← Chapters

အခန်း ၉၉၇

Vol. 67 Ch. 997

အခန်း ၉၉၇

Vol. 67 Ch. 997

Chapter 997 သူ ရူးနေပြီ

တောင်အောက်ရှိ မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။

*ရူးလိုက်တဲ့ကောင်*

ကောင်းကင်ဘုံအား ရန်စရဲသည့် တစ်စုံတစ်ယောက်ကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ လူသား အရှင်သခင်တောင်မှ ဤသို့ မလုပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ... ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်လေသည်။

“အရူး၊ ဒီအရူးက နတ်မိုးကြိုးကို တကယ် တားဆီးလိုက်နိုင်တာပဲ”

မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ ထိတ်လန့်နေကြသည်။ သို့သော် ထိတ်လန့်နေရာမှ အထင်သေး ပျက်ရယ်ပြုသော အမူအရာသို့ ပြောင်းလဲလာသည်။

“ဒါပေမဲ့ တားနိုင်တော့ရော ဘာထူးလဲ၊ ကောင်းကင်ဘုံကို ရန်စလိုက်မှတော့ ဖန်ဆင်းရှင်ရဲ့ အပြစ်ပေးတာကို ခံရမှာပေါ့”

“မင်းက သေလမ်းရှာနေမှတော့ ကောင်းကင်ဘုံက ဖြည့်ဆည်းပေးလိမ့်မယ်”

မိုးကြိုးနတ်ဘုရားက အားပါးတရ ပြုံးနေလိုက်သည်။

ဂျိန်း!

ထိုစဉ် ကောင်းကင်ယံမှ တိမ်မည်းလိပ်များသည် ယဲ့ဖန်၏ ထီမထင်သော စကားများကြောင့် ဒေါသထွက် သွားသည်။ တိမ်များ ပိုထူလာပြီး အရှိန်အဝါက ပို၍ပြင်းထန်လာသည်။ တိမ်စိုင်များအတွင်း၌ လျှပ်စီများ ပိုလက်လာပြီး ပိုမို၍ ပြင်းထန်သော မိုးကြိုး ပစ်ချလာတော့မည့်ပုံပင်။

ဂျိန်း!

ချက်ချင်းဆိုသလိုပင် ပို၍ ပြင်းထန်သော နတ်ဘုရားသတ်မိုးကြိုး ကျရောက်လာသည် ဤမိုးကြိုးစွမ်းအင်သည် ယခင်ထက် နှစ်ဆ ပိုအားပြင်းလှသည်။

မိုးကြိုးသည် ကျရောက်လာသည်နှင့် တောင်ထိပ်တစ်ခုလုံးအား ပျက်စီးသွားစေသည်။ ထိုမိုးကြိုးက အရာအားလုံးကို ဖျက်ဆီးနိုင်သော်လည်း ယဲ့ဖန်က လျစ်လျူရှုကာ မျက်လုံးမှိတ်၍ နတ်မိုးကြိုး ကျလာသည်ကို ခံယူလိုက်သည်။

ဂျိန်း!

နတ်မိုးကြိုးက ယဲ့ဖန်ပေါ် ကျရောက်လာပြီး သူ့ရင်ဘတ် ယိုယွင်းသွားပြီး သွေးအန်ကာ မီတာပေါင်းများစွာ လွင့်ထွက်သွားပြီးမှ ပြန်ကျလာသည်။ သို့ရာတွင် ဤသည်မှာ အစသာ ရှိပေသေးသည်။

ယဲ့ဖန်သည် လဲကျနေရာမှ ပြန်ထ၍ တောင်ထိပ်သို့ ပြန်တက်လေသည်။ သူသည် ပါးစပ်ထောင့်မှ သွေးများကို သုတ်၍ ရူးသွပ်သော မျက်လုံးများဖြင့် အော်ပြောလာသည်။

“ဒါလောက်ပဲ အစွမ်းရှိတာလား”

“ဆက်လုပ်ဦးလေ”

ထိုအခိုက်တွင် ဝံပုလွေရိုင်း အံ့ဩနေပြီး မိုးကြိုးတောင်ကြားတစ်ခုလုံး ဆူညံပွက်လောရိုက်လာသည်။ ယဲ့ဖန်က နတ်ဘုရား မိုးကြိုးကို နှစ်ကြိမ်တိတိ တောင့်ခံနိုင်သည့်အပြင် ကောင်းကင်ဘုံအား ရန်စရဲနေသဖြင့် လူတိုင်း မယုံသင်္ကာ ဖြစ်နေကြသည်။

