← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း။ ၁၅၀

ထိုဝဝတုတ်တုတ်နှင့် အသားဖြူဖြူ အသက်လတ်ပိုင်းလူကြီးမှာ ယခင်က သူနှင့် ဆုံတွေ့ခဲ့ဖူးသော ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်မှ ပေါင်သထုံမှတစ်ပါး အခြားသူမဟုတ်ချေ။

သို့သော် ထိုစဉ်က ကုယွမ်သည် ယန်ရှီစန်းအဖြစ် ရုပ်ဖျက်ထားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ သူ့ပုံစံအမှန်မဟုတ်ပေ။

ကုယွမ်က ပေါင်သထုံကို လှမ်းကြည့်လိုက်သည့်အခါ ပေါင်သထုံကလည်း တစ်စုံတစ်ခုကို ရိပ်မိသည့်အလား သူ၏အကြည့်ကို ကုယွမ်ဘက်သို့ လှည့်လာခဲ့သည်။

ကုယွမ်ကို မြင်သည်နှင့် သူ၏မျက်လုံးများမှာ တောက်ပသွားပြီး အနားသို့ ခြေလှမ်းအနည်းငယ် အပြေးလှမ်းလာကာ လက်အုပ်ချီ၍ ဂါရဝပြုလိုက်၏။

“ငါ့ရှေ့မှာ ရှိနေတာ ဆေးဘုရင်တောင်တန်းက ကျင့်ကြံဖော် ကုယွမ်လား”

ကုယွမ်သည် အံ့အားသင့်သွားဟန် ဆောင်ကာ သူ့ကို မသိနားမလည်သည့်အလား “ခင်ဗျားက ဘယ်သူလဲ” ဟု မေးလိုက်သည်။

ပေါင်သထုံက အန္တရာယ်မရှိကြောင်း ပြသသည့်အနေဖြင့် ရိုးသားစွာ ရယ်မောလိုက်ရင်း “ကျုပ်က ပေါင်သထုံပါ။ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်ရဲ့ လေသံနားထောင်သူတစ်ယောက်ပေါ့ဗျာ။ ကျုပ်ရဲ့ သတင်းအချက်အလက်တွေက သာမန်လူတွေထက်စာရင် နည်းနည်းလေး ပိုပြီးစောစောစီးစီး သိရတတ်လို့ ကျင့်ကြံဖော် ကုယွမ်ကို မှတ်မိနေတာပါ။ ကျင့်ကြံဖော်က စိတ်ထဲမထားပါနဲ့နဲ့ဗျာ”

“အော်... ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်က ကျင့်ကြံဖော်တစ်ဦးပဲ”

ကုယွမ်က နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီး ပေါင်သထုံကို အကဲခတ်သကဲ့သို့ ခဏမျှ စိုက်ကြည့်ကာ မေးလိုက်သည်။

“ကျင့်ကြံဖော် ပေါင်မှာ ဘာကိစ္စများ ရှိလို့လဲ”

ပေါင်သထုံက သူလက်နှစ်ဖက်ကို ပွတ်သပ်ရင်း ရှက်ကိုးရှက်ကန်း ပြုံးကာ “အမှန်အတိုင်း ပြောရရင် ကျုပ် ပေါင်သထုံက မိတ်ဆွေသစ်တွေ ဖွဲ့ရတာ ဝါသနာပါလို့ပါ။ အထူးသဖြင့် ကျင့်ကြံဖော်ကုလိုမျိုး ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေနဲ့ပေါ့ဗျာ။ ဒါကြောင့်မို့လို့ စောစောက လာရောက်နှောင့်ယှက်မိတာပါ”

ကုယွမ်သည် စိတ်ထဲတွင် အတွေးအချို့ ရှိနေသဖြင့် ထိုသူနှင့်အတူ လူသူရှင်းလင်းသော နေရာတစ်ခုသို့ သွားရောက်ကာ တိုက်ရိုက်ပင် မေးလိုက်တော့သည်။

“ကျင့်ကြံဖော်ပေါင်က ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်ရဲ့ လေသံနားထောင်သူတစ်ယောက် ဖြစ်တာကြောင့် သတင်းအချက်အလက်တွေ အလွန်နှံ့စပ်မှာပဲ။ ကျင့်ကြံဖော်အနေနဲ့ ထိုက်

ယင်းဝိညာဉ်ရတနာအကြောင်းကို ကြားဖူးလား”

“ထိုက်ယင်းဝိညာဉ်ရတနာ ဟုတ်လား...”

