← Chapters

အခန်း ၁၀၁၈

Vol. 68 Ch. 1018

အခန်း ၁၀၁၈

Vol. 68 Ch. 1018

Chapter 1018 မင်း ပြောချင်တဲ့ နောက်ဆုံးစကားရှိလား

ယဲ့ဖန်၏ စကားအဆုံး၌ ထျန်းကျန့်ဖေးနှင့် အဘိုးအို လေးယောက်လုံး မျက်နှာပျက်သွားကြသည်။ ထျန်းကျန့်ဖေး၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။

*ငတုံးတဲ့လား*

ယဲ့ဖန်က သူ့ကို ဤသို့ စော်ကားပြောဆိုရဲသည့် ပထမဆုံးလူပင်။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ သခင်လေးက ငရဲဘုံက ပုရွက်ဆိတ်ကောင်၏ သရော်ခြင်း ခံရသည်က အရှက်ခွဲခံရခြင်းသာ ဖြစ်သည်။

“သေချင်နေတာပဲ”

ထိုစကားကြောင့် အနောက်မှ အဘိုးအို လေးယောက်လုံး ဒေါသထွက်လာ၏။ သူတို့လေးယောက်လုံး ရှေ့တက်လာရန် ပြင်ချိန်တွင် ထျန်းကျန့်ဖေးက လက်ထဲက ဓားဖြင့် သူတို့ကို တားလိုက်သည်။

“သခင်လေး၊ သူက …”

ကောင်းကင်ဘုရင်အဆင့် အဘိုးအိုလေးယောက်လုံး အံ့ဩသွားပြီး ထျန်းကျန့်ဖေးအား မယုံသင်္ကာဖြင့် ကြည့်လိုက်မိသည်။ ထျန်းကျန့်ဖေး၏ အကျင့်စရိုက်ကို သူတို့ အသိဆုံးပင်။ ထျန်းကျန့်ဖေးသည် သူ့အား စော်ကားမော်ကား ပြောဆိုလာသည့် လူများကို အသာထားတတ်သူ မဟုတ်ချေ။

“ခင်ဗျားတို့ သူ့ကို ဘာမှလုပ်စရာမလိုဘူး”

ထျန်းကျန့်ဖေးက ယဲ့ဖန်အနောက်မှ အလောင်းကောင်ဘုရင် ခြောက်ပါးကို တစ်ချက်ကြည့်ပြီး အကြီးအကဲ လေးယောက်ကို ပြောလိုက်သည်။

“ခင်ဗျားတို့ သူ့ကို ထိန်းထားလိုက်၊ ကျုပ် ဒီပုရွက်ဆိတ်ကောင်ကို ရှင်းလိုက်မယ်”

အကြီးအကဲလေးယောက်သည် အံ့ဩသွားပြီးမှ လှောင်ပြုံးပြုံး၍ ထျန်းကျန့်ဖေးကို အရိုအသေ ပေးလိုက်သည်။ ထို့နောက် ထျန်းကျန့်ဖေးက ဓားကိုကိုင်ဆွဲ၍ ယဲ့ဖန်ထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။

“ဟေ့ကောင် မင်းက ငါ ပထမဆုံး မြင်ဖူးတဲ့ ငရဲဘုံက ပုရွက်ဆိတ်ကောင်ပဲ”

“စိတ်မကောင်းစရာက ငါ့လက်ထဲမှာ သေမယ့် ပထမဆုံး ငရဲဘုံက ကောင်ကလည်း မင်းပဲ”

ထိုသို့ပြောနေချိန်တွင် ထျန်းကျန့်ဖေး၏ အပြုံးက ပို၍ ပီပြင်လာသည်။

“မင်း ပြောချင်တဲ့ နောက်ဆုံးစကား ရှိလား”

