← Chapters

အခန်း ၁၀၁၂

Vol. 68 Ch. 1012

အခန်း ၁၀၁၂

Vol. 68 Ch. 1012

Chapter 1012 နဂါးသတ်တောင်

ထိုက်ကူမြွေပွေးသည် ထိုက်ကူနဂါးမျိုးနွယ်၏ လက်အောက်ခံ မျိုးနွယ်တစ်ခု ဖြစ်သည်။ မြွေပွေးမျိုးနွယ်၏ ဘိုးဘေးများသည် ထိုက်ကူနဂါးမျိုးနွယ်၏ ကျေးကျွန်များ၊ အစေခံများအဖြစ် မျိုးဆက်အလိုက် ရှိခဲ့ကြသည်။

ရှေးခေတ်အချိန်မှ မဟာနတ္ထိ ရှေးဧကရာဇ်အချိန်အထိ ထိုသို့ ရှိနေခဲ့သည်။ မျက်စိရှေ့မှ ဤအမျိုးသမီးက ခြွင်းချက်ပင်။

“နတ်ဆိုးနဂါး ဖုရှန် မတွေ့ရတာ ကြာပီပဲ”

ဘုရင်မ ခွေရှယ်သည် အလွန် လှပသည်။ သူမသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် အမှောင်ထုတွင်း၌ အဆိပ်ပြင်းသော နှင်းဆီတစ်ပွင့်လိုပင်။ လှပသလောက် အဆိပ်ပြင်းကာ သွေးဆာလေသည်။

နတ်ဆိုးနဂါးကို ကြည့်နေသော သူမအကြည့်တွင် ချစ်ခြင်းမေတ္တာများ ထင်ဟပ်နေခြင်းမရှိဘဲ သူစိမ်း တစ်ယောက်ကို ကြည့်သကဲ့သို့သာ ကြည့်နေ၏။ ထိုသို့ ပြောလိုက်ချိန်တွင် ဘုရင်မ ခွေရှယ်က နဖူးမှ ဆံစကို သိမ်း၍ အထင်သေးစွာ ပြုံးလိုက်သည်။

“ဖုရှန်၊ ရှင် အသက်ရှင်နေမယ်လို့ ဒီဘုရင်မ ထင်မထားခဲ့သလို ပြန်လာရဲတဲ့ သတ္တိ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး”

“ရှင့်ရဲ့ ပျောက်သွားတဲ့ နဂါးအရွတ်ကို ရှာတွေ့လိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး၊ ဒါတောင် အသုံးမကျတဲ့ ရှင့်ခန္ဓာကိုယ်က အသွင် မပြောင်းနိုင်သေးဘူးပဲ”

ပြောင်ပြောင်တင်းတင်း လှောင်ပြောင်နေခြင်းပင်။ နတ်ဆိုးနဂါး၏ မျက်နှာက ရှုပ်ထွေးလာသည်။ သူသည် နဂါးအစွယ်များကို တင်းနေအောင် ကြိတ်ထားရသည်။ တစ်ကိုယ်လုံး သွေးပွက်ပွက်ဆူနေ၏။

ဤအမျိုးသမီးကို ကြည့်နေရုံနှင့်တင် နတ်ဆိုးနဂါးသည် နှလုံးသားအား ဓားနှင့်မွှေနှောက်သကဲ့သို့ နာကျင် နေရသည်။

တစ်ချိန်က ဤအမျိုးသမီးသည် နှိမ့်ချတတ်သော အစေခံမလေး ဖြစ်ပြီး တွန့်ဆုတ်၍ ကြောက်လန့်တတ်ကာ နဂါးချိုင့်ဝှမ်း၌ အသက်ပင် ရဲရဲမရှူရဲခဲ့ချေ။