ပေါင်သထုံသည် အနည်းငယ် အံ့အားသင့်သွားပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။

“အဲဒါက လောကမှာရှိတဲ့ အမြင့်ဆုံးသော ကောင်းကင်နဲ့ မြေကမ္ဘာက ရှားပါးပစ္စည်းတွေထဲက တစ်ခုပဲဗျ။ လမင်းရဲ့ စွမ်းအားတွေကို စုပ်ယူစုစည်းနိုင်ပြီး ထိုက်ယင်းရဲ့ စွမ်းရည်ကို အာရုံခံနိုင်တဲ့အပြင် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြုစုပျိုးထောင်ပေးပြီး ထာဝရနုပျိုမှုကို ထိန်းသိမ်းပေးနိုင်တဲ့ လမင်းအမျိုးအစား ပစ္စည်းတစ်မျိုးပေါ့။ ရှားပါးမှုအပိုင်းမှာဆိုရင် မဟာနတ်ဘုရားသတ္တုကိုးမျိုးရဲ့ အောက်မှာပဲ ရှိတယ်။ ထူးကဲယင်ချီ၊ ထိုက်ယင်းချီ ဒါမှမဟုတ် လမင်းအမျိုးအစား နတ်ဘုရားပညာရပ်တွေကို ကျင့်ကြံကြတဲ့ ကျင့်ကြံသူတွေအတွက်တော့ ဒီပစ္စည်းက ပိုပြီးတော့တောင် အဖိုးတန်သေးတယ်”

“အဲဒီပစ္စည်း ပေါ်လာပြီဆိုတာနဲ့ တခြားသူတွေက လုယူသွားကြတာချည်းပဲ”

“ထိုက်ယင်းမသေမျိုးနန်းတော်ကလွဲရင် ထိပ်သီးအမျိုးသမီး ကျင့်ကြံသူ လက်တစ်ဆုပ်စာလောက်ပဲ အဲဒီပစ္စည်းကို တန်ဖိုးထား စုဆောင်းထားကြတာ ရှိတယ်။ ဥပမာအားဖြင့် အဆိပ်တစ်ရာတောင်တန်းက ပိုးအိမ်နတ်သမီးနဲ့ လန်ကောင်းတောင်တန်းက မက်မွန်ပွင့်နတ်သမီးတို့လိုမျိုးပေါ့ဗျာ”

“မက်မွန်ပွင့်နတ်သမီး ဟုတ်လား...”

ရင်းနှီးနေသော လန်ကောင်းတောင်တန်းဟူသည့် စကားလုံးသုံးလုံးကို ကြားလိုက်ရသည့်အခါ ကုယွမ်၏ မျက်ခုံးများမှာ တွန့်သွားရပြီး မမေးဘဲ မနေနိုင်တော့ပေ။

“ဒီမက်မွန်ပွင့်နတ်သမီးရဲ့ မျိုးရိုးအမည်က ချင်လားဗျ”

ပေါင်သထုံသည် အနည်းငယ် ထူးဆန်းသကဲ့သို့ ခံစားလိုက်ရသော်လည်း တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားရင်း “မှန်ပါတယ်ဗျ။ သူမရဲ့ မျိုးရိုးက ချင် ဖြစ်ပြီး အမည်ကတော့ ချင်ဟုန်ရှောင်းလို့ ခေါ်ပါတယ်” ဟု ပြောလိုက်သည်။

“အင်း...”

