← Chapters

အခန်း ၁၀၂၂

Vol. 69 Ch. 1022

အခန်း ၁၀၂၂

Vol. 69 Ch. 1022

Chapter 1022 ရှင့်အတွက် ဝတ်ထားတာ

အချိန်ကုန်သွားသည်က မြန်ဆန်လွန်းလှသည်။ လျပ်တစ်ပြက်အတွင်း ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနား ကျင်းပမည့်နေ့သို့ ရောက်လာသည်။

ယခုနှစ် အခမ်းအနားသည် အတိတ်နှင့် မတူပေ။ အဘယ်ကြောင့်ဆိုသော် လူသားအရှင်သခင်က အခမ်းအနားသို့ မည်သူမဆို တက်နိုင်သည်ဟု ကြေညာချက် ထုတ်ထားသောကြောင့်ပင်။

ဤကြေညာချက်ကြောင့် ယင်ယန်တစ်လောကလုံး ပွက်လောရိုက်သွားသည်။ ယင်ယန်တစ်လောကလုံးမှ မရေတွက်နိုင်သော သိုင်းပညာရှင်ပေါင်းများစွာတို့သည် လူသားအရှင်သခင် နန်းတော်ရှိရာအရပ်သို့ ခရီးနှင် လာကြသည်။

ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနား၊ အတိတ်အခါက ပြည်နယ်တစ်ခု၏ အင်အားအကြီးဆုံး မိသားစုတစ်ခုသာ တက်ရောက်ခွင့် ရခဲ့သည်။ သို့သော် ယခုတစ်ခေါက်သည် သိုင်းပညာရှင်အားလုံးအတွက် ဘဝတစ်သက်၌ မျက်စိပွင့် နားပွင့်စေသည့် အခွင့်အရေးကြီးပင်။ ရုတ်ချည်းဆိုသလိုပင် ဟွမ်ရှန်တောင်ခြေ၌ လူအုပ်များစွာတို့ဖြင့် ပြည့်နှက်လာ၏။

မဟာနတ္ထိ အရှင်သခင် ပေါ်ထွက်လာခြင်း၊ အနောက်ဘက် နယ်မြေခုနစ်ခုကို လွှမ်းမိုးနိုင်ခြင်းနှင့် အလောင်းကောင် မျိုးနွယ်များ ထွက်ပေါ်လာခြင်းက ယင်ယန်လောကကို တုန်လှုပ်စေခဲ့သည်။

ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနား၏ ဖိတ်ကြားချက်က လူအများအား ရူးမတတ် ဖြစ်သွားစေသည်။

ယခု မနက်အစောပိုင်း၌ ဟွမ်ရှန်တောင်ခြေတွင် များစွာသော ယင်ယန်လောကမှ သိုင်းပညာရှင်များ ရောက်ရှိကာ စောင့်ဆိုင်းနေကြသည်။

လူပေါင်း တစ်သိန်းနီးပါး ရှိသဖြင့် လူပင်လယ်ဟုပင် ထင်မှတ်ရသည်။ ရောက်ရှိလာဆဲဖြစ်သည့် များစွာသော သိုင်းပညာရှင်များကိုကြည့်ပြီး နေရာအနှံ့၌ ဆူညံသံများ ထွက်ပေါ်နေ၏။

“မြတ်စွာဘုရား၊ ဒီကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားက ယင်ယန်လောကရဲ့ အကြီးကျယ်ဆုံး အခမ်းအနား ဖြစ်လာမယ်လို့ ငါ မြင်ယောင်နေပြီ”

“ဟုတ်တယ်၊ မဟာနတ္ထိ အရှင်သခင်က ပုန်ကန်ဖို့ ရောက်လာပါ့မလား မသိဘူး၊ သူသာ ရောက်လာရင်တော့ အခမ်းအနားက ပိုအသက်ဝင်လာမှာပဲ”

“…”

တောင်အောက်မှ ယင်ယန် သိုင်းပညာရှင်တစ်သိန်းသည် စိတ်အားတက်ကြွစွာဖြင့် စောင့်နေကြသည်။ အားလုံး စောင့်နေစဉ်မှာပင် လူပင်လယ်ထဲ၌ လမ်းတစ်ခု ဖြစ်ပေါ်လာသည်။

“ကြည့်ဦး၊ အဲ့ဒါ ကျိုထျန်းရွှမ်နွီ နတ်သမီးနန်းတော် လက်အောက်မှာ ရှိခဲ့ဖူးတဲ့ မျိုးနွယ် မဟုတ်လား၊ လေနတ်မင်း၊ မီးနတ်ဘုရား … အဲ့လူတွေအားလုံး ရောက်လာတာပဲ”

