← Chapters

အခန်း ၁၀၀၃

Vol. 67 Ch. 1003

အခန်း ၁၀၀၃

Vol. 67 Ch. 1003

Chapter 1003 မိုးကြိုးတောင်ကြား ရှင်းလင်းခံလိုက်ရပြီ

“အား…”

လက်ရှိအချိန်တွင် မိုးကြိုးတောင်ကြားသည် သင်္ချိုင်းမြေ ဖြစ်လာနေသည်။ အလောင်းကောင် မျိုးနွယ်များသည် ကြောက်စရာကောင်းလှပြီး မသေမျိုး မျိုးနွယ်ဝင်များအား အရူးအမူး သတ်ဖြတ်နေကြသည်။

အလောင်းကောင်များ၏ လမ်းလျှောက်နှုန်းက နှေးကွေးလှသော်လည်း သူတို့ လှုပ်ရှားလိုက်ချိန်တွင် သွေးများ ပန်းထွက်လာပြီး မသေမျိုးမျိုးနွယ် အန္တိမ အထွတ်အထိပ်အဆင့်တစ်ယောက် ခန္ဓာကိုယ် နှစ်ပိုင်း ဆွဲဖြုတ်ခံ လိုက်ရသည်။

ဤအဖြစ်အား အရူးအမူး သတ်ဖြတ်ခြင်းမှလွဲ၍ တစ်ခြားစကားလုံးနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ထောင်ချီသော မသေမျိုး မျိုးနွယ်ဝင်များသည် ပြင်းထန်သော အဖျက်စွမ်းအင်အောက်၌ မည်သို့မှ မတုံ့ပြန်နိုင်ချေ။

“ဒီမိစ္ဆာကောင်တွေ …”

မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ ခြောက်ခြားနေကြသည်။ မသေမျိုး မျိုးနွယ်များသည် ရှေးခေတ်အခါ ကတည်းက တည်ရှိခဲ့သော မျိုးနွယ်ကြီး လေးခုထဲမှ တစ်ခု ဖြစ်သည်။ ယင်ယန်လောက တစ်ခုလုံး၌ ကြောက်စရာ အကောင်းဆုံး မျိုးနွယ်တစ်ခုလည်း ဖြစ်ပေသည်။

ယခုအခါတွင်မူ ထိုမျိုးနွယ်က မည်သို့မျှ ပြန်တိုက်နိုင်စွမ်းမရှိ ဖြစ်နေ၏။ မျက်စိတစ်မှိတ်အတွင်း လူဦးရေက လျင်မြန်စွာ ကျဆင်းလာသည်။

တစ်ထောင်၊ ခြောက်ရာ၊ သုံးရာ။

….

စုတ်ဖြဲသံ ထွက်ပေါ်လာပြီး အလောင်းကောင်မျိုးနွယ်ကြောင့် နောက်ဆုံးသော မသေမျိုးမျိုးနွယ်၏ ဦးခေါင်း ပြုတ်ထွက်သွားသည်။

သွေးများက အလောင်းကောင်၏ မျက်နှာသို့ စဉ်လာသည်။ ထိုအခါ အလောင်းကောင်က သူ၏ ပုပ်ပွနေသော လျှာကို ထုတ်၍ သွေးကို လျက်လိုက်သည်။ သူ့မျက်နှာ၌ စိတ်လှုပ်ရှားဟန်များ ပြည့်နှက်နေ၏။

ထောင်ချီသော မသေမျိုးမျိုးနွယ်များသည် မိနစ်ပိုင်းအတွင်း အားလုံး သုတ်သင်ခံလိုက်ရလေပြီ။ ဤမြင်ကွင်းကြောင့် မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ မြေကြီးပေါ် လဲကျမတတ် ဖြစ်သွားသည်။

နှစ်ယောက်လုံး တုန်လှုပ်ခြောက်ခြားနေကြသည်။ ထိုစဉ် အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာသောကြောင့် နှစ်ယောက်လုံး ပို၍ တုန်လှုပ်သွားပြီး အသံလာရာသို့ အသည်းအသန် လှည့်ကြည့်လိုက်သည်။

“အဖေ”

