အခန်း (၂၀၅)
Vol. 21 Ch. 205
အခန်း ၂၀၅ - မတိုက်ခိုက်မီကပင် လက်နက်ချခြင်း။မဟာဧကရာဇ် လင်းချန်... ကျွန်ုပ်တို့ကို အသက်ချမ်းသာပေးပါ။
လင်းချန်၏ အေးစက်တည်ငြိမ်လှသော ဗျာဒိတ်သံကြီး ကျရောက်လာပြီးနောက်... တာအိုပြည်နယ် ၃၀၀၀ ရှိ ခုနကတင် ပျော်ရွှင်မြူးထူးနေကြသော သက်ရှိအားလုံး၏ ရင်ထဲတွင် ဒုန်းကနဲ တုန်လှုပ်အေးစက်သွားကြသည်။
တားမြစ်နယ်မြေအနက်ပိုင်းက ပိုးမွှားများ... သူပြောလိုက်သည်မှာ အခြားမဟုတ် တားမြစ်နယ်မြေအရှင်သခင်များကို ဖြစ်သည်။
လင်းချန်သည် မဟာဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ထိုတားမြစ်နယ်မြေမှ အရှင်သခင်များကို စတင်အမဲလိုက်တော့မည် မဟုတ်ပါလား။
သို့သော် ဤသည်မှာ တာအိုပြည်နယ် ၃၀၀၀ အတွက် အကောင်းဆုံးဖြစ်ရပ်တစ်ခုပင်ဖြစ်၏။
လောကကြီး၏ ဘေးရန်တစ်ခုကို သုတ်သင်ရှင်းလင်းပြီး ရေရှည်တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးမည့် မဟာကုသိုလ်အမှု ဖြစ်ပေသည်။
ထိုတားမြစ်နယ်မြေအရှင်သခင်များသည် တစ်ချိန်က တာအိုပြည်နယ် ၃၀၀၀ ၏ ထိပ်တန်းပညာရှင်ကြီးများဖြစ်ကြပြီး ကျော်ကြားခဲ့ကြသူများ ဖြစ်သည်။
သို့သော် ပိုမိုကြီးမားသော စွမ်းအားနှင့် ရှည်လျားသော သက်တမ်းကို မက်မောသောကြောင့် သူတို့သည် မိစ္ဆာလမ်းစဉ်ထဲသို့ သက်ဆင်းကာ သက်ရှိမြောက်မြားစွာကို သတ်ဖြတ်၍ မိမိတို့၏ အသက်ကို ဆက်ခဲ့ကြသည်။
လောကကြီးထံမှ အစဉ်အမြဲ အဓမ္မရယူခဲ့ပြီး မည်သည့်အကျိုးကျေးဇူးမျှ ပြန်မပေးခဲ့သော ထိုညစ်ထေးလှသည့် အရာများကို ပိုးမွှားများဟု ခေါ်ဆိုလျှင် လုံးဝမမှားပေ။
ယခုအခါ တာအိုပြည်နယ် ၃၀၀၀ တစ်ခုလုံးရှိ အဖွဲ့အစည်းအသီးသီးမှ ပညာရှင်များမှာ အသက်ရှူရန်ပင် မေ့လျော့နေကြပြီး မိမိတို့စောင့်ကြပ်နေသည့် တားမြစ်နယ်မြေများဆီသို့ အကြည့်ချင်း စုဆုံနေကြသည်။
ဤသည်မှာ ဘုရင်အသစ်က ဘုရင်ဟောင်းများကို စစ်ကြေညာလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်က လောကကြီးကို အပေါ်စီးမှ ကြည့်ကာ သက်ရှိအပေါင်းကို သွေးပျက်စေခဲ့သည့် တားမြစ်နယ်မြေအရှင်သခင်များ ဘယ်လိုတုံ့ပြန်မည်နည်း။
တစ်လောကလုံး စောင့်ကြည့်နေစဉ်မှာပင်...
တားမြစ်နယ်မြေတစ်ခုချင်းစီ၏ အနက်ရှိုင်းဆုံးနေရာတွင် ခိုအောင်းနေကြသော အရှင်သခင်များမှာမူ တုန်တုန်ရင်ရင်ဖြင့် သွေးပျက်နေကြပြီ ဖြစ်သည်။
သူတို့ထံတွင် တစ်ချိန်က ရှိခဲ့ဖူးသော မာနနှင့် ဝင့်ကြွားမှုများ လုံးဝမရှိတော့ဘဲ အသက်ရှင်သန်ခွင့် ရမလားဆိုသည့် စိုးရိမ်စိတ်တစ်ခုတည်းသာ ကျန်တော့သည်။
သူတို့ထဲမှ အများစုမှာ မိမိတို့၏ သိက္ခာကို အပိတ်ခံပြီး အရှက်သိက္ခာမဲ့လှသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကြသည်။
အကယ်၍ လင်းချန်က သူတို့ကို အသက်ရှင်ခွင့်ပေးလျှင် ရှင်ရမည်ဖြစ်ပြီး သေစေချင်လျှင်မူ သူတို့အတွက် ပြေးစရာမြေ ရှိတော့မည်မဟုတ်ပေ။
'အခုအချိန်မှာ ဂုဏ်သိက္ခာကို ငဲ့နေလို့မဖြစ်ဘူး။ အသက်ရှင်ဖို့က ပထမပဲ။ အသက်မှမရှိရင် ဂုဏ်သိက္ခာက ဘာလုပ်ဖို့လဲ။'
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်...
