← Chapters

အခန်း ၁၀၀၀

Vol. 67 Ch. 1000

အခန်း ၁၀၀၀

Vol. 67 Ch. 1000

Chapter 1000 ယနေ့ မိုးကြိုးတောင်ကြား ပျက်စီးစေရမယ်

ရွှစ်!

ထိုဓားချက်သည် ပျော့ပျောင်းညင်သာစွာဖြင့် အလင်းတန်းသဖွယ် ရှေ့သို့တက်လာသည့် အန္တိမ အထွတ်အထိပ် အဆင့် သိုင်းပညာရှင်များကြားထဲသို့ ဖြတ်ပြေးသွားသည်။

ထိုအခိုက်တွင် အချိန် ရပ်တန့်သွားပုံရပြီး အရှေ့မှ ဆယ်ယောက်ကျော်သော အန္တိမ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်များအားလုံး တုန်လှုပ်သွားသည်။ သူတို့၏ ရန်လိုသော အမူအရာများ ပျောက်ကွယ်သွားပြီး အားလုံး နေရာမှာတင်‌ တောင့်ခနဲ ဖြစ်သွားကြသည်။

ဤသည်က အနောက်၌ ရှိနေသော မိုးကြိုးတောင်ကြား၏ သိုင်းပညာရှင်များကို အံ့ဩသွားစေသည်။ သူတို့သည် ပြေးလာနေရာမှ ရပ်၍ ထိုအန္တိမ အထွတ်အထိပ်အဆင့် အကြီးအကဲများကို သေချာကြည့်လေသည်။

သူတို့ ကြည့်နေစဉ်မှာပင် အရှေ့မှ အကြီးအကဲများ၏ လည်ပင်းတွင် သွေးစင်းရာတစ်ခုစီ ဖြစ်ပေါ်လာ၏။ ဤအဖြစ်က အနောက်မှ သိုင်းပညာရှင်များကို သေမတတ် ကြောက်လန့်သွားစေသည်။

“အကြီးအကဲဝမ်ရဲ့ လည်ပင်းက …”

“အကြီးအကဲထူ …”

“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ခုနက ရွှေရောင် အလင်းတန်းက ဓားရောင်လား”

“…”

မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး တုန်လှုပ်နေကြသည်။ သူတို့၏ အနောက်၌ ရှိနေသော မိုးကြိုး နတ်ဘုရားနှင့် ဖုန့်လောလောတို့သည်လည်း ပို၍ တုန်လှုပ်နေကြလေသည်။ သူတို့နှစ်ယောက်လုံး ရှေ့သို့ ခပ်သွက်သွက် တက်လာသောအခါ အန္တိမ အထွတ်အထိပ်အဆင့် သိုင်းပညာရှင်များ၏ လည်ပင်း၌ သွေးစင်းကြောင်းများ ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသွေးစင်းရာများမှ သွေးများ စီးကျနေပြီး အကြီးအကဲတိုင်း၏ မျက်နှာတွင် ကြောက်လန့်၍ ဆောက်တည်ရာ မရဟန်များ ဖြစ်ပေါ်နေသည်။

“ဒါ ဘယ်လိုလုပ် … ဟိုနတ်အဆင့်လေးလား၊ ငါက အဲ့နတ်အဆင့်လေးရဲ့ လက်ထဲမှာ သေရမှာလား”

“မိစ္ဆာကောင်၊ သူက … မိစ္ဆာကောင်ပဲ”

“…”

အကြီးအကဲများ၏ ကြံရာမရသောအသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာပြီးနောက် အကြီးအကဲထူ၏ ဦးခေါင်းသည် လည်ပင်းမှ တိခနဲ ပြတ်ကျသွားလေသည်။ ထို့နောက် အကြီးအကဲဝမ်၊ အကြီးအကဲရွှမ်၊ အကြီးအကဲကုန်း …

