အခန်း ၁၀၃၂
Vol. 69 Ch. 1032
Chapter 1032 ဘေးအန္တရာယ် ကျရောက်လာပြီ
ဒေါက် ဒေါက် ဒေါက်
ထိုအခိုက်တွင် ခြေသံများ ပြိုင်တူ ထွက်လာပြီး ရွှေရောင် သတ္တဝါ၊ လူသား အရှင်သခင်၊ ဘုရင်မခွေရှယ်နှင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ဘိုးဘေးတို့က အတူတူ ရှေ့သို့ လှမ်းလာကြသည်။
သူတို့လေးယောက်ထံမှ ပြင်းထန်သော ဖိအားများ ပျံ့လွင့်လာပြီး မြေဆီလွှာများ အက်ကွဲကာ လေဟာနယ်ပင် ပျက်စီးလာသည်။
ကျောချမ်းဖွယ်ကောင်းသော အရှိန်အဝါဖြင့် ရှေးဦးသားရဲလေးကောင် လှမ်းလာနေသည်ဟု ထင်မှတ်မှားရသည်။ ထိုသူ လေးယောက်၏ အရှိန်အဝါများက မြေကွက်လပ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး နယ်မြေခုနစ်ခုမှ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်၏ ခန္ဓာကိုယ်များ တုန်ယင်လာပြီးနောက် ပေါက်ကွဲသွားသည်။
တစ်ခဏအတွင်းမှာပင် သူတို့လေးယောက်၏ အရှိန်အဝါကြောင့် လူတစ်ထောင်မျှ ပေါက်ကွဲ သေဆုံးသွားပြီး သွေးစက်များ တတောက်တောက် စီးကျလာလေသည်။ မြေကွက်လပ်ပတ်လည်မှ သွေးနံ့များ တထောင်းထောင်း ထနေ၏။
“ဟားဟားဟား … နိုင်ပြီ၊ ဒီတစ်ခေါက် ငါတို့ နိုင်ပြီကွ”
လေနတ်ဘုရားနှင့် ရေနတ်ဘုရားတို့သည် မျှော်လင့်ချက်မဲ့သောလူများ ကောက်ရိုးစတစ်မျှင် ဆွဲကိုင်လိုက် မိသကဲ့သို့ ဖြစ်သွားကြသည်။ နှစ်ယောက်လုံး အလွန်အမင်း ဝမ်းသာနေကြသည်။
လူသားအရှင်သခင်နှင့် လူသားအရှင်သခင်၏ ဆရာအပြင် ရှေးဟောင်း မျိုးနွယ်ကြီးနှစ်ခု။ မည်သူက ဤသို့သော လူများ၏ ရန်သူ ဖြစ်နိုင်မည်နည်း။
သူတို့သည်သာမက ယင်ယန်လောက၏ သိုင်းပညာရှင်များသည်လည်း အိပ်မက်မက်နေသည်ဟု ခံစားမိနေသည်။ အခြေအနေက အလွန် လျင်မြန်စွာ ပြောင်းလဲသွားသဖြင့် သူတို့ မယုံနိုင်သေးပေ။
“မြတ်စွာဘုရား၊ အစက မဟာနတ္ထိ အရှင်သခင် ရှုံးပြီး လူသား အရှင်သခင် နိုင်မယ်လို့ ငါ ထင်ခဲ့တာ၊ အဲ့ဒါကို မဟာနတ္ထိ အရှင်သခင်က ပြောင်းလဲပစ်လိုက်တယ်၊ အခုလည်း မဟာနတ္ထိ အရှင်သခင် နိုင်တော့မယ်လို့ ငါ ထင်နေတာ၊ လူား အရှင်သခင်က အခြေအနေကို ပြောင်းပစ်မယ်လို့ ငါ ထင်မထားမိဘူး”
“ပွဲသိမ်းပြီ၊ ဒါ လူသား အရှင်သခင် စီစဉ်ထားတဲ့ ဇာတ်သိမ်း ဖြစ်နေတာကိုး၊ သူက လူသားအရှင်သခင် နန်းတော်က လူတွေရဲ့ အသက်အတွက် မဟာနတ္ထိ အရှင်သခင်၊ မသေမျိုး ဖီးနစ်ဘုရင်နဲ့ အခြားသူတွေကို ဖျက်ဆီးပစ်တော့မှာပဲ”
“ကြောက်စရာကောင်းလိုက်တာ၊ ဒီတစ်ခါတော့ မဟာနတ္ထိ အရှင်သခင်နဲ့ အခြားသူတွေ သေမှာ သေချာတယ်”
“…”
ယင်ယန်လောကမှ လူများအားလုံးသည် ယဲ့ဖန်နှင့် အခြားသူများ၌ အခြေအနေကို ပြောင်းလဲနိုင်သည့် ခွန်အားမျိုး မရှိဟု ကောက်ချက်ချထားကြသည်။