ထိုအခါ ကောင်းကင်ယံမှ မိုးခြိမ်းသံများ ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာပြီး လျှပ်စီးများ ပိုလက်လာသည်။ ယဲ့ဖန်ကြောင့် ဖန်ဆင်းရှင် ဒေါသူပုန် ထသွားပုံရသည်။ တိမ်မည်းများမှ အလွန်တရာ ခြောက်ခြားဖွယ် ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသဖြင့် လူတိုင်း မိမိကိုယ်ကိုယ် ပုရွက်ဆိတ်ကဲ့သို့ အားနည်း သွားသည်ဟု ခံစားမိလာသည်။

ဂျိန်း!

တတိယမြောက် မိုးကြိုး ပစ်ချလာသည် ဤသည်မှာ အစသာ ရှိပေသေးသည်။ ထို့နောက်တွင်မူ လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ်။

မိုးကြိုးများ ဆက်တိုက် ပစ်လာပြီး ကျလာသည့် မိုးကြိုးတိုင်းက ပိုမို၍ အားပြင်းလာသည်။ ယဲ့ဖန်ကို အသေသတ်ရန် ကြံစည်ထားသည့်ပုံပင်။

တောင်အောက်မှ မိုးကြိုးတောင်ကြား သိုင်းပညာရှင်များအားလုံး တုန်လှုပ်ခြောက်ခြားကာ မယုံနိုင် ဖြစ်နေကြသည်။

မျက်တောင်တစ်ခတ်အတွင်း နတ်ဘုရားမိုးကြိုး ဆယ်ကြိမ်မက ကျဆင်းလာပြီး ယဲ့ဖန်ကို ဝါးမျိုသွားသည်။ ဤမိုးကြိုးများမှ မိုးကြိုးတောင်ကြား၏ သမိုင်း၌ အားအပြင်းဆုံး မိုးကြိုးမုန်တိုင်း ဖြစ်ပေသည်။ လျှပ်စီးလက်ရုံနှင့်ပင် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များ ကြောက်လန့်ကာ တုန်ယင်လာကြသည်။

“သခင် … သခင်ကြီး”

ဝံပုလွေရိုင်း ပို၍ ခံရခက်လာသည်။ ယဲ့ဖန်ထံသို့ မိုးကြိုးများ ကျရောက်လာပြီး လျှပ်စီးများက ဝါးမျိုသွားသည် ကိုမြင်ပြီး သူ့လည်ချောင်းမှ နှလုံးခုန်ထွက်လာတော့မည်ဟု ခံစားလာရသည်။

“သခင်ကြီးက ကောင်းကင်ဘုံကို ရန်စကတည်းက သူ့မှာ ရည်ရွယ်ချက်တစ်ခု ရှိနေတာ သေချာတယ်”

ဝံပုလွေရိုင်းသည် ယဲ့ဖန်အကြောင်း ကောင်းကောင်းသိသူ ဖြစ်သည်။ ယဲ့ဖန်၏ လှုပ်ရှားမှုတိုင်း၌ အလွန် လေးနက်သော ရည်ရွယ်ချက်များ ရှိသည်။

ယဲ့ဖန်က အကြောင်းပြချက် မရှိဘဲ ကောင်းကင်ဘုံကို ရန်စ၍ ကောင်းကင်ဘုံ ပြဏ်ဒဏ်ကို ခံယူသည်ဟု သူ မယုံကြည်ပါ။

ဝံပုလွေရိုင်းသည် ယဲ့ဖန်အပေါ် ယုံကြည်ပါသော်လည်း သူ့အရှေ့မှ မိုးကြိုးမုန်တိုင်းကို ကြည့်ပြီး ရင်တုန်နေမိသည်။ ထိုစဉ် နောက်ဆုံးသော နတ်ဘုရားသတ် မိုးကြိုး တဖြည်းဖြည်း လွင့်ပြယ်သွားသည်။ တောင်ထိပ်တစ်ခုလုံး မီးခိုးငွေ့များနှင့် ဖုန်မှုန်များ တထောင်းထောင်း ထနေသည်။