အော်ပြောသံ ထွက်လာစဉ်မှာပင် အားလုံး၏ရှေ့သို့ သိုင်းပညာရှင်တစ်ဖွဲ့ ဖြည်းဖြည်းချင်း လျှောက်လာနေ၏။ အကယ်၍ ယဲ့ဖန်သာ ဤနေရာ၌ ရှိနေပါက ကျိုထျန်းရွှမ်နွီ နတ်သမီး နန်းတော်၌ ရှိခဲ့ဖူးသည့် သိုင်းပညာရှင်များကို ချက်ချင်း မှတ်မိပေလိမ့်မည်။

မီးနတ်ဘုရားသည် မူလက ယဲ့ဖန်အား မရဏမီးလျှံ ပေးခဲ့သည်။ လေနတ်မင်းသည်လည်း ယဲ့ဖန်အား လေနိယာမ အပိုင်းအစ ပေးခဲ့လေသည်။ ကျန်သော နတ်ဘုရားများသည်လည်း ယဲ့ဖန်အား သူတို့၏ ရတနာများ လက်ဆောင် ပေးခဲ့ဖူးသည်။

ယခုအခါတွင် သူတို့၏ မျက်နှာဖုံးမှာ ကွာကျလာလေပြီ။ ဤနတ်ဘုရားများသည် ကျိုးထျန်းရွှမ်နွီ၏ နတ်သမီး နန်းတော်ကို သစ္စာဖောက်ကာ လူသားအရှင်သခင် နန်းတော်လက်အောက်သို့ သစ္စာခံသွားကြသည်။

ထိုလူအုပ်ကြီးကို ကြည့်ပြီး မီးနတ်ဘုရား၏ မျက်နှာထားက မည်းမှောင်လာသည်။ ထို့နောက် သူက သူတို့အဖွဲ့ကို ပြောလိုက်သည်။

“ဒီနေ့က ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားနေ့ ပြီးတော့ ကျိုထျန်းရွှမ်နွီ လက်ထပ်မယ့်နေ့ပဲ၊ အဲ့ကောင် တကယ် လာမယ်လို့ မင်းတို့ ထင်လား”

သူ့စကားကြောင့် ကျန်သော နတ်ဘုရားများ၏ မျက်နှာ၌ စိတ်ရှုပ်ထွေးဟန် ပေါ်လာသည်။ အစပိုင်း၌ ယဲ့ဖန်သည် ကောင်းကင်မျက်လုံးကို ဖွင့်နိုင်ခဲ့ပြီး စိတ်ဝိညာဉ်ဖြင့် ယင်ယန်လောကသို့ တက်လာနိုင်ခဲ့သည်။ ထိုအချိန်က သူတို့၏ မျက်လုံးထဲတွင် တစ်ဖက်လူသည် ငရဲဘုံမှ တွားသွားကောင်မျှသာ ရှိခဲ့လေသည်။

သူတို့သည် ကျိုထျန်းရွှမ်နွီထံ၌ မျက်နှာရချင်၍ ယဲ့ဖန်အား ရတနာများကို လက်ဆောင် ပေးခဲ့သည်။ ဤမျှ အချိန်တိုအတွင်း တစ်ဖက်လူက ယင်ယန်လောကသို့ တက်လာနိုင်သည့်အပြင် နယ်မြေခုနစ်ကိုပါ သိမ်းပိုက်ကာ မိုးကြိုးတောင်ကြားနှင့် မသေမျိုးမျိုးနွယ်ကိုပါ ဖျက်ဆီးနိုင်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိပါ။ တစ်ဖက်လူ၏ ဂုဏ်သတင်းနှင့်တင် သူတို့အားလုံး ရင်တုန်လာရသည်။

“ဟမ့် … အခုချိန်က မတူဘူးလေ၊ သူ ရောက်လာတာနဲ့ သေမှာပဲ”

လေနတ်ဘုရား၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။

“ယင်ယန်လောကမှာ လူသား အရှင်သခင်သာလျင် အရှင်သခင် အစစ်အမှန်ဆိုတာ သူ နားလည်သွားလိမ့်မယ်”

ထိုစကားကြောင့် နတ်ဘုရားများ၏ မျက်လုံးများ၌ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ထို့နောက် သူတို့သည် ကြီးမားသော မြေကွက်လပ်ဆီသို့ လျှောက်သွားပြီး အသီးသီး နေရာယူကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်ကြသည်။

“ကြည့်ဦး၊ တောင်ဘက်နယ်မြေက မဟာဘုရင် ကွမ်းမူ ဦးဆောင်တဲ့ ကွမ်းမူမျိုးနွယ် ရောက်လာပြီ”

“အလယ်ပိုင်းနယ်မြေက မဟာဘုရင် ထုလောင်ဦးဆောင်တဲ့ ထုလောင်မျိုးနွယ်လည်း ရောက်လာပြီ”

