← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

Chapter 35 အနက်အဓိပ္ပါယ်ကိုနားလည်ခြင်း။

ရုတ်တရက် စုယွမ်၏ခန္ဓာကိုယ်မှ ဓါးအရှိန်အဝါတို့က ဟိန်းထွက်လာကြလေရာ ငွေဖြူဝိညာဥ်ရေတံခွန်၏ရေများတောင် ကပြောင်းကပြန်ဖြစ်သွားရလေသည်။

အရှိန်အဝါတို့က ရွေရောင်ဓါးသွားတစ်လက်ကဲ့သို့ စူးရှစွာ ထွက်ပေါ်လာခြင်းပေ။

ပထမဦးစွာ စွမ်းအင်တို့က အရှေ့သို့ ပေါက်ကွဲထွက်လာသော်ငြား လမ်းတစ်ဝက်အရောက်တွင်ခေတ္တလျော့ကျသွား၏။ သို့သော်လည်း ကြောက်စရာကောင်းနေဆဲဖြစ်လျက် ဓါးအရှိန်အဝါတို့က ဟိန်းထွက်နေလေသည်။

သို့သော်ငြားလည်း စုယွမ်ကတော့ ငွေဖြူဝိညာဉ်ရေတံခွန်၏နိယာမများကို ဆက်တိုက်လေ့လာနေဆဲ၊ သူ၏ ခန္ဓာကိုယ်မှ ဓါးစွမ်းအင်လှိုင်းတို့က လျံတက်လာလျက် သူ့အရှေ့သို့တိုးဝင်လာသော ချည်မျှင်တို့ကို တားဆီးပေးထားသည်။

ဓါး၏အရှိန်အဟုန်မှာ တိုးမြင့်လာဆဲဖြစ်လျက် ပတ်ဝန်းကျင်ကို ပို၍သက်ရောက်သထက် သက်ရောက်လာ၏။ အချိန်နှင့်အမျှ ငွေမှင်တောက်ရေတို့မှာ အကွာအဝေးတစ်ခုအထိလျှံကျလာလျက် စုယွမ်ထံမှ အရှိန်အဝါများနှင့်ပေါင်းလိုက်သော် ရေတို့မှာ မိုးထိတိုင်မြင့်သွား၏။

ရှောင်လီက စုယွမ်၏နံဘေးတွင်ရပ်လျက် စုယွမ်ကို ဝမ်းသာမျက်ရည်များဝေ့ဝဲနေသော မျက်ဝန်းများဖြင့်အားပေး၏။

“အဆင်ပြေသွားမှာပါ။”

မြေခွေးလေးက စိတ်အတွင်းထဲကကို ဆုတောင်းနေမိသည်။

ရှောင်လီထံမှ အားပေးခံရ၍လားမသိ၊ စုယွမ်က ရုတ်တရက် မျက်လုံးများဖွင့်လာသည်။ ထို့နောက် ချုံရှောင်းဓါးစွမ်းအင်မှာ အရှေ့ရှိတိုက်ခိုက်နေသောစွမ်းအင်များကို ဖုံးလွှမ်းကာ ရေတံခွန်ဆီသို့ပြေးဝင်သွားလျက် အထက်ကောင်းကင်ယံဆီသို့ပါ ပြေးတက်သွား၏။

ကျန်ရှိနေသောဓါးစွမ်းအင်များက ချက်ချင်း ရွေရောင်အလင်းတန်းသဖွယ်ကူးပြောင်းသွားပြီး နောက်ဆုံးတွင် စုယွမ်၏နှဖူးများကြားတိုးဝင်သွား၏။

ရွှေရောင်အမှတ်အသားတစ်ခုမှာ စုယွမ်၏နဖူးပေါ်တွင် ပေါ်ပေါက်လာ၏။ ထိုအခိုက်အတန့်လေးတွင် စုယွမ်မှာ ငွေဖြူဝိညာဉ်ရေတံခွန်နှင့်ချိတ်ဆက်သွားသည့်နှယ်ခံစားလိုက်ရသည်။ ထို့အတူ သူဟာ လျှို့ဝှက်နယ်မြေထဲသို့ နောက်တစ်ကြော့ပြန်ဝင်ရန် အရည်အချင်းပြည့်မှီသွားချေပြီ။

