← Chapters

အခန်း ၁၀၀၆

Vol. 68 Ch. 1006

အခန်း ၁၀၀၆

Vol. 68 Ch. 1006

Chapter 1006 ခင်ဗျားက အရမ်း အားနည်းလွန်းတာပဲ

ထိုအခိုက်တွင် မသေမျိုး အရှင်ကွေက ရုတ်ချည်းဆိုသလို လှုပ်ရှားလာ၏။ အလောင်းကောင် ဘုရင် ခြောက်ပါးသည် မသေမျိုးအရှင်ကွေက မသေမျိုး ဖီးနစ်ဘုရင်အား သူတို့ထံ ပစ်တွန်းလိုက်သည်ကို မြင်လိုက် ရသည်။

ထို့ကြောင့် အလောင်းကောင်ဘုရင်ခြောက်ပါးက လက်ကိုဆန့်၍ မသေမျိုး ဖီးနစ်ဘုရင်ကို လှမ်းဖမ်းလိုက် ကြသည်။

မသေမျိုး အရှင်ကွေသည် ထိုအခွင့်အရေးကို အမိအရ အသုံးချပြီး ယင်ယန်ဓားကို ထုတ်ကာ ဓားကိုဝင့်၍ ယဲ့ဖန်အား ခုတ်ပိုင်းလာ၏။

မသေမျိုး အရှင်ကွေသည် ကောင်းကင်ဘုရင် တစ်ပိုင်းအဆင့် ရှိသူဖြစ်ပြီး မသေမျိုးမျိုးနွယ်တွင်း၌ ရာထူးကလည်း မသေမျိုးဖုန်းဝမ်ထက် တစ်ဆင့်သာနိမ့်သည်။

ဤဓားချက်တွင်း၌ သူ၏ နတ်ဘုရားစွမ်းအင်အကုန် ပါဝင်နေသည်။ အရှိန်အဝါက ကြောက်စရာကောင်းလှသည်။ ထိုဖိအားကြောင့် လေထုပင် အက်ကွဲလာပြီး ယဲ့ဖန်အား မရဏ အငွေ့အသက်များ လွှမ်းခြုံလာသည်။

“သေပေတော့၊ မင်း သေကိုသေရမယ်”

မသေမျိုး အရှင်ကွေသည် သူ့၌ အခွင့်အရေး တစ်ကြိမ်သာ ရှိသည်ကို ရိပ်စားမိသည်။ အကယ်၍ သူ၏အကြံအစည် မအောင်မြင်ပါက အလောင်းကောင် ဘုရင်ခြောက်ပါးက သူ့အား ဒုတိယ အခွင့်အရေး ရလာအောင် ကြည့်နေမည် မဟုတ်ပါ။

ဤသည်ကိုတွေးမိပြီး သူ၏အကြည့်များက ပို၍ ခက်ထန်လာသည်။ တစ်ခဏအတွင်းမှာပင် သူ၏ ဓားက ယဲ့ဖန်၏ ဦးခေါင်းကို ခုတ်မိလုနီးပါး ဖြစ်လာသည်။ သို့ရာတွင် ယဲ့ဖန်က မည်သို့မျှ မရှောင်တိမ်းပဲ ရပ်ကြည့်နေ၏။ ဤသည်ကြောင့် မသေမျိုး အရှင်ကွေ ဝမ်းသာအားရ ဖြစ်သွားသည်။

“ပုရွက်ဆိတ်က ပုရွက်ဆိတ်ပါပဲကွာ”

“မင်းကို အလောင်းကောင် ဘုရင်ခြောက်ပါးက စောင့်ရှောက်နေတယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ၊ မင်းလို နတ်အဆင့်လေးက သေရမှာပဲ”