လူသားအရှင်သခင်နှင့် အခြားသူများက ယင်ယန်လောကကိုသာမက ငရဲဘုံကိုပါ ထိန်းချုပ်နိုင်သည့် ထိပ်တန်းအင်အားစုများကို စုစည်းထားသည် မဟုတ်ပါတကား။
“ဟားဟားဟား …”
လက်ရှိအချိန်၌ အလောင်းကောင်မျိုးနွယ်၊ နယ်မြေခုနစ်ခုမှ သိုင်းပညာရှင်များနှင့် အခြားသူများ တုန်လှုပ်နေသည်ကို ကြည့်ပြီး လူသား အရှင်သခင်၏ စိတ်ထဲ၌ အလွန်အမင်း ပျော်ရွှင်နေ၏။ သူသည် ယဲ့ဖန်အား အထင်သေးသော အပြုံးနှင့် လှမ်းကြည့်ကာ ပြောလိုက်သည်။
“ယဲ့ဖန် မင်း မြင်လား၊ ဒါ မင်းအတွက် ဒီအရှင်သခင် ပြင်ထားတဲ့ ဈာပနပွဲပဲ”
“မင်း သဘောကျရဲ့လား”
လူသား အရှင်သခင်၌ ယဲ့ဖန်ကို သတ်နိုင်သည့် အခွင့်အရေး အပြည့်ရှိနေပြီ ဖြစ်သည်။ သို့ရာတွင် ယဲ့ဖန်၏ အမူအရာက သုန်မှုန်မနေဘဲ ခံစားချက်မဲ့သော အမူအရာမျိုး ဖြစ်နေသည့် အံ့ဩမိသွားသည်။ ထို့နောက် ယဲ့ဖန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်နဲ့ ထိုက်ကူ နဂါးမျိုးနွယ်အတွက် ဈာပနပွဲ ရှိနေတော့ ဒီဈာပနာပွဲက တော်တော်လေး အဆင်ပြေတယ်”
*ဘာ*
*ဈာပနပွဲတဲ့လား*
လူသားအရှင်သခင်နှင့် အခြားသူများ မှင်တက်သွားပြီးနောက် ဟားတိုက် ရယ်မောလိုက်သည်။ သူတို့က ယဲ့ဖန်ကို သွက်သွက်ခါအောင် ရူးနေသော အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။ ဘုရင်မခွေရှယ်က ယဲ့ဖန်ကို စူးရှ၍ မီးပွင့်မတတ်သော အကြည့်များဖြင့် စိုက်ကြည့်လာသည်။
“ငရဲဘုံက တွားသွားကောင်၊ နင် ကြောက်လွန်းလို့ ရူးသွားပြီလား၊ နင်က ငါ့ကို ငါ့ထိုက်ကူနဂါးမျိုးနွယ်နဲ့အတူ မြှုပ်ချင်ပေါ့လေ၊ သေချင်နေတာပဲ”
ထိုသို့ပြောပြီး ဘုရင်မခွေရှယ်က လက်ကိုလှုပ်၍ အချက်ပြလိုက်သည်။ ထိုအခါ ကောင်းကင်ယံမှ နဂါးများသည် ချက်ချင်း လူအသွင် ပြောင်းပြီး ဘုရင်မခွေရှယ် အနောက်၌ နေရာယူလာကြသည်။ သူတို့၏ အရှိန်အဝါ သည်လည်း ပို၍ ပြင်းထန်လာ၏။
“နင် မြင်လား၊ ငါ့ထိုက်ကူ နဂါးမျိုးနွယ်တစ်ခုလုံး ထွက်လာတာ”
ဘုရင်ခွေရှယ်သည် ယဲ့ဖန်ကို စိုက်ကြည့်ရင်းနှင့် နတ်ဆိုးနဂါး ဖုရှန်ကို တွေးမိပြီး အကြည့်များက ပိုမို ကြမ်းကြုတ် လာသည်။
“နင်နဲ့ နင့်ညီအစ်ကို နတ်ဆိုးနဂါး ဖုရှန် သေချာပေါက် သေကိုသေရမှာ၊ ပြီးတော့ … အဲ့ဒါကလည်း ဆိုးဆိုးရွားရွားကို သေရမှာ၊ ဟားဟားဟား …”
ဘုရင်မခွေရှယ်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးနေသဖြင့် လူအများ တုန်လှုပ်သွားသည်။ သူမသည်သာမက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ဘိုးဘေးကလည်း ရှေ့သို့ တက်လာသည်။ သူက ယဲ့ဖန်ကို မုန်းတီးသော အမူအရာဖြင့် ကြည့်နေ၏။
