← Chapters

အခန်း (၂၀၁)

Vol. 21 Ch. 201

အခန်း (၂၀၁)

Vol. 21 Ch. 201

အခန်း ၂၀၁ - ထိတ်လန့်တုန်လှုပ်သွားကြသော တားမြစ်နယ်မြေမှ အရှင်သခင်များ။

တားမြစ်နယ်မြေများကို စောင့်ကြပ်နေကြသည့် အခြားသော ဧကရာဇ်တစ်ပိုင်းပညာရှင်များနှင့်မတူဘဲ

တားမြစ်နယ်မြေတစ်ခုချင်းစီ၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေကြသော တားမြစ်နယ်မြေအရှင်သခင် များအားလုံးမှာမူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့၏ အရှိန်အဝါများပင် ကမောက်ကမ ဖြစ်ကုန်ကြသည်။

မဟာဧကရာဇ်တစ်ပါး

ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ဆန်ဆန်နဲ့ မဟာဧကရာဇ်တစ်ပါး ပေါ်ထွန်းလာနိုင်ရတာလဲ။

ပိုပြီးအရေးကြီးတာက မဟာဧကရာဇ်အဆင့်ကို ချိုးဖျက်ဝင်ရောက်သွားတဲ့သူဟာ ရှေးယခင်က မသေမျိုးအရှင်သခင် ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကောင်လေး ဖြစ်နေလို့ပင်။

သူ ကျင့်ကြံမှုအဆင့် နိမ့်ပါးစဉ်ကတည်းကပင် မသေမျိုးမြေမြုပ်ဂူအရှင်သခင်ကို ကျဆုံးအောင် ကြံစည်နိုင်ခဲ့လျှင်...

ယခု မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူတို့အပေါ် နောက်ဆုံးပိတ် စာရင်းရှင်းလင်းမှုကို စတင်တော့မည် မဟုတ်ပါလား။

လင်းချန် ၎င်းကို လုပ်ဆောင်နိုင်မလားဆိုသည်ကို သူတို့ လုံးဝသံသယမရှိကြပေ။ သူလုပ်ချင်သလား မလုပ်ချင်ဘူးလား ဆိုသည့်အပေါ်တွင်သာ မူတည်သည်။

ထိုကောင်လေးသည် တူညီသောအဆင့်တွင်တာအိုဘိုးဘေးနှင့် မိစ္ဆာဘိုးဘေးတို့ကိုပင် အနိုင်ယူခဲ့ဖူးသည့် ကောင်းကင်ဘုံကို ဆန့်ကျင်သော တည်ရှိမှုမျိုး ဖြစ်သည်။

အကယ်၍ လင်းချန်သာ အလိုရှိပါက မဟာဧကရာဇ်အဆင့်၏ စွမ်းအားဖြင့် သူတို့ကို သုတ်သင်ရန် လက်ဖျောက်တစ်ချက်တီးရုံမျှပင် အားစိုက်စရာ လိုမည်မဟုတ်ပေ။

ထိုထိတ်လန့်မှုများကြားတွင် အချို့သော တားမြစ်နယ်မြေအရှင်သခင်များမှာ တုံ့ဆိုင်းဝေခွဲမရ ဖြစ်နေကြသည်။

သူတို့သည် မိမိတို့၏ မြင့်မြတ်မှု မာနနှင့် သိက္ခာများကို စွန့်လွှတ်ပြီး အသက်ရှင်သန်ခွင့် တစ်ခုတည်းအတွက် ဒူးထောက်အညံခံရမည့်အချိန် ရောက်မရောက်ကို စဉ်းစားနေကြပြီ ဖြစ်သည်။

မဟုတ်ပါက သူတို့ တကယ်ပဲ သေရပေတော့မည်။

ရှေးဟောင်းလင်းမိသားစု အတွင်း၌မူ...

မျိုးနွယ်စုဝင်အားလုံးသည် အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ အသံကုန် အော်ဟစ်ကြွေးကြော်နေကြသည်။

"မဟာဧကရာဇ်အဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့တဲ့ နတ်ဘုရားသားတော်ကို ဂုဏ်ပြုပါတယ်... တာအိုပြည်နယ် ၃၀၀၀ ရဲ့ ဒဏ္ဍာရီအသစ် ဖြစ်လာခဲ့ပါပြီ။"

သူတို့သည် မသေမျိုးနန်းတော်အတွင်း ဘာဖြစ်ပျက်နေသည်ကို မမြင်ရသလိုကောင်းကင်မှ မိုးကြိုးကပ်ဘေးများကို မည်သူက ဆင့်ခေါ်ခဲ့သည်ကိုလည်း အတိအကျ မသိကြပေ။

