အခန်း ၁၀၃၁
Vol. 69 Ch. 1031
Chapter 1031 ဘယ်သူက သေမှာလဲ၊ ဘယ်သူ့ကို ကောင်းကင်ဘုံဆီ ပူဇော်မှာလဲ
မသေမျိုး ဖီးနစ်ဘုရင်သည် တစ်ချိန်က မဟာနတ္ထိ ရှေးဧကရာဇ်၏ ညာလက်ရုံး ဖြစ်ခဲ့ပြီး မသေမျိုးမျိုးနွယ်၏ ပထမဆုံး ဘိုးဘေး ဖြစ်သည်။
လက်ရှိအချိန်၌ ယင်ယန်လောကမှ သိုင်းပညာရှင်များသည် မိုးကောင်းကင်ကို ဖုံးလွှမ်းထားသည့် မီးလျှံကဲ့သို့ နီရဲနေသော ဖီးနစ်ဘုရင်ကို ကြည့်ပြီး တုန်ယင်နေကြသည်။
ဤရှေးကျသော သတ္တဝါက ယခုထိ အသက်ရှင်လျက် ရှိနေလိမ့်ဦးမည်ဟု သူတို့ ထင်မထားမိကြချေ။ မသေမျိုး ဖီးနစ်ဘုရင်၏ ခန္ဓာကိုယ်မှ ဖိနှိပ်နိုင်သော အရှိန်အဝါများ ပျံ့လွင့်လာချိန်တွင် ယင်ယန်လောက၏ ထောင်သောင်းချီသော သိုင်းပညာရှင်များအားလုံး တုန်လှုပ်သွားလေသည်။ ဤအရှိန်အဝါအောက်၌ ကိုယ့်ကိုယ် ကိုယ် ပုရွက်ဆိတ်မျှ အားနည်းလှသည်ဟု ခံစားမိသွားသည်။
“သန်မာလွန်းလိုက်တာ၊ ဒီ … ဒီအရှိန်အဝါက ကောင်းကင်ဘုရင်အဆင့် လုံးဝ မဟုတ်ဘူး”
သိုင်းပညာရှင်များအားလုံး မျက်ခုံးလှုပ်နေပြီး နတ်ဘုရားနှင့် အခြားသူများ ဆောက်တည်ရာမရ ဖြစ်လာကြသည်။ အစကတည်းက သူတို့သည် သတ်ဖြတ်ခံနေရသူများ ဖြစ်ပြီး ယခု မသေမျိုး ဖီးနစ်ဘုရင်ပါ ထွက်လာသဖြင့် အခြေအနေ ဆိုးရွားလာလေသည်။ ဤသည်မှာ အလွန် ဆိုးရွားလှသည့် အိပ်မက်ဆိုးပင်။
ထိုစဉ် မသေမျိုး ဖီးနစ်ဘုရင်က ထွက်လာပြီးသည်နှင့် ဦးခေါင်းထက်ရှိ သရဖူမှနေ၍ အနီရောင် အလင်းတန်း ထွက်ပေါ်လာပြီး လူသား အရှင်သခင်ထံသို့ ကျရောက်လာသည်။
“သောက်အဘိုးကြီး”
လူသားအရှင်သခင်၏ မျက်နှာ မည်းမှောင်သွားပြီး လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ ပူပြင်းသော အငွေ့အသက်တစ်ခုက သူ၏လက်၌ စုစည်းလာပြီးနောက် အနီရောင် အလင်းတန်းထံသို့ ပစ်လိုက်ရန် ပြင်လေသည်။
ဒေါင်!
ထိုစဉ် ကောင်းကင်ခွင်း ခေါင်းလောင်းသံ ထွက်ပေါ်လာသဖြင့် လူသားအရှင်သခင် မျက်နှာပျက်သွားသည်။
“မကောင်းတော့ဘူး”
သူ၏ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ယင်သွားသော်လည်း ချက်ချင်း သတိဝင်ကာ ဘေးသို့ ရှောင်တိမ်း လိုက်ရသည်။
ရွှစ်!