တစ်ခဏအတွင်း ဒါဇင်ချီ‌သော ဦးခေါင်းများက မြေကြီးပေါ်သို့ ဆက်တိုက် ပြတ်ကျသွားပြီး လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ ဦးခေါင်းမဲ့နေသော အလောင်းများက ရပ်မြဲရပ်နေကြသည်။ ဤမြင်ကွင်းကြောင့် အနောက်မှ ထောင်ချီသော သိုင်းပညာရှင်များအားလုံး ခြောက်ခြားသွားလေသည်။

“သေ … သေသွားပြီလား၊ အန္တိမ အထွတ်အထိပ်အဆင့်ရှိတဲ့ အကြီးအကဲ ဆယ်ယောက်ကျော်လုံး သေသွားပြီလား”

“မြတ်စွာဘုရား၊ ခုနက တကယ်ပဲ ဓားရောင်ပေါ့၊ ဓားချက် တစ်ချက်က အန္တိမ အထွတ်အထိပ်အဆင့် ဆယ်ယောက်ကျော်လုံးကို သတ်ပစ်လိုက်တယ်ပေါ့၊ ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ”

“နတ်အထွတ်အထိပ်အဆင့်လေးက ဒါဇင်ချီတဲ့ အန္တိမ အထွတ်အထိပ်အဆင့်တွေကို သတ်လိုက်တာပေါ့၊ ဒီကောင် မိစ္ဆာပဲ”

“…”

လူတိုင်း သတိဝင်လာပြီးနောက် အုတ်အော်သောင်းတင်း ဖြစ်လာကြသည်။ မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များ အားလုံး ထိတ်လန့်နေကြသည်။ သူတို့သည် ယဲ့ဖန်အား သေမင်းတမန်ဟု မြင်ယောင်လာပြီး သွေးပျက်စွာ ကြည့်နေကြလေသည်။

သူတို့ နောက်သို့ ဆုတ်ပြီးရင်း ဆုတ်နေကြသည်။ ဖုန့်လောလောနှင့် မိုးကြိုးနတ်ဘုရားသည်လည်း တုန်လှုပ်ကာ ကျင်ငယ်ရည် စွန့်မိမတတ် ကြောက်လန့်နေ၏။

“ဒါ ဘယ်လိုဖြစ်ရတာလဲ၊ မဖြစ်နိုင်ဘူး … ဒါ လုံးဝမဖြစ်နိုင်ဘူး”

မိုးကြိုးနတ်ဘုရား မှင်တက်နေသည်။ ယဲ့ဖန်က သာမန်ထက် ထူးကဲမှန်း သူ သတိထားမိပါသည်။ နတ်အဆင့်သို့ ရောက်လာသဖြင့် အဆင့်ငယ် နှစ်ဆယ်ကျော်ကို ကျော်၍ အန္တိမ အထွတ်အထိပ်အဆင့် အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ဓားချက်တစ်ချက်တည်းဖြင့် အန္တိမ အထွတ်အထိပ်အဆင့် ဆယ်ယောက်ကျော်ကို သတ်နိုင် လိမ့်မည်ဟု ထင်မထားမိပါ။

ဤသည်က သူ ထင်ထားသည်ထက် ကျော်လွန်နေသည်။ ဝံပုလွေရိုင်းသည်လည်း ထိတ်လန့်နေရသည်။ သူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး မျက်လုံး၌ မျက်ရည်များ ဝေ့နေသည်။

“နတ်ဆိုးဧကရာဇ်၊ ဒါပဲလေ … ဒါမှ နတ်ဆိုးဧကရာဇ်အစစ်”

“ငါ ကြည့်နေရပြီး၊ ဒီလူတွေ အသတ်ခံရတာကို ငါ့မျက်လုံးနဲ့ သေချာ မြင်နေရပြီ”

ယဲ့ဖန်က မိုးကြိုးတောင်ကြားမှလူများ ပျက်သုဉ်းရသည်ကို သူ့မျက်လုံးနှင့် သေချာ မြင်စေရမည်ဟု ပြောခဲ့သည်ကို ယခုအခါတွင်မှ သေချာ နားလည်သွားလေသည်။ ယဲ့ဖန်က သေချာနေသည့်အတွက် ထိုသို့ပြောခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် ယဲ့ဖန်က ရှေ့သို့ လှမ်းသွားပြီး လက်ထဲမှ ရွှေရောင်ဓားကျိုးမှနေ၍ သွေးစက်များ တတောက်တောက် စီးကျ နေသည်။