သို့သော် သူတို့အားလုံး၏ စိတ်ထဲတွင် ယုံကြည်ချက်တစ်ခုက အခိုင်အမာ ရှိနေသည်။ ဧကရာဇ်တစ်ပိုင်း ပညာရှင်များကိုပင် ထိတ်လန့်စေနိုင်သော ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ကပ်ဘေးမိုးကြိုးများကို သူတို့၏ နတ်ဘုရားသားတော်မှတစ်ပါး အခြားမည်သူမျှ မဆင့်ခေါ်နိုင်ဟုပင် ဖြစ်သည်။

တစ်ညီတစ်ညွတ်တည်း ထွက်ပေါ်လာသော ထိုရိုသေကိုးကွယ်သံများကြောင့် ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်ကြီးများပင် အနည်းငယ် လွင့်ပါးသွားသကဲ့သို့ ခံစားရသည်။

သူတော်စင်အပေါင်း စုဝေးရာ ကွင်းပြင်တွင်လည်း လင်းဟောက်ရန် နှင့် အခြားလူကြီးမင်းများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စကားပင် မဆိုနိုင်ကြတော့ဘဲ အံ့သြဝမ်းသာ ဖြစ်နေကြသည်။

သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် တဖြည်းဖြည်း ကြီးထွားလာခဲ့သော ကလေးငယ်မှာ ယနေ့တွင် ကောင်းကင်ထက်သို့ တစ်ဟုန်ထိုး ပျံသန်းကာ မဟာဧကရာဇ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

စားသောက်ပွဲရှိ အခြားအဖွဲ့အစည်းများမှ ပညာရှင်များမှာမူ လင်းမိသားစုဝင်များ၏ ကြွေးကြော်သံကို ကြားရသောအခါ ရင်ထဲတွင် သက်ပြင်းအကြီးကြီး ချနိုင်ခဲ့ကြသည်။

အထူးသဖြင့် ယခင်က လင်းမိသားစုနှင့် အဖုအထစ် ရှိခဲ့ဖူးသော အဖွဲ့အစည်းများမှာ ဘေးအန္တရာယ်မှ ကံကောင်းစွာ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် အရာအားလုံး မဖြစ်ပျက်မီ သူတို့ကိုယ်တိုင် လာရောက်တောင်းပန်ကာ မဟာမိတ်ဖွဲ့နိုင်ခဲ့၍သာ တော်တော့သည်။

မဟုတ်ပါက မဟာဧကရာဇ်တစ်ပါး ရှိနေသည့် လင်းမိသားစုကို မျက်နှာလိုမျက်နှာရ လုပ်ချင်ကြသည့် အခြားအင်အားစုများက သူတို့ကို မြေလှန်ပစ်ကြမည်မှာ အသေအချာပင်။

အများပြည်သူ အာရုံစိုက်နေကြသည့် နတ်ဘုရားနန်းတော်အတွင်း၌...

လင်းချန်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။

ယနေ့ သူ၏ဆန္ဒ ပြည့်ဝခဲ့ပြီဖြစ်ရာ ယခုအခါ ပြင်ပသို့ထွက်၍ မဟာဧကရာဇ်

မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရမည့်အချိန် ရောက်ပြီဖြစ်သည်။

ဘေးတွင်ရှိသော ကောင်းကင်ဘုံတာအိုကလည်း သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ လင်းချန်အနီးသို့ ချဉ်းကပ်လာပြီး တိုးတိုးလေး ပြောလိုက်

သည်။

"ငါ တကယ်လူရွေးမမှားခဲ့ဘူး။ လင်းချန်... နောက်ဆက်တွဲ ကိစ္စတွေကို မင်းလက်ထဲပဲ အပ်ရတော့မယ်။ မင်း မဟာဧကရာဇ်အဆင့်ကို ရောက်ပြီဆိုတော့ မင်းကိုယ်တိုင်က ကမ္ဘာတစ်ခုလို ဖြစ်သွားပြီ။ တာအိုပြည်နယ် ၃၀၀၀ ရဲ့ နိယာမ ချို့ယွင်းချက်တွေကို မင်း မြင်ရပြီမလား။"

လင်းချန်က စိတ်ကို တည်ငြိမ်အောင်ထားပြီး ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မပူပါနဲ့။ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးတာနဲ့ ကျွန်တော် ကတိပေးခဲ့တဲ့အတိုင်း လုပ်မှာပါ။ အခု ကျွန်တော့်မျက်စိထဲမှာ လောကကြီးရဲ့ နိယာမစွမ်းအားတွေ ပျက်စီးနေတာကို အထင်အရှား မြင်နေရပြီ။"

မဟာဧကရာဇ်အဆင့်သို့ ရောက်ပြီးနောက် သူမြင်ရသော လောကကြီးမှာ လုံးဝပြောင်းလဲသွားခဲ့သည်။

စိတ်ကို အာရုံစိုက်လိုက်သည်နှင့် လောကကြီးကို ဖွဲ့စည်းထားသည့် အခြေခံအကျဆုံး နိယာမကြိုးမျှင်များကို သူ မြင်တွေ့နေရသည်။

သူလုပ်ရမည်မှာ ထိုပျက်စီးနေသော နိယာမများကို ပြန်လည်ပြုပြင်ရန်ပင်ဖြစ်၏။

ကောင်းကင်ဘုံနိယာမက စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်ပြီး...

