← Chapters

အခန်း ၁၀၀၇

Vol. 68 Ch. 1007

အခန်း ၁၀၀၇

Vol. 68 Ch. 1007

Chapter 1007 ရွှေရောင် သတ္တဝါ

ယင်ယန်လောက၏ ကောင်းကင်လေထု၌ သွေးနံ့များ အမြဲတစေ ရောယှက်နေသည်။ မရေတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း သေကြေခဲ့သော နတ်ဘုရားများ၏ သွေးနံ့များက လေထုကို ညစ်ညမ်းသွားစေပုံရသည်။

သို့ရာတွင် ယနေ့၌ သတင်းတစ်ခုက ယင်ယန်လောကတစ်ခုလုံးသို့ ပျံ့နှံ့ကာ တစ်လောကလုံး အုတ်အော် သောင်းတင်း ဖြစ်လာပြီး အခြေအနေ တင်းမာလာသည်။

ယင်ယန်လောက၌ နှစ်ပေါင်းထောင်ချီ၍ တည်ရှိခဲ့သော မိုးကြိုးတောင်ကြား ဖျက်ဆီးခံလိုက်ရသည်။ မိုးကြိုးတောင်ကြား၏ အရှင်သခင်မှစ၍ သာမန် မိုးကြိုးတောင်ကြား၏ မျိုးဆက်ငယ်များအထိ အသက် ရှင်ကျန်သူ မရှိပေ။

ထောင်သောင်းချီသော မိုးကြိုးတောင်ကြားမှ သိုင်းပညာရှင်များ၏ အလောင်းများက တောင်သဖွယ် ပုံနေပြီး သွေးများက မြစ်သဖွယ် စီးဆင်းနေ၏။

ပို၍ ထူးဆန်းသည်မှာ ထိုအလောင်းများအားလုံး၏ နတ်ဘုရား အမြုတေများ ပျောက်ခြင်းမလှ ပျောက်နေခြင်းပင်။

ထိုအလောင်းများထဲတွင် မသေမျိုးမျိုးနွယ်၏ ဘိုးဘေးတစ်ယောက်ဖြစ်သော မဟာဘုရင်လေးပါးထဲမှ တစ်ပါးဖြစ်သူ မသေမျိုး ဖုန်းဝမ်၏ အလောင်းလည်း ပါဝင်နေသည်။

မိုးကြိုးတောင်ကြား ပျက်စီးသွားသည့် သတင်း ထွက်ပေါ်လာပြီး မကြာမီမှာပင် နောက်ထပ် သတင်းတစ်ခုက ယင်ယန်လောကအား ဆူညံသွားစေ၏။

မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်ကတည်းက တည်ရှိခဲ့သော မျိုးနွယ်ကြီးလေးခုထဲမှ တစ်ခုဖြစ်သော မသေမျိုး မျိုးနွယ် သုတ်သင်ခံလိုက်ရပြန်သည်။

မသေမျိုးမျိုးနွယ်သည် မဟာနတ္ထိ ရှေးဧကရာဇ် လက်ထက်မှစ၍ ယနေ့ထက်တိုင် တည်ရှိနေသည့် ယင်ယန်လောက၏ သက်တမ်း အရှည်ဆုံးမျိုးနွယ်တစ်ခု ဖြစ်သည်။

သို့ရာတွင် ယခုအခါ၌ ထောင်သောင်းချီသော မသေမျိုးမျိုးနွယ်များသည် ခန္ဓာကိုယ် အကောင်းပတိနှင့် သေဆုံးသွားသူ ဟူ၍ မရှိပေ။ သူတို့သည် မသေဆုံးခင်၌ မိစ္ဆာနှင့် ရင်ဆိုင်ခဲ့ရပုံပေါ်ကာ မျက်နှာများ၌ ခြောက်ခြားဟန်များ ထင်ဟပ်နေသည်။

