လူတိုင်းကို အံ့အားသင့်စေခြင်း
Vol. 68 Ch. 886
အပြင်ဘက်တွင် တင်းမာနေသော အခြေအနေနှင့် နှိုင်းယှဉ်ပါက ၊
စူးချန်ကဲ၏ အမတလှေမှာ အလွန်ပင် တည်ငြိမ်အေးဆေးနေပြီး လုံးဝ ဂရုမစိုက်သည့်အလားပင်။
သို့သော် အမတနယ်မြေရှိ ပါရမီရှင်များ၏ အမြင်တွင်၊ တစ်ဖက်လူသည် စောစောက လက်နက်ထုတ်လိုက်မိသည်ကို နောင်တရနေပြီး ယခုအခါ ကြောက်လန့်ကာ ထွက်မလာရဲခြင်း ဖြစ်ရမည်ဟု ထင်နေကြသည်။
သို့သော် သူတို့ မှားသွားခဲ့သည်။
အမတဘုရင် တပ်မှူးများ ရောက်ရှိလာရန် အချိန်အနည်းငယ်သာ လိုတော့သည်။
တပ်မှူးဖြစ်တော့ရော ဘာဖြစ်လဲ..
စက္ကန့်အနည်းငယ် ကြာပြီးနောက်။
ဝုန်း!
တောက်ပသော အမတအလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းကာ မြို့တံခါးရှေ့သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အမတအလင်းတန်းများကြားမှ ပေါ်ထွက်လာသည်။
"တပ်မှူးရှောင်”
စူးချန်ကဲ၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားခဲ့သော ရွှေအမတ မြို့စောင့်လေးဦးမှာ တပ်မှူးရှောင်၏ ရှေ့သို့ သနားစရာကောင်းစွာဖြင့် တွားသွားလာကြသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ"
သနားစဖွယ်ရာ မြို့စောင့်များကို မြင်ပြီးနောက် တပ်မှူးရှောင်သည် ခက်ထန်သော အမူအရာဖြင့် မေးလိုက်သည်။
ယခင်နှစ်များကလည်း ပြဿနာအနည်းငယ် ရှိတတ်သော်လည်း ၊ ယခုကဲ့သို့ တောက်ရွှီမြို့တံခါးရှေ့တွင် မြို့စောင့်များကို တိုက်ခိုက်၍ ထိခိုက်ဒဏ်ရာရစေခြင်းမှာ အလွန်ပင် ကြီးလေးသော ကိစ္စသာ ဖြစ်သည်။
...........
ရွှေအမတ မြို့စောင့်များ၏ ချဲ့ကားပြောဆိုချက်များကို နားထောင်ပြီးနောက်၊
တပ်မှူးရှောင်၏ မျက်နှာမှာ အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်သွားပြီး စူးချန်ကဲ စီးနင်းလာသော အမတလှေရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
သို့သော် စူးချန်ကဲ၏ အမတလှေကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင်၊
ဝုန်း!
မိုးကြိုးတစ်ချက် ပစ်ချခံလိုက်ရသကဲ့သို့ ခေါင်းနားပန်းကြီးသွားသည်။
ဤအမတလှေသည် ထူးခြားသော နတ်ဘုရားမြူခိုးများဖြင့် ဖုံးလွှမ်းနေသောကြောင့် ယင်း၏ ပုံစံအမှန်ကို မည်သူမျှ မမြင်နိုင်ကြပေ။
သို့သော် တပ်မှူးရှောင်မှာ အမတဘုရင်အဆင့်ရှိသူ ဖြစ်ရာ နတ်ဘုရားမြူခိုးများ ဖုံးလွှမ်းထားသော်လည်း တစ်ချက်ကြည့်ရုံဖြင့် ၎င်း၏ ထူးခြားမှုကို တန်းသိနိုင်ခဲ့သည်။
အနည်းငယ် အာရုံခံကြည့်ပြီးနောက် တပ်မှူးရှောင်၏ မျက်နှာမှာ ပို၍ပင် တင်းမာလာခဲ့သည်။
"နတ်ဘုရားမြူခိုးအစုအဝေး အစီအရင်...."