ထိုအသံကြောင့် မိုးကြိုးတောင်ကြားမှ ထောင်ချီသော သိုင်းပညာရှင်များ လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားကြသည်။

“ထွက်ပြေးရမယ်”

သိုင်းပညာရှင်များ၏ စိတ်ထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။ သူတို့အားလုံး စုစည်း၍ တိုက်ခိုက်လျင် တောင်မှ အန္တိမ အထွတ်အထိပ်အဆင့် အကြီးအကဲများ၏ ခွန်အားကို မယှဉ်နိုင်ပေ။ ယခု ယဲ့ဖန်နှင့် ရင်ဆိုင်နေ ရသဖြင့် သေလုနီးပါး ကြောက်လန့်နေသည်။

လက်ရှိတွင် မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအားလုံး ရန်လိုစိတ်များ ပျောက်ကွယ်ကာ ကြောက်လန့် နေသော ယုန်များကဲ့သို့ ထွက်ပြေးကြလေသည်။ လူတစ်ယောက် လမ်းလျှောက်လာရုံဖြင့် ထောင်ချီသော လူများ ထွက်ပြေးနေသည်က အံ့ဩစရာ ကောင်းလှသည်။ သို့ရာတွင် ယဲ့ဖန်က အေးတိအေးစက် ပြုံးနေ၏။

“ဒီနေ့ မိုးကြိုးတောင်ကြား ပျက်စီးစေရမယ်”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်က ဖျတ်ခနဲ ခုန်လွှားလိုက်ပြီး ထွက်ပြေးနေသော မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များအား စိုက်ကြည့်၍ လက်ထဲမှ ဓားဖြင့် ခုတ်ပိုင်းလေတော့သည်။

ထိုဓားချက်သည် လောကအား ဖျက်စီးနိုင်ပုံရသည်။ မိုးကြိုးတောင်ကြားမှ တောင်များ ပိုင်းပြတ်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။ တောင်ထိပ်များ ပျက်စီးလာပြီး အပင်များ လဲပြိုလာသည်။

“မလုပ်နဲ့”

ထွက်ပြေးနေသော သိုင်းပညာရှင်များအတွက် ကမ္ဘာပျက်ကပ်ထဲသို့ ရောက်သလို ဖြစ်နေသည်။ သူတို့ ထွက်ပြေးနေစဉ်မှာပင် ခါး၌ အေးခနဲ ဖြစ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ် လဲကျကာ ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားသည်။

ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။

မိုးကြိုးတောင်ကြားတစ်ခုလုံး၌ ထိုရွှေရောင်ဓားချက် ဖြတ်သန်းနေသဖြင့် မြေကြီးပေါ်၌ ခန္ဓာကိုယ် အပိုင်းအစများ နှစ်ထောင်ကျော် ပျံ့ကြဲနေ၏။ လေတိုက်တိုင်း မိုးကြိုးတောင်ကြား၌ သွေးနံ့များ လှိုင်လှိုင်ထနေသည်။ ဤမြင်ကွင်းကိုသာ အခြားသူများ မြင်သွားပါက ကြက်သီးထ၍ သတိလစ်သွားလောက်သည်။

“သေပြီ၊ အားလုံး သေသွားပြီ”

ဖုန့်လောလော နားဝေတိမ်တောင် ဖြစ်နေသည်။ မိုးကြိုးတောင်ကြား၏ ထောင်သောင်းချီသော တပည့်များနှင့် စစ်သည်တော်များ သုတ်သင်ခံလိုက်ရသည်က ယုံရခက်လှသည်။ ဘေးနားမှ မိုးကြိုးနတ်ဘုရားသည်လည်း တုန်လှုပ်နေ၏။

“ထွက်ပြေးရအောင်၊ မဟုတ်ရင် ငါတို့ သေသွားလိမ့်မယ်”

