အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
Chapter 31: အဆင့်မြင့်ခြင်း၊ ပါရမီစွမ်းရည်အသစ်။
စုယွမ်မှာ သာလွန်တောင်သခင်ကို ပြန်ကြည့်မိလျက် လွန်စွာအံ့သြသွားရသည်။
သူ၏စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွား၏။ သူ့မှာ အကြည့်တစ်ချက်နှင့်ပင် များစွာသော အလွန်အမင်းအံ့သြမှု၊ မနာလိုမှု၊ အားကျမှုနှင့် ရှုပ်ထွေးမှုတို့ပြည့်နှက်နေသောမျက်ဝန်းမျိုးစုံကို မြင်လိုက်ရ၏။ လူတိုင်းမှာ အံ့သြပြီး သိချင်စိတ်ဖြင့်ကြည့်နေကြသလို အခြားတောင်သခင်တို့၏မျက်နှာထက်လည်း အံ့သြသည့်အမူအရာတို့ရှိနေပေသည်။
သူ ဤအခိုက်အတန့်တွင်ပင် သဘောပေါက်လိုက်ရ၏၊ သူဟာ ကျားဂုတ်တက်စီးမိလျက် နောက်ပြန်ဆုတ်မရတော့ကြောင်းကိုပင်။
သူဟာ တောင်သခင်ကို ငြင်းပင်၍ မရပါပေ၊ မဟုတ်ပါက သူ ဤခုနစ်စဥ်ပကတိဂိုဏ်းတွင် ရပ်တည်ရှင်သန်နိုင်လိမ့်မည်မဟုတ်တော့ပေ။
သို့လင့်ကစား သူ့မှာ အနည်းငယ်ငြင်းဆန်ချင်နေသေးရာ ပြောလိုက်၏။
“ဒီတပည့်ရဲ့အထုံပါရမီက ဆိုးဝါးလွန်းပါတယ်။ ကျွန်တော် ပင်မအောင်မြင်မှုအဆင့်ကိုတောင် ရနိုင်ပါ့မလားဆိုတာကို မသေချာပါဘူး။”
ထိုအချိန်တွင် သာလွန်တောင်ထိပ်၏သခင်ဖြစ်သူ ဝမ့်စစ်မင်မှာ ပြုံးပြ၍သာ လာလေသည်။
“မင်းရဲ့အနိမ့်စာဝိညာဉ်ရင်းမြစ်နဲ့တောင် မင်းက ထိပ်တန်းအဆင့်တွေကို ယှဥ်နိုင်တယ်။ မင်းသာ ညံ့ဖျင်းရင် အခြားသူတွေက ဘယ်အဆင့်ဖြစ်သွားမလဲ။ ဒီကိုသာလာခဲ့။”
“ဟုတ်ကဲ့ပါ။”
စုယွမ်မှာ စိတ်အတွင်း၌ ကူရာမဲ့သာခံစားလိုက်ရသည်။ သို့သော်လည်း သာလွန်တောင်ထိပ်သခင်၏ဘေးတွင် လိမ်လိမ်မာမာနှင့် သွား၍ရပ်နေလိုက်ဆဲပင်။
ယဲ့ပိဖန်မှာ စုယွမ်ကို ယခုအကြိမ်မှ ပထဆုံမြင်ဖူးသည့်နှယ် စိုက်ကြည့်နေမိ၏၊ ဤသည်မှာလည်း သူ စုယွမ်ကို ပထမဆုံးအကြိမ် စေ့စေ့ကြည့်မိခြင်းပါပေ။
လျှိုမူဝမ်၏မျက်ဝန်းထဲ သိချင်စိတ်များ ဖြတ်ပြေးသွားသည်။ သူမသည် ပထမစစ်ဆေးမှုအပြီးတွင် စုယွမ်တစ်ယောက် ချီစုဆောင်းခြင်းအဆင့်နှစ်ရောက်နေကြောင်းသိထားရာ ယခု ချီစုဆောင်းခြင်းအဆင့်သုံးဆိုဆော့ အနှီသူက သေချာပေါက်ကို ခွန်အားအမှန်ကို ဖုံးကွယ်ထားကြောင်း သိလိုက်ရပေသည်။
