အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း(129)
ဆေးရုံသို့ ရောက်ချိန်တွင် :
ယောင်ပင်းတစ်ယောက်ဆေးရုံကိစ္စအတွက် စာရွက်စာတမ်းများ သွားရောက်လုပ်ဆောင်နေစဉ်အတွင်း လျန်ချင်းဟွေ့က မျက်နှာနီမြန်းလျက်ပင် အဖိုးဖြစ်သူအား မေးခွန်းထုတ်လေသည်။
“အဖိုး... သမီးတို့ ဒရိုင်ဘာက ဘဏ်အပြင်မှာ စောင့်နေတာပဲကို၊ ဘာလို့ သခင်လေးယောင်ကို ဆေးရုံအထိ ချီလာခိုင်းရတာလဲ”
အဖိုးဖြစ်သူ အဘယ်ကြောင့် ဤမျှအထိ အားထုတ်နေရသည်ကို သူမ အမှန်ပင် နားမလည်နိုင် ဖြစ်ရပေသည်။
“အဖိုးကို ပြောစမ်းပါဦး၊ မင်း ကျန်းရိရှန်ရဲ့ လက်သီးချက်မိပြီး ဒဏ်ရာရတုန်းက မင်းကို ကယ်တင်ခဲ့တာ သခင်လေးယောင် မဟုတ်ဘူးလား”
လျန်ဟုန်ရှန်းက အလေးအနက် မေးလေသည်။
“ဟုတ်ပါတယ်”
လျန်ချင်းဟွေ့က ခေါင်းညိတ်သည်။
“ပြီးတော့ မင်းကို ဝိဥာဥ်စွမ်းအားတွေသုံးပြီး ရန်သူကို ဒဏ်ရာရအောင် လုပ်တဲ့အတတ်ကို သင်ပေးခဲ့တာကော”
“သူပဲ သင်ပေးခဲ့တာပါ...”
“ဒီနေ့ ဘော့စ်တွေအားလုံး သူ့ရှေ့မှာ ဒူးထောက်အညံခံသွားကြတာကို မြင်လိုက်တယ်မလား”
လျန်ချင်းဟွေ့က ခေါင်းညိတ်ပြန်သည်။
လျန်ဟုန်ရှန့်က ယောင်ပင်း သွားရာလမ်းဘက်သို့ မော့ကြည့်လိုက်သည်။
“ဒီကောင်လေးက နောင်အနာဂတ်မှာ ပင်းဟိုင်ရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်၊ မဟုတ်ဘူး... သူ ဘယ်နေရာကိုပဲသွားသွား ဘုရင် ဖြစ်လာလိမ့်မယ်၊
တကယ်လို့ ငါတို့သာ သူ့ကို သိမ်းသွင်းနိုင်မယ်ဆိုရင် ငါတို့ လျန်မိသားစုက သေချာပေါက်ကြီးပွားတိုးတက်လိမ့်မယ်၊ အဖိုးက အိုနေပြီ၊ မင်းရဲ့မိဘတွေကလည်း စောစောစီးစီး ဆုံးပါးသွားကြပြီဆိုတော့ အဖိုးအနေနဲ့ မင်းရဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပေးရမယ်”
လျန်ချင်းဟွေ့ ရုတ်တရက် သဘောပေါက်သွားချေပြီ။
သူမ၏အဖိုးသည်က သူမကို သုံး၍ ယောင်ပင်းအား သိမ်းသွင်းရန် ကြံစည်နေခြင်း ဖြစ်ပေသည်။
“အဖိုး... သူက အထက်တန်းကျောင်းသားလေးပဲ ရှိသေးတာလေ...”
လျန်ချင်းဟွေ့ ရှက်ရွံ့သွားသည်။
“အဖိုး အတွေးလွန်နေတာ မဟုတ်ဘူးလား”
အဖိုးဖြစ်သူသည် ဤကဲ့သို့သောအရာကို ကြံစည်နေခြင်းက လျန်ချင်းဟွေ့အား အလွန်အမင်း ရှက်သွားစေချေသည်။
သူမသည် ငယ်စဉ်ကတည်းက သိုင်းပညာကိုသာ ကျင့်ကြံခဲ့ပြီး ပွင့်လင်းရွှင်ပျသော စရိုက်ရှိသော်လည်း အချစ်ရေးနှင့် ပတ်သက်လာလျှင်တော့ မည်သည့်အရာမျှမသိသော စာရွက်ဖြူတစ်ရွက်ကဲ့သို့ပင် ဖြစ်ချေသည်။
ထို့ကြောင့် လျန်ဟုန်ရှန့်က ဤသို့ပြောလာသောအခါ လျန်ချင်းဟွေ့မှာ ရှက်လွန်းသဖြင့် ခေါင်းပင်မမော့ရဲတော့ချေ။
လျန်ဟုန်ရှန့်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
“သူက မင်းထက် အသက်နည်းနည်းပဲ ငယ်တာပါ... ဒါတင်မကဘူး၊ သူ့ရဲ့ စွမ်းဆောင်ရည် အဆင့်အတန်းက မင်းဘယ်တော့မှ မမှီနိုင်တဲ့ အဆင့်မျိုးပဲ၊
မြေးလေး... အဖိုးက မင်းကို အတင်းအကျပ် မလုပ်ပါဘူး၊ အရာအားလုံးက မငရးရဲ့ ဆန္ဒအတိုင်းပါပဲ၊ ဒါပေမဲ့ အဖိုး မင်းကို ပြောချင်တာက ဒီကောင်လေးကို လျှော့တွက်လို့မရဘူး၊
သူာ နောင်တစ်ချိန်မှာ သေချာပေါက် အမြင့်ပျံနိုင်လိမ့်မယ်၊ တကယ်လို့ ငါတို့ လျန်မိသားစုက သူ့ကို သိမ်းသွင်းနိုင်ရင် ငါတို့အတွက် အကျိုးရှိလိမ့်မယ်”
လျန်ချင်းဟွေ့ အံ့အားသင့်သွားရပေသည်။
သူမ၏အဖိုးသည်ကား အမြဲတမ်း မာနကြီးပြီး ထောင်လွှားသူ ဖြစ်ရာ လူနည်းစုမျှသာ အဖိုး၏မျက်စိထဲသို့ ဝင်လေ့ရှိပေသည်။
ထို့ထက် ပို၍ အဖိုးဖြစ်သူထံမှ ဤမျှ မြင့်မားသော ချီးမွမ်းမှုကို ရရှိရန်မှာတော့..