မိုးကြိုးနတ်ဘုရား တုန်လှုပ်ခြောက်ခြားနေသည်။

“မြန်မြန်၊ မြန်မြန်၊ မြန်မြန်”

နှစ်ယောက်လုံး ထိတ်လန့်နေ၏။ ယဲ့ဖန်သာ နောက်တစ်ကြိမ် ဓားကိုဝှေ့ယမ်းလိုက်ပါက သူတို့နှစ်ယောက်လုံး သေရလိမ့်မည်ဟု ခံစားမိနေသည်။ ထိုအခိုက်တွင် မိဘများက ခြေထောက်နှစ်ဖက်တည်း ပေးခဲ့သည်ကို နှစ်ယောက်လုံး မုန်းတီးမိနေလေသည်။ သို့သော် သူတို့၏ အနောက်မှနေ၍ ခက်ထန်သော အသံတစ်သံ ထွက်လာသည်။

“ငါ့ညီအစ်ကိုကို သေတာထက် ပိုဆိုးတဲ့ ဘဝမျိုးမှာ နေရအောင် လုပ်ခဲ့တာ မင်းပဲ၊ ငါ့ညီအစ်ကိုနဲ့ ပြန်တွေ့အောင် လုပ်ပေးတာလည်း မင်းပဲ”

“အဲ့တော့ ဒီဓားချက်ကို လက်ဆောင်အနေနဲ့ လက်ခံလိုက်”

ထိုစကားကြောင့် မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ ကျောချမ်းသွားကြသည်။ ရွှေရောင် ဓားချက်က သူတို့ပေါ် ကျလာချိန်တွင် နှစ်ယောက်လုံး သေမတတ် ကြောက်လန့်သွားသည်။

ဖုန့်လောလောနှင့် မိုးကြိုးနတ်ဘုရားတို့သည် အော်ဟစ်ရင်း သေချာပင် မတွေးနိုင်တော့ဘဲ အကောင်းဆုံး ရတနာများကို ထုတ်၍ ထိုဓားချက်ကို ခုခံလေသည်။

သို့ရာတွင် ထိုဓားချက်က အလွန် ထက်ရှ၍ အစွမ်းထက်လှပြီး သူတို့ ထုတ်လိုက်သည့် ယင်ယန် ရတနာတိုင်း ပျက်စီးသွားရသည်။

“မဖြစ်ဘူး”

နှစ်ယောက်လုံး မျက်လုံးအပြူးသားနှင့် ထိုဓားချက် ကျလာသည်ကိုသာ ကြည့်နေရလိုက်ရသည်။ မိုးကြိုး နတ်ဘုရားနှင့် ဖုန့်လောလောတို့သည် ဘဝ၌ သေလုနီးပါး အခြေအနေကို ယခုမှ ပထမဆုံးအကြိမ် ကြုံတွေ့ရ လေသည်။ လက်ရှိတွင် ဤမိစ္ဆာကောင်အား ရန်စမိသည်ကို နှစ်ယောက်လုံး နောင်တရနေ၏။

မီတာတစ်ရာ၊ ဆယ်မီတာ၊ ဓားချက်က တဖြည်းဖြည်း နီးကပ်လာပြီး နှစ်ယောက်လုံး သေမင်းတမန်ကို မြင်နေရပြီဟု ထင်မှတ်လာသည်။

နှစ်ယောက်လုံး မတတ်သာဘဲ မျက်လုံးကိုမှိတ်၍ ကျရောက်လာမည့် သေခြင်းတရား ကိုသာ စောင့်နေလိုက်တော့သည်။ ထိုစဉ် ကျယ်လောင်သော ကြုံးဝါးသံ ထွက်ပေါ် လာ၏။

“ဟမ့် … မင်းက ငါ့သမီးကို သတ်ရဲတယ်ပေါ့လေ”

ထို့နောက် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းသက်လာပြီး ရွှေရောင်ဓားချက်ကို ရိုက်ချလိုက်သည်။

ဂျွတ်!

ထိုလက်ဝါးချက်ကြောင့် ဓားချက် ပျက်စီးသွားလေသည်။

All Chapters