“မဟာဘုရင် မရဏလူသတ်သမား ဦးဆောင်တဲ့ လုပ်ကြံရေးမျိုးနွယ်လည်း ရောက်လာပြီ”

စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုနေသံများအောက်၌ ကောင်းကင်ဘုရင်အဆင့် မဟာဘုရင် သုံးပါး ဦးဆောင်သော မျိုးနွယ်သုံးခု အတူ ရောက်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။

လူသားအရှင်သခင်၏ အမိန့်အောက်၌ ရှိနေသော မဟာဘုရင်လေးပါးတွင် မသေမျိုးမျိုးနွယ်မှ မဟာဘုရင် ဖုန်းဝမ်မှလွဲ၍ ကျန်ဘုရင်သုံးပါးလုံး မျိုးနွယ်စုနှင့်အတူ ရောက်လာကြသည်။

ထိုအခိုက်တွင် လူသား အရှင်သခင်နန်းတော်မှ သိုင်းပညာရှင်များ ရောက်လာသဖြင့် လူတိုင်းက မဟာနတ္ထိ အရှင်သခင် ရောက်လာမည်ကို စောင့်နေကြသည်။

တဖွဲဖွဲ ရောက်လာသည့်လူများကို စောင့်ရင်း အချိန် တဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဆယ့်ငါးမိနစ်၊ တစ်နာရီ၊ နှစ်နာရီ။

သို့ရာတွင် မဟာနတ္ထိ အရှင်သခင်၏ အရိပ်ကိုလည်း မမြင်ရသလို ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုနှင့် သန်မာသော အလောင်းကောင်မျိုးနွယ်တို့လည်း ပေါ်မလာကြချေ။

“ဒီကို မလာရဲဘူးလား၊ ဒါနဲ့များ အဲ့သတ္တိလေးနဲ့ ယင်ယန်လောကကို စိုးမိုးချင်နေသေးတယ်”

“ဟုတ်ပါ့ကွာ၊ အဲ့ကောင်တွေ အခု ကြောက်လို့ သေးပေါက်ချနေလောက်ပြီ၊ မဟာနတ္ထိ အရှင်သခင်ဆိုတာလည်း လူသားအရှင်သခင်ကြောင့် ကြောက်ပြီး ငိုနေလောက်တယ်”

“…”

လက်ရှိအချိန်၌ ယင်ယန်လောကမှ သိုင်းပညာရှင်များသည် မဟာနတ္ထိ အရှင်သခင်နှင့် သူ့လူများအား အလွန်အမင်း အထင်သေး စက်ဆုပ်နေကြသည်။

ဤသို့ ခမ်းနားသော အခမ်းအနား၌ ပေါ်မလာရဲသည်က တစ်ဖက်လူသည် လူသားအရှင်သခင်ကို ကြောက်လန့်ပြီး လူသား အရှင်သခင်အား ရန်မစဝံ့ဟု အဓိပ္ပာယ် ရနေ၏။

မီးနတ်ဘုရားနှင့် အခြားသူများတောင်မှ ဝင့်ကြွားစွာ ပြုံးလိုက်ပြီး အထင်သေးဟန် မျက်နှာပေးမျိုး ဖြစ်နေကြသည်။ မဟာဘုရင်သုံးပါးဆိုလျင် ပို၍ မောက်မာထောင်လွှားနေသေးသည်။

“ဟိုမှာ လူသားအရှင်သခင် ရောက်လာပြီ”

ထိုအော်သံအဆုံး၌ လူပေါင်းတစ်သိန်းလုံး စိတ်လှုပ်ရှားလာကြပြီး ကောင်းကင်ယံအား ဝမ်းသာအားရ မော့ကြည့် လာသည်။

ကောင်းကင်ယံနှင့် ထိကပ်နေသည့် ဟွမ်ရှန်တောင်ထိပ်မှနေ၍ လူပေါင်းများစွာ ဆင်းလာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသော သူသည် ရွှေအိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နဂါးတစ်ကောင်၊ ကျားတစ်ကောင်ကဲ့သို့ လှမ်းလာနေ၏။

ထိုသူသည် ယင်ယန်လောကကို နှစ်ထောင်ချီ စိုးမိုးခဲ့သည့် လူသား အရှင်သခင်ပင်။ သူ့အနောက်၌ ကောင်းကင်ဘုရင်အဆင့် သိုင်းပညာရှင် ရှစ်ယောက်၊ နံပါတ်တစ် ပါရမီရှင် ရွှယ်ယွမ်နှင့် အမျိုးသမီးတစ်ယောက် ပါလာသည်။