"ဒါတင်မကဘူး... ပြီးပြည့်စုံတဲ့ နတ်ဘုရားမြူခိုးအစုအဝေး အစီအရင်လား”
နတ်ဘုရားမြူခိုးအစုအဝေး အစီအရင်ဆိုသည်မှာ အမတနယ်မြေ၏ အဆင့်မြင့် အစီအရင်တစ်ခုဖြစ်ပြီး အဆင့်မြင့် အစီအရင်ပညာရှင်သာ ပြုလုပ်နိုင်သည်။ ယင်းအတွက် လိုအပ်သော ပစ္စည်းများမှာလည်း အလွန်ပင် များပြားသည်။
သာမန် မိသားစုကြီးများအနေဖြင့် ဤကဲ့သို့သော အရင်းအမြစ်များကို ပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဤအမတလှေပေါ်တွင် ထွင်းထုထားသော နတ်ဘုရားမြူခိုးအစုအဝေး အစီအရင်မှာ ဆယ်ဂဏန်းမက ရှိနေပြီး ၊ အားလုံးမှာ အစီအရင်ပညာရှင်ကြီးများ ကိုယ်တိုင် ထွင်းထုထားခြင်း ဖြစ်သည်။
အမတဘုရင်အဆင့်ရှိသော သူပင်လျှင် အမတလှေ၏ ပုံကြမ်းလောက်ကိုသာ သိနိုင်ပြီး အတွင်းတွင် မည်သို့ရှိသည်ကို လုံးဝ မသိနိုင်ပေ။
"ဒီကောင်တွေ ပြောပုံအရဆိုရင် ဒီလူက သူ့ကိုယ်သူ စူးမျိုးရိုးလို့ ခေါ်ပြီး အောက်ကမ္ဘာကနေ တက်လာတာတဲ့......"
"အောက်ကမ္ဘာက အင်အားစုတွေ ဘယ်လောက်ပဲ ချမ်းသာပါစေ ဒီလိုမျိုးတော့ မလုပ်နိုင်လောက်ဘူး....."
ရုတ်တရက် သူ၏ ဦးနှောက်ထဲတွင် အလင်းတစ်ချက် ဝင်းလက်သွားသည်။
နေဦး.....
စူးမျိုးရိုး...အောက်ကမ္ဘာကနေ တက်လာတာ ဟုတ်လား
သူသည် ပုဂ္ဂိုလ်တစ်ယောက်ကို သတိရသွားပုံရသည်။
ဤရွှေအမတ မြို့စောင့်များသည် တောက်ရွှီမြို့၌သာ အသက်မွေးဝမ်းကျောင်း ပြုနေသူများဖြစ်သောကြောင့် အမတနယ်မြေတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ကောင်းကောင်း မသိကြပေ။
သို့သော် သူသည် အမတဘုရင် တစ်ဦးဖြစ်ရာ အမတနယ်မြေတွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စကြီးများကို မည်သို့ မသိဘဲ နေမည်နည်း။
တားမြစ်စူးမိသားစုတွင် အလွန်ပင် အစွမ်းထက်လှသော သခင်လေးတစ်ဦး ပေါ်ထွက်လာခဲ့သည် မဟုတ်လော။
ထို့အပြင် သတင်းများအရ၊ ထိုသခင်လေးသည် တိုက်မြေသုံးထောင်မှ တတ်လှမ်းလာခြင်း ဖြစ်သည်။
တိုက်မြေသုံးထောင်ဆိုတာ အောက်ကမ္ဘာ မဟုတ်ဘူးလား...
