အခန်း ၁၁၄၉
Vol. 115 Ch. 1149
အခန်း(၁၁၄၉) အကြွေးရှင်းမယ့် အချိန်ကိုသာ စောင့်နေလိုက်
မှောင်မိုက်နေသော ကျောက်တုံးခန်းမ အတွင်း၌၊လူးလွန့်နေသော မီးခိုးရောင်မြူခိုးများက သူတို့နှစ်ဦးကို လွှမ်းခြုံထားသည်။
အနီရောင် တံခါးပေါ်ရှိ မျက်လုံးများ၏စောင့်ကြည့်နေသော အကြည့်အောက်တွင်..
တာအိုသခင် ကျင်းလဲ့က သူ၏ဝတ်ရုံကို မပြီး၊ မြေကြီးပေါ်တွင်ရိုသေစွာ ဒူးထောက်ကာ၊ တပည့်တစ်ဦး၏အရိုအသေပေးမှုကို ပြုလုပ်လိုက်သည်။
"တပည့်က ဆရာ့ကို အရိုအသေပေးပါတယ်" ယဲ့လန် ထိုနှစ်ကအဖြစ်အပျက်များကို မေ့ဖျောက်နိုင်ခြင်းမရှိသေးကြောင်း သူ သိထားသော်လည်း၊ ထိုက်ရွှီ ဆေးဧကရာဇ်အတွက်၊ စည်းမျဉ်းများကို အရာအားလုံးထက် ပိုမိုတန်ဖိုးထားသော ဤအကြီးအကဲက ကောင်မလေးကို သူနှင့်အတူ တူညီသောနှုတ်ခွန်းဆက်သမှု ပြုလုပ်ရန် အတင်းအကျပ် မတောင်းဆိုခဲ့ပေ။
"..."
ယဲ့လန်က အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ၊ သူမ၏လက်များကို ဆုပ်ကာ အရိုအသေပေးရန် ခါးညွှတ်လိုက်၏။ "တတိယမျိုးဆက် တပည့် ယဲ့လန်က ဘိုးဘေးကို အရိုအသေပေးပါတယ်"
အကယ်၍ ကျားနဂါးဖိနှိပ်ခြင်းအလင်းဘုရင် နှင့် ထိုက်ရွှီဆေးဧကရာဇ် နှစ်ဦးစလုံးက ရှန်းယီ တစ်ဦးတည်းသာ ဖြစ်နေမည်ဆိုပါက၊ ထိုသိုင်းဦးလေးက လမ်းစဉ်သုံးသွယ်တစ်ခုလုံး၏ရန်လိုမှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်၊ မည်သည့် ပုံစံဖြင့်ဖြစ်စေအကူအညီ ရယူနိုင်ရန်မှာ အလွန် အရေးကြီးပါသည်။
လက်စားချေခြင်းနှင့် ပတ်သက်၍ကား၊ လုံလောက်သောစွမ်းအားကို ရရှိပြီးနောက်မှသာ တွေးတောသင့်သည်။
"ပြော" သို့သော် ရှန်းရွှီဘိုးဘေးက ဤကိစ္စရပ်များကို လုံးဝဂရုမစိုက်ဘဲ၊ သူအဘယ်ကြောင့် အနှောင့်အယှက်ပေးခံရသနည်း ဆိုသည်ကိုသာ ဂရုစိုက်သည်။
"ဆရာ့ကို အစီရင်ခံပါတယ်" တာအိုသခင် ကျင်းလဲ့က မြေကြီးပေါ်တွင်ဒူးထောက်လျက်၊ ခေါင်းကို အနည်းငယ်မော့ကာ၊ သူ၏မျက်နှာတွင် အပြုံးများဖြင့်၊ ကျမ်းစာပို့ဆောင်ခြင်း ကိစ္စကို ဇာတ်ကြောင်းပြန်ပြောပြလိုက်သည်။
ပြောပြီးနောက် သူက ထပ်မံ ချီးကျူးလိုက်၏။ "စွမ်းရည်ချင်းယှဉ်ပြိုင်တဲ့ တိုက်ပွဲမှာ အနိုင်ရသူ မရှိခဲ့ပေမယ့်၊ကျားနဂါးဖိနှိပ်ခြင်းအလင်းဘုရင် ရဲ့ တာဝန်ကကျမ်းစာ ပို့ဆောင်ဖို့ပါ။ ဗောဓိဂိုဏ်းရဲ့ အစစ်အမှန်ကျမ်းစာက နတ်ဘုရားမင်းဆက်ကို မရောက်သွားဘူးဆိုတဲ့အချက်က သူတို့ တကယ် ရှုံးသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ"
"ကောင်းကင်ဆေးလုံးညီလေးက လမ်းစဉ်သုံးသွယ်ရဲ့လူငယ်မျိုးဆက်တွေထဲမှာ တကယ့်ကို ထိပ်တန်းပါပဲ"
