← Chapters

အခန်း ၁၀၀၉

Vol. 68 Ch. 1009

အခန်း ၁၀၀၉

Vol. 68 Ch. 1009

Chapter 1009 ဗောဓိဘိုးဘေးနတ်မင်း

တစ်နှစ်ကျော်သွားပြီ ဖြစ်သော်လည်း အဘွားအိုသည် သူမ ယင်ယန်လောကသို့ ပထမဆုံးအကြိမ် ပြန်လာခဲ့သည့်အချိန်ကို မှတ်မိနေပါသေးသည်။ ထိုစဉ်က ပိုင်ယီသည် အားအနည်းဆုံး ငရဲဘုံမှ မိန်းကလေး ဖြစ်ခဲ့သည်။

ထိုအချိန်က သူတို့သည် လက်ဘက်ရည်ဆိုင်၌ ထိုင်နေရင်း ယဲ့ဖန်က ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုအား ခြိမ်းခြောက် အကျပ်ကိုင်၍ သူတို့မိသားစုဝင်များအား အနိုင်ယူခဲ့သည့်သတင်းကို ကြားခဲ့ရသည်။

ထိုအချိန်မှစ၍ ပိုင်ယီသည် နတ်ဘုရားဗိမာန်သို့ သွား၍ ရှေးဟောင်း နတ်မင်းများ၏ အမွေအနှစ်ကို ရယူရန် ဆုံးဖြတ်ခဲ့သည်။

သူမသည် အသက်ကိုရင်း၍ ယဲ့ဖန် ယင်ယန်လောကသို့ ရောက်လာမည့်အချိန်အတွက် ပြင်ဆင်ချင်ခဲ့သည်။ ထိုအချိန်မှစ၍ သူမ ဤသို့ ရောက်နေသည်မှာ တစ်နှစ်ရှိခဲ့လေပြီ။

လက်ရှိအချိန်၌ အဘွားအိုသည် နတ်ဘုရားဗိမာန်ရှိရာ ချောက်နက်ထဲ၌ ကြောက်စရာကောင်းသော ဂူများ ရှိလေသည်။ ထိုဂူတစ်ခုချင်းစီတွင် ရှေးဟောင်းနတ်မင်းများကို မြှုပ်နှံထားသည်။

မြင့်မြတ်သော ဂူဗိမာန်များ ထောင်သောင်းချီရှိပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကာ ချောက်နက်အောက်ခြေ၌ အိပ်ပျော်နေသော နဂါးတစ်ကောင်ကဲ့သို့ ရှိနေ၏။

ထို့အပြင် ရှေးဟောင်းနတ်မင်းတစ်ပါး၏ အမွေအနှစ်ကို ရလိုက်သည်ခြင်းသည် ထိုရှေးဟောင်းနတ်မင်း၏ အသိအမှတ် ပြုခြင်းကို ခံလိုက်ရသည်နှင့် ညီမျှသည်။ အမွေအနှစ်ကို ရယူလိုပါက နတ်ဘုရားဗိမာန် အက်ကွဲလာပြီး လက်ခံလိုသူ၏ အမည်နာမကို ဗိမာန်ပေါ်၌ ရေးထွင်းလာပေမည်။

အကယ်၍ အမွေအနှစ် ရယူလိုသူက တောင့်မခံနိုင်ဘဲ သေသွားပါက သူ၏နာမည် ပျောက်ကွယ်သွားပြီး ဗိမာန်ပေါ်မှ အက်ရာသည်လည်း ပျောက်ကွယ်ကာ ယခင်အတိုင်း ပြန်ဖြစ်သွားပြီး နောက်ထပ် အမွေအနှစ် ရယူလိုသူကို ဆက်၍ စောင့်ဆိုင်းနေပေလိမ့်မည်။