လက်ရှိတွင် ထိုသတင်းနှစ်ခုလုံးက ယင်ယန်လောက တစ်ခုလုံးကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။ လူသတ်သမားက ဘယ်သူလဲ မည်သူမျှ မသိကြပေ။ အဘယ်ကြောင့်ဆိုသော် လူသတ်သမားကို မြင်ခဲ့သူတိုင်း သေသွားကြသောကြောင့်ပင်။

“ယင်ယန် အနောက်ဘက် ဒေသက ရှေးဟောင်း မိသားစုကြီး နှစ်ဆယ့်လေးခုရဲ့ လက်ချက် ဖြစ်နိုင်မလား”

“မဟုတ်ဘူး၊ ရှေးဟောင်းမိသားစုက လူတွေ အနောက်ဘက်ဒေသမှာ ရှိနေတုန်းပဲလို့ ငါ သတင်းရထားပြီးသား”

“အလောင်းကောင်မျိုးနွယ်၊ ပြီးခဲ့တဲ့ရက်တွေတုန်းက အလောင်းကောင်ခေါင်းလောင်းသံက ယင်ယန်လောက တစ်ခုလုံးဆီ ပျံ့နှံ့လာတယ်လေ၊ မြို့တွေ တော်တော်များများ ပျက်စီးသွားတာ၊ သူတို့ကို မြင်ခဲ့တဲ့လူတိုင်း သေကုန်ပြီ”

“ဖြစ်နိုင်တယ်”

လက်ရှိအချိန်တွင် ယင်ယန်လောက တစ်ခုလုံးမှ များစွာသော အင်အားစုများက ဘယ်သူ့လက်ချက်လဲဟု ခန့်မှန်း နေကြသည်။

ဖြစ်နိုင်ချေ အရှိဆုံးက အလောင်းကောင်မျိုးနွယ်ပင်။ ရှေးဟောင်း အမိန့်ပြားကို ပိုင်ဆိုင်ထားသည့် ထူးဆန်းသောလူက မိုးကြိုးတောင်ကြားနှင့် မသေမျိုးမျိုးနွယ်တို့အပေါ် အဘယ်ကြောင့် အမုန်းတရား ထားရှိသလဲ ဆိုသည်ကို ယင်ယန်လောကမှ လူများ နားမလည်ကြချေ။

အင်အားကြီး အဖွဲ့အစည်းနှစ်ခု သုတ်သင်ခံလိုက်ရသဖြင့် ယင်ယန်လောကတစ်ခုလုံး ခြောက်ခြားကာ ကြီးမားသော အန္တရာယ်တစ်ခု ကျရောက်လာတော့မည်ဟု လူတိုင်း ခံစားမိနေသည်။

ရှေးဟောင်းမိသားစုများ၏ ပုန်ကန်ခြင်းနှင့် အလောင်းကောင်မျိုးနွယ်များ နိုးထလာခြင်းကြောင့် ယင်ယန်လောက တစ်ခုလုံးတွင် နောက်ထပ် သွေးမုန်တိုင်း ဖြစ်ပေါ်လာတော့မည်ဟု လူတိုင်း ရိပ်မိနေကြသည်။

….

တစ်ချိန်တည်းမှာပင် ယင်ယန်လောက၏ အရှေ့စွန်းစွန်း၌ ကြီးမားမြင့်မားသော တောင်တစ်လုံး ရှိလေသည်။

တောင်ထိပ်က လေထုထဲသို့ တိုးတက်နေပြီး ထိုတောင်ပေါ်မှ နဂါးများဟု ထင်မှတ်မှားရသည့် နွယ်ပင်များ တွဲလောင်းကျနေ၏။ ဤတောင်သည် ယင်ယန်လောက၌ မြေမျက်နှာပြင် အမြင့်ဆုံးဖြစ်သည့် ဟွမ်ရှန်တောင် ဖြစ်သည်။

တောင်ထိပ်၌ မြင့်မားထည်ဝါသော နန်းတော်ကြီးတစ်ခု တည်ရှိသည်။ ထိုနန်းတော်သည် လူသား အရှင်သခင် နန်းတော် ဖြစ်သည်။