မည်သည့် အကြီးအကဲပင်ဖြစ်စေ ဤကဲ့သို့သော သတင်းကောင်းကို သိရှိရပါက၊ အများစုမှာ ဝမ်းသာအားရ အံ့သြသွားကြမည်သာ ဖြစ်သည်။
အထူးသဖြင့် တာ့လော် မသေမျိုးအရှင် တစ်ပါးအဖြစ် အချိန်ကြာမြင့်စွာအိပ်မောကျနေခဲ့သော ရှန်းရွှီဘိုးဘေး အတွက်၊ ၎င်းက ရှည်လျားသော အိပ်စက်ခြင်းမှ နိုးထလာပြီး သူ၏မျိုးဆက်အတွက် နောက်ထပ်မျှော်လင့်ချက် တစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ဖြစ်ပေလိမ့်မည်။
သို့သော် တာအိုသခင် ကျင်းလဲ့၏ အပြုံးက သူ၏နှုတ်ခမ်းများပေါ်တွင် တဖြည်းဖြည်းခဲသွားခဲ့၏။ အကြောင်းမူကား ဘိုးဘေး၏ မျက်လုံးများထဲတွင် မည်သည့်ဝမ်းသာမှု အရိပ်အယောင်ကိုမျှ မတွေ့ရဘဲ၊ သူနားမလည်နိုင်သော အေးစက်မှု တစ်ခုကိုသာ တွေ့လိုက်ရသောကြောင့်ပင်။
"ဆရာ..."
"အဲဒီတုန်းက ဒီနေရာက ဆေးလုံးတောင်ထိပ်က ကောင်လေးတွေကို ဘာဖြစ်သွားလဲဆိုတာ မင်း သိလား" ရှန်းရွှီဘိုးဘေး က သူ၏အကြီးဆုံး တပည့်ကို မေးလိုက်သော်လည်း၊ သူ၏အကြည့်များက အနောက်ဘက်ရှိယဲ့လန်ထံသို့ ဖြည်းညှင်းစွာ လှည့်သွားခဲ့သည်။
ဆရာဖြစ်သူက နှစ်များစွာက အရှက်ရစရာ ကိစ္စဟောင်းကို ရုတ်တရက် ထုတ်ဖော်ပြောဆိုလာသောအခါ၊ တာအိုသခင် ကျင်းလဲ့က တုံ့ဆိုင်းသွားပြီး၊ထို့နောက် ခေါင်းငုံ့ကာ ပြောလိုက်၏။ "ညီလေးက ဆရာရဲ့ ကြီးမားတဲ့ကျင့်ကြံခြင်း ကပ်ဘေးကို ကျော်လွှားနိုင်အောင်ကူညီပေးဖို့ ဆရာ့အတွက် တတိယအဆင့်ကပ်ဘေးဆေးလုံး တစ်လုံး ဖော်စပ်ဖို့တပည့်တစ်စုကို ဒီနေရာကို ခေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဆေးဖော်စပ်တာ ကျရှုံးသွားပြီး၊ ရှန်းရွှီတောင်ကနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ အားထုတ်မှုတွေ ပြိုလဲသွားခဲ့ပါတယ်။မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာ ဆရာက ဒီကပ်ဘေးကိုကျော်လွှားဖို့အတွက် ဆေးလုံးတောင်ထိပ်က တပည့်တွေကို အသုံးပြုရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး"
"ဆေးဖော်စပ်တာ ကျရှုံးသွားတယ်လို့ မင်းကို ဘယ်သူပြောလဲ"
ရှန်းရွှီ ဘိုးဘေး၏ပေါ့ပေါ့ပါးပါး စကားလုံးများက ယဲ့လန်၏နားထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။
သူမပင်လျှင် ဆေးလုံးမပြီးမြောက်သေးခြင်းကြောင့်နှင့်၊ဤမျှတန်ဖိုးကြီးမားသော မိုးမြေရတနာ နောက်တစ်စုံကို ထပ်မံ မစုဆောင်းနိုင်တော့မည်ကို ထိတ်လန့်ကာ၊ ရှန်းရွှီဘိုးဘေးက သူ၏ကိုယ်ပိုင်နယ်ပယ်အတွက် ဆေးတောင်ထိပ်မှ တပည့်များ၏အသက်များကို အတင်းအကျပ် စတေးလိုက်ရခြင်းဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။
အကယ်၍ ဆေးဖော်စပ်ခြင်း မကျရှုံးခဲ့ဘူးဆိုလျှင်၊ ဘာကြောင့်...