တပ်မှူးရှောင်၏ မျက်နှာမှာ အဆက်မပြတ် ပြောင်းလဲနေပြီး မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ တန့်နေသဖြင့် ကျင့်ကြံသူများမှာ ဇဝေဇဝါ ဖြစ်လာကြသည်။
"ဟင်.... တပ်မှူးရှောင်ရဲ့ မျက်နှာက ဘာလို့ ဒီလောက်ထိ တင်းမာနေရတာလဲ"
"ဟမ်၊ စဉ်းစားစရာ လိုသေးလို့လား.. ဒီလို ရိုင်းစိုင်းတဲ့ကောင်က တောက်ရွှီမြို့ရှေ့မှာ ပြဿနာရှာနေတာကို တပ်မှူးရှောင်က ဒေါသမထွက်ဘဲ နေပါ့မလား"
"ဒါပေမဲ့ ဒီကောင်က တကယ်ကို သတ္တိရှိတာပဲ၊ တပ်မှူးရှောင်က အမတဘုရင် အဆင့်ရှိတာကိုတောင် အမတလှေပေါ်ကနေ ဆင်းမလာဘဲ ပုန်းနေသေးတယ်၊ လာပြီး ဂါရဝတောင် မပြုဘူး"
"သူက အပြင်ကို မထွက်ဘဲ ပုန်းနေရင် ဘေးကင်းမယ်လို့ ထင်နေတာလား"
"ဟားဟားဟား ရယ်ရတယ်၊ ငါကတော့ ဒီကောင် သတ္တိရှိတယ် ထင်နေတာ၊ နောက်ဆုံးတော့ ကြောက်ချေးပါနေတဲ့ကောင်ပဲကိုး"
".........."
တစ်ချိန်တည်းမှာပင် အောက်ကမ္ဘာမှ တက်လာသူများမှာလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တပ်မှူးရှောင်ထံတွင် စူးချန်ကဲအတွက် အသနားခံပေးရန် ပြင်ဆင်လိုက်ကြသည်။
" ဟားး...မင်းတို့တွေ အားလုံး တိုင်ပင်လို့ ပြီးပြီထင်တယ်"
"အခုတော့ ကျုပ် စူးမျိုးနွယ်က ဖြေရှင်းချက်ပေးရမယ့် အချိန်ကို ရောက်ပြီပေါ့"
ဝုန်း!
စူးချန်ကဲ၏ စကားသံအဆုံးတွင် အမတလှေပေါ်၌ ဖုံးလွှမ်းထားသော မြူခိုးများမှာ ဒီရေအလား တဖြည်းဖြည်း လွင့်စင်သွားသည်။
မြူခိုးများကြားတွင် ပုန်းကွယ်နေသော အမတလှေ၏ ပုံရိပ်မှာလည်း နောက်ဆုံးတွင် ထင်ရှားပေါ်ထွက်လာခဲ့သည်။
ဤအမတလှေသည် အလွန်ပင် လက်ရာမြောက်လှပြီး နတ်ဘုရားရွှေများဖြင့် တည်ဆောက်ထားကာ ၊ ကိုယ်ထည်မှာ တောက်ပလွန်းလှသဖြင့် လူ၏ မျက်စိကိုပင် ကျိန်းစပ်သွားစေသည်။
"ဒါက......"
ယခင်က စူးချန်ကဲ၏ အမတလှေကို မြင်ဖူးခဲ့သော ကျင့်ကြံသူအချို့မှာ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြပြီး အမှန်တရားအချို့ကို ရိပ်မိသွားပုံရသည်။
သေသေချာချာ ကြည့်မည်ဆိုပါက ၊
အမတလှေဦးပိုင်းတွင် ရပ်နေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။
မြူခိုးများ လုံးဝ ကွယ်ပျောက်သွားသည်နှင့်အမျှ ၊ လူနှစ်ဦး၏ ပုံရိပ်မှာ အထင်အရှား ပေါ်ထွက်လာခဲ့သည်။
အမျိုးသားသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေပြီး ဝတ်စုံဖြူမှာ လေထဲတွင် လွင့်နေကာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှသည်။
ဘေးနားရှိ အမျိုးသမီးမှာလည်း တိုင်းပြည်တစ်ခုကို ဖျက်ဆီးပစ်နိုင်လောက်သော အလှတရားကို ပိုင်ဆိုင်ထားပြီး ၊ သူမ၏ ဝတ်ဆင်ထားသော ဖီးနစ်တောင်ပံ မျက်နှာဖုံးကြောင့် မျက်နှာတစ်ခုလုံးကို မမြင်ရသော်လည်း သူမ၏ အရှိန်အဝါမှာ လနန်းတော်မှ နတ်သမီးတစ်ပါးကဲ့သို့ အလွန်ပင် သန့်စင်မြင့်မြတ်လှသည်။
သူတို့နှစ်ဦး အတူတူတွဲရပ်နေသည်မှာ ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားသော နတ်ဘုရားစုံတွဲတစ်တွဲလိုပင်။
တားမြစ်အင်အားစုများက သူတို့နှစ်ဦး၏ သတင်းအချက်အလက်များကို ကောင်းစွာ ဖုံးကွယ်ထားသဖြင့် ဤနေရာရှိ လူအများအပြားမှာ သူတို့၏ သရုပ်မှန်ကို မသိကြသေးပေ။
သူတို့၏ ရုပ်ရည်နှင့် အရှိန်အဝါကြောင့်သာ ဤမျှအံ့အားသင့်စွာဖြင့် ရပ်ကြည့်နေမိခြင်း ဖြစ်သည်။
သို့သော် လူအုပ်ကြားထဲတွင် ယခင်က ကြယ်တာရာနယ်မြေ၌ စူးချန်ကဲကို မြင်ဖူးခဲ့သော ကျင့်ကြံသူအချို့ လည်း ရှိနေသည်။
ယခုအခါ ထိုသူတို့သည် သူတို့နှစ်ဦးကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေကာ ထိတ်လန့်နေကြ၏။
"စူး စူး စူး......"
