← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း(123)

ဤမျှကာလပတ်လုံး ကြံစည်ခဲ့ပြီးနောက် လျို့ချင်းတစ်ယောက် နောက်ဆုံးတွင် အခွင့်အရေးကောင်းကို ရှာတွေ့သွားခဲ့ချေပြီ။

ကျဲ့ကျန်းမှ သြဇာကြီးသည့် ဟောင်ထျန်းချိုင်မှ သန်းကိုးရာပေး၍ ခုနကတင် ဝယ်ယူထားသော အကုသိုလ်ဖော်မှန်ကို ယောင်ပင်းက “ခွဲပစ်လိုက်သည်” မဟုတ်ပါလား။

ပွဲစီစဉ်သူတစ်ဦးအနေနှင့် ဝယ်ယူသူဘက်ကနေ တရားမျှတမှု ရှာပေးရမည်ပင်။

ဤကိစ္စအတွက် သူ့ကို မည်သူမျှ ဝေဖန်နိုင်တော့မည်မဟုတ်ပေ။ ယောင်ပင်းဘက်မှ ရပ်တည်ပေးခဲ့ကြသော ဂိုဏ်းခေါင်းဆောင်နှင့် အဘိုးကြီးလူတို့ပင်လျှင် မည်သည်ကိုမှပြောနိုင်မည်မဟုတ်ချေ။

ထို့အပြင် ဤနေရာမှာ သူ၏နယ်မြေဖြစ်ပေသည်။ တစ်စုံတစ်ယောက်က ယောင်ပင်းဘက်မှ ရပ်တည်ပေးချင်လျှင်ပင် သူနှင့် ဟောင်ထျန်းချိုင် နှစ်ယောက်စလုံးကို ရန်သူဖြစ်အောင် လုပ်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ကို ထည့်သွင်းစဉ်းစားရပေလိမ့်မည်။

လျို့ချင်း၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရသောအခါ ယောင်ပင်းသည် အပြစ်ကင်းစင်သောပုံစံဖြင့် သူ၏လက်နှစ်ဖက်ကို မြှောက်ပြလိုက်သည်။

“မစ္စတာဟောင်... ဘော့စ်လျို့... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး၊ ဒီမှန်ထဲက တစ်ခုခုက ကျွန်တော့်လက်ကို လာထိုးလို့ မတော်တဆ လွှတ်ချမိသွားတာပါ”

ဟောင်ထျန်းချိုင်က ကြမ်းပြင်ပေါ်မှ ကောက်ယူလိုက်သော မှန်ကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။

“ဘာက မင်းကို လာထိုးတာလဲ”

“မစ္စတာဟောင်... ဒီကောင်လေးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်ပါနဲ့”

လျို့ချင်းက အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။

“ဒီမှန်က မှော်လက်နက်တစ်ခုလေ၊ အဲဒါက မကောင်းဆိုးဝါးတွေကိုပဲ ပစ်မှတ်ထားတာ၊ လူတွေကို မဟုတ်ဘူး။ ဘယ်လိုလုပ် မင်းကို လာထိုးမှာလဲ၊ သခင်လေးယောင်ရဲ့ ကိုယ်ပေါ်မှာပဲ မစင်ကြယ်တဲ့အရာတစ်ခုခု ကပ်ပါနေလို့များလား”

သူသည်က ယောင်ပင်းအား တမင်သက်သက် သိက္ခာချရန် ကြိုးစားနေခြင်းပင်။ မည်သို့ပင်ဖြစ်စေ ယောင်ပင်းကို သူနှင့်အတူ ဆွဲချနိုင်သရွေ့ နောက်ထပ် စွပ်စွဲချက်တစ်ခု ထပ်တိုးလိုက်ခြင်းက အရေးကြီးသည့်အရာမဟုတ်ပေ။

သို့သော် အခြေအနေကို မသိသော ရောက်ရှိနေသည့် ဂိုဏ်းစတားကြီးများကတော့ လျို့ချင်း၏ စကားကြောင့် အံ့အားသင့်သွားကြပြီး အလိုအလျောက် နောက်ဆုတ်ကာ ယောင်ပင်းနှင့် ခပ်ခွာခွာနေလိုက်ကြတော့သည်။

ဟောင်ထျန်းချိုင်ပင်လျှင် အံ့ဩသွားပုံရပြီး မှန်ကို လက်ထဲတွင် တင်းတင်းဆုပ်ကိုင်ထားလေသည်။

ဂိုဏ်းစတားကြီးများ၏ တုံ့ပြန်မှုကို မြင်သောအခါ လျို့ချင်း၏ မျက်လုံးများတွင် ကျေနပ်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ယောင်ပင်းမှာ သူ့ကိုယှဉ်ရန် တော်တော်လေး ငယ်သေးသည်။

ယခုအချိန်တွင် ယောင်ပင်းက ဟောင်ထျန်းချိုင်၏ အကုသိုလ်ဖော်မှန်ကို ခွဲပစ်လိုက်လေပြီ။ သူကလည်း ဂိုဏ်းစတားကြီးများကို လိုသလို လှည့်စားထားနိုင်ပြီဖြစ်၍ ယောင်ပင်းအနေဖြင့် ဤအခြေအနေကို ပြောင်းပြန်လှန်ရန် မလွယ်ကူတော့ပေ။

