← Chapters

လောကပြင်ပ ရှေးဟောင်းရွာကလေးနှင့် လောကသစ်ပင် Part (1)

Vol. 68 Ch. 876

လောကပြင်ပ ရှေးဟောင်းရွာကလေးနှင့် လောကသစ်ပင် Part (1)

Vol. 68 Ch. 876

ကံအကျိုးဆက်စွမ်းအားများဖြင့် ပြည့်နှက်နေသည့် မှောင်မိုက်နေသော နေရာများနှင့် နှိုင်းယှဉ်ပါက ၊ ဤတောင်ပေါ်ရွာလေးမှာ နိယာမဆိုင်ရာ အကာအကွယ် အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။

၎င်းသည် အလွန်ပင် အေးချမ်းပြီး၊ လောကပြင်ပရှိ သုခဘုံကလေးနှင့်ပင် တူလှသည်။

ဤတောင်ပေါ်ရွာလေးမှာ ကနဦးအမတဧကရာဇ် (၁၃) ပါးအနက် ထျန်းရွှမ် အမတဧကရာဇ်မင်း၊ ထိုက်ရွှမ် အမတဧကရာဇ်မင်း နှင့် ချင်းရွှမ် အမတဧကရာဇ်မင်းတို့၏ ဇာတိမြေ ဖြစ်ပြီး ‘လောကပြင်ပ ရှေးဟောင်းရွာ’ ဟု အမည်ရသည်။

သို့သော် ဤမျှ အေးချမ်းလှသော ရွာကလေးတွင် ရွာသားအနည်းငယ်နှင့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်မှလွဲ၍ အခြားသူ မရှိဘဲ အလွန်ပင် ခြောက်ကပ်နေသည်။

ရွာ၏ အလယ်ဗဟိုတွင် ရှေးဟောင်းသစ်ပင်ကြီး တစ်ပင် တည်ရှိပြီး၊

ကောင်းကင်နှင့်ပင် ရင်ပေါင်တန်းနိုင်လောက်အောင် မြင့်မားလှသည်။

အပင်ပေါ်တွင် သက်ဝင်လှုပ်ရှားနေသော အလင်းတန်းများ ရှိပြီး၊ ရှည်လျားသော သစ်ကိုင်းကြီးများက ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ၎င်းမှ ထူးခြားသော နတ်ဘုရားစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး တောက်ပသော အတားအဆီးတစ်ခုအဖြစ် ရွာတစ်ရွာလုံးကို ဖုံးအုပ်ထားသည်။

သို့သော် ဤသစ်ပင်ကြီး၏ အခြေအနေမှာ မကောင်းလှပေ။ သစ်ရွက်များမှာ ကြွေလွင့်နေပြီး သစ်ခေါက်များမှာလည်း အက်ကွဲခြောက်သွေ့နေကာ မီးစာကုန်ခမ်းတော့မည့် ပုံစံမျိုး ရှိနေသည်။

ဤရှေးဟောင်းသစ်ပင်သည် အလွန်ရှေးကျသော ခေတ်ကတည်းက တည်ရှိခဲ့ပြီး၊ လောကသစ်ပင် ဟု အမည်ရကာ ယင်း၏ သက်တမ်းကို ကမ္ဘာဦးအစကာလအထိပင် ခြေရာခံနိုင်သည်။

၎င်းသည် လောကပြင်ပ ရှေးဟောင်းရွာ၏ အစောင့်အရှောက် နတ်ဘုရားလည်း ဖြစ်သည်။ ရွာတွင် နေထိုင်ကြသော ရွာသားများသည် ယင်းအပေါ်တွင် အလွန် ရိုသေကြသည်။

သို့သော် ယခုအခါ အရာအားလုံး ပြောင်းလဲသွားခဲ့ချေပြီ။ ထိုနှစ်က သူတို့၏ ရွာကလေးသည် ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ် အပြောင်းအလဲနှင့် ကြုံတွေ့ခဲ့ရသည်။

