← Chapters

အခန်း ၉၉၈

Vol. 67 Ch. 998

အခန်း ၉၉၈

Vol. 67 Ch. 998

Chapter 998 အခု မင်းအလှည့်ပဲ

ဂျိန်း! ဂျိန်း! ဂျိန်း!

တောင်ထိပ်ပေါ်သို့ ကောင်းကင်ယံမှ နတ်ဘုရားသတ်မိုးကြိုးများ ကျရောက်လာသည်။ ပြင်းထန်လှသော မိုးကြိုးမုန်တိုင်းကြောင့် ဝံပုလွေရိုင်းပင် နောက်သို့ ဆက်တိုက် ဆုတ်လိုက်ရသည်။

“သခင်ကြီး”

ယဲ့ဖန် ဤမျှ ရူးသွပ်လိမ့်မည်ဟု မထင်ထားသဖြင့် ဝံပုလွေရိုင်း အလွန် ထိတ်လန့်သွားရသည်။ နတ်ဘုရားသတ် မိုးကြိုးက တစ်ကြိမ်တစ်ခါသာ ကျရောက်နေခြင်း မဟုတ်ပေ။

ယဲ့ဖန်သည် မိုးကြိုးစုပ်ယူသူသဖွယ် နတ်ဘုရားသတ် မိုးကြိုးများကို အရူးအမူး စုပ်ယူနေပြီး အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာရကာ သွေးအလိမ်းလိမ်းဖြစ်နေ၏။

ဓားတစ်လက်ကဲ့သို့ ဆင်တူသည့် မြင့်မားသော တောင်ကြီးသည် ပြင်းထန်သော မိုးကြိုးမုန်တိုင်းအောက်၌ လျင်မြန်စွာ ကျိုးပဲ့ပျက်စီး၍ သေးနုပ်လာသည်ကို မိုးကြိုးတောင်ကြားမှ လူများအားလုံး မြင်နေရသည်။

မီတာသုံးရာ၊ မီတာတစ်ရာ၊ မီတာငါးဆယ်။ မီတာရာချီ၍ မြင့်မားသော တောင်ကြီးသည် တစ်ခဏအတွင်း တစ်စစီ ပျက်စီး၍ မြေဆီလွှာနှင့် နီးကပ်လာ၏။

“မြတ်စွာဘုရား၊ သွားပြီ၊ ဒီနေ့တော့ မိုးကြိုးတောင်ရဲ့ အဆုံးသတ်ပဲ”

“ဒီအရူးကောင်ကတော့၊ ငါတို့ရဲ့ နှစ်ထောင်ချီတဲ့ သမိုင်းဝင် မိုးကြိုးတောင်ကြားက ဒီအရူးကောင်ကြောင့် လုံးဝ ပျက်စီးတော့မယ်”

“မင်း ပြောကြည့်၊ သူ … အသက်ရှင်ဦးမယ်ထင်လား”

“မဖြစ်နိုင်ဘူး၊ ဒါက မိုးကြိုးမုန်တိုင်းလေ၊ အခု မာကြောတဲ့ ရှေးကတည်းက ရှိခဲ့တဲ့ မိုးကြိုးတောင်ကြားတောင် အခု သဲဖြစ်သွားပြီ၊ အဲ့ကောင်က ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ၊ မဖြစ်နိုင်တာချည်းကို”

မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များသည် ကြောက်စရာကောင်းသော မိုးကြိုးမုန်တိုင်းကို ကြည့်ပြီး လိပ်ပြာလွင့်မတတ် တုန်လှုပ်နေကြသည်။

ထို့အတူ ကောင်းကင်ဘုံ၏ အမျက်ဒေါသကြောင့် သူတို့ပါ ထိခိုက်မည်ကို စိုးရိမ်ပြီး ချက်ချင်း ရှောင်တိမ်းကြ လေသည်။ မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတောင်မှ နောက်ဆုတ်နေရသည်။ မိုးကြိုးနတ်ဘုရားသည် အပြုံးကြီးပြုံးကာ ဖုန့်လောလောကို လှည့်ကြည့်၍ ပြောလိုက်သည်။

“လောလော၊ လူသားအရှင်သခင်နဲ့ သခင်လေး ရွှယ်ယွမ်ဆီ သတင်းပို့ဖို့ မင်း ပြင်ထားလို့ရပြီ”