တားမြစ်နယ်မြေအသီးသီး၏ အနက်ရှိုင်းဆုံးနေရာမှ အားကောင်းလှသော အရှိန်အဝါများ ကောင်းကင်ထက်သို့ အလုအယက် ပျံတက်လာကြသည်။
ထိုအရှိန်အဝါများနှင့်အတူ အောက်ပါအတိုင်း သွေးပျက်ခြောက်ခြားစွာ အော်ဟစ်အသနားခံသံများ တာအိုပြည်နယ် ၃၀၀၀ လုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
"မဟာဧကရာဇ် လင်းချန်... ကျွန်ုပ် အညံခံပါ့မယ်။ အသက်ချမ်းသာခွင့် ပေးသနားတော်မူပါ။"
"ကျွန်ုပ်တို့မှာ အပြစ်တွေ ရှိပါတယ်သေဒဏ်နဲ့ ထိုက်တန်ပါတယ်... ဒါပေမဲ့ ကျန်တဲ့သက်တမ်းတစ်လျှောက်လုံး အပြစ်ပေးဆပ်ဖို့ အသင့်ပါပဲ။ ကျွန်ုပ်ကို လွှတ်ပေးပါ။@
"မဟာဧကရာဇ် လင်းချန်... ကျွန်တော်မျိုး မှားသွားပါပြီ..."
မိဘသေဆုံး၍ ငိုကြွေးမြည်တမ်းနေသကဲ့သို့သော အော်ဟစ်သံများသည် တားမြစ်နယ်မြေများမှတစ်ဆင့် ပြင်ပလောကသို့ ပျံနှံ့သွားရာ သက်ရှိအားလုံး အတိုင်းသား ကြားလိုက်ရသည်။
တားမြစ်နယ်မြေများကို စောင့်ကြပ်နေကြသည့် ဧကရာဇ်တစ်ပိုင်း ပညာရှင်များမှာ ထိုအသံများကို ကြားရသောအခါ မျက်နှာအမူအရာများ အလွန်ဆန်းကြယ်သွားကြသည်။
၎င်းတို့သည် သူတို့သိထားသည့် မြင့်မြတ်လှသော အရှင်သခင်ကြီးများ ဟုတ်ပါသေးရဲ့လား။
သူတို့၏ ကမ္ဘာကြီးအမြင်ပင် ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။ အကြွင်းမဲ့ စွမ်းအား ရှေ့မှောက်တွင် မည်သည့်ဂုဏ်ဒြပ် မည်သည့်မျက်နှာမျှ အသုံးမဝင်တော့ဘဲ စွမ်းအားသာလျှင် ထာဝရအမှန်တရား ဖြစ်ကြောင်း ယခု လင်းချန်က သက်သေပြလိုက်ပြီ ဖြစ်သည်။
အပြင်လောကရှိ လူများမှာမူ အံ့အားသင့်နေကြသည်။
'တိုက်ပွဲက မစရသေးဘူး။ အရှင်သခင်တွေက ဒူးထောက်နေကြပြီလား။ လင်းချန် အော်လိုက်တာ တစ်ချက်ပဲ ရှိသေးတယ်။ဘာလို့ ဒီလောက် အလွယ်တကူပြီးသွားရတာလဲ။'
သူတို့က ဧကရာဇ်အဆင့် တိုက်ပွဲကြီးကို ကြည့်ရတော့မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
ကောင်းကင်ယံထက်တွင်မူ...
လင်းချန်သည် ထိုအသနားခံသံများကို သွေးအေးအေးဖြင့် နားထောင်နေသည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိဘဲ ပိုမို၍ပင် အေးစက်လာခဲ့သည်။
ထိုအရှင်သခင်များ အတိတ်က ပြုလုပ်ခဲ့သော အပြစ်တရားများနှင့် သွေးကြွေးများသည် တောင်းပန်ရုံမျှဖြင့် ကျေပျက်နိုင်စရာ အကြောင်းမရှိပေ။
ယနေ့... တားမြစ်နယ်မြေမှ အရှင်သခင်များအားလုံး... မျိုးတုံးစေရမည်။
လင်းချန်သည် ကောင်းကင်ထက်မှနေ၍ တားမြစ်နယ်မြေများဆီသို့ ငုံ့ကြည့်ကာ အေးစက်စက် လှောင်ပြုံးဖြင့် တုံ့ပြန်လိုက်သည်။
"မင်းတို့က အခုမှ အပြစ်တွေကို ပေးဆပ်ဖို့ တွေးမိတာလား။ ဒါဆိုရင် အရင်က မင်းတို့တွေ ဘာလုပ်နေခဲ့ကြလဲဆိုတာရောမှတ်မိကြသေးလား။"