ကုယွမ်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မံမပြောတော့ပေ။ သို့သော် စိတ်ထဲတွင်မူ တိတ်တဆိတ် ခေါင်းညိတ်မိသွားသည်။ ထိုမက်မွန်ပွန်နတ်သမီးသည် အမှန်ပင် ကြီးမားလှသော နောက်ခံအကြောင်းရင်း ရှိနေခဲ့ကာ သူမက အဆင့်မြင့်မားလှသည့် တစ်ကိုယ်တော်ကျင့်ကြံသူ မက်မွန်ပွင့်နတ်သမီးဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ကုယွမ်သည် မက်မွန်ပွင့်နတ်သမီး၏ ကျော်ကြားမှုအကြောင်းကို အတိုင်းအဆတစ်ခုအထိ ကြားဖူးထားခဲ့သည်။

ယွန်းမုန့်တောင်တန်းကြီးသည် မိုင်ပေါင်းသောင်းချီ၍ ရှည်လျားလှပြီး ၎င်း၏ အတိမ်အနက်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။ တောင်ဘက်နယ်စပ်ရှိ ဖုန်း၊ ချင်၊ လျူ၊ ယွန်း၊ ဇယ် နှင့် ယန် ဟူသော ပြည်နယ်ခြောက်ခုကို ဖြတ်သန်းကျော်လွန်၍ သွယ်တန်းနေခြင်းပင်။

ယွန်းမုန့်တောင်တန်း၏ အစိပ်အပိုင်းများထဲတွင် ကျော်ကြားလှသော တောင်တန်းကြီးများနှင့် မြစ်ကြီးများစွာ ရှိနေသကဲ့သို့ ဘေးအန္တရာယ်များပြားလှသော နေရာများနှင့် ကောင်းချီးပေးထားသော နယ်မြေများစွာလည်း တည်ရှိနေသည်။

ထိုကဲ့သို့ကျော်ကြားလှသော တောင်တန်းများနှင့် နယ်မြေများကို များသောအားဖြင့် မဟာကျင့်ကြံခြင်း ဂိုဏ်းကြီးများနှင့် အဆင့်မြင့် တစ်ကိုယ်တော်ကျင့်ကြံသူများက သိမ်းပိုက်ထားလေ့ ရှိကြ၏။

ဥပမာအားဖြင့် ဆေးဘုရင်တောင်တန်း၊ ကြယ်တာရာမြစ်ဓားဂိုဏ်း၊ ကုနတ်ဘုရားဂိုဏ်း တို့အပြင် ထိပ်သီးတစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည့် အဆိပ်နဂါးအရှင်မြတ်၊ မျောက်ဖြူဓားမသေမျိုး၊ ပိုးအိမ်နတ်သမီး၊ မက်မွန်ပွင့်နတ်သမီးနှင့် ချိုးငှက်ကတော်တို့ကဲ့သို့သော သူများ ဖြစ်ကြသည်။

အဆင့်မြင့် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်နှင့် မြေကမ္ဘာအလား နီးကပ်နေပြီး ကြီးမားလှသော နတ်ဘုရားပညာရပ်များကို ပိုင်ဆိုင်ထားကြသဖြင့် ဆေးဘုရင်တောင်တန်းနှင့် ကုနတ်ဘုရားဂိုဏ်း ကဲ့သို့သော ထိပ်သီးဂိုဏ်းကြီးများပင်လျှင် သူတို့ကို သတိထား၍ ဆက်ဆံရသည်ဟု ပြောကြသည်။

ချင်ဟုန်ရှောင်းသည် ထိုမက်မွန်ပွင့်နတ်သမီး ဖြစ်နေသည်ဆိုပါက သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ယင်ဝိညာဉ်အဆင့် မဟုတ်ဘဲ နဂါးတံခါးအဆင့်မျှ ရှိနေပေလိမ့်မည်။

ပေါင်သထုံက တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်အလား “ဒါနဲ့... ကျင့်ကြံဖော်ကုအနေနဲ့ ငွေနဂါးအမိန့်တော်ဝင်ခွင့်နေရာကို စိတ်ဝင်စားသလားဗျာ။ ကျုပ်ဆီမှာ အဲဒီဝင်ခွင့်နေရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အချို့ ရှိနေလို့ပါ” ဟု ပြောလိုက်သည်။

“ငွေနဂါးအမိန့်တော် ဝင်ခွင့်နေရာ ဟုတ်လား...”

ကုယွမ်သည် လန့်သွားပြီးမှ ၎င်းမှာ ငွေနဂါးမသေမျိုးနန်းတော်သို့ ဝင်ရောက်ခွင့်နေရာ ဖြစ်ကြောင်း ရိပ်မိသွားကာ “ဝင်ခွင့်နေရာတစ်ခုကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲဗျ” ဟု မေးလိုက်၏။

ပေါင်သထုံက အရေအတွက်တစ်ခုကို ပြောပြလာသည်။

“ဝိညာဉ်ကျောက်တုံး ငါးထောင်ပါဗျာ...”

