အခန်း ၁၁၄၂
Vol. 115 Ch. 1142
အခန်း(၁၁၄၂) လက်တစ်ထောင် ဗောဓိသတ္တရောက်လာခြင်း
"တကယ်တမ်း ဘာဖြစ်သွားတာလဲ"
ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်က ဧရာမ ဝေါယာဉ်ကြီးကို မြှောက်ကိုင်လျက် တစ်ကိုယ်တည်းရောက်ရှိလာခြင်းမှာ ယနေ့အခြေအနေ၏ရလဒ်ကို ကြေညာနေသကဲ့သို့ပင်။
မည်သို့ပင်ဆိုစေ အမွေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်အတွင်း တစ်ဖက်လူက ပေလျိုမြစ်ကို ဖြတ်ကူးနိုင်သည်။ တတိယအဆင့်တစ်ဦးက ဝင်ရောက်သတ်ဖြတ်ခြင်း မရှိလျှင်၊ အစောပိုင်းကလိုက်လံတားဆီးနေသော ကောင်းကင်ပါရမီရှင်ရှစ်ဦး ရောက်လာခဲ့လျှင်ပင် ဤမျှတိုတောင်းသော အကွာအဝေးအတွင်းဝေါယာဉ်ကို ရပ်တန့်ရန် သေချာပေါက် မဖြစ်နိုင်ပေ။
သို့သော် နောက်ဆုံးတွင် ထိုက်ရွှီဆေးဧကရာဇ်က ဘယ်ဆီကမှန်းမသိထွက်ပေါ်လာပြီး ကျမ်းစာပို့ဆောင်ရေးဝေါယာဉ်ကို ထိုက်ရွှီနယ်ပယ်ထဲသို့ အတင်းအကျပ်ဆွဲသွင်းသွားလိမ့်မည်ဟု မည်သူမျှ တွေးမိမည် မဟုတ်ပေ။
"ခင်ဗျားတို့" ဟုန်ကျင်း ရှန်းရွှီတောင်မှ လူများကို ရုတ်တရက် ခေါင်းလှည့်၍ကြည့်လိုက်၏။
တာအိုသခင် ကျင်းလဲ့ မျက်မှောင်ကြုတ်လိုက်သည်။ "ဆေးဧကရာဇ်လှုပ်ရှားမယ်ဆိုတာကို အရင်က ငါတို့ မသိခဲ့ဘူး"
ယခင်က ကောင်းကင်ကန့်လန့်ကာတွင်ဖြစ်ပေါ်ခဲ့သော နည်းလမ်းများက အမှန်တကယ်ပင် ရှန်းရွှီတောင်နှင့် သက်ဆိုင်သော်လည်း၊လျှံကျနေသော ကပ်ဘေးစွမ်းအား၏အရှိန်အဝါက အတော်လေး အံ့သြဖွယ်ကောင်းလှသည်။
ယခင်က တောင်ထိပ်ရှစ်ခုတွင် တိတ်ဆိတ်စွာ ဆေးဖော်စပ်နေခဲ့သော လူငယ်လေးနှင့် ၎င်းကို ဆက်စပ်ကြည့်ရန်အမှန်တကယ် ခက်ခဲလှပေသည်။
သို့သော် ဤကဲ့သို့သောအချိန်မျိုးတွင် သူမှလွဲ၍အခြားသူမဖြစ်နိုင်ပေ။
ဗောဓိဂိုဏ်းကျမ်းစာများ ပို့ဆောင်ခြင်းကို နောက်ဆုံးတွင် ရှန်းရွှီတောင်က ကြားဖြတ်ဟန့်တားခဲ့၏။ ဤလုပ်ရပ် တစ်ခုတည်းကပင် မသေမျိုးသုံးပါးဂိုဏ်း၏ဒုတိယမျိုးဆက် တပည့်များကြားတွင်ရှေ့တန်းအကျဆုံး နေရာကို တည်ဆောက်နိုင်ပါသည်။
ရှန်းရွှီတောင်၏အခြားသော တောင်ထိပ်သခင်များက အချင်းချင်းအကြည့်ချင်း ဖလှယ်လိုက်ကြသည်။
အချို့မှာ ရှုပ်ထွေးနေကြသော်လည်း၊ တောင်ထိပ်ရှစ်ခုလုံးကိုပြန်ကြည့်လိုက်သောအခါ၊ ဆရာဖြစ်သူက ကောင်းကင်ဆေးလုံးဟူသော အမည်ကို ပေးသနားထားသည့် ရှန်းယီမှလွဲ၍ ဆေးဧကရာဇ် ဟူသောဘွဲ့အမည်ကို မည်သူက ခံယူနိုင်မည်နည်း ဟုသာ တွေးလိုက်မိကြသည်။
"ငါတို့ အရင် ထွက်သွားတော့မယ်၊ နှုတ်ဆက်ခဲ့ပါတယ်" ဆရာဖြစ်သူက ကောင်းကင်ဆေးလုံးကို သေချာစွာဂရုစိုက်ရန် အကြွင်းမဲ့အမိန့်တစ်ခုဖြင့် သူတို့ကိုတိကျစွာ အမိန့်ပေးထားကြောင်း သိထားသောကြောင့်၊ ချင်းလဲ့က နောက်ထပ် ရှင်းပြရန် ရည်ရွယ်မထားပေ။