ရွာ၏ ဂုဏ်ယူစရာဖြစ်သော ကနဦး အမတဧကရာဇ်မင်း သုံးပါးသည်လည်း ကြီးမားသော ဘေးဒုက္ခနှင့် ကြုံတွေ့ကာ ကွယ်လွန်သွားခဲ့ကြသည်။

သူတို့သည် ရွာသားများကို စေလွှတ်၍ ရှာဖွေခဲ့ကြသော်လည်း မည်သည့်သတင်းမျှ မရရှိခဲ့ပေ။

နောက်ပိုင်းတွင် ပထမဆုံးသော အဆုံးမဲ့ကပ်ဘေးကြီး ဖြစ်ပွားခဲ့သည်။ ဤကမ္ဘာကြီး၏ ထူးခြားသော သဘာဝလွန်ကြောင့် ကံအကျိုးဆက် စွမ်းအားများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရကာ ထူးဆန်းသော စွမ်းအားများက ဤကမ္ဘာကြီးကို တဖြည်းဖြည်း ဝါးမျိုလာခဲ့သည်။

လောကသစ်ပင်ကြီးသည် ရွာကလေးကို စောင့်ရှောက်ပေးခဲ့သဖြင့် ကံအကျိုးဆက် စွမ်းအားများ၏ ဝါးမျိုခြင်းမှ ကာကွယ်ပေးနိုင်ခဲ့သော်လည်း၊

ဤအဆုံးမရှိသော ခေတ်ကာလတစ်လျှောက် ကံအကျိုးဆက်များ၏ ကျိန်စာသက်ရောက်မှုမှာ လျော့ပါးမသွားဘဲ ရွာသားများ မရေမတွက်နိုင်အောင် သေကြေပျက်စီးခဲ့ရသည်။

တစ်ချိန်က လောကကြီးကို တုန်လှုပ်စေခဲ့သော ဤလောကပြင်ပ ရှေးဟောင်းရွာလေးသည် ယခုအခါ အချိန်မရွေး ပျောက်ကွယ်တော့မည့် အခြေအနေတွင် ရှိနေသည်။

တစ်ချိန်က ကံကြမ္မာနယ်မြေ တစ်ခု ဖြစ်ခဲ့သော ဤကမ္ဘာကြီးသည် ကျိန်စာသင့်နေသော ဝူထျန်းသင်္ချိုင်းတွင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

“သစ်ပင်နတ်ဘုရားကြီး... နောက်ဆုံး ဒီလိုနေ့ကို ရောက်လာခဲ့ပြီပဲ.....”

ခါးကုန်းကုန်း ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦးသည် တောင်ဝှေးကို ထောက်ကာ ရှေးဟောင်း သစ်ပင်ကြီးအောက်တွင် တိုးတိုးလေး ရေရွတ်နေသည်။

သူသည် လောကပြင်ပ ရှေးဟောင်းရွာ၏ လက်ရှိရွာသူကြီး ဖြစ်သလို၊ ရွာတွင် ကျန်ရှိနေသော တစ်ဦးတည်းသော ရှေးလူကြီးလည်း ဖြစ်သည်။

သူပြောသော “ဒီလိုနေ့ ” ဆိုသည်မှာ ယခင်က သူတို့ရွာ၏ နောက်ဆုံးရွာသူကြီး ကွယ်လွန်ခါနီးတွင် မဖြစ်နိုင်သည့်ကြားမှ ရယူခဲ့သော မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်သည်။

ဝတ်ရုံဖြူနှင့် ပုဂ္ဂိုလ်သည် အမှောင်တွင်းသို့ ဆင်းသက်လာကာ၊ တိမ်တိုက်များ ကွဲထွက်လျက် လရောင်ဖြာကျပေတော့မည်။

……

တစ်ချိန်တည်းမှာပင်။

လောကပြင်ပ ရှေးဟောင်းရွာကလေး၏ အပြင်ဘက်၌။

ဟင်းလင်းပြင်သည် ရုတ်တရက် တုန်ခါသွားပြီး၊ ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအက်ကြောင်းအတွင်းမှ စူးရွှမ်၏ ပုံရိပ်သည် ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။

"ဒါက ဝူထျန်းသင်္ချိုင်းတွင်းလား.....”