သူမ၏ လှပသော မျက်ဝန်းအစုံသည် မလှမ်းမကမ်းရှိ ယောင်ပင်းထံသို့ မသိစိတ်ဖြင့် ကျရောက်သွားရတော့ပေသည်။
နောက်တစ်နေ့။
တော်ဝင်နံပါတ်တစ်ကလပ်။
ယောင်ပင်းနှင့် ခိုင်ယဲ့တို့က မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။
ယောင်ပင်းက စကားစလိုက်သည်။
“အစ်ကိုခိုင်... ပြောင်ဇီအတွက် ကလဲ့စားချေပေးပြီးပြီလား”
သူ့ဘက်မှ လမ်းခင်းပေးခဲ့ပြီးသား ဖြစ်ပေသည်။
ကျန်းရိရှန်ကို သတ်ပစ်ရန်မှာ လွယ်ကူလွန်းသည်။
ခိုင်ယဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ဝမ်းနည်းရိပ်များ ပြည့်နှက်နေချေသည်။
“ကိစ္စပြတ်သွားပြီ၊ အဲဒီအဘိုးကြီးက ငါတို့ကို လုံးဝ အထင်မကြီးခဲ့ဘူးလေ၊ ငါ သူ့ကို ရိုက်ခဲ့တဲ့ ပါးရိုက်ချက်ထဲမှာ လျို့ဝှက်ကျင့်စဥ်ထားတာကို သူ မသိလိုက်ဘူး၊ လျန်မိန်းကလေးရဲ့ အကူအညီလည်းပါတော့ ပြန်တိုက်ဖို့ လုပ်တဲ့အချိန်မှာပဲ သူ့ကိုကြမ်းပြင်ပေါ်ကို ကန်ချလိုက်နိုင်ခဲ့တယ်”
ဤကလဲ့စားချေသည့် နည်းလမ်းမှာ အနည်းငယ် ကောက်ကျစ်ပုံရသော်လည်း ပြောင်ဇီအတွက် ကလဲ့စားချေနိုင်သရွေ့ မည်သည့်အရာက အရေးကြီးဦးမည်နည်း။
ကျန်းရိရှန်က ပြောင်ဇီအား အချက်ပေါင်း နှစ်ဆယ်ကျော် ကန်ကျောက်ခဲ့သည်ကို သူ ရှင်းလင်းစွာမှတ်မိနေပေသည်။
ထို့ကြောင့် သူသည်လည်း ထိုအကြွေးကို အချက်ပေါင်း နှစ်ဆယ်ကျော် ပြန်လည်ကန်ကျောက်၍ ဆပ်ခဲ့သည်။
နောက်ဆုံးတွင် ကျန်းရိရှန်တစ်ယောက် လဲကျကာ သေဆုံးသွားခဲ့ချေပြီ။
သူသည်လည်း ပြောင်ဇီအတွက် ကလဲ့စားချေပေးနိုင်ခဲ့လေပြီ။
ကျဲ့ကျင်း၏ ကျော်ကြားလှသော မာစတာတစ်ဦးဖြစ်သည့် ကျန်းရိရှန်သည် သေဆုံးခါနီးအချိန်အထိ သူ၏လက်အောက်ခံဟောင်း လက်ထဲတွင် မည်သို့ ရှုံးနိမ့်သွားရသည်ကို နားမလည်နိုင် ဖြစ်သွားပုံရသည်။
“သခင်လေးယောင်... ဒီတစ်ကြိမ်မှာ ငါတို့ မင်းအပေါ် အကြွေးတွေ အများကြီး တင်သွားခဲ့ပြီ”
ခိုင်ယဲ့သည် စီးကရက်တစ်လိပ်ကို ထပ်မံညှိလိုက်ပြီး လေးနက်သော လေသံဖြင့်ပြောလာသည်။
“ငါ ကျောက်ခိုင်က သခင်လေးအပေါ် နောက်ထပ် အကြွေးတစ်ခု တင်သွားပြန်ပြီ”
ကျောက်ခိုင်သည်က မည်သူ့အပေါ်တွင်မျှ အကြွေးမတင်ဖူးသော်လည်း ယောင်ပင်းအပေါ်တွင်တော့ အကြွေးများစွာ တင်ရှိနေခဲ့ချေပြီ။
ဤအကြွေးကို သူ၏အသက်ဖြင့် ပြန်ဆပ်မှ ကျေနိုင်လိမ့်မည်။
“ပြောင်ဇီအတွက် ကလဲ့စားချေပြီးပြီဆိုတော့ နောက်တစ်ဆင့်က လျို့ချင်းပဲပေါ့”
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်သည်။
“အစ်ကိုခိုင်... လျို့ချင်းဆီက သတင်းဘာထူးလဲ”
လျို့ချင်းသည်က ယခုအကြိမ်တွင် ကြီးမားသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရပြီး သူ၏လူများ ဆုံးရှုံးခဲ့ရရုံမက ဘော့စ်များစွာ၏ ပူးပေါင်းဆောင်ရွက်မှုကိုပါ ဆုံးရှုံးခဲ့ရပေသည်။
သူပ ဤမျှလွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်ပေ။
ယောင်ပင်း၏ ခန့်မှန်းချက်သာ မှန်ကန်ပါက လျို့ချင်းသည် မကြာမီအချိန်အတွင်း ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်ပြီး ပြန်လည် ထိုးနှက်လာလိမ့်မည်။