*နောက်ဆုံးစကားတဲ့လား*

ထိုစကားလုံးကြောင့် ယဲဖ့န်၏ အပြုံးက ပိုမိုအေးစက်လာသည်။ သို့သော် ဘာမှမပြောလိုက်ပေ။

“ကောင်းပြီလေ၊ ကြည့်ရတာ မင်းကံတရားကို လုံးဝ လက်ခံလိုက်တဲ့ပုံပဲ”

ထျန်းကျန့်ဖေးက ထီမထင်ဟန်ဖြင့် ပြုံးနေသည်။

“ဒီလိုဆိုမှတော့ ငါ မင်းကို ပျော်ရွှင်စရာ ဘဝလေး ပေးရတာပေါ့”

ထို့နောက် ထျန်းကျန့်ဖေးက လက်ထဲမှ ဓားကိုဝင့်၍ ယဲ့ဖန်ကို ခုတ်ပိုင်းလေသည်။ ထိုဓားချက်က လျင်မြန် တိကျလှပြီး အမုန်းတရားများ ပါဝင်နေ၏။ ထိုဓားချက်က ရှောင်လွှဲမရအောင် မြန်ဆန်လှသည်။

ကောင်းကင်ဘုရင် အလယ်အလတ်အဆင့်တောင်မှ ဤဓားချက်အောက်၌ မလွဲမသွေ သေဆုံးသွားနိုင်သည်။ ထို့အပြင် အခန်းထဲမှ လေဟာနယ်တောင်မှ ဓားချက်ကြောင့် အက်ကွဲလာရသည်။ ဓား၏ အရှိန်အဝါက ယဲ့ဖန်ကို လွှမ်းခြုံလာလေသည်။

“သေပေတော့”

ထျန်းကျန့်ဖေး၏ မျက်လုံး၌ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ကောင်းကင်ဘုရင် စဦးအဆင့်သို့ ရောက်နေသူ ဖြစ်သည်။

ဤဓားချက်က ကောင်းကင်ဘုရင် အလယ်အလတ်အဆင့်ကိုပင် သေစေနိုင်လောက်သည်။ အကယ်၍ သူသာ ကောင်းကင်မိစ္ဆာကြွက်အသွင် ပြောင်းလိုက်ပါက ကောင်းကင်ဘုရင် နောက်ဆုံးအဆင့်ကိုပင် ဆုတ်ဖြဲနိုင်သည်။

သူ့စိတ်ထဲတွင် ဤဓားချက်ဖြင့် နတ် အထွတ်အထိပ်အဆင့်လေးကို အလွယ်တကူ သတ်နိုင်သည်ဟု ယုံကြည် နေ၏။

ဓားရောင် လက်ခနဲ ဖြစ်လာပြီး ဓားသွားက ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျရောက်လာသည်။ သို့ရာတွင် ယဲ့ဖန်က သတိမထားမိန်ဖြင့် ငြိမ်သက်စွာ ရပ်နေ၏။

“အရူးကောင်”

ဤသည်ကြောင့် ထျန်းကျန့်ဖေး ပိုပို၍ အထင်သေးလာသည်။ ဓားချက်ကြောင့် ယဲ့ဖန် ကိုယ်နှစ်ခြမ်းပြတ်ကာ သွေးများ ပန်းထွက်လာလိမ့်မည်ဟု ယုံကြည်နေလေသည်။

သုံးလက်မ၊ တစ်လက်မ၊ လက်မဝက်။

ထျန်းကျန့်ဖေး၏ ဓားသွားက ယဲ့ဖန်၏ ဆံစနှင့် ထိမိလာ၏။ ထိုစဉ် ဒင်ဟူသော အသံ ထွက်လာပြီး ဓားသွားက တန့်ခနဲ ရပ်သွားသည်။

ဤအဖြစ်ကြောင့် ထျန်းကျန့်ဖေးနှင့် အဘိုးအို လေးယောက်လုံး မှင်တက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ခေါင်းပေါ် ကျလာမည့် ဓားသွားကို လက်ချောင်း နှစ်ချောင်းတည်းဖြင့် ညှပ်ထားသောကြောင့်ပင်။

