← Chapters

ကမ္ဘာဦးအစလျှို့ဝှက်ချက်

Vol. 68 Ch. 877

ကမ္ဘာဦးအစလျှို့ဝှက်ချက်

Vol. 68 Ch. 877

စူးရွှမ်သည် ရွာ၏အလယ်တွင် ရှိနေသော ညှိုးနွမ်းတော့မည့် ရှေးဟောင်း လောကသစ်ပင်ကြီးကို တစ်ဖန် ပြန်ကြည့်လိုက်သည်။

သူသည် တိုးတိုးလေး ရေရွတ်လိုက်၏။

"ဒါက ဒဏ္ဍာရီထဲက လောကသစ်ပင်ဆိုတာလား.....”

လောကသစ်ပင်သည် ကျယ်ပြောသော လွင်ပြင်တွင် ပေါက်ဖွားပြီး အတိုင်းအဆမရှိ ကြီးမားပေသည်။ ၎င်း၏ အရွက်တစ်ရွက်တည်းနှင့်ပင် ကောင်းကင်ကြီးကို ဖုံးအုပ်နိုင်ပြီး မိုးမြေနှစ်ရပ်ကို ဆက်သွယ်ပေးနိုင်သည်။

၎င်း၏ အကိုင်းအခက်များသည် အမတနယ်မြေ၏ အတားအဆီးများနှင့်ပင် ချိတ်ဆက်နိုင်ပြီး ၊ အမတနယ်မြေ အထက်သို့ တံတားတစ်စင်းအဖြစ် တည်ဆောက်ပေးနိုင်သည်။

သို့သော် ထိုကဲ့သို့ ဒဏ္ဍာရီလာ လောကသစ်ပင်ကြီးသည် ယခုအခါ အလွန်အမင်း အားနည်းနေပြီး ၊ စိမ်းလန်းစိုပြေသော အကိုင်းအခက်များနှင့် အရွက်များမှာလည်း ညိုးနွမ်းခြောက်သွေ့နေလေ၏။

သို့သော်လည်း လောကပြင်ပ ရှေးဟောင်းရွာကလေးသည် ကံအကျိုးဆက် စွမ်းအား၏ ဝါးမျိုမှုကြားတွင် ဤမျှအထိ ကြာရှည်ခံနိုင်ခဲ့ခြင်းမှာ လောကသစ်ပင်ကြီး၏ ကျေးဇူးကြောင့်မှန်း စူးရွှမ်လည်း သိသည်။

"ဟားး.... တားမြစ်စူးမိသားစုကတော့ ထူးချွန်ထက်မြက်တဲ့သူတွေကို အမြဲတမ်း မွေးထုတ်ပေးနေတာပဲ”

ထိုစဉ် လောကသစ်ပင်ကြီးမှာ တရှဲရှဲနှင့် လှုပ်ခတ်သွားပြီး တောက်ပသော နတ်ဘုရားအလင်းတစ်ခု ထွက်ပေါ်လာ၏။

ရွှေရောင် မှော်သင်္ကေတလေးများ စုဝေးသွားပြီး နောက်ဆုံးတွင် ငယ်ရွယ်သော မျက်နှာ နှင့် ဆံပင်ဖြူများရှိသော အဖိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

"သစ်ပင်နတ်ဘုရား"

ရွာသားများစွာသည် ထိုအနှီပုဂ္ဂိုလ်ကို မြင်သည်နှင့် ချက်ချင်းပင် အရိုအသေပြုလိုက်ကြသည်။

ဤအဖိုးအိုမှာ လောကသစ်ပင်၏ ဝိညာဉ်ကိုယ်ပွားဖြစ်ပြီး ရှေးဟောင်းခေတ်ကတည်းကစ လောကပြင်ပ ရှေးဟောင်းရွာ၏ အစောင့်အရှောက်နတ်ဘုရားလည်း ဖြစ်သည်။