“မဟာနတ္ထိ အရှင်သခင် သေသွားပြီ ဆိုတဲ့သတင်းလေ”

ထိုသို့ပြောနေချိန်တွင် မိုးကြိုးနတ်ဘုရားက လှောင်ပြောင်သရော်ဟန် ပြုံးနေ၏။ တိုက်ခိုက်ခြင်းမရှိဘဲ အင်အားကြီးသော ရန်သူကို သတ်နိုင်ခဲ့လေပြီ။ ဤသည်မှာ မိုးကြိုးနတ်ဘုရား လုပ်ခဲ့သမျှထဲတွင် အကောင်းဆုံး အလုပ် ဖြစ်မည်မှာ သေချာသည်။

သူ့စကားကြောင့် ဖုန့်လောလောက ပြုံး၍ခေါင်းညိတ်လိုက်သည်။ မိုးကြိုးနတ်ဘုရား၏ အကြံအစည်အား သူမ အလွန် ကျေနပ်အားရနေမှန်း သိသာလှသည်။

ဂျိန်း!

ထိုအချိန်တွင် ကောင်းကင်ယံမှ ကျဆင်းလာသည့် မိုးကြိုးမုန်တိုင်းသည် သေးငယ်လာပြီး မိုးကြိုးလျှပ်စီး သည်လည်း ပါးလျှလာ၏။

နောက်ဆုံးတွင် ကောင်းကင်ယံမှ တိမ်မည်းက မိုးကြိုးဘောလုံးက လုံးဝ ပျောက်ကွယ်သွားကာ မိုးကြိုး မုန်တိုင်းလည်း အဆုံးသတ်သွားသည်။

မိုးကြိုးကျဆင်းခဲ့သော နေရာ၌ ဧရာမတွင်းချိုင့်ကြီးတစ်ခု ရှိနေ၏။ ထိုတွင်းချိုင့်ထဲမှ မီးခိုးငွေ့များနှင့် ဖုန်မှုန့်များ တထောင်းထောင်း ထနေသဖြင့် တွင်းချိုင့်ထဲကို သေချာမမြင်ရပေ။

ထိုအချိန်တွင် လူတိုင်း နှလုံးခုန်နှုန်း မြန်နေကာ စိုးရိမ်နေကြသည်။ မိုးကြိုးနတ်ဘုရားသည် မျက်မှောင်ကြုတ် နေပြီး လက်ကို အသာလှုပ်လိုက်သည်။ ထိုအခါ လေတိုက်လာပြီး ဖုန်မှုန့်များအားလုံး လွင့်ပြယ်သွားသည်။

“အကြီးအကဲ ကျိုးမူ သွားကြည့်လိုက်ပါ”

မိုးကြိုးနတ်ဘုရားက အနားမှ အကြီးအကဲတစ်ယောက်ကို အမိန့်ပေးလိုက်သည်။ ထိုအကြီးအကဲက ခေါင်းညိတ်၍ ထိုတွင်းချိုင့်ရှိရာသို့ လျှောက်လှမ်းသွားသည်။

ရှေ့သို့လှမ်းသွားပြီးနောက် တွင်းချိုင့်ထဲ၌ လူတစ်ယောက် လဲနေသည်ကို အကြီးအကဲ ကျိုးမူ သေချာ မြင်လိုက်ရသည်။

ယဲ့ဖန်သည် တစ်ကိုယ်လုံး စုတ်ပြတ်နေပြီး ရစရာမရှိတော့ပေ။ ထို့အပြင် ယဲ့ဖန်ထံမှ မည်သည့် အသက်ဓာတ်ကိုမှ အကြီးအကဲ ကျိုးမူ မခံစားရပေ။

“ဒီကောင် သေသွားပြီ”

အကြီးအကဲကျိုးမူက အထင်သေးသလို ပြုံးလိုက်သည်။ သူ့စကားကြောင့် အနားမှ ဝံပုလွေရိုင်း တုန်လှုပ်သွားပြီး ဝမ်းနည်း၍ မယုံနိုင်ဟန်များ ထင်ဟပ်လာသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ သခင်ကြီးက ဘယ်လိုလုပ် သေရမှာလဲ”

ဝံပုလွေရိုင်း မှင်တက်သွားပြီး အနီးအနားမှ မိုးကြိုးတောင်ကြား၏ သိုင်းပညာရှင်များအားလုံးက ဟားတိုက် ရယ်မောနေကြသည်။