စူးရွှမ်သည် လက်ထဲတွင် ကြေးညိုရောင် ကြာပန်းဆီမီးအိမ်ကို ကိုင်ဆောင်လျက် အမြင့်မှနေ၍ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

သူ့မျက်စိရှေ့တွင် မြင်တွေ့နေရသော မိုးမြေတစ်ခုလုံးမှာ ချောက်နက်ကြီးတစ်ခုကဲ့သို့ မှောင်မိုက်နေသည်။

ထူထပ်လှသော ကံအကျိုးဆက်စွမ်းအားများသည် လှိုင်းထန်နေပြီး၊ ထူးဆန်းသော ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့် နာကြည်းနေသော ဝိညာဉ်ပေါင်းများစွာသည် ဦးတည်ချက်မရှိ လေလွင့်သွားလာနေကြကာ တစ်ခါတစ်ရံတွင် ဝမ်းနည်းကြေကွဲဖွယ်ရာ ညည်းညူသံများကို ထုတ်လွှတ်နေကြသည်။

အထူးသဖြင့် စူးရွှမ် ရောက်ရှိလာသည်ကို အာရုံခံမိပြီးနောက် ထိုထူးဆန်းသော အရာများသည် မီးပုံထဲသို့ တိုးဝင်ကြသည့် ပိုးဖလံများကဲ့သို့ စူးရွှမ်ရှိရာဘက်သို့ ရူးသွပ်စွာ စုပြုံတိုးဝင်လာကြသည်။

သို့သော် သေခြင်းရှင်ခြင်း သံသရာစက်ဝန်းစွမ်းအား၏ အကာအကွယ်အောက်တွင် ၊ ထိုဝိညာဉ်များသည် စူးရွှမ်ကို မထိတွေ့မီမှာပင် မြင့်မြတ်သော စွမ်းအားဖြင့် သန့်စင်ခြင်းခံရကာ တခဏအတွင်း ပျောက်ကွယ်သွားကြသည်။

သေခြင်းရှင်ခြင်း သံသရာစက်ဝန်းစွမ်းအားသည် ဤလက်စားချေလိုသော ဝိညာဉ်များကို သန့်စင်ပေးနိုင်သော်လည်း၊ ၎င်းသည် စွမ်းအားကို များစွာကုန်ခမ်းစေသဖြင့် ဝူထျန်းသင်္ချိုင်းအတွင်း ဆက်လက် စူးစမ်းရန်အတွက် မလုံလောက်နိုင်ပေ။ ထို့ကြောင့် သူသည် ထိုအရာများကို လျစ်လျူရှုရန်သာ ရွေးချယ်လိုက်သည်။

"လျှို့ဝှက်မှတ်တမ်းတွေအရ ဒီကမ္ဘာရဲ့ အလယ်ဗဟိုမှာ ကမ္ဘာဦးအစကာလကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်း တောင်ပေါ်ရွာလေးတစ်ရွာ ရှိတယ်တဲ့....."

"အဲ့တာက ကနဦး အမတဧကရာဇ်မင်း သုံးပါးရဲ့ ဇာတိမြေ ဖြစ်ရမယ်......."

စူးရွှမ်သည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ၊ ကြေးညိုရောင် ကြာပန်းဆီမီးအိမ်ဖြင့် လမ်းဖောက်ကာ ဝူထျန်းသင်္ချိုင်းတွင်း၏ အနက်ရှိုင်းဆုံးနေရာသို့ ဦးတည်သွားတော့သည်။

.........