လက်နက်ရေးရာတောင်ထိပ်သခင်၏နံဘေးတွင်ရပ်နေသူ ကျန့်ဟယ်မှာမူ ရှုပ်ထွေးနေသည့်ဟန်ရှိသည်။ သူဟာ စုယွမ်ကို အထင်မှားခဲ့သည့်ပုံပေ။ ယခင်က သူ စုယွမ်ကို စနောက်ကြံစည်ခဲ့ခြင်းကတောင် မတော်ပါက သူ့အတွက် အန္တာရယ်ဖြစ်လာနိုင်ပေ၏။
စင်အောက်တွင်ရှိနေသော ကျန်းဝေ့ကတော့ စုယွမ်၏ရလဒ်ကို ဗလာသက်သက်စိုက်ကြည့်နေမိ၏။ ထို့နောက် သူ့တစ်ကိုယ်လုံးတုန်ယင်သွားလျက် အသိစိတ်ဝင်လာပြီး ဘေးပတ်လည်ရှိ တပည့်များထံ ကြွားဝါတော့သည်။
“စုယွမ်က ငါ့အစ်ကိုကြီးလေ။ ငါ့အစ်ကိုကြီးက အခု အတွင်းတပည့်ဖြစ်သွားပြီကွ။ ဟားဟားဟား။”
ကျန်းဝေ့တစ်ယောက် အလတ်တန်းစားဝိညာဥ်ရင်းမြစ်များကြားရပ်နေသည့်သူတစ်ဦးကို စိုက်ကြည့်လိုက်၏။ သူ တကယ်တော့ ယမန်နေ့များက သူတို့ကိုပြဿနာရှာတာ မည်သူဆိုတာ သိနေနှင့်ပြီးပြီပင်။
အနှီအလတ်တန်းစားဝိညာဥ်ရင်းမြစ်ပိုင်ရှင်၏မျက်နှာမှာ မဲမှောင်သွားလျက်၊ သူက ကျန်းဝေး၏အကြည့်ကို ဖယ်ရှောင်နေရင်း သူ့လုပ်ရပ်ကိုလည်း နောင်တရနေမိလေသည်။
ကျိုးဝူယို၏မျက်ဝန်းတို့မှာလည်း အစွမ်းကုန်တောက်ပနေကြ၏။
“ငါ ချမ်းသာပြီ။ ငါချမ်းသာပြီ။ ငါ ဒီတစ်ခေါက်အလောင်းအစားမှာ တကယ်ကိုနိုင်သွားပြီ။ ငါ့မိသားစုဆီက အရင်းအမြစ်တွေကတော့ အသေရတော့မှာပဲ။ ပြောမရဘူး၊ ငါ့မှာ ဆက်ဆံသူနေရာကိုတောင် ပြိုင်လို့ရရင်ရတော့မှာ။”
【ဒင်၊ ကျော်ကြားမှုအမှတ်+ 1】
【ဒင်၊ ကျော်ကြားမှုအမှတ် + 6】
【ဒင်၊ ကျော်ကြားမှုအမှတ် + 7】
စနစ်မြည်သံ ဆယ်ခုလောက်ဆက်တိုက်မှာ စုယွမ်၏နားထဲ ပေါက်ကွဲလို့လာ၏။
ပထမဆုံးမြည်သံမှာ အမှတ်အနည်းငယ်သာရရာ ဤသည်မှာ အနိမ့်တန်းကျင့်ကြံသူများဆီကဖြစ်ရမည်ဟု သူယူဆလိုက်သည်။
ကျန်ရှိသည့် ၆မှတ်၊၇မှတ်များကတော့ တောင်ထိပ်သခင်များဆီက ရတာ ဖြစ်ရချေမည်။
နောက်ဆုံးတွင် သူ၏ကျော်ကြားမှုအမှတ်မှာ ၁၀၃မှတ်ထိတိုင် ရောက်ရှိသွားတော့သည်။
【ဒင်၊ အဆင့်မြင့်ပါပြီ】
【အမည်】: စုယွမ်
【နယ်မြေ】: ချင်းခယ်ကုန်းမြေ
【အဆင့်】: အနည်းငယ်ကျော်ကြား (103 / 1000)
【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်သုံး (33/ 100)
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။ လက်ရှိနားချိန် : 6.8နာရီ။
【ပါရမီစွမ်းရည်နှစ်】: ရွေးချယ်ရန်။
“အဆင့်မြင့်သွားတာလား။”