ကောင်းကင်ယံမှ မြင်ကွင်းကြောင့် ဖုန့်လောလော မျက်နှာ ပြာနှမ်းသွားသည်။ မိုးကြိုးဘုရင်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီးနောက် လက်မောင်းတစ်ဖက်က အလောင်းကောင်ဘုရင်ကြောင့် ပြတ်ထွက် သွားရသည်။

“မိုးကြိုးဘုရင်တဲ့လား၊ မင်းက တကယ့် အမှိုက်ပဲ၊ ဘုရင်ဖြစ်ဖို့ ထိုက်တန်လို့လား”

အလောင်းကောင်ဘုရင်က အထင်သေးသလို ပြုံးနေပြီး မိုးကြိုးဘုရင်၏ လက်ပြတ်အား ကိုင်ထားသည်။ ထိုလက်ပြတ်မှ သွေးများ တတောက်တောက် ကျနေသည်။ ထို့နောက် သူသည် ထိုလက်ပြတ်အား ပါးစပ်နားတေ့၍ တစ်ကိုက် ကိုက်လိုက်သည်။

*ချီးပဲ*

*အစိမ်းစားနေတာပဲ*

ကောင်းကင်ဘုရင်အဆင့်တစ်ယောက်၏ လက်က ထိုအလောင်းကောင်ဘုရင်၏ အစာ ဖြစ်သွားလေသည်။ ဤမြင်ကွင်းကြောင့် မိုးကြိုးဘုရင်နှင့် ဖုန့်လောလောတို့သာမက မိုးကြိုးဘုရင်သည်လည်း ကြက်သီးထ သွားရသည်။ သူ၏စိတ်ထဲတွင် ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။

“မဟုတ်ဘူး၊ ငါ ဒီမှာ မသေနိုင်ဘူး၊ နှစ်ထောင်ချီပြီး အသက်ရှင်ခဲ့တဲ့ ငါလိုဘုရင်က အလောင်းကောင်ရဲ့ လက်ထဲမှာ သေစရာလား”

မိုးကြိုးဘုရင် ဤသို့အဖြစ်မခံနိုင်ပေ။ ထိုအခိုက်တွင် သူသည် ဘေးသို့ တစ်ချက်ရှောင်တိမ်း၍ ထွက်ပြေး လေတော့သည်။ မိုးကြိုးဘုရင်သည် သမီးဖြစ်သူ ဖုန့်လောလောကိုပင် အရေးမစိုက်အားတော့ချေ။ သူသည် ဤနေရာမှ အသက်ရှင်လျက် ထွက်ပြေးချင်နေပြီး ဤမိစ္ဆာများနှင့် နောက်တစ်ကြိမ် ထပ်မတွေ့ချင်ပေ။

“ပြေးမလို့လား၊ ရယ်စရာပဲ”

အလောင်းကောင်ဘုရင်က ထီမထင်ဟန်ဖြင့် ပြုံးနေသည်။

“မင်းလို အမှိုက်ဘုရင်ကို ဒီဘုရင်က အစောကြီးကတည်းက သတ်လို့ရတာကို မသတ်ဘဲ ထားထားခဲ့တာ၊ မင်းက ဘယ်လိုလုပ် လွတ်အောင် ပြေးနိုင်မှာလဲ”

အလောင်းကောင်ဘုရင်၏ မျက်လုံးများက တစ်ချက် လက်သွားပြီး အပြုံးကြီး ပြုံးလိုက်သည်။ ထို့နောက် လက်ကိုဆန့်၍ အားဖြင့် ရိုက်ချလိုက်သည်။

“ပေါက်ကွဲစမ်း”

ထွက်ပြေးနေသော မိုးကြိုးဘုရင်ပေါ်သို့ ပြင်းထန်သော အဖျက်စွမ်းအင် လွှမ်းခြုံလာသည်။

“အား…”

သူ၏ခန္ဓာကိုယ်သည် ထိုမျှ ပြင်းထန်သော အဖျက်စွမ်းအင်ကို တောင့်မခံနိုင်ပေ။ သူ၏ ကြောက်လန့်နေသော အကြည့်အောက်၌ ခြေထောက်များ ပေါက်ကွဲသွားပြီး တဖြည်းဖြည်း ခန္ဓာကိုယ် အပေါ်ပိုင်းအထိပါ ပေါက်ကွဲလာ၏။