မကြာမီ။

စူးရွှမ်သည် ဝူထျန်းသင်္ချိုင်းတွင်း၏ အနက်ရှိုင်းဆုံး နယ်မြေသို့ ရောက်ရှိလာခဲ့သည်။

အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေလေ၊ ကံအကျိုးဆက်စွမ်းအားများမှာ ပိုမို ပြင်းထန်လာလေ ဖြစ်သည်။

အချို့နေရာများတွင် ကံအကျိုးဆက်၏ လှိုင်းလုံးကြီးများအဖြစ်ပင် ဖြစ်ပေါ်နေပြီး ၊ သေခြင်းရှင်ခြင်း သံသရာစက်ဝန်းစွမ်းအား၏ အကာအကွယ်ကို ပြင်းထန်စွာ ရိုက်ခတ်နေလေ၏။

ကြေးညိုရောင် ကြာပန်းဆီမီးအိမ်၏ အစွမ်းကြောင့် ကံအကျိုးဆက်စွမ်းအားများမှာ စူးရွှမ်အပေါ်တွင် သက်ရောက်မှု မရှိနိုင်သော်လည်း၊ သို့သော် အဆုံးမရှိသော ကံအကျိုးဆက် မြူခိုးများသည် စူးရွှမ်၏ အမြင်အာရုံကို များစွာ အဟန့်အတား ဖြစ်စေသည်။

သူ၏ တည်နေရာနှင့် ဦးတည်ချက်ကိုပင် တွက်ချက်ရန် ခဲယဉ်းလှသည်။

"ဝူထျန်းသင်္ချိုင်းတွင်းထဲမှာ ရှိနေတဲ့ ကံအကျိုးဆက်စွမ်းအားတွေက အဆုံးမဲ့ကပ်ဘေး ပြီးဆုံးသွားပြီးနောက် ကျန်ရှိနေခဲ့တဲ့ အရာတွေပဲ....."

" ခေတ်ကာလများစွာ ကြာမြင့်လာခဲ့ပြီဆိုတော့ တကယ်ဆိုရင် လျော့ပါးသွားသင့်တာ၊ ဘာလို့ ဒီလောက်တောင် ထူထပ်နေရတာလဲ”

စူးရွှမ် သံသယဖြစ်နေစဉ်မှာပင်။

ဝီ!

မိုးကုတ်စက်ဝိုင်းမှ တောက်ပသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းမှာ ရှည်လျားသော ညတာအတွင်းရှိ လမင်းပမာ တောက်ပလွန်းပေသည်။

"ဒါက....."

ရုတ်တရက် ဖြစ်ပေါ်လာသော အလင်းရောင်ကြောင့် စူးရွှမ်သည် အနည်းငယ် အံ့အားသင့်သွားပြီး အလိုအလျောက်ပင် ထိုအလင်းရောင်ရှိရာသို့ ချဉ်းကပ်သွားခဲ့သည်။

နောက်ထပ် မိုင်အနည်းငယ်မျှ ခရီးဆက်လိုက်သည့်အခါ ကံအကျိုးဆက်စွမ်းအားများမှာ တဖြည်းဖြည်း ကျဲပါးလာသည်ကို တွေ့လိုက်ရသည်။

စူးရွှမ်၏ အံ့ဩနေသော အကြည့်များအောက်တွင် ၊

ကံအကျိုးဆက် မြူခိုးများကြားတွင် ပုန်းကွယ်နေသော တောင်ပေါ်ရွာလေးတစ်ရွာ ပေါ်ထွက်လာခဲ့သည်။

ထိုရွာလေးမှာ သိပ်မကြီးသော်လည်း နိယာမဆိုင်ရာ အကာအကွယ်တစ်ခုက လွှမ်းခြုံထားသဖြင့် အလွန်ပင် အေးချမ်းလှပုံရသည်။ ရွာဝင်ပေါက်တွင် ရွာသားအချို့က တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြသည်ကို ဝေဝါးစွာ မြင်တွေ့နေရသည်။

ဤမြင်ကွင်းသည် စူးရွှမ်၏ စိတ်နှလုံးကို များစွာ တုန်လှုပ်သွားစေခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း ဖြစ်ပျက်ခဲ့သည်များကို စုံစမ်းရှာဖွေရန် စူးရွှမ်သည် အမတနယ်မြေ၏ နေရာအနှံ့အပြားသို့ သွားရောက်ခဲ့ဖူးသော်လည်း၊ ဤမျှ ထူးဆန်းသော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။

