအရာက တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားသည်။

"ကျွန်မ ငယ်ငယ်ကတည်းက..." သူမက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "...အမြဲတမ်း သန်မာပြီး အစွမ်းထက်တဲ့ အမျိုးသားတွေကို အားကျအတုယူခဲ့တာပါ။"

ထိုစကားလုံးများ သူမ၏နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ယုလောင်ရွှမ်နှင့် ယုဝမ်ကျောက် နှစ်ဦးစလုံးက သိမ်မွေ့စွာ ကိုယ်ကို မတ်လိုက်ကြသည်။

သူတို့၏ ရင်အုပ်များ ပင့်တက်သွားသည်။

သူတို့၏ အရှိန်အဝါများ မြင့်တက်လာသည်။

ပတ်ဝန်းကျင်ရှိ ချီဓာတ်များပင်လျှင် ဖျော့တော့စွာ လှုပ်ခတ်သွားခဲ့ပြီး သူတို့၏ အစွမ်းကို ပြသရန်အတွက် ၎င်းတို့၏ ကျင့်စဉ်အဆင့် အရှိန်အဝါကို မသိစိတ်ကပင် ထုတ်ဖော်လိုက်ကြသည်။

မူလင်းယွဲ့က တည်ငြိမ်သော လေသံဖြင့် ဆက်လက်ပြောကြားခဲ့သည်။

"တကယ်တော့..."

သူမ ခေတ္တရပ်လိုက်ပြီးနောက် အသာအယာ ထပ်လောင်းပြောဆိုလိုက်သည်။

"ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုဟာ ကျွန်မ အမြဲတမ်း အလွန်အားကျအတုယူရတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။"

လူအုပ်ကြီးကြားတွင် လှိုင်းထသွားပြန်သည်။

ဝမ်းကွဲအစ်ကို ဟုတ်လား?

လူတိုင်းက မသိစိတ်ကပင် သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြရာ

သစ်သီးကို ဝါးနေဆဲဖြစ်သော ပိုင်ကျီဟန် ထံသို့ ရောက်ရှိသွားသည်။

မူလင်းယွဲ့၏ နှုတ်ခမ်းအစုံက အနည်းငယ်မျှ ကွေးညွတ်သွားခဲ့သည်။

"အကယ်၍ သူ့လို ပုဂ္ဂိုလ်မျိုး ပေါ်လာမယ်ဆိုရင်..."

ခေတ္တမျှ ရပ်လိုက်ပြီး

"ကျွန်မ အိမ်ထောင်ပြုဖို့ စဉ်းစားရတာကို စိတ်ထဲထားမှာ မဟုတ်ပါဘူး။"

ယခုအခါ ခန်းမတစ်ခုလုံး၏ အာရုံစိုက်မှုက ထက်မြက်လာခဲ့ပြီဖြစ်သည်။

သူမသည် တစ်စုံတစ်ခုဆီသို့ ဦးတည်နေကြောင်း လူတိုင်း ခံစားမိလိုက်ကြသည်။

ထို့နောက် မူလင်းယွဲ့က ရှင်းလင်းစွာ ပြောလိုက်သည်။

"အကယ်၍ မည်သူမဆို ကျွန်မရဲ့ ဝမ်းကွဲအစ်ကို ပိုင်ကျီဟန်ကို အနိုင်ယူနိုင်မယ်ဆိုရင်... ကျွန်မ အိမ်ထောင်ပြုဖို့ စဉ်းစားပါ့မယ်။"

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

ထို့နောက် ထူးဆန်းသော ခံစားချက်တစ်ခုက လူအုပ်ကြီးကြား ပျံ့နှံ့သွားခဲ့သည်။

ယခင်က ကြုံဖူးဆန်းပြားသည့် ခံစားချက်မျိုး

လူအများအပြား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ဒါက သူတို့ တစ်နေရာရာမှာ ကြားဖူးခဲ့တဲ့ အရာမျိုး မဟုတ်ဘူးလား?

ဒါက ပိုင်ရွှယ်ချင်းသည် သူမကို လာရောက်

ပိုးပန်းကြသူများကို မရေမတွက်နိုင်အောင် ငြင်းပယ်ခဲ့သည့် နည်းဗျူဟာအတိုင်း ကွက်တိပဲ မဟုတ်ဘူးလား?

မည်သူမဆို ပိုင်ကျီဟန်ကို အနိုင်ယူနိုင်ပါက သူမ စဉ်းစားမည်ဟု ဆိုခဲ့သည်။

ရလဒ်က ဘာဖြစ်ခဲ့လဲ?

အခုအချိန်ထိ အနိုင်ရသူကို ထားလိုက်ဦး၊ စိန်ခေါ်ရဲသူ တစ်ယောက်မျှပင် မရှိခဲ့ချေ။

အကြောင်းမှာ ဤသူသည် ပိုင်ကျီဟန် ဖြစ်နေသောကြောင့်ပင်။

သူ့မျိုးဆက်အတွင်းမှာ သူ့ကို မည်သူက ယှဉ်ပြိုင်နိုင်မှာလဲ?

