← Chapters

ကံအကျိုးဆက် ပိုးအိမ်ထဲမှ မိန်းကလေးငယ်

Vol. 68 Ch. 881

ကံအကျိုးဆက် ပိုးအိမ်ထဲမှ မိန်းကလေးငယ်

Vol. 68 Ch. 881

သံသရာစက်ဝန်း နတ်ဘုရားသစ်ပင်၏ ပုံရိပ်သည် တိုးဝှေ့လှုပ်ခတ်လာသည်နှင့် အမျှ ၊

ဟူး——

အဆုံးမရှိသော သံသရာစက်ဝန်းစွမ်းအားများကို‌ ဆောင်ကျဉ်းလာသော လေပြင်းများ တိုက်ခတ်လာသည်။

သံသရာစက်ဝန်း နတ်ဘုရားသစ်ပင်မှလည်း နတ်အလင်းများကို ရွာသွန်းပတ်ဖြန်းခဲ့သည်။

ဝုန်း!

ထို့နောက် ၎င်းတို့သည် မဟာလမ်းစဉ် သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး၊ ကံအကျိုးဆက် ပိုးအိမ်ကို ပတ်ပတ်လည် ရစ်ပတ်ထားသည်။

ပြင်းထန်သော ကံအကျိုးဆက် စွမ်းအားများက မဟာလမ်းစဉ် သံကြိုးများကို ချိုးဖျက်ပစ်သော်လည်း၊ သို့သော် နောက်ထပ် သံကြိုးများစွာက ထပ်မံရောက်ရှိလာပြီး ပိုးအိမ်ကို တစ်ဖန် ပြန်လည် ရစ်ပတ်ထားပြန်သည်။

ထို့အပြင် ယင်းထံမှ ထွက်ပေါ်နေသော သံသရာစက်ဝန်းစွမ်းအားများသည် အတွင်းရှိ ထူးဆန်းသော အငွေ့အသက်များကို အမြဲမပြတ် သန့်စင်ပေးနေခဲ့သည်။

ကံအကျိုးဆက် ပိုးအိမ်သည် တရွှီးရွှီးမြည်သံနှင့်အတူ လျင်မြန်စွာ အရည်ပျော်ကျလာသည်။

ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် နာကြည်းဝိညာဉ်များစွာသည်လည်း ပိုးအိမ်ထဲမှ ရုန်းကန်ထွက်လာကြသည်။

ကြည့်ရသည်မှာ ထိုသူတို့သည် ကံအကျိုးဆက် ပိုးအိမ်၏ ဝါးမျိုခြင်းကို ခံခဲ့ရသော ရွာသားများ ဖြစ်ဟန်တူပြီး၊ ယခု ကယ်တင်ခံခဲ့ရပြီ ဖြစ်သည်။

ဤမြင်ကွင်းသည် ရှိနေသော ရွာသားများကို ထိတ်လန့်စေခဲ့သော်လည်း တစ်ဖက်တွင်မူ စိတ်သက်သာရာ ရသွားစေသည်။

သိသာထင်ရှားသည်မှာ သံသရာစက်ဝန်းစွမ်းအားသည် အလုပ်ဖြစ်နေပြီး၊ ကံအကျိုးဆက် ပိုးအိမ်၏ ဝါးမျိုခြင်း ခံခဲ့ရသော ရွာသားများသည်လည်း နောက်ဆုံးတွင် လွတ်မြောက်နိုင်ပေတော့မည်။

ရွာသားအချို့မှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာကြသည်။ သူတို့၏ ဇနီးမယားများ၊ သားသမီးများ၊ ညီအစ်ကို မောင်နှမများ...... သူတို့အားလုံးသည် ထိုနှစ်က ကံအကျိုးဆက်၏ ကျူးကျော်ဝင်ရောက်မှုတွင် ပိုးအိမ်၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီး ပိုးအိမ်အတွက် အာဟာရများ ဖြစ်ခဲ့ကြရသည် မဟုတ်လော။

ယခုအခါ ကံအကျိုးဆက် ပိုးအိမ်သည် သံသရာစက်ဝန်းစွမ်းအားဖြင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသဖြင့် ၊ သူတို့ကိုယ်တိုင် သေဆုံးသွားရလျှင်ပင် ဘာမူစရာရှိမည်နည်း။

.....…

သံသရာစက်ဝန်းစွမ်းအားဖြင့် အဆက်မပြတ် သန့်စင်မှုအောက်တွင် ၊

ယခင်က ပေပေါင်းများစွာ ကြီးမားခဲ့သော ကံအကျိုးဆက် ပိုးအိမ်သည် ယခုအခါ လူတစ်ယောက်စာခန့် အရွယ်သာ ကျန်တော့သည်။ ၎င်း၏ အရောင်မှာလည်း အနီရင့်ရောင် မဟုတ်တော့ဘဲ အနည်းငယ် ကြည်လင်လာခဲ့သည်။

သို့သော် ထိုကြည်လင်နေသော ပိုးအိမ်အတွင်း၌ လူပုံရိပ်တစ်ခုကို လူတိုင်း မြင်တွေ့လိုက်ရသည်။

“ဒါက......”