ကံအကျိုးဆက် စွမ်းအားဆိုသည်မှာ ဒေဝလောက၏ နာကြည်းမှုများ စုစည်းနေခြင်းဖြစ်ပြီး ၊ အဆုံးစွန်သော ကျိန်စာနှင့် ကံတရားတို့ ပါဝင်နေကာ ကျင့်ကြံသူတစ်ဦး၏ ဘဝတစ်လျှောက်လုံး ပြုခဲ့သော အပြစ်များကို ကိုယ်စားပြုခြင်းလည်း ဖြစ်သည်။

သက်ရှိတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်အပြစ်များ အနည်းနှင့်အများ ရှိကြစမြဲ ဖြစ်သည်။ ဤသည်မှာ လွတ်မြောက်နိုင်ခြင်းမရှိသော မဟာလမ်းစဉ်၏ ကံအကျိုးဆက်ပင် ဖြစ်သည်။

ထို့ကြောင့် ကံအကျိုးဆက် စွမ်းအားများကို ရှောင်လွှဲရန်မှာ လွန်စွာ ခဲယဉ်းလှသည်။

သို့ဆိုလျှင်၊ ယခုမြင်ကွင်းသည် ဘာကို ဆိုလိုသနည်း။

မဟုတ်မှလွဲရော ဝူထျန်းသင်္ချိုင်းတွင်းထဲမှာ အသက်ရှင်နေသေးတဲ့ လူသားတွေ ရှိနေသေးတာလား….

.........

အခန်း(၈၇၆) - လောကပြင်ပ ရှေးဟောင်းရွာကလေးနှင့် လောကသစ်ပင် Part (2)

"ရွာသူကြီး... ကံအကျိုးဆက် ပိုးအိမ်က မကြာသေးခင်က လှုပ်ရှားမှုတွေ ရှိနေတယ်၊ ပြန်ပြီး နိုးထလာနိုင်ခြေ ရှိနေမလား.....”

"ဟမ် ၊ ဒီနေရာမှာ မကောင်းတဲ့ စကားတွေ လျှောက်မပြောနဲ့”

"အဲ့ဒီတုန်းက ငါတို့ လောကပြင်ပ ရှေးဟောင်းရွာက လူကြီးတွေ အတူတူ ပူးပေါင်းပြီး ချိတ်ပိတ်ခဲ့တာ၊ ဒီလောက် ကြာတာတောင် ဘာမှမဖြစ်ခဲ့ဘူး၊ ဘယ်လိုလုပ် ပြန်နိုးထလာနိုင်မှာလဲ”

ရွာသူကြီးနှင့် ရွာသားအချို့မှာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

သူတို့သည် ဤနေ့ရက်ကို စောင့်ဆိုင်းခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ ဤကမ္ဘာသည် ကံအကျိုးဆက်စွမ်းအားများ၏ ဝါးမျိုခြင်းကို ခံလိုက်ရကတည်းက ၊ သူတို့သည် အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။

ထို့အတူ ယခင်က ရွာမှ ထွက်ခွာသွားခဲ့သော ရွာသားများနှင့်လည်း ဆက်သွယ်ရန် ခဲယဉ်းသွားခဲ့သည်။

"လာပြီ”

ရွာသားအချို့ က တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။

မှောင်မိုက်နေသော ဟင်းလင်းပြင်ထဲတွင် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ၊ ဆံနွယ်ဖြူဖြူနှင့် ပုံရိပ်တစ်ခုသည် လေဟာနယ်ကို ဖြတ်ကျော်ကာ ဤနေရာသို့ လာရောက်နေဟန်ရသည်။

............

ခေတ္တအကြာတွင် စူးရွှမ်သည် လောကပြင်ပ ရှေးဟောင်းရွာ၏ ရွာတံခါးပေါက်ရှေ့သို့ ဆင်းသက်လာခဲ့သည်။

စောင့်ဆိုင်းနေသော ရွာသားများမှာ ချက်ချင်းပင် ရှေ့သို့ တိုးလာကြသည်။

စူးရွှမ်၏ ကျင့်ကြံမှုမှာ အမတဧကရာဇ် အဆင့် ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ရွာသားများ၏ မျက်လုံးများမှာ တောက်ပသွားတော့၏။