စုယွမ်က ရှောင်လီကိုလှည့်ကြည့်လာ၏။ သူ၏နှုတ်ခမ်းထက်တွင်လည်း ခပ်စစအပြုံးတစ်ခုချိတ်ဆွဲထားလျက် အကြည့်တို့မှာလည်း ညင်သာနေလသည်။

“ငါလုပ်နိုင်ခဲ့ပြီ။”

“ဂုဏ်ပြုပါတယ်။”

မြေခွေးလေးက ဝမ်းသာတကြီးဂုဏ်ယူလာ၏။

စုယွမ်လည်း ပြုံး၍ စွမ်းရည်၏အချိန်ကိုတစ်ချက်ကြည့်လိုက်ရာ တစ်နာရီသာကျန်တော့သည်ကို တွေ့လိုက်ရသည်။

သို့သော်လည်း စုယွမ် ပြန်ကျင့်ကြံရန် အလျင်မလိုပေ။ သူ မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်ကို ပြန်တွေး၍ စတင်ကာ ပြန်ကျင့်ကြံလိုက်သည်။

ယင်းကျင့်စဥ်မှာ ထိပ်တန်းအဝါရောင်အဆင့်ကျင့်စဥ်ဖြစ်ရာ သူ့လက်ရှိအခြေအနေအတွက် အနည်းငယ် အဆင့်နိမ့်နေလေသည်။

သူ၏ နတ်ဘုရားသဖွယ်အခြေနေတွင် သူနားလည်သွားသောသဘောတရားများနှင့် ထူးချွန်သောသဘောပေါက်စွမ်းရည်ကိုအသုံးချကာ သူ မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်ကို မွမ်းမံလိုက်၏။

ကျင့်စဥ်၏နည်းလမ်းများမှာ အလွန်ရှုပ်ထွေးလာလျက်၊ သို့သော်ငြား သူ ကျင့်ကြံရတာအဆင်ပြေပြေရှိနေဆဲ။ အကြောင်းမှာ သူ၏ကျင့်ကြံစွမ်းရည်နှင့်အတူ ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်တို့ကလည်း သာမန်ဝိညာဉ်စွမ်းအင်မဟုတ်တော့၊ ဆန်းကြယ်ပကတိချီစွမ်းအင်တို့ဖြစ်နေသောကြောင့်ဖြစ်၏။

သူ ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကို မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်နှင့် ထပ်ပေါင်းဖြည့်လိုက်ရာ ကျင့်စဥ်၏အဆင့်မှာ များစွာတိုးမြင့်သွားလေတော့သည်။ စုယွမ်ကတော့ ကောင်းကင်ဘုံအဆင့်ထိတိုးမြင့်သွားသည်ဟု ခန့်မှန်းလိုက်သည်။ ယင်းမှာ အနိမ့်တန်းကောင်းကင်ဘုံအဆင့်ဖြစ်နေသေးသော်လည်း ကောင်းကင်ဘုံအဆင့်ဖြစ်နေဆဲပါပင်။

သာမန်အားဖြင့် စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်ရှိသောကျင့်စဥ်များကသာ ရည်ရွယ်ချက်သဘောတရား ပါဝင်လေ့ရှိသည်။ သို့သော် စုယွမ်ကတော့ ယခုတွင်ပင် လောက၏နိယာမရည်ရွယ်ချက်များကို ဖမ်းဆုတ်နိုင်ခဲ့ရာ သူ၏လက်ရှိကျင့်ကြံဆင့်နှင့်ကိုက်ညီမည့် အဆင့်တစ်ခုထိ ပေါင်းထည့်ကာ ကျင့်စဥ်ကို အဆင့်မြင့်နိုင်ခဲ့ပေ၏။

စုယွမ်သာ ပြန်ကျင့်ကြံတာအောင်မြင်သွားပါက သူ အဆင့်တက်နိုင်တော့ပေမည်။ မျက်စိတစ်မှိတ်အတွင်းမှာတင် ရှစ်ခုမြောက်နှင့်ကိုးခုမြောက်ဝိညာဉ်သွေးကြောကို တည်ဆောက်နိုင်တော့၏။

ဆက်လက်၍ သူ အဆောင်တံဆိပ်သုံးခုကို ဝိညာဉ်သွေးကြောများကြား ထပ်မံဖွဲ့စည်းနိုင်သွားခဲ့သည်။