ဤရုတ်တရက်ဆန်သော မြင်ကွင်းသည် လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဤသည်မှာ ကံအကျိုးဆက် ပိုးအိမ်ထဲတွင် မိန်းကလေးငယ် တစ်ဦး သန္ဓေတည်နေခဲ့ခြင်းပင်။

ထိုမိန်းကလေးမှာ သေးငယ်ကျစ်လျစ်သော ကိုယ်လုံးလေးရှိပြီး၊ ကိုယ်ပေါ်တွင် မည်သည့်အဝတ်အစားမျှ မပါရှိပေ။ ယခုအခါ သူမသည် သမင်ပေါက်လေးတစ်ကောင်ကဲ့သို့ ပိုးအိမ်အတွင်း၌ ကွေးကွေးလေး အိပ်စက်နေသည်။

သူမတွင် အလွန်ရှည်လျားသော ဆံနွယ်များရှိပြီး ကျောအောက်ပိုင်းအထိ ဝဲကျနေသည်။ ဆံပင်အရောင်မှာ နက်မှောင်လှသည်။ ၎င်းမှာ သာမန်အနက်ရောင်မျိုး မဟုတ်ဘဲ ငရဲချောက်နက်ကြီးကဲ့သို့ အမှောင်ထုနှင့် တူပြီး နိမိတ်မကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။

ထိုအနက်ရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်သော မိန်းကလေး၏ နို့နှစ်ရောင် အသားအရေမှာ ဖြူဖွေးနေပြီး၊ ထူးဆန်းသော အလှတရားကြားတွင် ကလေးတစ်ယောက်လို အပြစ်ကင်းစင်းသော အငွေ့အသက်များ ရှိနေသည်။

အချိုးကျလှသော နှာတံလေးနှင့် အတူ စိုစွတ်သော နှုတ်ခမ်းလေးမှာ တင်းတင်းစေ့ထားပြီး၊ မျက်လုံးလေးများကို မှိတ်ထားသည်။ ထိုထူထဲသော မျက်တောင်များအောက်တွင် မည်သို့သော လှပသည့် မျက်ဝန်းများ ရှိနေမည်ကို လူတိုင်း သိချင်စိတ် ဖြစ်မိသည်။

သို့သော် သူမ၏ အလှတရားထက် ပို၍ ထူးဆန်းသည်မှာ သူမ၏ ဖြူဖွေးသော အသားအရေပေါ်တွင် ရေးဆွဲထားသော ထူးဆန်းသည့် အမှတ်အသားများပင် ဖြစ်သည်။ ၎င်းမှာ မဟာလမ်းစဉ်၏ ရှေးဟောင်း ကမ္ပည်းစာများနှင့် တူသလို၊ သူတို့ပင် နားမလည်နိုင်သော စာလုံးများ ဖြစ်နေသည်။

ထို့အပြင် သူမမှာ မွေးကင်းစကလေးပုံစံ မဟုတ်ဘဲ အသက်(၁၁) နှစ် သို့မဟုတ် (၁၂) နှစ်အရွယ်ခန့် ရှိနေပြီ ဖြစ်သည်။

ရှေးဟောင်းရွာသားများ၏ မျက်နှာမှာ ဖြူဖျော့နေကြပြီး ၊ သူတို့ကို တုန်လှုပ်စေသည်မှာ ဤပိုးအိမ်ထဲမှ မိန်းကလေးတင်မကဘဲ သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော အရှိန်အဝါပင် ဖြစ်သည်။

သူမသည် ပိုးအိမ်အတွင်း ချိတ်ပိတ်ခံထားရသော်လည်း ၊ ရွာသားများသည် သူမ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးသားကို ခံစားမိကြသည်။

၎င်းမှာ သူတို့ လောကပြင်ပ ရှေးဟောင်းရွာ၏ သီးသန့်သွေးမျိုးဆက် ဖြစ်ရုံတင်မက၊ ထိုစဉ်က အမတဧကရာဇ်မင်း သုံးပါးတွင်သာ ရှိခဲ့သော ကနဦးဘိုးဘေး နတ်ဘုရားသွေးသားပင် ဖြစ်သည်။