စုယွမ်မှာ ရင်ထဲ၌ ခါးသီးမှုရော၊ ရယ်ချင်ဖွယ်ပါ ရောနှောခံစားလိုက်ရ၏။ သူသည် ဤကျော်ကြားမှုအမှတ်တိုးအောင် နည်းနည်းလေးမှ မကြိုးစားဖူးပါပေ၊ သို့သော် မသိလိုက်ဘာသာနှင့် ထိုအမှတ်က အဆင့်တစ်ခုပင် တက်သွားခဲ့ချေပြီ။ သူ၏နှလုံးသားမှာ ပါရမီစွမ်းရည်တစ်ခု ထပ်မံရွေးချယ်ခွင့်ရလာသည်ကိုကြည့်ပြီး အခုန်မြန်လာရတော့သည်။
ထိုအခိုက်အတန့်တွင် သူ့နံဘေးရှိ တောင်ထိပ်သခင်က အသံလွှင့်လာသည်။
“စုယွမ်၊ ဒီတောင်ကြားကိုထွက်ပြီးရင် အပြင်မှာ စမ်းသပ်ပွဲတစ်ခုရှိသေးတယ်။ အဲ့ဒီပွဲက ဘိုးဘေးဆရာသခင်က စတင်ကျင်းပခဲ့တာပဲ။ မင်းက ဝင်ပြိုင်ရုံဝင်ကြည့်။ ဒီတိုင်းဆို အဲ့ဒီပွဲမှာ ယဲ့ပိဖန်က နိုင်နိုင်တယ်။ ဒါပေမဲ့ မင်းက အတွေ့အကြုံယူတယ်ပဲသဘောထားပေါ့။”
ဝမ့်စစ်မင်က အကြံပေးလာ၏။
ဤသည်ကိုကြားတော့ စုယွမ်လည်း ရပ်တန့်သွားရသည်။ တောင်ကြားအပြင်ကိုရောက်ရင်လည်း တစ်ပွဲ ထပ်ပြိုင်ရသေးတာလား။ သူဘာလို့ စာကြည့်တိုက်မှာ မှတ်တမ်းတင်ထားတာမတွေ့တာလဲ။
သို့သော် တောင်ထိပ်သခင်က စိုးရိမ်စရာမလိုဟုပြောလာပေရာ၊ သူလည်း အာရုံသိပ်မထားတော့ပေ။
သူလည်း နားလည်ကြောင်း ခေါင်းညိတ်လိုက်ပြီး သူ၏ဒုတိယမြောက်ပါရမီစွမ်းရည်ကို ဘာကိုရွေးရမည်ကို စဥ်းစားနေလိုက်သည်။
သူ ပါရမီစွမ်းရည်နှစ်ကို နှိပ်လိုက်သည်။
သူ ပါရမီစွမ်းရည်နှစ်ကို နှိပ်လိုက်တော့ စာတန်းသုံးခုမှုပေါ်လာ၏။
【တာအိုပညာနှင့်သဘာဝ】: သင်က သဘောဝတရားကို ရှုမြင်ရာတွင် အလွန်တော်လာမည်။ ထို့အတွက် ကောင်းကင်နှင့်မြေကြီး၏ဆန်းကြယ်မှုမှတဆင့် တာအိုပညာကို ပို၍လွယ်ကူစွာ ရှာဖွေနိုင်ပေမည်။
【တာအိုပညာနှင့် ကျွမ်းကျင်မှု】: သင်က ကျင့်စဥ်များကို လေ့လာရာတွင် အလွန်တော်လာချေမည်။ အကန့်အသတ်ရောက်သည်အထိလေ့လာပါက တာအိုကိုနားလည်ရန် ပို၍လွယ်ကူလာချေမည်။
【တာအိုပညာနှင်မန္တန်များ】: သင်က မန္တန်များကို လေ့လာရာတွင် အလွန်တော်လာမည်။ အကန့်အသတ်တစ်ခုထိလေ့လာပါက မန္တန်အရာတွင် အဆုံးစွန်ဆုံးကျွမ်းကျင်မှုကိုရရှိလာမည်။
စုယွမ်လည်း စွမ်းရည်၃ခုကိုကြည့်လိုက်သည်။
ဒုတိယမြောက်စွမ်းရည်က စုယွမ်ကို အလွန်တုန်လှုပ်စေသည်။ အကြောင်းမှာ ကျွမ်းကျင်မှုဆိုသည်မှာ ငွေကြေးအရင်းအမြစ်နှင့်လည်းသက်ဆိုင်နေသောကြောင့်ပင်။ သူသာ ကျွမ်းကျင်မှုပိုမြင့်လာပါက အရင်းအမြစ်များလည်းပို၍ရရှိလာချေမည်။