“ဟားဟားဟား … ဒါပဲလေ၊ မောက်မာနေမှတော့ ဒီလိုပဲ ဖြစ်ရတော့မှာပေါ့”

“ဒီလောက် ဆိုးဆိုးရွားရွားပုံစံနဲ့ သေရတာ ဒီကောင် ပထမဆုံးပဲ”

“ဟမ့် … ပုရွက်ဆိတ်လေးက ကောင်းကင်ဘုံကို သွားအော်နေမှတော့ အမှုန့်မဖြစ်သွားတာပဲ ကျေးဇူးတင်ရမယ်”

“…”

မိုးကြိုးတောင်ကြားမှ လူများအားလုံး စိတ်အေးသွားကြသည်။ အထူးသဖြင့် မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့၏ အပြုံးက ပို၍ပီပြင်တောက်ပနေ၏။

ဖျောက်!

တွင်းချိုင့်ထဲမှ ဖျောက်ခနဲ မြည်သံထွက်လာသဖြင့် အကြီးအကဲကျိုးမူ တောင့်ခနဲ ဖြစ်သွားလေသည်။

*ဟမ်*

သူ နားကြားမှားသွားသည်ဟုပင် ထင်သွားရသည်။ ထို့နောက် သူ ချက်ချင်း နောက်ပြန်လှည့်၍ တွင်းချိုင့်ထဲသို့ ကြည့်လိုက်သည်။

ဖျောက်! ဖျောက်! ဖျောက်! ဖျောက်!

သူ ကြည့်နေစဉ်မှာပင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ တဖျောက်ဖျောက်မြည်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ထို့အတူ အကြီးအကဲကျိုးမူ သေမတတ် ကြောက်လန့်သွားရသည့် အဖြစ်တစ်ခု ဖြစ်ပေါ်လာသည်။

နတ်ဘုရင် အထွတ်အထိပ်အဆင့်၊ နတ်တစ်ပိုင်းအဆင့်၊ စဦး နတ်အဆင့်။

ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက်လာပြီး တစ်ခဏအတွင်း နတ်အဆင့်နယ်ပယ်သို့ ကျိုးဖောက်ကာ နတ်အထွတ်အထိပ်အဆင့်သို့ ရောက်သွားလေသည်။

ဤအဖြစ်ကြောင့် အကြီးအကဲ ကျိုးမူ အလွန်မှင်တက်သွားရပြီး နဖူး၌ ချွေးစေးပြန်လာပြီး ကြောက်စိတ်များ စိုးမိုးလာရသည်။

“မဟုတ်ဘူး၊ သူ … သူ မသေဘူး”

ထိုသို့ပြောပြီးနောက် အကြီးအကဲကျိုးမူသည် အသည်းအသန် နောက်ဆုတ်၍ ထွက်ပြေးရန် ပြင်လေသည်။ ထိုအချိန်တွင် အေးစက်စက် အရှိန်အဝါတစ်ခုက သူ့အား ချုပ်နှောင်လာသည်။

ထို့နောက် ကောင်းကင်ယံကိုပင် ဖုံးအုပ်သွားလောက်သည့် ကြီးမားသော လက်တစ်စုံ ဖြစ်ပေါ်လာပြီး သူ့အား အရှိန်ဖြင့် ရိုက်ချလေသည်။

“မဖြစ်ရဘူး”

အကြီးအကဲကျိုးမူသည် သူ့အား မရဏ အငွေ့အသက်တစ်ခု လွှမ်းခြုံလာသည်ဟု ခံစားလာရပြီး လက်ကိုဆန့်ထုတ်၍ ထိုလက်ဝါးချက်အား ပြန်လည်ခုခံလိုက်သည်။

ဧရာမလက်ဝါးက သူ့ထံသို့ အရှိန်ဖြင့် ကျရောက်လာပြီးနောက် သူ၏လက်တစ်ခုလုံး ပျက်စီးသွားသည်။ ထို့နောက် သူ၏ဦးခေါင်း၊ ရင်တတ်၊ ခြေထောက်။

ဝုန်း!

