← Chapters

အခန်း ၉၉၂

Vol. 67 Ch. 992

အခန်း ၉၉၂

Vol. 67 Ch. 992

Chapter 992 မင်းတို့ အဆင်သင့်ပဲလား

ယင်ယန်လောက၏ ညတာ ကောင်းကင်ယံသည် အလွန်တရာ လှပလှပေ၏။ ကောင်းကင်ယံတွင် လရောင်က သွေးရောင်သဖွယ် နီမြန်းနေပြီး လောကသို့ သွေးရောင်လွှမ်းနေသည်ဟု ထင်မှတ်မှားရသည်။

ထိုကောင်းကင်ယံ၌ လှေငယ်တစ်စင်း ပျံသန်းနေပြီး နယ်မြေခုနစ်ခုအနှံ့ သွားလာနေသည်။ ထိုလှေပေါ်၌ လင်းလန်သည် အောက်ဘက်မှ နယ်မြေခုနစ်ခု၏ ကျယ်ပြောသော နယ်နိမိတ်ကို ကြည့်ပြီး ပြင်းစွာ အံ့ဩ ထိတ်လန့်နေ၏။

“ယဲ့ဖန် ဒီလောက်ကျယ်တဲ့ ယင်ယန်လောကက နယ်မြေကြီးက ကျွန်မတို့ပိုင်တာလား”

လင်းလန် ယခုချိန်ထိ ယုံရခက်နေသည်။ ဤနေရာသည် ငရဘုံထက် ပို၍ကြောက်စရာကောင်းသည့် ယင်ယန် လောက မဟုတ်ပါလော။

ဤသို့ကျယ်ပြောလှသော နယ်မြေသို့ ငရဲဘုံမှ သာမန် သိုင်းပညာရှင်တစ်ယောက်သာ ရောက်လာပါက ဤလောကမှ လူများ၏ တစ်ဖက်သတ် ဖိနှိပ်ခြင်း ခံရပေမည်။

ဤမျှကျယ်ပြောသော နယ်မြေခုနစ်ခုအပြင် ဤနေရာ၌ များစွာသော နတ်ဘုရားများနှင့် အရှင်သခင်များစွာ ရှိနေသေးသည်။

ဤသို့ ကြီးမားလှသော နယ်မြေနှင့် သိုင်းပညာရှင်ပေါင်းများစွာတို့က မိမိတို့၏ လက်ထဲ၌ ရှိနေသည့် အဖြစ်က လင်းလန်အား တွေဝေသွားစေသည်။ လင်းလန်၏ ထိတ်လန့်နေသော မျက်နှာလေးကို ကြည့်ပြီး ယဲ့ဖန်က မျက်လုံးကို စင်း၍ ပြောလိုက်သည်။

“ဟုတ်တယ်၊ ကိုယ်က ဒီလောကကြီးကို ကိုယ့်ခြေထောက်အောက်မှာ အရှုံးပေးလာစေချင်တာ”

“ကိုယ် နတ်ဆိုးတိုင်းကို ယောက်ျားတစ်ယောက်လို မားမားမတ်မတ် ရပ်တည်နိုင်စေချင်တယ်”

“ရန်သူတိုင်းကို ဆိုးဆိုးရွားရွား နာကျင်ခံစားရစေချင်တယ်”

ယဲ့ဖန်က ပို၍ဝေးကွာသော ယင်ယန်လောကကြီးအား လှမ်းမျှော်ကြည့်လိုက်သည်။ နက်ရှိုင်းလှသော ဤလောကကြီး၏ တစ်နေရာ၌ မိုးကြိုးတောင်ကြား၊ မသေမျိုးမျိုးနွယ်၊ လူသားအရှင်သခင်နန်းတော် စသည့် ရန်သူတော်များ ရှိရာနေရာများက သူ သိမ်းပိုက်လာသည်ကို စောင့်မျှော်နေကြောင်း ယဲ့ဖန် သိလေသည်။