သူက လက်တစ်ဖက်ကို နောက်ပစ်ပြီး တိုက်ခိုက်ရင်တောင်မှ မည်သူမျှ ရှေ့သို့ လှမ်းထွက်ရဲကြမည်မဟုတ်ပေ။

ထိုနည်းအတိုင်းပင် လာရောက်ကမ်းလှမ်းမှုများသည် သဘာဝကျကျပင် ပျောက်

ကွယ်သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူမက မတရားသော တောင်းဆိုမှုမျိုး တောင်းဆိုနေတာ မဟုတ်ချေ။ သူမက မိမိ၏ အကိုထက် ပိုမိုသန်မာသောသူကိုသာ အလိုရှိခြင်း ဖြစ်သည်။

ပြီးပြည့်စုံစွာ မျှတသော အခြေအနေတစ်ခု ဖြစ်သော်လည်း ထို အကိုက ပိုင်ကျီဟန် ဖြစ်မနေမှသာ ရပေလိမ့်မည်။

ယုလောင်ရွှမ်နှင့် ယုဝမ်ကျောက် နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။

သူတို့၏ ယခင်က ယုံကြည်မှုများ... အေးခဲသွားခဲ့ပြီ။

ယခင်က ဤအရာသည် ပိုင်ရွှယ်ချင်း အသုံးပြုခဲ့ပြီး သူတို့အများစုကို ငြင်းပယ်ခဲ့သည့် ဆင်ခြေတစ်ခု ဖြစ်ခဲ့သည်။

ယခုအခါ မူလင်းယွဲ့ကလည်း ထိုနည်းဗျူဟာကိုပင် ပြန်လည်အသုံးပြုနေခြင်း ဖြစ်သည်။

ထိုအရာအားလုံး၏ ဗဟိုချက်တွင်မူ

ပိုင်ကျီဟန်က သူ့သစ်သီးကို တည်ငြိမ်စွာ မျိုချလိုက်ပြီး မော့ကြည့်ကာ မျက်ခုံးတစ်ဖက်ကို အနည်းငယ် ပင့်လိုက်သည်။

"ဟမ်?"

(ဘာတွေဖြစ်နေတာလဲ? လူတွေအကုန်လုံးက ငါ့ကို ဘာလို့ ကြည့်နေကြတာလဲ? ငါက သစ်သီးစားနေရင်းနဲ့တောင် အရမ်းချောနေလို့လား?)

အခန်း ၅၅၅ မူလင်းယွဲ့ အခြေအနေ

"မိန်းကလေးမူ... မင်းရဲ့သတ်မှတ်ချက်က တကယ်ကို လေးစားစရာကောင်းပါတယ်။ ဒါပေမဲ့ တခြားတစ်ယောက်ယောက်နဲ့ ပြောင်းလဲစဉ်းစားပေးလို့ မရဘူးလားဟင်"

ယုလောင်ရွှမ်က ပြောလိုက်သည်။

ယုဝမ်ကျောက်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိတ်ပြသည်။

"ဒါပေါ့... သခင်လေးပိုင်ရဲ့ စွမ်းရည်က လူတိုင်းသိပြီးသားပဲဥစ္စာ။ တို့မျိုးဆက်ထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူက ခပ်ရှားရှားရယ်"

ဒါကတောင် အားနာပါးနာနဲ့ ယဉ်ယဉ်ကျေးကျေး ပြောလိုက်ခြင်း ဖြစ်သည်။

ထိုနေရာရှိ လူတိုင်းကတော့ အမှန်တရားကို ကောင်းကောင်းသိကြသည်။ "ခပ်ရှားရှား" ရှိနေတာ မဟုတ်ဘဲ၊ တစ်ယောက်မှ မရှိတာ ဖြစ်သည်။

မင်းသားတွေထဲမှာပင် လူပုံအလယ်၌ ပိုင်ကျီဟန်ကို သွားရောက်စိန်ခေါ်ပြီး မိမိကိုယ်ကိုယ် အရှက်ခွဲမည့် လူမိုက်တစ်ယောက်မှ မရှိကြချေ။

အကယ်၍သာ သူတို့ စိန်ခေါ်နိုင်စွမ်း ရှိခဲ့ပါက ပိုင်ရွှယ်ချင်းကို လက်ထပ်နိုင်ရန်အတွက် ဟိုးကတည်းက စိန်ခေါ်ခဲ့ကြမည် ဖြစ်သည်။

မူလင်းယွဲ့သည် သူတို့စကားကို စဉ်းစားနေသည့်အလား ခေါင်းလေးကို အနည်းငယ် စောင်းလိုက်၏

ထို့နောက် တည်ငြိမ်သော လေသံဖြင့် ပြန်ပြောသည်။

"အဲဒါတော့ အဆင်မပြေလောက်ဘူး။ ဝမ်းကွဲအစ်ကိုပိုင်က ကျွန်မကို ငယ်ငယ်ကတည်းက အနိုင်ကျင့်လာတာ"

မူလင်းယွဲ့က တည်ကြည်သော မျက်နှာပေးဖြင့် ဆက်ပြောသည်။

"ဒါကြောင့် သဘာဝကျကျပဲ... ကျွန်မရဲ့ အနာဂတ်ခင်ပွန်းလောင်းက သူထက် ပိုသန်မာရမယ်... ဒါမှ ကျွန်မအတွက် ကလဲ့စားချေပေးနိုင်မှာ"

သူမ၏လေသံမှာ အလွန်တရာ တည်တံ့လွန်းလှသဖြင့် ဤအရာသည် ဖြစ်သင့်ဖြစ်ထိုက်သည့် သဘာဝတရားတစ်ခုကဲ့သို့ပင်။

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအတော်များများမှာ သီးမလိုပင် ဖြစ်သွားကြသည်။

အနိုင်ကျင့်တာ ဟုတ်လား

ကလဲ့စားချေရမယ် ဟုတ်လား

ထိုနေရာမှာ ရှိနေသည့်လူတွေထဲက မည်သူကများ သူ့လက်ချက်ကြောင့် တစ်နည်းမဟုတ်တစ်နည်း မခံစားခဲ့ရဖူးလို့လဲ။

တကယ်လို့ သူ့ကို ကလဲ့စားချေပေးနိုင်မည့်လူသာ ရှိနေပါက ပိုင်ကျီဟန် တစ်ယောက် ဒီနေရာ၌ ယခုလို မတ်တပ်ရပ်နေနိုင်တော့မှာ မဟုတ်ပေ