လက်ရှိအချိန်တွင် လူသားအရှင်သခင် နန်းတော်၏ ထပ်ခိုး၌ အနီရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ဦး တိတ်ဆိတ်စွာ ရပ်နေသည်။

အပြင်ဘက်မှ နတ်ပြည်အလား လှပသော မြင်ကွင်းကို ကြည့်နေသော်လည်း သူမ၏ မျက်နှာ၌ နည်းနည်းလေးမျှ ပျော်ရွှင်ဟန် မပေါ်ပေ။ ထိုသို့ ပျော်နေမည့်အစား အလွန် ဝမ်းနည်းနေဟန် ပေါ်နေ၏။

“ရှင် … ရှင် ရောက်လာမှာလား”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးထံမှ ခပ်တိုးတိုး အသံထွက်လာသည်။ သူမ မျက်ရည်ကျနေ၏။ သူမ မှတ်ဉာဏ် ပျောက်ဆုံးခဲ့ရသည်။ သူမ လက်အောက်ငယ်သားများ၏ သစ္စာဖောက်မှုနှင့် ထပ်မံ ရင်ဆိုင်ခဲ့ရသည်။ ယခုအခါတွင်လည်း တစ်စုံတစ်ယောက်နှင့် လက်ထပ်ရန် အတင်းအကြပ် ဖိအားပေး ခံနေရသည်။

နေ့တိုင်းညတိုင်း သူမ မျက်ရည်နှင့်သာ မျက်နှာသစ်နေရသည်။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူမ တစ်ယောက်တည်း နေချင်ခဲ့သည်။ သူမ ထပ်တလဲလဲ ပြန်မှတ်မိအောင် စဉ်းစားနေခဲ့သည်။ ထိုသူ၏ ပုံစံကို သူမ မမှတ်မိသော်လည်း သူမ သူ့ကို သုံးဘဝတိုင်တိုင် ချစ်ခဲ့သည်။ သူမ ရင်တွေကွဲခဲ့ရပြန်သည်။

“ကျွန်မ ရှင့်အကြောင်းကို မေ့သွားပြီ”

“ကျွန်မ ရှင့်ကို စောင့်နေတယ်ဆိုတာကိုရော ရှင် မှတ်မိရဲ့လား”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် မျက်ရည်မစဲနိုင်လောက်အောင် ငိုကြွေးနေပြီး သူမ၏ မျက်ဝန်း၌ ပြတ်သားသော ဆုံးဖြတ်ချက်များ ထင်ဟပ်နေသည်။

“ကျွန် ရှင့်ကို စောင့်နေမယ်၊ အဲ့နေ့ ရောက်လို့မှ ကျွန်မ ရှင့်ကို မစောင့်နိုင်တော့ဘူးဆိုရင် ကျွန်မ တမလွန်ကို အရင်သွားပြီး ရှင့်ကို ဆက်စောင့်နေမယ်”

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက တစ်ဖက်သို့ ဖြည်းဖြည်းချင်း ပြန်လှည့်သွားသည်။ သူမပုံစံက မျှော်လင့်ချက် ပျက်ပြား၍ ကြံရာမရ ဖြစ်နေသည့်ပုံပင်။

…

တစ်ချိန်တည်းမှာပင် လူသား အရှင်သခင်နန်းတော်၏ အနောက်ဘက် တောင်တွင်း၌ ထူးဆန်းသော ဂူတစ်လုံး ရှိသည်။ ထိုဂူထဲမှ အန္တရာယ် အငွေ့အသက်များ အဆက်မပြတ် ပျံ့လွင့်နေ၏။

ကြောက်စရာကောင်းသည့် အချက်မှာ ဂူတံခါးဝအား ကောင်းကင်ဘုရင်အဆင့် သိုင်းပညာရှင် လေးယောက်က တိတ်ဆိတ်စွာ စောင့်ကြပ်နေခြင်းပင်။

