← Chapters

အခန်း ၁၀၅၃

Vol. 71 Ch. 1053

အခန်း ၁၀၅၃

Vol. 71 Ch. 1053

Chapter 1053 ဘုံကိုးပါး ဧကရာဇ်၏ အမည်

ဖျင်အမ်းမြို့၏ ညတာကောင်းကင်ယံ၌ အလင်းတန်းများ ဖြတ်ပြေးနေပြီး ကိုယ်ပိုင် အာကာသယာဉ်များ ဖြတ်သန်း သွားလာနေ၏။

ထိုအာကာသယာဉ်များထဲတွင် တစ်စီးက အလွန် ထူးခြားလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုအာကာသယာဉ် ပေါ်၌ ထန်ဟူသော စကားလုံးကို ရေးထွင်းထားသောကြောင့်ပင်။

ဤကိုယ်ပိုင် အာကာသယာဉ်ပေါ်မှ ထန်ဟူသော စကားလုံးကို မြင်သည်နှင့် ဘေးနားမှ အာကာသယာဉ်များက ရှောင်တိမ်းသွားကြသည်။ သိုင်းပညာရှင်များ၏ လေယာဉ်များလည်း ဘေးတစ်ဖက် တစ်ချက်သို့ ရှောင်ဖယ်သွား ကြလေသည်။

ဤထန်ဟူသော အာကာသယာဉ်က ဖျင်အန်းမြို့၏ ဘုရင်ကို ကိုယ်စားပြုသည်ဟု ထင်မှတ်မှားရပြီး အခြားသော အာကာသယာဉ် များပေါ်မှ လူများက လေးစားသော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။

ထိုအချိန်တွင် ထန်ဟူသော စကားလုံးပါသည့် အာကာသယာဉ်ပေါ်၌ အဘိုးအိုတစ်ယောက်နှင့် မိန်းမပျို တစ်ယောက်တို့ စကားပြော၍ လိုက်ပါလာ၏။

ထိုအဘိုးအို၏ မျက်နှာတွင် လွှမ်းမိုးနိုင်ဟန်များ ထင်ပေါ်နေပြီး တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားကာ ယန်စွမ်းအင်များ ပြည့်နှက်နေသောကြောင့် အမြင့်၌ အချိန်အတော်ကြာ ရပ်တည်နေခဲ့သော ဘုရင်တစ်ပါးကဲ့သို့ သန်မာသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

မိန်းမပျိုလေးမှာမူ မျက်နှာအမူအရာက ကျောက်စိမ်းကဲ့သို့ ကြည်လင်ဝင်းပ၍ ပြစ်မျိုးမှဲ့မထင် လှပလှသည်။ ပန်းချီကားထဲမှ နတ်မိမယ်ဟုပင် ထင်မှတ်ရပြီး နူးညံ့သိမ့်မွေ့သော ပင်ကိုစရိုက် ရှိလေသည်။ လက်ရှိအချိန်တွင် ထိုမိန်းမပျိုလေးက မျက်နှာနီမြန်းကာ အလွန် စိတ်လှုပ်ရှားနေပုံရပြီး အဘိုးအိုအား စကားပြောနေသည်။

“ဘိုးဘိုး၊ ဒီတစ်ခေါက် ဘုံကိုးပါး ဧကရာဇ်ရဲ့ ဂူဗိမာန်ကို သွားတာကနေ သမီး တော်တော်လေး အကျိုးအမြတ် ရလိုက်တယ်”

“အစက ဘုံကိုးပါးဧကရာဇ်ကို ဒီအတိုင်း ဧကရာဇ်ယိလို့ပဲ ထင်နေခဲ့တာ၊ တစ်ခြားလူဝင်စားတွေ ရှိနေလိမ့်မယ်လို ထင်မထားမိဘူး”

ဧကရာဇ်ယိသည် ရှေးခေတ်အချိန်များက နေကိုးစင်းအား သူတစ်ဦးတည်း၏ အစွမ်းဖြင့် သန့်စင်ခဲ့သော ကြောက်စရာကောင်းသည့် ဘိုးဘေးဖြစ်လေသည်။

သူ့အား လောကက ဧကရာဇ်ယိအဖြစ် လေးစားကြည်ညိုကြသည်။ သို့ရာတွင် ဧကရာဇ်ယိသည် ပြန်လည်ဝင်စားသော ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးဖြစ်သည်ဟု ထန်ယွင်အာ သိလာရသည်။