အကယ်၍ သူ၏ ကူညီစောင့်ရှောက်မှုသာ မရှိခဲ့ပါက ၊ လောကပြင်ပ ရှေးဟောင်းရွာလေးသည် ကံအကျိုးဆက် စွမ်းအားများ၏ ဝါးမျိုခြင်းကို ခံလိုက်ရမည်မှာ ကြာလှပြီ ဖြစ်သည်။

သစ်ပင်နတ်ဘုရား အဖိုးအိုသည် အသာအယာ ခေါင်းညိတ်ပြပြီး စူးရွှမ်၏ ရှေ့သို့ လျှောက်လှမ်းလာသည်။

သူသည် စူးရွှမ်ကို အကဲခတ်ကြည့်လိုက်သည်။နှစ်ကာလများစွာကို ဖြတ်သန်းခဲ့သော သူ၏ မျက်ဝန်းများက စူးရွှမ်ကို အကုန်အစင် မြင်နိုင်ရန် ကြိုးစားနေပုံရသည်။

ခေတ္တမျှ ကြာပြီးနောက်။

သစ်ပင်နတ်ဘုရား ကိုယ်ပွားသည် သူ၏ မုတ်ဆိတ်မွှေးကို သပ်ချရင်း ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

" မဟုတ်သေးဘူး ၊ ငါတို့ လောကပြင်ပ ရှေးဟောင်းရွာနဲ့ ဒေဝလောက တစ်ခုလုံးရဲ့ ကံကြမ္မာအလှည့်အပြောင်းကို ယူဆောင်လာပေးမယ့်သူက....."

"မင်း မဟုတ်ဘူး....."

"ဒီနေ့ဟာလည်း ငါတို့ လောကပြင်ပ ရှေးဟောင်းရွာလေးရဲ့ အလှည့်အပြောင်း မဟုတ်သေးဘူး....."

"မင်းက..... ဒီနေ့ကို ကြိုပြီး ရောက်လာအောင် လုပ်လိုက်တာလား"

ဤစကားသံအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားသည်။

ရွာသူကြီး အပါအဝင် ရွာသားများမှာ သစ်ပင်ဝိညာဉ် အဖိုးအိုကို နားမလည်နိုင်သကဲ့သို့ ကြည့်နေကြသည်။

တစ်ချိန်က သူတို့၏ အကြီးအကဲများက ဤသို့ ဟောကိန်းထုတ်ခဲ့ဖူးသည်။

“ဝတ်ရုံဖြူနှင့် ပုဂ္ဂိုလ်သည် အမှောင်တွင်းသို့ ဆင်းသက်လာကာ၊ တိမ်တိုက်များ ကွဲထွက်လျက် လရောင်ဖြာကျပေတော့မည်”

သူတို့မျက်စိရှေ့က စူးရွှမ်မှာလည်း စင်ကြယ်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ အဆင့်အတန်းမှာလည်း မသေးလှချေ။

သို့သော် အဘယ့်ကြောင့် သူ မဟုတ်ရသနည်း။

အခြားသူများ၏ သံသယများနှင့် မတူဘဲ ဤစကားကို ကြားလိုက်ရသော စူးရွှမ်မှာမူ မည်သည့် တုံ့ပြန်မှုမျှ မပြပေ။

သူ၏ နှုတ်ခမ်းဖျားထက်တွင် ပြုံးရိပ်လေးတစ်ခု သန်းသွားရုံမျှပင်။ တစ်ဖက်လူသည် ရိပ်မိလိမ့်မည်ကို သူ ကြိုတင် သိထားပုံရသည်။

အမှန်အားဖြင့် ၊ ဤဒေဝလောက ပြန်လည် စတင်ရာခေတ်တွင် ဇာတ်လိုက်ဆိုသည်မှာ တစ်ဦးတည်းသာ ရှိသည်။ ထိုသူသည် လောကကြီးကို အနာဂတ်ဆီသို့ ဦးဆောင်ခေါ်သွားမည့် ဇာတ်လိုက်ပင် ဖြစ်သည်။

သို့သော် ထိုဇာတ်လိုက်မှာ အလွန်ပင် အလုပ်များလှသည်။ လောကတစ်ခုလုံးကို အကာအကွယ်ပေးနိုင်သည် အထိ အဆက်မပြတ် သန်မာအောင် ကြိုးစားရင်း အလုပ်များနေ၏။