အနီရောင် အလင်းတန်းက သူ့ဘေးနား ဖြတ်သွားပြီး လက်မောင်းကို ထိသွားသဖြင့် သွေးများ ပန်းထွက်လာသည်။ ဤမြင်ကွင်းကြောင့် ယင်ယန်လောကမှ သိုင်းပညာရှင်များ
လူသားအရှင်သခင်၏ လှုပ်ရှားမှုက အလွန် မြန်ဆန်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ကောင်းကင်ခွင်း ခေါင်းလောင်းနှင့်ပါ သုံး၍ တိုက်ခိုက်တာတောင်မှ သူ၏အရေပြားကိုသာ ဖြတ်ပစ်နိုင်သည်။
ယဲ့ဖန်တောင်မှ မျက်နှာ သုန်မှုန်သွားသည်။ သူ၏ ကောင်းကင်ခွင်းခေါင်းလောင်းက ကောင်းကင်ဘုရင်အဆင့် သိုင်းပညာရှင်အား သေလုနီးပါး ဖြစ်အောင် လုပ်နိုင်သော်လည်း လူသား အရှင်သခင်ကဲ့သို့ ကောင်းကင်ဘုရင် အဆင့်ကို ကျော်လွန်နေသည့်သူ အပေါ်၌ သက်ရောက်မှု အနည်းငယ်သာ ရှိသည်။
တစ်ဖက်လူ၏ စိတ်ဝိညာဉ်ခွန်အားက အံ့အားသင့်စရာကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိထားပြီးသား ဖြစ်နေသည်။
ယဲ့ဖန်နှင့် မသေမျိုး ဖီးနစ်ဘုရင်တို့ ပေါင်း၍ လူသားအရှင်သခင်ကို ရင်ဆိုင်နေချိန်တွင် ဘေးပတ်ဝန်းကျင်မှ တိုက်ပွဲများက အဆုံးသတ်လုနီးပါး ဖြစ်လာသည်။
နတ်ဘုရားများထဲ၌ လေနတ်ဘုရားနှင့် ရေနတ်ဘုရားတို့သာ အသက်ရှင်ကျန်ပြီး မဟာဘုရင် သုံးပါး၏ မျိုးနွယ်ဝင်များအားလုံး သုတ်သင်ခံလိုက်ရသည်။
ကောင်းကင်ဘုရင်အဆင့် ရှစ်ယောက်၌ လေးယောက် သေဆုံးသွားပြီး နန်းတော်အစောင့်များသည်လည်း အယောက်တစ်ရာမျှသာ ကျန်ရှိတော့သည်။
လက်ရှိအချိန်၌ လူသား အရှင်သခင်နန်းတော် ပျက်စီးလုနီးပါး ဖြစ်နေသည်။ ဤရလဒ်က လူတိုင်းအတွက် မယုံနိုင်စရာပင်။
ထိုစဉ် အလောင်းကောင် မျိုးနွယ်၊ နယ်မြေခုနစ်ခုမှ သိုင်းပညာရှင်များနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များသည် ရန်သူများ တစ်ယောက်ပြီး တစ်ယောက်ကို သုတ်သင်ပြီးသည်နှင့် လူသားအရှင်သခင်ထံသို့ ဦးတည်လာကြသည်။
သောင်းချီသော စစ်တပ်၏ အဝိုင်းခံထားရသလိုပင်။ ဤမြင်ကွင်းက ကြောက်စရာကောင်းလှသည်။
“အဆုံးသတ်ရတော့မှာလား”
ထောင်သောင်းချီသော သိုင်းပညာရှင်များအားလုံး မျက်နှာ ပြာနှမ်းနေကြသည်။ အခြေအနေက လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ရွှယ်ယွမ် သေဆုံးသွားခြင်းနှင့်အတူ လူသား အရှင်သခင်နန်းတော်သည်လည်း ပျက်စီး ပြိုလဲလုနီးပါး ဖြစ်နေသည်။
“ငါ ဒီလို မဖြစ်မခံနိုင်ဘူး”
လေနတ်ဘုရားသည် ဒဏ်ရာဗလပွနှင့် နောင်တရကာ မလိုလားသော မျက်နှာထားဖြင့် ပြောလာသည်။ အသက်ရှင်နေသေးသော ကောင်းကင်ဘုရင်အဆင့် လေးယောက်နှင့် နန်းတော် အစောင့်တစ်ရာလုံး ကြောက်လန့် နေကြသည်။
လူသားအရှင်သခင်တစ်ယောက်တည်းသာ အလွန် တည်ငြိမ်နေ၏။ လူသား အရှင်သခင်နန်းတော်မှ လူများ သေဆုံးမှုအတွက် နည်းနည်းလေးမျှ အာရုံပျက်မသွားပေ။