သူမစကားကြောင့် အဘိုးအို ထန်မင်လီက မုတ်ဆိတ်မွေးကို သပ်၍ ပြုံးနေသည်။ သူ၏မျက်နှာတွင် လေးစား၍ ထိတ်လန့်သော ဟန်ပန်များ ပြည့်နှက်နေ၏။

“ဘုံကိုးပါး ဧကရာဇ်က လူဝင်စား ဧကရာဇ်ကိုးပါးကို ကိုယ်စားပြုတယ်၊ တစ်ယောက်ချင်းစီက နယ်မြေကိုးခုရဲ့ နတ်မင်းတွေပဲလေ”

“ဥပမာပြောရရင် ဧကရာဇ် ရှန့်နုန်၊ ဧကရာဇ် ရွှမ်ယွမ်

“အခြား အကြမ်းဖက်မျိုးနွယ်တွေရဲ့ ကျူးကျော်မှုကို ခုခံဖို့အတွက် မဟာတံတိုင်းကို တည်ဆောက်ခဲ့တဲ့ ပထမဆုံး ဧကရာဇ်လည်း ရှိတယ်လေ”

“တစ်ယောက်ချင်းစီက ဘုံကိုးပါး ဧကရာဇ်ရဲ့ လူဝင်စားတွေချည်းပဲ၊ အဲ့ကိုးယောက်ကို တစ်ယောက်တည်းအဖြစ် ပေါင်းလိုက်ရင် တစ်လောကလုံး လေးစားတဲ့လူလို့ ဆိုရမှာပေါ့”

ထန်မင်လီ၏ စကားတစ်ချို့က ဘေးနားမှ ထန်ယွင်အာအား လေးစားကြည်ညိုစိတ်များဖြင့် ပြည့်နှက် လာစေသည်။

လူဝင်စားကိုးယောက်ထဲမှ မည်သူမဆိုက ဧကရာဇ်တစ်ပါးဆီ ဖြစ်ခဲ့သဖြင့် ထိုလူက မည်မျှ သန်မာသလဲ သူမ မတွေးတတ်တော့ချေ။

ဝုန်း!

မြေးအဘိုးနှစ်ယောက် ဘုံကိုးပါး ဧကရာဇ်၏ ဂုဏ်ဒြပ်အား ပြောဆိုဆွေးနွေးနေစဉ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး ရုတ်တရက် အာကာသယာဉ်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားသည်။

ယာဉ်၏ပဲ့အနောက်ပိုင်းအား ကြောက်စရာကောင်းသော တစ်စုံတစ်ရာ၏ ဖြတ်တောက်ခြင်း ခံလိုက်ရပြီး အာကာသယာဉ် တစ်ခုလုံး တစ်စစီ ပြိုလဲပျက်စီးလာ၏။ ဤအဖြစ်ကြောင့် ထန်မင်လီနှင့် ထန်ယွင်အာတို့ မျက်နှာပျက်သွားကြသည်။

“သေစမ်း၊ ဘာဖြစ်တာလဲ”

ထိုစကားကြောင့် အာကာသယာဉ်ထဲမှ သက်တော်စောင့်များက ထန်မင်လီအား ကြောက်လန့်တကြား ပြန်ဖြေလေသည်။

“အရှင့်ကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့ အာကာသယာဉ် တိုက်ခိုက်ခံနေရပါတယ်”

*တိုက်ခိုက်ခံရတယ်တဲ့လား*

ထန်မင်လီ မသိမသာ အံ့ဩသွားရသည်။ သူ၏ ပိုင်နက်ဖြစ်သော ဖျင်အန်းမြို့၌ တစ်စုံတစ်ယောက်က သူ၏ အာကာသယာဉ်ကို တိုက်ခိုက်ရဲလိမ့်မည်ဟု ထင်မထားမိချေ။

“ဘယ်ကနေ ဖြစ်တာလဲ၊ ဘယ်သူလုပ်တာလဲ”

“အရှင့်ကို သတင်းပို့ပါတယ်၊ ရန်သူရဲ့ တိုက်ခိုက်မှုက အောက်ကနေ လာတာပါ”

သက်တော်စောင့်များက ချွေးတပြိုက်ပြိုက်ဖြင့် ပြန်ဖြေလေသည်။ ထန်မိသားစု၏ မြေးအဘိုးနှစ်ယောက်၌သာ တစ်ခုခု ဖြစ်သွားခဲ့ပါက ဖျင်အန်းတစ်မြို့လုံး ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်သွားလိမ့်မည်ကို သူတို့ ရိပ်စားမိ နေသည်။