မိုးကြိုးနတ်ဘုရား၊ ပြိုင်ဘက်ကင်း ရွှယ်ယွမ်၊ လူသား အရှင်သခင်နှင့် အခြားသူများက သူ၏ သတ်ဖြတ်ခြင်း ခံရရန် စောင့်ဆိုင်းနေ၏။

ယဲ့ဖန်၏ စကားကို ကြားပြီးနောက် လင်းလန်က ရီဝေသော အကြည့်များဖြင့် ကြည့်လိုက်သည်။ ယဲ့ဖန် လုပ်သမျှ အရာအားလုံးက သူတစ်ဦးအတွက် မဟုတ်မှန်း သူမ သိပါသည်။ သူသည် အမြဲ သူ့အတွက်၊ ဟွမ်အာ၊ အန်းရှီ အစရှိသည့် သူ့အနားမှ လူများအတွက်သာ လုပ်ဆောင်တတ်သည်။ ငရဲဘုံမှ လူများအားလုံးအတွက် သူ လုပ်ကိုလုပ်မှ ဖြစ်ပေမည်။ ရန်သူများကို သတ်ကိုသတ်မှ ဖြစ်ပေတော့မည်။

“ယဲ့ဖန် ကျွန်မကို ကတိပေးပါ”

လင်းလန်က ယဲ့ဖန်ကို ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေသော အကြည့်များဖြင့် ပြောလာသည်။

“ဟွမ်အာကို ကောင်းကင်ဘုံ အခမ်းအနားမှာ ကယ်ဖြစ်အောင် ကယ်ပေးပါ၊ အန်းရှီ၊ ကျုံးဝမ်နဲ့ ဝံပုလွေရိုင်းကို တွေ့အောင် ရှာပေးပါ”

ထိုလူများက သူ ချစ်ရသော မိသားစုဝင်များဖြစ်ကြောင်း သူမ သိပါသည်။ သူမစကားကြောင့် ယဲ့ဖန် ခေါင်းညိတ်၍ ကတိပေးလိုက်သည်။

“ကိုယ် ကတိပေးပါတယ်”

သူ လင်းလန်ကို ပွေ့ဖက်၍ ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။ လင်းလန်၏ နူးညံ့ချောမွေ့သော ခန္ဓာကိုယ်မှ မွှေးပျံ့သော ရနံ့တစ်မျိုး ပျံ့လွင့်လာသည်။

တစ်ဟုန်ထိုး တိုးပွားလာသော နတ်ဘုရားစွမ်းအင်နှင့်အတူ လင်းလန်၏ ခန္ဓာကိုယ်က ပို၍ ရင့်ကျက်ကာ ဆွဲဆောင်မှု ရှိလာ၏။ သူမ၏ သိမ်မွေ့နူးညံ့သော ကိုယ်လုံးကိုယ်ပေါက်ကြောင့် ယဲ့ဖန် ရင်ထဲ၌ ဗလောင်ဆူလာပြီး သွေးများ ပွက်ပွက်ဆူလာသလို ခံစားလာရသည်။

သူ၏ လက်အစုံက လင်းလန်၏ ကိုယ်အနှံ့သို့ သွားလာနေသဖြင့် လင်းလန် တစ်ကိုယ်လုံး ပျော့ခွေသွားလေသည်။ သူမ၏ မျက်ဝန်းများက နူးညံ့လာပြီး ယဲ့ဖန်အား ချစ်ရည်ရွှမ်းသော အကြည့်များဖြင့် မော့ကြည့်လာသည်။

အချိန်အတော်ကြာ ခွဲခွာနေခဲ့ရသဖြင့် သူတို့အတွက် လက်ထပ်ပြီးခါစ လင်မယားဘဝသို့ ပြန်ရောက်သွား သလိုပင်။ ယဲ့ဖန်၏ လိုအပ်ချက်နှင့် စိတ်ဆန္ဒများက မည်သူမဆိုထက် ပို၍ ပြင်းပြလှသည်။ ယခင်က ထိုဆန္ဒတို့အား ခိုင်မာသော စိတ်စွမ်းအားတို့ဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။