နဂါးချိုင့်ဝှမ်းတွင်းမှ ဆိုးယုတ်သော နဂါးများ၏ အနိုင်ကျင့်ခြင်း ခံရကာ နေ့တိုင်း ဒဏ်ရာဒဏ်ချက်များ ရခဲ့သည်။ သူမ သေလုမျောပါးဖြစ်ပြီး နဂါးချိုင့်ဝှမ်းမှ နှင်ထုတ်ခံရတော့မည်အချိန်၌ သူမကို နှင်မထုတ်ရန် နတ်ဆိုးနဂါးက ဖခင်ဖြစ်သူကို တောင်းဆိုခဲ့ရသည်။

သူ့ဘေး၌ ထား၍ တိတ်တဆိတ် ကာကွယ်ခဲ့သည်။ ထိုအချိန်မှစ၍ သူမအား မည်သူမှ အနိုင်မကျင့်ရဲတော့ချေ။ သူမသည် ကိုယ်ကျိုးအတွက် သေချာ ကြည့်တတ်ပြီး စေ့စေ့စပ်စပ် စဉ်းစား၍ သူမအပေါ် ချစ်လာအောင် သူ့အား တစ်ဆင့်ခြင်း လုပ်ဆောင်ခဲ့သည်။

နဂါးချိုင့်ဝှမ်း အရှင်သခင်အဖြစ် သူ မဆက်ခံခင်ည၌ သူမ ဝိုင်ယူလာကာ နှစ်ယောက်သား ပျော်ရွှင်စွာ သောက်စား၍ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုခဲ့ကြသည်။

နတ်ဆိုးနဂါးသည် နောက်တစ်နေ့ ဆက်ခံခြင်း အခမ်းအနား၌ နဂါးမျိုးနွယ်ဝင်အားလုံးအား ခွေရှယ်အား သူ၏ ဧကရီအဖြစ် တင်မြှောက်မည်ဟုပင် စဉ်းစားထားခဲ့သည်။ ကန့်ကွက်ချက်များ ထောင်ချီ၍ ရှိလာလျင်တောင်မှ သူ မရရအောင် တင်မြှောက်မည်ဟု ဆုံးဖြတ်ထားသည်။ ဤသည်ကလည်း သူမကို သူ သိပ်ချစ်လွန်း သောကြောင့်ပင်။

သို့ရာတွင် ထိုညက သူ့ဘဝ၏ အိပ်မက်ဆိုးဖြစ်လာမည်ဟု ထင်မထားခဲ့မိချေ။ ခွေရှယ်က ဝိုင်ထဲတွင် အဆိပ် နဂါးမှုန့်ကို ထည့်ထားခဲ့သည်။

သူ့အား အကြောသေ၍ သတိမေ့မြောအောင် လုပ်ခဲ့သည်။ သူမက ထိုအခွင့်အရေးကို အမိအရ အသုံးချကာ သူ၏ခန္ဓာကိုယ်မှ ကျင့်ကြံခြင်းအားလုံးကို စုပ်ယူသွားလေသည်။

နောက်တစ်နေ့မနက် နတ်ဆိုးနဂါး နိုးလာချိန်တွင် သူ၏ခန္ဓာကိုယ်ထဲ၌ နဂါးစွမ်းအင် တစ်စက်မှ မကျန်တော့သည်ကို သိလိုက်ရသည်။

ထိုအတွက် သူ မမုန်းမိပါ။ သူ၏ ဆက်ခံခြင်း အောင်မြင်သွားသည်နှင့် သူ နန်းစွန့်၍ ခွေရှယ်အား သူ့နေရာ၌ ဆက်ခံစေမည်ဟုပင် ဆုံးဖြတ်ခဲ့သေးသည်။

ထိုအချိန်က အတွေးများကို တွေးမိတိုင်း နတ်ဆိုးနဂါးသည် ကိုယ့်ကိုယ်ကိုယ် ရူးမိုက်လွန်းသည်ဟု အပြစ်တင် ခဲ့သည်။ သူသည် အလွန် ကြင်နာတတ်ခဲ့ပြီး ဤအမျိုးသမီး၏ ကောက်ကျစ်စဉ်းလဲပုံကို အထင်သေးခဲ့မိသည်။