“ဒါ အကုန်ပဲလား”
ထိုစဉ် လူသားအရှင်သခင်က အထင်သေး၍ ပျက်ရယ်ပြုသော အပြုံးမျိုး ပြုံးလာသည်။
“ဟားဟားဟား … ဒါ အကုန်ပဲဆိုရင်တော့၊ ယဲ့ဖန်၊ မသေမျိုး ဖီးနစ်ဘုရင်၊ အလောင်းကောင်တွေနဲ့ ရှေးဟောင်း မိသားစုတွေ၊ မင်းတို့အားလုံး သေလို့ရပြီ”
လူသားအရှင်သခင်၏ စကားများက မောက်မာ၍ အထက်စီးဆန်လှသည်။ ထိုစကားကြောင့် လေနတ်ဘုရားနှင့် အခြားသူများ အပါအဝင် ထောင်သောင်းချီသော သိုင်းပညာရှင်များအားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွား ကြသည်။
*အခြေအနေက ငါတို့ဘက်က အရေးနိမ့်နေတာကို*
*ဒါကို လူသားအရှင်သခင်က တစ်ဖက်လူတွေကို သေလို့ရပြီလို့ ပြောလိုက်တာလား*
လူတိုင်း အံ့ဩသွားကြသည်။ သို့ရာတွင် လူသား အရှင်သခင်က အရေးမစိုက်ပေ။ သူက ယဲ့ဖန်နှင့် အခြားသူများက ရက်စက်ရူးသွပ်သော အမူအရာမျိုးဖြင့် ကြည့်နေသည်။
“ဟေ့ကောင် မင်းကံကြမ္မာက ဒီမှာတင် အဆုံးသတ်ပြီ၊ အခမ်းအနားက ဒီလောက် ရိုးရှင်းမယ်လို့ မင်း တကယ် ထင်နေတာလား”
“ဟားဟားဟား … အရူးကောင်”
လူသားအရှင်သခင်က သူ့အရှေ့နားမှ ဟင်းလင်းပြင်အား အရိုအသေ ပေးလိုက်သည်။
“ဆရာ … လှုပ်ရှားဖို့ အချိန်ကျပါပြီ”
ထိုစကားကြောင့် လူတိုင်း ခေါင်းနပမ်း ကြီးသွားကြသည်။
*ဆရာ*
*လူသားအရှင်သခင်ရဲ့ ဆရာလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း ထိတ်လန့်နေစဉ်မှာပင် ကောင်းကင်ယံ၌ မိုးပြိုမတတ် ဖြစ်လာသည်။ ဟင်းလင်းပြင်က ဆက်တိုက် အက်ကွဲလာပြီး ကောင်းကင်ယံမှ ရွှေရောင် အလင်းတန်းနှင့် သတ္တဝါတစ်ကောင် ဆင်းလာသည်။
သူသည် နေနတ်မင်းတစ်ပါးလိုပင်။ အရှိန်အဝါက နေကဲ့သို့ ပူပြင်း၍ လောကအား အရည်ပျော်စေနိုင်သည်။
*ယန်စွမ်းအင်ပါလား*
ထိုရွှေရောင်ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော ယန်စွမ်းအင် ပျံ့လွင့်နေသည်ကို လူတိုင်း ခံစားမိသည်။
အားလုံး၏ အထက်၌ သူ ပေါ်ထွက်လာပြီးသည်နှင့် သူ၏ အရှိန်အဝါကြောင့် အောက်ဘက်ရှိ အလောင်းကောင် မျိုးနွယ်၊ နယ်မြေခုနစ်ခုမှ သိုင်းပညာရှင်များနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များ တုန်လှုပ်လာကြသည်။ အထူးသဖြင့် သူ၏ စူးရဲသော မျက်လုံးများက အောက်ဘက်ရှိ လူများအား အရသာရှိသော စားစရာသဖွယ် ကြည့်နေသည်။
“ကောင်းသားပဲ၊ ဒီတစ်ခေါက် အခမ်းအနားမှ မျိုးနွယ်တွေ အများကြီး ရှိနေတာကိုး၊ ဟီးဟီး …”
ကျောချမ်းစရာကောင်းသော အသံ ထွက်လာသည်။ ထို့နောက် ရွှေရောင်သတ္တဝါက အနီးအနားမှ ကောင်းကင်ယံကို လှမ်းကြည့်၍ ပြောလိုက်သည်။
“အားလုံး ထွက်လာကြတော့”
