← Chapters

အခန်း ၉၇၆

Vol. 66 Ch. 976

အခန်း ၉၇၆

Vol. 66 Ch. 976

Chapter 976 ရွှမ်ချန်သို့ ထွက်ခွာခြင်း

အနောက်ဘက်မှ ယဲ့ဖန်၏ ခြေသံ ထွက်လာသောအခါ ဟွမ်ဖုဖုန်းတစ်ယောက် ကတုန်ကယင် ဖြစ်သွား လေသည်။ သူ တုန်လှုပ်ခြောက်ခြားနေ၏။

“မဟုတ်ဘူး … မင်း ဒီလိုလုပ်လို့ မရဘူး၊ ငါက ရွှမ်ချန်မြို့က သခင်လေး၊ ဟွမ်ဖုမျိုးနွယ်ရဲ့ မျိုးဆက်”

“မင်း ငါ့ကို ထိခိုက်အောင် လုပ်မယ်ဆိုရင် ငါ့ဘိုးဘေးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

ဟွမ်ဖုဖုန်းက ထပ်ခါထပ်ခါ အော်ဟစ်ပြောဆိုနေ၏။ သို့ရာတွင် ယဲ့ဖန်၏ အေးစက်သော မျက်နှာထားက သူ့အား ကျောချမ်းသွားစေသည်။

“စိတ်မပူနဲ့၊ အခု မင်းအလှည့် ပြီးရင် သူ့အလှည့်ပဲ”

ယဲ့ဖန်၏ အပြုံးက အတော်ကို နတ်ဆိုးဆန်လှသည်။ ထို့နောက် ယဲ့ဖန်က လက်ထဲမှ ဓားကိုဝင့်၍ ဟွမ်ဖုဖုန်းအား တစ်ချက်ပြီး တစ်ချက် ခုတ်ပိုင်းလေတော့သည်။

“တတိယ ဓားချက်”

ဟွမ်ဖုဖုန်း၏ ခြေထောက်တစ်ဖက် ပြတ်သွားလေသည်။ သူ၏ ပြတ်သွားသော ညာဘက်ခြေထောက်မှ ပြင်းထန်သော ဝေဒနာက သွေးကြောအနှံ့သို့ ပျံ့နှံ့လာ၏။

….

“အား…”

ထိုအခိုက်တွင် ဟွမ်ဖုဖုန်းသည် အသတ်ခံရတော့မည့် ဝက်တစ်ကောင်သဖွယ် အော်ဟစ်ငိုယိုနေ၏။ သူ၏ ခန္ဓာကိုယ် တတိတိ အဖြတ်ခံနေရသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သူ တစ်ချက်လေးမျှ ပြန်လည် မတိုက်ခိုက်နိုင်ပေ။

တစ်ပိုင်း၊ ဆယ်ပိုင်း၊ အပိုင်းငါးဆယ်။ ဟွမ်ဖုဖုန်း၏ ဆောက်တည်ရာမရ အော်ဟစ်နေသည့် အသံတောင်မှ တဖြည်းဖြည်း တိမ်ဝင်လာသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးအလိမ်းလိမ်း ဖြစ်နေပြီး ခြေလက်အင်္ဂါ အစိတ်အပိုင်းများက မြေကြီးပေါ်အနှံ့ ပျံ့ကြဲနေသည်။

ဟွမ်ဖုဖုန်း နောင်တရကာ ဆောက်တည်ရာမရ ဖြစ်နေ၏။ သူ့မျက်လုံး၌ ကြောက်စိတ်များဖြင့် ပြည့်နှက်နေ လေသည်။

ဤလူက အလွန် ရက်စက်တတ်သည်ကို သူ ကြိုသိခဲ့ပါက ယခုကဲ့သို့ လူမဆန်သော နာကျင်မှု ဝေဒနာကို ခံစားမည့်အစား သတ်သေပစ်လိုက်မိမှာပင်။ ပြင်းထန်သော နာကျင်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနိုင်မည့် စွမ်းအင်ကိုပင် သူ စုစည်းရ ခက်နေ၏။

သူသည်သာမက သူ၏ဘေးပတ်လည်၌ အစုလိုက် အပြုံလိုက် သုတ်သင်မှုကြီး ဆက်လက် ဖြစ်ပွားနေသည်။ ရှောင်ချီရှို့သည် သေမင်းတမန်သဖွယ် လောကသခင်အဆင့် သိုင်းပညာရှင်များ၏ အသက်ကို ဆက်တိုက် နုတ်ယူနေသည်။