"အဲဒီဆေးလုံးက ငါ စိတ်ကူးထားတာထက်တောင် ပိုပြီးပြီးပြည့်စုံသေးတယ်။ ငါ့ကို မဟာကပ်ဘေးကြီးကျော်လွှားနိုင်အောင် ကူညီပေးရုံသာမကဘဲ၊ ကျန်ရှိနေတဲ့ဆေးစွမ်းအင်တွေနဲ့ ငါက သုံးနဲ့သုံး အရေအတွက်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"
"ငါ ဒီခြေလှမ်းကို လှမ်းသင့်တယ်လို့ မင်းထင်လား"
ဆရာဖြစ်သူ၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ၊ တာအိုသခင် ကျင်းလဲ့က အနည်းငယ်တွေဝေသွားခဲ့သည်။
သုံးနဲ့သုံး အရေအတွက်ဟုခေါ်ဆိုသောအရာက တာ့လော် မသေမျိုးအရှင်နယ်ပယ်သို့ ရောက်ရှိရန် အဆင့်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
ဆယ်ခုက အခြေခံအဖြစ်၊သုံးနဲ့သုံးက မှန်ကန်သော နေရာအတွက်၊ ခြောက်နဲ့ခြောက်က ပိုမိုမြင့်မားသော နေရာအတွက် နှင့် ကိုးနဲ့ကိုးက အသွင်ပြောင်းခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိခြင်း ဖြစ်သည်။
"လှမ်းသင့်ပါတယ်" တာအိုသခင် ကျင်းလဲ့က သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး၊ ယဲ့လန်၏နီရဲလာသော မျက်လုံးများအောက်တွင် ညင်သာစွာ ခေါင်းညိတ်လိုက်၏။
"ဆရာက ရှန်းရွှီတောင်တည်ရှိနေခြင်းရဲ့အဓိပ္ပါယ်ပါပဲ။ ရှန်းရွှီတောင်ကအရာအားလုံးက ဆရာ့ရဲ့ သဘောအတိုင်း ဖြစ်သင့်ပါတယ်"
ဤစကားကို ကြားသောအခါ ယဲ့လန် ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်ပြီး၊ မူးဝေပြီး ခေါင်းထဲ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဂိုဏ်းအတွင်းရှိ ဤအကြီးအကဲများက သူမ၏ ဆရာက ဆေးဖက်ဝင်ပစ္စည်းများကို ဖြုန်းတီးပြီး ကြီးလေးသော အမှားများကျူးလွန်ခဲ့ကာ၊ ဂိုဏ်းတစ်ခုလုံး၏တည်ငြိမ်မှုကို ထိခိုက်စေခဲ့သည်ဟု ယုံကြည်ကြပြီး၊ အရေးပေါ် အခြေအနေတွင် သူတို့၏အသက်များဖြင့် စတေးရုံမှလွဲ၍ အခြား ရွေးချယ်စရာမရှိဟု သူမ ထင်မှတ်ထားခဲ့သည်။
အမှန်တရားကို သိရှိပြီးနောက်တွင်ပင်၊ ဤသူက ဆေးတောင်ထိပ်မှ တပည့်များ သေသင့်သည်ဟု ယူဆနေဆဲဖြစ်မည်ဟု သူမ အနည်းငယ်မျှပင် မမျှော်လင့်ထားခဲ့ပေ။
ကျင့်ကြံခြင်း လမ်းစဉ်တွင်၊ တစ်စုံတစ်ယောက်က ဆရာကိုလေးစားပြီး ဘိုးဘေးကို ဂုဏ်ပြုရသည်။
သို့သော် ကြိုတင်သတ်မှတ်ချက်မှာ မိမိတို့က တပည့်များနှင့် မျိုးဆက်များသာဖြစ်ပြီး၊ နတ်ဘုရားဆန်သော မသေမျိုးအရှင်များ၏အစားအစာ မဟုတ်ခြင်းပင်။
စဉ်းတီတုံးပေါ်ရှိ အသားတစ်တုံးဖြစ်နေပါလျက် နှင့် ဓားကို ရိုသေစွာနှုတ်ခွန်းဆက်သနေရခြင်းပင်။
မည်မျှအဓိပ္ပါယ်မဲ့လိုက်သနည်း၊ မည်မျှ ရယ်စရာကောင်းလိုက်သနည်း။