ယခုအခါတွင် ရှေးဟောင်း နတ်ဘုရားဗိမာန်၌ အက်ရာတစ်ခု ဖြစ်ပေါ်နေပြီး ဗိမာန်တိုင်းတွင် ပိုင်ယီဟူသော နာမည်တစ်ခု ထွက်ပေါ်နေသည်။

ပိုင်ယီသည် သမိုင်း၌ ရှေးဟောင်း နတ်ဘုရားများ၏ အမွေအနှစ်ကို ရယူနိုင်လုနီးပါး ဖြစ်သောလူဟု ဆိုရပေမည်။ ရှေးဟောင်းနတ်မင်းတိုင်း၏ မျိုးဆက်များအားလုံး အထိတ်တလန့် ဖြစ်နေကြသည်။ တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီး နတ်ဘုရားဗိမာန်၏ ပထမဆုံးသော ပိုင်ရှင် မွေးဖွားလာမည်ကို စောင့်နေကြ လေသည်။

ထိုအခိုက်တွင် အဘွားအို၏ နဖူး၌ ချွေးစေးများ တဒီးဒီး စီးကျနေ၏။ သူမ အလွန်အမင်း စိုးရိမ်ပူပန်နေသည်။ ဘေးနားမှ ရှေးဟောင်းနတ်မင်းများ၏ မျိုးဆက်များ ပြောဆိုနေသည့် စကားများကြောင့် သူမ စိတ်လေး လာရသည်။

“ဒီကောင်မလေးက ဗောဓိ ဘိုးဘေးနတ်မင်းရဲ့ ဗိမာန်ကို လာနိုင်တယ်ဆိုတော့ အံ့ဩစရာပဲ”

“ဟုတ်တယ် ဗောဓိဘိုးဘေး နတ်မင်းက ရှေးခေတ်က နတ်ဘုရားစံအိမ်တွေထဲက တစ်ခုရဲ့ ဘိုးဘေးပဲ၊ သူ့တစ်ဘဝလုံး တပည့်ရော သားသမီးပါ မရှိဘူး၊ ပြီးတော့ သူ မသေခင် သူ့အမွေအနှစ်အားလုံးကို မြှုပ်နှံထားတာ၊ ဗောဓိဘိုးဘေးရဲ့ စကားအရဆိုရင် ရှေးခေတ်တစ်ခုလုံးမှာ သူ့တပည့် ဖြစ်ထိုက်တဲ့သူ မရှိဘူးတဲ့”

“ဒီကောင်မလေးက နတ်ဘုရားဗိမာန်တွေကို လာတဲ့ လူသားတွေထဲမှာ အားအနည်းဆုံးပဲ၊ ဒါပေမဲ့ အချိန် အကြာဆုံး ရှိနေတာလည်း သူပဲ၊ အရည်အချင်းအပြင် ဇွဲလုံ့လကလည်း အရေးပါတယ်”

“ဟုတ်တယ်၊ ဒီကောင်မလေးကို အခုထိ တွန်အားပေးနေတဲ့အရာက ဘာလဲဆိုတာ ငါ မတွေးတတ်တော့ဘူး”

“…”

ရှေးဟောင်းနတ်မင်းများ၏ မျိုးဆက်များအားလုံး အံ့အားသင့်နေကြသည်။ သူတို့၏ စကားသံများကို ကြားပြီး အဘွားအို သွေးအန်မတတ် ဖြစ်သွားသည်။

“ဗောဓိဘိုးဘေး၊ ရှေးဟောင်း စာအုပ်တွေအရဆိုရင် ဒီလူက ရှေးခေတ်အခါက မာနအကြီးဆုံး လူအိုကြီးပဲ”

“အဖေ၊ အမေ မရှိသလို၊ ဆွေမျိုးလည်း မရှိဘူး”

“သူက ဗောဓိရွက်ကနေ အရွယ်ရောက်လာတဲ့ လူတစ်ယောက်ပဲ”