ထိုလက်ဝါးချက်အောက်၌ အကြီးအကဲကျိုးမူသည် အော်ပင် မအော်လိုက်ရဘဲ အသားပြားဖြစ်သည်အထိ ရိုက်ချခံ လိုက်ရသည်။ ထိုလက်ဝါးချက်အောက်မှ သွေးများ စိမ့်ထွက်လာ၏။

ထိုအဖြစ်ကြောင့် မိုးကြိုးတောင်ကြားတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း နားဝေတိမ်တောင် ဖြစ်သွား ကြသည်။ လက်ဝါးအောက်မှ စိမ့်ထွက်လာသော သွေးများကိုကြည့်ပြီး အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။

ဒေါက်! ဒေါက်! ဒေါက်!

လူတိုင်း ထိတ်လန့်နေစဉ်တွင် ခြေသံတစ်သံ ထွက်လာပြီး တွင်းချိုင့်ထဲမှ စုတ်ပြတ်နေသော လူတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။

သူ ခြေလှမ်းလှမ်းလိုက်တိုင်း သူ၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်က လျင်မြန်စွာ ပျောက်ကင်းလာသည်။ ပျောက်ကင်းလာသည့် အရှိန်က မယုံနိုင်စရာ ကောင်းလှသည်။

“ယဲ့ဖန်”

မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ တုန်လှုပ်ခြောက်ခြားနေသည်။

*မသေသေဘူးလား*

*မသေတဲ့အပြင် အကြီးအကဲ ကျိုးမူကိုပါ ရိုက်သတ်လိုက်သေးတယ်*

*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

လက်ရှိ၌ ယဲ့ဖန်သည် သိုင်းအဆင့်ကြီးတစ်ခုကို ချိုးဖောက်ကာ နတ်အထွတ်အထိပ်အဆင့်သို့ ရောက်နေသည်။ ထို့အပြင် သူ အသက်ရှူလိုက်တိုင်း လျှပ်စီးများ လက်ခနဲ ဖြစ်သွားသည်။

အစောပိုင်းက သူသည် မိုးကြိုးမုန်တိုင်း၌ ကြုံတွေ့ခဲ့သည်ဟု မသတ်မှတ်ဘဲ မိုးကြိုးလှိုင်းကြား ရေချိုး ခဲ့သည်ဟုပင် မှတ်ထင်နေပုံရသည်။

ထိုစဉ် ယဲ့ဖန်က လက်ကိုလှုပ်လိုက်သဖြင့် ကျို့ရွှမ်းမိုးကြိုးတုတ် ပေါ်လာသည်။ တုတ်ပေါ်၌ အစိမ်းရောင် အရွက်များ ဆယ်ခုမက ထွက်နေသဖြင့် သစ်ပင်ပေါက်တစ်ပင်နှင့်ပင် တူနေ၏။ အရွက်များကြားမျ လျှပ်စီးများ လက်ခနဲ ထွက်ပေါ်နေသေးသည်။

“ကျို့ရွှမ်း မိုးကြိုးတုတ်၊ မင်း … မင်း အဲ့ဒါကို တကယ် အသက်သွင်းလိုက်တာပဲ”

ကျို့ရွှမ်းမိုးကြိုးတုတ်ကို မြင်ပြီး မိုးကြိုးနတ်ဘုရား မျက်လုံးပြူးသွားသည်။ ကျို့ရွှမ်း မိုးကြိုးတုတ်သည် ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးကိုသာ ထုတ်လွှတ်နိုင်သည်ဟုသာ သူ သိထား၏။

*အဲ့ဒါက မိုးကြိုးကိုစုပ်ယူပြီး ပြန်အသက်ဝင်လာနိုင်ပါ့မလား*

ဖြစ်နိုင်ချေကို တွေးမိပြီး မိုးကြိုးနတ်ဘုရား၏ မျက်နှာထားက သုန်မှုန်လာသည်။ ယဲ့ဖန်ကမူ ရူးသွပ်၍ သွေးဆာသော အပြုံးမျိုး ပြုံးနေသည်။

“ငါ အခုလေးတင် မိုးကြိုးမုန်တိုင်းကို ခံစားခဲ့ရတာ”

“အခု မင်းတို့အလှည့်ပဲ”

မိုးကြိုးနတ်ဘုရားနှင့် အခြားသူများအားလုံး မှင်တက်သွားပြီး ယဲ့ဖန်၏ စကားကို နားမလည်ကြချေ။ ထိုအချိန်တွင် ကောင်းကင်ယံမှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

*ဒါ … ဒါ နတ်ဘုရားသတ် မိုးကြိုးပဲ*

All Chapters