ထိုအချိန်မတိုင်မီအထိ ခက်ခဲသော ကိစ္စအချို့ကို ဖခင်အနေဖြင့် သူကိုယ်တိုင် ဖြေရှင်းပေးရလိမ့်မည်။

"လူကြီးမင်းအနေနဲ့ ခဏလောက် သီးသန့်စကားပြောဖို့ အဆင်ပြေမလား”

စူးရွှမ်က ပြုံးလျက် ဂါရဝပြု မေးမြန်းလိုက်သည်။

သစ်ပင်နတ်ဘုရား ကိုယ်ပွားမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး စူးရွှမ်ကို အလေးအနက် ကြည့်ကာ ခေါင်းညိတ် သဘောတူလိုက်သည်။

ထို့နောက် ရွာသားများကို ဆိုလိုက်သည်။

"မင်းတို့ အရင်ဆုံး ဘိုးဘေးခန်းမထဲမှာ သွားစောင့်နေကြ"

"ငါနဲ့ စူးသခင်လေး သီးသန့် စကားပြောဦးမယ်"

"ဟုတ်ကဲ့ပါ"

ရွာသူကြီး ကုယွမ်နှင့် အခြားသူများတွင် မေးခွန်းများရှိနေသေးသော်လည်း၊ သစ်ပင်နတ်ဘုရား၏ အမိန့်ကို မဖီဆန်ဝံ့သဖြင့် ဤနေရာမှ ချက်ချင်း ထွက်ခွာသွားကြသည်။

"စူးသခင်လေး ဘာမေးချင်လဲ တိုက်ရိုက်သာ မေးပါ….အားမနာပါနဲ့၊ ငါ သိသမျှကို အကုန် ပြောပြပါ့မယ်"

သစ်ပင်နတ်ဘုရား အဖိုးအိုသည် စကားကို လှည့်ပတ်မပြောဘဲ လိုရင်းကိုသာ အစချီလိုက်သည်။

တစ်ဖက်လူသည် ဤမျှ အားစိုက်ထုတ်၍ ဝူထျန်းသင်္ချိုင်းတွင်းထဲသို့ ဝင်ရောက်လာခြင်းမှာ သူတို့ရွာကို ကူညီရန်သက်သက် မဟုတ်သည်မှာ သေချာသည်။ သူ့အနေဖြင့် အခြား အကြောင်းရင်း ရှိပေလိမ့်မည်။

"လူကြီးမင်းကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဒီကိုလာတာ တကယ်ပဲ အရေးကြီးတဲ့ ရည်ရွယ်ချက် တစ်ခုရှိလို့ပါ"

စူးရွှမ်က တိုက်ရိုက်ပင် ဆိုလိုက်သည်။

"ကျွန်တော် သိချင်တာက လောကပြင်ပ ရှေးဟောင်းရွာက လက်ဆင့်ကမ်း စောင့်ရှောက်လာတဲ့ ကမ္ဘာဦးအစလျှို့ဝှက်ချက်ပဲ"

ထိုစဉ်က မဟာလမ်းစဉ် အပြောင်းအလဲကို ကြုံတွေ့ခဲ့ရပြီးနောက် ၊ လောကပြင်ပ ရှေးဟောင်းရွာမှ စွမ်းအားရှင် အများအပြား သေဆုံးခဲ့ရသည်။

ယခုအခါ ကမ္ဘာဦးအစလျှို့ဝှက်ချက်ကို သိရှိနိုင်သူမှာ ရွာ၏ အစောင့်အရှောက်နတ်ဘုရား ဖြစ်သော လောကသစ်ပင် တစ်ဦးတည်းသာ ကျန်တော့သည်။

"..........."