အစ်ကိုခိုင်က အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။
“မြို့အနောက်ဘက် မြေအောက်ဘဏ်ကနေ ပြန်လာကတည်းက ငါတို့လူတွေက အထူးသတိထားနေကြပြီး လျို့ချင်းဆီက သတင်းကို အမြဲ စုံစမ်းနေကြတာ၊ ထူးဆန်းတာက လျို့ချင်းဆီက ဘာသတင်းမှ မရှိသေးဘူး၊
သူက သူ့ရဲ့ ဖျော်ဖြေရေးနေရာ အများစုကိုတောင် ပိတ်ထားသေးတယ်၊ ငါ့အထင်တော့ သူ တန်ပြန်တိုက်ခိုက်ဖို့ အကွက်တစ်ခုခု ကြံစည်နေတာ သေချာတယ်”
ယောင်ပင်း၏ မျက်နှာအမူအရာမှာ တည်ကြည်သွားရသည်။
“မှန်တယ်... လျို့ချင်းလိုလူမျိုးက ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး၊ အစ်ကိုခိုင်... ဒီရက်ပိုင်းအတွင်း ခင်ဗျားရဲ့လူတွေကို အထူးသတိထားခိုင်းထားပါ၊ လျို့ချင်းရဲ့ လှုပ်ရှားမှုအသေးစားလေးတွေကိုပါ ကာကွယ်ရမယ်”
“ငါ သိပါတယ်”
မာစတာခိုင်က ခေါင်းညိတ်လိုက်ပြီးနောက် ယောင်ပင်းအား ပြောလာခဲ့လေသည်။
“သခင်လေးယောင်... ဒီအဖြစ်အပျက်ပြီးရင် လျို့ချင်းက မင်းကို ရင်ထဲကနေ နာကျည်းနေမှာ သေချာတယ်၊ လျို့ချင်းက အခြားအကြံအစည်တွေ ရှိနေမလားမသိရအောင် အန်တီ့ကို ဘေးကင်းတဲ့နေရာတစ်ခုဆီ အရင်ရွှေ့ထားတာ ပိုကောင်းလိမ့်မယ်...”
ယောင်ပင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ရုတ်တရက် ထရပ်ကာ တိုးတိုးလေး ဆိုလိုက်ပေသည်။
“မာစတာခိုင်... ကျွန်တော် အခု ချက်ချင်း ပြန်ရမယ်”
သူသည် ဆေးရုံတွင် လူအများအပြားကို စီစဉ်ထားခဲ့သော်လည်း မာစတာခိုင်၏ စကားကြောင့် စိတ်မအေးဖြစ်သွားရသောကြောင့် ပြန်လည်စစ်ဆေးရန် ကြံရွယ်လိုက်ပေသည်။
ယောင်ပင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ မာစတာခိုင်က ချက်ချင်းပင် သူ၏လူများကို အမိန့်ပေးလေသည်။ “မြန်မြန်... လူတွေကို ခေါ်ပြီး ဆေးရုံကို လိုက်သွားကြ၊ သခင်လေးယောင်မှာ တစ်ခုခုဖြစ်ရင် မင်းတို့အားလုံး ချက်ချင်း ကူညီရမယ်”
မာစတာခိုင်၏လူများက သဘောတူလိုက်ကြပြီး ယောင်ပင်းနှင့်အတူ ဆေးရုံဆီသို့ အပြေးအလွှား သွားကြတော့ပေသည်။
သူတို့ ဆယ့်ကိုးထပ်သို့ ရောက်ရုံမျှ ရှိသေးစဉ်မှာပင် သူနာပြုဆရာမတစ်ဦးက ယောင်ပင်းထံသို့ ပျာပျာသလဲ လျှောက်လာခဲ့သည်။
“သခင်လေးယောင်... ကိစ္စရှိလို့ပါ”
ယောင်ပင်း၏ ရင်ခုန်သံမှာ တုန်ယင်သွားပြီး စိုးရိမ်တကြား မေးလိုက်ပေသည်။
“ဘာဖြစ်လို့လဲ”
သူနာပြုဆရာမ၏ မျက်နှာမှာ စိုးရိမ်ရိပ်များ ပြည့်နှက်နေခဲ့သည်။
“အန်တီဟွမ် ပျောက်သွားပြီ”
ကျန်းရှောင်ပေ၏ အမေ ပျောက်ဆုံးသွားတာလား။
ယောင်ပင်းမှာ ခဏမျှ ဆွံ့အသွားပြီးနောက် ကျန်းရှောင်ပေ၏ မိခင်ရှိရာ လူနာဆောင်ဆီသို့ အပြေးအလွှား သွားလေသည်။
သူ ရောက်ရှိသွားသောအခါ လူနာဆောင်အတွင်း လူအုပ်စုတစ်စု စုဝေးနေကြသည်ကို မြင်လိုက်ရပေသည်။
ကျန်းရှောင်ပေ၏ မိခင်ကို ပုံမှန်ပြုစုပေးနေသည့် သူနာပြုဆရာမမှာ မျက်ရည်များ ဝဲလျက် စိုးရိမ်တကြီး ရှင်းပြနေချေသည်။
“ကျွန်မ အပြင်ကို ခဏလေးပဲ ထွက်သွားတာပါ၊ ငါးမိနစ်တောင် မပြည့်ပါဘူး၊ ပြန်လာတော့ သူ မရှိတော့ဘူး၊ ကျွန်မ တကယ်ပဲ ဘာမှ မလုပ်မိပါဘူး...”