လက်ရှိအချိန်၌ မသေမျိုး အရှင်ကွေသည် သူ့လက်ချက်ဖြင့် ယဲ့ဖန် အသတ်ခံရတော့မည်ဟု ထင်မှတ်နေသည်။ ကျေနပ် အားရလာသော ခံစားချက်ကြောင့် သူ အလွန် စိတ်လှုပ်ရှားပျော်ရွှင်နေသည်။

“ကောင်လေးယဲ့”

မသေမျိုး ဖီးနစ်ဘုရင်၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူစုတ်လာသည်။ သူ့ကြောင့်နှင့် ယဲ့ဖန် သေရလိမ့်မည်ဟု ထင်မထားမိပေ။ မသေမျိုး ဖီးနစ်ဘုရင်၏ စိတ်ထဲ၌ ဆောက်တည်ရာမရသော ခံစားချက်များ ဖြစ်ပေါ်လာသည်။

သူ့ကိုယ်သူ မုန်းတီးနေမိသည်။ သူ အစောကတည်းက သေသွားခဲ့လျင် အကောင်းသားဟု တွေးနေမိသည်။ သူသာ သေသွားခဲ့လျင် ယဲ့ဖန် ဤကဲ့သို့သော အန္တရာယ်နှင့် ကြုံရလိမ့်မည် မဟုတ်ပါ။

အလောင်းကောင် ဘုရင်ခြောက်ပါးမှာမူ မသေမျိုးဖီးနစ်ဘုရင်ကဲ့သို့ ဖြစ်မနေဘဲ မြင်နေရသည့် အဖြစ်ကို ဂရုမစိုက်ကြချေ။ ယဲ့ဖန်၏ ဘေးကင်းရေးနှင့် ပတ်သက်၍ သူတို့ စိုးရိမ်ပုံ မပေါ်ချေ။

နှစ်မီတာ၊ တစ်မီတာ၊ ပေဝက်အကွာ။

မသေမျိုး အရှင်ကွေ၏ ဓားက ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျရောက်လာလေသည်။ ထိုဓားချက်ကြောင့် ယဲ့ဖန် ခန္ဓာကိုယ် နှစ်ပိုင်းကွဲသွားလိမ့်မည်ဟု မသေမျိုး အရှင်ကွေ ထင်မှတ်နေ၏။

ချွင်!

ထိုစဉ် ဓားထံမှ ကြွပ်ဆတ်ဆတ် အသံထွက်ပေါ်လာပြီး မသေမျိုး အရှင်ကွေ၏ ဓားက တန့်ခနဲ ရပ်တန့်သွားသည်။ မသေမျိုး အရှင်ကွေ မှင်တက်သွားသည်။ သူ၏ဓားက ယဲ့ဖန်၏ ဦးခေါင်းကို ထိမိလုနီးပါး ဖြစ်နေချိန်တွင် ဓားသွားအား လက်ချောင်းလေး နှစ်ချောင်းက ဖိညှပ်ထားသည်ကို တွေ့လိုက်သည်။ ထိုသို့ ညှပ်ထားသဖြင့် ဓားက နည်းနည်းလေးမျှ လှုပ်မရတော့ချေ။

“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”

မသေမျိုး အရှင်ကွေ မျက်လုံးပြူးနေသည်။ သူသည် ကောင်းကင်ဘုရင် တစ်ပိုင်းအဆင့်သို့ ရောက်နေသူ ဖြစ်သည်။ ခွန်အားအပြည့် ထုတ်သုံးထားသော ဤဓားချက်အောက်၌ ကောင်းကင်ဘုရင်အဆင့် သိုင်းပညာရှင် တောင်မှ နောက်သာဆုတ်နိုင်ပြီး ပြန်တိုက်နိုင်မည် မဟုတ်ပါ။

သို့ရာတွင် ယဲ့ဖန်က လက်လေးနှစ်ချောင်းတည်းဖြင့် ဓားသွားကို ဖမ်းထားလိုက်သဖြင့် မသေမျိုး အရှင်ကွေ ဗျာများလာရသည်။

သူသည်သာမက မသေမျိုး ဖီးနစ်ဘုရင်သည်လည်း ခေါင်းထဲ မူးဝေသွားသလို ခံစားလိုက်ရကာ မျက်စိရှေ့မှ အရာအား မယုံနိုင် ဖြစ်နေ၏။

“လက် … လက်နဲ့ မြဲမြဲညှပ်ထားတာလား၊ ဒါ …”

ထိုစဉ် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံး၍ လက်နှစ်ချောင်းကို လိမ်လိုက်သည်။

ဂျွတ်!