မြေကြီးပေါ်၌ အသားစများနှင့် သွေးစက်များက နေရာအနှံ့ လွင့်စဉ်နေပြီး ထိုနေရာတစ်ခုလုံးသည် လောကသခင် အဆင့်များ၏ သင်္ချိုင်းမြေ ဖြစ်လာလေတော့သည်။

ရှောင်ချီရှို့က နောက်ဆုံးသော လောကသခင်အဆင့် သိုင်းပညာရှင်အား လက်သီးဖြင့် ထိုးနှက် သတ်ဖြတ် လိုက်ချိန်တွင် တစ်ဖက်မှ ယဲ့ဖန်သည်လည်း ဟွမ်ဖုဖုန်းအား အရှင်လတ်လတ် လည်ဖြတ်လိုက်သည်။

သွေးသံတရဲရဲနှင့် ကိုယ်လက်အင်္ဂါ အပိုင်းအစများက နေရာအနှံ့၌ ရှိနေပြီး ဦးခေါင်းကိုပါ ထည့်၍ ရေတွက်မည်ဆိုလျင် စုစုပေါင်း တစ်ရာ့ရှစ်ပိုင်းတိတိ ရှိလေသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

“ငါ … ငါက ပါရမီရှင်လေ၊ ဘာလို့လဲ … ဘာကြောင့်လဲ”

ယဲ့ဖန်က ဟွမ်ဖုဖုန်း၏ စိတ်ဝိညာဉ်ကို မသတ်ပေ။ ထို့ကြောင့် သူ၏ ဦးခေါင်းပြတ်၌ ကျန်ရစ်နေသော စိတ်ဝိညာဉ်က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် သွေးပျက်နေသည်။

“ငါ့ဘိုးဘေးက လူသားအရှင်သခင် လက်အောက်က ပြိုင်ဘက်ကင်း စစ်သူကြီး ဟွမ်ဖုယိုကွ”

“ငရဲဘုံက တိရစ္ဆာန်ကောင်၊ မင်း ဝဋ်ပြန်လည်မှာကွ၊ ငါ့ဘိုးဘေးက မင်းကို မသေမချင်း လိုက်ဖမ်းပြီး သတ်ပစ်မှာ၊ မင်းမျိုးနွယ်တစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ်၊ မင်းလည်း ဘယ်တော့မှ ပြန်မဝင်စားနိုင်တော့ဘူးကွ”

ဟွမ်ဖုဖုန်း၏ မျက်နှာ၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ သူ ယဲ့ဖန်နှင့် အခြားသူများကို အလွန်အမင်း မုန်းတီးသည်။ သူသည် ငရဲဘုံမှ လူတစ်ယောက်ကြောင့် ခေါင်းဖြတ်ခံခဲ့ရသည်။ စိတ်ဝိညာဉ်ပါ ဖျက်ဆီးမခံရသေးသဖြင့် အသက်ရှိနေခြင်း ဖြစ်လေသည်။

အကြောင်းကြောင်းကြောင့် သူ အသက်ဆက်ရှင်ခဲ့လျင်တောင်မှ သူသည် ဟွမ်ဖုမျိုးနွယ်၏ အရှက်ကို ခွဲလိုက်သောသူ ဖြစ်လာပေမည်။

“မျိုးနွယ်တစ်ခုလုံး ဖျက်ဆီးခံရမယ်၊ ဘယ်တော့မှ ပြန်မဝင်စားနိုင်ဘူးတဲ့လား”

ယဲ့ဖန်က အသာပြုံး၍ ရှေ့သို့လှမ်းလာပြီး ဟွမ်ဖုဖုန်း၏ ဦးခေါင်းကို ကောက်ယူလိုက်သည်။

“စိတ်မပူနဲ့၊ ငါ မင်းမျက်လုံးနဲ့ တပ်အပ်မြင်ရအောင် လုပ်ပေးမယ်”

ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ယမ်း၍ အားလုံးကို ‌ပြောလိုက်သည်။

“ရွှမ်ချန်မြို့ကို သွားမယ်”

သူ့စကားကြောင့် ဟွမ်ဖုဖုန်း အံ့အားသင့်သွားရသည်။ ယဲ့ဖန်က ထောင်ချောက်ထဲ ကိုယ်တိုင် တိုးဝင်ပြီး ရွှမ်ချန်မြို့သို့ သွားလိမ့်မည်ဟု သူ ထင်မထားမိပေ။

“ငါ … ငါ သိပြီ၊ မင်း … မင်းက ရွှမ်ကျိုးမြေကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့တဲ့ ငရဲဘုံက လူပဲ”

“မင်းက ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုကို ပြုစားပြီး ရွှမ်ကျိုးမြေကို သွေးချောင်းစီးအောင် လုပ်ခဲ့တဲ့လူပဲ”