စိတ်ကူးထဲမှာတော့ ကျေနပ်စရာကောင်းသော်လည်း လက်တွေ့အမှန်တရားက တခြားစီ ဖြစ်သည်။

သူ့လက်ထဲတွင် ထပ်ပြီး မနွမ်းပါးရင်ပဲ ကံကောင်းလှချေပြီ။

ယုဝမ်ကျောက်က အောင့်သက်သက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"မိန်းကလေးမူ... သခင်လေးပိုင်က လူကြီးလူကောင်း ပီသတဲ့သူပါ။ မင်းလို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ် အနိုင်ကျင့်ပါ့မလဲ။ ဒါက စနောက်တာ သက်သက်ပဲ ဖြစ်ရမယ်၊ မိန်းကလေးမူအနေနဲ့ စိတ်ထဲ သိပ်မထားပါနဲ့"

ယုဝမ်ကျောက်သည် ပိုင်ကျီဟန် ကို မျက်နှာလိုမျက်နှာရ ချီးမွမ်းလိုက်ရုံသာမက၊ မူလင်းယွဲ့ကိုလည်း သူမ၏ သတ်မှတ်ချက်အား ပြောင်းလဲပစ်ရန် သွယ်ဝိုက်၍ ဖျောင်းဖျလိုက်ခြင်း ဖြစ်သည်။

တော်ဝင်မျိုးနွယ်များပီပီ စကားအပြောအဆိုတွင် အလွန်ပင် ပါးနပ်လှပေသည်။

မူလင်းယွဲ့က သူတို့ကို ငြိမ်သက်စွာ စိုက်ကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။

"ဒါက ကျွန်မရဲ့ သတ်မှတ်ချက်ပဲ”

ညှိနှိုင်းစရာ နေရာမရှိချေ။

တကယ်တော့ ညှိနှိုင်းစရာလည်း မလိုပေ။

သူမက သူတို့ကို ငြင်းပယ်ချင်ရုံသာမက တခြားအမျိုးသားများကိုပါ သူမအား လက်ထပ်ရန် စိတ်မကူးရဲအောင် တားဆီးချင်ရုံသက်သက်သာ ဖြစ်သည်။

မူလင်းယွဲ့၏ သတ်မှတ်ချက်သည် လေထုထဲတွင် ပျံ့လွင့်သွားပြီး မည်သူမျှ လက်ခံရန် မဝံ့ရဲကြချေ။

မင်းသားနှစ်ပါးပင်လျှင် ဤကိစ္စကို လောလောဆယ် လက်လျှော့ထားပြီး နောက်မှ ပြန်ပြောရန် စဉ်းစားလိုက်ကြသည်။

ဤကိစ္စက ဤမျှနှင့်ပင် ပြီးဆုံးသွားတော့မည်ဟု ထင်မှတ်နေရစဉ် လူအုပ်ကြီးကြားထဲမှ အသံတစ်သံ ဖြတ်ထွက်လာသည်။

"မင်းပြောတဲ့စကားက တကယ်ပဲ အတည်လား"

လူတိုင်း လှည့်ကြည့်လိုက်ကြသည်။

အမျိုးသားတစ်ယောက် ရှေ့သို့ တက်လာခဲ့သည်။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးက တောမီးကဲ့သို့ ချက်ချင်း မှတ်မိသွားကြသည်။

"သူ... သူပဲ...”

"ဖုန်းရွှမ်ယဲ့”

“ထျန်းယန်အင်ပါယာက ဗလာသန့်စင်ခြင်းအဆင့် ပါရမီရှင်”

တီးတိုး အော်ဟစ်သံများ ဆူညံသွားသည်။

ဖုန်းရွှမ်ယဲ့

ဤအမည်သည် ငြင်းပယ်၍မရသော ဂုဏ်သတင်းကို ဆောင်ကျဉ်းထားသည်။

သူသည် အသက် လေးဆယ်အရွယ်တွင်ပင် ဗလာသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အရှေ့ဘက်ဒေသတစ်ခုလုံးတွင် အသက်အငယ်ဆုံးဖြင့် တက်လှမ်းနိုင်ခဲ့သူတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်

ခံထားရသည်။

ထိုမျှမကသေး၊ သူသည် တစ်ကြိမ်က မဟာကောင်းကင်ဘုံတက်ခြင်း အဆင့် ပညာရှင်တစ်ဦးနှင့် သရေကျသည်အထိ တိုက်ခိုက်ခဲ့ဖူးသည်ဟု ကောလာဟလများ ရှိခဲ့သည်။

ကောလာဟလက ပိုပိုသာသာ ပြောထားသည်ဖြစ်စေ၊ မပြောထားသည်ဖြစ်စေ မည်သူမျှ သူ့ကို လျှော့မတွက်ရဲကြပေ။

သူသည် ထိုမျိုးဆက်၏ အသန်မာဆုံး ကျင့်ကြံခြင်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်သည်။

အကယ်၍ ပိုင်ရွှယ်ချင်းနှင့် ပိုင်ကျီဟန်ကဲ့သို့သော ပါရမီရှင်များ ပေါ်ထွက်မလာခဲ့ပါက သူ၏ ဂုဏ်သတင်းသည် ယခုထက် များစွာ ပိုမို ကျော်ကြားနေမည် ဖြစ်သည်။

သူ့မျက်လုံးများက မူလင်းယွဲ့ထံ တည့်တည့် ကျရောက်သွားသည်။

"မင်းရဲ့စကားတွေက ငါ့အတွက်လည်း အကျုံးဝင်မယ်လို့ ငါ ယူဆတယ်"

သူ့အသံတွင် တုံ့ဆိုင်းမှု အလျဉ်းမရှိချေ။

သူမအတွက်နှင့် သူ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

နောက်ခံအာဏာကို ပိုမိုစိတ်ဝင်စားကြသည့် မင်းသားနှစ်ပါးနှင့်မတူဘဲ သူက မူလင်းယွဲ့ ကိုယ်တိုင်ကို ပို၍ စိတ်ဝင်စားသည်။

သူမ၏ အလှအပ...

သူမ၏ ပါရမီ...