“ဟေ့ကောင်လေး၊ ငါတို့ မိတ်ဆွေတွေ ဖြစ်နိုင်ခဲ့တယ်ဆိုတာ မင်း သိသင့်တယ်”
“ဒါပေမဲ့ မင်း … မင်း ငါ့မြေး ထျန်းကျန့်ဖေးကို မသတ်ခဲ့သင့်ဘူး”
“မင်း ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကို မစော်ကားခဲ့သင့်ဘူး”
*စော်ကားတယ်တဲ့လား*
ထိုစကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ အကြီးအကဲ လေးယောက်က မချိုမချဉ် မျက်နှာပေးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် သူ နားလည်သွား လေတော့သည်။
“သူတို့ ခင်ဗျားကို အဲ့လို ပြောတာမလား၊ သူတို့ မဟုတ်လား”
ယဲ့ဖန်က အကြီးအကဲ လေးယောက်ကို လက်ညှိုးထိုးပြ၍ မေးလိုက်သည်။ သူ့စကားကြောင့် အကြီးအကဲ လေးယောက်လုံး မျက်နှာပျက်သွားပြီး ခပ်သွက်သွက် အော်ပြောလေသည်။
“ဟေ့ကောင်၊ ငါတို့ ပြောတာ ဟုတ်တာပေါ့ကွ၊ ငါတို့သခင်လေးကို မင်း သတ်လိုက်တယ်ဆိုတာ သိသာနေ တာပဲဟာ၊ ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကို စော်ကားတာလည်း မင်းပဲ”
“မင်း အခုထိ ဝန်မခံသေးဘူးလား”
အကြီးအကဲ လေးယောက်က ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်အား လှောင်ပြောင်သည်ဟုသော ကိစ္စအား ယဲ့ဖန်ခေါင်းပေါ် ပေါ်ပေါ်ထင်ထင် ပုံချလိုက်သည်။
ယဲ့ဖန်က ဘာမှရှင်းပြမနေတော့ချေ။ သူသည် နှုတ်ခမ်းတွန့်ရုံမျှသာ ပြုံးပြီး ခေါင်းအသာခါ၍ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် ဘိုးဘေးအား ပြန်ကြည့်လိုက်သည်။
“ခင်ဗျားရဲ့ အကြောင်းအကျိုးကို သေချာ မမေးမြန်းပဲ မဆင်မခြင်လုပ်ခဲ့တာကြောင့် ခင်ဗျားတင် အသတ်ခံရမှာ မဟုတ်ဘူး”
“ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ခုလုံး အသတ်ခံရမှာ”
ယဲ့ဖန်၏ စကားကြောင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဝင်များအားလုံး မျက်နှာ သုန်မှုန်သွားကြသည်။
*အသတ်ခံရမယ် ဟုတ်လား*
*ဒီလူ ရူးနေပြီလား*
*ဒီလိုအခြေအနေမှတောင် မောက်မာနေသေးတယ်*
*သူ သေခါနီး ဖြစ်နေပြီကို*
ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ဘိုးဘေးတောင်မှ ယဲ့ဖန်ကြောင့် အံ့ဩသွားသည်။
“မောက်မာတဲ့ ငရဲဘုံကောင်ပဲ”
“ဘယ်သူ အရင်သေမလဲ ကြည့်ရသေးတာပေါ့”
ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ဘိုးဘေးက လက်ဝှေ့ယမ်း၍ ကောင်းကင်ဘုရင်အဆင့် အကြီးအကဲ လေးယောက်ကို အချက်ပြလိုက်သည်။ ထိုအခါ အကြီးအကဲသုံးယောက်က ချက်ချင်း ရှေ့ထွက် လာသည်။
သူတို့သည်သာမက ဘုရင်မခွေရှယ်ကလည်း အချက်ပြလိုက်သဖြင့် ထိုက်ကူနဂါးမျိုးနွယ်ထဲမှ ကောင်းကင်ဘုရင် အဆင့် သုံးယောက် ထွက်လာသည်။
ဒေါက်! ဒေါက်! ဒေါက်!