နတ်ဘုရားသတ် မိုးကြိုးသည် အန္တိမအဆင့် သိုင်းပညာရှင်ကိုပင် ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားနိုင်စေသည်။ ထို့အပြင် ယင်ယန် မိုးကြိုးသံများဖြင့် ပြုလုပ်ထားသော သံကြိုးများဖြင့် ချည်နှောင်ခံထားရသည့် ဝံပုလွေရိုင်းသည်လည်း နတ်ဘုရားသတ် မိုးကြိုး ပြီးဆုံးသွားသောအခါ သံကြိုးများ ပျက်ဆီးသွားသဖြင့် ချုပ်နှောင်ခံထားရာမှ လွတ်မြောက် လာသည်။

သူသည် မျက်စိရှေ့မှ မီးခိုးငွေ့များနှင့် ဖုန်မှုန့်များ ထနေရာသို့ စိုးရိမ်တကြီး ကြည့်နေမိသည်။ တောင်အောက်ရှိ မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များသည်လည်း ထိုမီးခိုးငွေ့များရှိရာသို့ မော့ကြည့်နေပြီး မျက်တောင်ပင် မခက်ရဲချေ။

“သေသွားပြီလား”

လူတိုင်း နှလုံးခုန်နှုန်း မြန်နေကြသည်။

“အဟွတ် …”

ထိုစဉ် မီးခိုးငွေ့များကြားထဲမှ ခပ်ပြင်းပြင်း ထွက်လာသော ချောင်းဆိုးသံကြောင့် တောင်အောက်ရှိ မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွားလေသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”

လူတိုင်းသည် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ယုံရခက်နေကြသည်။ မိုးကြိုးနတ်ဘုရားဆိုလျင် တစ်ကိုယ်လုံး တုန်ယင်နေ၏။

မီးခိုးငွေ့များ ကွယ်ပျောက်သွားချိန်တွင် ယဲ့ဖန်၏ စုတ်ပြတ်နေသော ပုံရိပ် ထွက်လာသဖြင့် သူ ပို၍ မှင်တက် သွားရသည်။

“မသေဘူးလား”

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

မျက်စိရှေ့မှ အဖြစ်အအပျက်ကြောင့် မိုးကြိုးနတ်ဘုရား၏ အတွေးအမြင်အားလုံး ကပြောင်းကပြန် ဖြစ်သွားရသည်။ နတ်ဘုရားသတ်မိုးကြိုးက မည်မျှ ကြောက်စရာကောင်းသည်ကို မိုးကြိုးတောင်ကြားမှ လူတိုင်း သိကြသည်။

ထိုနတ်မိုးကြိုးသည် တစ်ချိန်က မိုးကြိုးတောင်ကြား၏ ဘိုးဘေးကိုပင် သေစေခဲ့သည်။ ယဲ့ဖန်ကမူ ထိုနတ်မိုးကြိုးကို အကြိမ်ကြိမ် တောင့်ခံနိုင်သည်က မယုံနိုင်စရာပင်။

လက်ရှိတွင်မူ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန် ယိမ်းထိုးနေပြီး လဲကျလုမတတ် ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်ကာ သွေးအလိမ်းလိမ်း ဖြစ်နေ၏။

ပခုံးတစ်ခုလုံး ရစရာမရှိဖြစ်နေကာ လက်မောင်းက ရင်ဘတ်ပေါ် ကျလုမတတ် ဖြစ်နေလေသည်။ သို့ရာတွင် သူက ပြုံးရယ်နေသည်။

သူ၏အင်္ကျီလက်အောင်မှ ကျို့ရွှမ်းမိုးကြိုးတုတ်၌ လျှပ်စီးများ ဝေ့နေသည်ကို မည်သူမှ မသိကြပေ။ ထိုလျှပ်စီးတိုင်းက နတ်ဘုရားသတ် မိုးကြိုးမှ ရရှိလာခြင်း ဖြစ်သည်။

ထို့အပြင် မိုးကြိုးတုတ်ပေါ်၌ အစိမ်းရောင် အတက်များက ပို၍စိုပြည်စိမ်းလန်းစွာ ပေါက်နေသေးသည်။ ကျို့ရွှမ်း မိုးကြိုးတုတ်မှ အသက်စွမ်းအင်တိုင်းက သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသည်။