သူ့မျက်လုံးထဲတွင် မူလင်းယွဲ့ကဲ့သို့သော သူမျိုးသာလျှင် သူ့ဘေးတွင် ရပ်တည်ရန် ထိုက်တန်သည်။

ကောင်းကင်အင်ပါယာဘက်ခြမ်းတွင် ဂယက်ထသွားသည်။

ထျန်းယန်အင်ပါယာ၏ အကြီးကျယ်ဆုံး ပါရမီရှင်

ကောင်းကင်အင်ပါယာကို ဝန်းရံထားသော အင်ပါယာများစွာထဲတွင် အသန်မာဆုံးသည် ထျန်းယန်အင်ပါယာ ဖြစ်သည်မှာ သေချာသည်။

သူတို့ အင်ပါယာနှစ်ခုစပ်ကြား နယ်စပ်တွင် မကြာခဏ ပဋိပက္ခများ ဖြစ်ပွားလေ့ရှိပြီး အနီးနားရှိ အင်ပါယာများထဲတွင် ဆက်ဆံရေး အဆိုးရွားဆုံးဟုပင် ဆိုနိုင်သည်။

များစွာသောလူတို့က သူ့ကို အံ့သြတုန်လှုပ်စွာ ကြည့်နေကြပြီး အချို့ကမူ သနားစရာသတ္တဝါတစ်ကောင်လို ကြည့်နေကြသည်။

သူလုပ်နေသည့်အရာက အလွန် သတ္တိရှိသည်မှာ သံသယဖြစ်ဖွယ်မရှိ - အထူးသဖြင့် ပိုင်ကျီဟန်၏ စွမ်းရည်ကို ကိုယ်တိုင်မြင်တွေ့ဖူးသည့် ကောင်းကင်အင်ပါယာမှ လူများအတွက်မူ ပို၍ပင် အံ့သြစရာကောင်းသည်။

သို့သော် သတ္တိရှိတာထက် လူအများကတော့ ၎င်းကို လူမိုက်ကွက်ဟု ထင်မြင်ကြသည်။

သို့သော် ဖုန်းရွှမ်ယဲ့ကတော့ ထိုသို့မတွေးပေ။

သူသည် ပိုင်ကျီဟန် နှင့်ပတ်သက်သည့် ကောလာဟလများကို ကြားဖူးသည်။

ပိုင်ကျီဟန်သည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ရှိသော မိစ္ဆာအကြီးအကဲတွေကို အနိုင်ယူခဲ့သည်ဟူ၍ပင်။

သူ၏ စွမ်းရည်က မိစ္ဆာဆန်လွန်းလှသည်ဟူ၍လည်းကောင်း ကြားဖူးသည်။

သို့သော် သူသည် ကောလာဟလသက်သက်ကို မယုံကြည်နိုင်ချေ။

သူကိုယ်တိုင်လည်း သူ့မျိုးနွယ်စုမှ အကြီးအကဲများဖြစ်သော စစ်မှန်သည့် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ပညာရှင်များနှင့် တိုက်ခိုက်ခဲ့ပြီး တောင့်ခံနိုင်ခဲ့ဖူးသည်

သူ့စိတ်ထဲတွင်တော့ ထိုအကြီးအကဲများသည် သာမန်မိစ္ဆာကျင့်ကြံသူများထက် များစွာ ပိုမိုသန်မာသည်ဟု ယူဆထားသည်။

အကယ်၍ ပိုင်ကျီဟန်သာ လုပ်နိုင်ခဲ့လျှင် သူလည်း လုပ်နိုင်ရမည်။

ထိုအတွေးဖြင့် သူသည် မိမိကိုယ်ကိုယ် အနိုင်ရနိုင်သည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။

ဒါတင်မကသေးဘဲ သူ ပိုင်ကျီဟန်ကို စိန်ခေါ်ရဲသည့် အခြားအကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။

သူ့မျက်လုံးများက ပိုင်ကျီဟန် ထံသို့ အနည်းငယ် ရွှေ့သွားသည်။

သူ့မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ် အရိပ်အယောင်များ ဖျတ်ခနဲ လက်သွားသည်။

သူ့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ချင်သည်။

သူ့ဂုဏ်သတင်းကိုတောင် လွှမ်းမိုးထားတဲ့ အဲဒီ ပါရမီရှင်ဆိုတာ တကယ်ပဲလား။

အဲဒီ စွမ်းဆောင်ချက်တွေက တကယ်ပဲလား။

ဒါမှမဟုတ် ချဲ့ကားထားတဲ့ ကောလာဟလတွေလား။

ပိုင်ကျီဟန်သည် တကယ်ပဲ ထိုဂုဏ်သတင်းနဲ့ ထိုက်တန်ရဲ့လား။

ဒါမှမဟုတ်...

ကောင်းကင် အင်ပါယာက လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်တစ်ပုဒ်သက်သက်ပဲလား။

ထျန်းယန်အင်ပါယာမှ ကိုယ်စားလှယ်များသည်လည်း ဖုန်းရွှမ်ယဲ့ကို တားဆီးရန် အာရုံမရှိကြချေ။

သူတို့က ပြုံးတောင်ပြုံးနေကြပြီး သူ့ ဆုံးဖြတ်ချက်ကို သဘောတူသည့်ပုံပေါ်သည်။ 'မင်းတို့အားလုံး ပိုင်ကျီဟန်ကို ကြောက်ချင်ကြောက်မယ်၊ တို့ကတော့ မကြောက်ဘူး’ဟု ပြောနေသည့်အလား။

သူတို့ကလည်း ပိုင်ကျီဟန်၏ တကယ့်စွမ်းရည်ကို အကဲဖြတ်ချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အနာဂတ်တွင် သူတို့အင်ပါယာအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်မှာ သေချာသောကြောင့် ဖြစ်သည်။

ဖုန်းရွှမ်ယဲ့ ရှုံးနိမ့်သွားလျှင်ပင် သူတို့အတွက် ဘာမှ ထိခိုက်စရာမရှိဟု တွေးထားကြသည်။