တတိယတစ်ခုကလည်းကောင်း၏။ မန္တန်များပို၍ကျွမ်းကျင်လေလေ၊ ခွန်အားလည်းကို၍တိုးလာလိမ့်ပေမည်။ ခွန်းအားတိုးလေလေ၊ အရင်းအမြစ်တို့လည်းပိုရရှိလာမည်ဖြစ်ပြီး နတ်ဘုရားစွမ်းရည်ကိုတောင် ရရှိနိုင်လာသေးသည်။ နတ်ဘုရားစွမ်းရည်ဆိုသည်ကား ဝိညာဉ်ရေးရာကူးပြောင်းမှုအဆင့်တစ်ခုဖြစ်ရာ အကျိုးကျေးဇူးမှာ အလွန်များလှ၏။
သို့သော် ဤစွမ်းရည်နှစ်ခုလုံးတွင် ဆက်တိုက်လေ့ကျင့်မှဖြစ်မည်ဟုကန့်သတ်ထားလေရာ အလုပ်နှင့်နားနေဖလှယ်မှု၏ နားနေချိန်ကို လျော့ကျစေပေမည်။
သေချာပေါက်ကိုပင်၊ စွမ်းရည်တစ်ဖြစ်သော 【အလုပ်နှင့်နားနေဖလှယ်မှု】 နှင့်【တာအိုပညာနှင့်သဘာဝ】 တို့ကတော့ လွန်စွာ လိုက်ဖက်ညီလှသည်။
【တာအိုပညာနှင့် ကျွမ်းကျင်မှု】 ဖြစ်စေ【တာအိုပညာနှင်မန္တန်များ】ဖြစ်စေ နှစ်မျိုးစလုံးက လွန်စွာအားထုတ်ရပေမည်။ သူသာ များစွာအားထုတ်မိပါက အလုပ်နှင့်နားနေဖလှယ်မှု၏စွမ်းရည်ကိုလည်း အဟန့်အတားဖြစ်စေမည်ပင်။
သို့သော်【တာအိုပညာနှင့်သဘာဝ】 က မတူပေ။ လောကသဘာဝ၊ တောတောင်ရေမြေကို ကြည့်ရှုခံစားခြင်းမှာ သာမန်ကိစ္စသာဖြစ်ရာ ကျင့်ကြံခြင်းဟု မပြောနိုင်ပေ။ သူက အလုပ်နှင့်နားနေဖလှယ်မှု၏အကျိုးသက်ရောက်ကို အစွမ်းသက်ရောက်စေရန် နားချိန်အပေါ်တွင်သာ မှီခိုပေမည်။ ထို့နောက်တွင်မူ သဘာဝတရားကိုရှုစားရင်း 【တာအိုပညာနှင့်သဘာဝ】ကို အသုံးချပေမည်။
ဤသို့တွေးလိုက်ရင်း စုယွမ်၏မျက်ဝန်းများမှာ တောက်ပသွားလျက်၊ ပထမတစ်ခုဖြစ်သော 【တာအိုပညာနှင့် ကျွမ်းကျင်မှု】ကို ရွေးချယ်လိုက်၏။
Chapter 32
ကျန်ရှိသောစွမ်းရည်တို့မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး 【တာအိုပညာနှင့်သဘာဝ】ကသာ စနစ်မျက်နှာပြင်ပေါ်တွင် ကျန်ရှိတော့လျက် စုယွမ်နှင့်တစ်သားတည်းဖြစ်လာခဲ့ပေသည်။
စွမ်းရည်အသက်သွင်းနေစဥ်တွင်ပင် စုယွမ်မှာ တစ်ခဏတွင်းချင်း ပါရမီတစ်ခုထပ်ရလိုက်သလို ခံစားလိုက်ရ၏။ လောကကြီးအပေါ်ထားရှိသောသူ၏ခံစားချက်အမြင်တို့မှာ လုံးဝပြောင်းလဲသွားလျက်၊ သူဟာ ကောင်းကင်နှင့်မြေကြီးတို့၏စီးချက်မြည်သံတို့ကိုပါ မြင်လာရသလိုခံစားနေရပေသည်။