ထိုသက်တော်စောင့်၏ စကားအဆုံး၌ အလင်းတန်းတစ်ခု ထွက်လာပြီး တံစဉ်တစ်ခုက အာကာသယာဉ် တစ်စီးလုံးအား နှစ်ပိုင်း ပိုင်းဖြတ်လာသည်။ သက်တော်စောင့်များသည် အော်ချိန်ပင် မရလိုက်ဘဲ ခေါင်းများ ပြတ်သွားကြသည်။

“မဖြစ်ဘူး၊ ခုန်ချလိုက်”

ထိုတံစဉ်ကြောင့် သက်တော်စောင့်အချို့ အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရပြီးနောက် ထန်မင်လီ ထိတ်လန့်သွားပြီး မြေးဖြစ်သူအား အသည်းအသန် အော်ပြောလိုက်သည်။

ထိုသို့အော်ပြောပြီးသည်နှင့် မြေးဖြစ်သူ ထန်ယွင်အာကို ဆွဲ၍ ပျက်စီးနေသော အာကာသယာဉ်ပေါ်မှ ခုန်ချလိုက်သည်။

သူတို့ ခုန်ချလိုက်စဉ်မှာပင် ထိုတံစဉ်က အာကာသယာဉ်၏ ဘရိတ်ကိုပါ ဖြတ်ပိုင်းသွားပြီး ယာဉ်တစ်ခုလုံး မီးလောင် ပေါက်ကွဲသွားလေသည်။

ဤသည်ကြောင့် ထန်မင်လီနှင့် ထန်ယွင်အာတို့ ဒေါသထွက်သွားကြသည်။ သူတို့ လှုပ်ရှားမှုသာ နှေးသွားပါက မြေးအဘိုး နှစ်ယောက်လုံး အာကာသယာဉ်ထဲမှာပင် အသတ်ခံရလောက်သည်။

လက်ရှိတွင် မြေးအဘိုး နှစ်ယောက်လုံးသည် လေထဲမှာပင် ရှိသေးပြီး အောက်သို့ အရှိန်ဖြင့် ကျနေကြသည်။ အာကာသယာဉ်နှင့် မီတာများစွာကွာနေ၍ ကံကောင်းသွားသည်။

ထန်မင်လီသည် ပျာယာခတ်ခြင်းမရှိဘဲ လေဟာနယ်အား အားဖြင့် ရိုက်ချလိုက်သည်။ ထိုအခါ လေထုတစ်ခုလုံး ဖိနှိပ်ခံလိုက်ရသည်။

ထို့နောက် ထန်မင်လီက ထန်ယွင်အာကိုလှမ်းဆွဲလိုက်သည်။ လေထုကို ဖိနှိပ်ထားသောအရှိန်ကြောင့် လေဖိအားကလည်း ရုတ်တရက် လျော့နည်းသွားသည်။

မြေးအဘိုးနှစ်ယောက်လုံး အောက်သို့ ဆယ်မီတာမျှ ကျလာချိန်တွင် ထန်မင်လီက လေဟာနယ်အား ထပ်မံ၍ ရိုက်ချလိုက်သည်။ ထိုအခါ လေဖိအား လျော့နည်းသွားပြီး မြေးအဘိုးနှစ်ယောက်လုံး မြေကြီးပေါ်သို့ အဆင်ပြေစွာ ဆင်းနိုင်သွားသည်။

“ကပ်သီးလေးပဲ”

ထိုအခိုက်တွင် ထန်မင်လီ ကြောက်လန့်သွားရသည်။ မြေးအဘိုးနှစ်ယောက်လုံး သေမင်းနှုတ်ခမ်းဝမှာ လက်မတင်လေး လွတ်လာခဲ့သည် မဟုတ်ပါတကား။

ဖျင်အန်းမြို့၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သော ထန်မင်လီသည် ဤပြဿနာက မပြီးသွားသေးမှန်း သိလိုက်သည်။

သူ ဘေးဘီသို့ အလျင်အမြန် ဝေ့ကြည့်လိုက်သောအခါ ဤနေရာက ကျောချမ်းစရာကောင်းသော သုသာန်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အုတ်ဂူများပေါ်၌ ကျောက်သား ကမ္ပည်းတိုင် အပိုင်းအစများ ရှိနေပြီး လေအေးများ တိုက်ခတ်လျက် ရှိ၏။ ဤသည်ကပင် လူအများအား တုန်လှုပ်သွားစေသည်။

“ဒါ ယဲ့မျိုးနွယ်ရဲ့ ဘိုးဘွားသုသာန်မြေ မဟုတ်လား”