ယခုအခါတွင်မူ ပြင်းပြသော စိတ်ဆန္ဒတို့က ကန်ထွက်လာသဖြင့် သူ ထပ်၍ ထိန်းချုပ်ရခက်သွားသည်။ ထို့ကြောင့် လင်းလန်အား လှေပေါ်၌ အသာလှဲစေလိုက်သည်။

ထို့နောက် လက်ကိုဝှေ့ယမ်း၍ လှေအပြင်ဘက်၌ အတားအဆီးတစ်ခု ဖွဲ့စည်းလိုက်ပြီး လှေထဲမှ မြင်ကွင်း အားလုံးကို ပိတ်ဆို့လိုက်သည်။

ထို့နောက်တွင်မူ သူတို့၏ အချစ်တိုက်ပွဲ စတင်လေတော့သည်။ ထိုတိုက်ပွဲက အလွန်တရာကို ပြင်းထန်လှပြီး လင်းလန်၏ ညည်းသံများက အတားအဆီးအပြင်ဘက်သို့ ဆက်တိုက် ထွက်လာသည်။

အောက်ဘက်ရှိ မြေပြန့်တွင် သီလရှင်ကျောင်းတစ်ခု ရှိသည်။ သီလရှင်တစ်ဖွဲ့က ခန်းမတစ်ခု၌ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံအားထုတ်နေကြသည်။ သို့သော် ချစ်ခြင်းဖွဲ့နေသော အသံများကို သီလရှင်တိုင်း ကြားလိုက်ရချိန်တွင် နတ်ဘုရားစွမ်းအင်များ ကစဉ့်ကလျား ဖြစ်သွားပြီး ချက်ချင်း သွေးအန်လေတော့သည်။

*ဘယ်သူလဲ*

*ဘယ်သူတွေကများ အတင့်ရဲပြီး သီလရှင်ကျောင်းတော်ရဲ့ လေဟာနယ်မှာ ဒီလိုမျိုး လာလုပ်နေတာလဲ*

ထိုသီလရှင်များသည် ဒေါသထွက်လာပြီး ခန်းမထက်မှ ပြေးထွက်ကာ ကောင်းကင်ယံတစ်ခုလုံးအား စစ်ဆေးလေသည်။ သို့ရာတွင် မည်သူကိုမှ သူတို့ မတွေ့ရချေ။

သို့ရာတွင် အချစ်တိုက်ပွဲကြောင့် ညည်းညူသံများနှင့် အသားချင်း ရိုက်မိသံများက ပို၍ ကျယ်လောင်လာသဖြင့် သီလရှင်တိုင်း မျက်နှာနီမြန်းလာပြီး သွေးအန်လုနီးပါး ဖြစ်လာသည်။

သီလရှင်များသည် ခြေထောက်များကို မြဲမြဲ လိမ်ညှပ်ထားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့သဖြင့် မိမိအခန်းသို့ အသီးသီး ရှက်ရွံ့စွာ ပြန်ပြေးဝင်သွားကြသည်။

ရုတ်ချည်းဆိုသလိုပင် သီလရှင်ကျောင်း၏ ခန်းမတစ်ခုလုံး၌ လူမရှိတော့ဘဲ အိပ်ခန်းအသီးသီးမှ ရင်တဒိတ်ဒိတ် ခုန်စေလောက်သော နှုတ်ခမ်းပိတ်၍ ညည်းသံများ ထွက်ပေါ်လာသည်။

ကောင်းကင်ယံမှ လှေငယ်ပေါ်မှ နှစ်ယောက်သား၏ အချစ်သံစဉ်တိုက်ပွဲက တစ်ညတာတိတိ ကြာမြင်ခဲ့သလို အောက်ဘက်ရှိ သီလရှင်ကျောင်းတော်၏ အိပ်ခန်းတိုင်းတွင်လည်း ထိုအသံကြောင့် ခုတင်များ စိုရွှဲကုန်၏။