ထို့အပြင် အကယ်၍ မူလင်းယွဲ့သာ ဖုန်းရွှမ်ယဲ့၏ ဇနီးဖြစ်လာခဲ့လျှင် သူမကို ထျန်းယန်အင်ပါယာသို့ ခေါ်ဆောင်သွားနိုင်မည် ဖြစ်သည်။

အကယ်၍ ထိုကဲ့သို့သော ပါရမီရှင်တစ်ဦးကို သူတို့ ပိုင်ဆိုင်ခွင့်ရခဲ့လျှင် သူတို့၏ ဆေးဖော်စပ်ခြင်းဆိုင်ရာ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဖုန်းရွှမ်ယဲ့သာ ပိုင်ကျီဟန်ကို အနိုင်ရရှိခဲ့ပါက ပိုင်ကျီဟန်၏ ဂုဏ်သတင်းကို နှိမ့်ချနိုင်ပြီး ဖုန်းရွှမ်ယဲ့၏ ဂုဏ်သတင်းကို ပိုမိုမြှင့်တင်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် မည်သို့သော ရလဒ်ထွက်ပေါ်လာပါစေ သူတို့အတွက် အမြတ်သာဖြစ်ပြီး ဖုန်းရွှမ်ယဲ့ နိုင်သွားပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

မူလင်းယွဲ့၏ မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်မှုတစ်ခု အနည်းငယ် ပေါ်လာသည်။

သူမကတော့ ပိုင်ကျီဟန်၏ နာမည်ကို သုံးလိုက်ရုံနှင့် မည်သူမဆို နောက်ဆုတ်သွားလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်အင်ပါယာအတွင်း၌မူ ထိုနာမည်တစ်ခုတည်းနှင့်ပင် ယုံကြည်ချက်အပြည့်ရှိသော ပါရမီရှင်များကိုပင် နှုတ်ဆိတ်သွားစေရန် လုံလောက်သည်။

သို့သော် သူမ တစ်ခုကို လျှော့တွက်မိသွားသည်။

ပြင်ပလူများကတော့ သူ့ကို ထိုမျှလောက် မကြောက်ကြချေ - အထူးသဖြင့် ဖုန်းရွှမ်ယဲ့ကဲ့သို့သော လူမျိုးဖြစ်သည်။

ခဏမျှတော့ သူမ ရင်ထဲမှာ အနည်းငယ် ခေါင်းခဲသွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း သူမ၏ မျက်နှာပေးက ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။

စကားကလည်း ထွက်ပြီးသားဖြစ်သဖြင့် ပြန်ရုပ်သိမ်းရန် အကြောင်းမရှိချေ။

ထို့အပြင် သူမသည် ပိုင်ကျီဟန်၏ စွမ်းရည်ကို ယုံကြည်သည်။

သူမ ကိုယ်တိုင် မျက်မြင်မတွေ့ဖူးသော်လည်း ကြားဖူးသမျှအရ သူ ရှုံးနိမ့်ရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟု သူမ ယုံကြည်သည်။

မူလင်းယွဲ့က ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။

"ပြောတဲ့စကားက အမြဲတမ်း အတည်ပဲ"

ဖုန်းရွှမ်ယဲ့၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"ကောင်းပြီ”

သူ့၏ စွမ်းအင်လှိုင်းများသည် ဖျတ်ခနဲ ထွက်ပေါ်လာပြီး မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

"ဒါဆို အချိန်ဖြုန်းမနေကြေးစတမ်း”

သူ့မျက်လုံးများက လှည့်သွားပြီး ပိုင်ကျီဟန် ဆီသို့ တည့်တည့် စိုက်ကြည့်လိုက်သည်။

"ငါ ပိုင်ကျီဟန်ကို ယှဉ်ပြိုင်ဖို့ စိန်ခေါ်တယ်”

အခန်း၅၅၆ -မင်းက အတင်းအကျပ်တောင်းဆိုမှတော့ ငါဖြည့်ဆည်းပေးရမှာပေါ့

ပိုင်ကျီဟန်က မျက်တောင်ခတ်လိုက်သည်။ခဏမျှတော့ သူ အမှန်တကယ်ပင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

လွန်ခဲ့သည့် မိနစ်ပိုင်းကအထိ သူသည် ဘာကိုမျှ ဝင်ပါရန် စိတ်ကူးမရှိဘဲ ဘေးတစ်ဖက်တွင် အေးအေးဆေးဆေး မတ်တပ်ရပ်ရင်း ဝိညာဉ်သစ်သီးများကို စားသုံးနေခဲ့ခြင်း ဖြစ်သည်။

သို့သော် နောက်တစ်ဆက်တည်းမှာပင် ခန်းမတစ်ခုလုံးရှိ အကြည့်အားလုံးက သူ့ထံသို့ ကျရောက်လာခဲ့လေသည်။

သူ တစ်ခုခု အကြီးအကျယ် ကျူးလွန်မိလိုက်သည့်အလား...။

"..?"

သူက အသီးကို ဖြည်းဖြည်းချင်း ဝါးပြီးနောက် မျိုချလိုက်သည်။

သူတို့ အပြန်အလှန် ပြောဆိုနေကြသည်ကို ကြားရတော့မှပဲ ကိစ္စအဝဝကို သဘောပေါက်သွားတော့သည်။

သူ၏ မျက်နှာပေးက ထူးဆန်းသွားရသည်။

အော်... ဒီလိုကိုး...