စုယွမ်လည်း လောကကြီးကို ကြည့်ရှုနေရင်း အတွေးနက်နေ၏။ သူ၏စိတ်များမှာ ဗလာဖြစ်နေလျက် ကောင်းကင်နှင့်မြေကြီးစည်းချက်ကြားစိမ့်မဝင်သွားစေဘဲ စိတ်နှလုံးတစ်ခုလုံးဖြင့်လောကသဘာဝကိုသာ ခံစားမိစေရန် ကြိုးစားနေမိသည်။
ဝမ့်စစ်မင်မှာ အာရုံပျံ့လွှင့်နေသောစုယွမ်ကို လှည့်ကြည့်လိုက်၏။ ဤကလေး၏စိတ်ပိုင်းဆိုင်ရာမှာ တကယ်ကို တစ်ခုခုပင်တည်း၊ အနှီကလေးဟာ သူ့ရှေ့တောင် အာရုံပျံ့နေရဲသည်လေ။
စုယွမ် အသိပြန်ဝင်ချိန်တွင် တပည့်များ၏စစ်ဆေးမှုကလည်း ပြီးဆုံးသွားချေပြီ။
ကျန်းဝေ့လည်း အပြင်ဆောင်ကိုအောင်မြင်စွာဝင်နိုင်သွားလျက် စုယွမ်ကို စိတ်လှုပ်ရှားစွာ လက်ဝေ့ယမ်းပြနေသည်။
စုယွမ်လည်း ကျန်းဝေ့၏ရလဒ်ကြောင့် ဝမ်းသာသွားလျက် လက်မထောင်ပြကာ သူ့ကို ဂုဏ်ပြုလိုက်သည်။
ကျန်းဝေ့မှာ ချက်ချင်း ဘေးပတ်လည်ရှိလူများကို ဂုဏ်ယူစွာဖြင့် တစ်ခုခုပြောနေသည့်ဟန်ပင်။ သူ၏မျက်နှာထက်ရှိဝံ့ကြွားမှုမှာ တလောကလုံးကိုအပိုင်စားရသွားသည့် ဗီလိန်တစ်ဦးနှယ်၊ ထို့နောက် ဘေးရှိတပည့်များကလည်း ကျန်းဝေ့ကို လေးစားမှုတို့ဖြင့် ကြည့်လာကြလေသည်။
စုယွမ်၏မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တင်းသွားရလျက်။ သူ ကျန်းဝေ့လုပ်နေသည်ကို ခန့်မှန်းမိသွားရပြီး တွေးမိသွားရသည်။
"ဒီကောင် လူအများကြီးဆီက မကြည်ဘဲပစ်မှတ်ထားခံရတာလည်းမပြောနဲ့။"
တောင်သခင်လန်က ပြန်ပေါ်လာပြီး လူတိုင်းကို ပြောလိုက်သည်။
"စစ်ဆေးပွဲက ပြီးဆုံးသွားပြီ။ မင်းတို့အားလုံး မသေမျိုးမျိုးစေ့ခန်းမကိုသွားပြီး သွားချင်တဲ့တောင်ထိပ်ကို စာရင်းသွင်းနိုင်တယ်။"
တပည့်တစ်ထောင်နီးပါးက လူစုကွဲလျက် ခန်းမဆီသို့ ဦးတည်သွားကြ၏၊ ဤသို့ဖြင့် မသေမျိုးမျိုးစေ့တောင်ကြားမျိုးဆက်တစ်ခုမှာ အသီးသီးခွဲခွာ ပြီးဆုံးသွားလေပြီ။
စုယွမ်လည်း အနည်းငယ်ဝမ်းနည်းသွားရသည်။ သူက အကြမ်းအားဖြင့်တော့ ထိုလူအားလုံးနှင့်တွေ့ဆုံးခဲ့ကာ အတူ သင်ခန်းစာများသင်ယူခဲ့ဖူး၏။ သီအိုရီအရဆိုလျှင် လူတိုင်းမှာ အသုတ်တစ်ခုတည်းကဖြစ်သော်လည်း အနာဂတ်လမ်းကြောင်းကတော့ လုံးဝကွဲပြားသွားရချေပြီ။
မန္တန်ဆိုင်ရာတောင်ထိပ်သခင်က ပြောသည်။
"တပည့်ရွေးတာပြီးပြီဆိုတော့ တောင်ကြားအပြင်က စမးသပ်တာလည်း စတော့မှာပဲ။"