“နားထောင် ... သခင်လေးယောင်ကို ဖမ်းဆီးလိုက်ကြစမ်း”

မည်သည့် ဂိုဏ်းစတားမှ စကားမပြောသည်ကို မြင်သောအခါ လျို့ချင်းက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“ကျွန်တော့်နယ်မြေထဲမှာ တစ်ခုခုဖြစ်လာရင် မစ္စတာဟောင်ကို ကျွန်တော့်ဘက်က ရှင်းပြချက် ပေးရမယ်၊ သခင်လေးယောင်ကို အရင် ခေါ်ထုတ်သွားလိုက်ကြ၊ ပြီးမှ သူ့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ကြတာပေါ့”

သူ၏အမိန့်အရ သန်မာသော လူကြီးများမှာ ယောင်ပင်းကို လျင်မြန်စွာ ဝိုင်းရံထားလိုက်ကြသည်။ ခိုင်ယဲ့၏ လူများကလည်း ဝုန်းကနဲ မတ်တပ်ရပ်လိုက်ကြ၏။

ယောင်ပင်းဆီမှ အချက်ပြမှု မရသဖြင့် ကျင်းကျုံး ဂိုဏ်းရှစ်ဂိုဏ်းမှ လူများကတော့ မလှုပ်မယှက် ရှိနေကြသေးသည်။

လေထုမှာ တစ်ဖန် ပြန်လည် တင်းမာသွားချေပြီ။

“စိတ်မရှိပါနဲ့... ဒီထဲမှာ ယင်နဲ့ယန်အကြောင်းကို နားလည်တဲ့ တာအိုဘုန်းကြီး ဒါမှမဟုတ် မာစတာတွေ ပါလား”

ယောင်ပင်းက သူ့ကို ဝိုင်းထားသော လူများကို ဂရုမစိုက်ဘဲ အခြားသူများဘက်သို့ လှည့်၍ မေးလိုက်သည်။

“ဒီအကုသိုလ်ဖော်မှန်ထဲမှာ ဘာရှိနေလဲဆိုတာကို ပညာရှင်တစ်ယောက်လောက်ကို ကြည့်ခိုင်းချင်လို့ပါ”

သူ စကားမဆုံးမီမှာပင် လျို့ချင်းက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“သခင်လေးယောင်... ဒီအကုသိုလ်ဖော်မှန်က မစ္စတာဟောင်ရဲ့ ပစ္စည်းဖြစ်သွားပြီ၊ ဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မစ္စတာဟောင်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်လိမ့်မယ်၊

မစ္စတာဟောင်ရဲ့ ပစ္စည်းကို ဒီလောက် ဇွတ်တရက် စစ်ဆေးခိုင်းတာက သူ့ကို လုံးဝ ဂရုမစိုက်တာပဲ”

လျို့ချင်းသည်က ယောင်ပင်းကို တားဆီးရန်အတွက် ဟောင်ထျန်းချိုင်ကို အသုံးချရန် ကြိုးစားနေခြင်းပင်။

ယောင်ပင်းက အေးစက်စွာ ပြုံးလိုက်ပြီး ဟောင်ထျန်းချိုင်ဘက်သို့ လှည့်မေးလာသည်။

“မစ္စတာဟောင်... ခင်ဗျား ဒီလိုမျိုးအထဲမှာ ဘာပါလဲဆိုတာကိုမသဲကွဲတဲ့ပစ္စည်းကို အိမ်ပြန်သယ်သွားဝံ့လို့လား၊ ခုနက အကုသိုလ်ဖော်မှန်ထဲမှာ ဘာရှိနေလဲဆိုတာ ခင်ဗျားလည်း မြင်လိုက်တာပဲ၊ အဲဒါက ဘာလဲဆိုတာ ခင်ဗျား မသိချင်ဘူးလား”

ဟောင်ထျန်းချိုင် တုံ့ဆိုင်းသွားရသည်။ ခဏအကြာတွင် သူက ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တော့သည်။

ဟောင်ထျန်းချိုင်သည် ခန်းမ၏ အခြားတစ်ဖက်တွင် ထိုင်နေသော လူဝကြီးတစ်ဦးဘက်သို့ လှည့်လိုက်သည်။

“အစ်ကိုကော်... ဒီနေ့ အစ်ကိုနဲ့အတူ မာစတာဝမ်လည်း ပါလာတာ ကျွန်တော် သိပါတယ်၊ မာစတာဝမ်ကို ဒီအကုသိုလ်ဖော်မှန်ထဲမှာ ဘာတွေ ထူးဆန်းနေလဲဆိုတာ တစ်ချက်လောက် ကြည့်ပေးဖို့ တောင်းဆိုပေးပါဦး”

သူသည်က ယောင်ပင်းကို မယုံကြည်သော်လည်း နောက်ထပ်တစ်ကြိမ် စစ်ဆေးခြင်းက အမြဲတစေ ပိုကောင်းပေသည်။ သို့မဟုတ်ပါက လျို့ချင်း၏ နယ်မြေပြင်ပသို့ ရောက်သွားလျှင် လျို့ချင်းက လုံးဝ ဝန်ခံတော့မည်မဟုတ်ပေ။