ဟွမ်ဖုဖုန်း၏ စိတ်ထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေ၏။

*ရွှမ်ကျိုးမြေကို သွေးချောင်းစီးအောင် လုပ်တယ်တဲ့လား*

ထိုစကားကြောင့် ဝိညာဉ်သခင်နှင့် အခြားသူများသည်လည်း ငိုင်တွေသွားကြသည်။ သူတို့လည်း ထိုသတင်းကို ကြားခဲ့သည်။ ရွှမ်ကျိုးမြေတစ်ခုလုံး သွေးချောင်းစီးပြီး များစွာသော မိသားစုကြီးများ ရှင်းလင်းခံရသည်ဟုသာ သူတို့ သတင်းကြားခဲ့ကြသည်။

ထိုကိစ္စက ယင်ယန်လောကကမှ အင်အားကြီးသော တစ်စုံတစ်ရာ၏ လက်ချက်ဖြစ်မည်ဟုသာ သူတို့ ထင်မှတ် ခဲ့ကြသည်။ မထင်မှတ်ဘဲ ထိုကိစ္စက ယဲ့ဖန်၏ လက်ချက် ဖြစ်နေ၏။

လက်ရှိတွင် ဝိညာဉ်သခင်နှင့် အခြားသူများအားလုံး ယဲ့ဖန်ကို ပိုပို၍ လေးစားကြည်ညိုလာသည်။ နတ်ဘုရင် အထွတ်အထိပ်အဆင့်လေးနှင့် ယင်ယန်လောကအား အုတ်အော်သောင်းတင်း ဖြစ်အောင် လုပ်နိုင်နေသည်။ ထိုသို့သောပုဂ္ဂိုလ်သည် နတ်ဆိုးတို့၏ ဧကရာဇ်သာ ဖြစ်ပေသည်။

နတ်ဆိုးများအားလုံး၏ မျက်နှာ၌ စိတ်လှုပ်ရှား၍ ဂုဏ်ယူဟန်များဖြင့် ပြည့်နှက်လာ၏။ ဤသည်ကိုကြည့်ပြီး ဟွမ်ဖုဖုန်းက ခက်ထန်၍ အကျည်းတန်သော မျက်နှာထားဖြင့် ကြည့်နေသည်။

“မင်းတို့ ငရဲဘုံက တွားသွားကောင်တွေ၊ ပျော်ဖို့ စောလွန်းနေသေးတယ်”

“ဟမ့်၊ ငါ့ဟွမ်ဖုမျိုးနွယ်ရဲ့ ဘိုးဘေးရှေ့မှာ မင်းတို့က ပုရွက်ဆိတ်အုံအဆင့်ပဲ ရှိတာ”

“မင်းတို့ ရွှမ်ချန်ကို ရောက်တဲ့အချိန်ကျရင် မြေအောက်ငရဲကို ကျသလို ဖြစ်သွားမှာ၊ ငါ့ဘိုးဘေးက မင်းတို့ အားလုံးကို တစ်ယောက်ချင်းစီ လိုက်သတ်ပစ်မှာကွ၊ ဟားဟားဟား …”

ဟွမ်ဖုဖုန်း အပြုံးကြီး ပြုံးနေ၏။ သူ၏ဘိုးဘေး ဟွမ်ဖုယိုက ယဲ့ဖန်နှင့် အခြားသူများအား သတ်ဖြတ်နေသည့် မြင်ကွင်းကို မြင်ယောင်ပြီး အလွန် ပျော်ရွှင်နေသည်။

ဖြောင်း!

ထိုစဉ် သူ ပါးရိုက်ခံလိုက်ပြီး သွားတစ်ချောင်း ကျွတ်ထွက်လာသည်။ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး ပါးတစ်ဖက်က ရောင်ကိုင်းလာ၏။

ထို့အပြင် ယဲ့ဖန်၏ အေးစက်စက်အသံလည်း ထွက်ပေါ်လာလေသည်။

“ငါ့အမြင်မှာ‌တော့ မင်းက ပါရမီရှင် မဟုတ်ဘူး၊ လေကျယ်နေတဲ့ကောင်ပဲ”

“မင်း နောက်တစ်ခါ ဆူဆူညံညံ လုပ်ရဲမယ်ဆိုရင် ငါ မင်းဝိညာဉ်ကိုပါ သုတ်သင်လိုက်မယ်”

သူ့စကားသံ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ဟွမ်ဖုဖုန်း မျက်ခုံးလှုပ်သွားသည်။ သူ အလွန် မကျေမချမ်း ဖြစ်သော်လည်း ယဲ့ဖန်၏ သတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစားမိပြီး ကျိုးကျိုးနွံနွံဖြင့် ပါးစပ်ပိတ်ထား လိုက်ရသည်။

