← Chapters

အခန်း ၁၀၄၄

Vol. 70 Ch. 1044

အခန်း ၁၀၄၄

Vol. 70 Ch. 1044

Chapter 1044 ဘုံကိုးပါးဧကရာဇ်

“ဟားဟားဟား … သေလိုက်ကြတော့ ငရဲဘုံပုရွက်ဆိတ်တွေ”

လက်ရှိအချိန်၌ ကောင်းကင်ယံတွင် သွေးမြူခိုးများ ဖြစ်ပေါ်နေပြီး သွေးများ ပေကျံနေသော လူသား အရှင်သခင်က အပြုံးကြိး ပြုံးနေ၏။ သူ၏ လက်နှစ်ဖက်လုံးဖြင့် ယင်ယန်လောကမှ သိုင်းပညာရှင်များကို သည်းကြီးမည်းကြီး သတ်ဖြတ်နေသည်။

ယဇ်ပူဇော်ခြင်း အမိုးပေါ်သို့ အလောင်းများ တစ်လောင်းပြီးတစ်လောင်း ပြုတ်ကျနေသဖြင့် တောင်သဖွယ် ဖြစ်နေသည်။ ကောင်းကင်ယံမှ ပူပြင်းသော အပူချိန်ကြောင့် အလောင်းများ အရည်ပျော်ကာ သွေးအိုင်သဖွယ် ဖြစ်လာသည်။ ထိုအခါတွင်မှ ကောင်းကင်တာအိုက အားပါးတရ စုပ်ယူလေသည်။

ကောင်းကင်ထက်မှ ကောင်းကင်တာအိုသည် သက်တောင့်သက်တာဖြစ်ကာ ပျော်နေပုံရသည်။ ဤစားသောက် ဖွယ်ရာများနှင့် ပတ်သက်၍ အလွန် ကျေနပ်နေသည့်ပုံပင်။

“ဒီအားနည်းတဲ့ ပုရွက်ဆိတ်တွေက တော်တော် အရသာရှိတာပဲ၊ ဒီသိုင်းပညာရှင်ဆိုတဲ့ကောင်တွေက အရသာရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

သူ၏မျက်လုံး၌ လောဘရိပ်များ စွန်းထင်းလာသည်။ ကောင်းကင်တာအို၏ မျက်လုံးများက မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများကို လှမ်းကြည့်လာသည်။ သူ၏စိတ်ထဲတွင် တစ်ခဏအတွင်း ဤလူအားလုံးကို စားရတော့မည်ဟု ထင်မှတ်နေသည်။

ရွှေရောင်သတ္တဝါများ ယဲ့ဖန်ထံ ပြေးဝင်သွားသည်ကို သူ တွေ့နေရသည်။ သို့သော် ထိုသတ္တဝါတိုင်း အနားသို့ ရောက်သည်နှင့် နတ်ဆိုးချီမျှင်စုကြောင့် လွင့်စဉ်ပြုတ်ကျကုန်သည်။

“ဒါ … နိုးထခြင်း အငွေ့အသက်ပဲ”

ကောင်းကင်တာအိုသည် တစ်စုံတစ်ရာကို နားလည်သွားသဖြင့် မျက်မှောင်ကြုတ်သွားသလို အမူအရာလည်း ပြောင်းလဲသွားလေသည်။

“မဖြစ်ဘူး၊ မြန်မြန် သူ့ကိုသတ်၊ သူ့ကို နိုးထခွင့်ပေးလို့မရဘူး”

ကောင်းကင်တာအိုက ခြောက်ခြားစွာ အော်ပြောလိုက်သည်။ တစ်ချိန်က တပေါ်အရှင်သခင် မည်မျှ ကြောက်စရာ ကောင်း၍ ကြမ်းကြုတ်စရာကောင်းသည်ကို သူ သိပါသည်။ သူ၏ဓားတစ်ချက်၌ လူတစ်ယောက် သေဆုံးရသည်။ ကောင်းကင်တာအိုနှင့် ရွှေရောင်သတ္တဝါများကို သုတ်သင်နိုင်လုနီပါး ဖြစ်ခဲ့ဖူးသည်။