ထို့နောက် ချက်ချင်း ဝိညာဉ်သွေးကြောကိုးခုမှာ အချင်းချင်းချိတ်ဆက်သွားကြပြီး ဆန်းကြယ်ပကတိချီစွမ်းအင်စီးဆင်းရာ လမ်းကြောင့်အပြည့်အစုံဖြစ်ပေါ်လာတော့၏။ ဤသို့ဖြင့် ဆန်းကြယ်ပကတိချီစွမ်းအင်၏ပြန်လည်ကုသနိုင်စွမ်းနှင့် အလုပ်စွမ်းပကားတို့မှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

ဒန်ထျန်အတွင်း စုယွမ် ရွှေရောင်ဒယ်အိုးလေးတစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။ ဒယ်အိုး၏ပတ်လည်တွင် ရွှေရောင်ဓါးတို့ပတ်လည်ရှိနေပြီး အောက်ဘက်တွင်မူ သစ်သားစွမ်းအင်ကိုယ်စားပြုသည့် သစ်သားတို့က မီးစွမ်းအင်နှင့်အတူ လောင်မြိုက်နေလေသည်။ ဒယ်အိုးလေးအတွင်းမှာမူ ဆန်းကြယ်ပကတိချီစွမ်းအင်တို့က အဆက်မပြတ် လောင်မြိုက်သန့်စင်ခြင်းခံရကာ ပိုမိုအစွမ်းထက်သော ချီစွမ်းအင်အသွင်ကူးပြောင်းနေသည်။ ထိုလုပ်ငန်းစဥ်မှာ တစ်ခဏကြာတော့ စုယွမ် အားစိုက်ထုတ်စရာမလိုဘဲ အလိုအလျောက်ဖြစ်လာတော့သည်။

စုယွမ်လည်း အားဆက်ထုတ်၍ ဝိညာဉ်သွေးကြောကိုဆက်ဖွင့်ရန် ပြင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာတင် သူ ဆန်းကြယ်ပကတိစွမ်းအင်၏ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုမိသွားသည်။

နောက်ဆုံးသော ချီတစ်မျှင်က ကိုးခုမြောက်ဝိညာဉ်သွေးကြောကို ခိုင်မြဲအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့လေသည်။ ဤသို့ဖြင့် စုယွမ် ချီစုဆောင်းခြင်းအဆင့်လေးသို့ရောက်ရှိသွားပြီး ဝိညာဉ်သွေးကြောကိုးခုစက်ဝန်းကို တည်ဆောက်နိုင်ခဲ့၏။

ဤအချိန်တွင်ပင် စွမ်းရည်၏သက်ရောက်မှုက ကုန်ခမ်းသွား၏။ သုံးရက်ဆက်တိုက်လေ့ကျင့်လိုက်ရခြင်းက စုယွမ်ကို စိတ်ပိုင်းဆိုင်ရာနွမ်းနယ်ကျန်ရစ်ခဲ့ရလျက်။ စွမ်းရည်၏သက်ရောက်မှုမှေးမိန်သွားသည်နှင့်တပြိုင်နက် သူ၏စိတ်အစုံမှာလည်း ဝေဝါးကာ လုံးဝလဲကျသွားတော့လေသည်။

မြေခွေးလေးက အနားကပ်လာပြီး စုယွမ်ကိုပွေ့ထားလိုက်ကာ နူးညံ့သောအခင်းနေရာတစ်ခုတွင် ချထားပေးလိုက်သည်။ သူက သတိလစ်လုနီးပါးဖြစ်သွားသောစုယွမ်ကိုစိုက်ကြည့်ရင်း အနှီလူဟာ မည်သို့သော မကောင်းဆိုးဝါးမျိုးဖြစ်မှန်း တွေးတောနေမိသည်။

မနက်စောစောတွင်။

စုယွမ်တစ်ယောက် နှာခေါင်းနားတွင် အမွှေးပွပွကိုခံစားမိရာ အနည်းငယ်ယားကျိကျိဖြစ်လာ၏။

သူ မြန်မြန်မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှောင်လီက လက်များကိုမြန်မြန်ပြန်ရုတ်လိုက်လေသည်။

မြေခွေးလေးမှာ အနီးရှိသစ်ပင်ဆီသို့ အမြန်ပြေးကာ ဝင်ပုန်း၏၊သို့သော် ၎င်းမှာ အမြီးကိုသိမ်းရန်တော့ မေ့နေခဲ့လေသည်။