ဖျင်အန်းမြို့မှ ယဲ့မျိုးနွယ်၏ ဘိုးဘွားသုသာန်မြေ။ ယဲ့မျိုးနွယ်အား ဖျင်အန်းမြို့တွင် မျိုးနွယ်ကြီးတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ထန်မိသားစုနှင့် မယှဉ်နိုင်ပေ။ ဖျင်အန်းမြို့မှ ယဲ့မျိုးနွယ်သည် နဂါးမြို့တော်မှ ယဲ့မျိုးနွယ်၏ ဂိုဏ်းခွဲတစ်ခုသာ ဖြစ်ပေသည်။ သူတို့၏ နောက်ကွယ်မှ အင်အားစုက ကြောက်စရာ ကောင်းလှသည်။

“ဘယ်သူလဲ”

ထန်မင်လီ မျက်နှာ အမူအရာ ပျက်သထက် ပျက်လာ၏။ ထို့အတူ ထန်ယွင်အာ၏ မျက်နှာကလည်း စက္ကူစ သဖွယ် ဖြူရော်နေသည်။ အစောပိုင်းက မတော်တဆမှုကြောင့် သူမ အခုထိ သတိဝင်သေးပုံ မရချေ။

ထိုစဉ် လက်ခုပ်တီးသံ ထွက်ပေါ်လာပြီး အုတ်ဂူများကြားထဲမှ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက် လျှောက်လာနေသည်ကို မြေးအဘိုး နှစ်ယောက်လုံး တွေ့လိုက်ရသည်။

ထိုအနက်ရောင်ဝတ်စုံနှင့် လူ၏ ခြေလှမ်းများက ဖြည်းညှင်းသော်လည်း မွန်းကြပ်သော ခံစားချက်မျိုး ပေးစွမ်း လေသည်။

ထို့အပြင် သူ၏ကိုယ်မှ ယန်စွမ်းအင်ကြောင့် ယဲ့မျိုးနွယ်၏ သုသာန်မြေမှ အုတ်ဂူများ အရည်ပျော်လာသည်။ ထိုသူသည် တံစဉ်တစ်လက်ကို ကိုင်ထားသဖြင့် လှမ်းလာတိုင်း သေမင်းတမန်ဟု ထင်မှတ်ရသည်။

ထိုသူကို မြင်သည်နှင့် ထန်မင်လီ မျက်လုံးပြူးသွားသည်။

“မင်း … မင်းက သွေးဇီးကွက် လင်ဖေး မဟုတ်လား”

အဘိုးဖြစ်သူထံမှ သွေးဇီးကွက်ဟူသော နာမည် ထွက်လာသဖြင့် ထန်ယွင်အာ၏ မျက်နှာလေးက ဖြူရော် သွားလေသည်။

သွေးဇီးကွက် လင်ဖေးဟူသော နာမည်သည် ဖျင်အန်းမြို့တွင် နတ်ဆိုးဆန်သော နာမည်တစ်ခု ဖြစ်သည်။ ထိုနာမည်သည် လွန်ခဲ့သော သုံးနှစ်က ပေါ်ထွက်လာခြင်း ဖြစ်လေသည်။ ထိုအချိန်က ဖျင်အန်းမြို့၌ ထိပ်တန်း မိသားစုကြီး လေးခု ရှိခဲ့သည်။

ပွဲတစ်ခု၌ ထိုမိသားစုများမှ ကလေးများက သွေးဇီးကွက် လင်ဖေး၏ စကားကို ပျက်ရယ်ပြုခဲ့သောကြောင့် သွေးဇီးကွက် လင်ဖေးက ထိုလူများကို သတ်ခဲ့ပြီး ကျန်မိသားစုဝင်များကိုပါ သတ်ခဲ့သည်။

ယောက်ျားသားများကို ခေါင်းဖြတ်သတ်၍ အမျိုးသမီးများကို အဓမ္မကျင့်ခဲ့သည်။ ထိုညက ထိပ်တန်း အဆင့် မိသားစုတစ်ခု ပျက်စီးသွားပြီး ပထမအဆင့်မိသားစု သုံးခု ပြောင်းရွှေ့ခံလိုက်ရသည်။

ထိုအချိန်က ဖျင်အန်းမြို့၏ တောင်ဘက်မှ မြောက်ဘက်သို့ လမ်းတစ်လျှောက်၌ သွေးသံတရဲရဲနှင့် ခေါင်းပြတ်များကို တန်းစီထားခဲ့သည်။ လူပေါင်း နှစ်ထောင်ကျော် သုတ်သင်ခံခဲ့ရသည်။ ထိုအချိန်မှစပြီး သွေးဇီးကွက် လင်ဖေးဟူသော နာမည်ကိုကြားသည်နှင့် လူတိုင်း အိပ်မက်ဆိုး မက်ကြလေသည်။