“ဒေါက်တာလျို့... စောင့်ကြည့်ရေးကင်မရာ ဗီဒီယိုတွေကို အမြန်စစ်ဆေးပြီး ဘာဖြစ်လဲဆိုတာ ကြည့်ရအောင်”
ဌာနမှူးဆရာဝန်က ကျန်းရှောင်ပေမိခင်၏ တာဝန်ခံဆရာဝန်ကို သတိပေးလေသည်။
“ကျွန်မ ဆေးရုံဒါရိုက်တာကိုလည်း အကြောင်းကြားထားပြီးပြီ၊ သူတို့ မကြာခင် ရောက်လာလိမ့်မယ်”
ဒေါက်တာလျို့သည်လည်း ရုတ်တရက် သဘောပေါက်သွားပြီး စောင့်ကြည့်ရေးအခန်းဆီသို့ သွားရန် အလျင်အမြန် လှည့်ထွက်ခဲ့ပေသည်။
သူ တံခါးဝသို့ ရောက်ရုံရှိသေးစဉ်မှာပင် ယောင်ပင်း ထိုနေရာတွင် ရပ်နေသည်ကို မြင်လိုက်ရပေသည်။
သူသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်နှာအမူအရာမှာ အလွန်အမင်း တင်းမာသွားရသည်။
“မစ္စတာယောင်... ပြန်ရောက်ပြီလား၊ စောစောက သူနာပြုမလေးက ပြောတာ...”
“ကျွန်တော် အားလုံး ကြားပြီးပါပြီ”
ယောင်ပင်းက ဒေါက်တာလျို့၏ စကားကို ဖြတ်ပြောလိုက်ပေသည်။
“ဒေါက်တာလျို့... ဘာဖြစ်လဲဆိုတာ ကြည့်ဖို့ ကျွန်တော်လည်း စောင့်ကြည့်ရေးအခန်းကို လိုက်ခဲ့ပါ့မယ်”
ယောင်ပင်းက သူ့အား အပြစ်တင်ချင်စိတ်မရှိကြောင်းကို မြင်သောအခါ ဒေါက်တာလျို့လည်း သက်ပြင်းချနိုင်သွားပြီး ယောင်ပင်းနှင့်အတူ စောင့်ကြည့်ရေးအခန်းဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားလေသည်။
စောင့်ကြည့်ရေးအခန်းအတွင်း၌ :
နည်းပညာရှင်များသည် အထူးကြပ်မတ်ကုသဆောင် သူနာပြုဆရာမ အခန်းထဲက ထွက်သွားချိန်မှ ပြန်လာချိန်အထိ ဆေးရုံ၏ ထွက်ပေါက်အားလုံးရှိ ဗီဒီယိုမှတ်တမ်းများကို အလျင်အမြန် ဆွဲထုတ်လိုက်ကြပေသည်။
လူအများအပြားက မျက်နှာပြင်ကို စိုက်ကြည့်နေကြသည်။
နောက်ဆုံးတွင် ဆေးရုံ၏ နောက်ဘက်ထွက်ပေါက်၌ ကျန်းရှောင်ပေ၏ မိခင်ကို သူတို့ တွေ့ရှိလိုက်ကြပေသည်။
သူမက တစ်စုံတစ်ဦးကို လိုက်လံရှာဖွေနေသည့်အလား ပျာပျာသလဲ လမ်းလျှောက်နေခဲ့သည်။
“သူ ဘယ်သူ့နောက်ကို လိုက်နေတာလဲ”
ဒေါက်တာလျို့က မျက်နှာပြင်ကို စိုက်ကြည့်ရင်း သံသယများ ပြည့်နှက်နေသော လေသံဖြင့် မေးလေသည်။
“သူ့ပုံစံက အတော်လေးလည်း စိုးရိမ်ပူပန်နေပုံရတယ်”
ယောင်ပင်းမှာတော့ မည်သည့်စကားကိုမျှမပြောဘဲ မျက်နှာပြင်ကိုသာ စိုက်ကြည့်နေခဲ့လေသည်။
*
အခန်း(130)
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် စောင့်ကြည့်ရေးမှတ်တမ်းမျက်နှာပြင်၏ ထောင့်စွန်းတွင် လူရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရပေသည်။
“ရပ်လိုက်”
ထိုလူရိပ်ကို မြင်သောအခါ ယောင်ပင်း၏ ရင်ခုန်သံမှာ တုန်ယင်သွားပြီး နည်းပညာရှင်များကို ချက်ချင်း အော်ဟစ်လိုက်သည်။