သူ့စိတ်ထဲတွင် တိုးတိုးတိတ်တိတ် ညည်းတွားမိလိုက်သည်။

ပထမတော့ ပိုင်ရွှယ်ချင်း... အခုကျတော့ မူလင်းယွဲ့ကပါ ထပ်ပြီးတော့လား။

(နောက်ကျရင် ငါတောင်မသိတဲ့ တခြားဝမ်းကွဲညီမတွေပါ လက်ထပ်ရမှာ ကြောက်လို့ ငါ့နာမည်ကို ဒိုင်းလုပ်သုံးကြဦးမလား မသိဘူး)

သူ မတရားသဖြင့် ခံရသလို ခံစားလိုက်ရသည်။

(ငါတုန်းကကျတော့ ချူကျီယန် နဲ့ အတင်း စေ့စပ်ခိုင်းတုန်းက ဘာလို့ ဒီလို အဆင်ပြေပြေ သုံးလို့ရမယ့် ဒိုင်းမျိုး မရခဲ့တာလဲ)

ထိုအတွေးက ခဏမျှ ဝဲလည်သွားပြီးနောက်

စိတ်ထဲမှနေ၍ တောက်တစ်ချက် ခေါက်လိုက်သည်။

သူ့ ဆွေမျိုးတွေကတော့ တစ်ယောက်ထက်တစ်ယောက် ပိုပြီး လည်ကြပတ်ကြပေသည်။

သို့သော်လည်း သူ ဘာမှ ထုတ်မပြောခဲ့ချေ။

ထိုအစား အေးအေးဆေးဆေးပင် နောက်ထပ် ဝိညာဉ်သစ်သီးတစ်လုံးကို ကောက်ယူကာ ကိုက်လိုက်ပြန်သည်။

ဂွတ်

ချိုမြိန်လှပေသည်။

ဒီနေရာက တခြားဟင်းပွဲတွေထက်စာရင် အများကြီး ပိုကောင်းသည်။ ကမ္ဘာမြေမှာ ရှိခဲ့သည့် အစားအစာတွေနဲ့ ယှဉ်လိုက်ရင်တော့ ဒီပွဲက တကယ်ကို စိတ်ပျက်စရာကောင်းလှ၏။

(နောက်တစ်ခါကျရင် ငါ့ရဲ့ စားဖိုမှူးတွေထဲက တစ်ယောက်ယောက်ကို လွှတ်လိုက်ရင် ကောင်းမလား)

သူ အတည်အပေါက် စဉ်းစားနေခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အခုလို ပွဲမျိုးတွေကို သူ တက်ရောက်ရမည်ဆိုပါက အနည်းဆုံးတော့ သူ့အတွက် စနစ်တကျ ပြင်ဆင်ထားသော အစားအစာတွေကို ကျွေးမွေးသင့်သည် မဟုတ်ပါလား။

သူ့နာမည်ကို အလွဲသုံးစားလုပ်သွားတဲ့ ကိစ္စလား။

လောလောဆယ်တော့ သူ ဘာမှမတတ်နိုင်သေးသော်လည်း နောက်မှ ခပ်ပြတ်ပြတ် သတိပေးရပေမည်။ သူ့နာမည်က အလွယ်တကူ ယူသုံးရမည့် အရာမဟုတ်ချေ။

တကယ်လို့ သူတို့က သူ့နာမည်ကို သုံးပြီး ချင်လင်းရှောင်လို လူမျိုးနဲ့ သွားပြီး ရန်စမိပါက ဘယ်လိုလုပ်မည်နည်း

ဒါဆိုရင် ကောင်းကင်ဘုံ ရွေးချယ်ခံ ပါရမီရှင်တစ်ယောက်၏ အရိုက်အနှက်ကို ခံရဖို့ ဇာတ်ကွက်ဆင်ပေးသလို ဖြစ်မသွားဘူးလား။

ဒါပေမဲ့လည်း ထင်ရှားတာကတော့ သူ၏ လက်ရှိဂုဏ်သတင်းအရ သူ့ကို စိန်ခေါ်ရဲမည့်သူ ရှိလိမ့်မည်ဟု မထင်ချေ။

သူသည် ဘာကိုမျှ ဂရုမစိုက်ဘဲ ဆက်လက် စားသောက်နေခဲ့သည်။

ထိုအရာက... ဤစကားလုံး ထွက်ပေါ်မလာခင်အထိပင်။

"ငါ ပိုင်ကျီဟန်ကို ယှဉ်ပြိုင်ဖို့ စိန်ခေါ်တယ်”

ထိုအသံက ပြတ်သားစွာ မြည်ဟည်းသွားသည်။

"...?"

ပိုင်ကျီဟန် သစ်သီးကို ကိုက်လက်စဖြင့် တန့်သွားသည်။

သူသည် လက်ထဲမှ သစ်သီးကို ဖြည်းဖြည်းချင်း အောက်သို့ ချလိုက်သည်။

ထို့နောက် ခေါင်းကို မော့လိုက်၏။

သူ့အကြည့်က ဖုန်းရွှမ်ယဲ့နှင့် ဆုံသွားသည်။

(ဒီလူအကောင်က ဘယ်က ငတုံးလဲ)

သူ့ရဲ့ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် တခြားအင်ပါယာက လူတစ်ယောက် ဖြစ်ကြောင်း ပိုင်ကျီဟန် သိလိုက်သည်။

ပိုင်ကျီဟန်က ဖုန်းရွှမ်ယဲ့ကို ခဏမျှ စိုက်ကြည့်နေခဲ့သည်။

ထို့နောက် ဝိညာဉ်သစ်သီးကို နောက်ထပ်တစ်ကိုက် အမှုမဲ့အမှတ်မဲ့ ကိုက်လိုက်ပြန်သည်။

ဂွတ်... ဂွတ်

ဘာမှ အရေးမကြီးတာ ဖြစ်ပျက်သွားသည့်အလား ချိုမြိန်သော အရည်များက သူ့လျှာပေါ်တွင် ပျံ့နှံ့သွားသည်။

ထိုအချိန်တွင် လူတိုင်း၏ မျက်လုံးများက သူ့ထံသို့သာ စူးစိုက်ကြည့်နေကြသည်။

ပိုင်ကျီဟန်က စဉ်းစားတွေးတောရင်း ဝါးနေသည်။

သူ ခဏမျှ တွေးတောလိုက်ပုံရပြီးမှ...