“ဒဏ္ဍာရီအရဆိုရင် တစ်ချိန်က ရှေးခေတ်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့ လူသိများတဲ့ နတ်မိမယ်က ဗောဓိဘိုးဘေးဆီ သွားပြီး နှစ်ပေါင်း သုံးသိန်းသုံးထောင်သုံးရာသုံးနှစ်တိတိ ဒူးထောက်ပြီး တပည့်အဖြစ် လက်ခံပေးဖို့ ဒူးထောက်ခဲ့တယ်၊ ဒါပေမဲ့ ဗောဓိဘိုးဘေး သူ့ကို ပြန်ပြောလိုက်တာက ထွက်သွားတဲ့လေ”

ထိုစကားကြောင့် အဘွားအို မချိပြုံး ပြုံးလိုက်သည်။ ထိုသို့ကြောက်စရာကောင်းသော ဘိုးဘေးက ဤနေရာ၌ မြှုပ်ထားလိမ့်မည်ဟု သူမ မသိခဲ့ပါ။ သူမ ကြိုသိခဲ့ပါက ပိုင်ယီကို ဤသို့လာခွင့်ပေးခဲ့မည် မဟုတ်ပေ။ ပိုင်ယီ၌ အောင်မြင်နိုင်ချေ မရှိလုနီးပါးပင်။

“ကောင်မလေး မင်း အောင်မြင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျရှုံးတာပဲဖြစ်ဖြစ် အသက်ရှင်မှ ဖြစ်မယ်”

“မင်း … မင်း အဲ့ကောင်စုတ်လေးကို တွေ့ဖို့ အသက်ရှင်နေမှ ဖြစ်မယ်”

အဘွားအို အလွန်အမင်း စိုးရိမ်ပူပန်နေသည်။ တစ်ချိန်တည်းမှာပင် ဗောဓိဘိုးဘေး၏ ဗိမာန်တွင်း၌ ရှေးဟောင်း ခေါင်းတလားတစ်ခု ရှိနေသည်။

ထိုရှေးဟောင်းခေါင်းတလားရှေ့၌ လက်ဆောင်ပဏ္ဏာများ ဆက်သထားသည့် စင်မြင့်တစ်ခုရှိသည်။ ထိုအပေါ်၌ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမသည်ကား ပိုင်ယီပင်။

လက်ရှိအချိန်တွင် သူမသည် မျက်လုံးကို တင်းနေအောင် မှိတ်ထားသည်။ သူမ ပြင်းထန်သော ဝေဒနာကို ခံစားနေရပုံပေါ်ပြီး အရေပြားပေါ်၌ အက်ကြောင်းရာများ ထင်ဟပ်နေပြီး ထိုအက်ရာထဲမှ သွေးများ စိမ့်ထွက်နေ၏။

“ငါ … ငါ အောင်မြင်မှဖြစ်မယ် …”

ပိုင်ယီသည် အကြိမ်အနည်းငယ်မျှ သတိလစ်မတတ် ဖြစ်ခဲ့ရသည်။ သို့ရာတွင် သူမ သူ့အကြောင်း တွေးလိုက်မိသည့် အချိန်တိုင်း သူမ၏ ခန္ဓာကိုယ်လေးက တုန်ယင်လာပြီး ဆက်လက် တောင့်ခံနိုင်သည့် ဇွဲလုံ့လတို့ ရှိလာလေသည်။

ပြင်းထန်လှသော နာကျင်မှုက သူမ၏ သွေးကြောတစ်ခုချင်းစီကို ပေါက်သွားစေသဖြင့် အဖြူရောင်ဝတ်စုံ တစ်စုံလုံး သွေးများဖြင့် ရွှဲနစ်နေ၏။

“ဟမ့်”

ထိုစဉ် ရှေးဟောင်း ခေါင်းတလားထဲမှ ပျက်ရယ်ပြုသံ ထွက်ပေါ်လာသည်။ ထိုအသံသည် အလွန် အေးစက် လှသည်။