၎င်းကို ကြားလိုက်ရသည့်အခါ ကုယွမ်၏ နှုတ်ခမ်းထောင့်များမှာ တွန့်သွားရတော့သည်။

သေချာပေါက် ငွေနဂါးမသေမျိုးနန်းတော်ဟူသည် အံ့မခန်းဖွယ်ရာ နေရာတစ်ခုဖြစ်ပြီး မသေမျိုး ကံကြမ္မာများနှင့် ပြည့်နှက်နေသည်။

အကယ်၍ တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်နိုင်ခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ထွက်ခွာလာနိုင်ပါက ကြီးမားလှသော ရလဒ်ဆုလာဘ်များကို သေချာပေါက် သယ်ဆောင်လာနိုင်ပေလိမ့်မည်။

သို့သော်လည်း ဝိညာဉ်ကျောက်တုံး ငါးထောင်ဟူသည် သာမန် ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူများအတွက်မူ သေချာပေါက် ကြီးမားလှသော ပမာဏတစ်ခု ဖြစ်၏။

လူအများစုမှာ တစ်သက်လုံး ရှာဖွေစုဆောင်းလျှင်ပင် ဤမျှအထိ များပြားသော ဝိညာဉ်ကျောက်တုံးများကို စုဆောင်းနိုင်ခြင်း မရှိကြပေ။

၎င်းအပြင် ငွေနဂါးမသေမျိုးနန်းတော်အတွင်းရှိ အခွင့်အရေးများနောက်တွင် ကြီးမားလှသော စွန့်စားမှုများနှင့် အန္တရာယ်များလည်း ဒွန်တွဲနေသည်။

အကယ်၍ ကျင့်ကြံသူတစ်ဦးသည် သူ၏ ပိုင်ဆိုင်မှုအားလုံးကို ပုံအော၍ ဝိညာဉ်ကျောက်တုံး ငါးထောင်ကို ပင်ပန်းကြီးစွာ စုဆောင်းကာ ၎င်းဝင်ခွင့်နေရာကို ဝယ်ယူပြီး မသေမျိုးကံကြမ္မာကို ဆုပ်ကိုင်ရန် ငွေနဂါးမသေမျိုးနန်းတော်အတွင်းသို့ ပြတ်ပြတ်သားသား ဝင်ရောက်သွားခဲ့သည်ပဲ ထားပါက အမှန်တကယ် လက်အပြည့်ဖြင့် ပြန်လာနိုင်သူဟူသည် အလွန်ပင် နည်းပါးသည်။

လူအများစုမှာမူ ရလဒ်ကောင်းကောင်းမရဘဲ အရာအားလုံး ဆုံးရှုံးသွားတတ်ကြပြီး နောက်ဆုံးတွင် သူတို့ ဝတ်ဆင်ထားသော အတွင်းခံဘောင်းဘီပင် မကျန်တော့သည်အထိ ဒေဝါလီခံရတတ်သည်။

သို့သော် အရာအားလုံး ဆုံးရှုံးသွားခြင်းက အဆိုးဆုံး မဟုတ်သေးချေ။ ဝိညာဉ်ကျောက်တုံးများ ဆုံးရှုံးသွားသော်လည်း အနည်းဆုံးတော့ အသက်ရှင်ကျန်ရစ်နေသေးသည်။

အကံဆိုးဆုံးသူများမှာမူ ဝိညာဉ်ကျောက်တုံးများလည်း ကုန်ဆုံးကာ အသက်ပါ ဆုံးရှုံးသွားရသူများ ဖြစ်ကြ၏။ ထိုသို့ဖြစ်လင့်ကစား လူအများအပြားမှာ အခွင့်အရေးတစ်ခုကို ဆုပ်ကိုငနိုင်ရန်အတွက် သူတို့ကိုယ်သူတို့ ဒေဝါလီခံ၍ စွန့်စားရန် ဝံ့ရဲနေကြဆဲပင်။