ဟောင်ထျန်းချိုင်၏ တောင်းဆိုမှုကို ကြားသောအခါ လူဝကြီးက သဘောတူညီစွာဖြင့် ခေါင်းညိတ်ခဲ့သည်။

“ပြဿနာမရှိပါဘူး အစ်ကိုဟောင်... တစ်ခုခု လိုအပ်ရင် ပြောလိုက်လို့ရတယ်”

ထိုသူ သဘောတူပြီးနောက် သူ၏နောက်မှ အသက်ငါးဆယ်ခန့်ရှိကာ ကြင်နာတတ်သော မျက်နှာထားရှိသည့် အမျိုးသားတစ်ဦးအှ အနည်းငယ် ခေါင်းငြိမ့်ပြကာ ဟောင်ထျန်းချိုင်ထံသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

သူက အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောလိုက်လေသည်။

“မစ္စတာဟောင်... အကုသိုလ်ဖော်မှန်ကို ကျွန်တော့်ဆီ ခဏလောက် ပေးပါဦး”

မာစတာဝမ် ပေါ်ထွက်လာခြင်းမှာ ခန်းမအတွင်းရှိ လူများကို တစ်ဖန် ဆူညံသွားစေပြန်သည်။ အထူးသဖြင့် ကျဲ့ကျန်းမှ ဂိုဏ်းစတားကြီးများကြားတွင် ဖြစ်ပေသည်။

ဤမာစတာဝမ်မှာ ယင်နှင့်ယန်ကို ခွဲခြားနိုင်ပြီး၊ ဖုန်းရွှေကိုလည်း ကြည့်ရှုနိုင်သည့်အပြင် ယင်လောကနှင့် ယန်လောကကြား ကူးလူးသွားလာနိုင်သူလည်း ဖြစ်ချေ၏။

သူသည် ကျဲ့ကျန်းတွင် အလွန်ပင် နာမည်ကျော်ကြားသည်။

အကယ်၍ သူသာ အကုသိုလ်ဖော်မှန်ကို စစ်ဆေးမည်ဆိုလျှင် သေချာပေါက် အမှန်အတိုင်းသိနိုင်လိမ့်မည်။

လျို့ချင်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ပေ။ အကယ်၍ သူသာ ဤစစ်ဆေးမှုကို တားဆီးလိုက်ပါက သူ့ဘက်မှ မရိုးသားကြောင်း သက်သေပြသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် သူက ယောင်ပင်းကို မကျေမနပ် စိုက်ကြည့်နေရင်း မာစတာဝမ်အား စစ်ဆေးခွင့် ပေးလိုက်ရတော့သည်။

မာစတာဝမ်က အကုသိုလ်ဖော်မှန်ကို ကောက်ကိုင်လိုက်သောအခါ လူတိုင်း၏ မျက်လုံးများမှာ သူ၏ထံသို့ ရောက်ရှိသွားကြသည်။ မာစတာဝမ်က မှန်ကို အနီးကပ် သေချာကြည့်ရှုပြီးနောက် သူ၏လက်ညှိုးကို ကိုက်လိုက်ကာ အလယ်ရှိ ကြေးမှန်သားပေါ်သို့ သွေးတစ်စက် အမြန်ချလိုက်လေသည်

စီ... စီ...

မာစတာဝမ်၏ သွေးမှာ ကြေးမှန်သားပေါ်သို့ ကျသွားသည်နှင့် အသံတစ်သံ ထွက်ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားချေ၏။ ကြေးမှန်မှာ အလွန်ပူနေပြီး သွေးမှာ အငွေ့ပျံသွားသကဲ့သို့ပင်။

ဒုန်း... ဒုန်း... ဒုန်း...

မာစတာဝမ်၏ သွေးများ ပျောက်ကွယ်သွားပြီးနောက် အကုသိုလ်ဖော်မှန်၏ အတွင်းပိုင်းမှ တဒုန်းဒုန်း အသံများ ဆက်တိုက် ထွက်ပေါ်လာချေပြီ။ တစ်စုံတစ်ခုက မှန်အတွင်းမှနေ၍ အပြင်သို့ ထွက်ရန် ကြိုးစားနေသကဲ့သို့ပင်။

ခန်းမအတွင်းရှိ လူတိုင်း၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြသည်။

“အဲဒါ ဘာလဲ”

“အကုသိုလ်ဖော်မှန်ထဲမှာ တကယ်ပဲ တစ်ခုခု ရှိနေတာလား”

…

မာစတာဝမ်၏ မျက်နှာအမူအရာမှာလည်း အကြီးအကျယ် ပြောင်းလဲသွားပြီး ဟောင်ထျန်းချိုင်အား စိုးရိမ်တကြီး ပြောလိုက်သည်။

“မစ္စတာဟောင်... ဒီအကုသိုလ်ဖော်မှန်ထဲမှာ ရန်ငြိုးကြီးတဲ့ တစ္ဆေတွေကို ဝါးမြိုတတ်တဲ့ မိစ္ဆာတစ်ကောင် ရှိနေတယ်”

“ဘာ... မိစ္ဆာတစ်ကောင် ဟုတ်လား”

ဟောင်ထျန်းချိုင်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူလျော်သွားလေသည်။