ဤစကားကို ကြားသောအခါ သစ်ပင်နတ်ဘုရား အဖိုးအိုမှာ အနည်းငယ် ကြောင်အမ်းသွားသည်။

အားမနာပါနဲ့လို့ပြောတိုင်း ၊ အဲ့လိုကြီး အားမနာတမ်း မေးရသလား…

တစ်ဖက်လူသည် ကမ္ဘာဦးအစလျှို့ဝှက်ချက်ကို လာရောက် စုံစမ်းခြင်း ဖြစ်နေသည်။

လောကပြင်ပ ရှေးဟောင်းရွာလေး မဆုတ်ယုတ်မီအချိန်က ၊ သူတို့ရွာလေးသည် အမတနယ်မြေတွင် ကံတရားအကောင်းဆုံး နယ်မြေတစ်ခု ဖြစ်ခဲ့သည်။

ထိုသို့ ဖြစ်နိုင်ခြင်းမှာလည်း သူတို့ စောင့်ရှောက်ထားသော ကမ္ဘာဦးအစလျှို့ဝှက်ချက်နှင့် ဆက်နွှယ်နေသည်။

ထို့အပြင် ဤလျှို့ဝှက်ချက်ကပင် ကံအကျိုးဆက် စွမ်းအားများ၏ ဝါးမျိုခြင်းကို ခံရသည့် အဓိက အကြောင်းရင်းလည်း ဖြစ်နေပြန်သည်။

သစ်ပင်နတ်ဘုရား အဖိုးအိုမှ တွန့်ဆုတ်နေသည်ကို မြင်ပြီး စူးရွှမ်က ပြုံးလျက် ဆိုသည်။

"လူကြီးမင်း... လူကြီးမင်းတို့ စောင့်ရှောက်နေတဲ့ လျှို့ဝှက်ချက်က သာမန်မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒီမှာ ပါဝင်နေတဲ့ ကံအကြောင်းအကျိုးကလည်း အလွန်ကြီးမားတယ်"

"ဒါပေမဲ့ လူကြီးမင်းသာ ကျွန်တော့်ကို ပြောပြပေးနိုင်မယ်ဆိုရင် ၊ ကျွန်တော်က လောကပြင်ပ ရှေးဟောင်းရွာကို ကံအကျိုးဆက် စွမ်းအားတွေရဲ့ နှောင့်ယှက်မှုကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ပါတယ်"

"မင်း ဘာပြောလိုက်တယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် သစ်ပင်နတ်ဘုရား အဖိုးအိုမှာ ရုတ်တရက် ခေါင်းမော့လာပြီး ၊ သူ၏ အိုမင်းရင့်ရော်သော မျက်လုံးများထဲတွင် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူတို့ ခံစားနေရသော ကျိန်စာမှာ မဟာလမ်းစဉ်၏ တန်ပြန် အကျိုးသက်ရောက်မှု ဖြစ်သည်ကို ထည့်မဆိုခင် ၊ သေခြင်းရှင်ခြင်း သံသရာလမ်းစဉ်သည် ထိုစဉ်ကတည်းက စစ်ပွဲကြီးအတွင်း ဖျက်ဆီးခံလိုက်ရသည်။

ဤလောကတွင် သေခြင်းရှင်ခြင်း သံသရာလမ်းစဉ် မရှိတော့သလို ကံအကျိုးဆက် စွမ်းအားများကို သန့်စင်ပေးနိုင်မည့် နည်းလမ်းလည်း မရှိတော့ပေ။

စူးရွှမ်သည် အမတဧကရာဇ်မင်း တစ်ဦး ဖြစ်သော်လည်း ၊ နိယာမစည်းမျဉ်းများကို ကျော်လွန်သော ဖြစ်တည်မှု မဟုတ်သေးသဖြင့် မည်သည့်အစွမ်းဖြင့် သူတို့ကို ကူညီနိုင်မည်နည်း။

သစ်ပင်နတ်ဘုရား အဖိုးအို၏ အတွေးကို သိမြင်နေပုံရသော စူးရွှမ်သည် ခပ်ဖွဖွ ပြုံးလိုက်ကာ ကြေးညိုရောင် ကြာပန်းဆီမီးအိမ်ကို ထုတ်ဖော်ပြသလိုက်သည်။

All Chapters