“ကောင်းပြီ၊ မြေခွေးလေး။ ငါနိုးနေပြီ၊ မင်းဘယ်မှာလဲ။”

စုယွမ်က အပြုံးတစ်ပွင့်နှင့်မေးလိုက်သည်။

“ဟမ်၊ မင်းက နိုးပြီပေါ့။ ငပျင်းကောင်။”

ရှောင်လီက ဖာသိဖာသာဖြင့် တည်ငြိမ်ဟန် လျှောက်ထွက်လာလေသည်။

စုယွမ်ရယ်လိုက်၏ ။

“ငါတော်လွန်းလို့ မင်းရဲ့အဆင့်ကိုးခုလုံးကို အောင်မြင်ခဲ့တာကိုရော ဘယ်လိုလုပ်မလဲ။ နည်းနည်းရုန်းကန်ခဲ့ရတာရှိပေမဲ့ ငါ သဘောတရားကိုနည်းနည်းကို ဖမ်းမိခဲ့တာပဲ။”

ရှောင်လီရှုံ့မဲ့သွားရသည်။ တစ်ခဏလောက် သူ ဘယ်လိုပြန်ဖြေရမည်တောင် မသိတော့။ သူ အထင်လွဲသွားတာဆိုပြီး ပြောလို့ရသေးလား။

“ဂုဏ်ပြုပါတယ်။ မင်းအောင်မြင်ခဲ့တာပဲ။”

ရှောင်လီခေါင်းညိတ်လိုက်သည်။

“နောက်ဆုံးတော့ အဆင်ပြေသွားခဲ့တာပဲ။’

စုယွမ် သက်ပြင်းချလိုက်၏၊ သူ့နှလုံးသားထဲ ဆွဲချည်နေသော အလေးချိန်တစ်ခုမှာ လျော့ပါးသွားသလိုပင်။

ထို့နောက် ရှောင်လီက ရင်ဘက်ထဲသိမ်းဝှက်ထားသော ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ပေးလာ၏။

“ဒါကဘာလဲ။ ဒါမင်းရဲ့လျှို့ဝှက်ရတနာလား။ ဟားဟား၊ ငါက စနေရုံပါ။ မင်းက တကယ်ကြီးပေးတာလား။”

စုယွမ်လည်း လက်ယမ်းပြလိုက်လိုက်ပြီး ပြန်သိမ်းထားရန်ပြောလိုက်သည်။

“မဟုတ်ဘူး။ ဒါကငါ့ဟာမဟုတ်ဘူး။ ဒါက ဘိုးဘေးဆရာသခင်ကချန်ရစ်ခဲ့တဲ့ ဆုပဲ။ မင်းက စမ်းသပ်မှုကိုအလုံးစုံအောင်မြင်ခဲ့တာဆိုတော့ ဒါကို မင်းကိုပဲ ပေးလိုက်တော့မယ်။”

ရှောင်လီ ပြောလာ၏။

“အမွေအနှစ်ဆုလား။”

စုယွမ် မျက်လုံးများကျယ်သွားရ၏။

“တောင်သခင်ပြောတော့ ဆုတွေကမရှိတော့ဘူးဆို။”

“ဆုအားလုံးနီးပါးက မရှိတော့ဘူးလေ။ ဒါပေမဲ့ စာပေပြိုင်ပွဲရဲ့အဆင့်ကိုးအတွက်တော့ ဆုတစ်ဆုကျန်နေသေးတာ။ အဲ့ဒီတောင်သခင်တွေဆိုတာလည်း အသုံးမှမကျတာ။ ဘာမှသိတာမဟုတ်ဘူး။ သူတို့က ဆုအကုန်ယူသွားနိုင်မယ်ထင်နေတာလား။ ရယ်ရတာ၊ဟားဟားဟား။”

ရှောင်လီမှာ အူလှိုက်သဲလှိုက်ရယ်မောနေတော့၏။

“မင်းကရော သူတို့ကို မပြောပြဘူးလား။”

စုယွမ် မေးလိုက်သည်။

“ဒါက ဘိုးဘေးဆရာသခင်ဆီကစစ်ဆေးမှုလေ၊ ငါပြောပြလို့မှမရတာ။”