နောက်ဆုံးတွင် သူ၏ဦးခေါင်းသည်လည်း ဖရဲသီးသဖွယ် ပေါက်ကွဲသွားပြီး သွေးစက်များက မိုးကြိုး တောင်ကြားသို့ ကျဆင်းလာသည်။

တစ်ချိန်က ကျော်ကြားခဲ့သော မိစ္ဆာနတ်ဘုရား ရှစ်ပါးထဲမှ တစ်ပါးဖြစ်သော မိုးကြိုးတောင်ကြား အရှင်သခင်က ဤသို့ ရိုက်သတ်ခံလိုက်ရသည်က မယုံနိုင်စရာ ကောင်းလှသည်။

“အဖေ … အဖေ …”

ဖုန့်လောလော ခြောက်ခြားသွားသည်။ သူမသည် ဝမ်းနည်းနေခြင်း မဟုတ်ဘဲ ကြောက်လန့်နေခြင်းသာ ဖြစ်သည်။ ကောင်းကင်ဘုရင်အဆင့်ဖြစ်သော သူမအဖေထက် အလောင်းကောင်ဘုရင်က ပို၍ သန်မာနေသည့်အဖြစ်ကို မယုံနိုင် ဖြစ်နေ၏။

ကျန်အလောင်းကောင် ဘုရင်လေးပါးက ဘေး၌ ရပ်ကြည့်ရုံ ရပ်ကြည့်နေသည်ကိုလည်း သူမ အံ့ဩနေသည်။ ထိုလေးယောက်၏ စိတ်ထဲတွင် ဤလူများက သူတို့ အဖက်လုပ်ရန် မထိုက်တန်ဟု သတ်မှတ်ထားသည့်ပုံပင်။

“ဖုန့်ရှုံး”

မသေမျိုး ဖုန်းဝမ်သည်လည်း မိုးကြိုးဘုရင် ဖုန့်ရှုံး သေသွားသည်ကိုမြင်ပြီး အံ့ဩသွားရသည်။

“မင်းလည်း သေလိုက်တော့”

သူ အာရုံပျက်သွားချိန်တွင် အခြားသော အလောင်းကောင်ဘုရင်က မသေမျိုး ဖုန်းဝမ်ကို ထိုးနှက်လာ၏။

“မကောင်းတော့ဘူး”

ထိုအခါ မသေမျိုး ဖုန်းဝမ်သည် မရဏ အငွေ့အသက်များ လွှမ်းခြုံလာသည်ဟု ခံစားမိကာ ကျောချမ်းလာ လေသည်။

ထို့နောက် သူသည်လည်း အားကုန်သုံး၍ လက်သီးဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။ သို့သော် အလောင်းကောင် ဘုရင်၏ ခွန်အားက သူ ထင်ထားသည်ထက်ပင် ကျော်လွန်နေသေးသည်။

ထိုလက်သီးချက်အောက်၌ သူ၏လက်မောင်းတစ်ခုလုံး ပျက်စီးသွားသည်။ ထို့နောက် အလောင်းကောင်ဘုရင်၏ လက်သီးချက်က သူ၏ဦးခေါင်းသို့ ဦးတည်လာလေသည်။

“မဟုတ်ဘူး”

မသေမျိုး ဖုန်းဝမ် ထိတ်လန့်သွားပြီး ရှောင်တိမ်းရန် ပြင်လိုက်သော်လည်း နောက်ကျသွားချေပြီ။ အလောင်းကောင် ဘုရင်၏ လက်သီးချက်က သူ၏ဦးခေါင်းထက်သို့ ကျရောက်လာသဖြင့် ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသည်။

ဦးခေါင်းမဲ့နေသော အလောင်းသည် လေထဲမှနေ၍ မိုးကြိုးတောင်ကြားသို့ ပြန်ပြုတ်ကျလာကာ သွေးများ စိမ့်ထွက်လာ၏။

ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့သည် ဦးခေါင်းမဲ့နေသော မသေမျိုး ဖုန်းဝမ်၏ အလောင်းကို ကြည့်ပြီး နှလုံး ပေါက်ထွက်မတတ် ဖြစ်နေသည်။