“မာစတာဝမ်... ဒီအကုသိုလ်ဖော်မှန်ထဲမှာ တကယ်ပဲ မိစ္ဆာတစ်ကောင် ရှိနေတာ သေချာလို့လား”

အမှန်တော့ ဟောင်ထျန်းချိုင်က မာစတာဝမ်ကို ယုံကြည်ပေသည်။ သို့သော် သူ၏ ထိတ်လန့်မှုကြောင့် အလိုလို ထပ်မေးမိခြင်း ဖြစ်၏။

ယခုအချိန်တွင် အကုသိုလ်ဖော်မှန်အတွင်းမှ တဒုန်းဒုန်း အသံများမှာ ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်သဖြင့် မာစတာဝမ်ပင်လျှင် ၎င်းကို ငြိမ်နေအောင် လက်နှစ်ဖက်ဖြင့် တင်းတင်း ဆုပ်ကိုင်ထားရလေသည်။

မာစတာဝမ်မှာ ပြန်ဖြေရန် အချိန်မရှိဘဲ သူ၏ကိုယ်ပေါ်မှ မန္တန်စက္ကူတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်ပြီး ကြေးမှန်ပေါ်ရှိ အက်ကွဲကြောင်းပေါ်သို့ အမြန်ကပ်လိုက်သည်။ ထို့နောက်မှ ဟောင်ထျန်းချိုင်အား ခေါင်းငြိမ့်ပြလိုက်သည်။

“မစ္စတာဟောင်... ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ ကျော်ကြားမှုကို အာမခံပြီး ပြောရဲပါတယ်၊ ဒီအကုသိုလ်ဖော်မှန်ထဲမှာ ရန်ငြိုးကြီးတဲ့ တစ္ဆေတွေကို ဝါးမြိုတဲ့ မိစ္ဆာတစ်ကောင် တကယ် ရှိနေတယ်၊

ဒါတင်မကသေးဘူး၊ ဒီမိစ္ဆာက အရမ်းစွမ်းအားကြီးတယ်၊ ကျွန်တော် အနီရောင်ရွှေမန္တန်ကို သုံးပြီးတော့မှ ခက်ခက်ခဲခဲ နှိမ်နင်းထားရတာပါ”

ဒုန်း!

မာစတာဝမ် စကားမဆုံးမီမှာပင် ကြေးမှန်အတွင်းမှ အသံကျယ်ကြီး တစ်ချက် ထွက်ပေါ်လာပြန်သည်။

ချက်ချင်းပင် မှန်ပေါ်ရှိ အက်ကွဲကြောင်းတွင် ကပ်ထားသော မန္တန်စက္ကူမှာ အလိုလို မီးလောင်သွားတော့သည်။ မာစတာဝမ်၏ လက်ထဲတွင် ရှိနေသော မှန်မှာလည်း စတင် တုန်ခါလာပြီး သူ မည်သည့်အရာမှမလုပ်နိုင်ခင်မှာပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားချေ၏။

ဒုန်း... ဒုန်း... ဒုန်း...

မှန်အတွင်းမှ ထွက်ပေါ်လာသော အသံများမှာ ပို၍ စိတ်စောလာပုံရပေသည်။ အထဲတွင် ရှိနေသည့် အရာမှာ ပို၍ ရုန်းကန်လာပြီး အပြင်သို့ ပေါက်ကွဲထွက်တော့မည့်ပုံရသည်။

“ဒုက္ခပဲ... အထဲကဟာ ထွက်လာတော့မယ်”

“သေစမ်း! ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ၊ ရန်ငြိုးကြီးတဲ့ တစ္ဆေတွေကို ဝါးမြိုတဲ့အရာက အဲဒီတစ္ဆေတွေထက် ပိုပြီး စွမ်းအားကြီးတဲ့ မိစ္ဆာတစ်ကောင် ဖြစ်နေတာပဲ၊ ဘယ်သူကများ ဒီပစ္စည်းကို ယူရါမှာလဲ”

“ကံကောင်းလို့ ငါ မလုမိတာ၊ တွေးကြည့်ရင်တောင် ကြောက်စရာကောင်းတယ်”

…

ရောက်ရှိနေသော ဂိုဏ်းစတားကြီးများအားလုံး မတ်တပ်ရပ်လိုက်ကြပြီး ကြမ်းပြင်ပေါ်တွင် တုန်ခါနေသော မှန်ကို ထိတ်လန့်တကြား စိုက်ကြည့်နေမိကြသည်။

လျို့ချင်း၏ မျက်နှာအမူအရာမှာလည်း အကြီးအကျယ် ပြောင်းလဲသွားချေပြီ။ မှန်အတွင်းရှိ အနက်ရောင် မီးခိုးတန်းမှာ ရန်ငြိုးကြီးသော တစ္ဆေတစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

သို့သော် မာစတာဝမ်မှာ နာမည်ကျော်တစ်ဦး ဖြစ်သည့်အပြင် ယောင်ပင်းနှင့်လည်း လုံးဝ မသိကျွမ်းသူ ဖြစ်သဖြင့် လိမ်ညာမည် မဟုတ်ချေ။