"စူးချန်ကဲ"
ထိုအသံထွက်လာသည်နှင့်၊ ကျင့်ကြံသူအများအပြား စုဝေးနေသော တောက်ရွှီမြို့တံခါးရှေ့တွင် အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်း၏ မျက်နှာမှာ မမျှော်လင့်ဘဲ တစ်ပုံစံတည်း ဖြစ်သွားကြသည်။
အစပိုင်းတွင် ဇဝေဇဝါ ဖြစ်နေရာမှ၊ နောက်ပိုင်းတွင် တစ်ခုခုကို ပြန်လည် စဉ်းစားမိလာကြပြီး၊ နောက်ဆုံးတွင်မူ မျက်နှာများ ပျက်ယွင်းကာ အလွန်အမင်း ထိတ်လန့်သွားကြတော့သည်။
ဤမျှ ကွာခြားလှသော ခံစားချက် အပြောင်းအလဲမှာ စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။
ခဏအကြာတွင် တိတ်ဆိတ်နေသော လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။
"စူးချန်ကဲ...."
"အမတနယ်မြေမှာ မကြာသေးခင်ကမှ နာမည်ကျော်နေတဲ့ အဲ့ဒီ စူးချန်ကဲလား"
"ဒါဆို သူ့ဘေးက အမျိုးသမီးက ဘယ်သူလဲ"
"အဲ့ဒါ ရန်ယွီနတ်ဘုရားမလေ ယောင်ကွမ်အမတဂိုဏ်း က ရန်ယွီနတ်ဘုရားမ"
"စူး မျိုးရိုး.... အောက်ကမ္ဘာက တက်လာတာတဲ့လား"
"ငါ အရင်က မဟာလမ်းစဉ် အဆင့်သတ်မှတ်ချက်စာရင်းမှာ မြင်ဖူးတယ်၊ စူးချန်ကဲက တိုက်မြေသုံးထောင်ကနေ တက်လာတဲ့ ပါရမီရှင်ပဲ ....အဲ့ဒါကြောင့် သူက အောက်ကမ္ဘာသားတွေအတွက် ထွက်ပြောပေးတာကိုး"
"မဖြစ်နိုင်တာ ဒီလူက စူးချန်ကဲဆိုတာ မင်းဘယ်လိုသိလဲ ၊ အတုကြီး ဖြစ်မနေဘူးလား"
သံသယဖြစ်နေကြသော ကျင့်ကြံသူအချို့လည်း ရှိနေသည်။
" မင်းမေကြီးတော်... အဲ့တုန်းက စူးချန်ကဲ ကိုယ်တိုင် သူ့နာမည်ပြောတာကို ငါကိုယ်တိုင် ကြားခဲ့တာကွ၊ သာလွန်အင်အားစု (၁၈) ခုထဲက ဟောက်ယွဲ့ထျန်းဂိုဏ်းကို မင်းသိလား"
"အဲ့ဒီခေတ်ဟောင်း ပါရမီရှင်တွေတောင် သူ့ရှေ့မှာ ခေါင်းငုံ့ပြီး ရိုသေနေရတာ၊ သူက စူးချန်ကဲ မဟုတ်ရင် မင်းက စူးချန်ကဲလား"
..........