ထိုအခါ ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး တွေဝေသွားလေသည်။ ထိုစဉ် နဂါးဟိန်းသံ ထွက်ပေါ် လာပြီး ကောင်းကင်အစွန်းမှနေ၍ ကြောက်စရာကောင်းသော နဂါးများ ပျံသန်းလာကြသည်။
ဆယ်ကောင်၊ အကောင်တစ်ရာ၊ အကောင်တစ်ထောင်။ မျက်စိတစ်မှိတ်အတွင်း ထောင်ချီသော နဂါးများ ပျံသန်းလာကြသည်။ ကောင်းကင်ယံ၌ နဂါးများ ပြည့်နှက်နေသောကြောင့် နဂါးသိုက်တစ်ခုဟုတောင် ထင်မှတ် မှားရသည်။ ၎င်းတို့၏ အရှိန်အဝါကလည်း ကြောက်လန့်ဖွယ် ကောင်းပေသည်။
“ဒါ … ဒါ ထိုက်ကူနဂါးမျိုးနွယ်ပဲ”
“အဲ့ဒီ စွဲမက်ဖွယ်ကောင်းတဲ့ အမျိုးသမီးက … ဘုရင်မ ခွေရှယ်ပဲ”
ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး တုန်လှုပ်နေကြသည်။ အထူးသဖြင့် ထိုက်ကူနဂါးများ၏ အရှိန်အဝါကို ခံစားမိပြီး အားလုံး ကြက်သီးမွေးညင်း ထလာကြသည်။ ထိုက်ကူနဂါးမျိုးနွယ်များ၏ရှေ့တွင် သူတို့သည် ဟင်းမယ်တစ်ခုမျှသာ ဖြစ်နေ၏။
သို့သော် ဤသည်မှာ အစသာ ရှိပေသေးသည်။ ကျွိ ကျွိ ဟူသော အသံများ ထွက်ပေါ်လာပြီး မြေကွက်လပ်၏ မြေကြီးများ ပေါက်ကွဲလာပြန်သည်။ မြေကြီးထဲမှ ဧရာမကြွက်ကြီးများ ထွက်လာကြပြီး အလောင်းကောင် မျိုးနွယ်များနှင့် နယ်မြေခုနစ်ခုမှ သိုင်းပညာရှင်များကို ကိုက်ဖြတ်လာသည်။
ထိုကြွက်များ၏ ကိုက်ဖြတ်ခြင်းကြောင့် အလောင်းကောင်များနှင့် သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် တစ်စစီ ဖြစ်သွားလေသည်။
အကောင်အရေအတွက်ကလည်း များသည့်အပြင် အရွယ်အစားကလည်း ကြီးမားလှသည်။ ကြွက်တစ်ကောင် ချင်းစီက တောင်ကုန်းတစ်ခုစာမျှ ရှိသည်။ ၎င်းတို့၏ အစွယ်များနှင့် လက်သည်းများက ချွန်ထက်လှပြီး ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။
“ဒါ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်”
လက်ရှိတွင် ယင်ယန်လောကမှ သိုင်းပညာရှင်များ ကြက်သီး ထပြီးရင်း ထနေကြသည်။ လူသား အရှင်သခင်၌ ဤမျှ ကြောက်စရာကောင်းသော ဝှက်ဖဲ ရှိနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားမိချေ။
ရွှေရောင် သတ္တဝါအပြင် ရှေးဟောင်း မျိုးနွယ်ကြီး နှစ်ခု။ အခြေအနေက တစ်ဖန် ပြောင်းလဲသွားသည်။ သေဆုံးခြင်း ညီမျှချက်က ယဲ့ဖန်နှင့် အခြားသူများဘက်သို့ မြှားဦးလှည့်လာသည်။
ရွှေရောင်သတ္တဝါ၊ ဘုရင်မ ခွေရှယ်နှင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ဘိုးဘေးတို့က အောက်သို့ ဆင်းလာပြီးသည်နှင့် လူသား အရှင်သခင်ဘေး၌ ရပ်လိုက်ကြသည်။
ကောင်းကင်ဘုံသို့ ယဇ်ပူဇော်ခြင်း အခမ်းအနားက ယခုမှ စတင်မှာ ဖြစ်သည်။ ဘယ်သူက သေဆုံးပြီး ဘယ်သူ့ကို ကောင်းကင်ဘုံသို့ ပူဇော်ရမည်နည်း။