← Chapters

အခန်း ၁၀၄၇

Vol. 70 Ch. 1047

အခန်း ၁၀၄၇

Vol. 70 Ch. 1047

Chapter 1047 နတ်ဘုရားဆိုတိုင်း သတ်လို့မရဘူးလား၊ နတ်ဘုရားဆိုတိုင်း ဖျက်ဆီးလို့ မရဘူးလား

ရွှေရောင်သတ္တဝါ အကောင်တစ်သိန်းသည် ယဲ့ဖန်ထံသို့ ဒီရေအလား ပြေးဝင်နေကြသည်။ ဤမြင်ကွင်းကြောင့် အားလုံး ကြက်သီးတဖြန်းဖြန်း ထလာလေသည်။

ထို့အပြင် ကောင်းကင်တာအို၏ မျက်လုံးတစ်စုံမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ဖြာထွက်လာသည်။ ထိုရွှေရောင် အလင်းတန်းက ရွှေရောင်သတ္တဝါများပေါ်သို့ ကျရောက်လာသောအခါ ထိုသတ္တဝါများ၏ အရှိန်အဝါ က ထပ်မံ၍ တိုးမြင့်လာ၏။

“ချီးတဲ့မှပဲ”

ဤအဖြစ်ကြောင့် မဟာနတ္ထိ ရှေးဧကရာဇ် တုန်လှုပ်သွားသည်။ ထိုရွှေရောင်အလင်းတန်းက ထိုသတ္တဝါများအပေါ် ကြီးမားသော သက်ရောက်မှုမျိုးရှိကြောင်း သူ သိနေသည်။

ရွှေရောင်သတ္တဝါတိုင်း၏ တိုက်ပွဲဝင်ခွန်အားက ယခင်ကထက် သုံးပုံတစ်ပုံ ပိုတိုးလာသဖြင့် ကြောက်လန့်ဖွယ် ကောင်းလှသည်။

“ပထမ အရှင်သခင်”

“သခင်ကြီး”

အားလုံး စိုးရိမ်ပူပန်နေကြသည်။ သူတို့၏အမြင်တွင် ဤရွှေရောင်သတ္တဝါ အကောင်တစ်သိန်းက လောက၏ အရာအားလုံးကို ဖျက်ဆီးရန် လုံလောက်နေပြီဟု ထင်မှတ်နေလေသည်။

“ယဲ့ဖန် သတိထား”

ဟွမ်အာ၏ လက်သည်လည်း ချွေးစေးများ စို့နေ၏။ ယခုတစ်ကြိမ် ယဲ့ဖန်၏ နိုးထခြင်းက ကြောက်စရာ ကောင်းလှမှန်း သူမ သိပါသည်။ သို့သော် ယဲ့ဖန်၏ သိုင်းအဆင့်က ကောင်းကင်တာအိုနှင့် မယှဉ်နိုင်ပေ။ အထူးသဖြင့် များစွာသော ရွှေရောင်သတ္တဝါများနှင့် ရင်ဆိုင်ရပါက မည်သည့် သိုင်းပညာရှင်မဆို သုတ်သင်ခံရ လောက်သည်။ လူသားအရှင်သခင်မှာမူ အားလုံးနှင့် မတူဘဲ စိတ်လှုပ်ရှားနေ၏။

“သူ့ကိုသတ်လိုက်၊ ဒီမကောင်းဆိုးဝါးကို သတ်လိုက်တာနဲ့ ဒီအရှင်သခင် ယန်နယ်မြေကို တက်နိုင်ပြီးတော့ နတ်မင်းတစ်ပါး ဖြစ်လာတော့မှာ”

လူသားအရှင်သခင်၏ ယဲ့ဖန်အ‌ပေါ် မုန်းတီးစိတ်က တိုးပွားလာနေသည်။ လက်ရှိအချိန်တွင် ရွှေရောင် သတ္တဝါများက ယဲ့ဖန်ကို ဝိုင်းထားသည်ကိုမြင်ပြီး စိတ်လှုပ်ရှား ပျော်ရွှင်လာ၏။ ထိုရွှေရောင်သတ္တဝါများ၏ လက်သည်းအောက်၌ ယဲ့ဖန် ဆိုးဆိုးရွားရွား သေဆုံးသည်ကိုကြည့်ရန် မစောင့်နိုင်တော့ချေ။

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ထိုရွှေရောင်သတ္တဝါ အကောင်တစ်သိန်းက ယဲ့ဖန်ကို လုံးဝ ဖုံးလွှမ်းသွားသည်။ ၎င်းတို့သည် လက်သည်းများကို ဆန့်ထုတ်၍ ယဲ့ဖန်ကို ကုတ်ဖဲ့ရန် ပြင်လာကြသည်။

ထိုအခါ အားလုံး အံ့ဩသွားရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်သည် နေရာ၌ မလှုပ်မယှက် ရပ်မြဲရပ်နေသည်။ သူ့ပုံစံက အသိစိတ်လွှတ်နေသည့်ပုံပင်။ ရွှေရောင်သတ္တဝါများက သူ့ရှေ့ ရောက်လာတာ တောင်မှ မည်သို့မှ မတုံ့ပြန်ပေ။