နည်းပညာရှင်များသည်လည်း ရပ်တန့်ခြင်းခလုတ်ကို အလျင်အမြန် နှိပ်လိုက်ကြချေသည်။
မျက်နှာပြင်၏ ထောင့်စွန်းတွင် လူရိပ်တစ်ခု ပေါ်လာခဲ့ချေပြီ။
ယောင်ပင်းသည် ရပ်တန့်ထားသော မျက်နှာပြင်၏ ထောင့်စွန်းရှိ လူရိပ်ကို မြင်လိုက်ရသောအခါ စိတ်နှလုံး တုန်လှုပ်သွားပြီး အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားရချေသည်။
သူသည် ထိုလူရိပ်ကို ချက်ချင်းပင် မှတ်မိလိုက်ပေသည်။ ထိုသူမှာ ကာလအတန်ကြာအောင် ပျောက်ဆုံးနေခဲ့သော ကျန်းရှောင်ပေ ဖြစ်ချေသည်။
ကျန်းရှောင်ပေ၏မိခင်သည်က သူမ၏သမီးကို မှီရန်အတွက် ဤမျှ အလောတကြီး ပြေးထွက်သွားရခြင်းဖြစ်လိမ့်မည်။
သူမအနေဖျင့် သမီးဖြစ်သူနှင့် မတွေ့ရသည်က ကြာမြင့်လောက်ပြီဖြစ်ပေ၏။ အကယ်၍ ကျန်းရှောင်ပေက သူမကို ဆေးရုံမှ ခေါ်ထုတ်ရန် ရည်ရွယ်ချက်ရှိရှိ လာရောက်မျှားခေါ်ခြင်း ဖြစ်ပါက သူမ၏မိခင်သည်လည်း သေချာပေါက် နောက်မှ လိုက်သွားလိမ့်မည်။
ပြီးခဲ့သည့်အကြိမ်က ဟောင်ထျန်းချိုင်ပြောခဲ့သည့်စကားများအရာ ကျန်းရှောင်ပေကို မာစတာလျို့က ခေါ်ဆောင်သွားခဲ့သည်ပင်။
သို့ဆိုလျှင် သူမက အဘယ်ကြောင့် ရုတ်တရက် ပေါ်လာပြီး မိခင်ဖြစ်သူကို ဆေးရုံမှ မျှားခေါ်သွားရသည်လဲ။
သူမရဲ့ ရည်ရွယ်ချက်က ဘာလဲ
မိခင်ဖြစ်သူကို ဘယ်နေရာကို ခေါ်ဆောင်သွားမှာလဲ။
မာစတာလျို့ရဲ့ နောက်ကွယ်မှ ကြိုးကိုင်သူက ဒီကိစ္စမှာ နောက်တစ်ကြိမ် ပါဝင်ပတ်သက်နေပြန်ပြီလား။
သို့သော်လည်း ကျန်းရှောင်ပေ၏မိခင်ကို ခေါ်ဆောင်သွားရခြင်းတွင် သူ၏ ရည်ရွယ်ချက်က မည်သည့်အရာများဖြစာနိုင်မည်နည်း။
ယောင်ပင်းသည် ယနေ့ ဆေးရုံသို့ ရောက်ရှိလာသောအခါ သူ့ကို လာရောက်ကြိုဆိုကြသော သူနာပြုဆရာမများ၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေသည်ကို မြင်ခဲ့ရသည်။
ယောင်ပင်း၏ ပထမဆုံး အတွေးမှာ ‘ငါ့အမေ တစ်ခုခု ဖြစ်ပြီလား’ ဟူ၍ ဖြစ်ပေသည်။
အဆုံးတွင် သူသည်က လျို့ချင်း၏လက်ထဲတွင် အရှက်တကွဲ အရေးနိမ့်မှုကို ခံစားခဲ့ရဖူးသဖြင့် လျို့ချင်းဘက်မှ ဒေါသများထွက်နေလောက်ပင်။ ထို့ကြောင့် သူ့ကို အန္တရာယ်ပြုရန် သေချာပေါက်ကြံစည်လိမ့်မည်။
သူ၏မိခင်မှာ သူ၏ အားနည်းချက် ဖြစ်ပေသည်။
သို့သော်လည်း ပါဝင်ပတ်သက်နေသူက ကျန်းရှောင်ပေ၏မိခင် ဖြစ်လိမ့်မည်ဟု ယောင်ပင်း လုံးဝ မျှော်လင့်မထားခဲ့ချေ။
ထို့ထက် ပို၍ဆိုးသည်မှာ ကျန်းရှောင်ပေ၏မိခင်ကို မည်သူက ခေါ်ဆောင်သွားသည်ကို သူ မသိသေးခြင်းပင်။
သူမ၏ မတော်တဆမှုတွင် လျို့ချင်း ပါဝင်ပတ်သက်နေခြင်း ရှိမရှိကိုပင် သူ အသေအချာ မသိရသေးချေ။
ခဏမျှ တွေးတောပြီးနောက် ယောင်ပင်းက ဒေါက်တာလျို့အား မေးလိုက်ပေသည်။