"ဒီပွဲကတော့ ခင်ဗျားတပည့်ကပဲ နိုင်မှာပါ။"
တောင်သခင်တစ်ဦးက ရယ်မောကာပြောလိုက်သည်။
"ဟားဟား၊ နိုင်လည်းဆုရတာမှမရှိတာ။ ဒါက လုပ်ရိုးလုပ်စဥ်တစ်ခုပဲလေ။"
မန္တန်ဆိုင်ရာတောင်ထိပ်သခင်က ခေါင်းခါလျက် ရယ်မောလာသည်။
"ဟိုတုန်းက ငါ ဒီလိုစမ်းသပ်ပွဲထဲပါခဲ့ပေမဲ့ ကံမကောင်းဘဲ ဘာမှရမလာခဲ့တာ သတိရသေးတယ်ဟေ့။"
ဆေးဝါးဆိုင်ရာတောင်ထိပ်သခင်က သက်ပြင်းချလာသည်။
"ကလေးတွေ အတွေ့အကြုံရသွားလည်း မနည်းပါဘူးလေ။"
"ဟုတ်ပါတယ်လေ။ သွားကြရအောင်။"
တောင်သခင်၇ဦးမှာ တပည့်ကိုယ်စီကိုခေါ်ဆောင်လျက် ပျံသန်းကာ မသေမျိုးမျိုးစေ့တောင်ကြားထွက်ရာလမ်းဆီဦးတည်လိုက်ကြသည်။
တောင်သခင်လန်ကလည်း ပွဲကြည့်ရန် အတူလိုက်လာပေသည်။
စုယွမ်လည်း ဝမ့်စစ်မင်ဘေးတွင် ရပ်ရင်း မေးလိုက်သည်။
"တောင်သခင်၊ ဒီပွဲအတွက် ဆုတစ်ခုခုရှိလား။"
"ဆုလို့ရယ်မရှိဘူး။ ဒါက အစဥ်အလာတစ်ခုပါပဲ။ ဘိုးဘေးဆရာသခင်ကတော့ ဒီစမ်းသပ်မှုထဲမှာ ဆုတွေအများကြီးထားခဲ့တာပဲ။ ဒါပေမဲ့ တပည့်အသုတ်အများကြီးဝင်ရောက်ခဲ့တော့ ဆုတွေလည်း အကုန်ကုန်သွားတာပဲ။ အခုဆိုရင် စမ်းသပ်မှုပဲရှိပြီး ဆုဆိုတာမရှိတော့ဘူး။"
ဝမ့်စစ်မင်က ရယ်မောလာသည်။
"ငါတို့ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့အကောင်းဆုံးကျင့်စဥ်တွေကလည်း တကယ်တော့ အဲ့ဒီစမ်းသပ်မှုထဲကရတာလေ။ အထူးသဖြင့် ခုနစ်စဥ်အထွဋ်အထိပ်ကျင့်စဥ်ပေါ့။ အဲ့ဒီစမ်းသပ်မှုက ငါတို့ဂိုဏ်းရဲ့မူလရင်းမြစ်လို့တောင်ပြောလို့ရတယ်။"
စုယွမ် ဤသည်ကိုကြားတော့ ဒီစစ်ဆေးပွဲက တကယ်ကို ထုံးတမ်းစဥ်လာသာဖြစ်ပြီး ဆုမရှိသည်ကို နားလည်သွားရ၏။
စုယွမ်လည်း စိတ်ဝင်စားမှုလျော့သွားရသည်။
သူတို့နီးကပ်လာသည်နှင့် စုယွမ် တောင်ကြား၏အလယ်နေရာတွင် ငွေရောင်သန်းနေသော ဝင်ပေါက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
"သွားတော့။"
ဝမ့်စစ်မင်က ပြောရင်း စုယွမ်ကို ထိုအပေါက်ထဲ တွန်းလိုက်တော့သည်။
အခြားတပည့်များသည်လည်း ထိုအတိုင်းသာ၊ တောင်သခင်အားလုံးက တပည့်များကို တွန်းပို့လိုက်ကြ၏။
ငွေရောင်ဝင်ပေါက်ကြီးမှ ရစ်ပတ်လို့ နောက်ဆုံးတွင် ပိတ်သွားရသည်။
"သူတို့ ဘယ်အဆင့်အထိအများဆုံးဖြတ်နိုင်မယ်ထင်လဲ။"