ကောင်းကင်ဘုရင်အဆင့် ခြောက်ယောက်လုံး ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာကြသည်။ ထိုခြောက်ယောက်သည် ငါးစာမျှသာ ဖြစ်သည်။
သူတို့ လျှောက်သွားသည်နှင့် လူသား အရှင်သခင်၊ ရွှေရောင်သတ္တဝါ၊ ဘုရင်မခွေရှယ်နှင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ဘိုးဘေးတို့ ကျောမတ်၍ စောင့်ကြည့်နေကြသည်။
သူတို့အားလုံး ကောင်းကင်ခွင်းခေါင်းလောင်းကို ကြောက်လန့်လေသည်။ ယဲ့ဖန်က ကောင်းကင်ခွင်း ခေါင်းလောင်းကိုသုံး၍ ကောင်းကင်ဘုရင်အဆင့် ခြောက်ယောက်ကို ခုခံသည်နှင့် သူတို့က အဲ့အချိန်ကို အသုံးချပြီး ယဲ့ဖန်နှင့် မသေမျိုးဖီးနစ်ဘုရင်တို့ကို တိုက်ခိုက်မည် ဖြစ်သည်။
လက်ရှိတွင် မြေကွက်လပ်တစ်ခုလုံး၏ အခြေအနေက အတော်လေး တင်းမာနေသည်။ ဟွမ်အာ၏ လက်၌ ချွေးစေးများ ထွက်နေသည်။ လူသားအရှင်သခင်တို့၏ အကြံအစည်ကို သူမ ရိပ်မိပါသော်လည်း ယဲ့ဖန်ကို ဘာမှမကူညီပေးနိုင် ဖြစ်နေ၏။
“အစ်ကိုယဲ့ဖန် … ရှင် အဆင်ပြေမှဖြစ်မယ်၊ ဘာမှမဖြစ်ပါစေနဲ့”
ဟွမ်အာ၏ မျက်နှာ ဖြူရော်နေသည်။ သူမ၏ နတ်ဘုရား စွမ်းအင်ကို အသည်းအသန် လည်ပတ်၍ ခန္ဓာကိုယ်မှ အစီအရင်ကို ချိုးဖျက်ချင်နေသည်။
သူမ၏ ကိုယ်တွင်းအင်္ဂါများ ပျက်စီးလာပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ သွေးကြောများ ပျက်စီးလာ၏။ သို့သော် သူမ မရပ်တန့်ဘဲ အစီအရင်ကို အသည်းအသန် ချိုးဖောက်နေသည်။
သူမ ယဲ့ဖန်ကို ကူညီချင်ပါသည်။ ဟွမ်အာ၏ ပါးစပ်ထောင့်မှ သွေးများ ထွက်လာလေသည်။ သူမ ဒဏ်ရာရမှန်း သိသာလှသည်။
ထိုအချိန်တွင် ကောင်းကင်ဘုရင်အဆင့် ခြောက်ယောက်လုံး ယဲ့ဖန်ရှေ့သို့ ရောက်နေလေသည်။ သူတို့အားလုံး သုန်မှုန်နေသော အမူအရာများဖြင့် ရှိနေကြပြီး ယဲ့ဖန်အား လက်ကိုလှုပ်၍ အပြင်းအထန် တိုက်ခိုက်လာကြသည်။
“သေပေတော့”
အကြီးအကဲ သုံးယောက်နှင့် ထိုက်ကူ နဂါးသုံးကောင်က သွေးဆာသလို ပြုံးနေကြသည်။ သူတို့သည် ပြင်းထန်သော အရှိန်အဝါများ ပါဝင်သည့် လက်ဝါးချက်များဖြင့် ယဲ့ဖန်ကို တိုက်ခိုက်လေသည်။
ခြောက်ယောက်လုံး ပြိုင်တူ တိုက်ခိုက်လာသောအခါ ဖိအားက မိုးပြိုမတတ်ပင်။ ဤမြင်ကွင်းကိုကြည့်ပြီး လူသား အရှင်သခင်နှင့် အခြားသူများ အပြုံးကြီး ပြုံးနေကြသည်။
ယဲ့ဖန် ခုခံလိုက်သည်နှင့် သူ၏သေခြင်းတရား ကျရောက်လာမည် ဖြစ်သည်။ ထိုသို့စဉ်းစားပြီး လေးယောက်လုံးက သိုးပေါက်ကို သတ်ဖြတ်တော့မည့် သားရဲများကဲ့သို့ ယဲ့ဖန်ကို ကြည့်လာကြသည်။ သူတို့ ယဲ့ဖန်ကို သတ်ချင်နေ၏။