“ဘာဖြစ်တာလဲ၊ ဘာလို့ သခင်ကြီးက ငြိမ်နေတာလဲ”

မဟာနတ္ထိ ရှေးဧကရာဇ် စိုးရိမ်ကာ ချွေးပြန်လာလေသည်။ သူ့အနားမှ ဟွမ်အာနှင့် အခြားသူများလည်း မျက်နှာ ပြာနှမ်းနေ၏။ လူသား အရှင်သခင်၏ အပြုံးက ပိုပိုပီပြင်လာသည်။

“မင်း ကြောက်နေပြီလား၊ ဟားဟားဟား … မင်း ဘာကြောင့်ပဲ အသိစိတ်လွတ်လွတ် ဒီတစ်ခါတော့ မင်း ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့”

လူသားအရှင်သခင်၏ အမြင်တွင် ယဲ့ဖန် သေကိုသေရမည်ဟု မှတ်ယူထားသည်။ ယဲ့ဖန် သေဆုံးရမည့် နည်းလမ်းက သူ ထင်ထားသည်ထက် ပို၍သာလွန်နေသေးသည်။ ကောင်းကင်တာအို၏ မျက်လုံးတွင်တောင်မှ အံ့ဩဟန် ပေါ်နေသည်။ ချက်ချင်းဆိုသလိုပင် အံ့ဩနေရာမှ အထင်သေး စက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။

“ပုရွက်ဆိတ်က ပုရွက်ဆိတ်ပါပဲ၊ မင်းမှာ ဘုံကိုးပါး ယန်စွမ်းအင် ရှိတယ်ဆိုရင်တောင်မှ မင်းကံကြမ္မာကနေ ထွက်ပြေးဖို့ မဖြစ်နိုင်ဘူး”

ကောင်းကင်တာအို ပျော်ရွှင်နေ၏။ ယဲ့ဖန် တစ်စစီ ဆုတ်ပြဲသွားပြီး ဘုံကိုးပါးယန်စွမ်းအင်ကို သူ ပိုင်ဆိုင်ပြီဟု မြင်ယောင်နေလေသည်။

ထိုအခိုက်တွင် ရွှေရောင်သတ္တဝါများ၏ လှုပ်ရှားမှုက ပိုပို၍ ပြင်းထန်လာ၏။ ယဲဖ့န်အရှေ့သို့ ရောက်လာသည်နှင့် လက်သည်းများကိုဝင့်၍ ဆုတ်ဖြဲလေသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံး စက္ကူစကဲ့သို့ တစ်စစီ ဖြစ်သွားသည်။ သို့သော် ယဲ့ဖန်ကို ဆုတ်ဖြဲပြီးသည်နှင့် ရွှေရောင်သတ္တဝါများအားလုံး အံ့ဩသွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ဆုတ်ဖြဲလိုက်သော်လည်း သွေးတစ်စက်မျှ ထွက်မလာသောကြောင့်ပင်။ သူတို့သည်သာမက ကောင်းကင်တာအို၏ မျက်လုံးတစ်စုံ၊ လူသား အရှင်သခင်နှင့် မဟာနတ္ထိ ရှေးဧကရာဇ် တို့အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ကောင်းကင်တာအို မျက်မှောင်ကြုတ်သွားလေသည်။

“မဟုတ်ဘူး၊ သူတို့က မင်းအနောက်မှာ”

ထိုစကားကြောင့် ရွှေရောင်သတ္တဝါများအားလုံး မျက်နှာ အမူအရာ ပျက်ယွင်းသွားပြီး နောက်သို့ လှည့်ကြည့် လိုက်ကြသည်။

ထိုအခါ ယဲ့ဖန်၏ပုံရိပ်က တစ္ဆေတစ်ကောင်သဖွယ် ရွှေရောင်သတ္တဝါများ၏ အနောက်သို့ ရောက်နေလေသည်။ ထို့အပြင် သူသည် အဝိုင်းခံထားရာမှ ထွက်လာပြီးသည်နှင့် လက်ထဲမှ နတ်ဓားကို ဝင့်၍ ကောင်းကင်တာအို၏ မျက်လုံးကို ခုတ်ပိုင်းလိုက်သည်။

“ချီးပဲ”

ကောင်းကင်တာအို ထိတ်လန့်သွားသည်။ ယခုအခါတွင်မှ ယဲ့ဖန်၏ ပစ်မှတ်က ရွှေရောင်သတ္တဝါများ မဟုတ်ဘဲ သူ ဖြစ်နေကြောင်း သိလိုက်ရသည်။

ဓားထံမှ ပြင်းထန်သော အပူလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုဓားချက်ကြောင့် ကောင်းကင်ယံမှ လေဟာနယ် တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်လာ၏။

ကောင်းကင်တာအို ထိတ်လန့်တကြား ဖြစ်သွားပြီးနောက် ဧရာမ မျက်လုံးတွင်းမှ အဖြူရောင် အလင်းတန်း ထွက်ပေါ်လာပြီး အရှေ့၌ ဧရာမ အလင်းကားချပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအလင်းကားချပ် ပေါ်လာသည်နှင့် လူတိုင်းအား လေးလံထိုင်းမှိုင်းသော ခံစားချက်မျိုး ပေးစွမ်းလာသည်။ ထိုအချိန်မှပင် နတ်ဓားက ထိုအလင်းကားချပ်ပေါ်သို့ ကျရောက်လာလေသည်။

ဒေါင်!

