← Chapters

အခန်း (၂၀၄)

Vol. 21 Ch. 204

အခန်း (၂၀၄)

Vol. 21 Ch. 204

အခန်း ၂၀၄ - မိုးကြိုးကပ်ဘေးပြီးဆုံးခြင်း။ တားမြစ်နယ်မြေမှ ပိုးမွှားများ... ထွက်လာပြီး သေခြင်းတရားကို ရင်ဆိုင်စမ်း။

တာအိုပြည်နယ် ၃၀၀၀ အနှံ့အပြားရှိ သက်ရှိအားလုံးသည် မိမိတို့လုပ်ဆောင်နေသောအရာများကို ရပ်တန့်ကာ လင်းချန်၏ မိုးကြိုးဘေးဒုက္ခကို မမှိတ်မသုန် စောင့်ကြည့်နေကြသည်။

သူတို့အတွက်မူ ဤသည်မှာ ကြီးမားလှသော လောကအခွင့်အရေး ပင် ဖြစ်သည်။ အကယ်၍ ထိုမြင်ကွင်းမှ နိယာမတစ်ခုခုကို အနည်းငယ်မျှ ရိပ်မိနားလည်သွားပါက တစ်သက်စာ အကျိုးရှိသွားမည် ဖြစ်သည်။

"ဝုန်းးး"

"ဂျောင်းးး"

လင်းချန်သည် မည်သည့်လှည့်ကွက်မျှမပါဘဲ သန့်စင်ပြီး အနှိုင်းမဲ့ပြင်းထန်လှသော စွမ်းအားဖြင့် လက်သီးပြင်းတစ်ချက်ကို ရိုက်ချလိုက်သည်။

သူ၏လက်သီးအောက်တွင် ဖီးနစ်ငှက်သဏ္ဌာန်ရှိသော မိုးကြိုးသားရဲကြီးသည် နာကျင်စွာ အော်ဟစ်လျက် ခဏချင်းမှာပင် ပေါက်ကွဲထွက်သွားတော့သည်။

ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော နက်မှောင်သည့် မိုးကြိုးစွမ်းအင်များကို လင်းချန်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ဝါးမြိုခြင်းစွမ်းအားဖြင့် ဆွဲငင်ကာ တစ်စက်မကျန် စုပ်ယူခြေဖျက်ပစ်လိုက်သည်။

ဤစွမ်းအင်များကြောင့် သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှု အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တက်သွားပြန်သည်။

ခန္ဓာကိုယ်ကျင့်ကြံမှုအဆင့် - မဟာဧကရာဇ် ကနဦးအဆင့်၏ အထွတ်အထိပ်။

လင်းချန်သည် စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး နောက်ထပ် မိုးကြိုးသားရဲတစ်ကောင်ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

သို့သော် ကောင်းကင်ယံတစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ကျန်ရှိတော့ပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးသားရဲများအားလုံး ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

ဟင်းလင်းပြင်အက်ကွဲကြောင်းများသာ တုန်ခါလျက် ကျန်ရစ်တော့သည်။

"မဟာဧကရာဇ် မိုးကြိုးကပ်ဘေးက ပြီးသွားပြီလား။"

အပေါ်ရှိ မိုးကြိုးတိမ်တိုက်ကြီးသည်လည်း လျှပ်စီးများ မရှိတော့ဘဲ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

လင်းချန်က အနည်းငယ် နှမြောတောင့်တစွာဖြင့် သက်ပြင်းချလိုက်မိသည်။

"ပြီးသွားပြီပဲ... နောက်ထပ် တစ်ကောင် ဒါမှမဟုတ် နှစ်ကောင်လောက် ထပ်ထွက်လာရင် ငါ့ရဲ့ခန္ဓာကိုယ်ကျင့်ကြံမှုက မဟာဧကရာဇ် အလယ်အလတ်အဆင့်ကို ရောက်သွားမှာ သေချာတယ်..."

သို့သော်လည်း ယခုအချိန်တွင် သူ၏ စွမ်းအားမှာ တာအိုပြည်နယ်၃၀၀၀ တစ်ခုလုံးကို အလွယ်တကူ ချေမှုန်းနိုင်သည့် အဆင့်တွင် ရှိနေပြီဖြစ်သည်။

သူ၏ စိတ်ဝိညာဥ် စွမ်းအား ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်ကျင့်ကြံမှု သုံးမျိုးစလုံးသည် မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ မဟုတ်ပါလား။

မိုးကြိုးတိမ်တိုက်များ လွင့်ပြယ်သွားပြီး ကောင်းကင်ကြီး ပြန်လည်လင်းထိန်လာသောအခါ တာအိုပြည်နယ် ၃၀၀၀ ရှိ သက်ရှိအားလုံး ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

စစ်မှန်သော မဟာဧကရာဇ်ကြီးတစ်ပါး ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။

သို့သော် နတ်ဘုရားလှေကားပေါ်တွင် ကျင့်ကြံခြင်းအဆင့် အဆင့်ဆင့်တက်ရန် ရုန်းကန်နေကြရသော အခြားသော ပါရမီရှင်များမှာမူ နေရာတွင်တင် ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားကြသည်။

သူတို့သည် လှေကားထစ်ပေါ်တွင် အဆင့်လုရန် လုံးပန်းနေကြဆဲဖြစ်သော်လည်း လင်းချန်မှာမူ ထိပ်ဆုံးသို့ ရောက်ရှိကာ မဟာဧကရာဇ်နေရာကို အပိုင်စီးသွားခဲ့ပြီ ဖြစ်သည်။

လင်းချန် ဤလောကမှ ထွက်ခွာမသွားသရွေ့ သူတို့အတွက် မဟာဧကရာဇ်ဖြစ်ရန် အခွင့်အရေး မရှိတော့ပေ။

"ငါတို့က ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ ထင်နေတာ... လင်းချန်နဲ့ယှဉ်ရင် ဘာမှမဟုတ်တဲ့ သာမန်လူတွေပါပဲလား..."