ဤသည်မှာ အဓိက ပြဿနာ မဟုတ်သေးပေ။ အဓိက ပြဿနာမှာ မိစ္ဆာတစ်ကောင် ပါဝင်နေသော ဤသို့သော အကုသိုလ်ဖော်မှန်ကို သူ ထုတ်ပြခဲ့မှန်း သိသွားပါက ရောက်ရှိနေသူများက သူ့ကို မည်သည့်အရာများဆက်လုပ်ကြမည်လဲ ဆိုသည့်အချက်ပင် ဖြစ်ပေသည်။ လျို့ချင်း ဆက်၍ မတွေးရဲတော့ပေ။

*

အခန်း(124)

မှန်အတွင်းမှ အသံများမှာ ပို၍ ကျယ်လောင်လာသည်ကို မြင်သောအခါ ဟောင်ထျန်းချိုင်က မာစတာဝမ်အား အလျင်အမြန် အသနားခံလေတော့သည်။

“မာစတာဝမ်... ကျေးဇူးပြုပြီး အဲဒီမိစ္ဆာကို နှိမ်နင်းပေးပါဦး”

တကယ်တမ်းတွင် ဟောင်ထျန်းချိုင် မတောင်းပန်ခင်မှာပင် မာစတာဝမ်သည် သူ၏ ကိုးဒင်္ဂါးဓားကို ထုတ်ယူလိုက်ပြီး သွေးထဲတွင် နှစ်ကာ အကုသိုလ်ဖော်မှန်ရှိ အက်ကွဲကြောင်းထဲသို့ အလျင်အမြန် ထိုးစိုက်လိုက်ချေပြီ။

ယခုအချိန်တွင် အကုသိုလ်ဖော်မှန်မှာ မိစ္ဆာကို ခဏမျှ ထိန်းထားနိုင်သေးသော်လည်း အကယ်၍ မိစ္ဆာသာ အပြင်သို့ ထွက်လာပါက သူ ပြန်လည် နှိမ်နင်းရန် ပို၍ ခက်ခဲသွားမည် မဟုတ်ပါလား။

ထို့ကြောင့် သူ့အနေဖြင့် မိစ္ဆာ အပြင်မထွက်မီမှာပင် ဖယ်ရှားပစ်ရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။

ဝုန်း!

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ မာစတာဝမ်၏ ကိုးဒင်္ဂါးဓားနှင့် အကုသိုလ်ဖော်မှန် တိုက်မိသောအခါ သတ္တုချင်း ရိုက်မိသည့် အသံမျိုး အရင်ထွက်ပေါ်လာခဲ့သည်။

ပြီးနောက် အနက်ရောင် မီးခိုးတန်း တစ်ခုက ချက်ချင်း ထွက်ပေါ်လာကာ မာစတာဝမ်၏ ကိုးဒင်္ဂါးဓားကို တင်းတင်းကျပ်ကျပ် ရစ်ပတ်လိုက်တော့သည်။

နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေချေပြီ။

ချက်ချင်းပင် မာစတာဝမ်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကိုးဒင်္ဂါးဓားမှာ သူ၏လက်ထဲမှ လွင့်ထွက်သွားတော့သည်။

“အား”

မာစတာဝမ်၏ ပါးစပ်မှ သွေးတစ်လုတ်ပန်းထွက်လာခဲ့လေ၏။

မာစတာဝမ်မှာ ယိမ်းထိုးသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရ၏။

“မာစတာဝမ်”

ဟောင်ထျန်းချိုင်က အော်ဟစ်လိုက်ပြီး သူ့ကို အမြန်သွားတွဲလိုက်လေသည်။

ဒုန်း... ဒုန်း... ဒုန်း...

ဤအချိန်တွင် မှန်အတွင်းမှ ထွက်ပေါ်လာသော အသံများမှာ စည်တီးသံကဲ့သို့ ပို၍ ပို၍ ကျယ်လောင်လာချေပြီ။ မှန်၏ တုန်ခါမှုမှာလည်း ပိုမို မြန်ဆန်လာပြီး နောက်ဆုံးတွင် ရူးသွပ်နေသည့်အလား ကြမ်းပြင်ပေါ်တွင် ပြင်းထန်စွာ တုန်ခါနေတော့သည်။

မှန်အတွင်းရှိ အရာမှာ ရူးသွပ်နေသည့် လူတစ်ယောက်ကဲ့သို့ အပြင်သို့ ထွက်ရန် ကြိုးစားနေကြောင်း မည်သူမဆို မြင်တွေ့နိုင်ပေသည်။

မာစတာဝမ်က ခက်ခက်ခဲခဲ ပြန်မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လူများကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“အားလုံးပဲ.. နောက်ဆုတ်ကြပါ ဒီမိစ္ဆာက မကြာခင်ထွက်လာတော့မယ်၊ သတိထားကြ!”