ဤကဲ့သို့သောအခြေအနေမျိုးတွင်၊ မည်မျှပင် အန္တရာယ်များစေကာမူ၊အစောပိုင်းက သူတို့ ဝင်မပါရန် သဘောတူထားခဲ့လျှင်ပင် ယခုရုတ်တရက် ဝင်ရောက်စွက်ဖက်ခြင်းက အနည်းငယ် မျက်နှာပြောင်တိုက်ရာ ကျကောင်းကျနိုင်သော်လည်း သူတို့ ထိုမျှလောက်ဂရုမစိုက်နိုင်တော့ပေ။
ထိုသို့ပြောပြီးနောက် သူ ထိုက်ရွှီ နယ်ပယ်ထဲသို့ ဝင်ရောက်ရန်ရည်ရွယ်ချက်ဖြင့် တည့်တည့် ရှေ့သို့ ခြေလှမ်းလိုက်၏။
သို့သော် တာအိုသခင် ကျင်းလဲ့ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း သူဤနေရာတွင်သာ ကျန်ရစ်နေခဲ့သည်။ ခဏတာ အံ့အားသင့်သွားပြီးနောက်၊ သူ ရုတ်တရက်နောက်သို့ လှည့်ကြည့်လိုက်၏။
အခြား တောင်ထိပ်သခင်များလည်း အံ့အားသင့်သွားပုံရပြီး သူတို့၏အကြည့်များကအရပ်မျက်နှာ အသီးသီးသို့ လှည့်လည်ကြည့်ရှုလိုက်ကြသည်။
သို့တိုင်အောင် နောက်ဆုံးတွင်၊ သူတို့က ထူထပ်သောလူအုပ်ထဲတွင် ပုံမှန်မဟုတ်သောအရာ တစ်ခုမျှမမြင်တွေ့ခဲ့ရပေ။
"..."
ထျန်းတုန်း နတ်သမီးက နှုတ်ခမ်းကိုညင်သာစွာ တွန့်လိုက်ပြီး၊တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပုံရသည်။
ပေလျိုမြစ်ကမ်းဘေးတွင် တတိယအဆင့်တစ်ဦး ရှိနေကြောင်း ထင်ရှားနေပ့သည်။
ထို့ပြင် ၎င်းမှာ ရှန်းရွှီတောင်မှ တောင်ထိပ်သခင်များ အုပ်စုကို တိတ်ဆိတ်စွာဖိနှိပ်ထားသော ဗောဓိဂိုဏ်းမှ ဗောဓိသတ္တတစ်ပါးပင်။
သို့သော် သူမ၏နှလုံးသားထဲတွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိခဲ့ပေ။
ထို ဗောဓိသတ္တကိုယ်ထင်မပြရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူမ၏ဂိုဏ်းမှ တာ့လော်မသေမျိုးအရှင်တစ်ပါးလည်း ဤနေရာတွင် ရှိနေပြီးကိုယ်ထင်မပြသေးသောကြောင့်သာ ဖြစ်နိုင်ပါသည်။
"ကျွန်မအမြင်ကတော့၊ ကျွန်မတို့ အရင်ဆုံး ဟိုဘက်ကို သွားကြည့်သင့်တယ်" ထျန်းတုန်း နတ်သမီးက တောင်ထိပ်သခင်များ၏အနေရခက်မှုကို သက်သာစေရန်ပြောလိုက်ခြင်းဖြစ်ပြီး၊ အဓိကအားဖြင့် သူမကိုယ်တိုင်တကယ် စူးစမ်းချင်နေသောကြောင့်ပင်။
ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်က ကောင်းကင်ပါရမီရှင်များ၏ဝိုင်းရံထားမှုမှလွတ်မြောက်သွားခဲ့လျှင်ပင်၊ ဤမျှအချိန်ကြာမြင့်နေပြီဖြစ်ရာ ထိုလူများအဘယ်ကြောင့် ယခုတိုင် ပေါ်မလာသေးသနည်းဟု တွေးမိသည်။