ဤကနဦးဘိုးဘေး နတ်ဘုရားသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူသည် အနာဂတ်တွင် မဟာလမ်းစဉ် အထွတ်အထိပ်သို့ ရောက်ရှိမည်မှာ သေချာပြီး၊ အနည်းဆုံး အမတဧကရာဇ်မင်း အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

သို့သော် သူတို့သည် ကံအကျိုးဆက် စွမ်းအားများကို ခံစားခဲ့ရပြီးကတည်းက ၊ သူတို့ရွာတွင် ထိုသွေးမျိုးဆက် ပါရှိသော ကလေးငယ်များ ပေါ်ထွက်လာဖို့ နေနေသာသာ မွေးကင်းစကလေးပင် မရှိတော့ပေ။

ယခုအခါ သူတို့ကို ကျိန်စာတိုက်ခဲ့သော အဓိကတရားခံ ကံအကျိုးဆက် ပိုးအိမ်သည် သူတို့ရွာ၏ သီးသန့်သွေးမျိုးဆက်ကို မွေးဖွားပေးခဲ့လေသလော။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရွာသူကြီးမှာ နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။ သူတို့၏ တစ်ခုတည်းသော နောက်ဆုံးဆန္ဒမှာ ဤပိုးအိမ်ကို ဖျက်ဆီးရန်ပင် ဖြစ်သည်။

သို့သော် ယခုအခါ ပိုးအိမ်ထဲတွင် သူတို့ရွာ၏ သွေးသားရင်းတစ်ဦး ရှိနေလေ၏။

ဤသည်မှာ ကံအကျိုးဆက် ပိုးအိမ်သည် မိမိတို့၏ ရွာသား ထောင်ပေါင်းများစွာကို ဝါးမျိုပြီးမှ ဤမိန်းကလေးကို မွေးဖွားပေးခဲ့သည်ဟု ဆိုလိုခြင်းပေလော။

ဤမိန်းကလေးသည် သူတို့၏ ဆွေမျိုးပင်လော သို့မဟုတ် ရန်သူပင်လော။

ရွာသားများ ရူးသွပ်မတတ် ဖြစ်နေစဉ် ၊ စူးရွှမ်၏ ဦးနှောက်ထဲတွင်လည်း အတွေးများဖြင့် ရှုပ်ယှက်ခတ်နေသည်။

သူ ရရှိထားသော သတင်းအချက်အလက်များကို ဆက်စပ်ကြည့်လိုက်ရာ ကြောက်စရာကောင်းသော ဖြစ်နိုင်ချေတစ်ခုကို ခန့်မှန်းမိလိုက်သည်။

ကမ္ဘာဦးအစကာလတွင် လောကပြင်ပ ရှေးဟောင်းရွာသည် ဒေဝလောက၏ ကံတရားဗဟိုချက် ဖြစ်ခဲ့သည်။ ထိုသို့သော‌ ကောင်းချီး မင်္ဂလာများဖြင့် ပြည့်နှက်နေသော နေရာသည် အဆုံးတွင် အမည်မသိ ကံအကျိုးဆက်များ၏ အကျိုးသက်ရောက်မှုကို ခံခဲ့ရရုံသာမက ဒေဝလောကတွင် တစ်ခါမျှ မရှိဖူးသော ကံအကျိုးဆက် ပိုးအိမ်ပါ ပေါ်ထွက်လာခဲ့သည်။

ယခု ထိုပိုးအိမ်သည် ထူးဆန်းသော မိန်းကလေးတစ်ဦးကို မွေးဖွားပေးနေပြန်သည်။

ဤသည်မှာ တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိဖြင့် ဤပိုးအိမ်ကို ထားခဲ့ပြီး၊ ကံအကျိုးဆက် စွမ်းအားများဖြင့် ဤမိန်းကလေးကို မွေးဖွားပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု စူးရွှမ် ခံစားလိုက်ရသည်။

ဤအရာသည် လူသားလောကရှိ ဖုန်းရွှေအတတ်နှင့် အလွန်ဆင်တူသည်။ လောကပြင်ပ ရှေးဟောင်းရွာ၏ ကံတရားဗဟိုချက်ကို အသုံးပြု၍ ကံတရားကို ကံအကျိုးဆက်များအဖြစ် ပြောင်းလဲကာ နောက်ဆုံးတွင် ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

“တကယ်ပဲ အဲ့လိုများလား.....”