ယဲ့လန် သူမ၏ဆရာက တပည့်လုပ်ဖော်ကိုင်ဖက် တစ်စုကို ဦးဆောင်ကာ၊နောက်ဆုံးတွင် ပြီးပြည့်စုံသော မသေမျိုးဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့ပြီး၊ သူတို့၏ပင်ပန်းနွမ်းနယ်နေသော အခြေအနေတွင်၊ ရှန်းရွှီဘိုးဘေး ထံမှ ချီးကျူးစကား တစ်ခွန်းကို မျှော်လင့်ကာ ဝမ်းသာအားရမော့ကြည့်နေခဲ့သည်ကိုပင် စိတ်ကူးကြည့်နိုင်သည်။
ထို့နောက်တွင်မှ လက်ကြီးတစ်ဖက်က သူတို့ကို ထိုက်ရွှီနယ်ပယ်ထဲသို့ လွှမ်းခြုံသွားပြီး၊ ဆေးလုံး၏ပြည့်စုံသော အစွမ်းအာနိသင်အတွက် ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် ပုံကြမ်းဖြစ်သွားသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။
မည်မျှ မျှော်လင့်ချက်မဲ့လိုက်သနည်း။
"ဒါဆိုရင်လည်း မိုက်မဲ့တဲ့ကောင်၊ ကောင်းကင်ဆေးလုံးဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာ မင်း မသိဘူးလား" ရှန်းရွှီ ဘိုးဘေး၏အသံက ရုတ်တရက် စူးရှလာခဲ့သည်။
"ငါ ပိုမိုမြင့်မားတဲ့နေရာကို တက်လှမ်းဖို့ နေ့ရက်နီးကပ်နေပြီ၊ ငါ့ရဲ့ရတနာဆေးလုံးကို အပြင်ဘက်မှာလေတိုက်ပြီးတိမ်တွေ လှုပ်ရှားအောင် လုပ်ခွင့်ပေးရဲတယ်ပေါ့"
"တပည့်ကအမှားကို ဝန်ခံပါတယ်"
တာအိုသခင် ကျင်းလဲ့က ပြင်းပြင်းထန်ထန် ဦးညွှတ်လိုက်သည်။ အကယ်၍ ကောင်းကင်ဆေးလုံးက ဆရာအဆင့်တက်ရန် ပြင်ဆင်ထားသောရတနာဆေး ဖြစ်မည်ဆိုပါက၊ ယခု လူသိရှင်ကြားဖြစ်နေခြင်းက အခြားသော စီနီယာများ၏အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပါလိမ့်မည်။
ဆရာ့ထံမှ လုယူခြင်းဖြစ်စေ သို့မဟုတ် ကောင်းကင်ဆေးလုံးကို မျက်နှာသာပေးကာ ကာကွယ်ပေးလိုခြင်းဖြစ်စေ၊ ၎င်းက ဆရာ၏ နယ်ပယ်ကို ထိခိုက်စေမည်ဖြစ်သည်။
အနောက်ဘက်မှ နားထောင်နေသော ယဲ့လန်တွင် အခြား မည်သည့်အတွေးမျှ မရှိတော့ဘဲ၊ ရှန်းယီထံသို့ သတင်းစကားပေးပို့ကာ ဤဘဝတွင် ရှန်းရွှီတောင်သို့ နောက်တစ်ကြိမ် ဘယ်တော့မှပြန်မလာရန် ပြောရန်အတွက်၊ ထွက်ပြေးရန် လှည့်ထွက်သွားချင်ခဲ့သည်။
"ဒီလူက ကောက်ကျစ်ပြီးသစ္စာမရှိဘူး၊ ငါ အိပ်ပျော်နေတုန်းမှာ သူက သေချာပေါက် လွတ်လမ်းရှာဖို့ မစဉ်းမစားလုပ်ဆောင်ခဲ့တာပဲ။ ငါ့ရဲ့ လိုက်လံဖမ်းဆီးမှုကို ရှောင်လွှဲဖို့ သူလိုတဲ့ ကျောထောက်နောက်ခံဆိုတာကိုတောင် သူ ရှာတွေ့ထားပြီးလောက်ပြီ"
"ဒီမိန်းမကို နောက်တစ်ကြိမ်ထွက်ပြေးခွင့် မပေးနဲ့"
"သူမနဲ့ နတ်ဘုရား ထိုက်ရွှီမသေမျိုးအစီအရင်ကို သေမျိုးလောကထဲယူသွားပြီး ကောင်းကင်ဆေးလုံးကို ရှာချေ"
မီးခိုးရောင်မြူခိုးများက ပြင်းထန်စွာလူးလွန့်သွားပြီး၊ ထိုမျက်လုံးများထဲမှ ကပ်ဘေးစွမ်းအား၏ရွှေရောင်တံဆိပ်တစ်ခု ရုတ်တရက် ခုန်ထွက်လာကာ ယဲ့လန်၏နဖူးပေါ်သို့ တည့်တည့် ရိုက်ခတ်သွားလေသည်။