"သွားကြမယ်၊ သွားကြမယ်" ထျန်းတုန်း နတ်သမီး၏စကားတစ်ခွန်းဖြင့် ပဉ္စမအဆင့် နယ်ပယ်ရှိ မည်သည့် ကျင့်ကြံသူမဆို ဤအခိုက်အတန့်တွင် အလျင်စလိုရှေ့သို့ ပြေးထွက်သွားကြသည်။
ခြေတစ်လှမ်းလျှင် မိုင်တစ်ထောင် သွားနိုင်စွမ်းရှိသော မဟာအာဟတ်များပင်လျှင် ထိုအကွာအဝေးသို့ရောက်ရန် နေ့တစ်ဝက် အချိန်ယူရမည်ဖြစ်ရာ၊ ၎င်းက မည်မျှဝေးကွာကြောင်း သိနိုင်ပါသည်။
ဤကဲ့သို့သောအဖြစ်အပျက်ကြီးတွင် သူတို့က ယခုလိုဝေးကွာသော နေရာမှသာ ကြည့်ရှုနိုင်ကြ၏။ စတုတ္ထအဆင့် ထိုက်ယင်အစစ်အမှန်မသေမျိုးများက သူတို့၏ချီစစ်ဆေးခြင်း နည်းစနစ်ဖြင့် အရှိန်အဝါအတက်အကျ အချို့ကို အကြမ်းဖျင်း သိရှိနိုင်သေးသော်လည်း၊ အချို့မှာမူ အခြားသူများ၏ပြောင်းလဲနေသော အမူအရာများမှတစ်ဆင့်သာ ခန့်မှန်းနိုင်ကြသည်။
လူတိုင်း သူတို့၏နှလုံးသားထဲတွင် ပုရွက်ဆိတ်များ တွားသွားနေသကဲ့သို့ ခံစားနေကြရပြီဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေလျိုမြစ်ကမ်းဘေးရှိ ထူထပ်သော လူအုပ်ကြီးက ထက်ဝက်ခန့်လျော့ကျသွားပြီး အများစုမှာ ထျန်းတုန်း နတ်သမီး၏နောက်သို့လိုက်ကာ ရှေ့သို့ ထွက်သွားကြ၏။
ရှန်းရွှီတောင်ထိပ်သခင်များ၏ မျက်နှာများမှာ အကျည်းတန်နေသော်လည်း၊ သူတို့ လုပ်နိုင်စွမ်းရှိသည်မှာ ဘာမျှမရှိပေ။
အစောပိုင်းက ဗောဓိသတ္တ၏လှုပ်ရှားမှုမှာ သတိပေးချက်တစ်ခုမျှသာဖြစ်သည်။ အကယ်၍ သူတို့အရိပ်အမြွက်ကိုသဘောမပေါက်ပါက၊ ဗောဓိသတ္တက ယဉ်ကျေးနေတော့မည်မဟုတ်ပေ။
ဤသည်မှာ သူတို့ကိုကျောထောက်နောက်ခံပေးမည့်သူ မရှိဘဲ၊ သူတို့၏ဘိုးဘေး အိပ်မောကျနေခြင်း၏အကျိုးဆက်ပင်။
ဤအကြောင်းကြောင့်ပင်၊ တောင်ထိပ်သခင်များက အပြင်သို့ ထွက်ခဲပြီး၊ထို မွန်းကျပ်သော ခံစားချက်ကိုရှောင်ရှားရန် ကောင်းကင်ဘုံရှိ မသေမျိုးအရာရှိများဖြစ်ရန်ပင် စိတ်ဝင်စားမှုကင်းမဲ့နေကြ၏။
ယခုအခါ သူတို့က ထျန်းတုန်းနတ်သမီး ပေးသော လမ်းအတိုင်းသာ လိုက်ပါနိုင်တော့ပြီး၊ တိမ်တိုက်များကိုစီးကာ လူအုပ်နှင့်အတူ မြစ်ကမ်းဘေးမှ ထွက်ခွာသွားကြသည်။
ဤဒုတိယမျိုးဆက် တပည့်များအားလုံး ထွက်ခွာသွားသောအချိန်တွင် ကျန်ရှိနေသော လူအုပ်ထဲမှ ထူထဲသော အနက်ရောင်မုတ်ဆိတ်မွေးနှင့်တောင့်တင်းသည့် အမျိုးသားတစ်ဦးဖြည်းညှင်းစွာ ထွက်ပေါ်လာပါသည်။
သူ၏အဝတ်အစားများမှာ အလွန်မဆိုးသော်လည်း၊ပုံမှန်မဟုတ်ဟုထင်ရသော မှော်ရတနာများ နှင့် အစစ်အမှန် မသေမျိုးဂိုဏ်းထက် သီးခြားကျင့်ကြံသူများနှင့် ပိုတူနေပြီး၊ သနားစရာကောင်းသောအသွင်ရှိသည့် ခွေးနက်တစ်ကောင်ကိုလည်းကြိုးဖြင့်ဆွဲထားခြင်းက ပို၍ပင် ရယ်စရာကောင်းနေသည်။