“ကလေးမလေး မင်းက တော်တော် ခေါင်းမာတာပဲ၊ ငါ မင်းကို သနားလို့ အသက်ချမ်းသာပေးထားတာကို၊ မင်းက အမွေအနှစ်ကို လိုချင်နေတုန်းပဲလား၊ မင်းက မောက်မာပြီး အကြောက်အလန့်မဲ့သလို သနားစရာလည်း ကောင်းသားပဲ”

ထိုအသံသည် ဗောဓိဘိုးဘေး၏ လက်ကျန်ဝိညာဉ်စမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဗောဓိဘိုးဘေး၏ အမွေအနှစ်က များပြားလှသဖြင့် ထိုပြိုင်ဘက်ကင်းသော အမွေအနှစ်များကို လူတိုင်း လိုချင်ကြသည်။

“အခု ငါ မင်းကို နောက်ဆုံးအခွင့်အရေး ပေးနေတယ်၊ မင်း လက်လျှော့လိုက်ရင် အသက်ရှင်နိုင်တယ်၊ ဆက်လုပ်နေမယ်ဆိုရင်တော့ မင်း သေရမယ်”

“မင်းမှာ အသက်ဆယ်ကြိမ်ရှူနိုင်တဲ့ အချိန်ပဲ ရှိတော့တယ်၊ ဆက်နေလို့ကတော့ မင်းထိုက်နဲ့ မင်းကံပဲ”

“အေးတိအေးစက်အသံက ပိုင်ယီ၏ အတွေးထဲသို့ ကျယ်လောင်စွာ ပဲ့တင်ထပ်နေ၏။

“တစ်ဆယ်”

“ကိုး”

“ရှစ်”

“…”

ရေတွက်နေသောအသံက ပိုင်ယီ သေရမည့်အချိန်ကို ရေတွက်နေသည်ဟု ထင်မှတ်ရသည်။ သေမင်း ရောက်ရှိလာပြီဟု သူမ ခံစားနေမိသည်။ ကြွက်သားများနှင့် သွေးကြောများအားလုံး ပေါက်ပြဲ ပျက်စီးလာသလို ကိုယ်တွင်းအင်္ဂါများလည်း လောင်ကျွမ်းစ ပြုလာ၏။

ဗောဓိဘိုးဘေး၏ ရေတွက်ခြင်း ပြီးဆုံးသွားချိန်တွင် သူမ သေဆုံးရတော့မည့်အချိန် ရောက်လာပြီဟု ပိုင်ယီ သိလိုက်သည်။

“ငါ အဆုံးသတ်ရတော့မှာလား”

ပိုင်ယီ မချိပြုံး ပြုံးလိုက်သည်။ သူမ တစ်နှစ်ပတ်လုံး သေရေးရှင်ရေး အခြေအနေမျိုးကို အကြိမ်တစ်ထောင်မက ကြုံတွေ့ခဲ့ရသည်။ သူမ သေမင်းနှုတ်ခမ်းဝ၌ ရုန်းကန်နေရသည့် အချိန်တိုင်း သူသည်သာ သူမ၏ တစ်ခုတည်းသော တွန်းအား ဖြစ်ခဲ့သည်။ သို့ရာတွင် ယခု အရာအားလုံး အဆုံးသတ်ပေတော့မည်။

“မဟုတ်ဘူး”

ပိုင်ယီ၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာသည်။ သူ သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်လာသည့် အချိန်များကို သူမ မမေ့နိုင်ပါ။

သူသည် ကမ္ဘာဂြိုဟ်မှ လူများနှင့် ထောင်သောင်းချီသော နတ်ဆိုးများအတွက် သူ့အသက်ကို စတေးချင်စိတ် ရှိသည်။

“ကျွန်မ ရှင့်ကို ကူညီရမှာ၊ ကျွန်မ သေချာပေါက် ရှင့်ခြေရာကိုနင်းပြီး ရှင့်ဘေးမှာ ရပ်တည်ချင်တာ”