ယဲ့ဖန် ကောင်းကင်ဘုံကို ရန်စရသည့် အကြောင်းရင်းသည် ကျို့ရွှမ်းမိုးကြိုးတုတ်ကြောင့်သာ ဖြစ်ပေသည်။ အစောက မိုးကြိုးမုန်တိုင်းသည် ပြင်းထန်ပါသော်လည်း ထိုမုန်တိုင်း၏ စွမ်းအင် ရှစ်ဆယ် ရာခိုင်နှုန်းအား ကျို့ရွှမ်းမိုးကြိုးတုတ်က စုပ်ယူသွားသည်။ ထို့ကြောင့်ပင် ကျို့ရွှမ်းမိုးကြိုးတုတ်က ပို၍ အသက်ဝင်လာရသည်။

၎င်းထံမှ ထွက်ပေါ်လာသော အသက်စွမ်းအင်များသည် ယဲ့ဖန် အကြိမ်တစ်ရာမျှ မိုးကြိုးပစ်ချခံရလျင်တောင်မှ မသေစေရန် အာမခံနိုင်ပေသည်။

“မလုံလောက်သေးပါလား”

ယဲ့ဖန်၏ စိတ်ထဲတွင် ပိုကြီးမားသော အစီအစဉ်တစ်ခု ရှိနေသည်။ ကောင်းကင်ယံမှ တိမ်မည်းလိပ်များကို သူ မော့ကြည့်လိုက်ပြီး ပြုံး၍ အော်ပြောလိုက်သည်။

“ဒါလား ကောင်းကင်ဘုံရဲ့ နတ်ဘုရားသတ် မိုးကြိုး”

“စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ ခင်ဗျား ကျုပ်ကို စိတ်ပျက်အောင် လုပ်တာပဲ၊ ဒါ အယားပြေရုံလေးပဲ ရှိတယ်”

သူ၏အော်ပြောသံကြောင့် တောင်အောက်ရှိ မိုးကြိုးတောင်ကြားမှ လူများအားလုံး မှင်တက်သွားသည်။ ယခုအခြေအနေအထိ ပြောဆိုဝံ့သူဟူ၍ သူတစ်ယောက်တည်းသာ ရှိသေးသည်။

မိုးကြိုးနတ်ဘုရားဆိုလျင် ထိတ်လန့်ကာ မယုံနိုင် ဖြစ်နေ၏။ လက်ရှိယဲ့ဖန်က သေလုနီးပါး ဖြစ်နေသော်လည်း ကောင်းကင်ဘုံအား ဆက်လက်၍ ရန်စနေသဖြင့် ယဲ့ဖန် ဦးနှောက်ပျက်သွားပြီဟု သူ ထင်နေသည်။

“မင်းက သေချင်နေတာလား၊ ဒါဆိုလည်း ဖန်ဆင်းရှင်က မင်းဆန္ဒတွေ ပြည့်ဝအောင် လုပ်ပေးလိမ့်မယ်”

မိုးကြိုးနတ်ဘုရားသည် ကောင်းကင်ယံမှ တိမ်မည်းများကို ကြည့်ပြီး ပို၍ဆိုးရွားသော တစ်စုံတစ်ရာ ဖြစ်လာတော့မည်ဟု ခန့်မှန်းမိသည်။

ယဲ့ဖန်၏အော်သံအဆုံး၌ ကောင်းကင်တင် တိမ်မည်းများ ပို၍ စုဝေးလာပြီး ဘောလုံးတစ်လုံး အရွယ်အစားထိ ဖွဲ့စည်းလာသည်။ ထိုတိမ်မည်း မိုးကြိုးဘောလုံးသည် ကြီးသထက် ကြီးလာပြီး တစ်ခဏအတွင်း တောင်ကုန်း အရွယ်အစားအထိ ဖြစ်ပေါ်လာသည်။ ထိုတိမ်မည်း မိုးကြိုးဘောလုံးထဲမှ လျှပ်စီးများ တလက်လက် ဖြစ်နေပြီးမ မိုးခြိမ်းသံများ ထွက်ပေါ်နေ၏။

ဂျိန်း! ဂျိန်း! ဂျိန်း!

နောက်ဆုံးတွင် မိုးကြိုးများ ဆက်တိုက် ပစ်ခွင်းလာလေတော့သည်။ ဆယ်ကြိမ်၊ အကြိမ်တစ်ရာ၊ အကြိမ် တစ်ထောင်။

နတ်ဘုရားသတ်မိုးကြိုးများ မရေတွက်နိုင်လောက်အောင် ဆက်တိုင် ပစ်ခွင်းလာပြီး ယဲ့ဖန်ထံသို့ မိုးကြိုးမုန်တိုင်း ကျရောက်လာပြန်သည်။

All Chapters