“ဒေါက်တာလျို့... အန်တီဟွမ် လူနာဆောင်ကနေ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ”
“မိနစ်နှစ်ဆယ်လောက် ရှိပါပြီ”
ဒေါက်တာလျို့က ခဏမျှ စဉ်းစားပြီးနောက်ထပ်ပြောခဲ့သည်။
“မစ္စတာယောင် မရောက်ခင် ဆယ်မိနစ်လောက်အလိုမှာ သူ လူနာဆောင်ထဲမှာ မရှိတော့တာကို ကျွန်တော်တို့ သတိထားမိတာပါ”
ယောင်ပင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏မိခင်ကို အနီးကပ် စောင့်ကြည့်ထားရန် ဒေါက်တာလျို့အား ညွှန်ကြားလိုက်သည်။
ထို့နောက် စောင့်ကြည့်ရေးအခန်းထဲမှ အလျင်အမြန် ပြေးထွက်လာကာ ခိုင်ယဲ့၏လူများကို ဆေးရုံနောက်တံခါးမှတစ်ဆင့် လိုက်လံရှာဖွေရန်နှင့် တစ်စုံတစ်ရာသော သဲလွန်စ ရရှိနိုင်မလား စစ်ဆေးရန် အမိန့်ပေးလိုက်သည်။
ယောင်ပင်း စီစဉ်မှုများ ပြုလုပ်ပြီးရုံမျှ ရှိသေးစဉ်မှာပင် ခိုင်ယဲ့ထံမှ ဖုန်းဝင်လာခဲ့ချေပြီ။
“သခင်လေးယောင်... မင်း ခန့်မှန်းတာ မှန်တယ်၊ လျို့ချင်း လှုပ်ရှားလာပြီ၊ မြို့ထဲက နိုက်ကလပ်တစ်ခုမှာ ကျွန်တော်တို့လူတွေ လျို့ချင်းရဲ့လူတွေဆီကနေ တိုက်ခိုက်ခံလိုက်ရတယ်၊ အခု ငါ အဲဒီကို လူတွေခေါ်ပြီး သွားနေပြီ”
ယောင်ပင်း ဖုန်းကိုင်လိုက်သည်နှင့် မာစတာခိုင်က ပျာပျာသလဲ မေးလေသည်။
“သခင်လေးတို့ဘက်မှာ အခြေအနေ ဘယ်လိုလဲ”
ယောင်ပင်းက မျက်မှောင်ကုတ်လိုက်သည်။
ကျန်းရှောင်ပေ၏မိခင် ပျောက်ဆုံးသွားသည်မှာ မကြာသေးချေ။ ယခုအချိန်တွင် မာစတာခိုင်ပါ ဒုက္ခနှင့် ကြုံတွေ့နေရပြီလား။
ထိုနှစ်ခုကြားတွင် တစ်စုံတစ်ရာသော ဆက်စပ်မှု ရှိနေသည်လား။
“အစ်ကိုခိုင်...”
ယောင်ပင်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖုန်းအခြားတစ်ဖက်မှ မာစတာခိုင်အား အလျင်အမြန် ပြောလိုက်ပေသည်။
“ကျန်းရှောင်ပေရဲ့ အမေလည်း ပျောက်ဆုံးသွားပြီ... ကျွန်တော်ကတော့ မာစတာလျို့နဲ့ သူ့နောက်ကွယ်က ကြိုးကိုင်သူရဲ့ လက်ချက်လို့ သံသယရှိနေတယ်၊
အခုကြည့်ရတာ လျို့ချင်းနဲ့လည်း သက်ဆိုင်နေပုံရတယ်၊ ခင်ဗျား အဲဒီကိစ္စကို အရင်သွားရှင်းလိုက်ပါ၊ အထူးသတိထားဖို့တော့ သတိရဦး၊ သူတို့ကို ထိပ်တိုက်မတွေ့ပါနဲ့၊
လျို့ချင်းက အခုလေးတင် ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ကြုံထားရတာဆိုတော့ အခွင့်အရေးကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ဘူး”
မာစတာခိုင်က သဘောတူလိုက်ပြီး ဖုန်းအခြားတစ်ဖက်မှ ကားအင်ဂျင်သံ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာချေသည်။
မာစတာခိုင်က ဖြစ်ပွားရာ မြို့ထဲမှ နိုက်ကလပ်ဆီသို့ သွားရာလမ်းတွင် ရောက်ရှိနေပုံရသည်။
တီ... တီ...