ထိုအခိုက်တွင် အားလုံး ဆူညံပွက်လောရိုက်လာ၏။ ယင်ယန်လောကမှ သိုင်းပညာရှင်များ အားလုံးသည် ကောင်းကင်ယံမှ လူသား အရှင်သခင်နှင့် အခြားသူများအား နတ်မင်းသဖွယ် မော့ကြည့်နေပြီးနောက် ဒူးထောက်၍ အရိုအသေ ပေးလေသည်။

“လူသား အရှင်သခင်ကို အရိုအသေ ပေးပါတယ်”

“လူသား အရှင်သခင်ကို အရိုအသေ ပေးပါတယ်”

“…”

တလေးတစား နှုတ်ဆက်သံများက အတောမသတ်စွာ ထွက်ပေါ်နေ၏။ လူသား အရှင်သခင်ကမူ အောက်ဘက်မှ လူတစ်သိန်းအား တစ်ချက် ကြည့်လိုက်သည်။ ထိုလူအုပ်ထဲ၌ ယဲ့ဖန်နှင့် သူ့လူများ ရှိမနေသည်ကို မြင်ပြီး ပြုံးလိုက်မိသည်။

“အားလုံး ရောက်နေပြီဆိုတော့ ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားကို တရားဝင် စလိုက်ကြတာပေါ့”

လူသားအရှင်သခင်တို့ အဖွဲ့က မြေကွက်လပ်၏ အလယ်ဗဟိုသို့ ဆင်းသက်လာသည်။ အောက်သို့ ရောက်လာသည်နှင့် ရွှယ်ယွမ်က ထီမထင်ဟန် ပြုံးလိုက်သည်။ သူသည် ဘေးနားမှ အမျိုးသမီးကို လှည့်ကြည့်၍ မချိုမချဉ် အမူအရာဖြင့် ပြောလိုက်သည်။

“ကျိုထျန်းရွှမ်နွီ မင်း မြင်လား၊ မင်း နေ့ရောညပါ စိုးရိမ်နေတဲ့လူက တကယ်တော့ လေဥပဲ ရှိတာ”

ထိုအမျိုးသမီးကို ကြည့်နေသော ရွှယ်ယွမ်၏ အကြည့်တွင် လောဘနှင့် တပ်မက်စိတ်တို့ဖြင့် ပြည့်နှက်လာ၏။

“ဒီနေ့ လွန်သွားရင် မင်းက ငါရွှယ်ယွမ်ရဲ့ ဇနီး ဖြစ်လာမှာ၊ စိတ်မပူပါနဲ့ ငါ သူ့ခေါင်းကို မင်းရှေ့ယူလာပြီး မင်း အချစ်နာကျတာတွေကို ဖြေရှင်းပေးမှာ၊ ဟားဟားဟား …”

ရွှယ်ယွမ် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ ယနေ့မှစ၍ သူ ကျိုထျန်းရွှမ်နွီကို ပိုင်ဆိုင်ရပေတော့မည်။ ဤသည်ကို တွေးရုံနှင့်တင် သူ စိတ်လှုပ်ရှားလာရသည်။ ဤအမျိုးသမီးက သူ့အပိုင်ဖြစ်သဖြင့် သူမနှလုံးသားထဲသို့ ဝင်လာရဲသူတိုင်း သေဆုံးရမည်။

ထိုစကားကြောင့် ကျိုထျန်းရွှမ်နွီ၏ မျက်နှာလေး ဖြူရော်လာပြီး မျက်ရည်များ စီးကျလာသည်။ သို့ရာတွင် သူမက ပြုံး၍ ရေရွတ်နေ၏။

“သူ မလာပါစေနဲ့ ငါ မျှော်လင့်ပါတယ်၊ ငါ့အတွက်နဲ့ မစွန့်စားစေချင်ဘူး”

မျက်ရည်ကျနေသော်လည်း သူမမျက်နှာလေးက လှနေဆဲပင်။ အထူးသဖြင့် အနီရောင် သတို့သမီးဝတ်စုံကြောင့် မျက်စိကျိန်းလောက်အောင် လှပလှသည်။ သူမသည် သတို့သမီးဝတ်စုံကို အသာပွတ်၍ မချိပြုံး ပြုံးလိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“ယဲ့ဖန် မဟုတ်လား”

သူ့နာမည်က ယဲ့ဖန်ဟု ပြောခဲ့ကြောင်း သူမ မှတ်မိပါသေးသည်။

“ဒီသတို့သမီးဝတ်စုံက ရှင့်အတွက် ကျွန်မ ဝတ်ထားခဲ့တာ”

“ကျွန်မ တမလွန်ကို သွားရမယ်ဆိုရင်တောင်မှ ကျွန်မ ရှင့်အတွက် ဒါကို ဝတ်ထားမှာ”

All Chapters