ဤကမ္ဘာသည် ကံအကျိုးဆက်စွမ်းအားများဖြင့် ဖုံးလွှမ်းနေသဖြင့် ပြင်ပမှ စွမ်းအားရှင်များ ဝင်ရောက်ရန် အလွန်ပင် ခက်ခဲလှသည်။ ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားလေလေ ၊ ကံအကျိုးဆက်များ၏ တုံ့ပြန်မှုကို ပိုမို ခံရလေ ဖြစ်သည်။

အမတဧကရာဇ်မင်းများသည် အမတနယ်မြေ၏ အထွတ်အထိပ် စွမ်းအားရှင်များ ဖြစ်ကြသလို၊ သူတို့နှင့် ပတ်သက်နေသော ကံတရားများမှာလည်း အလွန်ပင် များပြားလှသည်။ ထို့ကြောင့် ကံအကျိုးဆက်များကို ဆန့်ကျင်လျက် တိုးဝင်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။

စူးရွှမ်သည် ကံအကျိုးဆက်များကို လျစ်လျူရှုပြီး သူတို့၏ ရွာကို ရှာဖွေတွေ့ရှိနိုင်ခြင်းမှာ သူသည် သာမန် အမတဧကရာဇ်မင်း တစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။

"ကျွန်တော် လူအိုကြီးက ကူယွမ် ပါ၊ လောကပြင်ပ ရှေးဟောင်းရွာရဲ့ (၉၇) ဆက်မြောက် ရွာသူကြီးပါ…သခင်လေးကို တွေ့ရတာ ဝမ်းသာပါတယ်၊ သခင်လေးရဲ့ အမည်ကို သိခွင့်ရှိမလား”

ထိုစဉ် ၊ ရွာသူကြီးသည် ရှေ့ထွက်လာပြီး စူးရွှမ်ကို ရိုသေလေးစားစွာဖြင့် ဂါရဝပြုလိုက်သည်။

သက်တမ်းအရ သူသည် စူးရွှမ်ထက် များစွာ အသက်ကြီးသော်လည်း၊ စူးရွှမ်သည် ဤဝူထျန်းသင်္ချိုင်းတွင်းသို့ တစ်ကိုယ်တည်း ဝင်ရောက်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ခွန်အားမှာ သေချာပေါက် အံ့မခန်း ဖြစ်ရပေမည်။ ထို့ကြောင့် ကိုယ့်ထက် ခွန်အားကြီးသူကို ရိုသေကြခြင်းမှာ သဘာဝပင် ဖြစ်သည်။

အကယ်၍ အကြီးအကဲတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ဆက်ဆံပါက ၊ မကောင်းသော အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည်။

"ရွာသူကြီး အရိုအသေပြုဖို့ မလိုပါဘူး"

စူးရွှမ်သည်လည်း ချက်ချင်းပင် ခါးညွှတ်ကာ ပြန်လည် ဂါရဝပြုလိုက်သည်။

သူ၏ အာရုံခံစားမှုအရ ၊ ရှေ့က အဖိုးအိုသည် သာမန်မဟုတ်ဘဲ ကပ်ဘေးကိုးပါး အမတဧကရာဇ်မင်းတစ်ဦးပင် ဖြစ်သည်။

ဤကဲ့သို့သော ကျင့်ကြံမှုမျိုးမှာ အမတနယ်မြေ တစ်ခုလုံးတွင် ထိပ်တန်းအဆင့် ဖြစ်သလို၊ သူသည် လောကပြင်ပ ရှေးဟောင်းရွာ၏ ရွာသူကြီးတစ်ဦးလည်း ဖြစ်ပေသည်။

"ကျွန်တော့်အမည်က စူးရွှမ် ပါ….တားမြစ်စူးမိသားစုဝင် တစ်ယောက်ပါ”

ဤစကားများ ထွက်လာသည်နှင့်၊ လောကကြီးကို တုန်လှုပ်သွားစေသော မိုးခြိမ်းသံတစ်ချက် ဟိန်းထွက်လာသကဲ့သို့ပင်။