ယောင်ပင်း ဖုန်းချလိုက်ရုံမျှ ရှိသေးသည်။
သူ၏ဖုန်းထဲသို့ စာတစ်စောင် ရုတ်တရက် ဝင်လာခဲ့လေသည်။
ထိုစာမှာ ရိုးရှင်းပြီး စာတစ်ကြောင်းတည်းသာ ဖြစ်သော်လည်း ယောင်ပင်း၏ သွေးများကို ဆူပွက်သွားစေရန် လုံလောက်ပေသည်။
စာထဲတွင်:
“မဒမ်ဟွမ်က ငါတို့လက်ထဲမှာ ရှိတယ်၊ တကယ်လို့ မင်း သူ့ကို အသက်ရှင်စေချင်ရင် ငါတို့ရဲ့ အမိန့်တွေကို နာခံရမယ်”
ကျန်းရှောင်ပေ၏မိခင်နှင့် ပတ်သက်သော သတင်းကို ရရှိခဲ့ချေပြီ။
ယောင်ပင်းအလျင်အမြန် ပြန်စာပို့လိုက်ပေသည်။
“မင်းက လျို့ချင်းလား”
ခဏအကြာတွင် အခြားတစ်ဖက်မှပြန်လည်ဖြဆလာခဲ့သည်။
“ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက မင်းရှာနေတဲ့လူက ငါတို့လက်ထဲမှာ ရှိနေတာပဲ”
ယောင်ပင်း၏ နှလုံးသားက တုန်ယင်သွားရပေသည်။ ကျန်းရှောင်ပေ၏မိခင်က ဤလူ၏ လက်ထဲတွင် ရှိနေချေပြီ။
ယောင်ပင်းသည် တစ်ဖက်မှ သူ့အား လုပ်ဆောင်စေချင်သည့်အရာအကြောင်းကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် စာတစ်စောင် ထပ်မံဝင်လာပြန်သည်။
“မင်း လူကို ရှာချင်ရင် ဟန်ဟိုင်လမ်း နံပါတ်တစ်ကို သွားလိုက်”
ထို့နောက်တွင် မည်သည့်စာမျှ ထပ်မံဝင်ရောက်လာခြင်း မရှိတော့ချေ။
ယောင်ပင်း ဖုန်းပြန်ခေါ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းလိုင်းမှ သူခေါ်ဆိုသော နံပါတ်ကချိတ်ဆက်ထားခြင်း မရှိဟုသာ အကြောင်းပြန်နေခဲ့သည်။
တစ်ဖက်လူက ယောင်ပင်း ခြေရာခံမိမည်ကို စိုးရိမ်သဖြင့် လျှို့ဝှက်နံပါတ်တစ်ခုကို အသုံးပြုထားခြင်း ဖြစ်ပုံရသည်။
ကျန်းရှောင်ပေ၏မိခင်ကို ရှာဖွေရန်အတွက် သူသည်က တစ်ဖက်လူ ပေးထားသော နေရာသို့ သွားရုံမှလွဲ၍ မတတ်နိုင်တော့ပေ။
ဤအချိန်တွင် ယောင်ပင်းတစ်ယောက် ပြီးခဲ့သည့်အကြိမ်က မိခင်ဖြစ်သူ ပြန်ပေးဆွဲခံရစဉ်က ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်မှုကို ပြန်လည်ခံစားလိုက်ရပေသည်။
ထို့ထက် ပို၍ဆိုးသည်မှာ ပြီးခဲ့သည့်အကြိမ်က မိခင်ဖြစ်သူ၏ ပျောက်ဆုံးမှုဖြစ်စေ၊ ယခုတစ်ကြိမ် ကျန်းရှောင်ပေမိခင် ပျောက်ဆုံးမှုဖြစ်စေ ထိုနှစ်ခုလုံးမှာ ကျန်းရှောင်ပေကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပေသည်။
ကျန်းရှောင်ပေက တကယ်ပဲဘယ်လိုလူမျိုးအဖြစ် ပြောင်းလဲသွားခဲ့ရတာလဲ။
ဤအကြောင်းကို တွေးမိပြီး ယောင်ပင်း ကျောချမ်းသွားရပေသည်။
သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး အငှားယာဉ်တစ်စီးကို တားကာ ဟန်ဟိုင်လမ်း နံပါတ်တစ်သို့ အပြေးအလွှား သွားခဲ့သည်။
ထိုနေရာသို့ မသွားမီ ယောင်ပင်းက မာစတာခိုင်အား အထူးဖုန်းခေါ်ဆို၍ ညွှန်ကြားချက်အချို့ကို တိုးတိုးလေး မှာကြားခဲ့ပြီးနောက် ဟန်ဟိုင်လမ်း နံပါတ်တစ်ကို ရှာဖွေရန်သာ စိတ်နှစ်လိုက်တော့သည်။
ဟန်ဟိုင်လမ်း နံပါတ်တစ်သို့ မသွားမီ အငှားယာဉ်မောင်းက သူ့အနေဖြင့် နံပါတ်နှစ်နှင့် နံပါတ်သုံးကို သိသော်လည်း ဟန်ဟိုင်လမ်း နံပါတ်တစ်ဟူသော နေရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးကြောင်း ပြောခဲ့ပေသည်။
ယောင်ပင်းမှာ ထိုအချိန်က ဤစကားကို အလေးအနက် မတွေးမိခဲ့ချေ။
အငှားယာဉ်မောင်းက နံပါတ်နှစ်နှင့် နံပါတ်သုံးကို သိပါက ထိုနေရာများ၏ ဘေးကပ်လျက်တွင် ရှိသော နေရာမှာ နံပါတ်တစ် ဖြစ်ရမည် မဟုတ်ပါလော။
သို့သော်လည်း သူတို့ ဟန်ဟိုင်လမ်းသို့ ရောက်ရှိပြီးနောက် အငှားယာဉ်မောင်းက ယောင်ပင်းကို ခေါ်ဆောင်၍ ဟန်ဟိုင်လမ်းပေါ်တွင် အသွားအပြန် အကြိမ်အနည်းငယ် မောင်းနှင်ခဲ့သော်လည်း ဟန်ဟိုင်လမ်း နံပါတ်တစ်ကိုတော့ ရှာမတွေ့ခဲ့ချေ။
ယောင်ပင်းသည်လည်း စိတ်ပျက်လက်ပျက် ဖြစ်သွားရသဖြင့် ကားပေါ်မှ ဆင်းကာ အနီးတစ်ဝိုက်ကို စုံစမ်းရတော့ပေသည်။
ပထမဦးစွာ ယောင်ပင်းာ လမ်းသွားလမ်းလာများကို မေးမြန်းခဲ့ပေသည်။
သို့သော်လည်း သူတို့အားလုံးက အငှားယာဉ်မောင်း ပြောခဲ့သည့်အတိုင်း ဟန်ဟိုင်လမ်း နံပါတ်တစ်ဟူသော နေရာမျိုး မရှိပါဟုသာ တညီတညွတ်တည်း ဖြေခဲ့ကြသည်။
ယောင်ပင်း ဆွံ့အသွားရပေသည်။
တစ်ဖက်လူက မာစတာခိုင်ကို တိုက်ခိုက်ရန် အချိန်ဆွဲသည့်အနေဖြင့် သူ့အား အမှန်တကယ်မရှိသော နေရာတစ်ခု၏လိပ်စာဖြင့် လိမ်လည်ခဲ့ခြင်းများလား။
ယောင်ပင်း မာစတာခိုင်ထံသို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။
တီ... တီ..