ကောင်းကင်ဘုရင်အဆင့်များက တံခါးစောင့်အဖြစ် နေနေသည့်ကိုသာ အပြင်ဘက်မှ လူများသိသွားပါက ယင်ယန် တစ်လောကလုံး အုတ်အော်သောင်းတင်း ဖြစ်သွားပေမည်။

သိုင်းအဆင့် မြင့်မားသော ကောင်းကင်ဘုရင်အဆင့်များက ဂူတစ်လုံးကို စောင့်ကြပ်နေရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

လက်ရှိတွင် ဂူထဲ၌ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင် သရဖူ ဆောင်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက လမ်းလျှောက်နေသည်။

သူ လမ်းလျှောက်နေစဉ်အတွင်း ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားများ ထွက်ပေါ်နေ၏။ ကောင်းကင်ဘုရင် အဆင့်တောင်မှ သူ့အား အရိုအသေ ပေးရလေသည်။

ဤပုဂ္ဂိုလ်သည် ယင်ယန်လောကအား စိုးမိုးသည့် ပြိုင်ဘက်ကင်း လူသား အရှင်သခင် ဖြစ်သည်။ လက်ရှိအချိန်တွင်မူ လူသားအရှင်သခင်၏ မျက်နှာထားက အလွန် သုန်မှုန်ကာ တင်းမာနေ၏။

ဂူတွင်းသို့ တစ်မိုင်မျှ လျှောက်လာပြီးနောက် အတွင်းတစ်နေရာမှ မျက်စိကျိန်းလောက်သော ရွှေရောင် အလင်းတန်း ထွက်ပေါ်လာသည်။

အရှေ့မှ ခြစ်ခြစ်တောက်ပူသော ယန်စွမ်းအင်များ ပျံ့လွင့်နေ၏။ ဤအနောက်ဘက် တောင်အတွင်းပိုင်းသည် ခန်းမတစ်ခု ဖြစ်နေသည်။ ခန်းမအလယ်၌ ကြီးမားသော ယဇ်ပူဇော်သော စင်မြင့်တစ်ခု ရှိသည်။ ထိုစင်မြင့်ပေါ်၌ ကောင်းကင်ဘုရင်အဆင့် သိုင်းပညာရှင်များ၏ ဦးခေါင်းပြတ်များ ရှိနေသည်။ ခန်းမအလယ်၌ ရွှေရောင် သတ္တဝါ တစ်ကောင် ထိုင်နေ၏။

လူသားအရှင်သခင်သည် ခန်းမထဲသို့ ဝင်လာသည်နှင့် ထိုရွှေရောင်သတ္တဝါကို အရိုအသေပေး၍ နှုတ်ဆက်စကား ဆိုလိုက်သည်။

“ဆရာ”

ဤသည်ကိုသာ ယင်ယန်လောကမှ သိုင်းပညာရှင်များ မြင်သွားပါက ခြောက်ခြားသွားလောက်သည်။ ယင်ယန် လောက၏ အရှင်သခင်ဖြစ်သော လူသား အရှင်သခင်၌ ဆရာတစ်ယောက် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူ၏နှုတ်ဆက်သံကိုကြားသော်လည်း ထိုရွှေရောင်သတ္တဝါက မျက်လုံးပင်ဖွင့်မကြည့်ဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သ်ည။

“အခြေအနေ ဘယ်လိုရှိလဲ”

“ဆရာ ငါးစာကိုတော့ လာဟပ်ပါပြီ”

လူသားအရှင်သခင်က ဝမ်းနည်းသော အပြုံးမျိုး ပြုံးနေသည်။

“ကျိုထျန်းရွှမ်နွီနဲ့ ရွှယ်ယွမ်တို့ လက်ထပ်တော့မယ့်လို့ သတင်းလွှင့်ပြီးသွားတာနဲ့ ငရဲဘုံကကောင်က ယင်ယန်လောကကို ရောက်လာပါတယ်၊ ပြီးတော့ ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုကို သိမ်းသွင်းခဲ့တဲ့အပြင် အလောင်းကောင်မျိုးနွယ်ကလည်း သူ အသုံးချတာကို ခံနေရပါတယ်”