စူးရွှမ်ကို စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်နေကြသော ရွာသားများမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး ၊ နေရာတင် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြလေ၏။

တားမြစ်စူးမိသားစု။

အဆုံးမဲ့ကပ်ဘေးကာလတုန်းက အမတနယ်မြေ တစ်ခုလုံးကို ဖျက်ဆီးခဲ့တဲ့ တားမြစ်စူးမိသားစုလား…

မဟာလမ်းစဉ် အပြောင်းအလဲကြောင့် သူတို့၏ ရွာကလေးမှာ ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သော်လည်း၊ သို့သော်

သူတို့သည် ထိုရှေးခေတ်ကာလကို ဖြတ်သန်းခဲ့ကြသူများ ဖြစ်ရာ တားမြစ်စူးမိသားစု၏ ကျော်ကြားလှသော အရှိန်အဝါကို သေချာပေါက် ကြားဖူးကြသည်။

လောကသားများ၏ အမြင်တွင် လောကပြင်ပ ရှေးဟောင်းရွာသည် ကမ္ဘာဦး အစကာလကတည်းက တည်ရှိခဲ့ခြင်းဖြစ်သော်လည်း၊ တားမြစ်စူးမိသားစုမှာလည်း ထို့အတူပင် ဖြစ်၏။

သူတို့ တည်ရှိခဲ့သော ခေတ်ကာလမှာ ကမ္ဘာဦးအစထက်ပင် သာလွန်နိုင်ခြေ ရှိသည်။

သူတို့၏ ရွာကလေး စတင်ဖြစ်ပေါ်လာကတည်းက တားမြစ်စူးမိသားစုမှာ အမတနယ်မြေတွင် ရှိနှင့်နေပြီးသား ဖြစ်သည်။

သူတို့ရွာမှ ကနဦး အမတဧကရာဇ်မင်း သုံးပါး ထွက်ပေါ်ခဲ့သော်လည်း၊ တားမြစ်စူးမိသားစုတွင်လည်း ရှိခဲ့ဖူးပြီး အရေအတွက်မှာ သူတို့ထက်ပင် မနည်းလှပေ။

ဤကဲ့သို့သော မိသားစုမျိုးသည် သူတို့၏ လောကပြင်ပ ရွာကလေးအတွက် ယှဉ်နိုင်စရာမရှိသော ဖြစ်တည်မှုပင် ဖြစ်သည်။

ထို့အပြင် လောကပြင်ပ ရှေးဟောင်းရွာကလေးမှ ကနဦး အမတဧကရာဇ်မင်း သုံးပါး ဆက်တိုက် ထွက်ပေါ်လာနိုင်ခြင်းမှာလည်း မဟာလမ်းစဉ်၏ ကောင်းချီးပေးမှုကြောင့်ပင် ဖြစ်သည်။

သို့သော် တားမြစ်စူးမိသားစုသည် မဟာလမ်းစဉ်၏ ကောင်းချီးပေးမှုကို တစ်ခါမျှပင် မခံယူခဲ့ဖူးပေ။ သူတို့သည် အလွန်အမင်း အစွမ်းထက်လွန်းသဖြင့် မဟာလမ်းစဉ်၏ ကံတရားကပင် သူတို့၏ ကြီးပွားထွန်းကားမှုကို ရည်ရွယ်ချက်ရှိရှိ ဟန့်တားနှောင့်ယှက်ခဲ့ဖူးသည်။

သို့သော် ရလဒ်မှာ အဘယ့်နည်း။

တားမြစ်စူးမိသားစုသည် အဆုံးမဲ့ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့ကာ ယခုထိတိုင် ခိုင်ခိုင်မာမာ ရပ်တည်နေဆဲပင် ဖြစ်သည်။

ရွာသားများအားလုံး ဝမ်းသာအားရ ဖြစ်နေကြစဉ် ၊

တစ်ချိန်တည်းမှာပင် စူးရွှမ်သည် လောကပြင်ပ ရှေးဟောင်းရွာကလေးကို အကဲခတ်ကြည့်နေမိသည်။