သူ ဤနေရာမှထွက်ခွာတော့မည့် အချိန်တွင်၊ လှောင်ပြောင်သည့် လေသံဖြင့် အက်ကွဲနေသော အသံပိုင်ရှင် အဘွားအိုတစ်ဦးက သူ့ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာ၏။ "လက်တစ်ထောင်၊ နင်ကကစားပွဲကို ကစားဖို့ဆုံးဖြတ်ထားပြီးမှတော့ နင်တာဝန်ယူနိုင်ရမှာပေါ့။ လူငယ်မျိုးဆက်တွေ ပြိုင်ဆိုင်နေတာ ထင်ရှားနေတာကို၊ နင်ကိုယ်တိုင်ကိုယ်ကျဝင်ပါတာက နည်းနည်းလေးတော့ အရှက်ရစရာ ကောင်းတယ်"
"ကျောက်စိမ်းရေကန်ဘိုးဘေး ပြောတဲ့ပုံအရဆိုရင်၊ဒီ ခြိုးခြံတဲ့ဘုန်းကြီးက ရှုံးနိမ့်သွားပုံပေါ်နေတယ်ပေါ့"
မုတ်ဆိတ်မွေးနှင့် လူက နောက်ထပ်ဟန်ဆောင်မနေတော့ဘဲလက်တစ်ဖက်ဖြင့် နှုတ်ခွန်းဆက်သမှုကို ပြုလုပ်လိုက်၏။
ကျောက်စိမ်းရေကန်ဟုခေါ်သော အဘွားအိုက မျက်ခုံးပင့်လိုက်သည်။ "ဒါက အတော်လေး ရှင်းနေတာပဲ မဟုတ်ဘူးလား။ အစစ်အမှန်ကျမ်းစာ ဆုံးရှုံးသွားပြီလေ။ ဍုမေဏုတောင်ကနေ နောက်ထပ် ဝေါယာဉ်တစ်စီးကို ထပ်ထုတ်ပြီး နတ်ဘုရားမင်းဆက်ဆီနောက်တစ်ကြိမ် ထပ်ပို့ဖို့ စီစဉ်နေတယ်လို့တော့ မပြောနဲ့နော်"
ထိုသို့ပြောရင်း၊ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ "ငါ အသက်ရှင်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမယ့် ဗောဓိဂိုဏ်းရဲ့ဗောဓိသတ္တအသီးအပွင့်အဆင့် အစစ်အမှန်ကျမ်းစာကို တစ်ခါမှ မမြင်ဖူးသေးဘူး။ ငါ အားတဲ့အခါ အဲဒါကိုဖတ်ပြီး ငါ့ရဲ့ဗဟုသုတကို ချဲ့ထွင်ရမယ်"
ထိုစကားကို ကြားသောအခါ လက်တစ်ထောင် ဗောဓိသတ္တက အလောတကြီးမဖြစ်သကဲ့သို့ ဒေါသလည်းမထွက်ဘဲ အလားတူပင် ပြုံးလိုက်၏။ "တောက်ပတဲ့အလင်းရောင်ကို သေမျိုးလောကဆီ လင်းထိန်စေဖို့ သက်သက်သာပါပဲ၊သာမန်လူတွေ ငါတို့ရဲ့သွန်သင်ချက်တွေကိုကျင့်ကြံနိုင်ဖို့ တကယ် ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ မပြည့်စုံတဲ့ ကျမ်းစာတစ်ခုက အဲဒီလောက်ပါပဲ။ ဘိုးဘေး ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် အားမနာဘဲ ဖတ်ကြည့်နိုင်ပါတယ်"
သူက ဗုဒ္ဓ၏ရှေ့မှောက်တွင် ကျမ်းစာကို ကာကွယ်ရန် ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်ကို အထူးရွေးချယ်ခဲ့ခြင်းမှာ၊ ရွှေဖားပြုတ် အာဟတ် အမှန်တကယ်ပင် မအားလပ်သောကြောင့်သာမက၊ ဤအခွင့်အရေးကိုအသုံးပြု၍ ကျားနဂါးဖိနှိပ်ခြင်း မဟာအလင်းဘုရင်၏စွမ်းအားကို စမ်းသပ်ရန်နှင့် သူ့၏ဗုဒ္ဓနှလုံးသားတည်ငြိမ်မှု ရှိမရှိကို ကြည့်ရှုရန်အတွက်လည်း ဖြစ်သည်။
ယခင်က သူ၏အပေါ်တွင် ကန့်သတ်ချက်တစ်ခု ချမှတ်ခဲ့စဉ်က၊ဤ မဟာအလင်းဘုရင်က မည်သည့် ခုခံမှုမျှမပြသခဲ့လျှင်ပင်ဖြစ်သည်။