"မလာပါနဲ့... ငါ အခုလောလောဆယ် ဘယ်သူနဲ့မှ မတိုက်ချင်ဘူး"

ထိုတုံ့ပြန်မှုက အလွန်တရာ တည့်တိုးဆန်လွန်းသဖြင့် လူအတော်များများကို အကြောင်သား ဖြစ်သွားစေသည်။

သူတို့ ထင်ထားခဲ့သည်က ပိုင်ကျီဟန်သည် တခြားပါရမီရှင်များကဲ့သို့ စိန်ခေါ်ခံရသည့်အခါ - အထူးသဖြင့် ဤကဲ့သို့ လူအုပ်ကြီးရှေ့တွင် တုံ့ဆိုင်းမှုမရှိဘဲ လက်ခံလိမ့်မည်ဟု ဖြစ်သည်။

ပိုင်ကျီဟန်ကမူ အနည်းငယ်မျှပင် စိတ်ဝင်စားပုံမပြဘဲ ဆက်ပြောလိုက်သည်။

"အဲဒီလိုလုပ်လို့ ဘာအကျိုးအမြတ်မှ ရှိတာမဟုတ်ဘူး။ ဒါက သူမပြောတဲ့ စကားတွေသက်သက်ပဲလေ"

သူက မူလင်းယွဲ့ဘက်သို့ ခေါင်းကို အနည်းငယ် စောင်းပြလိုက်ရင်း...

"အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ"

ဖုန်းရွှမ်ယဲ့၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူ ဤကဲ့သို့သော ရလဒ်ကို မမျှော်လင့်ထားခဲ့ချေ။ သူ၏ အကြည့်က မူလင်းယွဲ့ထံသို့ ဖြည်းဖြည်းချင်း ရွှေ့သွားသည်။

"ဒါဆိုရင် အခု ဘယ်လိုလုပ်မလဲ"

သူ့လေသံတွင် မကျေနပ်မှု အရိပ်အယောင်များ ပါဝင်နေသည်။

မူလင်းယွဲ့လည်း မျက်တောင်ခတ်လိုက်မိပြီး ပိုင်ကျီဟန်က ဤမျှအလွယ်တကူ ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့သည်မှာ သိသာလှသည်။

ခဏမျှတော့ သူမ တုံ့ဆိုင်းသွားရသည်။

ထို့နောက် သူမ လျှောက်လာခဲ့ပြီး ပိုင်ကျီဟန် ၏ ရှေ့တွင် ရပ်လိုက်သည်။

သူမ၏ မျက်ဝန်းများကို အနည်းငယ် ပင့်မော့လိုက်ပြီး တောင်းပန်တိုးလျှိုးသည့် အရိပ်အယောင်များဖြင့်...

"ဘာလို့ သူ့ကို မတိုက်ချင်ရတာလဲ"

ပိုင်ကျီဟန် က မျက်လုံးပင့်ပြလိုက်ရင်း

"ငါက ဘာလို့ လူပျော့တစ်ယောက်ကို တိုက်ရမှာလဲ"

သူ့လေသံက ပေါ့ပေါ့ပါးပါးနှင့် ငြီးငွေ့စရာကောင်းလှသည့်အလား။

"ဒါက ဘာအဓိပ္ပာယ်မှ မရှိဘူး”

တိတ်ဆိတ်ခြင်း

ဖုန်းရွှမ်ယဲ့၏ မျက်နှာပေးက ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

လူပျော့ ဟုတ်လား

သူလို... မိမိမျိုးဆက်၏ အသန်မာဆုံးလူများထဲတွင် ပါဝင်သော ဖုန်းရွှမ်ယဲ့ကို စကားတစ်ခွန်းတည်းနှင့် ပယ်ချလိုက်ခြင်း ဖြစ်သည်။

သို့သော် မူလင်းယွဲ့ကတော့ နောက်မဆုတ်ချေ။

သူမက အနည်းငယ် ပို၍ တိုးကပ်လိုက်ပြီး အသံကို နှိမ့်ကာ...

"...ငါ့ကို နည်းနည်းလောက် ကူညီပါဦး"

တိုးတိုးလေး ကပ်၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ပိုင်ကျီဟန်ကတော့ မည်သို့မျှ မတုံ့ပြန်ချေ။

သူက နောက်ထပ်တစ်ကိုက် သာသာယာယာ ဆက်ကိုက်နေသည်။

သူမစကားကို လုံးဝ မကြားလိုက်ရသည့် အတိုင်း။

ဖုန်းရွှမ်ယဲ့က ရုတ်တရက် ရယ်မောလိုက်သည်။ သူ့လေသံက ချွန်ထက်လာပြီး သရော်စာများဖြင့် ပြည့်နှက်နေ၏။

"သခင်လေးပိုင်က ကြောက်နေတာများလား"

ထိုစကားများက ဧည့်သည်အတော်များများကို ချက်ချင်း အံ့အားသင့်သွားစေသည်။ သို့သော်လည်း အခြေအနေကို ကြည့်ခြင်းအားဖြင့် ပိုင်ကျီဟန်က ဖုန်းရွှမ်ယဲ့၏ စွမ်းရည်ကြောင့် တိုက်ပွဲကို ရှောင်ရှားချင်နေသည်ဟု အမှန်ပင် ထင်မှတ်စရာ ဖြစ်

နေသည်။

တကယ်လို့ ထိုအကြောင်းပြချက်ကြောင့် မဟုတ်ရင်တောင် ပိုင်ကျီဟန်က တိုက်ပွဲကို ထိုကဲ့သို့ ပြတ်ပြတ်သားသား ငြင်းပယ်ရသည့် တခြားအကြောင်းရင်းကို လူအများက တွေးလို့မရကြချေ။

"စိတ်မပူပါနဲ့၊ ငါ မင်းကို ညှာတာပေးမှာပါ"

ဖုန်းရွှမ်ယဲ့သည် မိမိ၏ ယူဆချက်ကို ပို၍ သေချာသွားသည်။

အခု တိုက်ခိုက်ရမယ့်အချိန် ရောက်လာတော့မှ ပိုင်ကျီဟန်က ရှောင်ဖယ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အကြောင်း ကောလာဟလများသည် ချဲ့ကားထားတာ သက်သက်ပဲဟု သူ အပိုင်တွက်လိုက်တော့သည်။