ရှောင်လီက ခေါင်းခါလာသည်။

စုယွမ် ခေါင်းညိတ်လိုက်သည်။ သူ သတိတကြီးဖြင့် ဆန်းကြယ်ပကတိချီစွမ်းအင်များကို သူကိုယ်တိုင်နှင့်ရှောင်လီအပေါ်ဖုံးလွှမ်းထားလိုက်ပြီးမှကျောက်စိမ်းသေတ္တာကိုဖွင့်လိုက်သည်။

အထဲတွင်မူ အမွေအနှစ်ပစ္စည်းသုံးခုရှိနေလေသည်။

Chapter 36

“သုံးခုတောင်လား။”

စုယွမ် အံ့သြသွားလျက် မေးမိ၏။

“ဟုတ်တယ်။ အဲ့ဟာတွေက အစီအရင်လမ်းကြောင်းပညာဖြစ်တဲ့ ထောင်ချီစီရင်ပညာ၊ အဆောင်အဖွဲ့တည်ဆောက်တဲ့ပညာဖြစ်တဲ့ ကောင်းကင်မြေပထဝီအဆောင်နိယာမနဲ့ ဓါးကျင့်စဥ်ဖြစ်တဲ့ ဓါးပြိုင်ကျင့်စဥ်တွေပဲ။ ဘိုးဘေးဆရာသခင်ရဲ့ဘွဲ့က ဆယ်မျိုးပကတိသခင်ဖြစ်ခဲ့တာ။ သူ့မှာ ထူးခြားတဲ့စွမ်းရည်ဆယ်မျိုးရှိခဲ့တယ်။ အခု ခုနစ်စဥ်ပကတိဂိုဏ်းက အဲ့ဒီအထဲက ခုနစ်မျိုးကိုပဲ ပိုင်ခဲ့တာ။”

ရှောင်လီက ၎င်းတို့ကို သူ၏ကိုယ်ပိုင်ရတနာလေးများသဖွယ် သေချာရှင်းပြလာ၏။

စုယွမ်လည်း ပြန်မေးလိုက်သည်။

“ဒါတွေအကုန်က ငါ့အတွက်လား။ ဒီသုံးခုလုံးကိုပေးရင် အဆက်သွယ်သုံးပြီးရတယ်လို့ သတ်မှတ်လို့ရလား။”

ရှောင်လီ စုယွမ်ကို မျက်လုံးလှန်ကြည့်လိုက်သည်။

“မင်းက အခု ကောင်းကင်နဲ့မြေကြီးရဲ့အဆင့်၃ခုကိုတောင် နားလည်သွားပြီကို၊ ဒီသုံးခုလုံးကို ရတာပုံမှန်ပဲမဟုတ်ဘူးလား။”

ထို့နောက် ရှောင်လီက တစ်ခုခုကိုစိုးရိမ်နေပုံဖြင့် အပေါ်မော့ကြည့်လာသည်။

သို့သော် ဘာမှမပြောင်းလဲ၊ သူ့ခေါင်းမော့လာတာသာရှိပေသည်။

စုယွမ်လည်း ရှောင်လီ၏လှည့်ကွက်များကို သတိထားမိ၏။ သို့သော် ရှောင်လီမှာမူ မည်သည့်အပြစ်ဒဏ်မှကျရောက်မလာတာကိုတွေ့တော့ သူမြန်မြန် ကျောက်စိမ်းသေတ္တာကို ပြတ်ပြတ်သားသား စုယွမ်လက်ထဲထည့်လာသည်။

စုယွမ်လည်း ချောင်းဟန့်၍ပြောလိုက်သည်။

“အချိန်ပြည့်တော့မယ်။”

ဤသည်ကိုကြားတော့ ရှောင်လီမှာ သူ တွန့်ဆုတ်မိသွားကြောင်း ခံစားလိုက်ရသည်။

“မင်းထွက်တော့မှာလား။”

“ဟုတ်တယ်၊ သွားတော့မယ်။”

စုယွမ်ပြောလိုက်သည်။

“အော်။”

မြေခွေးလေးက ဖြည်းဖြည်းချင်းခေါင်းညိတ်လာသည်။

“စိတ်မပူပါနဲ့။ ငါ ဒီလျှို့ဝှက်နယ်မြေကိုပြန်လာဖို့ အရည်အချင်းပြည့်မှီတာပဲကို၊ ငါအားရင် ပြန်လာခဲ့ပါမယ်။ ငါ မင်းဖို့ စားစရာတွေကိုတောင်ယူခဲ့မယ်လေ။”