တစ်ဖက်လူက သူ၏ ဧကရီ မဖြစ်ချင်ဘဲ နဂါးမျိုးနွယ်၏ ဘုရင်မသာ ဖြစ်ချင်နေခဲ့သည်။ သူ အောင်မြင်စွာ ဆက်ခံနိုင်တော့မည့် အချိန်၌ သူမက ထရပ်၍ သူအား စိန်ခေါ်ကာ အနိုင်ယူခဲ့သည့်အပြင် ခေါင်းဖြတ်သတ်ခဲ့သည်။

ထိုနေ့က နတ်ဆိုးနဂါး အရှင်လတ်လတ် ခေါင်းဖြတ်ခံရရုံသာမက စိတ်ဝိညာဉ်ပါ ချိပ်ပိတ်ခံရသည့်အပြင် ဖခင်ဖြစ်သူ အသတ်ခံလိုက်ရသည်ကိုပါ မြင်ခဲ့ရသည်။

“ဪ … နတ်ဆိုးနဂါး ဖုရှန် ဘာဖြစ်လို့လဲ၊ ကျွန်မကို မုန်းနေသေးတာလား”

နတ်ဆိုးနဂါး အတိတ်ကို ပြန်အမှတ်ရနေချိန်တွင် ဘုရင်မ ခွေရှယ်၏ ပျက်ရယ်ပြုသံ ထွက်ပေါ်လာပြန်၏။ သူမက နတ်ဆိုးနဂါး ဖုရှန်ကို စိုက်ကြည့်၍ မချိုမချဉ် ပြုံးလေသည်။

“အချစ်ရယ် ကျွန်မကို အပြစ်မတင်နဲ့လေ၊ တုံးအပြီး မိုက်မဲလွန်းတဲ့ ရှင့်ကိုယ်ရှင်ပဲ အပြစ်တင်၊ ရှင်က အချစ်ကို ယုံကြည်ခဲ့တာကိုး”

“ခစ်ခစ် … ဒီလိုလောကြီးထဲမှာ ကျွန်မကိုယ်ကျွန်မပဲ ယုံကြည်တယ်”

“ကျွန်မ လုံလုံလောက်လောက် သန်မာလာတာနဲ့ ဘယ်သူ့ကိုမဆို ဆန္ဒရှိသလို သတ်နိုင်ပြီလေ”

ထိုသို့ပြောနေချိန်တွင် ဘုရင်မခွေရှယ်၏ အပြုံးက စဉ်းလဲလွန်းလှသည်။

“ရှင် အပါအဝင်ပေါ့”

သူမစကားကြောင့် နတ်ဆိုးနဂါး သတိဝင်လာပြီး အမူအရာက သုန်မှုန်လာသည်။ ဤအမျိုးသမီးကို သူ မကြည့်ချင်သဖြင့် ခေါင်းငုံ့ထားလိုက်သည်။

“ငါ ဒီနေ့ လက်စားချေဖို့ လာတာ မဟုတ်ဘူး”

နတ်ဆိုးနဂါး၏ လေသံက အက်နေသည်။ သူ၏ နာကျည်းမှုကို ကြိုးစား၍ ဖိနှိပ်နေရသည်။ သူ ဤအမျိုးသမီးကို မုန်းသည်။ ထိုက်ကူနဂါးမျိုးနွယ်အားလုံးကို သူ မုန်းသည်။

သို့သော် ယခု နာကျည်းချက်အတွက် လက်စားချေရန် အချိန်မကျသေးပေ၊ သူ၏ညီအစ်ကိုက သူ့ကို စောင့်နေသည်။ သေရေးရှင်ရေး တိုက်ပွဲအား အတူတူ တိုက်ခိုက်ရန် စောင့်နေ၏။