မာစတာခိုင်၏ ဖုန်းမှာ ဆက်တိုက် မြည်နေသော်လည်း မည်သူမျှ ကိုင်ခြင်း မရှိချေ။
ယောင်ပင်း၏ ရင်ထဲတွင် စိုးရိမ်စိတ်များ တိုးပွားလာရချေပြီ။
“လူငယ်လေး... မင်း ဟန်ဟိုင်လမ်း နံပါတ်တစ်ကို ရှာနေတာလား”
ယောင်ပင်းသည် မာစတာခိုင်ကို ရှာရန် နောက်ပြန်လှည့်ခါနီးတွင်ပင် လမ်းလျှောက်လာသော အဖိုးအိုတစ်ဦးက သူ့ကို တားဆီးလိုက်ပြီး အပေါ်အောက် အကဲခတ်ကာ အံ့ဩတကြီး မေးလေသည်။
“မိုးတောင် ချုပ်နေပြီလေ၊ ဟန်ဟိုင်လမ်း နံပါတ်တစ်မှာ မင်း ဘာသွားလုပ်မလို့လဲ”
ယောင်ပင်းသာ အမြင်မမှားပါက ထိုအဖိုးအိုအနေဖြင့် ယောင်ပင်းက ဟန်ဟိုင်လမ်း နံပါတ်တစ်သို့ သွားမည်ကို သိလိုက်ရသောအခါ သူ၏မျက်နှာတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားခဲ့ပုံရသည်။
ယောင်ပင်း ခနတွေးလိုက်ပြီး ဆင်ခြေတစ်ခုကို အလျင်အမြန် စဉ်းစားလိုက်လေသည်။
သူက သူ၏ မိသားစုဝင်တစ်ဦး ပျောက်ဆုံးနေကြောင်းနှင့် တစ်စုံတစ်ဦးက ထိုပျောက်ဆုံးနေသော မိသားစုဝင်ကို ဟန်ဟိုင်လမ်း နံပါတ်တစ်အနီးတွင် မြင်တွေ့ခဲ့ရကြောင်း ပြောသဖြင့် အလျင်အမြန် လာရောက်ရှာဖွေခြင်း ဖြစ်ကြောင်း ပြောလိုက်သည်။
ယောင်ပင်းအနေဖြင့် ထိုအဖိုးအို၏ လေသံနှင့် မျက်နှာအမူအရာမှာ အနည်းငယ် ပုံမှန်မဟုတ်ဟု မရေရာ ခံစားမိသည်။ သို့သော်လည်း ဟန်ဟိုင်လမ်း နံပါတ်တစ်ကို ရှာဖွေနိုင်ရန်အတွက် ယောင်ပင်းတစ်ယောက် အံကြိတ်ကာ ဆင်ခြေကိုသာ ဆက်လက်ဖန်တီးရုံသာ တတာနိုင်ခဲ့သည်။
“မင်းအတွက် အတော်လေး ပင်ပန်းမှာပဲ၊ မင်းဝတ်ထားတဲ့ ကျောင်းဝတ်စုံကို ကြည့်ရတာ အထက်တန်း ကျောင်းသားလေးပဲ ရှိသေးတာ မဟုတ်လား၊ ဒီအရွယ်လေးနဲ့ ဒီလိုကိစ္စမျိုးကို စိတ်ပူနေရပြီ”
အဖိုးအိုသည် သံသယမရှိဘဲ သနားဂရုဏာသက်သော မျက်နှာအမူအရာဖြင့် သက်ပြင်းအနည်းငယ်ချကာ ရှေ့သို့ ညွှန်ပြလေသည်။
“ဟန်ဟိုင်လမ်း နံပါတ်တစ်ဆိုတာ အရင်က သင်္ချိုင်းဟောင်းတစ်ခုလေ၊ ဒါပေမဲ့ မကြာသေးခင်ကတည်းက ဘယ်သူမှ လာမထိန်းသိမ်းကြတော့ တကယ့် လူသေတွင်းကြီးလို ဖြစ်နေတာ၊
ဒီရက်ပိုင်းမှာ ဒီနေရာကို သိတဲ့သူ သိပ်မရှိတော့ဘူး၊ မင်းရဲ့ မိသားစုဝင်က ဟန်ဟိုင်လမ်း နံပါတ်တစ်မှာ ရှိနေတာ သေချာလို့လား”
*