စုယွမ်က စိတ်ရင်းဖြင့် ရယ်မောလိုက်သည်။

“တကယ်လား။ အဲ့ဒါဆို မင်းပြောခဲ့ဖူးတဲ့ ဘဲကင်ကိုမမေ့နဲ့နော်။”

ရှောင်လီ၏မျက်ဝန်းများတောက်ပသွား၏။

“သေချာတာပေါ့။”

စုယွမ် ခေါင်းညိတ်လိုက်၏။

သူ တစ်ခဏတွေးပြီး ပြောလိုက်သည်။

“နောက်ကျရင် ငါ မသေမျိုးမျိုးစေ့တောင်ကြားသခင်ဖြစ်လာနိုင်မလားကြည့်လိုက်မယ်။ အဲ့ဒီလိုသာဆိုရင် ငါ ခဏခဏလာတွေ့လို့ရပြီလေ။”

ရှောင်လီလည်း ဝမ်းသာတကြီးမြန်မြန်ပြောလိုက်သည်။

“အဲ့ဒါဆိုရင် မင်း သေချာကြိုးစားနော်။ အဲ့ဒီလူကြီးက ယွင်းမှားကျောရိုးတည်ဆောက်ခြင်းအဆင့်မှာပဲ ရှိသေးတာ။ ရွှေရောင်အမြုတေအဆင့်နဲ့တဆင့်ပဲဝေးတော့ပေမဲ့ သူသာ အဲ့အဆင့်ကိုမချိုးဖြတ်နိုင်ရင် ဘဝသက်တမ်းကကုန်တော့မှာ။ နောက်ဆယ်နှစ်လောက်ဆို သူ သေချာပေါက် လောကကြီးထဲ နယ်လှည့်ပြီး နည်းလမ်းရှာတော့မှာ။ အဲ့ဒီတော့ တောင်သခင်ရာထူးကလွတ်သွားမှာပဲ။”

“အဲ့အဘိုးကြီးက ယွင်းမှားကျောရိုးတည်ဆောက်ခြင်းအဆင့်ပဲရှိသေးတာပေါ့။ အဲ့လောက်ထိ ရှိုးတွေပြနေပြီး ရွှေရောင်အမြုတေအဆင့်မှာ တစ်နေသေးတာ။ အဆင့်တက်ဖို့အတားအဆီးကဆိုတာ တကယ်ခက်ခဲတာပဲ။”

စုယွမ်လည်း မသေမျိုးမျိုးစေ့တောင်သခင်အကြောင်း အနည်းငယ်သိရှိသွား၏။

ထို့နောက် စုယွမ် ရှောင်လီနှင့် ရက်အနည်းအငယ် ကစားနေလိုက်သေးသည်။ ကြာလာသည်နှင့်အမျှ သူက စွမ်းအင်နှင့်ရည်ရွယ်ချက်၏နိယာမများကိုနားလည်လာခဲ့၏။ ထို့နောက်တွင်မူ သူ နှုတ်ဆက်စကားဆိုခဲ့ပေသည်။

ရှောင်လီကမလိုလာသောအကြည့်များအောက်တွင်ပင် စုယွမ်က ငွေရောင်တံခါးဆီထံ ထွက်သွားခဲ့လေသည်။

သူ တံခါးမှထွက်လိုက်ချိန်တွင် ရောင်စဥ်ကိုးတန်းက ထွက်ပေါ်လာခဲ့၏။

တစ်ခဏတွင်းချင်း ပုံရပ်တစ်ခုက လေထဲမှထွက်ပေါ်လာပြီး အနှီလူရဲ့လက်တစ်ဝှေ့ဖြင့် ရောင်စုံအလင်းတန်းများမှ ငွေရောင်ဝင်ပေါက်ထံပြန်ပို့ခံလိုက်ရသည်။

မြောက်မြားစွာသောအလင်းတို့မှာ ပြန့်ကျဲလျက် မြူခိုးတို့မှာ မြင်ကွင်းကိုပိတ်ဆို့သွားသည်။

တစ်ခဏအကြာတွင် ရောင်စုံအလင်းတို့က ကွယ်ပျောက်သွား၏။

စုယွမ်လည်း မျက်လုံးဖွင့်လိုက်တော့ ဖိုသီဖတ်သီအသွင်ဖြင့် လူအိုကြီးက သူ့ကို စူးစမ်းစိုက်ကြည့်နေတာကို မြင်လိုက်ရသည်။