ထိုအခြင်းအရာအားလုံးကို ယဲ့ဖန် တစ်စက်ကလေးမှ မသိပေ။ နောက်တစ်နေ့ မနက်အရုဏ်တက်ချိန်၌ သူသည် လင်းလန်ကို နှုတ်ဆက်ကာ ယင်ယန်လောက၏ အတွင်းကျသော နယ်မြေသို့ ခရီးထွက်လာသည်။

နယ်မြေခုနှစ်ခုအား တည်ငြိမ်အောင် လုပ်ဆောင်ပြီးသဖြင့် ယခင်အတိုင်း ပြန်ဖြစ်လာလေပြီ။ လင်းလန်၊ ရှောင်ချီရှို့နှင့် အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင်များအား ဤနယ်မြေ၌ ထားခဲ့ပြီး တုံကျန့်စစ်တပ်အား တည်ထောင်စေသည်။

ကောင်းကင်ဘုံ အခမ်းအနားအတွက် ပြင်ဆင်မှုအပြည့်အဝ လုပ်ထားရန် ပိုအရေးကြီးပေသည်။ သို့ရာတွင် ယဲ့ဖန်သည် ယခုတစ်ခေါက်အား အခွင့်ကောင်းယူ၍ ဝံပုလွေရိုင်း၊ အန်းရှီနှင့် ဖျောင်ကျိုးဝမ်တို့ကို လိုက်ရှာပြီး မသေမျိုး ဖီးနစ်ဘုရင်အား ကယ်တင်ရပေမည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း၌ နတ်ဆိုးနဂါးက ရုတ်တရက် အပြင်သို့ ထွက်လာသည်။ သူ၏ အမူအရာက ချီတုံချတုံ ဖြစ်နေပုံ ပေါ်၏။ အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးမှ သူက ယဲ့ဖန်ကို ပြောလာ၏။

“ငယဲ့လေး၊ ငါ ခဏလောက် ထွက်သွားချင်တယ်”

*ထွက်သွားမယ်*

ယဲ့ဖန် အံ့ဩသွားသော်လည်း ပြန်မေးလိုက်သည်။

“ဘယ်သွားမလို့လဲ”

“အရင်ရန်ကြွေးကို သွားရှင်းမလို့”

နတ်ဆိုးနဂါး၏ မျက်လုံးများက ရှုပ်ထွေးနေ၏။ သူသည် ယဲ့ဖန်ကို သေချာစိုက်ကြည့်၍ စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

“ငယဲ့လေး ငါ အောင်မြင်ရင် အခမ်းအနားမှာ သေချာပေါက် ပေါ်လာလိမ့်မယ်”

“ငါ ပေါ်မလာခဲ့ဘူးဆိုရင် ငါ သေပြီလို့ မှတ်လိုက်ပါ၊ ငါ့ကို လိုက်မရှာနဲ့ … ငါ့အတွက် လက်စားမချေနဲ့”

နတ်ဆိုးနဂါး၏ မျက်လုံးမှ မျက်ရည် စီးကျလာသည်။ သူ ယဲ့ဖန်ကို လှည့်မကြည့်ရက်ပေ။ လှည့်ကြည့်လိုက်မိပါက ယဲ့ဖန်နှင့် မခွဲရက်မည်ကို ကြောက်ရွံ့နေ၏။ ထို့ကြောင့် ခန္ဓာကိုယ်ကို လူးလွန့်၍ ထွက်ခွာလာလိုက်သည်။

နတ်ဆိုးနဂါးသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီးနောက် တိမ်စိုင်များကြား၌ ပျောက်ကွယ်သွားသည်။ ကောင်းကင်ယံမှ စကားသံတစ်သံသာ ထွက်လာလေသည်။

“ငယဲ့လေး၊ မင်းက ငါ့ညီအစ်ကိုပါ၊ မင်းအတွက် ငါ့ကို အသက်စတေးခွင့်ပေးပါ … ငါ့ညီ”