ငွေနဂါးမသေမျိုးနန်းတော်ဟူသည် ကောင်းမွန်လှသည်ဆိုသော်လည်း ကုယွမ်အတွက်မူ စိတ်ဝင်စားစရာ မရှိလှပေ။ ယခုအခါ သူ့တွင် ကျင့်စဉ်များ၊ အမွေအနှစ်များ၊ အခွင့်အရေးများနှင့် ရတနာလက်နက်များ ရှိနေပြီ ဖြစ်၏။

လိုအပ်သော ပစ္စည်းအနည်းငယ်မှလွဲ၍ ကုယွမ်တွင် မည်သည့်အရာမျှ လိုလေသေးမရှိ ပြည့်စုံနေခဲ့ပြီ။ ထို့ကြောင့် သူသည် ငွေနဂါးမသေမျိုးနန်းတော်အတွင်းသို့ ဝင်ရောက်ရန် အကြောင်းရင်း မရှိချေ။

ကုယွမ်သည် အတွေးတစ်ခု ရသွားသဖြင့် “ဒါနဲ့... ကျင့်ကြံဖော်ပေါင်က တခြား အလုပ်တွေကိုရော လုပ်သေးသလားဗျ” ဟု မေးလိုက်သည်။

ပေါင်သထုံက အနည်းငယ် ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ရင်း “ကျင့်ကြံဖော်ကု မစိုးရိမ်ပါနဲ့။ ဒီရက်ပိုင်းအတွင်း ကျုပ်ရဲ့ ကျင့်ကြံခြင်းအပိုင်းမှာ အခက်အခဲ ဖြစ်နေလို့ အိတ်ကပ်ထဲမှာ ငွေပြတ်နေတာနဲ့ပါ။ အကယ်၍ ဝိညာဉ်ကျောက်တုံး ရှာဖွေနိုင်မယ့် လမ်းစရှိမယ်ဆိုရင် ကျုပ်ရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို မချိုးဖောက်သရွေ့တော့ ကျုပ် ဝင်ရောက်ကူညီပေးဖို့ စိတ်မရှိပါဘူးဗျာ” ဟု ပြောလာသည်။

ကုယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ... ငါ့ဆီမှာ လျိုရှကျမ်းလို့ ခေါ်တဲ့ မြေကမ္ဘာအဆင့် မသေမျိုးကျမ်းစာတစ်စောင် ရှိတယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်စဉ် မပြည့်စုံတာကလွဲရင်... သိုင်းပညာရှင်ကနေ ကောင်းကင်ဘုံလူသားအဆင့် မဟာပြည့်စုံခြင်းအထိ ကျင့်စဉ်တွေ အားလုံး အပြည့်အစုံ ပါတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းက တခြားလမ်းစဉ်ကို လျှောက်လှမ်းနေတာမို့လို့... ဒီမသေမျိုးကျမ်းစာက ငါ့အတွက် အသုံးမဝင်ဘူး။ ဒါကို ရေဓာတ်အမျိုးအစား ဝိညာဉ်ရတနာအချို့နဲ့ လဲဖို့ ငါ ရည်ရွယ်ထားတာ။ ကျင့်ကြံဖော်ပေါင်မှာ လမ်းညွှန်ပေးစရာများ ရှိမလား"

မြေကမ္ဘာအဆင့်လတ် မသေမျိုးကျမ်းစာဆိုသည့် စကားကို ကြားလိုက်ရသည့်အခါ ပေါင်သထုံ၏ မျက်လုံးများက တောက်ပြောင်သွားပြီး လက်နှစ်ဖက်ကို ပွတ်သပ်လျက် ပြုံးပြီး ပြောလိုက်သည်။

“လမ်းညွှန်ပေးဖို့တော့ ကျုပ် မလုပ်ရဲပါဘူးဗျာ။ ဒါပေမဲ့ ကျုပ်သိတဲ့ ကျင့်ကြံသူအိုကြီးတစ်ယောက်ဆီမှာ နှစ်တစ်ထောင် လမင်းကမာပုလဲတစ်လုံး ရှိနေတာကို ကံကောင်းထောက်မစွာနဲ့ သတိရသွားလို့ပါ။ အဲဒါက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ကမာမိစ္ဆာတစ်ကောင်က သန့်စင်ထားတဲ့ ရေဓာတ်ဝိညာဉ်ပုလဲတစ်မျိုးပဲ။ အဲဒီကျင့်ကြံသူအိုကြီးက အသက်အရွယ် အတော်လေး ကြီးနေပြီဖြစ်လို့... သူ့ရဲ့ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုက သူ့ရဲ့ သားသမီးမြေးမြစ်တွေအတွက်ပဲ ဖြစ်ပြီး သူတို့အတွက် အဆင့်မြင့်မသေမျိုးကျမ်းစာအချို့ကို ချန်ထားပေးချင်နေတာ"