“ဟင်”

ဘုရင်မခွေရှယ် အံ့ဩသွားပြီး သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။

“နတ်ဆိုးနဂါး ဖုရှန် ရှင် လက်စားချေဖို့ လာတာမဟုတ်ရင် သေလမ်းရှာဖို့လာတာလား ပြောလေ”

*သေလမ်းရှာတယ်တဲ့လား*

ထိုစကားကြောင့် နတ်ဆိုးနဂါးက အပြုံးကြီး ပြုံးလေသည်။

“မင်း ပြောတာမှန်တယ်၊ ငါ အခု ဒီကိုလာတာ … သေဖို့ပဲ”

ဘုရင်မ ခွေရှယ်နှင့် ထိုက်ကူနဂါးမျိုးနွယ်များအားလုံး အံ့ဩသွားသည်။ နတ်ဆိုးနဂါး ဆက်ပြောလာသည့် စကားကြောင့် အားလုံး မျက်နှာပျက်သွားလေသည်။

“ငါ နဂါးသတ်တောင်ကို တက်ချင်တယ်”

ထိုစကားကြောင့် ဘုရင်မခွေရှယ်နှင့် ထိုက်ကူနဂါးများအားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။ နဂါးသတ်တောင်သည် ထိုက်ကူနဂါးမျိုးနွယ်၏ တားမြစ်နယ်မြေ ဖြစ်သလို နဂါးမျိုးနွယ်တစ်ခုလုံး၏ အိပ်မက်ဆိုးလည်း ဖြစ်သည်။

ထိုတောင်သည် ထိုက်ကူနဂါးမျိုးနွယ်မှ ပထမဆုံးဘိုးဘေး၏ အလောင်းမှ အသွင်ပြောင်းသွားသော တောင် ဖြစ်သည်။

ထိုက်ကူနဂါးမျိုးနွယ်တွင်း၌ မျိုးနွယ်ဆောင်ပုဒ်တစ်ခု ရှိသည်။ နဂါးသတ်တောင်ကို တက်ချင်ပါက မရဏ လှေကားထစ် ကိုးဆယ့်ကိုးထစ်ကို တက်လှမ်းရမည်။

ထိပ်ဆုံးသို့ ရောက်အောင် တက်နိုင်သည့်သူမှသာ ထိုက်ကူနဂါးမျိုးနွယ် ပထမဘိုးဘေး၏ အမွေအနှစ်ကို ရရှိနိုင် ပေသည်။

နဂါးသတ်တောင်ပေါ်သို့ ပထမခြေလှမ်း လှမ်းလိုက်သည်နှင့် ဘိုးဘေး၏ စမ်းသပ်ခြင်း ခံရကာ နဂါးခန္ဓာကိုယ်က နှစ်ပိုင်း ကွဲသွားပေမည်။ လှေကားထစ် ကိုးဆယ့်ကိုးထစ်ကို တက်လျင် ဆက်လက်၍ ခုတ်ထွင်ခြင်း ခံရပေမည်။

“နတ်ဆိုးနဂါး ဖုရှန်က ရူးသွားပြီလား၊ သူ ဘယ်လိုလုပ် နဂါးသတ်တောင်ကို တက်နိုင်မှာလဲ၊ ရှေးခေတ်က ဘိုးဘေးတွေကတည်းက ဘယ်သူမှ မတက်နိုင်တာ”

“ဟုတ်တယ်၊ ငါတို့ နဂါးမျိုးနွယ် သမိုင်းမှာ နဂါးသတ်တောင်မှ သေသွားတဲ့ ဘိုးဘေးတွေ၊ အကြီးအကဲတွေ အယောက် တစ်ထောင့်နဲ့ကိုးရာ ရှိတယ်လို့ ရေးထားတယ်၊ အဲ့လူတစ်ယောက်ချင်းစီက အရမ်းသန်မာတာ”