"အဆင့်ငါးလောက်အထိပေါ့။"
"ဖြစ်နိုင်ချေနည်းတယ်။"
"ငါတို့ခဏနေရင် သိရမှာပဲ။"
တောင်သခင်၇ဦးက ခဏစောင့်နေကြသည်။
တပည့်တစ်ဦးက အရင်ဆုံး လျှောက်ထွက်လာ၏။
သူထွက်လာစဥ်တွင် ဝင်ပေါက်ကြီးဆီမှ အလင်းတန်း၂ခုလင်းလက်လာသည်။
"၂ခုထဲလား။ ပိုပြီးကြိုးစားဖို့လိုသေးတယ်နော်။"
မိုးကြိုးတောင်သခင်မှာ သူရွေးခဲ့သောတပည့်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
ထိုတပည့်မှာလည်း ရှက်ရွံ့စွာ ခေါင်ငုံ့သွားလေသည်။
"ဘာလို့ အရမ်းဆူနေရတော့တာလဲ။ ဒီကလေးတွေက အခုမှတောင်ကြားကထွက်လာကာစ ဘာမှသိသေးတာမဟုတ်ဘူး။"
ဆေးဝါးဆိုင်ရာတောင်ထိပ်သခင်က ရယ်မောလာသည်။
ထို့နောက်ချက်ချင်းပင် ဒုတိယတစ်ယောက်လျှောက်ထွက်လာရာ ထိုသူမှာ ဆေးဝါးဆိုင်ရာတောင်ထိပ်မှဖြစ်နေပြီး ရောင်စဥ်ကလည်း၂ခုတည်းဖြစ်နေလေသည်။
မိုးကြိုးတောင်သခင်က အနည်းငယ်ပြုံးသွား၏။
"ဒါပေါ့။"
ဆေးဝါးဆိုင်ရာတောင်သခင်မှာ မရွှင်မပျဖြစ်သွားပြီး သူ့တပည့်သူ စိုက်ကြည့်တော့သည်။
တစ်နာရီကျော်ကြားပြီးတော့ အခြားတော်တော်များများလည်း ထွက်လာကြသည်။
လျှိုမြောင်ဝမ်က ထွက်လာချိန်တွင် ရောင်စဥ်ငါးခုလင်းလာ၏။
တစ်ခဏအကြာတွင် ကျန့်ဟယ်ထွက်လာပြီး ရောင်စဥ်သုံးခုသာ လင်းလေသည်။
ဝိညာဉ်ရေးရာတောင်သခင်က တောင်သခင်လန်ကို ပြုံးပြလိုက်သည်။
တောင်သခင်လန်ကတော့ သူ၏အကဲဖြတ်ချက်နှင့် ပတ်သက်ပြီးအလွန် ကျေနပ်နေလေသည်။ ဝိညာဉ်ရေးရာတောင်သခင်ကို သူ ညွှန်းလိုက်သည်မှာ တကယ်မှန်သွားပေပြီ။ အရေးကြီးဆုံးမှာ ထိုအတွက် လတ်တလောတော့ သူဖို့ အကျိုးကျေးဇူးအရင်းအမြစ်များ ပြတ်တောက်တော့မည်မဟုတ်ပါပေ။
ထို့နောက်တွင် လျှိုမူဝမ်က လေးရောင်စဥ်ဖြင့် ထွက်လာသည်။
ယဲ့ပိဖန်ကတော့ ရောင်စဥ်ငါးခုရသွား၏။
ယဲ့ပိဖန်၏ရလဒ်များမှာ အနေအထားတစ်ခုအထိထိပ်ဆုံးဖြစ်နေရာ မန္တန်ဆိုင်ရာတောင်သခင်ကို ဂုဏ်ယူသွားစေ၏။
သို့သော် တခဏမျှစောင့်ပြီးနောက်တွင်။
စုယွမ်က ထွက်မလာသေးပါပေ။
ဤသည်ကိုမြင်တော့ တောင်သခင်လန်လည်း သာလွန်တောင်သခင်ကို မေးလိုက်သည်။
"တောင်ထိပ်သခင်ဝမ်၊ ခင်ဗျား စုယွမ်ကို ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ရေးထဲရွေးခိုင်းလိုက်တယ်မလား။ သူ စာပေဆိုင်ရာတော့ မရွေးလောက်ပါဘူးနော်။"