“ကျွန်မအသက်ကို ဆုံးရှုံးရမယ်ဆိုရင်တောင်မှပေါ့ …”

ပိုင်ယီ၏ မျက်နှာထက်၌ ရူးသွပ်မှုများ ထင်ဟပ်လာသည်။ သူမ၏ စိတ်ဝိညာဉ် စွမ်းအင်ကို သုံးစွဲ၍ သွေးကြောအားလုံးကို လည်ပတ်စေပြီး အမွေအနှစ်အား ဆက်တိုက် ဝါးမျိုစုပ်ယူလိုက်သည်။

သေခြင်းတရားက နီးကပ်လာလျင်တောင်မှ သူမသည် နောက်ဆုံးသော မျှော်လင့်ချက်အား လက်မလျှော့ချင်ပါ။ သူ၏ဘေး၌ ရပ်တည်ချင်သည့် နောက်ဆုံးသော မျှော်လင့်ချက်ကို လက်မလျှော့လိုက်ချင်ပေ။

ဤအဖြစ်ကြောင့် ဗောဓိ ဘိုးဘေး၏ လက်ကျန် စိတ်ဝိညာဉ် အံ့ဩသွားသည်။ ရှေးခေတ် အချိန်ကတည်းက သူ၏ တပည့်ဖြစ်ချင်သော ပါရမီရှင်များစွာ ရောက်လာခဲ့သည်။

တစ်ချို့သော ပါရမီရှင်များ၏ အရည်အချင်းက ကြောက်စရာကောင်းသော်လည်း ဗောဓိဘိုးဘေး စိတ်ပေါက် သွားသည်။ နောက်ဆုံးတွင် သူသည် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

အရည်အချင်းရှိသော လူပေါင်းများစွာ လာစမ်းသပ်သော်လည်း သေခြင်းရှင်ခြင်း အတွေ့အကြုံနှင့် ရင်ဆိုင်ရ သောအခါ မည်သူမှ မအောင်မြင်ကြချေ။

အရည်အချင်း ပိုရှိလေ သေရမည်ကို ပိုကြောက်ကြလေပင်။ သို့သော် ကိုယ်ပွားသာ ခွဲထုတ်နိုင်သော ငရဲဘုံမှ အားနည်းလှသည့် ဤမိန်းကလေးက သေရေးရှင်ရေးကို လုံးဝ ဂရုမစိုက်ဘဲ နေလိမ့်မည်ဟု ဗောဓိဘိုးဘေး ထင်မထားမိပါ။ သို့သော် သူ ရေတွက်နေသည်ကို မရပ်လိုက်ပေ။

“လေး”

“သုံး”

“နှစ်”

“တစ်”

ဗောဓိဘိုးဘေး၏ စကားအဆုံး၌ ပိုင်ယီ အောင့်သက်သက် ပြုံးလိုက်သည်။ ပိုင်ယီသည် သူမ သေရတော့မည်ဟု သိလိုက်လေသည်။ သို့ရာတွင် သူမ ကြောက်လန့်ခြင်း မရှိဘဲ နောင်တသာ ရနေ၏။

“ယဲ့ဖန် ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ … ရှင့်ကို မကူညီနိုင်တော့ဘူး …”

“နောက်ဘဝဆိုတာ ရှိခဲ့ရင် ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်”

ထိုသို့ပြောပြီးနောက် ပိုင်ယီ၏ မျက်ဝန်းမှ မျက်ရည် စီးကျလာသည်။ ထိုသို့သောအချိန်၌ ကြင်နာတတ်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

“ကလေးမလေး ဂုဏ်ယူပါတယ်၊ မင်း စမ်းသပ်မှုကို အောင်မြင်သွားပြီ၊ ဗောဓိအမွေအနှစ်ကို မင်း ရသွားပြီ”

All Chapters