ဂျွတ်ဟူသော အသံ ထွက်ပေါ်လာပြီးနောက် မသေမျိုး အရှင်ကွေ၏ ဓား ကျိုးသွားလေသည်။ ဤသည်ကြောင့် မသေမျိုး အရှင်ကွေ ခြောက်ခြားကာ နောက်သို့ ဆယ်လှမ်း ဆုတ်လိုက်သည်။ သူ့နဖူး၌ ချွေးစေးများ စီးကျနေ၏။

“ဘယ်လိုလုပ် ဒီလို ဖြစ်သွားတာလဲ၊ ဒီနတ်အဆင့်လေးက ငါ့တိုက်ခိုက်မှုကို ခုခံနိုင်နေတယ်”

မသေမျိုး အရှင်ကွေသည် ဤမျှ ထူးဆန်းသော အရာကို တစ်ခါမှ မမြင်ဖူးချေ။ သို့ရာတွင် သူ စဉ်းစားချိန် မရှိသဖြင့် ယဲ့ဖန်ထံသို့ နောက်တစ်ကြိမ် ပြေးဝင်သွားသည်။

“သေစမ်းကွာ”

သူ၏ပုံရိပ်က လျှပ်စီးကဲ့သို့ လျင်မြန်လှပြီး နတ်ဘုရား စွမ်းအင်များကို ထုတ်သုံးထားသောကြောင့် သူ၏ပုံစံက လောကထဲသို့ မိုးကြိုးနတ်မင်း ဆင်းလာသည်ဟု ထင်မှတ်ရသည်။

ယခုအချိန်တွင် မသေမျိုး အရှင်ကွေက ယခင်ဓားချက်ထက် ပိုကောင်းသော ဓားချက်ကို ထုတ်ဖော်၍ ယဲ့ဖန်အား အပြင်းအထန် တိုက်ခိုက်နေ၏။

“ကောင်းကင်ခွင်း ဓားချက်”

“ငရဲဘုံသွား ဓားချက်”

“…”

ဓားကျိုးကို ကိုင်ထားသော အရှင်ကွေ၏ ပုံစံသည် သေမင်းတမန်နှင့် ဆင်တူနေ၏။ မိုးမြေအား ဖျက်ဆီးနိုင်သည်ဟု ထင်မှတ်ရသည့် ဓားချက်တိုင်းက ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျဆင်းလာသည်။

ထိုစဉ် မသေမျိုး အရှင်ကွေ ပိုမိုထိတ်လန့်သွားရသည့် အဖြစ်တစ်ခု ဖြစ်ပေါ်လာလေသည်။ ယဲ့ဖန်က မရှောင်တိမ်းသည့်အပြင် မသေမျိုး အရှင်ကွေထံသို့ တစ်လှမ်းချင်း လှမ်းလာနေသည်။ သူသည် လက်ချောင်း သို့မဟုတ် လက်ဝါးတစ်ဖက်ကိုသာ သုံး၍ ဓားချက်တိုင်းကို တားဆီးလေသည်။ ထိုပုံစံက လူကြီးတစ်ယောက်က ကလေးတစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနေဟန်ဖြင့် ဆင်တူလှည်။

ဓားချက် တစ်ချက်၊ ဆယ်ချက်၊ အချက်တစ်ရာ။

ထိုအခိုက်တွင် မသေမျိုး အရှင်ကွေသည် သူ တစ်ဘဝလုံး သင်ယူကျင့်ကြံခဲ့သော ဓားချက်တိုင်းနီးပါးကို ထုတ်သုံးနေ၏။