သူ၏စကားကြောင့် လူတိုင်း၏ မျက်နှာများ အကြီးအကျယ် ပျက်သွားကြတော့သည်။

“မာစတာဝမ်... ခင်ဗျား မြန်မြန် နှိမ်နင်းပေးပါဦး သူ့ကို အပြင်ကို ပေးမထွက်ပါနဲ့”

“ဟုတ်တယ်၊ ဟုတ်တယ်၊ မာစတာဝမ်... ခင်ဗျား ဒီမိစ္ဆာကို မြန်မြန် နှိမ်နင်းပေးပါ၊ အပြင်ထွက်ပြီး ဒုက္ခမပေးပါစေနဲ့”

လူတိုင်းက မာစတာဝမ်အား မိစ္ဆာကို မြန်မြန် နှိမ်နင်းပေးရန် တောင်းဆိုနေကြလေသည်။ မာစတာဝမ်မှာ ကြမ်းပြင်ပေါ်ရှိ မှန်ကို သေသေချာချာ စိုက်ကြည့်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချွေးစေးများဖြင့် ရွဲနစ်နေချေပြီ။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက အံကြိတ်၍ စကားတစ်ခွန်းကိုသာ ပြောလိုက်နိုင်တော့သည်။

“ဒီမိစ္ဆာက အရမ်းကိုစွမ်းအားကြီးလွန်းတယ်၊ ကျွန်တော်... ကျွန်တော် တစ်ယောက်တည်းနဲ့ ဒါကို နှိမ်နင်းဖို့ နည်းလမ်းမရှိတော့ဘူး”

မာစတာဝမ်၏ စကားက လူတိုင်းကို ပို၍ ထိတ်လန့်သွားစေတော့သည်။

ဂိုဏ်းစတားကြီး တချို့မှာ ခန်းမအတွင်းမှ ထွက်ခွာရန် ပြင်လိုက်ကြချေပြီ။ ကျန်သောသူများမှာလည်း ချက်ချင်း ထွက်မသွားကြသေးသော်လည်း သူတို့၏ မျက်နှာတွင် ထိတ်လန့်သည့် အရိပ်အယောင်များ ထင်ရှားလာခဲ့သည်။

လျို့ချင်းကတော့ အကြောက်ဆုံး ဖြစ်နေလေ၏။ သူသည်က မိစ္ဆာကို ကြောက်ရုံတင်မကဘဲ ဤသြဇာကြီးသူများကို ရန်သူဖြစ်အောင် လုပ်မိမည်ကိုလည်း ကြောက်ရွံ့နေရလေပြီ။

ထိုအချိန်တွင် မှန်အတွင်းမှ အသံများမှာ ပို၍ ကျယ်လောင်လာချေပြီ။ ခန်းမအတွင်းရှိ လူတိုင်းမှာ ထိတ်လန့်တကြားဖြစ်ကာ ပရမ်းပတာ နောက်ဆုတ်နေကြလေ၏။ လူတိုင်းမှာ မလုံခြုံသလို ခံစားနေကြရပြီး ဤငရဲခန်းကဲ့သို့သော နေရာမှ လွတ်မြောက်ရန် ခြေထောက် အပိုပါရန်ဆုတောင်းနေမိကြသည်။

ဒုန်း.. ဒုန်း..

လူတိုင်း ခန်းမအတွင်းမှ ထွက်ခွာတော့မည့် အချိန်မှာပင် ခန်းမပတ်လည်မှ တံခါးများမှာ ဝုန်းကနဲ မြည်ကာ တင်းတင်းကျပ်ကျပ် ပိတ်သွားလေတော့သည်။

ခန်းမဆောင်ကြီး တစ်ခုလုံးမှာ ချက်ချင်းပင် မှောင်သွားခဲ့လေသည်။ အနက်ရောင် မီးခိုးတန်း တစ်ခုသည်လည်း မှန်ထဲမှ ဖြည်းဖြည်းချင်း ပျံ့နှံ့လာပြီး ခန်းမတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းမိုးသွားလေ၏။

မကြာမီမှာပင် ခန်းမဆောင်ကြီး တစ်ခုလုံးမှာ လုံးဝ မှောင်မည်းပြီး အရှေ့မှ ကိုယ့်လက်ကိုပင် မမြင်ရလောက်အောင် ဖြစ်သွားခဲ့လေသည်။ လျို့ချင်းမှာ အလွန်ပင် ထိတ်လန့်သွားပြီး တုန်ရီနေချေပြီ။

ယခုတစ်ကြိမ်တွင် သူသည်က တကယ့်ကို ပြဿနာကြီးကြီးမားမားနှင့် ရင်ဆိုင်လိုက်ရချေပြီ။ အကယ်၍ ဤဂိုဏ်းစတားကြီးများသာ တစ်ခုခု ဖြစ်သွားခဲ့ပါက သူတို့၏ လူများက သူ့ကို အရှင်လတ်လတ် ဆွဲဖြဲပစ်ကြလိမ့်မည်။

သူ ဘာလုပ်ရတော့မလဲ။

ထိုစဉ်မှာပင် အေးစက်တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျွန်တော် ခင်ဗျားတို့ကို ကယ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ အခြေအနေ တစ်ခုရှိတယ်”

သေခြင်းနှင့် ရှင်ခြင်းကြားတွင် မည်သူမျှ သေခြင်းတရားကို မရွေးချယ်ကြပေ။

ခန်းမအတွင်းရှိ လူများမှာ လောကဓံမုန်တိုင်းများစွာကို ဖြတ်သန်းလာခဲ့ကြသည့် သြဇာကြီးသူများ ဖြစ်ကြသည်။ သို့သော်လည်း ယခုကဲ့သို့ သူတို့ရှေ့တွင် ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်ရချိန်တွင်တော့ အခြေအနေက မတူညီတော့ပေ။