ထိုစကားသံအဆုံး၌ နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်သည် အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားသည်။ ယဲ့ဖန် အချိန်အတော်ကြာ အံ့ဩမှင်တက်နေမိသည်။

နတ်ဆိုးနဂါးသည် ရှေးခေတ် အချိန်အခါက လွှမ်းမိုးစိုးနိုးနိုင်ခဲ့သော နတ်ဆိုးနဂါးဧကရာဇ်ဟု ကျော်ကြားခဲ့သူ ဖြစ်သည်။ သူ့၌လည်း ကိုယ်ပိုင်ဘဝဇာတ်ကြောင်း ရှိပေမည်။

သူ မပြောချင်သဖြင့် ယဲ့ဖန်သည်လည်း မတတ်သာဘဲ သည်အတိုင်း ထားလိုက်ရလေတော့သည်။ ယဲ့ဖန် အဝေးသို့ ငေးကြည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။

“အစ်ကို ကျုပ် ခင်ဗျားကို အခမ်းအနားမှာ စောင့်နေမယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် ထိုနေရာ၌ ဆက်မနေတော့ဘဲ ယင်ယန်လောက၏ အရှေ့ဘက်သို့ ဦးတည်၍ ထွက်ခွာလာသည်။ သူ့မျက်ဝန်း၌ လူသတ်လိုစိတ်များဖြင့် ပြည့်နှက်ကာ အေးစက်နေ၏။

“နောက်ပန်းတိုင်က မိုးကြိုးတောင်ကြားပဲ”

မိုးကြိုးတောင်ကြားသည် သခင်မကွမ်းဟန်နှင့် အရှင်ဇီထျန်းတို့ လာရာနေရာ ဖြစ်သည်။ ထိုသူနှစ်ယောက် ငရဲဘုံသို့ လာရသည့်အကြောင်းရင်းမှာ သူ့အား သတ်ချင်၍ ဖြစ်သည်။ ထိုသို့ သတ်ချင်ရသည်မှာလည်း လူတစ်ယောက်ကြောင့်သာ ဖြစ်သည်။ ထိုသူသည် မိုးကြိုးနတ်ဘုရားပင်။

အစပိုင်း၌ မိုးကြိုးနတ်ဘုရားသည် ငရဲဘုံ၏ မိုးကြိုး အပြစ်ဒဏ်ကို ထိန်းချုပ်၍ အကြိမ်ပေါင်းများစွာ နတ်မိုးကြိုးများ ပစ်ချ၍ သူ့အား သေစေချင်ခဲ့သည်။

ထို့နောက် ကျိုးထျန်းရွှမ်နွီ၏ နန်းတော်၌ ယဲ့ဖန်က သူ၏ ခြေထောက်တစ်ဖက်ကို ဖြတ်ခဲ့သဖြင့် အရှင်ဇီထျန်းထံ အကူအညီတောင်းပြီး ယဲ့ဖန်အား ယန်ဝမ် ဟင်းလင်းပြင်သို့ ကျသွားအောင် လုပ်ခဲ့သည်။

သူသည် ဟွမ်အာကို အလစ်ဝင်တိုက်ခဲ့သည့် တရားခံဖြစ်ပြီး ကျိုးထျန်းရွှမ်နွီ နန်းတော်အား သစ္စာဖောက်ခဲ့သူ ဖြစ်သည်။ သူသည် မသေမချင်း ယဲ့ဖန်ကို အနှောင့်အယှက် ပေးနေမည့်သူ ဖြစ်ပေသည်။ ယခု သူက မိုးကြိုးတောင်ကြား၌ ရှိနေ၏။

“ရန်ကြွေး အသစ်ရော အဟောင်းကိုပါ ပြန်ဆပ်မယ်၊ မိုးကြိုးနတ်ဘုရား ခင်ဗျား အဆင်သင့်ပဲလား”

ကြုံးဝါးသော စကားသံအဆုံး၌ ယဲ့ဖန်၏ ပုံရိပ်သည်လည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။

All Chapters