သံသံချင်း ထိမိသွားသောအသံ ထွက်လာပြီး အလင်းကားချပ်၌ အက်ရာဟူ၍ တစ်ခုမှ ဖြစ်ပေါ်မလာချေ။ ဤအဖြစ်ကြောင့် မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများ အံ့ဩသွားသည်။

ယဲ့ဖန်၏ ဓားချက်က ရွှေရောင်သတ္တဝါ တစ်သောင်းကို သတ်ဖြတ်နိုင်သော်လည်း ကောင်းကင်တာအို၏ အလင်း ကားချပ်ကို မချိုးဖောက်နိုင်ပေ။

“ဟားဟားဟား … အရူး၊ ငါ့ရဲ့ အကာအကွယ်က ယန်နယ်မြေက စွမ်းအင်နဲ့ သန့်စင်ထားတာကွ”

ကောင်းကင်တာအို၏ မျက်လုံးတွင် အထင်သေး လှောင်ပြောင်ရိပ်များ ထင်ဟပ်နေသည်။

“မင်းလို တွားသွားကောင်က …”

ကောင်းကင်တာအို၏ သရော်သော စကားများ မဆုံးခင်မှာပင် အက်သံထွက်လာသဖြင့် စကားပြောနေရာမှ ရပ်သွားလေသည်။ ထို့နောက် အလင်းကားချပ်ပေါ်၌ အက်ရာ ထင်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”

ကောင်းကင်တာအို ထိတ်လန့်နေ၏။ ယဲ့ဖန်၏ ပုရွက်ဆိတ်ကဲ့သို့ အားနည်းသော ခွန်အားကို သူ လှောင်ပြောင် ချင်သော်လည်း တစ်ဖက်လူ၏ အပြုအမူက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသဖြင့် အရှက်ရကာ ခြောက်ခြားသွားသည်။

အက်ရာများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီးနောက် အက်ကွဲပျက်စီးသွားပြီး ကောင်းကင်တာအို၏ ကြီးမားသော မျက်လုံးတစ်စုံက ယဲ့ဖန်ရှေ့သို့ ပေါ်ထွက်လာသည်။

“မင်းကိုယ်မင်း သန်မာတယ် ထင်နေတာလား”

ယဲ့ဖန်က အေးစက်စွာ ပြုံးနေသည်။

“နတ်ဘုရားဖြစ်တိုင်း မသတ်နိုင်ဘူး ထင်နေလား၊ နတ်ဘုရားဆိုတိုင်း ဖျက်ဆီးမရဘူး ထင်နေတာလား”

ထိုသို့ပြောပြီး ယဲ့ဖန်က ဓားကို ဒုတိယအကြိမ် ဝင့်၍ ခုတ်ပိုင်းလိုက်သည်။ ဤဓားချက်က ပထမဓားချက်ထက် ပိုပြင်းထန်လေသည်။

အရှေ့မှ အလင်းကားချပ်၏ အပိုင်းအစအားလုံး ပျက်စီးသွားပြီး ပူပြင်းသော အငွေ့အသက်တစ်ခုက ကောင်းကင် တာအို၏ မျက်လုံးထံ ကျရောက်လာ၏။

“မလုပ်နဲ့”

ကောင်းကင်တာအို ပထမဆုံးအကြိမ် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ မျက်လုံးတွင်းမှနေ၍ အဖြူရောင် အလင်းကားချပ်များကို ထပ်ထုတ်ဖော်လိုက်သည်။

နှစ်ခု၊ ဆယ်ခု၊ အခုနှစ်ဆယ်။ ကောင်းကင်တာအိုသည် အစွမ်းကုန် ကြိုးစား၍ ခုခံကာကွယ်လေသည်။ သို့ရာတွင် ဓားချက်မှ ထွက်ပေါ်လာသော ဘုံကိုးပါး ယန်စွမ်းအင်က ပြင်းထန်လွန်းလှသည်။

အလင်းကားချပ်သည် ထွက်ပေါ်လာပြီးသည်နှင့် ပူပြင်းသော ဘုံကိုးပါး ယန်စွမ်းအင်ကြောင့် လောင်ကျွမ်းကာ ပြာဖြစ်သွားလေသည်။

ကောင်းကင်ယံ၌ ပြာမှုန့်များ မျောလွင့်နေပြီး ယဲ့ဖန်၏ ဓားက တားဆီးမရနိုင်သော အရှိန်အဝါဖြင့် ကောင်းကင် တာအို၏ မျက်လုံးထံ ကျရောက်လာသည်။

All Chapters