“သွေးဇီးကွက်၊ ငါနဲ့ ထန်မိသားစုက မင်းနဲ့ ဘာရန်ကြွေးမှ မရှိဘူး၊ ဘာလို့ ငါတို့ကို သတ်ချင်ရတာလဲ”

ထန်မင်လီ ကြောက်လန့်နေပြီး ကြောက်စိတ်ကြောင့် တုန်ယင်လာရသည်။ သူ့စကားကြောင့် သွေးဇီးကွက် လင်ဖေးက ထူးဆန်းသော အပြုံးမျိုး ပြုံးလာ၏။

“ရန်ကြွေး မရှိပါဘူး”

“လူတစ်ချို့က ခင်ဗျားခေါင်းကို လိုချင်လို့ ကြေးမြင့်မြင့် ပေးထားတော့ စိတ်မကောင်းပါဘူး”

ထိုစကားကြောင့် ထန်မျိုးနွယ် မြေးအဘိုးနှစ်ယောက်လုံး ပို၍မျက်နှာပျက်သွားလေသည်။ ထို့အပြင် သွေးဇီးကွက် လင်ဖေးက ထန်ယွင်အာကို လှမ်းကြည့်၍ မသတီစရာ အပြုံးမျိုး ပြုံးလေသည်။

“ပြီးတော့ ခင်ဗျားမြေးက ဖျင်အန်းမြို့ရဲ့ ပန်းလေးပွင့်ထဲက တစ်ယောက်ဖြစ်ပြီးတော့ အပျိုစင်လေးလို့ ကျုပ် ကြားထားတာ ကြာပြီ၊ သူ့ကိုလည်း ကျုပ် မြည်းကြည့်ချင်သေးတယ်”

“သူ့ကို ခပ်ကြမ်းကြမ်းလေး လုပ်ပစ်လိုက်ချင်တာ”

ထိုစကားကြောင့် ထန်မင်လီ မျက်နှာမည်းမှောင်သွားသလို ထန်ယွင်အာကို ဆွဲခေါ်၍ ထွက်ပြေးခိုင်းလေသည်။

“ယွင်အာ ပြေးတော့၊ အဘိုး သူ့ကို ထိန်းထားမယ်”

ထိုသို့ပြောပြီးသည်နှင့် ထန်မင်လီက သွေးဇီးကွက် လင်ဖေးကို လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။

ရွှစ်!

သူ တိုက်ခိုက်လိုက်စဉ်မှာပင် သွေးများပန်းထွက်လာပြီး မြေကြီးပေါ် လဲကျသွားသည်။ ထန်မင်လီ၏ ရင်ဘတ်အား တံစဉ်ဖြင့် ခုတ်ချလိုက်ခြင်းပင်။ သွေးဇီးကွက် လင်ဖေး၏ တံစဉ်များ သွေးများ တတောက်တောက် ကျနေ၏။

“ဘိုးဘိုး”

ဤအဖြစ်ကြောင့် ထန်ယွင်အာ မျက်နှာပျက်သွားပြီး ထန်မင်လီ၏ ဘေးသို့ ပြေးလာလေသည်။ ထိုအခါ ထန်မင်လီ၏ ရင်ဘတ်မှ သွေးများ ဆက်တိုက် စိမ့်ထွက်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုအခိုက်တွင် သွေးဇီးကွက် လင်ဖေးက အထင်သေးသလို ပြုံးလိုက်ပြီး မြေးအဘိုးနှစ်ယောက်ထံ လှမ်းလာသည်။

“ငါ လင်ဖေးက သားကောင်ကို ဘယ်တော့မှ အလွတ်မခံဘူး”

“ခင်ဗျားတို့ ထပ်မကြိုးစားဖို့ အကြံပေးလိုက်မယ်”

မြေးအဘိုးနှစ်ယောက်လုံး ကြံရာမရ ဖြစ်နေသည်။ သွေးဇီးကွက် လင်ဖေး၏ ခြေသံများက သူတို့၏ နားထဲတွင် သေမင်း ခေါင်းလောင်းသံသဖွယ် ဖြစ်နေပြီး မျက်နှာများ ပြာနှမ်းလာကြသည်။

သို့သော် သွေးဇီးကွက် လင်ဖေးက မြေးအဘိုးနှစ်ယောက်အနီးသို့ ရောက်လာတော့မည့်အချိန်၌ ယဲ့မိသားစု၏ သုသာန်မြေမှ အက်သံ ထွက်ပေါ်လာ၏။

All Chapters