သူ့အား မယုံသင်္ကာ ဖြစ်နေစေသည့် အချက်မှာ သူ ကြိုးစားပမ်းစား တိုက်ခိုက်နေသော်လည်း ယဲ့ဖန်၏ အင်္ကျီစကိုပင် သူ ဓားဖြင့် မခုတ်နိုင်သည့် အချက်ပင်။

သူ၏နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျလာပြီး မျက်လုံး၌ ထိတ်လန့်ဟန်များ စွန်းထင်လာသည်။ ယဲ့ဖန်က လက်ဆန့်၍ သူ၏ဓားကျိုးကို ဖမ်းယူလိုက်ချိန်တွင် ရေခဲအိုင်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

“တိုက်ခိုက်မှုတိုင်းကို မိုက်တယ်လို့ ထင်နေတာလား”

ယဲ့ဖန်က နတ်ဆိုးသဖွယ် ပြုံးနေသည်။

“ခင်ဗျား အရမ်း အားနည်းလွန်းနေတာကတော့ စိတ်မကောင်းစရာပဲ”

ထိုသို့ပြောပြီး ယဲ့ဖန်က လက်ကို ဆတ်ခနဲ လှုပ်လိုက်သည်။ မသေမျိုး အရှင်ကွေ၏ ဓားကျိုး အလုခံလိုက်ရပြီး ယဲ့ဖန်၏ လက်ထဲသို့ ရောက်သွားလေသည်။ ဓားလုပြီးသည်နှင့် ယဲ့ဖန်က လက်ကိုမြှောက်၍ မသေမျိုး အရှင်ကွေအား ဓားဖြင့် ခုတ်လိုက်သည်။

“မကောင်းတော့ဘူး”

ထိုအခိုက်တွင် မသေမျိုး အရှင်ကွေသည် တစ်ကိုယ်လုံး ကြက်သီးထကာ ခေါင်းမွေးထောင်လာသလို ခံစားလိုက် ရကာ ဘေးသို့ရှောင်တိမ်းရန် ပြင်လေသည်။

ရွှစ်!

ထိုသို့ရှောင်တိမ်းပါသော်လည်း မသေမျိုး အရှင်ကွေအား ဓားဖြင့် ခုတ်မိကာ သွေးများ ပန်းထွက်လာသည်။ ဒဏ်ရာကြောင့် မသေမျိုး အရှင်ကွေ တုန်ယင်လာလေ၏။

“သူ … သူ ငါ့ကို ဓားချက်တစ်ချက်တည်းနဲ့ မသတ်ချင်တာလား”

မသေမျိုး အရှင်ကွေသည် ရှောင်တိမ်းလိုက်သော်လည်း ယဲ့ဖန်သာ သူ့ကို သတ်ချင်ပါက အသာလေး သတ်လိုက်၍ ရနေသည်ဟု ခံစားမိနေ၏။သို့ရာတွင် တစ်ဖက်လူက ထိုသို့မလုပ်ဘဲ ဒဏ်ရာရရုံမျှသာ လုပ်ခဲ့သည်။

“လူတွေရဲ့ အသားကို နည်းနည်းချင်းစီ ဓားနဲ့လှီးရတာ၊ ခုတ်ရတာကို ခင်ဗျား သိပ်ကြိုက်တာမလား”

“အခု ခင်ဗျားဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးနေတာလေ”

ယဲ့ဖန်က သွေးဆာနေသော အပြုံးမျိုး ပြုံးနေသဖြင့် မသေမျိုး အရှင်ကွေ ကြက်သီးတဖြန်းဖြန်း ထလာသည်။