“အကယ်၍ ကျင့်ကြံဖော်ကုအနေနဲ့ စိတ်မရှိဘူးဆိုရင်... ကျုပ် အဲဒီပုဂ္ဂိုလ်နဲ့ ဆက်သွယ်ပေးဖို့ ကူညီပေးနိုင်ပါတယ်ဗျာ"

သူက အနည်းငယ် အားနာဟန်နဲ့ ဆက်ပြီး...

“ဒါပေမဲ့... အကယ်၍ အရောင်းအဝယ် အောင်မြင်သွားမယ်ဆိုရင် ကျုပ်အတွက် အကျိုးအမြတ်က...”

“ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်"

နှစ်တစ်ထောင် လမင်းကမာပုလဲဆိုသည့် စကားကို ကြားသည်နှင့် ကုယွမ်က မဆိုင်းမတွဘဲ ကမ်းလှမ်းလိုက်သည်။

“မင်း ဒီအရောင်းအဝယ် ဖြစ်မြောက်အောင် ကူညီပေးနိုင်သရွေ့တော့... ငါ မင်းကို ဝိညာဉ်ကျောက်တုံး ရှစ်ဆယ် သေချာပေါက် ပေးမယ်"

“ကျင့်ကြံဖော်ကုက တကယ့်ကို လက်ဖျားငွေသီးတဲ့သူပဲဗျာ"

ပေါင်သထုံသည် ၎င်းကို ကြားလိုက်ရသည့်အခါ အလွန်ပင် ဝမ်းမြောက်သွားပြီး စိတ်အားထက်သန်စွာဖြင့် ကတိပြုလိုက်တော့သည်။

“စိတ်ချပါဗျာ ဒီကိစ္စကို ကျုပ်အပေါ်မှာသာ ပုံအပ်ထားလိုက်ပါ”

ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ဟူသည် အရေအတွက်အားဖြင့် သိပ်မများလှဟု ထင်ရသော်လည်း အမှန်စင်စစ် ၎င်းမှာ မည်သည့် မွေးရာပါသိုင်းပညာရှင်အတွက်မဆို ကြီးမားလှသော ဆုလာဘ်တစ်ခု ဖြစ်၏။

၎င်းဈေးကွက်များအတွင်း၌ ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ရှိပါက မွေးရာပါသိုင်းပညာရှင် သုံးဦးမှ ငါးဦးခန့်ကို တစ်လမက ငှားရမ်း၍ အသုံးပြုနိုင်သည်။

ကုယွမ်သည်လည်း အလွန်ပင် ကျေနပ်သွားခဲ့သည်။ ကမာပုလဲကဲ့သို့သော ပုလဲများဟူသည် ကမာမိစ္ဆာတစ်ကောင်က လမင်း၏ စွမ်းအားများနှင့် ရေဓာတ်ဝိညာဉ်ချီများကို စုပ်ယူ၍ သန့်စင်မွမ်းမံထားခြင်းပင်။

အထူးသဖြင့် နှစ်တစ်ထောင် လမင်းကမာပုလဲဟူသည် ရှေးဟောင်းကမာမိစ္ဆာကြီးတစ်ကောင်က နှစ်ပေါင်းထောင်ချီ၍ ကျင့်ကြံဆန်းစစ်ထားသော အသက်အဆီအနှစ်ဖြစ်ရာ ၎င်းအတွင်း၌ ကြီးမားလှသော ရေဓာတ်ဝိညာဉ်ချီများ၊ ရေ၏ အဆီအနှစ်များနှင့် လမင်း၏ စွမ်းအားများ မြောက်မြားစွာ စုစည်း၍ တည်ရှိနေသည်။

All Chapters