စူးရွှမ်သည် အမှန်တရား၏ အစိတ်အပိုင်းအချို့ကို စတင်တွက်ချက်မိရုံမျှသာ ရှိသေးသည်။

ရုတ်ချည်းဆန်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပိုးအိမ်အတွင်း အိပ်စက်နေသော မိန်းကလေးငယ်၏ မျက်တောင်လေးများမှာ အနည်းငယ် လှုပ်ခတ်သွားသည်။

ထို့နောက် နှစ်ပေါင်းများစွာ မှိတ်ထားခဲ့သော မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

ထိုမျက်ဝန်းများသည် ငရဲချောက်နက်ကဲ့သို့ပင် အလွန်တရာ အန္တရာယ်ရှိလှသော်လည်း ပြောမပြတတ်သော အလှတရားများ ကိန်းအောင်းနေသည်။

ဝုန်း!

သို့သော် တစ်ချိန်တည်းမှာပင် ၊ အလွန်သိပ်သည်းလှသော ကံအကျိုးဆက် စွမ်းအားများသည် ပိုးအိမ်ထဲမှ ပေါက်ကွဲထွက်လာလေတော့၏။

ကွဲအက်သံ!

အပြင်ဘက်မှ ကြောက်စရာကောင်းသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ရွာအပြင်ဘက်ရှိ ကံအကျိုးဆက်စွမ်းအားများသည် လောကသစ်ပင်ကြီး၏ နိယာမအကာအကွယ်ကို ချိုးဖျက်လိုက်ခြင်းပင် ဖြစ်သည်။

အဆုံးမရှိသော ကံအကျိုးဆက်စွမ်းအားများသည် လောကပြင်ပ ရှေးဟောင်းရွာအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာလေ၏။

“မကောင်းတော့ဘူး”

စူးရွှမ်သည် အော်ဟစ်လိုက်ပြီး သူ၏ ရင်ဘတ်ထဲမှ မဟာလမ်းစဉ် မှော်အဆောင်စာရွက်ကို အလျက်အမြန် ထုတ်ယူလိုက်သည်။

သို့သော် သူသည် မှော်အဆောင်စာရွက်ကို အသကိမသွင်းနိုင်မီမှာပင်၊

ဘုန်း!

လှိမ့်ဝင်လာသော ကံအကျိုးဆက် စွမ်းအားလှိုင်းလုံးကြီးများသည် စူးရွှမ်နှင့် ဘိုးဘေးခန်းမဆောင် တစ်ခုလုံးကိုု ချက်ချင်းပင် ဝါးမျိုသွားခဲ့လေသည်။

................

တစ်ချိန်တည်းမှာပင်။

အမတနယ်မြေအထက်၏ အနက်ရှိုင်းဆုံးနေရာ၊ လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာတွင်။

ဤနေရာ၌ အဆုံးမရှိသော အမှောင်ထုသာ ရှိနေပြီး ၊ လောကရှိ အရာအားလုံးနှင့် နိယာမအားလုံးသည် အမှောင်ရွှံ့နွံအတွင်းသို့ ဆွဲချခံထားရပုံပေါ်သည်။

သို့သော် ထိုအမှောင်ထုထဲတွင် အမှောင်ပုံရိပ်တစ်ခု ရှိနေပြီး၊ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော အရှိန်အဝါများသည် အရာအားလုံးကို အမှောင်ထုအတွင်းသို့ နစ်မြုပ်သွားစေနိုင်သည်။

“ဟမ် ထူးဆန်းတယ်.....”

“ဒီလောကမှာ ငါနဲ့ အရမ်းဆင်တဲ့ အရှိန်အဝါတစ်ခု ဘာလို့ ထပ်ပေါ်လာတာလဲ”

“ဒါပေမဲ့ နည်းနည်းတော့ ကွာခြားနေသလိုပဲ၊ ကံအကျိုးဆက် စွမ်းအားများလား”

“ဒါပေမဲ့ အချိန်နဲ့ စီမံကိန်းအရ တွက်ရင် ဒုတိယအကြိမ် အဆုံးမဲ့ကပ်ဘေးက မစသေးဘူး....ဘယ်ကနေ ကံအကျိုးဆက်တွေ ရှိနေရတာလဲ”

“........”

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်။

အမှောင်ထဲမှ ပုံရိပ်သည် တစ်စုံတစ်ခုကို တွက်ချက်မိသွားသကဲ့သို့ ခေါင်းကို အသာအယာ ခါယမ်းကာ ပြုံးလိုက်သည်။

“အော်... အရင်တုန်းက ငါစွန့်ပစ်လိုက်တဲ့ အပိုင်းအစလေး တစ်ခုကိုး”

“မမျှော်လင့်ဘဲ စောစောစီးစီး နိုးလာတာလား”

“ ကိစ္စမရှိဘူး ၊ အမှိုက်ဆိုတာလည်း ပြန်သုံးလို့ ရတာပဲ... အမတနယ်မြေရဲ့ အခြေအနေကို မွှေနှောက်ဖို့အတွက် အသုံးပြုရမှာပေါ့”

............

All Chapters