*သေသွားပြီ*

*အားလုံး သေသွားပြီ*

*မိုးကြိုးတောင်ကြား လုံးဝ ပျက်စီးသွားပြီ*

ကူညီရန် ရောက်လာသော ကောင်းကင်ဘုရင်အဆင့် နှစ်ယောက်နှင့် ထောင်ချီသော မသေမျိုးမျိုးနွယ်များအားလုံး သေကြေ ပျက်စီးသွားလေပြီ။ အားလုံးက အစီအစဉ် ချထားသလိုပင်။ တစ်ယောက်လာလျင် တစ်ယောက်သေပြီး အဖွဲ့လိုက်လာလျင် အဖွဲ့လိုက် သေသွားရသည်။

အတွေးနွံထဲ နစ်နေသော မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့သည် ယဲ့ဖန်အား အလန့်တကြား ကြည့်လိုက် မိသည်။ ဤကိစ္စအားလုံးက သူ့ကြောင့် ဖြစ်လာမှန်း သူတို့ သိသည်။

သူတို့နှစ်ယောက် ကြည့်လာသည်ကို သတိထားပြီး ယဲ့ဖန်က အသာပြုံးလိုက်သည်။

“ဘာလဲ၊ မစောင့်နိုင်တော့ဘူးလား”

ယဲ့ဖန်က ထိုသို့ပြောပြီးနောက် ခေါင်းခါကာ အပြုံးနှင့် ဆက်ပြောလိုက်သည်။

“စိတ်မပူနဲ့၊ မင်းတို့အသက်က သူ့အပိုင်ပဲ”

ထိုသို့ပြောပြီး ယဲ့ဖန်က အနားမှ ဝံပုလွေရိုင်းကို အချက်ပြလိုက်သည်။ သူ့စကားကြောင့် မိုးကြိုးနတ်ဘုရားတို့ မှင်တက်သွားရသည်။ သို့သော် ဝံပုလွေရိုင်း၏ သွေးဆာနေသော အကြည့်ကို မြင်ပြီး တုန်လှုပ်လာသည်။

တောင်ထိပ်၌ ဝံပုလွေရိုင်း ချုပ်နှောင်ခံထားရပြီး မိနစ်တိုင်း စက္ကန့်တိုင်း မိုးကြိုးဒဏ် ခံရအောင် လုပ်ခဲ့သူက သူတို့နှစ်ယောက်ပင်။

ယခု ထိုကိစ္စကို ပြန်တွေးမိပြီး မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့ မျက်နှာ ပြာနှမ်းသွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ပြင်လိုက်သည်။

ထိုအခါ ဝံပုလွေရိုင်းက အထင်သေးသလို ပြုံး၍ ခြေဆောင့်လိုက်သည်။ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက မိုးကြိုးနတ်ဘုရားတို့ နှစ်ယောက်ကို လွှမ်းခြုံလာပြီး လှုပ်မရအောင် ပြုလုပ်လာသည်။။

ထို့နောက် ဝံပုလွေရိုင်းက သူတို့နှစ်ယောက်ထံ တစ်လှမ်းချင်း လှမ်းသွားသည်။ ထိုအချိန်တွင် ဝံပုလွေရိုင်းသည် အန္တိမ အထွတ်အထိပ်အဆင့်ထက်ပင် ပို၍ သန်မာနေကာ ကောင်းကင်ဘုရင်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေသည်။

မိုးကြိုးနတ်ဘုရားနှင့် ဖုန့်လောလောတို့သည် သူ့လက်ထဲ၌ ကလေးတစ်ယောက်ကဲ့သို့ အားနည်းလာသလို ခံစားလာရသည်။

“ခင်ဗျားတို့ ကျုပ်ကို ပေးဆပ်အောင် လုပ်ခဲ့တာတွေအတွက် အခု ပြန်ပေးဆပ်ခိုင်းမယ်”

ထိုသို့ပြောပြီး ဝံပုလွေရိုင်းက သူတို့နှစ်ယောက်ကို ဖမ်းချုပ်ကာ ဖြည်းဖြည်းချင်း အရေခွံနွှာလိုက်သည်။ ထိုအခါ အော်သံများ အဆက်မပြတ် ထွက်ပေါ်လာလေတော့သည်။

All Chapters