ထိုလက်နှစ်ချောင်းသည် ဖြူရော်၍ နူးညံ့ကာ အားနည်းပုံ ပေါ်သော်လည်း ထျန်းကျန့်ဖေး၏ ဓားအား လှုပ်မရအောင် ညှပ်ထားနိုင်သည်။

ဤသည်ကြောင့် အဘိုးအို လေးယောက်လုံး မျက်လုံး ပြူးသွားပြီး ထျန်းကျန့်ဖေး ထိတ်လန့် တုန်လှုပ်လာ၏။ ဤဓားချက်က ကောင်းကင်ဘုရင် အလယ်အလတ်အဆင့်ကိုပင် အလွယ်တကူ သတ်နိုင်သည့် ဓားချက် ဖြစ်သည်။

ကောင်းကင်ဘုရင် နောက်ဆုံးအဆင့်တောင်မှ ဤဓားချက်ကို ရှောင်ရုံသာ တတ်နိုင်ပေသည်။ ယခုအခါတွင်မူ ယဲ့ဖန်က လက်လေး နှစ်ချောင်းတည်းဖြင့် တားမြစ်နိုင်နေ၏။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”

ထျန်းကျန့်ဖေး၏ မျက်နှာ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ မျက်စိရှေ့မှ အရာအား သူ မယုံနိုင် ဖြစ်နေသည်။ သူသည် ခန္ဓာကိုယ်မှ အားအကုန်ကို လက်သို့စုကာ ဓားကို ပြန်ဆွဲထုတ်နေသဖြင့် မျက်နှာပင် နီမြန်းလာသည်။

သူ ဓားကို ပြန်ဆွဲထုတ်ချင်သော်လည်း ယဲ့ဖန်၏ လက်နှစ်ချောင်းက မိစ္ဆာလက်သည်းလိုပင် ဓားသွားအား ခိုင်မာစွာ ညှပ်ထားသဖြင့် နည်းနည်းလေးမျှ ထုတ်မရပေ။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”

ထျန်းကျန့်ဖေး အံ့ဩသွားသည်။ နတ် အထွတ်အထိပ်အဆင့်လေးက သူ၏ဓားကို ချုပ်ထားနိုင်သည်က မယုံနိုင်စရာ ကောင်းလှသည်။

သို့သော် ဤသည်မျာ အစသာ ရှိပေသေးသည်။

“ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်က သခင်လေးက ဒီလောက်ပဲ သန်မာတာလား”

ယဲ့ဖန်က ပြုံးတုံ့တုံ့ဖြင့် လက်နှစ်ချောင်းကို အသာလှည့်လိုက်သည်။

ဂျွတ်!

ထျန်းကျန့်ဖေး၏ ဓား ကျိုးပဲ့သွားလေသည်။ ယဲ့ဖန်က လက်ကြားထဲက ဓားကို ချိုးလိုက်ပြီးနောက် ဓားပဲ့အား ပါးစပ်ထဲ ကောက်ထည့်၍ ဖြည်းဖြည်းချင်း ဝါးလိုက်သည်။

ဓားပဲ့ကို ဝါးစား၍ မျိုချလိုက်သော မြင်ကွင်းကြောင့် ထျန်းကျန့်ဖေး ကြက်သေ သေသွားသည်။

*ယင်ယန်လောကက ဓားက စားနေတာလား*

*ဒါ … ဒါ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ရဲ့ စွမ်းရည် မဟုတ်ဘူးလား*

*ဘယ်လိုလုပ် ငရဲဘုံက ပုရွက်ဆိတ်ကောင်က …*

ထိုအခိုက်တွင် ထျန်းကျန့်ဖေးနှင့် အဘိုးအို လေးယောက်လုံး ကြက်သေ သေနေကြသည်။ သူတို့ သတိလက်လွတ် ဖြစ်နေချိန်တွင် လေအေး တစ်ချက် တိုက်ခတ်သွားပြီး သူတို့ရှေ့မှ ယဲ့ဖန်က ဖျတ်ခနဲ ပျောက်သွားသည်။