“အခု ကျွန်တော့်လက်အောက်က အင်အားစုကြီးနှစ်ခုတောင် သူ့ကြောင့် ပျက်စီးသွားပါပြီ”

ဤစကားကိုသာ အခြားသူများ ကြားသွားပါက အံ့ဩသွားလောက်သည်။ ယဲ့ဖန်၏ လှုပ်ရှားမှုတိုင်းက လူသားအရှင်သခင် တွက်ချက်ထားသည့်အတိုင်း ဖြစ်လာသည်ဟု ထင်ထားမည်နည်း။

ထိုသို့ပြောနေချိန်တွင် လူသား အရှင်သခင်၏ မျက်နှာ၌ မကျေနပ်ဟန် ပေါ်လာသည်။

“ဆရာ၊ ဆရာ ဘာလို့ ဒီငရဲဘုံကကောင်ကို ဒီလောက် အာရုံစိုက်နေရတာလဲ၊ ကောင်းကင်ဘုံ ယဇ်ပူဇော်ပွဲ အခမ်းအနားကို သူ ရောက်လာအောင် အများကြီး ရင်းထားရတာ”

“သူက ဒီအတိုင်း ငရဲဘုံက တွားသွားကောင် မဟုတ်ဘူးလား၊ သူ့ကို ရှင်းပစ်ဖို့ လူတစ်ချို့ လွှတ်လိုက်ရင် ရနေပြီပဲကို”

မိုးကြိုးတောင်ကြားနှင့် မသေမျိုး အရှင်သခင်တို့ သေကြေပျက်စီးသွားရသည့် အဖြစ်ကို လူသားအရှင်သခင် အလွန် ဒေါသထွက်နေ၏။ ထိုလူများသည် သူ၏ လက်အောက်ငယ်သားများ ဖြစ်ပြီး ထိုအင်အားစုနှစ်စု ပျက်စီးသွားခြင်းက သူ့အသား ဝါးစားခံလိုက်ရသလိုပင်။

ထို့အပြင် ဤနှစ်ပေါင်းနှစ်သိန်းအတွင်း လူသားအရှင်သခင်သည် အလွန် နှိမ့်ချကာ လူလုံးမပြဘဲ နေခဲ့သည်။ သူ့၌ မည်သို့ ကြောက်စရာကောင်းသည့် ဝှက်ဖဲများ ရှိနေသလဲ မည်သူမှ မသိကြပေ။

သူ့စကားကြောင့် ရွှေရောင်သတ္တဝါက အသာပြုံးလာသည်။

“ငါလည်း မင်းလိုပဲ တွေးတာပဲ၊ ဒါပေမဲ့ ဒါက အထက်က ပြောလာတဲ့ အမိန့်ပဲလေ”

“ဒီကောင်က ယန်နယ်မြေ၌ ပတ်သက်မှုတစ်ချို့ ရှိလောက်တယ်”

*ယန်နယ်မြေ*

ထိုစကားလုံးကြောင့် လူသား အရှင်သခင် မျက်ခုံးလှုပ်သွားသည်။ ငရဲဘုံမှ လူတစ်ယောက်က ယန်နယ်မြေနှင့် မည်သို့ ပတ်သက်နေသလဲ သူ မတွေးတတ်တော့ချေ။

“အဆင်သင့်ပြင်ထား”

ရွှေရောင်သတ္တဝါက လူသားအရှင်သခင်၏ အတွေးကို သိဟန်ဖြင့် လက်ဝှေ့ယမ်း၍ ပြောလာသည်။

“အထက်ကလူက သတင်းစကား ပါးလာပြီးပြီ”

“ဒီကောင့်ကို ကောင်းကင်ဘုံဆီ ယဇ်ပူဇော်ရမယ်၊ သူ သေကိုသေရမယ်”

All Chapters