“ခင်များက ဘယ်သူလဲ ... “

စုယွမ်မှာ ကြောင်အသွား၏။

“ငါလား။ ငါက ခုနစ်စဥ်ပကတိဂိုဏ်းရဲ့သမိုင်းတစ်လျှောက် အားအကောင်းဆုံးပါရမီရှင်၊ နယ်မြေ၁၉ခုလုံးကိုသွားလာနိုင်တဲ့ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရှိသူ အကြွင်းမဲသတ်ဖြတ်သူလို့ ဘွဲ့ဂုဏ်ရတဲ့ မသေမျိုးအကြီးအကဲ နန်ကုန်းပဲ။”

အနှီအကြီးအကဲက ဂုဏ်ယူတကြီးသူ့အမည်ကို ဟစ်ကြွေးနေတုန်း မတော်တဆခလုတ်တိုက်မိသွားသည့်အတွက် နောက်ပြန်လဲကျသွားလေသည်။

“အား၊ငါ့ခါး။”

လူအိုကြီးမှာ မျက်ရည်ဖြိုင်ဖြိုင်ကျမတတ်ပင်၊ အနှီသူဟာ အပိုတွေလုပ်နေပုံလည်းမပေါ်ပါပေ။

စုယွမ်လည်း ဘေးနားတွင်ရှိနေသည့် သန့်ရှင်းရေးလုပ်စရာပစ္စည်းများကိုတစ်ချက်ကြည့်လိုက်သည်၊ ထို့နောက် ၎င်းဖရိုဖရဲလူအိုကြီးကို သံသယဖြင့်တစ်ချက်ပြန်ကြည့်လိုက်သည်။

“မင်းဘာလို့ ဒီလိုကြီးကြည့်နေတာလဲ။ မင်းက သံသယဝင်နေတာလား။ ငါမင်းကို ငါ့ရဲ့ဓါးသိုင်းကိုပြပြီး ငါဘာကောင်လဲပြရသေးတာပေါ့။”

လူအိုကြီးက ထရပ်၍လက်သင်္ကေတတစ်ခုလုပ်လိုက်ရာ ဓါးအတိုတစ်ချောင်းမှာ ဘယ်နေရာကနေမှန်းမသိ စူးရှစွာ ပျံထွက်လာ၏။ ထို့နောက် ထိုဓါးက အကွာအဝေးတစ်ခုရှိကျောင်ဆောင်ကြီးကို တိုက်ကာ ဘုန်းဟူသောမြည်သံကြီးနှင့်အတူ ချိုင့်ကြီးတစ်ခုဖြစ်ပေါ်သွားစေ၏။

လူအိုကြီးက ဝံ့ကြွားစွာဆိုလာ၏။

“ဘယ်လိုလဲ။ အထင်ကြီးစရာကောင်းတယ်မလား။ မင်းလိုမျိုးလူသစ်ကလေးကတော့ ဒီလိုမျိုးမန္တန်ကိုလုံးဝမြင်ဖူးမှာမဟုတ်ဘူး။ ဒါကို ဓါးမန္တန်လို့ခေါ်တယ်ကွ။”

မန္တန်တဲ့လား။ လန်းသားပဲ။

“မိုက်ပါတယ်၊ မိုက်ပါတယ်။”

စုယွမ် လက်ခုတ်တီးလိုက်သည်။ ဤလူအိုကြီးမှာ သူ့ကို လူသစ်လေးဟုထင်သွားသည့်ပုံပေ။ ဤသည်ကိုတွေးကြည့်ပြီးမှ ယခုအချိန်က နောက်ထပ်လူသစ်တစ်အုပ်ရောက်ရှိရတော့မည့် အချိန်မှန်း သတိရသွားခဲ့သည်။ ဒီတစ်ခေါက်တစ်သုတ်တွင် ဘယ်လိုလူတွေပါမှာပါလိမ့်။

“ဟေး၊ ရောင်းရင်းရာ၊ အေးဆေးပေါ့။ ခင်များအားနေရင် အဲ့ဒါတွေထက် ကျန်းမာရေးကိုဂရုစိုက်ဖို့ ထိုင်ချီသင်သင့်တယ်။ ပြောရရင် ထိုင်ချီနဲ့လမ်းလျှောက်တာက ကျန်းမာရေးကိုထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေပဲ။”