မတူညီသည်မှာကစဥ့်ကလျားမြင့်မြတ်နယ်မြေ နှင့် ရှေးဟောင်းလင်းမိသားစု မှ ပါရမီရှင်များမှာမူ အလွန်အမင်း ဝမ်းမြောက်နေကြသည်။

အကြောင်းမူကား လင်းချန် ဧကရာဇ်ဖြစ်လာခြင်းသည် လောကနိယာမများကို ပြန်လည်ပြုပြင်ပေးတော့မည်ဖြစ်ရာ ရှေးဦးခေတ်ကဲ့သို့ အသီးအပွင့်မလိုဘဲ မိမိတို့ဘာသာ နိယာမများကို နားလည်ရုံဖြင့် ဧကရာဇ်ဖြစ်နိုင်မည့် စစ်မှန်သော ရွှေခေတ်ကြီးရောက်ရှိလာတော့မည်ကို သူတို့ သိနေကြ၍ ဖြစ်သည်။

ထိုစဉ် ကောင်းကင်၏ အမြင့်ဆုံးနေရာမှ အလွန်ခန့်ညားထည်ဝါလှသော တစ်လောကလုံး ဟိန်းဟောက်သွားစေမည့် အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

"မဟာဧကရာဇ်တစ်ပါး ပေါ်ထွန်းလာပြီဖြစ်ရာ သက်ရှိအားလုံး ဧကရာဇ်၏ ဆုလာဘ်ကို ခံစားစေ။ ရောဂါဝေဒနာအားလုံး ကင်းစင်စေပြီး ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် နှစ်ဆ တိုးပွားစေ။"

ထိုဗျာဒိတ်သံနှင့်အတူ ကောင်းကင်ယံမှ ဆန်းကြယ်သော စွမ်းအင်များ တာအိုပြည်နယ် ၃၀၀၀ အနှံ့ ကျဆင်းလာခဲ့သည်။

ထိုခဏချင်းမှာပင် သာမန်လူသားများ၏ ရောဂါဝေဒနာများ ကင်းစင်သွားကြပြီးသေလုမြောပါး ဖြစ်နေသူများ အသက်ဆက်ခွင့်ရကာ ခြေလက်အင်္ဂါ မစုံလင်သူများပင် ပြန်လည်ကောင်းမွန်လာခဲ့ကြသည်။

လောကကြီး၏ ဝိညာဉ်စွမ်းအင်များသည်လည်း အဆပေါင်းများစွာ တိုးပွားသွားတော့သည်။

လောကသားအားလုံး လင်းမိသားစုရှိရာ အရပ်သို့ ဦးချကာ ကျေးဇူးတင်စကား ဆိုကြသည်။

"ကျွန်တော်မျိုးတို့... မဟာဧကရာဇ် လင်းချန်ကို ကျေးဇူးတင်ရှိပါသည်။"

တားမြစ်နယ်မြေများသို့ စစ်ကြေညာခြင်း

လင်းချန်သည် လောကသားတို့၏ သာဓုခေါ်သံများကို ကြားရသောအခါ ခပ်ဖွဖွ ပြုံးလိုက်သည်။

ကောင်းကင်ဘုံတာအိုသည် သူ့အတွက် လူထုကြည်ညိုမှုရအောင် ကူညီပေးနေခြင်းကို သူသဘောကျမိသည်။ သို့သော် ယခုအခါ စာရင်းရှင်းရမည့်အချိန် ရောက်ပြီ ဖြစ်သည်။

လူအပေါင်း ဆုလာဘ်ကြောင့် အံ့သြဝမ်းသာဖြစ်နေစဉ်မှာပင် ကောင်းကင်ထက်မှ လူသတ်ငွေ့များ ပြည့်နှက်နေသော အေးစက်လှသည့် အသံတစ်သံသည် တာအိုပြည်နယ် ၃၀၀၀ လုံးသို့ ပဲ့တင်ထပ်သွားခဲ့သည်။

"ယနေ့ ငါ လင်းချန် မဟဧကရာဇ်ဖြစ်လာခဲ့ပြီ လုပ်စရာရှိတာတွေကို စလုပ်ရတော့မယ်။ တားမြစ်နယ်မြေ အနက်ပိုင်းက ပိုးမွှားတွေ... မင်းတို့တွေ အခုထိ ပုန်းနေပြီး ထွက်မလာကြသေးဘူးလား။"

"ဒါမှမဟုတ်... ငါကိုယ်တိုင် မင်းတို့ဆီ လာရှာပေးဖို့ မျှော်လင့်နေတာလား။"

All Chapters