သူ၏အော်သံကြောင့် များစွာသော ရွှေရောင်သတ္တဝါများက ဒီရေသဖွယ် ယဲ့ဖန်ထံသို့ ဦးတည်သွားကြသည်။ အကောင်ရေ နှစ်သောင်းတိတိ ယဲ့ဖန်ထံ ပြေးဝင်သွားလေသည်။ ဤအဖြစ်ကြောင့် မဟာနတ္ထိ အရှင်သခင်နှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။

“သခင်ကြီး”

“ပထမ အရှင်သခင်”

“…”

အားလုံး အလန့်တကြား အော်ဟစ်မိလိုက်သည်။ သူတို့ ယဲ့ဖန်ကို သွားကယ်ချင်ပါသော်လည်း သူတို့နား၌ ရွှေရောင်သတ္တဝါများ ဝိုင်းနေသဖြင့် ကယ်၍မရ ဖြစ်နေသည်။ ဤသည်ကိုကြည်ပြီး လူသား အရှင်သခင်နှင့် သူ၏ဆရာတို့က ဟားတိုက် ရယ်မောလေ၏။

“ဟားဟားဟား … အဲ့ငရဲဘုံပုရွက်ဆိတ်က ရူးနေတာလား၊ အခု သူ ဘယ်လိုသေမလဲ ကြည့်ကြသေးတာပေါ့”

လူသား အရှင်သခင်သည် ယဲ့ဖန်ကို အလွန် မုန်းတီးသဖြင့် မြန်မြန် သေစေချင်နေသည်။ သူ၏ဆရာကလည်း ထီမထင်ဟွာ ပြုံးနေလေသည်။

“သေလိုက်တော့၊ မင်း သေတာနဲ့ မင်းအနားက ပုရွက်ဆိတ်တွေလည်း မင်းနောက် လိုက်လာမှာ၊ အဲ့အခါကျရင် ငါတို့ ယန်နယ်မြေကို ပြန်ပြီး နတ်မင်း ဖြစ်နိုင်ပြီ”

လူသားအရှင်သခင်နှင့် ဆရာဖြစ်သူတို့သည် ယဲ့ဖန်အား ရွှေရောင်သတ္တဝါ နှစ်သောင်းကျော်က ဝိုင်းထားသဖြင့် အသက်ရှင်ရန် လမ်းစမရှိဟု ထင်နေကြသည်။

ထိုစဉ် ရွှေရောင်သတ္တဝါများထံမှ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာ၏။ ထိုအသံ၌ အလွန်တရာ ကြောက်စရာကောင်းသော အရာတစ်ခုနှင့် ရင်ဆိုင်နေရသဖြင့် ကြောက်လန့်နေသံများ စွန်းထင်းနေသည်။

ဤအဖြစ်ကြောင့် လူသားအရှင်သခင်နှင့် သူ၏ဆရာတို့ မှင်တက်သွားသည်။ သူတို့ ကြည့်နေစဉ်မှာပင် ရွှေရောင် သတ္တဝါတစ်ကောင်၏ ခန္ဓာကိုယ်က အက်ကွဲလာလေသည်။

“ကျိကျိ”

စူးခနဲ အော်သံထွက်လာပြီးနောက် ထိုသတ္တဝါ၏ ခန္ဓာကိုယ် ပေါက်ကွဲကာ တစ်စစီ ဖြစ်သွားလေသည်။ ထို့နောက် တစ်ကောင်ပြီး တစ်ကောင် ဆက်တိုက် ပေါက်ကွဲသေဆုံးသွားလေသည်။

နှစ်ကောင်၊ ဆယ်ကောင်၊ အကောင်တစ်ရာ။ ရွှေရောင်သတ္တဝါများ စူးခနဲ အော်ဟစ်ရင်း သေဆုံးသွားကြသည်။ ပြင်းထန်သော ဖိအားတစ်ခုက ရွှေရောင်သတ္တဝါများကို ရှင်းလင်းလေတော့သည်.