"ကြောက်တယ်”

ပိုင်ကျီဟန်က ထိုစကားလုံးကို ရယ်ချင်စိတ်ချင်ဖြင့် ထပ်ပြောလိုက်သည်။

သူက ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဖုန်းရွှမ်ယဲ့ကို စော်ကားခံရသည့်အလား မဟုတ်ဘဲ စိတ်ဝင်စားစရာ အပျော်အပျက်တစ်ခုကို ကြားလိုက်ရသည့်အလား ကြည့်

လိုက်သည်။

(ငါက မင်းကို အခွင့်အရေးပေးနေတာကို မင်းက ငါ့ကို အခုလို သဘောထားမျိုးနဲ့ ပြန်ဆက်ဆံတာပေါ့?)

သူ တွေးလိုက်သည်။

အမှန်တော့ သူ ရန်စခံလိုက်ရသလို မခံစားရပေ။ ဖုန်းရွှမ်ယဲ့က သူ့ကို ရန်စလိုက်ရုံနှင့် တစ်ခုခုကို သက်သေပြရန် လိုအပ်သည်ဟုလည်း မယူဆချေ။

ဘာပဲဖြစ်ဖြစ် ဤအရာအားလုံးက မူလင်းယွဲ့ကြောင့် ဖြစ်ပျက်နေရခြင်းသာ ဖြစ်သည်ဟု သူ ခံစားနေရဆဲ ဖြစ်သည်။

သူက ဖုန်းရွှမ်ယဲ့၏ ရန်စမှုကို လျစ်လျူရှုကာ မူလင်းယွဲ့ကို လှမ်းကြည့်လိုက်သည်။

"သူက တကယ့်ကို ရယ်ရတဲ့လူပဲ"

သူ့မျက်နှာတွင် သရော်ကျီစယ်သော အပြုံးနုနုလေးတစ်ခု ပေါ်လာသည်။

"သူ့ကို လက်ထပ်လိုက်တာက မင်းအတွက် ကောင်းမလား မသိဘူးနော်?"

မူလင်းယွဲ့သည် သူ့ကို ချက်ချင်း မျက်စောင်းထိုးလိုက်သည်။

သို့သော် ပြန်ဖြေမည့်အစား သူမ၏ လက်အင်္ကျီထဲသို့ လက်နှိုက်ကာ တစ်ခုခုကို ထုတ်ယူလိုက်သည်။

လင်းလက်တောက်ပနေသော ပုံဆောင်ခဲ မှန်ချပ်လေးတစ်ခု...။

မှတ်ဉာဏ်ပုံဆောင်ခဲ မှန်ချပ်

ပထမတော့ ပိုင်ကျီဟန်က သူမ ဘာကိုရည်ရွယ်နေသည်ကို မသိခဲ့ချေ။

ထို့နောက်တွင်တော့...

စိတ်ချင်းဆက်သွယ်ထားသော လျှို့ဝှက်သတင်းစကားတစ်ခု သူ့ထံသို့ ရောက်ရှိလာခဲ့သည်။

ချက်ချင်းပင် သူ့မျက်လုံးများက ကျဉ်းမြောင်းသွားတော့သည်။

သူ သူမဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာခဲ့သည်။

"မင်း ငါ့ကို လိမ်နေတာ"

မူလင်းယွဲ့၏ နှုတ်ခမ်းများက ကွေးညွတ်သွားသည်။ အနည်းငယ် ကောက်ကျစ်ဆန်းပြားသော အပြုံးလေးတစ်ခု ပေါ်လာ၏။

"ငါ့မှာ တကယ် ရှိတာပါ"

သူမက ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ရင်း...

"ငါ လိမ်နေတာလား၊ မလိမ်ဘူးလားဆိုတာ နင် အသိဆုံး ဖြစ်ရမယ်"

ပိုင်ကျီဟန် မျက်မှောင်ကြုတ်သွားသည်။

(ဒါက မင်းကို သင်ကြားပေးခဲ့တဲ့အတွက် ပြန်ရတဲ့ ဆုလာဘ်ပေါ့ ဟုတ်လား)

ပိုင်ကျီဟန် က မေးလိုက်သည်။

(ဒါနဲ့ ဟိုဟာနဲ့က တခြားစီပါ။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်လေးပဲ ကူညီပေးပါနော်)

မူလင်းယွဲ့က သူ့ကို ခြိမ်းခြောက်ငွေညှစ်နေသော်လည်း တောင်းပန်တိုးလျှိုးရှာသည်။

ခေတ္တမျှ တိတ်ဆိတ်သွားရသည်။

ထို့နောက်တွင်တော့...

"တောက်”

သူ တောက်တစ်ချက် ခေါက်လိုက်သည်။

သူ၏ အကြည့်က ဖုန်းရွှမ်ယဲ့ထံသို့ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိသွားသည်။

သူ့ပတ်ဝန်းကျင်ရှိ လေထုက သွယ်ဝိုက်၍ ပြောင်းလဲသွားခဲ့လေပြီ။

"အခု ငါ စိတ်အခြေအနေ သိပ်မကောင်းဘူး ဖြစ်နေတာ..."

သူ့အသံတွင် အရှိန်အဝါ ဖိအားတစ်ခု ကိန်းအောင်းနေပြီး လူတိုင်းက ထို

အပြောင်းအလဲကို အာရုံခံမိကြသည်။

"မင်းက အရိုက်ခံရဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေမှတော့..."

သူက မျက်လုံးများကို အပြည့်အဝ ပင့်မော့လိုက်ပြီး ဖုန်းရွှမ်ယဲ့အား တည့်တည့် စိုက်ကြည့်လိုက်ကာ...

"ငါ ဖြည့်ဆည်းပေးရတာပေါ့"

All Chapters