“သခင်လေး သတိထား”

ကောင်းကင်ဘုရင်အဆင့် အဘိုးအိုလေးယောက်လုံး ထိတ်လန့်သွားပြီး ထျန်းကျန့်ဖေးထံ ပြေးလာကြသည်။ သို့ရာတွင် သူတို့ ရှေ့သို့ လှမ်းလာစဉ်မှာပင် ပုံရိပ်တစ်ခုက ထျန်းကျန့်ဖေးရှေ့ ပေါ်လာပြီး လက်တစ်ဖက်ဖြင့် ထျန်းကျန့်ဖေး၏ လည်ပင်းကို ညှစ်၍ မလိုက်သည်။

ဤအဖြစ်ကြောင့် အဘိုးအို လေးယောက်လုံး ကြက်သီးမွေးညင်း ထလာသည်။ ဤမျှ မြန်ဆန်သော အရှိန်မျိုး သူတို့ တစ်ခါမှ မမြင်ဖူးချေ။ လေသဖွယ်၊ လျှပ်စီးသဖွယ် မြန်ဆန်လွန်းလှပြီး တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားနိုင်နေသည်။

ထိုအခိုက်တွင် ထျန်းကျန့်ဖေးသည် ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်နေ၏။ လည်ပင်းအညှစ်ခံ ထားရသည့်အပြင် လေထဲသို့ မြှောက်ခံထားရသေးသည်။ သူ အသက်ရှူရ ကြပ်လာသည်။ သူ မည်မျှ ရုန်းကန်ပါသော်လည်း နည်းနည်းလေးမျှ မလွတ်မြောက်နိုင်ပေ။

“မင်း … မင်း ငါ့ကို လွှတ်စမ်း”

ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်၏ သခင်လေး ဖြစ်သည့်အပြင် ကောင်းကင်ဘုရင် စဦးအဆင့် ရောက်နေသောသူက လှုပ်ရှားမှုတစ်ခုတည်းဖြင့် ယဲ့ဖန်၏ လက်ထဲ၌ ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မထားမိပါ။

သူ တန်ပြန်တိုက်ခိုက်နိုင်စွမ်းပင် မရှိလိုက်ချေ။ ထျန်းကျန့်ဖေး သွေးပျက်ကာ ယဲ့ဖန်အား မိစ္ဆာကောင်ဟု မြင်ယောင်လာ၏။

“မင်း ပြောချင်တဲ့ နောက်ဆုံးစကား ရှိလား”

ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေသည်။ သူသည် နတ်ဘုရင် အထွတ်အထိပ်အဆင့်၌ ရှိစဉ်က အဆင့်ငယ် နှစ်ဆယ့်ငါးခုကို ကျော်၍ အန္တိမ အထွတ်အထိပ်အဆင့်အား အနိုင်ယူနိုင်၏။

ယခု နတ်အဆင့်သို့ ရောက်လာသောအခါ တိုက်ပွဲဝင်ခွန်အားက ကောင်းကင်ဘုရင် အထွတ်အထိပ်အဆင့်နှင့် ယှဉ်နိုင်နေလေပြီ။

သူ၏ စိတ်ဝိညာဉ် ဒဏ်ရာရနေလျင်တောင်မှ ကောင်းကင်ဘုရင် စဦးအဆင့်လေးက ဘယ်လိုလုပ် သူ၏ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။

*နောက်ဆုံးစကားတဲ့လား*

ထိုစကားလုံးကြောင့် ထျန်းကျန့်ဖေး ကြက်သီး တဖြန်းဖြန်း ထသွားသည်။ အစောပိုင်းကပင် သူ ယဲ့ဖန်ကို ပြောချင်သော နောက်ဆုံးစကား ရှိလားဟု မေးခဲ့သေးသည်။ ယခု တစ်ခဏအတွင်းမှာပင် သူ ထိုသို့ ပြန်အပြောခံနေရ၏။

All Chapters