“ဒါ … ဒါ ဘာအငွေ့အသက်မျိုးလဲ၊ ဘာလို့ ဒီလောက် ပြင်းထန်ရတာလဲ”

လူသားအရှင်သခင်နှင့် ဆရာဖြစ်သူတို့ မျက်ခုံးလှုပ်ကာ ကြက်သီးထလာလေသည်။ အောက်ဘက်မှနေ၍ မရဏ အငွေ့အသက်များ တက်လာနေသည်ဟု ခံစားမိလာရသည်။

သူတို့ အံ့ဩနေစဉ်မှာပင် အောက်ဘက်မှ ပူပြင်းသော အငွေ့အသက်လှိုင်းတစ်ခု ပျံ့လွင့်လာ၏။ ထိုအငွေ့အသက်က အရာအားလုံးကို အရည်ပျော်စေနိုင်ပုံရသည်။

ထိုအငွေ့အသက်အောက်၌ ရွှေရောင်သတ္တဝါများ ချက်ချင်း သေဆုံးသွားကြသည်။ အကောင်တစ်ထောင်၊ ငါးထောင်၊ တစ်သောင်း။

အသက်ရှင်နေသေးသော ကျန်ရွှေရောင် သတ္တဝါများက ကောင်းကင်ထက်သို့ ပျံတက်လာကြသည်။ ထိုရွှေရောင် သတ္တဝါများ ကြားထဲမှ လူနှစ်ယောက်ကို ထင်းခနဲ မြင်လိုက်ရသည်။

ထိုလူနှစ်ယောက်သည် လူငယ်တစ်ယောက်နှင့် မိန်းမပျိုလေး တစ်ယောက်ပင်။ ပြင်းထန်လှသော အငွေ့အသက်က လူငယ်လေးထံမှ ထွက်ပေါ်လာပုံရသည်။ ထိုအငွေ့အသက်က နေမင်း၏ အရှိန်အဝါလိုပင်။

ပူပြင်းသော ထိုအငွေ့အသက်ကို ခံစားမိချိန်တွင် လူသား အရှင်သခင်၏ ဆရာဖြစ်သူ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကြောက်ရွံ့ဟန် ပေါ်လာလေသည်။

“ဒါ … ဒါ ယန်စွမ်းအင်ရဲ့ အငွေ့အသက်ပဲ”

ထိုစကားကြောင့် လူသား အရှင်သခင် ထိတ်လန့်သွားသည်။ ယဲ့ဖန်ကဲ့သို့ ငရဲဘုံက ပုရွက်ဆိတ်၌ ယန်စွမ်းအင်၏ အငွေ့အသက် ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပေ။

သူသည်သာမက ကောင်းကင်တာအိုသည်လည်း မျက်မှောင်ကြုတ်နေ၏။

“ဘုံကိုးပါး ယန်စွမ်းအင်”

“ဒါ ယန်နယ်မြေမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ဘုံကိုးပါး ယန်စွမ်းအင်ပဲ”

ကောင်းကင်တာအို အံ့ဩနေ၏။ အခြားသူများ ဤသည်ကို မသိသော်လည်း သူသည် ယန်နယ်မြေ၏ အလယ်ပိုင်းဒေသမှ လူဖြစ်သောကြောင့် ဘုံကိုးပါး ယန်စွမ်းအင်၏ ဒဏ္ဍာရီကို ငယ်စဉ်ကတည်းက သိထားသည်။

ထိုစွမ်းအင်သည် ယန်နယ်မြေ၌ အပူပြင်းဆုံးနှင့် အပြင်းထန်ဆုံး ယန်စွမ်းအင် ဖြစ်သည်။ ကောလာဟလများအရ တစ်ချိန်က ကောင်းကင်ယံ၌ နေဆယ်စင်း ရှိခဲ့သည်ဟု ဆိုသည်။ ထိုနေဆယ်စင်းကြောင့် မြစ်ချောင်းများ ခြောက်သွေ့ခမ်းခြောက်ကာ တောင်တန်းများနှင့် ကျောက်ဆောင်များ အမှုန့်ဖြစ်သွားခဲ့သည်။ သက်ရှိများ သည်လည်း လောင်ကျွမ်း၍ မီးသွေးသဖွယ် ဖြစ်သွားပြီး ဘယ်အရာမှ မရှင်သန်နိုင်တော့ချေ။