လူတိုင်းက အလွန်ပင် စိုးရိမ်နေခဲ့ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤခန်းမထဲ၌ပင် သူတို့၏ အသက်များ ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလား။

ကယ်တင်နိုင်သည်ဟူသော တည်ငြိမ်သည့် အသံကို ကြားလိုက်ရသောအခါ စိတ်ဓာတ်အပျော့ဆုံးသူ တချို့က ချက်ချင်းပင် အလျင်အမြန် မေးမြန်းလိုက်ကြသည်။

“မင်း ငါတို့ကို ကယ်ဖို့အတွက် ဘယ်လို အခြေအနေတွေကို သဘောတူရမှာလဲ”

“ဘာပဲဖြစ်ဖြစ်... မင်းသာ ငါတို့ကို ကယ်မယ်ဆိုရင် ဘယ်လို အခြေအနေမျိုးကိုမဆို သဘောတူပါ့မယ်”

ယောင်ပင်းအနေဖြင့် သူတို့၏ ဆိုလိုရင်းကို နားမလည်မည် စိုးသဖြင့် တစ်စုံတစ်ယောက်က အလျင်အမြန်ပင် ထပ်လောင်း ပြောဆိုလိုက်လေသည်။ သူတို့အတွက် အသက်ထက် အရေးကြီးသောအရာ မရှိတော့ပေ။

“ကောင်းပြီ”

တည်ငြိမ်သော အသံက နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။

“ကျွန်တော့်ရဲ့ တောင်းဆိုချက်က ရိုးရိုးလေးပါပဲ၊ ခင်ဗျားတို့ကို ကျွန်တော့်ဘက်က ကယ်စေချင်တယ်ဆိုရင် လျို့ချင်းနဲ့ ပတ်သက်သမျှ စီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ဖြတ်တောက်ရမယ်၊ နောက်ပြီး သူ့နဲ့ ဘယ်တော့မှ ပတ်သက်မှု မရှိတော့ပါဘူးလို့ အာမခံရပါမယ်”

ဆူညံနေသော ခန်းမဆောင်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ ထိုတည်ငြိမ်သော အသံမှ တောင်းဆိုလာသည့် အခြေအနေမှာ ဤသို့ ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ခန်းမအတွင်း ငြိမ်သက်သွားပြီးနောက် ထိုအသံက ဆက်ပြောသည်။

“အားလုံး လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါတယ်၊ ကျွန်တော် ငါးမိနစ် စောင့်ပါ့မယ်”

ငါးမိနစ် ဆိုသည်မှာ ဤဂိုဏ်းစတားကြီးများ ဆုံးဖြတ်ချက်ချရန် လုံလောက်သော အချိန်ပင် ဖြစ်ပေသည်။

အသံခေတ္တ ရပ်သွားပြီးနောက် တစ်စုံတစ်ယောက်က အံ့ဩတကြီး မေးလိုက်သည်။

“မေးပါရစေ... မင်းက သခင်လေးယောင် လား”

ထိုတည်ငြိမ်သော အသံကလည်း ဖုံးကွယ်ထားခြင်း မရှိဘဲ ခေါင်းငြိမ့် ဝန်ခံလိုက်၏။

“မှန်ပါတယ်”

ခန်းမအတွင်း တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ယခုအခါ သူတို့ကို ကယ်တင်နိုင်သူမှာ သခင်လေးယောင် တစ်ဦးတည်းသာ ရှိတော့ကြောင်း လူတိုင်း သိသွားကြပြီ ဖြစ်သည်။

သို့သော် သခင်လေးယောင်၏ တောင်းဆိုချက်မှာ လျို့ချင်းနှင့် ပတ်သက်မှု အားလုံးကို ဖြတ်တောက်ရန် ဖြစ်နေခဲ့သည်။

ဤဂိုဏ်းစတားကြီးများမှာ တစ်ဦးကိုတစ်ဦး သံသယရှိကြသူများဖြစ်သဖြင့် ယောင်ပင်း၏ ရည်ရွယ်ချက်ကို နားမလည်ဘဲ မည်သည့် သဘောထားကိုမျှ အလျှင်အမြန်မပြောရဲကြချေ။

ယောင်ပင်း၏စကားကို ကြားလိုက်ချိန်တွင် လျို့ချင်းတစ်ယောက် ထိတ်လန့်ကာ ဒေါသလည်း ထွက်သွားရသည်။ သူက အသံကို မြှင့်၍ မေးခွန်းထုတ်လိုက်သည်။

“ယောင်ပင်း... မင်း ဘာကို ဆိုလိုတာလဲ မင်းက ငါ့ကို တမင်သက်သက် ဆန့်ကျင်ဖို့ ကြိုးစားနေတာလား”

ယောင်ပင်းကလည်း အေးအေးဆေးဆေးပင် ဝန်ခံလိုက်သည်။

“ဟုတ်တယ်”

“မင်း !”