ဝမ့်စစ်မင်လည်း ခဏမျှတိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည်။
"ငါလည်း သတိပေးဖို့မေ့သွားတယ်။ ဒါပေမဲ့ ပုံမှန်တပည့်အများစုက ရုပ်ဆိုင်ရာတိုက်ခိုက်ရေးကိုပဲ ရွေးကြတာမလား။"
တောင်သခင်လန်မှာ ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး ပြောလိုက်သည်။
"ငါမှတ်မိပြီ။ သူက ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကိုရွေးထားတာလေ။ အဲ့ဒီတော့ သူ့မှာ တိုက်ခိုက်ရေးစွမ်းရည်ရှိမှာမဟုတ်ဘူး။"
ဝမ့်စစ်မင်လည်း အံ့သြသွားရသည်။
"ဘာလို့သူက အဲ့မန္တန်ကိုရွေးလိုက်တာလဲ။ ဘယ်သူက ရွေးဖို့ပြောလို့လဲ။"
တောင်သခင်လန်က ကျန့်ဟယ်ကိုသာ တစ်ချက်ကြည့်လိုက်သည်။
ဝမ့်စစ်မင်မှာ မျက်မှောင်ကြုတ်သွားရလျက် သူ၏အမူအရာမှာ မသာယာတော့ပါပေ။
"ငါတို့သူ့ကိုစောင့်နေသင့်ရဲ့လား။"
မန္တန်ဆိုင်ရာတောင်သခင်က မေးလာသည်။
"ထားလိုက်တော့၊ ငါအရမ်းအလုပ်များနေတာ၊ ငါတော့ အရင်ပြန်ပြီ။"
"ငါလည်း အရေးကြီးကိစ္စရှိသေးလို့၊ ပြန်ပြီ။"
ဤသို့ဖြင့် တောင်သခင်အများစုက ချက်ချင်းပြန်သွားကြတော့သည်။
မန္တန်ဆိုင်ရာတောင်သခင်ကတော့ စောင့်နေစရာမလိုသော်ငြား တစ်ခဏမျှ တုန့်ဆိုင်းနေသေးသည်။ သို့သော်လည်း အဓိကအားဖြင့် ယဲ့ပိဖန်က ပထမနေရာဆွတ်ခူးပြီးဖြစ်သောကြောင့် သူလည်း ဆက်မစောင့်တော့ပေ။
စာပေဆိုင်ရာတိုက်ခိုက်မှုကြာချိန်မှာ အမျိုးမျိုးကွဲပြား၏။ အချို့လူများက လေးဆယ့်ငါးမိနစ်နှင့်ထွက်လာပြီး အချိုကတော့ ဆယ်ရက်၊ သို့မဟုတ် လဝက်လောက်ကြာသည်မှာလည်း ပုံမှန်သာဖြစ်ပေသည်။
ဝမ့်စစ်မင်လည်း တစ်နာရီလောက်စောင့်နေပြီးမှ ထွက်သွားတော့သည်။ ဤမသေမျိုးမျိုးစေ့တောင်ကြားမှအလွန်လုံခြုံလှရာ သူ စိတ်မချဖြစ်စရာအကြောင်းလည်း မရှိပါပေ။
တောင်သခင်လန်ကတော့ ဆက်စောင့်နေသေး၏။ သူ နောက်ထပ်တစ်နာရီမျှစောင့်နေသော်လည်း စုယွမ်တစ်ယောက် ထွက်လာဦးမည့်အရိပ်အယောင်မပြသည့်အတွက် သူလည်း ထွက်လာခဲ့လိုက်သည်။ သူ့တွင် တပည့်ထောင်ချီကို ခန့်ခွဲဖို့ရှိသေးပေရာ ဆက်မစောင့်နိုင်တော့သည့်အတွက် ဖြစ်၏။
ဤသို့ဖြင့် ငွေရောင်ဝင်ပေါက်ကြီး၏အတွင်းအပြင်တစ်ခုလုံးတွင် စုယွမ်တစ်ဦးတည်းသာ ကျန်ခဲ့တော့လေ၏။