*ဒီမိစ္ဆာကောင်က မသေမျိုး ဖီးနစ်ဘုရင်အတွက် လက်စားချေနေတာပဲ*

ယဲ့ဖန်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပြီးနောက် မသေမျိုး အရှင်ကွေ၏ မျက်နှာထားက ဖြူဖပ်ဖြူရော် ဖြစ်လာသည်။ သို့သော် ယဲ့ဖန်က သူ့အား နည်းနည်းလေးမျှ ပြန်ပြောခွင့်မပေးချေ။

“ဒုတိယမြောက် ဓားချက်”

ထိုသို့ပြောပြီး ဓားကျိုးဖြင့် မသေမျိုး အရှင်ကွေကို ထပ်၍ ခုတ်လေသည်။ ထို့နောက် ဆက်တိုက်ဆိုသလိုပင် တတိယမြောက် ဓားချက်၊ ဆယ်ကြိမ်မြောက် ဓားချက်၊ ဆယ့်ငါးကြိမ်မြောက် ဓားချက်။ ဓားချက် တစ်ချက်ပြီး တစ်ချက် ကျလာပြီး ဓားချက်တိုင်းက ပိုမို မြန်ဆန်လာ၏။

ဓားရောင် လက်ခနဲ ဖြစ်သွားတိုင်း မသေမျိုး အရှင်ကွေ၏ ခန္ဓာကိုယ်မှ အသားများ ပဲ့ထွက်လာသည်ကို ဘေးနားမှ လူတိုင်း တအံ့တဩ ကြည့်နေမိသည်။

“အား…”

သူ၏ခန္ဓာကိုယ်၌ အသားမပဲ့သည့်နေရာဟူ၍ မရှိသလို သွေးများ တတောက်တောက် စီးကျနေ၏။ ဓားပေါင်း တစ်ထောင်ဖြင့် အခုတ်ခံရသကဲ့သို့သော နာကျင်မှုကြောင့် သူ ရူးမတတ် ဖြစ်နေသည်။

“မလုပ်နဲ့၊ ငါ့ကို ကောင်းကောင်း ပေးသေပါ”

“ငါ့ကို သတ်လိုက်၊ အရူးကောင် ငါ့ကို မြန်မြန်သတ်လိုက်စမ်းပါ”

မသေမျိုး အရှင်ကွေ ငယ်သံပါအောင် အော်ဟစ်နေ၏။ သို့သော် ယဲ့ဖန်က မကြားချင်ယောင် ဆောင်ထားသည်။ သူ၏ ဓားချက်တိုင်းက ပိုမို ပြင်းထန်လာ၏။ သိုးကို အရှင်လတ်လတ် အရေခွံနွာနေသလိုပင်။ သူ၏ ရက်စက်‌သော နည်းလမ်းကြောင့် အလောင်းကောင် ဘုရင်ခြောက်ပါးပင် ထိတ်လန့်နေ၏။

နောက်ဆုံးတွင် မသေမျိုး အရှင်ကွေ၏ ခန္ဓာကိုယ်မှ အရိုးနှင့် အသားပေါင်း အပိုင်းတစ်ထောင်မျှ မြေကြီးပေါ် ပဲ့ကျလာသည်။ ပြင်းထန်လှသော ဝေဒနာကြောင့် မသေမျိုး အရှင်ကွေ မလှုပ်နိုင်တော့ပေ။

ယဲ့ဖန် ဓားကို ဝှေ့ယမ်းလိုက်ချိန်တွင် သူ၏ဦးခေါင်း ပြတ်ထွက်သွားပြီး လွင့်ပျံသွားလေသည်။ မသေမျိုး အရှင်ကွေ၏ မျက်လုံး၌ စိတ်အေးသွားဟန်နှင့် ကြောက်စိတ်များ ရောပြွန်း ထင်ဟပ်နေ၏။ သူသည် နောက်ဘဝ၌ ဤနတ်ဆိုးနှင့် ဘယ်သောအခါမှ ပြန်မဆုံလိုတော့ပါ။

All Chapters