လျို့ချင်းမှာ ဒေါသထွက်လွန်းသဖြင့် မေ့လဲမတတ် ဖြစ်သွားရ၏။ သူ ဟိန်းဟောက်လိုက်လေသည်။

“ဒီမှာရှိတဲ့ လူကြီးမင်းအများစုကို ငါ သိလာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ငါတို့ရဲ့ကြားထဲမှာ ကောင်းမွန်တဲ့ စီးပွားရေး ပတ်သက်မှုတွေ ရှိတယ်၊ မင်းလို ကလေးတစ်ယောက်က ဘယ်လိုလုပ် ကြားဖြတ်နှောင့်ယှက်နိုင်မှာလဲ”

ဆိုရလျှင် လူတိုင်း၏ အသက်ကို ကယ်တင်နိုင်သည်ဟု ပြောနေသော အသံမှာ ယောင်ပင်း၏ အသံဖြစ်ကြောင်းကို သူ သတိပြုမိပြီးသား ဖြစ်ပေသည်။

ယောင်ပင်းက တောင်းဆိုချက်ရှိကြောင်းကို စပြောကတည်းက လျို့ချင်း၏ ရင်ထဲတွင် မလုံခြုံမှုများ ပြင်းထန်စွာ ခံစားနေရသည်။ ယောင်ပင်း၏ တောင်းဆိုချက်က သူ၏ အသက်ကို တောင်းဆိုခြင်းဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ယောင်ပင်း၏ တောင်းဆိုချက်မှာ သေခြင်းတရားထက်ပင် ပို၍ ဆိုးရွားနေမည်ဟု သူ မထင်မှတ်ခဲ့ပေ။

ရောက်ရှိနေသူများမှာ ပင်းဟိုင်နှင့် ကျဲ့ကျန်း အရှေ့ပိုင်းမှ သြဇာကြီးသူများ ဖြစ်ကြပြီး သူတို့၏ နယ်မြေကို အသီးသီး စိုးမိုးထားကြသူများ ဖြစ်ပေသည်။

သူသည်က သူတို့နှင့် နှစ်ပေါင်းများစွာ စီးပွားရေးအရရော၊ လူမှုရေးအရရော ပတ်သက်ခဲ့ရသည် မဟုတ်ပါလား။

အကယ်၍ ဤဂိုဏ်းစတားကြီးများကသာ သူနှင့် အဆက်အသွယ် ဖြတ်လိုက်မည်ဆိုပါက ဤသည်မှာ သူ၏ ဝင်ငွေလမ်းကြောင်းကို ပိတ်လိုက်ခြင်းနှင့် တူပေလိမ့်သည်။

ဤသည်မှာ သူ၏ အသက်ကို ယူခြင်းထက်ပင် ပို၍ ကြောက်စရာ ကောင်းပေ၏။ ယောင်ပင်းက အလွန်ပင် ရက်စက်နေခဲ့သည်။

ထို့ကြောင့် လျို့ချင်းတစ်ယောက် ယောင်ပင်းကို ချက်ချင်းပင် မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

သူ၏စကားမှာ ယောင်ပင်းအား သူနှင့် ဤဂိုဏ်းစတားကြီးများကြားရှိ ပတ်သက်မှုကို သွေးခွဲ၍ ရမည် မဟုတ်ကြောင်း ပြောလိုက်ခြင်းဖြစ်သကဲ့သို့၊ ရောက်ရှိနေသော ဂိုဏ်းစတားကြီးများကိုလည်း သတိပေးလိုက်ခြင်းပင် ဖြစ်ပေသည်။

သူ၏ဆိုလိုရင်းမှာ သူသည်က သူတို့နှင့် ခိုင်မာသော စီးပွားရေး ပတ်သက်မှုများ ရှိနေသဖြင့် ယောင်ပင်းဘက်မှ အခြေအနေကို အခွင့်ကောင်းယူရန် ကြိုးစားသော်လည်း ဤဆက်ဆံရေးကို လုံးဝ လှုပ်ခါနိုင်မည်မဟုတ်ကြောင်းကိုပြောချင်ခြင်းသာဖြစ်လေ၏။

သို့သော် လျို့ချင်း၏ စကားဆုံးသွားချိန်တွင် ခန်းမအတွင်း တိတ်ဆိတ်နေဆဲပင်။ မည်သူကမျှ ပြန်မဖြေခဲ့ကြပေ။ လျို့ချင်း၏ ရင်ထဲတွင် ဖော်ပြဝခက်သော အရှက်ရမှုများ ပေါ်ပေါက်လာလေသည်။

သူ စကားပြောလိုက်သည်နှင့် ဤဂိုဏ်းစတားကြီးများက ချက်ချင်း တုံ့ပြန်ကြလိမ့်မည်ဟု ထင်ထားခဲ့သည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ သူက နာမည်ကျော်ကြားသော ဘော့စ်လျို့ဖြစ်ပြီး ယောင်ပင်းကတော့ လူငယ်လေးတစ်ဦးသာ ဖြစ်ပေသည်။

နှိုင်းယှဉ်ကြည့်လျှင် သူက ပို၍ သြဇာရှိသည် မဟုတ်ပါလား။

မထင်မှတ်ဘဲ ဤဂိုဏ်းစတားကြီးများမှာ မည်သည့်စကားကိုမှမပြောဘဲ နှုတ်ဆိတ်နေကြကာ သူ့ကို လုံးဝ မျက်နှာမပေးခဲ့ကြပေ။

*

All Chapters