“ဟမ့် … မင်းတို့ တွားသွားကောင်တွေ ခဏလောက်တော့ ပျော်ထားဦးပေါ့ကွာ”

“မင်းတို့ ရွှမ်ချန်မြို့ကို ရောက်ရင် ငါ့ဘိုးဘေးက ဘယ်လောက် တော်လဲ သိလာလိမ့်မယ်”

…

တစ်ချိန်တည်းမှာပင် ရွှမ်ချန်မြို့တွင်း၌ သွေးများက မြစ်သဖွယ် စီးဆင်းနေပြီး မီးခိုးများ လှိုင်လှိုင်ထနေသည်။ မြို့အနှံ့ အလောင်းများ ပုံနေ၏။ ထိုသူများသည် ဟွမ်ဖုမျိုးနွယ်၏ အစောင့်များ ဖြစ်သည်။ သူတို့သည် သားရဲကောင်၏ စုတ်ဖြဲခြင်း ခံရသကဲ့သို့ တစ်စစီ ဖြစ်နေသည်။

အားလုံး မရှုမလှ သေဆုံးနေကြပြီး သူတို့၏ မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့ဟန်များ ထင်ဟပ်နေသည်။ ထို့အပြင် မြို့တော်သခင်၏ စံအိမ်ရှိရာနှင့် နီးလာလေလေ သိုင်းပညာရှင်များ၏ သေဆုံးမှုများက ပိုများလာလေပင်။

အန္တိမအဆင့်များနှင့် ရှေးဟောင်းမိသားစု နှစ်ဆယ့်လေးခုမှ မျိုးနွယ်ဝင်တစ်ချို့တို့၏ အလောင်းများလည်း ရှိနေသည်။ သူတို့၏ ခန္ဓာကိုယ်များအား ကြောက်စရာကောင်းသော တစ်စုံတစ်ရာက ကိုက်ဖြတ်ထားသည့်ပုံပင်။

ထိုသည်သာမက မြို့တော်သခင်၏ စံအိမ်မြေကွက်လပ်မှ ဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ထိုမြေကွက်လပ်၌ လူတစ်စုသည် အဝိုင်းခံထားရသည်။

ထိုလူများသည် ဘုရင်မကျစ်ဝေ့နှင့် အခြားသူများ ဖြစ်လေသည်။ လက်ရှိတွင် သူတို့အားလုံး သွေးအလိမ်းလိမ်း ဖြစ်နေပြီး ဖီချူးကောင်များ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရထားကြသည်။

သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သေခြင်းရှင်ခြင်း တိုက်ပွဲနှင့် ကြုံတွေ့ထားရပုံ ပေါ်သည်။

“ဖီးချူး၊ ဟွမ်ဖုယို နင် ဖီချူးတွေကို ဖမ်းချုပ်ထားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ဖီးချူးသည် ရှေးခေတ်အခါကတည်းက အလွန် ရက်စက်တတ်သောသူများဟု ကျော်ကြားလေသည်။ တစ်ချိန်က ဖီးချူးမျိုးနွယ်သည် လောက၌ မုန်တိုင်းထန်စေခဲ့ပြီး မျိုးနွယ်များစွာတို့အား ကိုက်ဖြတ်၍ သူတို့၏ အစာအဖြစ် စားသုံးခဲ့သည်။

ထိုအချိန်မှစ၍ ဖီးချူးများ သုတ်သင်ခံခဲ့ရသည်မှာ နှစ်နှစ်သိန်းနီးပါး ရှိပြီ ဖြစ်သည်။ သို့သော် ဟွမ်ဖုယိုက ဖီးချူးများကို တိတ်တဆိတ် ဖမ်းချုပ်၍ မွေးမြူထားလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။

ဟွမ်ဖုယိုက အမြင့်တစ်နေရာ၌ အေးအေးလူလူ ထိုင်နေ၏။ သူသည် ဘုရင်မကျစ်ဝေ့နှင့် အခြားသူများကို စိုက်ကြည့်၍ အပြုံးကြီး ပြုံးနေသည်။

“ဟားဟားဟား … ဖီးချူးတွေက ဘယ်လောက် ရက်စက်ပြီး သွေးဆာတတ်လဲဆိုတာ အားလုံး သိတာပဲ၊ ဒါတောင် သူတို့က မိသားစုကို စောင့်ရှောက်တဲ့ သူတော်စင် သားရဲတွေ မဟုတ်သေးဘူး”

“အခုတော့ မင်းတို့အားလုံး ဖီချူးတွေရဲ့ အစွယ်အောက်မှ သေပေဦးပေါ့ကွာ၊ ဟားဟားဟား …”

All Chapters