ထိုအချိန်၌ ဘိုးဘေးတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ သူသည် ကြောက်စရာကောင်းသော စွမ်းအင်ကို အသုံးပြု၍ ကိုးရက်တိုင်တိုင် နေကိုးစင်းကို အရည်ပျော်စေခဲ့ပြီး မွမ်းမံသန့်စင်ခဲ့သည်။

ထိုသို့သန့်စင်ရာမှ ဖြစ်တည်လာသောအရာအား ဘုံကိုးပါး ယန်စွမ်းအင်ဟု ခေါ်ဝေါ်လေသည်။ နောက်မျိုးဆက် များက ထိုဘိုးဘေးကို ဘုံကိုးပါးဧကရာဇ်ဟု ခေါ်ဆိုကြသည်။

သို့သော် နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီး ဘုံကိုးပါးဧကရာဇ် ကံကုန်သွားချိန်တွင် ဘုံကိုးပါး ယန်စွမ်းအင်က ယန်နယ်မြေမှ အင်အားစုပေါင်းများစွာ ယှဉ်ပြိုင်လုယက်လိုသည့် အဖိုးအတန်ဆုံး ချီစွမ်းအင် ဖြစ်လာလေသည်။

ထိုအချိန်က ယန်နယ်မြေမှ များစွာသော အင်ပါယာများက ဘုံကိုးပါး ယန်စွမ်းအင်ကို ပိုင်ဆိုင်နိုင်ရန်အတွက် စစ်ပွဲ တစ်ပွဲပြီး တစ်ပွဲ ဆင်နွှဲခဲ့သည်။ နောက်ဆုံးတွင် ထိုယန်စွမ်းအင်က ဟင်းလင်းပြင်၌ ပျောက်ကွယ်သွားပြီး ဘယ်သောအခါမှ ပြန်ပေါ်မလာတော့ချေ။

“မဟုတ်ဘူး … မဖြစ်နိုင်တာ၊ ဘယ်လိုလုပ် ငရဲဘုံက တွားသွားကောင်ဆီမှာ ဘုံကိုးပါး ယန်စွမ်းအင် ရှိနိုင်မှာလဲ၊ ဒါ … လုံးဝ မဖြစ်နိုင်ဘူး”

ကောင်းကင်တာအို၏ မျက်လုံးများ၌ တုန်လှုပ်ခြောက်ခြားဟန် စွန်းထင်နေ၏။ ဤသတင်းသာ ယန်နယ်မြေ၌ ပျံ့နှံ့သွားပါက မည်မျှ ထိတ်လန့်သွားမလဲ သူ ကောင်းကောင်းကြီး သိလေသည်။

များစွာသော အင်အားစုများ၊ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီးများအားလုံး ပုန်းအောင်းနေရာမှ ထွက်လာပြီး အသည်းအသန် လုယက်လောက်သည်။

ထိုသို့ဆိုလျင် သူမဆိုထားနှင့် သူ့အနောက်မှ ကျုံးကျိုး အင်ပါယာနှင့် သူ့မိသားစုပါ ချက်ချင်း ပျောက်ကွယ် သွားလောက်သည်။

“ချီးတဲ့မှပဲ၊ ဒီကောင်…”

ကောင်းကင်တာအို ထိတ်လန့်သလို လောဘတက်ကာ မနာလိုဖြစ်နေ၏။ ထိုစဉ် ယဲ့ဖန်က ကောင်းကင်ယံသို့ ပျံတက်လာပြီး လက်ထဲမှ ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။

နတ်ဓားထံမှ ပူပြင်းသော လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ကျန်ရှိနေသော ရွှေရောင်သတ္တဝါ အကောင် တစ်သောင်းအား အပြီးတိုင် သုတ်သင်သွားလေသည်။ ထိုအချိန်မှစ၍ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

All Chapters