ဤရွာကလေးနှင့် ပတ်သက်၍ သူတို့ တားမြစ်စူးမိသားစု၏ အထက်လူကြီးများလည်း အနည်းငယ် သိရှိထားကြသည်။

၎င်း၏ မူလဇာစ်မြစ်သည် ကမ္ဘာဦးအစကာလက မဟာလမ်းစဉ်၏ ရှေးဦးကောင်းချီးမင်္ဂလာများ ရရှိခဲ့သော မင်္ဂလာနယ်မြေတစ်ခု ဖြစ်သည်။

ကောင်းကင်ဘုံ၏ ကံတရားကို ရရှိထားရုံသာမက မဟာလမ်းစဉ်၏ အထူး ကောင်းချီးများကိုလည်း ရရှိထားသည်။

ယခင်ခေတ်ကာလများက ၎င်း၏ ကံတရားကြွယ်ဝမှုမှာ ဒေဝလောက တစ်ခွင်လုံးတွင် အမြင့်မားဆုံးအဆင့်သို့ပင် ရောက်ရှိခဲ့သည်။

ဤကဲ့သို့သော အခြေအနေများကြောင့် လောကပြင်ပ ရှေးဟောင်းရွာလေးသည် လျင်မြန်စွာ ထွန်းကားလာခဲ့ပြီး ကနဦး အမတဧကရာဇ်မင်း သုံးပါးပင် ထွက်ပေါ်ခဲ့သည်။

အုပ်စိုးရှင်အင်အားစုကြီး (၁၂) ဖွဲ့နှင့် ယှဉ်ပါက၊ အခြေခံအုတ်မြစ်အရ အနည်းငယ် ကွာခြားနိုင်သော်လည်း၊ တိုက်ခိုက်ရေးစွမ်းရည်မှာ ၎င်းတို့နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့သည်။

သို့သော် နောက်ပိုင်းတွင် စစ်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီး ၊ အုပ်စိုးရှင်အင်အားစု (၁၂) ဖွဲ့၊ အတုမရှိ အမတဂိုဏ်းကြီး(၃၆) ဂိုဏ်းနှင့် ထိပ်တန်း ကောင်းကင်ဂူ (၇၂ ) ခု တို့သည် အချင်းချင်း သတ်ဖြတ်တိုက်ခိုက်ခဲ့ကြသည်။

လောကပြင်ပ ရှေးဟောင်းရွာလေးသည်လည်း စစ်မီးအတွင်းသို့ မလွဲမသွေ ဆွဲသွင်းခြင်း ခံခဲ့ရသည်။

ထို့နောက် အဆုံးမဲ့ကပ်ဘေးကြီး ဖြစ်ပွားခဲ့ပြီး၊ ဒေဝလောက၏ ကောင်းချီးအများဆုံးဖြစ်သော လောကပြင်ပ ရှေးဟောင်းရွာလေးသည် တန်ပြန် အကျိုးသက်ရောက်မှုကို အကြီးအကျယ် ခံစားလိုက်ရသည်။

ယခင်က ကံတရား မည်မျှပင် မြင့်မားခဲ့ပါစေ၊ ယခုအခါ ကံအကျိုးဆက် စွမ်းအားများ၏ နှောင့်ယှက်မှုကို ထိုမျှ ပြင်းထန်စွာ ခံခဲ့ရသည်။

တစ်ချိန်က အုပ်စိုးရှင်အင်အားစု (၁၂) ဖွဲ့ နှင့် ရင်ပေါင်တန်းနိုင်ခဲ့သော ရွာကလေးသည် ယခုအခါ ဤမျှအထိ ဆုတ်ယုတ်သွားခဲ့ရလေပြီ။

နောက်ဆုံးလက်ကျန် သွေးမျိုးဆက်များအဖြစ် ဤရွာသားအနည်းငယ်သာ ကျန်ရှိတော့ပြီး ၊ မီးစာကုန်ခါလုနီးပါး ဆီးမီးခွက်ကဲ့သို့ သူ၏ ဤလက်ရှိကိုယ်ပွား၏ ခွန်အားကိုပင် ခံနိုင်ရည်မရှိ‌ကြတော့ပေ။

All Chapters