“ရူးနေပြီ၊ သူ တကယ် သေလမ်း ရှာနေတာပဲ၊ ဘိုးဘေး အမွေအနှစ်က ဒီလောက် လွယ်လွယ်ရမယ်လို့ သူ ထင်နေတာလား”

“…”

လက်ရှိအချိန်၌ ထိုက်ကူနဂါးမျိုးနွယ်ဝင်များကြား၌ ဆူညံ ပွက်လောရိုက်နေ၏။ ဘုရင်မခွေရှယ်တောင်မှ မျက်နှာ မည်းမှောင်နေသည်။ သူမ နတ်ဆိုးနဂါးကို မရမက သတ်ချင်နေသည်။ သို့သော် မျိုးနွယ်ဆောင်ပုဒ်ကို သူမ မချိုးဖောက်နိုင်ပေ။

နဂါးမျိုးနွယ်မှ နှင်ထုတ်လိုက်သည့် သစ္စာဖောက်သော နဂါးများကိုတောင်မှ နဂါးသတ်တောင်ကို တက်ချင်သည်ဟု ဆိုလာလျင် ဘယ်သူမှ မတားနိုင်ကြပေ။

သူမ ဘုရင်မ ဖြစ်နေလျင်တောင်မှ တားမြစ်လိုက်လျင် မျိုးနွယ်၏ ဆောင်ပုဒ်ကို ချိုးဖောက်သလို ဖြစ်သွားပြီး နဂါးမျိုးနွယ်တစ်ခုလုံး လက်ခံမည် မဟုတ်ပါ။

“ဘိုးဘေးပေါင်း တစ်ထောင့်ကိုးရာ သေသွားတာခဲ့တာမို့ ရှင်လည်း အောင်မြင်လိမ့်မယ်လို့ ဒီဘုရင်မ မယုံဘူး”

“ရှင်က အသွင်တောင် မပြောင်းနိုင်တော့တဲ့ အမှိုက်ပဲလေ၊ ရှင် လုပ်နိုင်လို့လား”

ဘုရင်မခွေရှယ်က လှောင်ပြုံး ပြုံးလာသည်။ သူမသည် နတ်ဆိုးနဂါး ဖုရှန်၏ နဂါးစွမ်းအင်များကိုသာမက သူ၏ ကြောက်စရာကောင်းသော စွမ်းရည်များအားလုံးကိုပါ စုပ်ယူခဲ့သည်။

ယခုအခါတွင် နတ်ဆိုးနဂါးသည် အသွင်မပြောင်းနိုင်သဖြင့် အမှိုက်သာသာပင်။ ဤသို့ တွေးပြီးနောက် ဘုရင်မခွေရှယ်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ၊ ရှင်က နဂါးသတ်တောင်မှာ သေချင်မှတော့ အတိတ်က ချစ်ခဲ့တာကို ထောက်ပြီး ကျွန်မ ဖြည့်ဆည်းပေးလိုက်မယ်”

သူမက ထိုသို့ပြောပြီး လက်ဝှေ့ယမ်းလိုက်သည်။

“တောင်ကို ဖွင့်လိုက်”

သူမစကားအဆုံး၌ ထိုက်ကူနဂါးများအားလုံး နဂါးအသွင် ပြန်ပြောင်း၍ လေပေါ် ပျံတက်သွားသည်။ ထို့နောက် အရှေ့ဘက်မှ လေဟာနယ်အား မီးဖြင့်ဆက်တိုက် မှုတ်လေတော့သည်။

လေဟာနယ် အက်ကွဲလာပြီးနောက် နဂါးအရိုးများဖြင့် ဖြစ်ပေါ်လာသော တောင်ကြီးတစ်လုံး ပေါ်လာလေသည်။ ထိုတောင်သည်ကား နဂါးသတ်တောင်ပင်။

All Chapters