ထိုင်ချီတဲ့လား။

“ပြောရရင် ကျွန်တော်လည်း နည်းနည်းအားနေတာပဲဆိုတော့ နည်းလမ်းတစ်ခုသင်ပေးမယ်လေ။”

စုယွမ်က ချက်ချင်း ထိုင်ချီပုံစံနေရာယူလိုက်သည်၊ ဤသည်မှာ သူ့ယခင်ဘဝက ပန်းခြံထဲလူအိုကြီးတွေ ထိုင်ချီကစားနေသည်နှင့် ဗီဒီယိုအတိုကလေးများတွင် မြင်ဖူးသောအကွက်များကို ပေါင်းစပ်ကာ ရောက်တတ်ရာရာလျှောက်လုပ်နေခြင်းဖြစ်၏။

သူ့မှာ ထိုအကွက်များကိုပြလိုက်ရတာ ဆယ့်ငါးမိနစ်တောင်ကြာသွားပေသည်။

“ခင်ဗျားတတ်ပြီလား။”

စုယွမ် လူအိုကြီးကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်သည်။

လူအိုကြီးမှာမူ စုယွမ်ကို ငတုံးတစ်ကောင်လိုသာ ကြည့်နေလေ၏။

“ငါက ကျင့်ကြံရေးသမားပါကွ။ သေမျိုးအကွက်လေးတွေနဲ့ ငါ့ကိုလှည့်စားလို့ရမယ်ထင်နေတာလား။ မင်းငါ့ကို ငတုံးလို့ထင်နေလား။”

“ခင်ဗျားနားမလည်ပါဘူး။ ထိုင်ချီက ယင်နဲ့ယန်ကို မျှတညီညွတ်စေတယ်၊ ထိုင်ချီရဲ့ဒြပ်စင်ငါးခုက ကောင်းကင်နဲ့မြေကြီးရဲ့နိယာမတွေကို အခြေခံထားတာ။ ခင်ဗျားသာ နည်းနည်းလောက်တတ်ရင် အနည်းဆုံးတော့ ခါးနာမှာမပူရတော့ဘူးပေါ့။ ခင်ဗျားနည်းနည်းလောက်သာသင်ထားရင် ကောင်းကင်နဲ့မြေကြီးကိုအပိုင်စိုးပြီး မသေမျိုးတွေကိုခုခံနိုင်ဖို့ဆိုတာလည်း အိပ်မက်သက်သက်မဟုတ်တော့ဘူး။”

စုယွမ် တော်တော်ကြီးကို ရယ်မောနေလျက်။

“တကယ်ကြီးလား။”

လူအိုကြီးက အနည်းငယ်ယိမ်းယိုင်သွား၏။

စုယွမ်လည်း လူအိုကြီးရဲ့ပုခုံးပေါ်လက်ပုတ်လိုက်ပြီး သူ့ကို ယုံကြည်ပါဟူသော အကြည့်တစ်ချို့ပစ်ခွင်းလိုက်သည်။

“ကျွန်တော့်ကိုယုံ။ ကျွန်တော်က ကြီးသူကိုရိုသေပြီး ငယ်သူကို ညှာတာတဲ့သူဗျ၊ ကျွန်တော်လိမ်မှာမဟုတ်ဘူး။”

စုယွမ်မှာ မျက်တောင်တစ်ချက်ပင်မခတ်။

“အဲ့ဒါဆိုရင်လည်း ငါတစ်ချက် ကြိုးစားကြည့်မယ်လေ။”

လူအိုကြီးက ယိမ်းယိုင်သွားပေပြီ။

“ကျွန်တော်ထပ်လုပ်ပြရမလား။”

“ဟင့်အင်း၊ ငါအကုန်မှတ်မိသွားပြီ။”

“ကောင်းတယ်။ ကျွန်တော့အခုသွားရတော့မယ်၊ နောက်ပြန်တွေ့မယ်နော်။”

စုယွမ်လည်း လူအိုကြီးကို နှုတ်ဆက်လျက် ပျော်ရွှင်စွာ ထွက်လာခဲ့လိုက်တော့သည်။ ထိုအချိန်မှသာ သူရဲ့လက်နှစ်ဖက်လုံးက ချွေးများနစ်နေကြောင်းသိလိုက်ရတော့၏။

All Chapters