"အဲဒီအချိန်ကျရင် တာအိုပြည်နယ် ၃၀၀၀ ရဲ့ သက်ရှိတွေက မင်းရဲ့နာမည်ကို မျိုးဆက်အဆက်ဆက် သမိုင်းတင်ကြလိမ့်မယ်။ ဒါပေမဲ့ နိယာမတွေကို မပြုပြင်ခင်မှာ... ဒီလောကကြီးရဲ့ မြေယာတွေကို ခုတ်ထွင်နယ်ချဲ့ပြီး ခိုအောင်းနေကြတဲ့ ကပ်ပါးကောင်'တွေကို အရင်ဆုံး ရှင်းလင်းပစ်ဖို့ ငါအကြံပြုချင်တယ်။"

"သူတို့က ဒီကမ္ဘာကြီးရဲ့ မကောင်းမှုတွေဆိုပေမဲ့ အားလုံးက မဟာဧကရာဇ်အဆင့်ကို ရောက်ဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေကြတာ။ အကယ်လို့ မင်းက လောကနိယာမတွေကို အပြည့်အဝ ပြုပြင်လိုက်ရင် သူတို့ထဲက တချို့က အဲဒီနေရာမှာတင် မဟာဧကရာဇ်အဆင့်ကို ချိုးဖျက် ဝင်ရောက်သွားနိုင်တယ်။ သူတို့ ဧကရာဇ်ဖြစ်လာရင်တောင် မင်းအတွက် အန္တရာယ်မရှိနိုင်ပေမဲ့ အလုပ်ရှုပ်တာပေါ့ ဟုတ်တယ်မလား။"

လင်းချန်၏ မျက်ခုံးများ ပင့်တက်သွားသည်။ ကောင်းကင်ဘုံနိယာမ ပြောသည့် ကပ်ပါးကောင်ဆိုသည်မှာ အခြားမဟုတ်ထိုတားမြစ်နယ်မြေမှ အရှင်သခင်များကို ဆိုလိုခြင်းဖြစ်ကြောင်း သူချက်ချင်း နားလည်လိုက်သည်။

"ကျွန်တော် သဘောပေါက်ပါပြီ။ ဒါဆိုရင် ကျွန်တော် အရင်ဆုံး မိုးကြိုးကပ်ဘေးကို သွားပြီး ရင်ဆိုင်လိုက်ဦးမယ်။"

ပြောပြီးသည်နှင့် လင်းချန်သည် ခြေတစ်လှမ်း လှမ်းလိုက်ကာ မသေမျိုးနန်းတော်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။

သူ ထွက်ခွာသွားသည်နှင့်အမျှ လင်းချန်အား အသီးပေးရန် သီးသန့်တည်ဆောက်ထားသော နတ်ဘုရားနန်းတော်ကြီးမှာလည်း တဖြည်းဖြည်းနှင့် လေထဲတွင် အရည်ပျော်ကာ ပျောက်ကွယ်သွားပါတော့သည်။

လူအများ၏ အကြည့်အောက်၌ ဧကရာဇ်အရှိန်အဝါများ တောက်လောင်နေသော ပုံရိပ်တစ်ခုသည် ဝေဝါးနေသော နန်းတော်ကမ္ဘာထဲမှ လှမ်းထွက်လာခဲ့သည်။

သူပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်လောကလုံး သူ၏ ဧကရာဇ်အရှိန်အဝါအောက်သို့ ကျရောက်သွားပြီး သူသည် ကမ္ဘာမြေနှင့် ကောင်းကင်ကြားတွင် အတောက်ပဆုံး ဖြစ်တည်မှု ဖြစ်လာခဲ့သည်။

"အဲဒါ... မဟာဧကရာဇ်အဆင့်ကို ရောက်သွားတဲ့... လင်းချန်ပဲ။ သူ မိုးကြိုးကပ်ဘေးကို စတင်ရင်ဆိုင်တော့မှာလား။"

ကောင်းကင်ထက်တွင် လင်းချန်သည် သူ၏ ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ပြီး ခေါင်းကိုမော့ကာ အပေါ်ရှိ နက်မှောင်လှသော မိုးကြိုးတိမ်တိုက်များနှင့် လျှပ်စီးများကို ကြည့်ရင်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"လာစမ်းပါ... မင်းမှာ ဘယ်လောက်အစွမ်းရှိလဲဆိုတာ ငါ့ကို ပြစမ်းပါဦး။"

All Chapters